Tuesday 25 January 2011

လူသူကင်းမဲ့ အမေရိကန် မြို့ကြီးများ

မြတ်စိုး | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၄၅ မိနစ်

၂ဝ၁ဝ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃ဝ၈ သန်းကျော်ရှိတဲ့ အမေရိကန်ဟာ ကမ္ဘာမှာ လူဦးရေ တတိယ အများဆုံး နိုင်ငံအဆင့်မှာ ရှိပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံ့လူဦးရေဟာ တနှစ်ကို ၂.၅ သန်း တိုးနေပေမယ့် တချို့မြို့ကြီးတွေမှာ လူဦးရေ တိုးလာလိုက်၊ လျော့သွားလိုက် ဖြစ်ခဲ့တယ်လို့ အမေရိကန် အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးမှုဌာနက အစီရင်ခံစာကို ကိုးကားပြီး ပြီးခဲ့တဲ့လထုတ် ဝေါ်စရစ်ထ်သတင်းစာထဲမှာ ရေးသားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်မှစပြီး လူဦးရေ သိသာစွာ လျော့ကျသွားခဲ့တဲ့ အမေရိကန် မြို့ကြီး ၇ မြို့ကိုလည်း ဖော်ပြထားပါတယ်။ ဒီမြို့ကြီး ၇ မြို့ကတော့ နယူးအော်လင်းစ် New Orleans၊ ဖလင့်ထ်- မီချီကန်ပြည်နယ် Flint, Michigan၊ ကလီဗလန်း Cleveland၊ ဘားဗလိုး Buffalo, New York၊ ဒေတန် Dayton, Ohio၊ ပစ်ထ်စဘတ်ခ် Pittsburgh နဲ့ ရော်ချက်စတာ Rochester, N.Y. မြို့တွေ ဖြစ်ပါတယ်။

ဒီမြို့ကြီးတွေမှာ နေထိုင်ခဲ့တဲ့ သူတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှစပြီး အစုအပြုံလိုက် အိုးအိမ်စွန့်ခွါကာ တခြားမြို့တွေဆီ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒီလို ပြောင်းရွှေ့ရခြင်းရဲ့ အကြောင်းရင်းတွေက ဆိုးဝါးပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရခြင်း၊ စီးပွားရေး အခွင့်အလမ်းများ နည်းပါးလာခြင်းနဲ့ အလုပ်အကိုင် ရှားပါးလာခြင်းတို့ကြောင့် လူနေမှုစရိတ် မြင့်မားတဲ့ မြို့ကြီးတွေကို စွန့်ခွါခဲ့ကြတာလို့ သုံးသပ်ထားပါတယ်။

(၁)နယူးအော်လင်းစ် New Orleans - Louisiana
လူဦးရေ - ၃၅၄, ၈၅ဝ
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၂၈, ၈၁၃ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၂၆.၆၃ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၂၁.၅ ရာခိုင်နှုန်း

နယူးအော်လင်းစ်ဟာ ၂ဝဝ၅ သြဂုတ်လမှာ တနာရီ ၁၂ဝ ကီလိုမီတာအထက် ပြင်းထန်စွာ တိုက်ခတ်ခဲ့တဲ့ ကက်တရီးနား လေမုန်တိုင်းကြောင့် မြို့တော်ရဲ့ ၈ဝ ရာခိုင်နှုန်းကျော် ရေလွှမ်းခံခဲ့ရပြီး၊ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ အမေရိကန်အစိုးရရဲ့ ခန့်မှန်းချက်အရ ဒေါ်လာ ၈ဝ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီး၊ အလုပ်လက်မဲ့ ပြဿနာ၊ ရာဇဝတ်မှု တိုးပွားလာတာကြောင့် မြို့ခံလူများ ထောင်နဲ့ချီပြီး မြို့တော်ကို စွန့်ခွါခဲ့ပါတယ်။

(၂)
ဖလင့်ထ် - မီချီကန်ပြည်နယ် Flint, Michigan

လူဦးရေ - ၁၁၁, ၄၇၅
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၃, ၂၆၆ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၁ဝ.၆၃ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၈ ရာခိုင်နှုန်း

တချိန်က ကမ္ဘာ့မော်တော်ကား မြို့တော်ကြီးလို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ဖလင့်မြို့ဟာ ဂလိုဘယ်လ်လိုက်ဇေးရှင်း Globalization လို့ ခေါ်တဲ့ နယ်စည်းမခြား ကုန်သွယ်မှုရဲ့ ဆိုးကျိုးတွေကို အတော်လေး ခံစားခဲ့ရတယ်။ ၁၉၁ဝ -၁၉၃ဝ အတွင်း အမေရိကန် ကားကုမ္ပဏီတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာ ဖလင့်မြို့ကို နိုင်ငံအသီးသီး၊ ပြည်နယ်အသီးသီး လူတွေ လာရောက်အခြေချ နေထိုင်ကြဖို့ စိတ်ကူးယဉ်မှုတွေ ရှိခဲ့ကြပေမယ့်၊ ၁၉၈ဝ ခုနှစ် ပတ်ဝန်းကျင်လောက်မှစပြီး ကားကုမ္ပဏီတွေဟာ နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံခဲ့မှုတွေကြောင့် စက်ရုံအလုပ်ရုံ အများအပြား ပိတ်ခဲ့ကြတယ်။ မော်တော်ကားစက်ရုံတွေ ပိတ်ခဲ့ရတာကြောင့်၊ အစုအပြုံလိုက် အလုပ်လက်မဲ့ ဖြစ်ကြလို့ မြို့တော်ကို စွန့်ခွါခဲ့ပါတယ်။

(၃)
ကလီးဗလန်း Cleveland

လူဦးရေ - ၄၃၁, ၃၆၉
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၄၅, ၂ဝ၅ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၉.၄၉ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၇.၅ ရာခိုင်နှုန်း

ကလီးဗလန်း Cleveland မြို့ဟာ အမေရိကန် အရှေ့ပိုင်းနဲ့ အနောက်အလယ်ပိုင်း ရေလမ်းကုန်းလမ်း ကုန်သွယ်မှု အချက်အခြာကျတဲ့ လမ်းမပေါ်မှာ တည်ရှိပြီး၊ စက်မှုလုပ်ငန်း၊ မော်တော်ကား လုပ်ငန်းများ၊ ရေနံ၊ မိုင်းတွင်း တူးဖော်ရေးနဲ့ သံမဏိလုပ်ငန်းတွေအပြင် ကုမ္ပဏီကြီးတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာမြို့ဖြစ်ခဲ့လို့ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ်မှာ လူဦးရေ ၉၁ဝ, ဝဝဝ ကျော် ရှိခဲ့ဖူးတယ်။ ၁၉၇ဝ ခုနှစ်မှာ မြို့တော်ဟာ ကြွေးမြီတင်ခဲ့ပြီး၊ ၁၉၈ဝ ဝန်းကျင်မှာ စက်မှုလုပ်ငန်းတွေ ကျဆင်းခဲ့တဲ့အပြင်၊ လေထုနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် စက်ရုံအလုပ်ရုံတွေ ရွှေ့ပြောင်းသွားကြပြီး အလုပ်လက်မဲ့၊ ဆင်းရဲမွဲတေမှု ပြဿနာတွေကို ရင်ဆိုင်နေရလို့ မြို့ခံလူများ မြို့တော်ကို စွန့်ခွါသွားခဲ့ပါတယ်။ လက်ရှိ လူဦးရေဟာ ၁၉၄၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါး လျော့ကျသွားခဲ့ပါပြီ။

(၄)
ဘတ်ဖလိုး Buffalo, New York
လူဦးရေ - ၂၇ဝ, ၂၄ဝ
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၂၁, ၉၇ဝ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၇.၅၂ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၇.၂ ရာခိုင်နှုန်း

ဒုတိယ ကမ္ဘာစစ်အပြီး ဘားဗလိုး Buffalo, New York မြို့ဟာ စက်မှုလုပ်ငန်းတွေ တိုးတက်လာမှုကြောင့် အမေရိကန်မြို့ကြီးတွေထဲမှာ အဆင့် ၁၃ နေရာမှာ ရှိခဲ့တယ်။ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ နိုက်ဂရာ ရေတံခွန်က ပမာဏထုထည် ကြီးမားစွာ ထုတ်လွှတ်ပေးတဲ့ ရေအားလျှပ်စစ် စွမ်းအင်ကြောင့် လျှပ်စစ်မြို့တော်၊ အလင်းရောင်မြို့တော်လို့တောင် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ နည်းပညာတိုးတက်လာမှုနဲ့အတူ တခြား မြို့တော်တွေမှာ စွမ်းအင်နည်းမျိုးစုံ ထုတ်လုပ်လာခဲ့မှုကြောင့် ရေအားလျှပ်စစ်စွမ်းအင်အပေါ် မှီခိုမှု အားနည်းလာစေခဲ့ပြီး၊ မြို့တော်မှာ စီးပွားရေး အခွင့်အလမ်း ကျဆင်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။

အီးရီး Erie ရေကန်ကြီးရဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ပျက်စီးနေတဲ့ တူးမြောင်းတွေကို ပြုပြင်မွန်းမံမှု မရှိခဲ့တာကြောင့် မြို့တော်ဟာ လာရောက်အခြေချတဲ့ သူတွေကို ဆွဲဆောင်မှု မရရှိခဲ့ပါ။ ဒီကနေ့ ဘားဗလိုး Buffalo, New York မြို့ ဟာ စက်ရုံအိုကြီးတွေ၊ အဆောက်အအုံအိုကြီးတွေ၊ အိမ်အိုကြီးတွေပဲ ကျန်ရှိတော့ပြီး ၁၉၇ဝ ခုနှစ် တနှစ်ထဲမှာပင် လူဦးရေ တသိန်းရှိ မြို့ကို စွန့်ခွါခဲ့ကြလို့ ဒီအရေအတွက်ဟာ လက်ရှိ လူဦးရေ သုံးပုံတပုံလောက် ရှိခဲ့တယ်။ အခုတော့ လျှပ်စစ်မြို့တော်ကနေ ခြောက်ကပ်နေတဲ့ မြို့ဟောင်းကြီးသဖွယ် ဖြစ်သွားခဲ့ပါပြီ။

(၅)
ဒေတန် Dayton, Ohio
လူဦးရေ - ၁၅၃, ၈၄၃
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၁, ၉၆၁ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၇.၂၁ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၈.၉ ရာခိုင်နှုန်း

ဒေတန် Dayton, Ohio ဟာ သေးငယ်ပေမယ့် ရာစုနှစ်တဝက်ကျော် ကုန်ထုတ်လုပ်မှု၊ တီထွင်မှု စိတ်ကူးဉာဏ်ရှိမှု ကောင်းတဲ့မြို့လို့ တင်းစားသတ်မှတ်ထားကြတယ်။ အလုပ်လုပ်ကိုင်ဖို့ အကောင်းဆုံး သတ်မှတ်ခံထားရတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာ မြို့လည်း ဖြစ်ခဲ့တယ်။ နှစ်ပေါင်းများစွာ စက်မှုလုပ်ငန်း၊ မော်တော်ကားစက်ရုံတွေအပေါ် မှီခိုခဲ့တဲ့ ဒီမြို့လေးဟာ ဂလိုဘယ်လိုက်ဇေးရှင်း Globalization ရဲ့ ဆိုးကျိုးတွေကြောင့် စက်ရုံအလုပ်ရုံတွေ မြောက်မြားစွာ အပိတ်ခဲ့ရလို့ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။

(၆)
ပစ်ထ်စဘတ်ခ် Pittsburgh
လူဦးရေ - ၃၁၁, ၆၄၇
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၂၂, ဝ၅၆ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၆.၆၁ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၄.၁ ရာခိုင်နှုန်း

သံမဏိမြို့တော်လို့ တင်စားခေါ်ဆိုခဲ့ကြတဲ့ ပစ်ထ်စဘတ်ခ် Pittsburgh မြို့ဟာ ၁၈ဝဝ ကနေ ၁၉၇ဝ ခုနှစ်ထိ အမေရိကန် စက်မှုလုပ်ငန်းမှာ ပင်မအချက်အခြာ ကျခဲ့တဲ့ မြို့ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး အခြေအနေမှာ မြို့တော်ဟာ အကြီးစား စက်မှုစက်ရုံ ၁ဝဝဝ ကျော် ရှိခဲ့ပြီး၊ ဒုတိယကမ္ဘာစစ် ကာလအတွင်း သံမဏိ စက်ရုံအလုပ်သမား ၃၄ဝ,ဝဝဝ ကျော် ရှိခဲ့ဖူးပါတယ်။ သံမဏိလူသားများလို့ တင်စားခံခဲ့ရတဲ့ ပစ်ထ်စဘတ်ခ် Pittsburgh မြို့သူမြို့သားတွေဟာ ၁၉၈ဝ ခုနှစ် အမေရိကန် သံမဏိ စီးပွားရေး လုပ်ငန်းတွေ ဘုန်းဘုန်းလဲပြိုကျပြီးနောက် စီးပွားရေးဆုတ်ယုတ်မှု ပြင်းထန်စွာ ခံစားရကာ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ နည်းပညာအခြေခံတဲ့ စီးပွားရေးကို အလျင်အမြန် ပြောင်းလဲခဲ့ပေမယ့်၊ လျင်မြန်လွန်းလှတဲ့ စီးပွားရေး ဆုတ်ယုတ်မှုဟာ မြို့တော်ကို စွန့်ခွါသွားသူတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ၁၉၅ဝ ခုနှစ်မှစပြီး ပစ်ထ်စဘတ်ခ် Pittsburgh မှာ နေထိုင်သူ လူဦးရေ ၅ဝ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့တယ်။

(၇)
ရော်ချက်စတာ Rochester, N.Y.

လူဦးရေ - ၂ဝ၇, ၂၉၄
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၂, ၁၈ဝ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၅.၅၅ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၅.၄ ရာခိုင်နှုန်း

အယ်လ်ဘနီနဲ့ ဘတ်ဖလိုးအကြား ကုန်သွယ်မှု အချက်အခြာကျတဲ့ ဒီမြို့ဟာ နယူးယောက်ပြည်နယ်မှာ မြို့တော်နယ်နမိတ်အတွင်း တတိယ လူဦးရေ အထူထပ်ဆုံး ဖြစ်ပါတယ်။ ဂျုံလုပ်ငန်း၊ အလင်းဆိုင်ရာ သိပ္ပံပညာ၊ နည်းပညာများဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံခြားကုမ္ပဏီများစွာ တည်ရှိတဲ့ မြို့ဖြစ်တယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံ အခြေချခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေ ရွှေ့ပြောင်းခဲ့ခြင်း၊ အစားထိုး စီးပွားရေးလုပ်ငန်းတွေကို ထိရောက်စွာ ဖန်တီးပေးနိုင်မှု မရှိခဲ့တာကြောင့် ၁၉၅ဝ ခုနှစ်မှ ၂ဝဝဝ ခုနှစ်အတွင်း လူဦးရေ ၃၄ ရာခိုင်နှုန်း မြို့က ပြောင်းရွှေ့သွားခဲ့ကြတယ်။

ဒီလို လူအများ အစုအပြုံလိုက် စွန်ခွါသွားခဲ့လို့ အမေရိကန်မြို့ကြီးတွေဟာ ခြောက်သွေ့တိတ်ဆိတ်လာပြီး လူသူကင်းမဲ့လာကာ စီးပွားရေးအခွင့်အလမ်းတွေလည်း လက်လွှတ်ဆုံးရှုံးခဲ့ကြရတယ်။ နိုင်ငံအတွင်း အိုးအိမ်စွန့်ခွါပြီး တခြားမြို့တွေဆီ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ဖောက်ပြန်မှု၊ သဘာဝ ဘေးအန္တရာယ်တွေ ရင်ဆိုင်ခဲ့ရမှုနဲ့ အမေရိကန် စီးပွားရေး ကျဆင်းခဲ့မှုကြောင့် အလုပ်လက်မဲ့ ပြဿနာတွေ ရင်ဆိုင်လာခဲ့ရတာကြောင့် ဖြစ်တယ်လို့ အမေရိကန် အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးမှု ဌာနရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လူသားအားလုံးဟာ မိမိတို့ နေထိုင်ရာဒေသကို စွန့်ခွါပြီး၊ ဘဝလုံခြုံရေးနဲ့ လူဂုဏ်သိက္ခာ မြင့်မားဖို့အတွက် ရေကြည်ရာ မြက်နုရာဆိုသလို ဘဝသစ်အတွက် ရွှေ့ပြောင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တခြားမြို့ကြီးတွေအနေနဲ့ လူသူကင်းမဲ့ ခြောက်သွေ့သွားခဲ့တဲ့ မြို့ကြီးတွေကို နမူနာယူပြီး၊ နည်းပညာသစ်တွေကို အခြေခံတဲ့ အလုပ်အကိုင်သစ်တွေ၊ စီးပွားရေး အခွင့်အလမ်းတွေကို ဖန်တီးကြဖို့နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစီအစဉ်တွေကို ပြုလုပ်ကြဖို့ တိုက်တွန်းထားကြောင်းပါ။

(ဇန်နဝါရီ ၂၄)

ကိုးကား

“American Cities That Are Running Out Of People” by Michael B. Sauter 24/7 Wall St. Saturday, January 1, 2011.

(ဆက်ဖတ်ရန်.......)

တိုင်းရင်းသားတွေ တိုက်ပွဲဝင် တောင်းဆိုနေတာ ဖက်ဒရယ်ပါပဲ။ ခွဲထွက်ရေး မဟုတ်ပါဘူး

ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၁၇ မိနစ်

အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် စစ်အစိုးရကို လက်နက်ကိုင် တိုက်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ မနှစ် နိုဝင်ဘာတွင် စုပေါင်း၍ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ (Committee for Emergence of Federal Union-CEFU) ဖွဲ့စည်းခဲ့ကြသည်။

ယင်းကော်မတီက ကျယ်ပြန့်သည့် တိုင်းရင်းသား ညီလာခံကြီးတခု ခေါ်ယူနိုင်ရန် ကြိုးစားနေသည်။ ကော်မတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဤညီလာခံသည် ပြည်တွင်း၌ NLD နှင့် တိုင်းရင်းသားပါတီများ ကြိုးစားနေသည့် ဒုတိယ ပင်လုံ ညီလာခံ ဘောမျိုးမဟုတ်ဟု ဆိုသည်။

အကြောင်းစုံကို သိရှိနိုင်ရန် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ နိုင်ဟံသာ ကို မဇ္ဈိမက မေးမြန်းထားသည်။
--------------------------------------------------------------------
ဆရာတို့ တိုင်းရင်းသားတွေ စုပြီး ညီလာခံလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က NLD ပြောတဲ့ ဒုတိယ ပင်လုံ ညီလာခံဆိုတာနဲ့ရော ဘယ်လို ကွာခြားမှု ရှိမလဲခင်ဗျာ။
ပြည်တွင်းမှာ ဒုတိယပင်လုံညီလာခံကျင်းပဖို့ တောင်းဆိုနေတာက
တိုင်းရင်းသားတွေ တိုက်ပွဲဝင်တောင်းဆိုနေတာ ဖက်ဒရယ်ပါပဲ။ ခွဲထွက်ရေး မဟုတ်ပါဘူးဆိုတဲ့ နိုင်ဟံသာ (photo :: www.kaowaw.org)

ဟိုတုန်းက ဗမာကိုယ်စားလှယ် နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ တွေ့ပြီးတော့ သဘောတူညီမှု ယူကြတဲ့ ၄၇ ခုက အဖြစ်ပျက်မျိုး ဒီနေ့အနေအထားမှာ ဗမာတွေနဲ့ တိုင်းရင်းသားတွေအကြား အရင်ကချမှတ်ခဲ့တဲ့ သဘောတူညီမှုအပေါ်မှာ အခြေပြုပြီး ပြန်လည်အကောင်အထည်ဖော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လို့ ကျနော်တို့ နားလည်တာလေ။ ဒါက အတွင်းပိုင်းက သူတို့ လုပ်နိုင်တဲ့ အဆင့်က နေပြီးတော့ လုပ်ကြတာပါ။

ကျနော်တို့ကတော့ အဲဒီလို မဟုတ်ဘူးဗျ။ ကျနော်တို့ ဒီနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေက များသောအားဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်နေကြတာပါ။ အဲဒါကလဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အတွက်ပေါ့လေ။

ကနေ့အနေအထားမှာ စစ်အစိုးရက အရင်က အပစ်အခတ်ရပ်စဲထားခြင်းကို ဖျက်ဆီးပြီှး ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတဲ့အပေါ်မှာ အပစ်ရပ်ထားတဲ့ အဖွဲ့တွေရော မရပ်တဲ့ အဖွဲ့တွေရော အားလုံးပေါင်းပြီးတော့ ဒီဟာတွေကို ကာကွယ်ဖို့ပေါ့နော်။ တဖက်က ကျနော်တို့ တိုင်းရင်းသား အားလုံး လိုလားတိုက်ပွဲဝင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာဖို့အတွက် အကောင်အထည် ဖော်ရာမှာ တိုင်းရင်းသားအချင်းချင်း ညီညွတ်ကြဖို့လိုတယ်။ တသံထဲ ထွက်ဖို့လိုတယ်။ စုစုစည်းစည်းနဲ့ စစ်အစိုးရရဲ့ ထိုးစစ်ကိုလဲ ခုခံနိုင်မယ်။ နိုင်ငံရေးအရလဲ ပြောတာဆိုတာ တစုတစည်းထဲ ဖြစ်လာမယ်ဆိုရင် ကျနော်တို့အတွက် အားရှိလာမယ်။ အားရှိလာမယ့်အပေါ်မှာ တဖက်က ကျနော်တို့ တောင်းဆိုနေတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာရင်လဲ တိုင်းရင်းသားတွေရဲ့ ဒေါင့်ကနေပြီးတော့ တစုတစည်းထဲနဲ့ ကိုယ်စားပြု ပြောလို့ရမယ်။ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်နေတာပါ။

ဒါဆိုရင် ပြည်တွင်းက ပါတီဖွဲ့ထားတဲ့ တိုင်းရင်းသားတွေရောပါဖို့ ရည်မှန်းထားပါသလား။

ပြည်တွင်းမှာရှိနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ ကျနော်တို့နဲ့ လာပူးပေါင်းနိုင်မှာ မဟုတ်ဘူး ထင်တယ်လေ။ သူတို့ရပ်တည်နိုင်တဲ့ အနေအထားအရ အတွင်းမှာပဲ သူတို့ လှုပ်ရှားကြတယ်။ အခုဆိုရင် ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးပေါ့ဗျာ။ အဲဒီပုံစံနဲ့ သူတို့က လှုပ်ရှားနေကြတယ်။ ကျနော်တို့နဲ့တော့ မတူပါဘူး။

တိုင်းရင်းသား ၆ ဖွဲ့ပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီက ကျယ်ပြန့်တဲ့ တိုင်းရင်းသားညီလာခံခေါ်ဖို့ ကြိုးစားနေတာက ဘယ်အဆင့်ရောက်နေပြီလဲ ခင်ဗျ။

အဲဒါကို လုပ်ဖို့က အဓိကအားဖြင့်ကတော့ တိုင်းရင်းသားတွေရဲ့ အစုအဖွဲ့ တပ်ပေါင်းစုတွေဖြစ်တဲ့ NDF၊ ENC ရယ်၊ နောက် UNLD-LA အဲဒီအဖွဲ့တွေနဲ့ ကျနော်တို့ ညှိနှိုင်းပြီှး လုပ်သွားဖို့၊ တူညီတဲ့ ကိုယ်စားလှယ် အရေအတွက်နဲ့ ကျင်းပရေး ကော်မတီဖွဲ့ပြီးတော့မှ အဲဒီကျင်းပရေး ကော်မတီက လိုတဲ့ ပြင်ဆင်မှုတွေ လုပ်သွားဖို့ပေါ့လေ။

အဲဒီကော်မတီရဲ့ တာဝန်ကျတော့ရော ဘယ်လိုရှိပါသလဲ ခင်ဗျာ။

အဲဒါက ပြင်ဆင်နေတုန်း စီစဉ်နေတုန်းပဲ ဆိုပါစို့ဗျာ။ အဲဒီမှာ အကြံဉာဏ်တွေ စုဆောင်းထားမယ်၊ ညီလာခံအတွက် ပြင်ဆင်ထားမယ်၊ အဲဒီကော်မတီက တာဝန်ယူပြီးတော့ ဖိတ်မယ်။ ညီလာခံကို ဦးဆောင်သွားမယ်။ အဲဒီပုံစံမျိုးပေါ့ဗျာ။

NDF တို့ ENC တို့က အရင်တုန်းကလဲ လက်နက်ကိုင်တိုင်းရင်းသားတွေအကြားမှာ တသံထဲ ထွက်ဖို့ဆိုပြီးတော့ ဖွဲ့ကြတာပဲ မှတ်လား ဆရာ။ အခုရော ဘာကွာမှာလဲခင်ဗျာ။

အဲဒီလို ရည်ရွယ်ရင်းနဲ့ပေါ့ဗျာ။ လုပ်ရင်းလုပ်ရင်းနဲ့ ကနေ့ဆိုရင် NDF ကလဲ သီးခြားဖြစ်နေတယ်။ ENC ကလဲ သီးခြားဖြစ်နေတယ်။ ဒီနှစ်ခုကို ကျနော်တို့က တဖက်က စုစည်းပြီးတော့မှ တပုံစံထဲ ဖြစ်ဖို့ဆိုတဲ့ဟာမှာလဲ သူ့မူနဲ့ သူ့အခြေခံနဲ့ မတူညီတဲ့ဟာတွေ ဖြစ်နေတယ်။ အဲဒါတွေ ရှိနေတဲ့အပေါ်မှာ ကနေ့ လောလောလတ်လတ် အပစ်အခတ် ရပ်စဲရေးတွေ ပျက်ပြီး စစ်ရေးအတွက် ပြင်ဆင်နေရတဲ့ ကာလမှာ ကျနော်တို့က ပုံစံသစ်နဲ့ တဖက်ကလဲ စစ်ရေးအရ ပြင်ဆင်ဖို့ လိုအပ်သလို နိုင်ငံရေးအရလဲ စုစည်းဖို့ လိုအပ်တယ်။ အဲဒီတော့ အရင်ကရှိတဲ့ တပ်ပေါင်းစုတွေမှာ သူတို့ အခြေခံအချက်အလက်တွေပေါ်မှာ ပြုလို့ပြင်လို့ ခက်တဲ့အနေ အထားမှာ အသစ်တခု ဖော်ထုတ်ပြီးတော့ အားလုံးစုစည်းနိုင်တဲ့ နည်းလမ်းကို ရှာတာပါ။

လက်နက်ကိုင် တိုင်းရင်းသားတွေ အများကြီးရှိတဲ့ကြားက လက်ရှိ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီမှာတောင် ၆ ဖွဲ့ပဲ ပါတယ်ပေါ့။ သူတို့ကို ထပ်ပြီး စုစည်းဖို့ ဘယ်လိုလုပ်မလဲခင်ဗျ။

အခုက NDF နဲ့ရော ENC နဲ့ရော စုပေါင်းပြီး အဲဒီ ကွန်ဖရင့်ကြီးကို ကျင်းပတဲ့အခါကျရင် တခြားတိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေ၊ စစ်ရေးရော နိုင်ငံရေးရောရှိတဲ့အဖွဲ့အစည်းတွေ ဒါတွေအားလုံးပါဝင်နိုင်ဖို့ ကျနော်တို့ ဖိတ်ခေါ်မယ်။ သူတို့ပါ အဲဒီမှာ ဆွေးနွေးကြမယ်ပေါ့ဗျာ။ ကျနော်တို့ ရည်ရွယ်ထားတာကတော့ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး တစုတစည်းထဲဖြစ်ဖို့ ဦးတည်တာပါ။

၁၉၉၇-၉၈ လောက်က တိုင်းရင်းသားတွေအကြားမှာ မဲသရောထ သဘောတူညီချက်ဆိုတာလဲ ရှိတယ်နော်။ အဲဒါနဲ့ရော အဆက်အစပ်ရှိလား။

အဆက်အစပ်ရှိပါတယ်။ ၉၇ ခုနှစ်တုန်းက မဲသရောထမှာ တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ နှီးနှော ဖလှယ်ပွဲတခု လုပ်ခဲ့တယ်။ ဟိုတုန်းကတော့ နှီးနှောဖလှယ်ပွဲအဆင့်ပေါ့ဗျာ။ Seminar အဆင့်ပေါ့လေ။ အခုက အဆင့်မြှင့်ပြီးတော့ Conference ညီလာခံအဆင့်ကိုလုပ်ဖို့ ရည်ရွယ် ထားပါတယ်။ အဲဒီတုန်းကလဲ ဖက်ဒရယ်ပါပဲ။

တိုင်းရင်းသားတွေ စုစည်းဖို့ ကြိုးစားတာ အရင်တုန်းက မဲသရောထ တခုပဲလား။ တခြားရှိသေးလားခင်ဗျာ။

ကျနော်မှတ်မိသလောက် ဟိုး ၇၆ ခုမှာ တခါရှိခဲ့ဖူးတယ်ဗျ။ ဟိုတုန်းကတော့ မာနယ်ပလောမှာ လုပ်ပါတယ်။ အဲဒီမှာ ၁၃ ဖွဲ့တက်ကြတယ်ဗျာ။ အဲဒီကနေပဲ NDF ဆိုတာ ပေါ်လာတာလေ။ ကနေ့အထိ ကျနော်တို့ တိုင်းရင်းသားတွေ တိုက်ပွဲဝင်နေတာ၊ လှုပ်ရှားနေတာ၊ တောင်းဆိုနေတာ ဖက်ဒရယ် ပါပဲခင်ဗျ။ ခွဲထွက်ရေး မဟုတ်ပါဘူး။

၁၉၆၁ ခုမှာ တောင်ကြီးမှာလုပ်တဲ့ တိုင်းရင်းသားညီလာခံကိစ္စရော သိသလောက် ပြောပြပေးပါ လားခင်ဗျာ။

၆၁ မှာ တောင်ကြီးမှာ ကွန်ဖရင့်လုပ်တာက အဓိကအားဖြင့် ဖက်ဒရယ်မူကို အကောင်အထည်ဖော် ဖို့ပေါ့ဗျာ။ လွတ်လပ်ရေးတိုက်ပွဲမှာ တိုင်းရင်းသားတွေလဲ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်။ လွတ်လပ်ရေးရခါနီးမှာ မြေပြန့် ပြည်မနဲ့ တောင်တန်းဒေသက ချင်း၊ ကချင်၊ ရှမ်းတို့ စုစည်းပြီး ပင်လုံသဘောတူညီချက်ရခဲ့တယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ အဲဒီသဘောတူ ညီချက်တွေ အခွင့်အရေးတွေ လုံးဝမပေါ်ပဲနဲ့ တိုင်းရင်းသားတွေဟာ ဗမာတွေရဲ့လက်အောက်မှာ ကျသွားတဲ့သဘော ဗမာတွေရဲ့ ကိုလိုနီသဘော ရောက်သွားတာကို မကျေနပ်လို့၊ အဲလိုမဖြစ်စေချင်လို့၊ တိုင်းရင်းသားတွေအကြား ညီညွတ်ရေး ပြိုကွဲနေမယ် အရင်ပြောခဲ့တဲ့ စကားအရ လွတ်လပ်ရေးရရင် ညီချင်းအကိုချင်း တန်းတူနေသွားမယ်ဆိုတဲ့ သဘောထားကို အကောင်ထည် ဖော်ချင်လို့ တောင်ကြီးညီလာခံမှာ ဖက်ဒရယ်မူ တင်တာပါပဲ။

ဆရာတို့ရဲ့ မွန်ပြည်သစ်ပါတီက အပစ်ရပ်ထားတာပေါ့နော်။ အခု လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေနဲ့ လာပူးပေါင်းတော့ ဆရာတို့နယ်မြေထဲမှာရော စစ်ရေးတင်းမာမှုရှိနေလား ခင်ဗျာ။

ကျနော်တို့နဲ့ စစ်အစိုးရက ၂ဝ၁ဝ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အပစ်အခတ်ရပ်စဲရေး က ပျက်သွားပြီ။ သူတို့ဘက်ကလဲ အသိအမှတ်မပြုတော့ဘူး။ ကျနော်တို့ဘက်ကလဲ သူတို့ကို တရားဝင် အသိအမှတ် မပြုတဲ့အပေါ်မှာ ကျနော်တို့ကလဲ ကျနော်တို့ဟန်နဲ့ ကျနော်တို့ ရပ်တည်ပြီး ဘဝတူမဟာမိတ်တွေနဲ့ ပေါင်းတာပေါ့ဗျာ။

တိုင်းရင်းသားတွေ စုစည်းမယ်လို့ ပြောကြတဲ့အခါမှာ ဗမာကလဲ တိုင်းရင်းသားတခု အနေနဲ့ ပါရမယ်လို့ ပြောနေတာတွေရှိတော့ ဆရာတို့ကရော ဗမာက တိုင်းရင်းသားတခုအနေနဲ့ ရှိရမယ်လို့ ယူဆလား။ ဗမာတိုင်းရင်းသားရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါလဲ။

အဖွဲ့အစည်း တခုခုက ဗမာတိုင်းရင်းသားတွေအနေနဲ့ ကိုယ်စားပြုပြီး ဒီကိစ္စမှာ ပါဝင်ပူးပေါင်းမယ် ဆိုရင် ကျနော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ လက်ရှိ ကျနော်တို့နဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေက ဗမာတိုင်းရင်းသားကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းရယ်လို့ မရှိသလို ဗမာအမျိုးသား အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း ဆိုတာလဲ မရှိဘူးဗျ။ သူတို့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ကိုပဲ တိုက်ပွဲဝင်နေကြတာလေ။ ဒါကလဲ သူ့အခြေအနေအရ ပေါ့ဗျာ။ သူတို့မှာ အမျိုးသားရေးဆိုင်ရာ အဖိနှိပ်ခံရမှုတို့၊ ဝါးမျိုခံရမှုတို့ မရှိတော့ဘူးလေ။ စစ်အာဏာရှင်စနစ်ကိုပဲ သူတို့ တိုက်နေရတာပါ။ ကျနော်တို့လို အမျိုးသား လွတ်မြောက်ရေး၊ အမျိုးသား အခွင့်အရေးအတွက် တိုက်နေရတဲ့ အနေအထားမျိုးလဲမရှိတော့ သူတို့မှာ အမျိုးသားရေးအတွက် ရပ်တည်စုဖွဲ့ထားတဲ့ အစုအဖွဲ့မျိုး မရှိတော့ဘူးဗျ။

တခြား ဆရာ ပြောလိုတာများ ရှိရင်လဲ ပြောပါခင်ဗျာ။

ကျနော်တို့ တိုင်းရင်းသားတွေ စုစည်းပြီးတော့ ဖက်ဒရယ်မူကိုပဲ တောင်းဆိုမှာပါ။ ကျနော်တို့နိုင်ငံ တိုင်းရင်းသားတွေကြားမှာ ဖြစ်ရှိနေတဲ့ မညီညွတ်မှုကို စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘူးလို့ ကျနော်မြင်တယ်။ စစ်ရေးနည်းနဲ့ ဖြေရှင်းလာတာ နှစ်ပေါင်း ၆ဝ ကျော်လာပြီဗျ။ ဘယ်အင်အားစု တခုကိုမှ စစ်ရေးနည်းနဲ့ ချေမှုန်းလို့မရနိုင်ပါဘူး။ ဒီလိုကွဲပြဲနေတာကို ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့ ၄၇ ပင်လုံညီလာခံမှာ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အပေါ်မှာ စုစည်းခဲ့ကြတာလေ။ အဲဒီလိုပုံစံနဲ့ တကယ်လို့ ပြန်လည်စုစည်းမယ်ဆိုရင်တော့ အားလုံးကတော့ ကြိုဆိုလက်ခံနေလျက်ပါ။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

ပြည်နယ် အစိုးရကို ချင်းပါတီက ဖွဲ့စည်းသင့်

January24th, 2011
၂၀ ဇန္န၀ါရီလ ၂၀၁၁: အသစ်ဖွဲ့စည်းမည့် ချင်းပြည်နယ်အစိုးရကို ချင်းပါတီမှ ကိုယ်စားလှယ်များက ဖွဲ့စည်းသင့်ကြောင်း ချင်းပြည်သူ တွေက ပြောကြသည်ဟု သိရသည်။
” ပြည်နယ်လွှတ်တော်မှာ ချင်းပြည်သူတွေက နေရာအများစု ရထားတယ်ဆိုတော့ သူတို့ဝန်ကြီး နေရာရသင့် တယ်၊ ဒါမှ ပြည်သူတွေက ကျေနပ်နိုင်မယ်” ဟု ဟားခါးမြို့မှ ဒေသခံဈေးပိုင်ရှင် လူကြီးတဦးက ပြောသည်။

ချင်းပြည်သူများသည် ဇန္န၀ါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် မဲအများစု ရရှိတဲ့ ချင်းပါတီသုံးခု မှ ကိုယ်စားလှယ်များ အစိုးရဖွဲ့နိုင်ရေး တင်ပြအရေးဆိုဖို့ ချင်းပါတီကိုယ်စားလှယ် တွေကို တိုက်တွန်း နေ ကြောင်း လည်း သိရသည်။

” ပြည်သူတွေက သူတို့ဆန္ဒထုတ်ဖော်တာက သူတို့အခွင့်အရေးပဲ၊ ဒါ ဒီမိုကရေစီ သဘောသဘာဝ ပေါ့လေနော်” ဟု ချင်းတိုးတက်ရေးပါတီ နာယကလူကြီး Pu Thla Tin Lian က ပြောသည်။

ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မဲဆန္ဒနယ်အတွင်း ပြည်နယ်ကိုယ်စားလှယ် ၁၈ နေရာတွင် ချင်းပါတီများမှ ၁၁ နေရာရရှိထားသည်။

” ယူအက်စ်ဒီပီက ၇ နေရာသာရတယ်၊ ဒါပေမဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါလာမယ်၊ အမှန်ဆိုယင်သူတို့က ပြည်သူ က ရွေးကောက်တာမဟုတ်ဘူး၊ ၀န်ကြီးနေရာတွေ ဘာတွေ လုပ်လာယင် ပြည်သူတွေက ကြိုက်မှာ မဟုတ်ဘူး” ဟု ဖလမ်းမြို့ နယ်မှ ချင်းတိုးတက်ရေးပါတီလူကြီးတဦးက ပြောသည်။

ချင်းတိုးတက်ရေး ပါတီနှင့် ချင်းအမျိုးသားပါတီတို့သည် လွှတ်တော်အစည်းအဝေးတွင် တသံတည်းထွက်ရန် သဘောတူ ထားကြကြောင်းသိရသည်။

” လွှတ်တော်အစည်းအဝေးတက်မည်သာ ပြောကြတယ်၊ ဘယ်လိုသွားဘယ်လိုလာမယ်ဆိုတာ တွေရေရေ ရာရာ မသိကြ သေးဘူး” ဟု ချင်းပါတီလူကြိးတဦးက ပြောသည်။( khonumthung )


(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည်ရခဲ့တဲ့ ဆုတံဆိပ် ၁၀၀ ကျော်များ

ဒေါ်အောင်ဆန်းစုကြည်ရခဲ့တဲ့ ဆုတံဆိပ် ၁၀၀ ကျော်သွားပြီလို့ပြောသံကြားဘူးပါတယ်။ ဒါပေမဲ့ NCGUB အဖွဲ့က မှတ်တမ်းတင် တာကတော့ အောက်ဖေါ်ပြပါ စားရင်းအတိုင်းသာ ဖြစ်ပါတယ်။ မိတ်ဆွေတို့ သိရှိသော
ကျန်ရှိဆုစာရင်းများအား comment တွင် ဖြည့်စွက် ရေးသား
မှတ်တမ်းပြုပေးပါရန်နှင့် ဆုဓာတ်ပုံ၇ှိကမျှဝေပေး၇န် မေတ္တာရပ်ခံအပ်ပါသည်။
How Honorable Our Lady Is!
Daw Aung San Suu Kyi’s International Awards, Honors & Appointments

1. Honorary Fellow St Hugh’s College (Oxford, UK) 1990

2. Thorolf Rafto Human Rights (Norway) 1990

3. Sakharov Freedom of Thought (European Parliament) 1991

4. Nobel Peace Oslo, Norway 1991

5. Honorary Member International PEN (Norwegian Center) 1991

6. Humanities Human Rights Award (USA) 1991

7. Honorary Member International PEN (Candian Center) 1991

8. Marisa Bellisario Price Italy 1992

9. Annual Award of the international Human Rights Law Group (USA) 1992

10. Honorary President Students’ Union London School of Economics and Political Science ( UK ) 1992

11. Honorary Member International PEN (English Centre) 1992

12. Honrary Life Member University of London Union (UK) 1992

13. Honorary Professional Fellowship Law and Society Trust (Sri Lanka) 1992

14. Honorary Doctorate in Political Science Thammasat University (Thailand) 1992

15. International Simon Bolivar prize UNESCO 1992

16. Prix Litteraire des Droits de l’Homme Nouveaux Droits de l’Homme, France 1992

17. Honorary Member World Commission on Culture and Development (UNESCO) 1992

18. Member Academie Universelle des Cultures (Paris) 1993

19. Rose Prize arbejderbevaegelsens Internationale Forum/International Forum of the Danish Labour

Movement, Copenhagen 1993

20. Victor Jara International Human Rights Center for Human Rights and Constitutional Law, Los Angeles, USA

1993

21. Member of the Advisory Board Francois-Xavier Bagnoud Center for Health and Human Rights, Harvard

University 1993

22. Honorary Doctorate of Law University of Toronto (Canada) 1993

23. The Freedom of the City Commune of Giugliano, Italy 1993

24. Bremen Solidarity City of Bremen, Germany 1993

25. Premio Mujer Progresista (Federacion Mujeres Progresistas / Spanish Federation of Progressive Women,

Madrid) 1993

26. Honorary Doctorate Philosophy & Letters, Free University of Brussels 1994

27. Honorary Adviser Forum of Democratic Leaders in the Asia-Pacific 1994

28. The Freedom of the City Aversa, Italy 1995

29. Liberal International Prize for Freedom Britanints Liberal Democracy Party, UK 1995

30. Honorary Doctorate of Laws Queen’s University, Canada 1995

31. Jawaharlal Nehru Award for International Understanding (for 1993) India 1995

32. Gandhi Award Simon Fraser University, Canada 1995

33. Honorary Doctorate of Civil Law University of Oxford 1995

34. IRC Freedom Award International Rescue Committee 1995

35. Companion of the Order of Australia Australia 1996

36. Liberal International Prize (UK) 1996

37. Asia Human Rights of Law (Japan) 1996

38. W.Averell Harrimen Democracy Award National Democratic Institute U.S.A 1996

39. Rajiv Shmirti Parashka [Rajiv Gandhi Memorial Award] India 1996

40. Empty Chair Award Women of the Year Lunch, London, UK 1996

41. Honorary Doctorate of Law Charles University in Prague, Czeeh Republic) 1997

42. Honorary Doctorate of Letters Sydney University of Technology, Australia 1997

43. Honorary Doctorate of Letters California Chapman University, U.S.A 1997

44. Honorary Doctorate of Law Natal University, South Africa 1997

45. Honorary Doctorate of Law America University,Washington D.C, U.S.A 1997

46. Distinguished Alumni Award Central University / Delhi University 1997

47. Honorary Citizenship of Rome (Italy) (May 23,1997) 1997

48. Honorary Doctorate of Letters Glasgow University (UK) 1997

49. Pearl S. Buck Woman’s Award Pearl S. Buck Foundation (USA) 1997

50. International Award St. Angela’s Peace and Justice Group, Waterford (Eire) 1997

51. Profiles in Courage Award Kennedy Society of Denmark 1997

52. Honorary Doctorate Cambridge University (June 1998) 1998

53. Freedom of the City (Oxford, UK) 1998

54. Honorary Doctorate of Laws University of Wales, Cardiff 1998

55. Honorary Doctorate of Laws University of Bristol (UK) 1998

56. Honorary Doctorate of Laws University of Melbourne (Australia) 1998

57. Honorary degree Université catholique de Louvain, Belgium – December 1998

58. Honorary Degree University of Bath (UK) – December 1998

59. Honorary Degree Bucknell University – May 1999

60. Freedom Award International Republican Institute, USA (October 1999) 1999

61. The Freedom of the City of Dublin Award Ireland (November 1999) 1999

62. 2000 CAW Nelson Mandela Human Rights Award Canada (December 2000) 2000

63. Presidential Medal of Freedom Award U.S.A. (December 2000) 2000

64. Collage United Nations Prize 2001 Germany (June 2001) 2001

65. International Social Welfare Prize University of Southern CaliforniaSchool of Social Work- (December

2001

66. Al Neuharth Free Spirit Award U.S. Foundation, Washington, USA 2003

67. MTV Humanitarian Award, “Free Your Mind” MTV Europe, EDINBURGH, UK 2003

68. The 2004 TIME 100, The most influential people in the world today TIME Magazine 2004

69. Kwangju Human Rights Award May 18 Memory Foundation from South Korea 2004

70. TIME’s Asia’s Hero 2004 TIME MAGAZINE 2004

71. The Honorary Citizen of Paris France 10/12/2004

72. Honorary Doctorate in Politics, Philosophy and Economics Rangsit University, Thailand 13/12/2004

73. Outstanding Women in Buddhism United Nations Gender and Religious department 8/03/2005

74. Honory Degree in Political Science Thammasat University, Thailand 19/06/2005

75. Freedom of the City Award The City Council of Edinburgh, Scotland 16 /06/ 2005

76. Freedom of Galway City Galway city, Ireland June 2005

77. UNISON Honorary Membership UNISON, Britain’s largest trade union, June 2005

78. Olof Palme Prize Sweden, February 2006

79. Freedom Award Franklin and Eleanor Roosevelt Institute, USA March 2006

80. New Statesmen Magazine Hero New Statesmen Magazine, May 2006

81. Netaji Subhas Chandra Bose International Deshprem Award, India, 2007

82. Honorary Doctorate of Law on Human Rights Activist Award from University of Cape Town, South Africa

ဖြည့်စွက် ဆုစာရင်း

83.Freedom of Glasgow the freedom of Scotland’s largest city 2007

84.Rome for Peace and Humanitarian Action City of Rome, Italy 2007

85.Special Award for Lifetime Achievement in Politics PSA, UK 2007, November

86.Abogados de Atocha Castilla-La Mancha region, Spain 2008, January

87.Congressional Gold Medal Congress’ highest civilian honor, Congress, USA 2008, April 25

88.Honorary Canadian Citizenship Parliament Hill in Ottawa, Canadia 2008, May 6

89.the Freedom of the City Dundee, Scotland 2008, June 10

90.Catalonia International Prize 2008, MOTHERS OF COURAGE (shared with Dr. Cynthia Maung) Palau de la

Generalitat, Catalan Government, Barcelona, Spain 2008, November

91.Honorary Member of the Club of Madrid Club de Madrid, Madrid, Spain 2008, November 20

92.Honorary Council Member The Council of Women World Leaders, Washington, DC 20036 USA 2008,

December 20

93.Trumpet of Conscience Award Realizing the Dream, a non-profit organization set up in honor of civil rights

leader Dr. Martin Luther King Jr., Hyatt Regency – Capital Hilton, Washington, USA 2009, January 19

94.Freedom of the City of Glasgow Glasgow, Scotland 2009, March

95.Mahatma Gandhi International Award for Peace and Reconciliation – MAGI Awards The Gandhi Development

Trust (GDT), Durban, South Africa 2009, May 22

96.Democracy and Peace Award of Japanese Diet Members’ League Japanese Diet Members’ League in support

of Democracy in Myanmar, Tokyo, Japan 2009, June 19

97.The Honorary Doctor of Laws (LLD) at Derry’s Millennium Forum, the University of Ulster in Derry, Ireland,

UK on Tuesday, July 7, 2009. 2009, June 24

98.The Ambassador of Conscience Award the recipient of Amnesty International’s highest honory (Irish band

U2 is publicly announcing Aung San Suu Kyi’s award Monday night at a Dublin concert.) 2009, July 27

99.Benazir Bhutto Shaheed Award for democracy instituted the Pakistan People’s Party, Islamabad, Pakistan

2010, June 21

100.Honorary Individual Membership Council of Asian Liberals and Democrats (CALD) 2010, June 29

101.Queen of Myanmar’s Democracy and Human Rights Manav Ekta Parishad, India 2010, November 25

(ဆက်ဖတ်ရန်.......)

အလုပ် လုပ်စားလိုသူ တဦး လိုအပ်လျက်ရှိ

လစာ - ၁၂ သိန်း
ဗီဇာ - မလို
အချိန် - ၈း၃၀ မှ ၆း၀၀
အလုပ် - စက္ကူဗူး ဖြတ်/ကပ်
နေရာ - ပေး
ထမင်း - ကျွေး
ဆက်သွယ်ရန် - 010 4034 5712



(ဆက်ဖတ်ရန်.......)

နိုင်ငံခြားသားစီစစ်ရေးကပ်ပြား (Alien Registration Card) ကိုင်ဆောင်နေသူများ ပြည်ပြန်ဝင်ခွင့်ဗီဇာ မလိုဘဲ လွတ်လပ်စွာဝင်ထွက်ခွင့်ရှိဟုဆို

၂၇၊၀၁၊၂၀၁၁

ကိုရီးယားနိုင်ငံအတွင်း ရက်ပေါင်း ၉၀ကျော်ကြာနေထိုင်ပြီး နိုင်ငံခြားသားစီစစ်ရေးကပ်ပြား (Alien Registration Card) ကိုင်ဆောင်ထားသူ နေထိုင်ခွင့်(Stay) ကျန်ရှိနေသေးသည့် နိုင်ငံခြားသားများသည် နေထိုင်ခွင့်ရှိနေစဉ်အတွင်း ပြည်ပြန်ဝင်ခွင့်ဗီဇာ(Re-entry Visa) မယူဘဲ ကိုရီးယားနိုင်ငံအတွင်းသို့ လွတ်လပ်စွာ ပြည်ပြန်ဝင်ခွင့်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိကြီး တစ်ဦးက ပြောသည် ။

အဆိုပါ ဥပဒေမှာ ဥပဒေပြင်ဆင် ထုတ်ပြန်ထားချက် အသစ် ဖြစ်သဖြင့် သိရှိသူနည်းပါးနေသေးကြောင်း ၊ အချို့ အီးပီအက်စ် လုပ်သားများ စိုးရိမ်မှုများရှိနေသည်ဟုလည်း သိရကြောင်း ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် လေကြောင်းလိုင်းများသို့ တရားဝင်အကြောင်းကြားထားပြီးဖြစ်သဖြင့် ထိုသို့စိုးရိမ်စရာမလို ကြောင်း ၊ စိုးရိမ်မှုရှိသူများအဖို့ ပြည်ဝင်ခွင့်ဗီဇာကို သီးသန့်လျှောက်ထားရယူလိုသည်ဆိုလျင်လည်း လျှောက်ထားရယူနိုင်ပါကြောင်း ၊ ထို့ပြင် မိမိတို့ လုပ်ငန်းရှင်များထံမှ ပြည်ပြန်ဝင်ခွင့် သဘောတူညီချက် (재입국 동의서 )ကိုပါ ရယူသွားနိုင်ကြောင်း ၄င်းအရာရှိကြီးကပင် အကြံပြုပါသည် ။
အဆိုပါ သတင်းနှင့် ပတ်သက်၍ဖြစ်စေ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပတ်သက်သော အခြားသိလိုသည့် အကြောင်းအရာ များရှိလျင်ဖြစ်စေ ဖုန်းနံပါတ် 1346 သို့ဆက်သွယ်နိုင်ကြောင်း မြန်မာဘာသာဖြင့် ပြောဆိုလိုသူများအနေဖြင့် လိုင်းခွဲ (extension) 15 သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည် ။ ထို့ပြင် အင်တာနက်စာမျက်နှာ www.hikotra.go.kr နှင့် www.immigration.go.kr တို့တွင်လည်း ဝင်ရောက် ကြည့်ရှု ဆက်သွယ်နိုင်ကြောင်း ၊ အဆိုပါ လူဝင်မှု ကြီးကြပ်ရေး အရာရှိကြီးက ကိုရီးယား အလုပ်သမားငှားရပ်းခွင့်စနစ် အလုပ်သမားလောင်းများအတွက် နာရီ၂၀ ကြာ အလုပ်ခွင် အကြိုသင်တန်း အစီအစဉ် တွင် ထိုသို့ ထည့်သွင်း ပြောကြားသွားခြင်းဖြစ်ကြောင်း သိရသည် ။(ကိုဝိုင်း မိုးညှင်း)

(ဆက်ဖတ်ရန်.......)

Monday 24 January 2011

၆၃နှစ်မြောက်ချင်းအမျိုးသားနေ့နှင့်(၁၀)နှစ်ပြည့်ချင်းဒုက္ခများနေ့အထိမ်းအမှတ်

၂၄/၀၁/၂၀၁၁

မလေးရှားရောက် ချင်းဒုက္ခသည်များသည်ချင်းအမျိုးသားရေးကို ဥိးထိပ်ထားသောလူမျိုးဖြစ်သည့်အားလျော်စွာ အမျိုးသားရေးကို ဂုဏ်ပြုသောအားဖြင့် အာကစားပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ဘော်လုံးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြောင်းသတင်းရရှိပါသည်။


(ဆက်ဖတ်ရန်.......)

ချင်းလူထုအတွက် ဆန်လှူခွင့် မရသေး

မသိင်္ဂီထိုက် တနင်္လာ, 24 ဇန်နဝါရီ 2011

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင်းက ကြွက်ဘေးဒဏ်ကြောင့် စားနပ်ရိက္ခာ ပြဿနာနဲ့ ရင်ဆိုင်နေကြရတဲ့ ကျေးရွာတွေကို နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလတွေနဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ လူမှုထောက်ကူရေး အဖွဲ့ကနေ ဆန်ပေးလှူဖို့ ရောက်ရှိနေကြပါတယ်။ ဆန်ပေးဝေမယ့် နေရာကို ဆန်ယူမယ့် ဒေသခံတွေ လာရောက်ကြပေမဲ့လည်း ချင်းပြည်နယ် ဒေသအာဏာပိုင်တွေက ဆန်ဝေခွင့် မပေးသေးတာကြောင့် မပေးဝေနိုင်သေးဘဲ ခွင့်ပြုချက် စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတွေမှာ ကြွက်ဘေးဒဏ်ကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တဲ့အတွက် စားနပ်ရိက္ခာ မလုံမလောက် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် NLD က ဦးဆောင် ဖွဲ့စည်းထားတဲ့ လူမှုထောက်ပံ့ရေး ကွန်ယက်အဖွဲ့ တခုကနေ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၈၇ ရွာက ဒေသခံ ၁၀,၀၀၀ ကျော်ကို ဆန်ပေးဝေဖို့ ဆန်အိတ်တွေနဲ့ ရောက်ရှိနေကြပေမဲ့ အခုထိတော့ ဆန်မဝေနိုင်သေးပါဘူး။ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်က အခုလို ပြောပါတယ်။


“ဆန်လှူဖို့ ကိစ္စအတွက်ကို မ၀တရုံးကနေပြီး ခွင့်ပြုချက် အခုထိ မရသေးပါဘူး။ မနက်ဖြန်တော့ ခွင့်ပြုချက် ရမယ်လို့ ပြောပါတယ်။ ခွင့်ပြုချက်ရတာနဲ့ ကျနော်တို့က ဖြန့်မှာပါ၊ ကျေးရွာကလူတွေလေ။ ခွင့်ပြုချက် မရသေးတာနဲ့ ကျနော်တို့ စောင့်နေရပါတယ်။”

ဆန်ပေးဝေရေး လုပ်ငန်းအတွက် ချင်းပြည်နယ်တွင်းက ဒေသခံ ချင်းလူငယ်တွေအပြင် မကွေးတိုင်းအတွင်းက NLD လူငယ်တွေပါ ကူညီ လုပ်ဆောင်ပေးနေကြတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။ NLD ပါတီ ခေါင်းဆောင်တဲ့ ဆန်ပေးဝေမယ့်အဖွဲ့ ရောက်ရှိနေတဲ့ သတင်းကြောင့် အနီးအနား ကျေးရွာတွေက ဒေသခံတွေ လာရောက်ကြပေမဲ့ ချင်းပြည်နယ် အာဏာပိုင်တွေက ဆန်ဝေခွင့် မပြုသေးတာကြောင့် ဒေသခံတွေကို ပြန်လွှတ်လိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“မနက်ကဆိုရင် ဒီမှာ ဆန်ဝေဖို့အတွက် ကျေးရွာကလူတွေ တော်တော်များများက ကျနော်တို့ ဆန်ဝေမယ့်နေရာ ကန်ပက်လက်မြို့နယ်က NLD ဥက္ကဋ္ဌ ဦးစံခင်အိမ်မှာ လာပြီး လူစုကြပါတယ်။”

ဆန်ပေးဝေမယ့် အဖွဲ့က ကန်ပက်လက်မြို့နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌကို ခွင့်ပြုချက် တောင်းခံခဲ့ပေမဲ့ ဆန်ဝေဖို့အတွက် ခရိုင် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ရုံးကနေ ခွင့်ပြုမှသာ ဝေခွင့်ရမှာဖြစ်လို့ ခွင့်ပြုချက် စောင့်ဖို့သာ အကြောင်းပြန်ထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က မ၀တဥက္ကဋ္ဌကို ဆန်လှူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးတဲ့အခါမှာ မ၀တဥက္ကဋ္ဌက ချက်ချင်း၊ တထိုင်တည်းပဲ ကျနော်တို့ကို ခွင့်ပြုလိုက်ပါတယ်။ ခွင့်ပြုလိုက်ပြီး နောက် တနာရီလောက် ကြာတဲ့အခါကြတော့ မ၀တရုံးကိုခေါ်ပြီး မလှူပါနဲ့ဦးတဲ့၊ အထက်ကို စာတင်ရဦးမယ်၊ အထက်ကို စာတင်ပြီး ခွင့်ပြုချက်ရမှ လှူပါလို့ ပြောပါတယ်။”

အခုတော့ NLD ခေါင်းဆောင်တဲ့ လူမှုထောက်ကူရေး ကွန်ယက်အဖွဲ့က ဆန်လှူမယ့် ကျေးရွာစာရင်း၊ လူဦးရေစာရင်းနဲ့ တကွ ချင်းပြည်နယ် ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြရပါတယ်။ တဘက်မှာလည်း အလှူလက်ခံမယ့် ချင်းပြည်နယ် ဒေသခံတွေလည်း အာဏာပိုင်တွေဘက်က ခွင့်ပြုချက် ပြုမယ့်နေ့ကို စောင့်ဆိုင်းနေကြရပါတယ်။(ဗွီအိုအေ)

(ဆက်ဖတ်ရန်.......)

ZIM Awging

ZIM Lom 2, Hawm 40

(ဆက်ဖတ်ရန်.......)

Saturday 22 January 2011

ACR News

ACR News (23.1.11)(2)

(ဆက်ဖတ်ရန်.......)

ACR News

ACR News (16.1.11)

(ဆက်ဖတ်ရန်.......)

ZIM Awging

ZIM Lom 2, Hawm 40


(ဆက်ဖတ်ရန်.......)

Monday 17 January 2011

မလေးရှားရောက် ချင်းတိုင်းရင်းသားများ ဘောလုံးကစားမည်

မလေးရှားနိုင်ငံရောက် ချင်းတိုင်းရင်းသားများသည် ၁၆ရက်ဇန်နဝါရီလ၂၀၁၁ခုနှစ် မနက်ပိုင်းတွင် ၆၃နှစ်မြောက်ချင်းအမျိုးသားနေ့နှင့်(၁၀)နှစ်ပြည့် ချင်းဒုက္ခသည်များနေ့ကို ကြိုဆိုသောအနေဖြင့်
မလေးရှားတွင် ဘောလုံးပြိုင်ပွဲကို ကျင်းပကြောင်း သတင်းရရှိပါသည်။



(ဆက်ဖတ်ရန်.......)

Wednesday 12 January 2011

ZIM Awging

ZIM Lom 1, Hawm 39

(ဆက်ဖတ်ရန်.......)

ACR News

ACR News (9.1.11)

(ဆက်ဖတ်ရန်.......)

Thursday 6 January 2011

ချင်းကုန်တင်ယာဉ် တိမ်းမှောက်၊ တဦးသေဆုံး ၆ ဦး ဒဏ်ရာရ

အောင်မြတ်စိုး | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၂ မိနစ်

လူတဦး ပွဲချင်းပြီး သေဆုံးကာ၊ ၆ ဦး ဒဏ်ရာရရှိခဲ့သည့် ကုန်စိမ်းတင်ကား တိမ်းမှောက်မှုတရပ် ယမန်နေ့ ညနေပိုင်းတွင် ချင်းပြည်နယ် တီးတိန်မြို့နယ် ဆွလိမ်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဖလမ်းမြို့နယ် လုံသဲကျေးရွာမှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် (ဇ/၉၉၄) သည် ဆွလိမ်ရွာအနီး လမ်းအကွေ့တနေရာတွင် အရှိန်မထိန်းနိုင်ဘဲ ဝဲဘက်ကမ်းပါးယံသို့ တိမ်းမှောက်ခဲ့ရာမှ မဇိုင်နေချမ်း (၁၅ နှစ်) ဆိုသူ ပွဲချင်းပြီး သေဆုံးခြင်း ဖြစ်သည်။

ဒဏ်ရာရသူများသည် ဒေါ်ကပ်ရင် (၄၈ နှစ်)၊ မောင်ကျုံးရန်အုပ် (၁၇ နှစ်)၊ မောင်လျှမ်ပုမ်မိုး (၁၆ နှစ်)၊ ဦးရွှေထောင်း (၄ဝ နှစ်)၊ မောင်ဗန်ပွေခန့် (၁၅ နှစ်) နှင့် ဦးပြန်ဘဲလ် (၄ဝ နှစ်) ဖြစ်သည်။ ၎င်းတို့နှင့် သေဆုံးသူ၏ ရုပ်အလောင်းကို ရဲစစ်ဆေးချက်၊ ဆေးစာနှင့်အတူ ကလေးမြို့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

ယာဉ်မောင်းဖြစ်သူ ကလေးမြို့ တောင်ဖီလာရပ်ကွက်နေ ဦးထောင်းဆန်း (၃၅ နှစ်) ကို တီးတိန်ရဲစခန်းက (ပ) ၃/၂ဝ၁၁ ဖြင့် အမှုဖွင့်ကာ၊ ပုဒ်မ ၃ဝ၄ (က) လူသေမှု၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၃၇ မဆင်မခြင် ယာဉ်မောင်းနှင်မှုတို့ဖြင့် တရားစွဲထားသည်ဟု တီးတိန် ရဲအရာရှိတဦးက အတည်ပြု ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း “ချင်းတောင်တန်း” အမည်ရှိ ခရီးသည်တင်ကား မှောက်ခဲ့ရာ ခရီးသည် ၁၆ ဦး သေဆုံးခဲ့ပြီး၊ ၄၄ ဦး ဒဏ်ရာရခဲ့သေးသည်။

ချင်းပြည်နယ် လမ်းပမ်းဆက်သွယ်ရေး အခြေအနေ တိုးတက်မှု မရှိသလောက်ဖြစ်သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမတ်နေရာအချို့ အနိုင်ရခဲ့သော ချင်းပါတီ ၂ ပါတီကလည်း ၎င်းတို့အနေဖြင့် ပြည်နယ်လမ်းပမ်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန် ဦးစားပေး လုပ်ကိုင်သွားမည်ဟု မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

Tuesday 4 January 2011

အနိမ့်ဆုံး အခြေခံ လုပ်အားခများ တိုးမြှင့် ခံစားပိုင်ခွင့် ရမည်

လာမည့် ၂ဝ၁၁ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်၍ အနိမ့်ဆုံး လုပ်အားခများ တိုးမြှင့်ခံစား ပိုင်ခွင့်ရှိသည်ဟု ကိုရီးယား အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားပါသည်။ ၂ဝ၁ဝခုနှစ် အတွက် အနိမ့်ဆုံး လုပ်အားခ တစ်နာရီ(၄,၁၁ဝ)ဝမ်မှ ၅.၁ရာခိုင်နှုန်း တိုးမြင့်ကာ ၂ဝ၁၁ခုနှစ်တွင် အနိမ့်ဆုံး လုပ်အားခ တစ်နာရီ(၄,၃၂ဝ) ဝမ်သို့ တိုးမြှင့်ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

၂ဝ၁၁ခုနှစ်အတွက် အနိမ့်ဆုံး လုပ်အားခ တစ်နာရီလျှင် (၄,၃၂ဝ)ဝမ် နှုန်းဖြင့် တစ်ရက်လုပ်အားခ (အလုပ်ချိန် ၈နာရီ) (၃၄,၅၆ဝ) ဝမ်၊ လစာဖြင့် တွက်မည်ဆိုလျှင် ရက်သတ္တ တစ်ပတ် သာမန် အလုပ်ချိန် နာရီ(၄ဝ)ဖြင့် တစ်လ သာမန် အလုပ်ချိန်(၂ဝ၉)နာရီ အလုပ်လုပ်ရသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ အနိမ့်ဆုံး ခံစားခွင့်ရှိသည့် အခြေခံလစာမှာ (၉ဝ၂,၈၈ဝ)ဝမ်၊ ရက်သတ္တ တစ်ပတ် သာမန် အလုပ်ချိန် (၄၄)နာရီဖြင့် တစ်လ သာမန် အလုပ်ချိန်(၂၂၆) နာရီ အလုပ်လုပ်ကိုင်ရသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည် အခြေခံလစာ (၉၇၆,၃၂ဝ)ဝမ်အား ခံစားခွင့် ရရှိရမည် ဖြစ်သည်။

ရက်သတ္တ တစ်ပတ် သာမန် အလုပ်ချိန် နာရီ(၄ဝ) ဆိုသည်မှာ တစ်ပတ်လျှင်(စနေ၊တနင်္ဂနွေ)၂ရက် အနားပေးသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေသူများနှင့် သက်ဆိုင်ပြီး ရက်သတ္တ တစ်ပတ် သာမန် အလုပ်ချိန် (၄၄)နာရီ ဆိုသည်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ သာမန် အလုပ်ချိန်(၈)နာရီ လုပ်ကိုင်ရပြီး စနေနေ့တွင် သာမန် အလုပ်ချိန်(၄)နာရီ လုပ်ကိုင်ရသော လုပ်ငန်းခွင်များအား ဆိုလိုခြင်း ဖြစ်သည်။

အနိမ့်ဆုံး အခြေခံ လုပ်အားခများ တိုးမြှင့်မှုအား အနိမ့်ဆုံး အခြေခံ လုပ်အားခများ တိုးမြှင့်မှု ကော်မတီမှ နှစ်စဉ် သြဂုတ်လခန့်တွင် သတ်မှတ် ပြဌာန်းသည်။ ကိုရီးယား အလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေအရ အနိမ့်ဆုံး အခြေခံ လုပ်အားခများအား အလုပ်သမား(၁)ဦးနှင့် အထက် အသုံးပြုသည့် လုပ်ငန်းခွင်များတွင် အကျုံးဝင်ပြီး ထိုဥပဒေအား လိုက်နာမှုမရှိသည့် အလုပ်ရှင်အား ထောင်ဒဏ်(၃)နှစ်နှင့်အောက် သို့မဟုတ် ဒဏ်ငွေ ဝမ် သိန်း(၂ဝဝ)နှင့်အောက်အား ပေးဆောင်စေရန် အရေးယူမည်ဟု ပါရှိသည်။ သို့သော် ကိုရီးယားပိုင် သင်္ဘောများတွင် အလုပ်လုပ်ကိုင်နေသော သင်္ဘောသားများမှာမှု အကျုံးမဝင်ပါ။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပြီး မိမိတို့၏ ရပိုင်ခွင့်ရှိသော အခွင့်အရေးများ ရယူပိုင်ဆိုင်ကြကာ မိမိတို့ တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ကိုလူချစ်(ကိုရီးယား)



(ဆက်ဖတ်ရန်.......)

အလုပ်သမား ၄ ယောက် နှင့်အောက် အလုပ်ရုံ စက်ရုံများမှ အလုပ်သမားများလည်း လုပ်သက်ဆုကြေးခံစားခွင့်ရပြီ

Posted by ကိုဝိုင်း (မိုးညှင်း) at 8:37 PM

ဒီဇင်္ဘာလ ၁ ရက်နေ့ အလုပ်သမားဥပဒေပြင်ဆင်ချက်အရ အလုပ်သမား ၄ ယောက်နှင့် အောက် ရှိ အလုပ်ရုံ စက်ရုံများတွင် အလုပ်လုပ်နေကြသည့် အလုပ်သမားများသည်လည်း လုပ်သက် ဆက်တိုက် ၁ နှစ်ပြည့်ပါက လုပ်သက်ဆုကြေး(퇴직금) ခံစားခွင့်ပြုလိုက်ကြောင်း သတင်းရရှိပါသည် ။ ဥပမာအားဖြင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်္ဘာ ၁ ရက်နေ့တွင် အလုပ်ရုံ ၁ ခုတွင် စတင်အလုပ်ဝင်ခဲ့သော အလုပ်သမား ၁ ဦးသည် ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ ၁ ရက်နေ့တွင် လုပ်သက်ဆုကြေးခံစားခွင့်စတင်ရရှိမည်ဟု ဆိုသည် ။
သို့ရာတွင် ၂၀၁၀ပြည့်နှစ် ဒီဇင်္ဘာလ ၁ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့ ကာလအတွင်း အဆိုပါ အလုပ်သမားများ လုပ်သက်ဆုကြေး ရရှိခံစားခွင့်မှာ အလုပ်သမား ၅ ယောက်နှင့် အထက်ရှိသော အလုပ်ရုံစက်ရုံများတွင် အလုပ်လုပ်လျက်ရှိသော အလုပ်သမားများ ခံစားခွင့်၏ ၅၀ ရာခိုင်နှုန်း (ထက်ဝက်) သာ ဖြစ်မည်ဟု ဆိုသည် ။
၂၀၁၃ ဇန္နဝါရီလ ၁ ရက်နေ့မှ စ၍ အလုပ်သမား အားလုံး လုပ်သက်ဆုကြေး တန်းတူခံစားခွင့် ရရှိမည်ဖြစ်ကြောင်းနှင့် ၊ လုပ်သက်ဆုကြေးပေးရန် ပျက်ကွက်သည့် အလုပ်ရှင်များကို ပြစ်မှုကြောင်းအရ အများဆုံး ၃ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ၊ ဒဏ်ငွေ ဝမ် သိန်း ၂၀၀ (နှစ်ရာ) ထိဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည် ။



(ဆက်ဖတ်ရန်.......)

စီအဲန်ပီညီလာခံတွင် သဘာဝဘေးဒါဏ်ကြုံတွေ့နေသည့် ချင်းပြည်သူအရေး ဆွေးနွေးမည်

January 3rd, 2011
ချင်းအမျိုးသားပါတီညီလာခံကို လာမည့် ဇနန်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပဖြစ်ပြီး ညီလာခံတွင် ၀ါးသုဉ်းမှုနှင့် ဂီရိမုန်တိုင်းဒါဏ်ကြောင့် လူမှုအငတ်ဘေး ဒုက္ခကြုံတွေ့နေသည့် ချင်းပြည်သူအရေးကို အလေးအနက်ဆွေးနွေးကြမည် ဟု သတင်းရရှိသည်။


” စီအဲန်ပီလမ်းစဉ်အတိုင်း ချင်းပြည်သူတွေရဲ့ လောလောလတ်လတ်ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခ၊ မိမိတို့ရှေ့ မှောက်ရောက်နေတဲ့ အငတ်ဘေးပြသာနာ ကို ကိုင်တွယ်ဖြေရှင်းဖို့က ပထမဆုံးအရေးကြီးနေတယ်” ဟု
ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက ပြောသည်။

ညီလာခံသို့ ရွေးကောက်ခံကိုယ်စားလှယ်များ၊ ဗဟိုအဆင့် အလုပ်အမှုဆောင်ကော်မီတီဝင်များ၊ မြို့နယ်အဆင့်
ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်များ အနည်းဆုံး အင်အား ၄၀ ပါဝင်တက်ရောက်မည်ဖြစ်သည်။

ညီလာခံတွင် လုပ်ငန်း ဆိုင် ရာ ငွေကြေးကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းပြန်လည်ရှင်းလင်းသုံးသပ်ချက်များ၊
တခြားနိုင်ငံရေးပါတီများနှင့် အနာဂါတ်ဆက်ဆံရေး၊ လွှတ်တော်တွင်တင်သွင်းမည့် ပြည်နယ်အရေးကိစ္စများ၊ အနာဂါတ်ရှေ့လုပ်ငန်းစဉ်များ စသဖြင့် ဆွေးနွေးကြမည်ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ပေါ်လာမည့် အစိုးရသစ်အတွက် သမ္မတ၊ ၀န်ကြီးချုပ် နှင့် ၀န်ကြီးရုံးကိစ္စတွေလည်း အချိန်ရ ယင်ရသ လို ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း ပြောကြသည်။

ပြည်နယ်ဆိုင်ရာ ဥပဒေမူကြမ်းအတွက် (Bills) တော့ ဥပဒေရေးဆွဲရေးကော်မီတီဖွဲ့ပြီး ကျယ် ကျယ်ပြန့်ပြန့် လုပ်သင့် တယ်လို့ အထွေထွေအတွင်းရေးမှူးက ဆက်လက်ပြောပြသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကလည်း ချင်းပြည်သူများ ကြုံတွေ့နေသည့် အငတ် ဘေး ဒါဏ် ပံ့ပိုးကူညီရေး လုပ်ဆောင်နေသည်ဟု သိရသည်။( Khonumthung)


(ဆက်ဖတ်ရန်.......)

သိန်း ၅၀ တန်ကိုယ်ထူကိုယ်ထတံတားဆောက်လုပ်ရေးဒေသခံ ရံပုံငွေများပျောက်ဆုံး

January 4th, 2011
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် လက်ပံချောင်းကျေးရွာအကြား ဒေသခံများမှ ကိုယ်ထူကိုယ်ဆောက်လုပ်မည့် ဆယ်ကြီး တံတား ဆောက် လုပ်ရေးရံပုံငွေ ပျောက်ဆုံးနေသည်ဟု ပြောကြသည်။

အဆိုပါ ရံပုံငွေကို ဆယ်ကြီးကျေးရွာ အုပ်စု ဥက္ကဌနှင့် အဖွဲ့ဝင်များက ဒေသခံပတ်ဝန်းကျင် ကျေးရွာပေါင်း ၁၃ ရွာမှ တအိမ်လျှင် ကျပ်ငွေ ၂၀၀၀ မှ
၃၀၀၀ အကြား ၂၀၀၈ – ၂၀၀၉ ခုနှစ်အတွင်း ကောက်ယူခြင်းဖြစ်ကြောင်း သို့သော် ယင်း ရံပုံ ငွေ များ မည်သူ့လက်ထဲမှာ ရှိသည်ကို ရှင်းရှင်းလင်းလင်း မပြောလိုကြကြောင်း သိရသည်။

” တံတားခင်းဖို့ ဒေသခံတွေထံ ငွေနှစ်ခါလာကောက်တယ်၊ ဒါပေမဲ့ တံတားဆောက်လုပ်ခွင့်ကို အစိုးရက ပိတ်ပင် ထားတယ်၊ တံတား ဆောက်လုပ်ရေး ကြိုတင်ပြင်ဆင်မှုအတွက် ကုန်ကျတဲ့ လက်ကျန်ရှင်းတမ်းတွေကို ရယက တွေက မလုပ်ချင်ဘူး” ဟု လက်ပံ ချောင်း အုပ်စုမှ U Tai lio ကပြောသည်။

စစ်အစိုးရသည် လမ်းတံတားပြုပြင်ဆောက်လုပ်ရေးလုပ်ငန်းကို ပုဂ္ဂလိကကုပ္မဏီများထံ ယခုနှစ် ဆန်းပိုင်းမှ စပြီး လုပ်ပိုင် ခွင့် ပေးထားခြင်းကြောင့် ဒေသခံများသည် ဆယ်ကြီးတံတားဆောက်လုပ်ရေးကိုရပ်ဆိုင်းသွားကြခြင်းဖြစ်သည်။

” ကျတော်တို့ထံကောက်ယူထားတဲ့ရံပုံငွေနဲ့တံတားဆောက်လုပ်ခွင့်မရတော့ ကိုယ့်ငွေကို ပြန်တောင်းချင်တာလေ၊အဲဒါ ရယကတွေက
ဟိုလူလွှဲဒီလူလွှဲလုပ်နေကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယင်းတံတားဆောက်လုပ်ရန်အတွက် သက်ဆိုင်ရာ တိုင်းမှူးကလည်း ဆယ်သိန်းလှူထားကြောင်းပြောဆိုမှုများလည်း ရှိ သည်။

” တံတားဆောက်လုပ်ဖို့ဆိုပြီး ရယကတွေက ဘိလပ်မြေ ၁၀ အိတ်ဝယ်ထားတာလောက်ပဲသိတယ်၊ ကျန်တာဘာမှ ရှင်းရှင်းလင်း လင်းမသိရတော့ဘူး ” ဟု ကလေးမြို့နယ်မှ ကုန်သည်တဦးက ပြောသည်။

အဆိုပါဒေသသည် စိုက်ပျိုးသီးနှံများ အင်မတန်ထွက်ရှိသည့် ဒေသဖြစ်ပြီး ပေ ၂၀၀ ရှည့်မည်ဆယ်ကြီး တံတားသာ ဆောက် လုပ်နိုင် ပါက မိုးတွင်းကာလတွင် သီးနှံရောင်းဝယ်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်သည်များအတွက် အင်မတန် အကျိုးဖြစ် ထွန်းမည် ဟု ပြောကြသည်။

ကလေးခရိုင်အတွင်း လမ်းတံတားလုပ်ငန်းများကို အစိုးရက ကုပ္မဏီသုံးခုကို လုပ်ပိုင်ခွင့်ပေးထားကြောင်း သိရပြီး ကုပ္မဏီ သည် ကုန်ကားတစီးကျပ်ငွေ ၅၀၀၀၊ ဘတ်စ်ကားတစီးကျပ်ငွေ ၂၀၀၀၊ ကားငယ်တစီ ကျပ်ငွေ ၁၀၀၀ အသီးသီး ကောက်ယူ ကြောင်း သိရ သည်။

ကလေးမြို့အခြေစိုက် ကာသိုလိပ်အသင်းတော်တာဝန်ခံဆရာတော်ဦးမန်ထန်းနှင်း နှင့် တာဟန်း မြို့မှ ဝယ်စလီ ဆေးခန်း ပိုင် ရှင်ဆရာ ဝန်ကြီး ဦး
ထန်ဘိလ်လွယ်တို့က အဆိုပါ တံတားဆောက်လုပ်ပေးရန် သက်ဆိုင်ရာသို့ ၂၀၀၈ ခုနှစ်က တင်ပြတောင်း ဆိုခဲ့ဘူးသည်။(khonumthung)



(ဆက်ဖတ်ရန်.......)

ZIM Awging

ZIM Awging 38

(ဆက်ဖတ်ရန်.......)

ACR News

ACR News (1.1.11)

(ဆက်ဖတ်ရန်.......)