Sunday 24 October 2010

ZIM Awging

ZIM Awging 28

(ဆက်ဖတ်ရန်.......)

Saturday 23 October 2010

ACR News

ACR_News_(24.10.10)

(ဆက်ဖတ်ရန်.......)

Friday 22 October 2010

Malaysia Zomi Refugee Sang(Taman Cheras,Yulex)


(ဆက်ဖတ်ရန်.......)

Thursday 21 October 2010

သုံးရောင်ခြယ် ကြယ်ဖြူ နိုင်ငံတော်အလံသစ် လွှင့်ထူ

ဦးကျော်ထင် ကြာသပတေး, 21 အောက်တိုဘာ 2010
ဓါတ်ပုံ AP
ရန်ကုန်မြို့တော်ခန်းမတွင် လွှင့်ထူထားသည့် မြန်မာနိုင်ငံ အလံသစ်။
ရန်ကုန်မြို့တော်ခန်းမတွင် လွှင့်ထူထားသည့် မြန်မာနိုင်ငံ အလံသစ်။ အောက်တိုဘာ ၂၁၊ ၂၀၁၀။
ထပ်ဆင့် ဖြန့်ဝေရန်

ဒီနေ့ညနေ ၃ နာရီက တနိုင်ငံလုံး ဌာနဆိုင်ရာ ရုံးတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ နိုင်ငံတော်အလံ အသစ်ကို လွှင့်တင်ခဲ့ကြပြီး ဒီအကြောင်းကိုလည်း အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ကြေညာသွားခဲ့ပါတယ်။ အဲဒီ နိုင်ငံတော် အလံသစ်မှာ အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင် ခြယ်ထားပြီး အလယ်မှာ အဖြူရောင် ကြယ်ကြီးတလုံး ပါရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ အတည်ပြုရုံအဆင့်ပဲ ဖြစ်ပြီး အသက်မ၀င်သေးတော့ အခုလို လုပ်ဆောင်မှုအပေါ် နိုင်ငံရေးပါတီ တချို့က သဘောမတွေ့တာ ရှိသလို တချို့ကလည်း အလံဟောင်းကို ဖြုတ်ချပြီး အလံသစ် တင်မယ်လို့ ပြောဆိုကြပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

၃၆ နှစ်နီးပါး အသုံးပြုခဲ့တဲ့ စပါးနှံ၊ ပင်နီယံနဲ့ ကြယ်ဖြူ ၁၄ လုံးပါ ဆိုရှယ်လစ် သင်္ကေတ အလံကို ဒီနေ့ညနေ ၃ နာရီက ဖြုတ်ချလိုက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ အလံကို နိုင်ငံတ၀န်းက ဌာနဆိုင်ရာ ရုံးတွေမှာ လွှင့်တင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖြုတ်ချခံရတဲ့ အလံဟာ ၁၉၆၂ အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အလံ ဖြစ်ပါတယ်။

အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အမည်ပြောင်းလိုက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကတော့ ဒီနေ့လယ်ပိုင်းထိ အလံဟောင်းကို အသုံးပြုနေတုန်းလို့ ပါတီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

“ကျနော်တို့ ဘာမှ မလာသေးဘူးဗျ၊ ကျနော်တို့လည်း မသိသေးဘူးဗျ၊ ကျနော်တို့ကတော့ ဒီမှာ ကျနော်တို့ပါတီ ဌာနချုပ်မှာကို ဒီဟာပဲ တင်ထားတာပဲ။ ဘာမှတော့ လာပြောတာ မရှိဘူး၊ ဒီတိုင်းပဲ တင်ထားတာပဲ။ ဒါကတော့ လက်ရှိ ဒါလုပ်ပါဆို လုပ်ရမှာပေါ့ဗျာ၊ ခုတော့ ကျနော်တို့ဆီမှာ ဘာမှ မသိသေးဘူး။”

၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအပြီး ရက် ၉၀ ပြည့်တဲ့ ပြည်ထောင်စုလွှတ်တော် ခေါ်တဲ့နေ့မှပဲ ဖွဲ့စည်းပုံ အာဏာသက်ရောက်မယ်လို့ ပါရှိပါတယ်။ ဒါကြောင့် အလံဟောင်းကိုပဲ ဆက်သုံးနေမယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ဆိုပါတယ်။

“ကျနော်တို့ကတော့ နိုင်ငံတော် အလံဟောင်းပဲ သုံးထားရသေးတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတော် အလံသစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတည်ပြုရုံပဲ ရှိသေးတာကိုး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်တော့မှ သုံးရမှာလေ။ အဲဒီတော့ ကျနော်တို့က အဟောင်းပဲ ဆက်သုံးနေသေးတာပေါ့။ အကြောင်းကြားလာရင်တော့ ဖြုတ်သင့်လည်း ဖြုတ်ရမယ်၊ မဖြုတ်ဘဲ နေရင်လည်း နေပေါ့။ ဒါကတော့ ကျနော်တို့ အလုပ်အမှုဆောင် အစည်းအဝေး ခေါ်ရဦးမှာ။”

ဒီကနေ့ အလံတင် အခမ်းအနားမှာ ဗေဒင်ယတြာ သဘောအရ အလံဟောင်းချသူတွေက အင်္ဂါသားသမီးတွေ ဖြစ်ပြီး အလံသစ် တင်မယ့်သူတွေက ဗုဒ္ဓဟူး သားသမီးတွေ ဖြစ်ရမယ်လို့ ညွှန်ကြားထားကြောင်းလည်း နေပြည်တော် စစ်အရာရှိ တယောက်ကို ကိုးကားပြီး ဧရာဝတီ အွန်လိုင်းသတင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ အလံဟောင်းကို မီးရှို့မယ့် အစီအစဉ် ပါရှိတယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

“တင်ထားတုန်းပဲ၊ ကျနော်တို့ဆီ ညွှန်ကြားချက် မရောက်တော့ တင်ထားတုန်းပဲ။ ဌာနဆိုင်ရာတွေ မေးကြည့်တော့ ဟုတ်တယ်တဲ့၊ ၃ နာရီမှာ သူတို့ အလံဟောင်းကိုချပြီး မီးရှို့မယ်လို့ ပြောတယ်။ ကျနော်တို့တော့ မချသေးဘူး။ ဖွဲ့စည်းပုံ အတည်ဖြစ်ပြီးမှ၊ ရွေးကောက်ပွဲပြီးမှ လက်ရှိ လက်ခံထားတဲ့ အနေအထားလေ။ အဲဒီအလံက ရွေးကောက်ပွဲပြီးမှ တရားဝင် အတည်ဖြစ်မှာ။ အဲဒါကြောင့် ကျနော်တို့ မချတာ။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း ဖွဲ့စည်းပုံ အာဏာမတည်ခင် အလံသစ်သုံးတဲ့အပေါ် အခုလို အမြင်ရှိပါတယ်။

“အခြေခံဥပဒေ အသက်ဝင်တာက ပြည်ထောင်စုလွှတ်တော် ခေါ်ပြီးမှ အသက်ဝင်မှာကိုး။ အသက်ဝင်တဲ့ ကာလကျမှသာ ဒါက တရားဝင်တယ်လို့ ကျနော်တို့ ယေဘုယျ နားလည်ထားကြတာကိုး။ အခြေခံဥပဒေနဲ့ တိုင်းတာမယ် ဆိုရင်တော့ ဒါက အသက်မ၀င်ခင် သုံးစွဲတာကတော့ တရားဝင်မှု၊ မ၀င်မှု အပေါ်မှာ စကားပြောစရာတွေ အများကြီး ရှိတာပေါ့ဗျာ။ သို့သော်လည်း လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက ဒီအလံကို သီးခြားအမိန့် အနေနဲ့ လုပ်သလား မသိဘူးဗျ။ သူတို့ ဘာမှ အကြောင်းကြားခြင်းမရှိ၊ အသိပေးခြင်း မရှိတော့ ဒီအထိ မသိသေးပါဘူး။”

အရင် အသုံးပြုခဲ့တဲ့ လွတ်လပ်ရေးရစဉ်က အလံနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့ရဲ့ အလံဟောင်း ၂ ခုက ပြည်ထောင်စု သင်္ကေတနဲ့ ခေတ်စနစ်ကို ထပ်ဟပ်စေတဲ့ လက္ခဏာတွေ ပါရှိပြီး အခု အလံသစ်ကတော့ တိုင်းစစ်ဌာနချုပ်တွေရဲ့ သင်္ကေတနဲ့ ဆင်တူနေတယ်လို့လည်း ဝေဖန် ပြောဆိုမှုတွေ ရှိပါတယ်။

ဦးခင်မောင်ဆွေကတော့ ဒီအလံဟာ တော်လှန်ရေးသဘော ဆောင်တာမို့ သဘောမကျဘူးလို့ ဆိုပါတယ်။

“ကျနော်ပြောတာက ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ လက္ခဏာ၊ အရိပ်နိမိတ်၊ သင်္ကေတတွေ မတွေ့ရဘူး။ နောက်တခါ အပြောင်းအလဲ သွားနေတဲ့ ကြီးပွားတိုးတက်ခြင်း၊ ညီညွတ်ခြင်း၊ ညီညွတ်ခြင်းဆိုတဲ့ လက္ခဏာကို ပြရမယ့် အနေအထား မပါဘူး။ နောက်ပြီးတော့ အရောင်တွေဟာ တော်လှန်ရေးနဲ့ ပတ်သက်ခဲ့တဲ့ အရောင်တွေ ဖြစ်နေတယ်၊ သုံးရောင်ခြယ်ဆိုတော့။ အခုသွားနေတာက နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးကာလ မဟုတ်ဘူးလေ။

“အခုက ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကာလကို သွားနေတာလေ။ အဲဒီမှာ ပြည်သူအများကို ထင်ဟပ်နိုင်တဲ့ လက္ခဏာတွေ ပါရင်တော့ ပိုကောင်းလိမ့်မယ်လို့ ကျနော်က သဘောထားရှိတော့ ဒီအလံကို ကျနော် ထောင်ထဲမှာ ရှိစဉ်ကပဲ ဒီအလံပါတဲ့ အခြေခံဥပဒေကို အတည်ပြုပြီး သွားပြီလေ။ အဲဒီတော့ နိုင်ငံသားတယောက် အနေနဲ့ ပြောခွင့်ဆိုခွင့်ရရင် မကြိုက်တာ မကြိုက်ဘူး ပြောရရင် မကြိုက်ဘူးပေါ့ဗျာ။”

စစ်အစိုးရ အတည်ပြုခဲ့တဲ့ နိုင်ငံတော် အလံသစ်အပေါ် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ပြောပြသွားတာ ဖြစ်ပါတယ်။(ဗျွီအိုအေ)

(ဆက်ဖတ်ရန်.......)

Tuesday 19 October 2010

ဖိတ်ချင်းဖိတ် ချင်းပါတီကိုသာ ဖိတ်

ဆလိုင်းထွန်း |
ရွေးကောက်ပွဲကို စိတ်မဝင်စားသော်လည်း မဲပေးဖြစ်ပါက ချင်းပါတီများကိုသာ ဦးစားပေး မဲထည့်မည်ဟု ချင်းပြည်နယ် ၅ မြို့နယ်တွင် မဇ္ဈိမမေးမြန်းခဲ့သည့် ၇ ဦးအနက် အများစုက ဖြေကြားသည်။
ဝန်ထမ်း အမျိုးသမီး (ဖလမ်းမြို့)
“အစမ်း မဲပေးခိုင်းတာ တချို့တွေ သွားတယ်။ ကျမ စိုးရိမ်တာက အစမ်းမဲထည့်တဲ့ သူတွေက ကြိုက်သလို ပေးတာတဲ့။ အဲတာကို အတည်အဖြစ် သိမ်းထားမှာကို စိုးရိမ်တယ်။ ပါတီတွေ စည်းရုံးရေး လုပ်နေကြတယ်။ ချင်းတိုးတက်ရေးပါတီ CPP ၊ ချင်းအမျိုးသားပါတီ CNP ၊ ကြံ့ဖွံ့တို့ အများကြီးရှိတယ်။ မဲပေးရမလား၊ မပေးရဘူးလားတောင် ဆုံးမဖြတ်ရသေးဘူး။ မဲပေးရင်တော့ CPP နဲ့ CNP ကိုပဲ မဲပေးမယ်။ ဝန်ထမ်းဆိုပေမယ့် ကျမက ချင်းလူမျိုးဆိုတော့ ချင်းပါတီက နိုင်ရင် ချင်းတွေအတွက် ပိုပြီး ကောင်းကျိုးရှိမလားလို့ပါ"
လူငယ်တဦး (ဟားခါး)

“ချင်းအမျိုးသားပါတီ CNP ရယ်၊ ကြံ့ခိုင်ရေးပဲ ရှိမှာ။ ဟားခါးမှာတော့ သိပ်စိတ်မဝင်စားကြပါဘူး။ ဟားခါးဘက်တော့ CNP နိုင်မယ် ထင်တာပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုလည်း မဖတ်ဖြစ်ဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲပဲ ဖြစ်စေချင်တယ်။ အဲလိုဆိုရင်တော့ မဲပေးသင့်ရင် ပေးမှာပေါ့နော်။ အခုတော့ ပေးဖို့ဟာ မရှိဘူးလေ။ အိမ်ထောင်စုစာရင်း မရှိသေးတော့ အခုထိ သိပ်မသေချာသေးဘူး။ အဲတာလုပ်နိုင်ရင်တော့ ပေးမယ်။ CNP ကို မဲပေးမယ်။ ချင်းအမျိုးသားပါတီဆိုတော့ ပေးချင်တာပေါ့”

အိမ်ရှင်မတဦး (မင်းတပ်မြို့)

“ခံစားချက်တော့ ဘယ်လိုမှ မရှိဘူး။ ဘယ်ဟာကို ထည့်ရမှန်း၊ ဘယ်သူ့ကို မဲပေးရမှန်းတောင် မသိဘူး။ ပါတီတွေ မင်းတပ်မှာ သိပ်မလာဘူး။ ကြံ့ခိုင်ရေးကတော့ ရှိတယ်၊ လာတယ်။ သူတို့လဲ ကိုယ်က စိတ်ဝင်စားမှု မရှိတော့ မသိဘူး။ မဲကတော့ ပေးမှာ။ ဒါပေမဲ့ အခုထက်ထိ ဘယ်သူ့ကို ပေးရမှန်း မသိဘူး။ ရွေးကောက်ပွဲအကြောင်းကို တီဗီထဲမှာတော့ ကြည့်နေရတယ်။ စိတ်မဝင်စားဘူး။ ရွေးကောက်ပွဲပြီးလဲ ဒီအတိုင်းပဲ ဖြစ်မယ်ထင်တယ်။ မထူးခြားပါဘူး ထင်တယ်’’

ကုန်ခြောက်ဆိုင်ပိုင်ရှင် အမျိုးသမီး (ဖလမ်းမြို့)
’’ချင်းတိုးတက်ရေးပါတီ CPP ကို ကြိုက်တယ်။ လက်ရှိအခြေအနေမှာတော့ CPP ကို မဲပေးမယ်။ CPP ကို ရွေးရတာက ချင်းလူမျိုး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာလေးကို ကြိုက်နှစ်သက်လို့ပါ။ ရွေးကောက်ပွဲကို စိတ်ဝင်စားတာတော့ မရှိပါဘူး။ ဒီမှာ ထွေထွေထူးထူး လှုပ်ရှားမှု မရှိတော့ ငြိမ်းချမ်းစွာပဲ ရွေးကောက်ပွဲ ပြီးသွားမှာပါ။ ဒီမိုကရေစီရရင်တော့ ကျမတို့ ပိုပြီး အဆင်ပြေမယ်လို့ ခံစားပါတယ်။ မဲပေးမှာကလဲ ဒါကြောင့်ပဲ။ CPP က ချင်းပြည်နယ်ကို အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့တော့ ပြောပါတယ်’’


ကုန်ခြောက်ဆိုင်ပိုင်ရှင် အမျိုးသား (တီးတိန်မြို့)
’’တီးတိန်မှာ CPP ၊ CNP ၊ NUP နဲ့ ကြံ့ခိုင်ရေးတို့ ရှိတယ်။ ဘယ်ပါတီကို စိတ်ဝင်စားမှန်းတောင် မသိသေးဘူးနော်။ ဘယ်ပါတီကို မဲပေးမှာ မသိသေးဘူး’’

ဝန်ထမ်း အမျိုးသား (တွန်းဇံမြို့နယ်)

“တပ်မတော်အစိုးရက သူတို့ရဖို့ကိုပဲ စီစဉ်ထားတာဆိုတော့ တိုင်းရင်းသားပါတီတွေထောင်ပေမယ့် အစိုးရဖွဲ့နိုင်မယ့် အခြေအနေမှ မရှိတော့တာ။ ၉ဝ တုန်းကလို သူများတွေလဲ သိပ်ပြီးတော့ စိတ်ပါဝင်စားမှု မရှိကြဘူး။ ဘာကြောင့်လဲဆိုတော့ ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်လို့ လုပ်ထားတယ်လေ။ ကျနော်ကျတော့ ဝန်ထမ်းတယောက်အနေနဲ့ မဲပေးကို ပေးရမယ်လို့ ထင်တယ်။ သတင်းရထားတာက ကြံ့ဖွံ့ပါတီကို မဲပေးဖို့ ဝန်ထမ်းသမားတွေ ပြောထားတယ်လို့ ကြားတယ်နော်။ ကြံ့ဖွံ့ကို မဲပေးမယ်ဆိုတာကလဲ ဝန်ထမ်းတယောက်အနေနဲ့ ကျနော်တယောက်ပဲ ရုန်းကန်လို့မှ မရတာ။ ချင်းတိုးတက်ရေးပါတီ CPP ၊ တစညနဲ့ ကြံ့ဖွံ့ပါတီတို့ ရှိတယ်။ ဒီမိုကရေစီနဲ့ အိန္ဒိယနိုင်ငံလို မဲလွတ်လပ်စွာ ထည့်နိုင်တယ်ဆိုလို့ရှိရင်တော့ CPP ကို မဲပေးမယ်။ လွတ်လပ်မှုမရှိဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ၊ လွတ်လွတ်လပ်လပ် ပြောရေးဆိုခွင့်တို့ရှိလို့ရှိရင် ကောင်းမယ်”

အိမ်ရှင်မတဦး (ဟားခါး)

“မဲပေးမှာလား၊ မပေးမှာလားတောင် မသိဘူး။ ဘာမှ လာပြောထားတာလဲ မရှိသေးဘူး။ ရွေးကောက်ပွဲအကြောင်းတောင် မစဉ်းစားဖူးဘူး။ အလုပ်ရှုပ်တယ်၊ အားလည်း မအားတော့ ဒီကြောင်းတွေ မစဉ်းစားမိဘူး။ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ သူများတွေ မဲအကုန်ပေးရင်တော့ ပေးမှာပေါ့။ အမှန်တကယ် စိတ်မဝင်စားတာလဲပါတော့ ဘယ်ပါတီ မဲပေးရမယ်တောင် မသိဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဘာသင်တန်းကိုမှလည်း မတက်တော့ ကိုယ့်ဟာကိုယ် အေးဆေးပဲ နေနေတာ။ ဘယ်ပါတီတွေ ရှိမှန်းတောင် မသိဘူး။ ဒီမိုကရေစီ စတဲ့ ကောင်းမယ့်ဟာကို အကုန်ကြိုက်တယ်။ ဒါပေမဲ့ တကယ့်အတွင်းထဲမှာ ဘယ်ဟာတွေ ကောင်းမယ်ဆိုတာကို မသိလို့ ဘာမှ မစဉ်းစားတာ” (မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

ကလေးမွေးပြီး စွန့်ပစ်သူ မြန်မာအမျိုးသမီး Nunu Sung အမေရိကန်တွင် ထောင် ၃ နှစ်ကျ

Nunu Sung ဟု ခေါ်သော မြန်မာ ဒုက္ခသည်တဦးသည်

ကလေးမွေးဖွားပြီး စွန့်ပစ်မှုဖြင့် ထောင် ၃ နှစ် ချမှတ်ခံရသည်ဟု ချီကာဂိုမြို့သတင်းစာ တစောင်၏ အင်တာနက် စာမျက်နှာ suntimes.com တွင် ယနေ့ ရေးထားသည်။ သူက ကလေး မွေးဖွားပြီး စွန့်ပစ်ခဲ့ခြင်းကြောင့် အပြစ်ရှိကြောင်း မကြာသေးမီက တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ဆိုသည်။ အသက် ၂၅ နှစ်ရှိပြီ ဖြစ်သည်။

အပြစ်ရှိကြောင်း ထွက်ဆိုလျှင် ထောင်မှလွတ်ပြီးနောက်ပိုင်း အမေရိကန်တွင် ဆက်လက်နေထိုင်ခွင့်၊ သားဖြစ်သူကို အုပ်ထိန်းပိုင်ခွင့်တို့ ရမည်ကို Nunu Sung က သိရှိကြောင်း သတင်းတွင် ရေးထားသည်။ ထောင်မကျခင် အာမခံဖြင့် နေစဉ်က အာဏာပိုင်တို့ စောင့်ရှောက်ထားသည့် သူ၏ သားထံသို့ အပတ်စဉ် သွားတွေ့ခွင့် ရခဲ့သည်။ ယခု ထောင်ဒဏ် ကျခံရစဉ် တနှစ် နှင့် လေးလ အရွယ် ကလေးကို တွေ့ခွင့် ရှိမရှိ မသိရသေးပေ။ ကလေးမှာ ညီအစ်မ ၀မ်းကွဲ၏ ခင်ပွန်းသည်နှင့် ရရှိသည့် ကလေး ဖြစ်သည်ဟု သတင်းတွင် ရေးထားသည်။
၂၀၀၉ ဇွန်လ ကလေးမွေးခါနီး အချိန်က လမ်းလျှောက်ထွက်ဦးမည်ဟု ဆွေမျိုးတော်စပ်သူတို့ကို ပြောပြီး ထွက်သွားကြောင်း၊ ပြန်မလာသဖြင့် ဆွေမျိုးတို့က ရဲကို အကြောင်းကြားခဲ့ကြောင်း၊ နောက်ပိုင်း သူပြန်ရောက်လာသည့်အခါ ရဲက သူ့ကို စစ်ဆေးနေစဉ် အိမ်နီးချင်းတို့က ချက်ကြိုးတန်းလန်းနှင့် ကလေး ခြုံပင်များကြားတွင် ငိုနေသည်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မွေးကင်းစ ကလေးသည် နာရီပေါင်းများစွာ စွန့်ပစ်ခံရသော်လည်း တစုံတရာ ထိခိုက်မှု မရှိဘဲ အသက်ရှင်ခဲ့သည်ဟု ဆိုသည်။

October 15, 2010

BY DAN ROZEK Staff Reporter
Nunu Sung so desperately wants to get back the child she abandoned in a neighbor’s yard after secretly giving birth last year that she agreed to serve the maximum, three-year prison term for the offense, her attorney said Friday.

As part of a plea deal with DuPage County prosecutors, Sung — a refugee from Myanmar, formerly Burma — received the sentence after pleading guilty to felony obstruction of justice for lying about giving birth to the infant on June 12, 2009.
“She’s taking a very difficult sentence for her to both stay here and eventually reunite with her child,” said DuPage County Public Defender Jeff York.
For their part, prosecutors agreed not to seek to terminate her parental rights to the now 16-month-old child, whom hospital workers named “Joshua” while he was in their care.

The petite, dark-haired Sung, now 25, wept softly throughout the hearing, then was immediately taken into custody after Judge Blanche Fawell imposed the prison term.

Sung, who was free on bond, had been seeing her son weekly in supervised visits since August 2009. He remains in foster care under the supervision of the Illinois Department of Children and Family Services.

Sung understands that she erred in abandoning the baby and agreed to the prison term in hopes it will enable her to ultimately keep her child and her residency in the U.S.

“Trying to get her kid back was her first priority, staying here was her second priority — and her own welfare was her last concern,” York said.

Sung likely will serve more than a year behind bars before being paroled. York said it wasn’t immediately clear if she would be allowed to see her son while she is locked up.

Speaking through a translator, Sung quietly answered “guilty” when asked by the judge to enter a plea during the hearing. She repeatedly dabbed tears from her eyes after the judge handed her a box of tissues early in the sentencing.

Sung fled the unstable, southeast Asian country more than four years ago, then became pregnant while living in Texas, authorities said. She moved to Wheaton in February 2009 to live with a cousin and the cousin's husband, though she hid her pregnancy from them, officials have said.

Sung left her apartment several hours before giving birth, telling her relatives she was going for a walk. They contacted police early on June 12, 2009 to report Sung hadn’t returned home, though officers later found Sung in the apartment.

While she was being questioned by police, a neighbor discovered Sung’s naked, newborn infant — part of the umbilical cord still attached — crying softly under bushes at the edge of his property.

Sung initially denied, but then ultimately admitted giving birth to the youngster, who suffered no serious medical problems despite being abandoned for several hours.

http://www.suntimes.com/news/metro/2805300,wheaton-abandon-newborn-101510.article

(ဆက်ဖတ်ရန်.......)

Sunday 17 October 2010

ဘတ်စ်ကားမှောက် ချင်းလူငယ် ၃ ဦး သေဆုံး

ဆလိုင်းထွန်း |
မလေးရှားနိုင်ငံ မလက္ကာ-ကွာလာလမ်ပူ အဝေးပြေးလမ်းတွင် ဘတ်စ်ကားတစီး အခြားကားများကို ဆင့်ကဲတိုက်ပြီးနောက် တိမ်းမှောက်မှုဖြစ်ပွားရာ မြန်မာနိုင်ငံသား ချင်းလူငယ် ၃ ဦး အပါအဝင် လူ ၁၉ ဦး သေဆုံးမှု လွန်ခဲ့သည့် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သည်။

မြို့တော်ကွာလာလမ်ပူသို့ သွားနေသော JKM Express ဘတ်စ်ကားသည် ညနေ ၆ နာရီခန့်တွင် ၂၂၃ ကီလိုမီတာ အရောက် တဖက်ယာဉ်ကြောသို့ တက်သွားကာ မျက်နှာချင်းဆိုင်မှလာသော ကိုယ်ပိုင်ကားငယ် ၅ စီးနှင့် ဆင့်ကာတိုက်မိပြီး နောက်ဆုံးတွင် တိမ်းမှောက်သွားခဲ့သည်။

အခင်းဖြစ်ရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တိုင်းရင်းသားညွန့်ပေါင်းအဖွဲ့မှ ဦး Sai Saeng အပြောအရ သေဆုံးသူများအနက် မြန်မာနိုင်ငံသားများမှာ ချင်းပြည်နယ် တီးတိန်မြို့ Lamzang ရွာသားများဖြစ်သည့် ကမ်ခွါလ်တွာ Kam Khaw Tual (၁၇ နှစ်)၊ ပေါင်ခန့်တွာ Pau Khan Tual (၂၁ နှစ်) နှင့် ကျင့်ထွန်းတွမ် Cin Thawn Tuang (၃ဝ နှစ်) ဖြစ်သည်။

’’ကျနော် ရောက်တဲ့အချိန်မှာ လမ်းပန်းဆက်သွယ်ရေးအဖွဲ့လည်း ရောက်နေတယ်။ အုတ်တံတိုင်းကို တိုက်ဖောက်တာ ချက်ချင်းမလဲဘူး။ ကား ၅ စီးကိုတောင် တိုက်ထားတာကိုး။ သူတိုက်သွားတဲ့ ကားတွေ ပွစိတက်နေတယ်။ အဲဒီကားကတော့ လမ်းဘေးပေါ်မှာ ကန့်လန့်ကြီးပဲ။ ကားတွေကတော့ ရစရာမရှိတော့ဘူး။ အကုန်လုံး ပျက်စီးကုန်တာပေါ့’’ ဟု Sai Saeng က ပြောသည်။

ကမ်ခွါလ်တွာနှင့် ပေါင်ခန့်တွာတို့၏ ရုပ်အလောင်းကို သဂြိုလ်ပြီးဖြစ်သည်။ ကျင့်ထွန်းတွမ်၏ ရုပ်အလောင်းကို တီးတိန်သို့ ပြန်လည်သယ်ယူမှာ ဖြစ်သည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

ZIM Awging

ZIM Awging Lom 1, Hawm 27

(ဆက်ဖတ်ရန်.......)

ACR News

ACR_News_(17.10.10)

(ဆက်ဖတ်ရန်.......)

Wednesday 13 October 2010

ZIM Awging

ZIM Awging Lom 1, Hawm 26

(ဆက်ဖတ်ရန်.......)

ACR News

ACR_News_(10.10.10)

(ဆက်ဖတ်ရန်.......)

Thursday 7 October 2010

Speech by Pu Zo Zam(Chin National Party)


(ဆက်ဖတ်ရန်.......)

Monday 4 October 2010

View Myanmar

Myanmar News In Burmese : 4th Oct, 2010

(ဆက်ဖတ်ရန်.......)

Sunday 3 October 2010

မြို့တော်ဝန်နှင့် ရင်ဆိုင်မည့် ချင်းအမျိုးသမီး

ဆလိုင်းထွန်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၃၆ မိနစ်
.
ဒီမိုကရက်တစ်ပါတီမှ ချင်းတိုင်းရင်းသူ ဒေါ်ကမ်းခန့်ဒိမ်းက ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်အတွက် လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအမတ်လောင်း ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

၄၂ နှစ်အရွယ် သူမသည် ရန်ကင်းမြို့တွင် နေထိုင်ကာ ဗဟိုတရားရုံးရှေ့နေအဖြစ် သက်မွေးဝမ်းကြောင်းခဲ့သည်မှာ ၁၀ နှစ်ခန့်ရှိပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ မဟုတ်ကြောင်း ဒီမိုကရက်တစ်ပါတီ NDF အဆိုအရ သိရသည်။

“လာမယ့်ရွေးကောက်ပွဲက ပြိုင်ပွဲမဟုတ်ဘူး။ ပြည်သူတွေရဲ့ ဆန္ဒအဆုံးအဖြတ်ကို ခံယူရမှာ။ ဒီမိုကရေစီရေးအတွက် ပြည်သူ့ရဲ့ ဆန္ဒက အဓိကပဲ၊ ဒါကြောင့် အဲဒီမှာ ၀င်ရောက်အရွေးချယ်ခံမှာ ဖြစ်တယ်” ဟု NDF ပါတီ ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ပြိုင်ပွဲဆိုရင်တော့ တာတိုပြေးမယ်ဆိုရင် ကိုယ်ခန္ဓာထွားကြိုင်းဖို့၊ ခြေလက်တွေ တောင့်တင်းဖို့၊ အားသန်ဖို့ လိုမယ်။ မာရသွန်ပြေးပွဲဆိုရင် သက်လုံကောင်းဖို့ လိုတာပေါ့။ ဒါက ပြိုင်ပွဲမဟုတ်တဲ့အတွက်၊ ပြည်သူရဲ့ အဆုံးအဖြတ်ကို ခံယူမှာ ဖြစ်တဲ့အတွက် ပြည်သူတွေက ကျနော်တို့ ချင်းတိုင်းရင်းသူ အပေါ်မှာရော၊ NDF အပေါ်မှာရော အပြည့်အ၀ ပူးပေါင်းပါဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်ကမ်းခန့်ဒိမ်းနှင့် ဦးအောင်သိန်းလင်းအပြင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) မှ ဦးစိန်ထွန်း၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်တင်တင်မြနှင့် တသီးပုဂ္ဂလအဖြစ် ဦးကောင်းမြင့်ထွဋ်တို့ ၅ ဦး ယှဉ်ပြိုင်အရွေးချယ်ခံမည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သည့် ချင်းတိုင်းရင်းသား လူဦးရေမှာ သတ်မှတ်ထားသည့် ရာခိုင်နှုန်း မပြည့်မီသဖြင့် ဒေါ်ကမ်းခန့်ဒိမ်းအနေဖြင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် နေရာတွင် ၀င်ရောက်အရွေးခံခွင့် မရရှိခဲ့ကြောင်း NDF အဆိုအရ သိရသည်။

ဒေါ်ကမ်းခန့်ဒိမ်းသည် တောင်ဥက္ကလာပတွင် စည်းရုံးရေးဆင်းနေပြီး၊ ၎င်း၏ ကိုယ်ရေးရာဇ၀င် လက်ကမ်းစာစောင်များ ဖြန့်ဝေသွားရန် စီစဉ်နေပြီဖြစ်သည်။

“ရန်ကုန်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသားအကုန်လုံး စည်းရုံးနိုင်တဲ့ အရည်အချင်းရှိတယ်။ ချင်းအဖွဲ့အစည်းတွေကလည်း အပြည့်အ၀ ထောက်ပံ့ကူညီပေးနေပါတယ်။ မဲရုံကိုယ်စားလှယ်အပြည့် ချင်းတိုင်းရင်းသားတွေကပဲ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီမြို့နယ်တင်မကဘဲ တခြားမြို့ကနေ ပူးပါင်းဆောင်ရွက်ပေးမယ့် အခြေအနေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသားမဆို ခမောက်ပုံကို မဲပေးရင် ဘယ်မြို့နယ်မှာပဲ မဲပေးပေး၊ သူ့ကို မဲပေးတာနဲ့ အတူတူပါပဲလို့ နှိုးဆော်ထားပါတယ်” ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပါက မည်သည့်လုပ်ငန်းများ ဦးစားပေး လုပ်ဆောင်သွားမည်နှင့် လက်ရှိ မဲဆွယ်စည်းရုံးရေး အခြေအနေတို့ကို သိရှိနိုင်ရန်အတွက် ဒေါ်ကမ်းခန့်ဒိမ်းထံ ဆက်သွယ်ကြည့်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ရန်ကုန်တိုင်းဒေသကြီးရှိ ၄၄ မြို့နယ်တွင် NDF သည် အမတ်လောင်း ၅၃ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ရာ အမျိုးသား လွှတ်တော်တွင် ၁၀ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၃၇ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ၆ ဦး ဖြစ်သည်။ တောင်ဥက္ကလာပတွင်မူ ပြည်သူ့လွှတ်တော်အတွက်သာ ဒေါ်ကမ်းခန့်ဒိမ်း တဦးတည်း အရွေးခံမည်။

တောင်ဥက္ကလာပ လွှတ်တော် ၃ ရပ်လုံးတွင် ကြံ့ဖွံ့က ပြည်သူ့လွှတ်တော်တွင် ဦးအောင်သိန်းလင်း၊ တိုင်းဒေသကြီး လွှတ်တော်တွင် ဦးအောင်ကျော်မိုးနှင့် ဦးမျိုးမင်းအောင်၊ အမျိုးသားလွှတ်တော်တွင် ဒေါက်တာမောင်သင်းတို့ ယှဉ်ပြိုင်မည်။

ယခုလ ၂၇ ရက်နေ့တွင် အဆိုပါ ကြံ့ဖွံ့အမတ်လောင်း ၄ ဦး၏ ကိုယ်ရေးအကျဉ်း လက်ကမ်းစာစောင်များကို တောင်ဥက္ကလာပတွင် ပေး
ဝေခဲ့ကြသည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

Saturday 2 October 2010

လွှတ်တော်အမတ်လောင်း၊ ချင်းအမျိုးသားပါတီ

ခိုင်စု | ကြာသပတေးနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၀ မိနစ်

ချင်းအမျိုးသားပါတီ CNP ကို ယခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ချင်းအမျိုးသားရေးအတွက် ဦစားပေးဆောင်ရွက်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ချင်းပြည်နယ် မြို့နယ် ၉ မြို့နယ်မှ ချင်းအမျိုးသား ၁၆ ဦးဖြင့် ရန်ကုန်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဧပြီလ ၇ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၇ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၂၁ ဖြင့် ခွင့်ပြုခဲ့သည်။ ပါတီရုံးချုပ်ကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ထားရှိသည်။

ဟားခါးမြို့နယ်မှ ချင်းအမျိုးသားပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းတဦးဖြစ်သော ဦးငွန်မောင်းကို ဆက်သွယ်ကာ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သဘောထား၊ လူထုစည်းရုံးရေးမြင်၊ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များကို ဆက်သွယ်မေးမြန်းထားပါသည်။

အမည် ဦးငွန်မောင်း(U ngun maung)
မိဘ အမည် U Sun Tum ၊ Daw Ni Thui
မွေးသက္ကရာဇ် ၁၂.၃.၁၉၅၀
မွေးရပ်ဇာတိ lung Rang ရွာ၊ ဟားခါးမြို့နယ်၊
မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်
အိမ်ထောင်ရေး ဇနီးဒေါ်သွန်ပဲန်၊ သားသမီး ၅ ဦး
ပညာရေး မကွေးတိုင်း ဂန့်ဂေါမြို့နယ် အထက ကျောင်းမှ ၁၉၆၉ ခုနှစ်တွင် (ခ) အဆင့်ဖြင့် ၁၀ တန်း အောင်သည်။ ချင်းပြည်နယ် ဟားခါးမြို့နယ် အထက ကျောင်းမှ ၁၉၇၉ ခုနှစ်တွင် (က) အဆင့်ဖြင့် ၁၀ တန်း အောင်သည်။ ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (စာပေးစာယူ) မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။
လက်ရှိနေရပ်လိပ်စာ ဇ/၂၅ ၊ ၆၆ လမ်းနှင့် ၃၇ x ၃၈ လမ်းကြား၊ ရွှေဘိုလမ်းထောင့်၊ မဟာအောင်မြေ အပိုင်း ၁ ၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်း

အလုပ်အကိုင်

၁၉၆၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ချင်းပြည်နယ် ဖလမ်းမြို့နယ် သစ်ထုတ်လုပ်ရေးရုံးတွင် လုပ်အားပေးစာရေး
၁၉၇၁ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဖလမ်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အောက်တန်းစာရေး
၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အထက်တန်းစာရေး
၁၉၇၆ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ဟားခါးမြို့နယ် လျှပ်စစ်မှူး၊ ၁၉၇၈ ခုနှစ်တွင် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အထက်တန်းစာရေး၊ ယင်းရုံး၌ပင် ၁၉၈၆ ခုနှစ်တွင် ဌာနခွဲစာရေးကြီး
၁၉၉၂ ခုနှစ် ချင်းပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ ရုံးအုပ်
၁၉၉၄ ခုနှစ်တွင် ရုံးအုပ်ရာထူးဖြင့် မန္တလေးတိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ပြောင်းလာခဲ့သည်။
၁၉၉၇ ခုနှစ်တွင် လက်ထောက်စီမံခန့်ခွဲရေးမှူး၊ ၂၀၀၇ ခုနှစ်တွင် လက်ထောက် ညွှန်ကြားရေးမှူး၊ ၂၀၀၉ ခုနှစ်တွင် အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရုံးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်၊ ၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အငြိမ်းစားယူခဲ့သည်။

ပါဝင်ဆောင်ရွက်ခဲ့သည့် လူမှုရေး အဖွဲ့အစည်းများ

ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေစဉ် ဟားခါးမြို့ မိဘ ကော်မတီ အတွင်းရေးမှူးနှင့် ချင်းယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူး လုပ်ခဲ့သည်။ မန္တလေးမြို့ရှိ လိုင်ချင်း သာရေးနာရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။

နိုင်ငံရေလောကသို့ ရောက်လာသည့် အကြောင်း

“အငြိမ်းစားယူပြီးတဲ့ နောက်ပိုင်း ကျနော်ရဲ့ ဟားခါးမှာရှိတဲ့ လူငယ်တွေက ရွေးကောက်ပွဲမှာ ခင်ဗျားလည်း ၀င်ပြိုင်ပါလို့ ပြောကြရာကနေ ရောက်လာတာပါ။ ကျနော် ငယ်ငယ်ကလည်း နိုင်ငံရေးကို စိတ်ဝင်စားပါတယ်။ အငြိမ်းစားယူပြီးတော့ ရွေးကောက်ပွဲလုပ်မှာနဲ့ တိုက်ဆိုင်နေတော့ ၀င်ပြိုင်ဖို့ ဖြစ်လာတာပါ”

ကိုယ်စားပြု ယှဉ်ပြိုင်မည့် မြို့နယ်

“ချင်းအမျိုးသားပါတီ CNP က ဟားခါးမြို့နယ်ကနေ လွှတ်တော် တနေရာရာကို မှန်းထားတယ်”

CNP ပါတီသို့ ၀င်ရောက်ရသည့် အကြောင်း

“အငြိမ်းစားယူပြီးနောက်ပိုင်း ဘယ်ပါတီကို ၀င်မယ်ဆိုတာ မသိသေးဘူး။ CNP ရဲ့ ပါတီရဲ့ မူကို လေ့လာလိုက်တဲ့အခါမှာ မူဝါဒကလည်း ခေတ်မီတယ်။ ကျနော်ကိုယ်တိုင်ကလည်း ခေတ်မီတာကို သဘောကျတော့ ၀င်ဖြစ်သွားတာ”

မည်သည့်အတွက် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရသလဲ

“၄၈ နှစ်လုံးလုံး မဆလနဲ့ စစ်အစိုးရက အုပ်ချုပ်လာတော့ အခုတော့ နိုင်ငံတော် အစိုးရ အပြောင်းအလဲ လုပ်ပေးတော့မယ်ဆိုတော့ အားတက်ပြီးတော့ ၀င်ပြိုင်တာပေါ့ဗျာ။ ချင်းလူမျိုးနဲ့ ချင်းပြည်နယ် တိုးတက်အောင် လုပ်ပေးမယ်ဆိုပြီးပေါ့။ ချင်းပြည်နယ် တိုးတက်ရာ တိုးတက်ကြောင်းအတွက်ပါ”

အမတ်လောင်းတဦး ရှိသင့်သည့် အရည်အချင်း

“အရင်ကတော့ လူတော်လူကောင်း။ မဆလ ခေတ်ရောက်တော့ လူကောင်းလူတော် ဖြစ်သွားတယ်။ လူကောင်းဖြစ်ဖို့က လွယ်တယ်။ လူတော်ဖြစ်ဖို့က မလွယ်ဘူး။ အရင်ဆုံးတော့ ပညာရေးကောင်းရမယ်။ အနည်းဆုံး ဘွဲ့ရမဟုတ်ရင် ၁၀ တန်းအောင်တော့ ဖြစ်သင့်တာပေါ့။ နိုင်ငံရေးကို ၀ါသနာပါရမယ်။ ဖြစ်နိုင်ရင်တော့ အစိုးရလုပ်ငန်းမှာ အတွေအကြုံ ရှိရမယ်။ ၀င်ငွေလည်း အသင့်အတင့်ရှိရမယ်။ ရိုးသားရမယ်။ ကြိုးစားရမယ်။ စေတနာထားရမယ်”

မည်သည့်ကိစ္စ အလုပ်ကိုင်နိုင်ဆုံး ဖြစ်မလဲ

“ကျနော်က ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အ၀ ရှိပါတယ်။ ချင်းပြည်နယ် လူထုအတွက် သူတို့ လိုလားတောင့်တတဲ့ ကိစ္စအ၀၀ကို ပြောနိုင်ဆိုနိုင် လုပ်ကိုင်နိုင်မယ်လို့ ယုံကြည်တယ်”

လူထုကို မည်သို့ စည်းရုံးမလဲ

“လူငယ်၊ လူကြီး အကြိုက်၊ ခေတ်မီ ဒီမိုကရေစီကို အပြောင်းအလဲလုပ်မယ်ဆိုပြီး စည်းရုံးမှာပေါ့ဗျာ။ အရင် မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံပဲ။ အခုတော့ အရှေ့တောင်အာရှမှာ တတိယ အဆင်းရဲဆုံး နိုင်ငံဖြစ်နေတယ်။ ပြန်ပြီး ချမ်းသာအောင် စီးပွားရေး၊ နိုင်ငံရေးတွေကို ဘယ်လိုလုပ်မယ်ဆိုတာကို ပြောပြီး စည်းရုံးရမှာပေါ့”

အနိုင်ရရှိလျှင် မည်သို့ အပြောင်းအလဲ လုပ်မလဲ

“လမ်းပန်းဆက်သွယ်ရေးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်။ အခုထိတောင် ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း ဆက်သွယ်တဲ့ ကတ္တရာလမ်း ကောင်းကောင်းတောင် မရှိဘူး။ စီးပွားရေးမှာဆိုလည်း ချင်းပြည်နယ်နဲ့ သင့်တော်တဲ့ စိုက်ပျိုးမွေးမြူရေးတွေ လုပ်ပေးမှာပေါ့။ သစ်တောသစ်ပင်တွေ မပြုန်းအောင်၊ သယံဇာတ အရင်းအမြစ်တွေ မပြုန်းတီးအောင် မြစ်ချောင်းအင်းအိုင်တွေမှာ မိုင်းခွဲတာ၊ ဆေးခပ်တာတို့ မလုပ်ရအောင် ဆောင်ရွက်ပေးရမယ်”

“ပညာရေးမှာလည်း ကမ္ဘာ့အဆင့်မီအောင် အခြေအနေတွေ၊ အခွင့်အလမ်းတွေ ဖန်းတီးပေးရမယ်”

“စီးပွားရေးမှာဆိုလည်း အရှေ့တောင်အာရှမှာ မြန်မာပြည်က အဆင်းရဲဆုံးဖြစ်သလို မြန်မာပြည်မှာဆိုရင်လည်း ပြည်နယ်နဲ့ တိုင်းတွေထဲမှာ အဆင်းရဲဆုံးပါ။ ချင်းပြည်နယ်မှာ ဒေသထွက် သယံဇာတတွေလည်း မရှိတော့ ပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြီး ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမှာ”

“ကျန်းမာရေးကဏ္ဍမှာဆိုလည်း ဝေးလံခေါင်သီတဲ့ နယ်စပ်တွေမှာဆိုရင် ဆရာဝန်၊ ဆရာမတွေ အစားအသောက် ရှားပါး၊ လမ်းပန်းဆက်သွယ်ရေးတွေက ခက်ခဲတော့ မနေချင်ကြဘူး။ ခဏလည်းနဲ့ ပြန်သွားကြတယ်။ သူတို့တွေ နေနိုင်အောင် အခြေအေနေတွေ (လမ်းပန်းဆက်သွယ်ရေး၊ အဆောက်အဦးနဲ့ ဆေးရုံဆေးပေးခန်း) လုပ်ပေးရမယ်”

ချင်းပြည်နယ် တိုးတက်ရန် မည်သည့် ဥပဒေများ ပြဋ္ဌာန်းမလဲ

“ဖွဲ့စည်းပုံအရ ဥပဒေကို ကျနော်တို့က ဆွဲရမှာ။ ချင်းပြည်နယ်မှာ ရှိပြီသား ဥပဒေတွေကို ပြင်ဆင်ပြီး၊ ပြုပြင်ပြီး ပြဋ္ဌာန်းပေးရမှာပေါ့။ ဘယ်ဥပဒေကို ပြင်ဆင်မယ်ဆိုတော့ ကျနော်လည်း အခုချိန်မှာ မပြောနိုင်သေးဘူး။ အရင် chin land ဥပဒေဆိုတာ ရှိတယ်။ တမြို့နယ်နဲ့ တမြို့နယ် ဥပဒေက မတူဘူး။ ကောင်းတာတခုက ချင်းပြည်သူတွေနဲ့ သင့်တော်တဲ့ ဥပဒေကို ပြဋ္ဌာန်းပေးရမှာပေါ့”(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

မဟာမိတ်ဖွဲ့ရေး ၆ ပါတီ ဆွေးနွေးမည်

ဆလိုင်းထွန်း | သောကြာနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၇ မိနစ်

ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ယှဉ်ပြိုင်ကာ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာမိတ်ဖွဲ့ရန်အတွက် နိုင်ငံရေးပါတီ ၆ ပါတီသည် ရန်ကုန်၌ မနက်ဖြန်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP က တပါတီလျှင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၃ ဦးစီ တက်ရောက်ပါရန် ပါတီပေါင်း ၆ ပါတီကို ဖိတ်ကြားထားပြီး၊ ရန်ကုန်တိုင်း တာမွေမြို့၌ ဆွေးနွေးမည်ဖြစ်ရာ ၅ ပါတီမှ ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ချင်းအမျိုးသားပါတီ CNP နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ PDP တို့ ဆွေးနွေးပွဲ တက်ရောက်မည်ဖြစ်ပြီး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DP (M) ကမူ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

“ဒီမိုကရက်တစ် အင်အားစုပါတီတွေ စုစည်းရေးပါ။ ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) နဲ့ ဒီမိုကရက်တစ် အင်အားစုပါတီတွေ တခြားစီ၊ သီးခြားစီဆိုတာကို ပြည်သူကို အသိပေးတာပါ။ ပြည်ခိုင်ဖြိုးနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ဒီမိုကရက်တစ် ပါတီတွေ အနိုင်ရရှိအောင် ကြိုးစားမှာပါ။ အဲဒီအတွက် အောင်နိုင်ရေးကော်မတီ ဖွဲ့မှာပါ” ဟု UDP ဥက္ကဋ္ဌ ဦးသိန်းဋ္ဌေးက မဇ္ဈိမကို ပြောသည်။

NDF မှ ဒေါက်တာမြတ်ဥာဏစိုး၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေတို့ တက်ရောက်ကြမည်။

“လက်ခံပါတယ်၊ ဒီညှိနှိုင်းရေးကို တက်ပါမယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပူးတွဲဆောင်ရွက်နိုင်တာ အများကြီး ရှိပါတယ်။ ဒီမိုကရေစီ အင်းအားစု စစ်စစ်တွေ ပူးပေါင်းရပ်တည်ပြီး အားတခုပြချင်တာပါ။ ရွေးကောက်ပွဲက ပြိုင်ပွဲမဟုတ်ပါဘူး။ ပြည်သူတွေက အသင့်တော်ဆုံးလို့ ရွေးချယ်တဲ့ ကိုယ်စားလှယ်ကို ပြည်သူရဲ့ ဆန္ဒခံယူရမှာ။ ဒီမိုကရေစီအင်အားစု စစ်စစ်တွေကို မဲပေးကြဖို့ အသိပေးချင်တာပါ” ဟု NDF မှ ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက မဇ္ဈိမကို ပြောသည်။

CNP အထွေထွေအတွင်းရေးမှူး ဦးကျဲအိုဘစ်ထောင်း Ceu Bik Thawng ကလည်း “ဒီမိုကရေစီဖိတ်ဘက်တွေ စုဆောင်းပြီး အတူတကွ ပူးပေါင်းပြီး လုပ်စရာတွေ ရှိတာပေါ့။ အနည်းဆုံးတော့ မဲပေးကြပါ၊ မဲမပေးဘဲ မနေကြပါနဲ့၊ ရွေးကောက်ပွဲ တရားမျှတဖို့၊ အောင်နိုင်ရေးအတွက် ဆိုတာလေးတွေပေါ့။ ဒီအစီအစဉ်ကို ကြိုဆိုပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

SNDP ပါတီကလည်း မနက်ဖြန် ဆွေးနွေးပွဲကို လက်ခံသည်။

“တက်မှာပါ။ ဘာတွေ ပြောမှာလဲ မသိရသေးဘူး။ ဘယ်ပါတီကပဲ ဖိတ်ဖိတ် သွားမယ်။ ပါတီအားလုံးနဲ့ မိတ်ဆွေ လုပ်သွားဖို့ ရည်မှန်းထားတာ။ ဘယ်ပါတီမဆို လွှတ်တော်ထဲရောက်ရင် နိုင်ငံ့အကျိုးအတွက် အားလုံး ဝိုင်းဝန်းလုပ်ဆောင်သွားမယ်။ ပါတီတိုင်းက ရွေးကောက်ပွဲကို အောင်ချင်တာပဲ” ဟု SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက မဇ္ဈိမကို ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) DP (M) က ဆွေးနွေးပွဲတက်ရောက်မည် မဟုတ်ကြောင်း ပြောဆိုသည်။

“သတင်းထဲမှာ ကျနော်တို့က မဟာမိတ်ဖွဲ့ကြဖို့ လုပ်လိုက်တယ်လို့ ပါလာတယ်။ အမှန်ကတော့ ဆွေးနွေးတာ ဘာမှမရှိဘူး။ ဆွေးနွေးထားတာ မရှိသေးဘဲနဲ့ သတင်းတွေမှာ ပါလာတော့ ကျနော်တို့က မဟာမိတ်လုပ်ဖို့ အခြေအနေမရှိဘူး၊ မစဉ်စားသေးဘူး။ ဗဟိုအလုပ်အမှုဆောင် ဆုံးဖြတ်ချက်ချပြီးမှ လုပ်လေ့ရှိတယ်၊ မဆုံးဖြတ်သေးတော့ အစည်းအဝေးကို သွားမတက်ဘူးလို့ ယူဆတယ်” ဟု DP (M) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

ZIM, Awging

ZIM,Awging_25pdf

(ဆက်ဖတ်ရန်.......)

ACR News

ACR_News_(3.10.10)

(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည် လွတ်မည်ဆိုသည့် သတင်းကြောင့် ပြည်သူများ ပျော်ရွှင်နေကြ

တက်လူ / ၀၁ အောက်တိုဘာ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟူသည့်သတင်းကြောင့် ရန်ကုန်ပြည်သူများ ကျေနပ်ပျော်ရွှင်နေကြကြောင်း ရန်ကုန်သတင်းရပ်ကွက်များက သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရအရာရှိတဦးက ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းကို ကိုးကား၍ စက်တင်ဘာ (၃၀) ရက် ယမန်နေ့၌ ပြည်ပအသံလွှင့်ဌာနများက သတင်းထုတ်လွှင့်မှုအပေါ် ရန်ကုန်ပြည်သူတို့က ယင်းသို့ ပျော်ရွှင်ကျေနပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် လွတ်တော့မယ်ဆိုတာ သိတယ်၊ သူလွတ်ရက်ပြည့်ပြီလေ။ ဒါပေမယ့် အစိုးရက မလွှတ်ဘဲနေမှာကို စိတ်ပူနေတာ။ အခု သူ့ကို လွှတ်ပေးတော့မယ်လို့ အစိုးရက ပြောတယ်လို့ ဗွီအိုအေက ပြောသွားတယ်။ အဲဒီအတွက် ကျနော်တို့ သိပ်စိတ်ဝင်စားနေကြတယ်။ အဓိကကတော့ သူလွတ်လာရင် ဘယ်လိုဖြစ်လာမလဲ၊ ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာပေါ့” ဟု ဗဟန်းမြို့နယ်မှ အငြိမ်းစား အစိုးရအရာရှိတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကမူ လာမည့်နိုဝင်ဘာ (၁၃) ရက်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည့်နေ့ဖြစ်ပြီး နောက်ထပ်ချုပ်နှောင်ရန် ဥပဒေမရှိသဖြင့် လွှတ်ပေးရမည့်ရက်ဖြစ်သည်ဟု ပြောကြားသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းမှာ လာမည့်နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။

ပြီးခဲ့သည့်စက်တင်ဘာ (၂၄) ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက် ကော်မရှင်ရုံး၌ ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဟူသော သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ မဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန်သည့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏အမည် ပါဝင်ခြင်းမရှိပေ။

“ဒေါ်အောင်ဆန်းစုကြည် မဲပေးဘူးဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် သူမဲပေးတာ မပေးတာက အရေးမကြီးဘူး။ အစိုးရအနေနဲ့ သူ့ကိုမဲပေးခွင့်ပေးတယ် ဆိုတာကို အသံကောင်းဟစ်ချင်တဲ့သဘော၊ အစိုးရလူလည်ကျတာလည်း လူတိုင်းသိတယ်လေ။ အခုလွှတ်ပေးမယ်ဆိုတာက ရွေးကောက်ပွဲရက် မတိုင်ခင်ဆိုတဲ့သဘောလို့ ကျနော်တို့က တွေးတယ်” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှ ၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့သူတဦးက ပြောကြားသည်။

အန်အယ်လ်ဒီကို ထောက်ခံသူတဦးကလည်း “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိမ့်မယ်။ ဒါပေမယ့် ကျနော့်အထင်ကတော့ ရွေးကောက်ပွဲပြီးမှ လွှတ်မယ်ထင်တယ်။ သူ့လွတ်ရက်ပြည့်တာက နိုဝင်ဘာ (၁၃) ရက်နေ့လေ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်သည်။(ခေတ်ပြိုင်)

(ဆက်ဖတ်ရန်.......)