Thursday 28 February 2013
(၆၅) နှစ်မြောက်“ချင်းအမျိုးသားနေ့” တွင် ဒေါက်တာလျန်မှုန်းဆာခေါင်း ပြော ကြားသည့် မိန့်ခွန်း
ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရ တို့မှ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ
(၂ဝ) ရက်နေ့တွင် ချင်းပြည်နယ် မြို့တော်ဟားခါး၌ ပူးတွဲကျင်းပသော (၆၅) နှစ်
မြောက် “ချင်းအမျိုးသားနေ့” တွင် ချင်းအမျိုးသားတပ်ဦးကိုယ်စား ချင်းအမျိုးသား
တပ်ဦး၏ အဓိပတိကောင်စီဝင် ဒေါက်တာ လျန်မှုန်းဆာခေါင်း ပြောကြားသည့်
မိန့်ခွန်း။
လေးစားအပ်ပါသော သဘာပတိကြီးများနှင့်တကွ….
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ကိုယ်စား
(၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့ကို တက်ရောက်အားပေးချီးမြှင့်တဲ့ ပြည်ထောင်
စုဝန်ကြီး ဦးဝင်းထွန်း၊ ချင်းပြည် နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း နှင့် ချင်းပြည်နယ်အစိုး
ရ ဝန်ကြီး အဖွဲ့ဝင်များ၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ Pu Hau Khen Kham နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည် နယ်နှင့် ချင်းလူမျိုးများကို ကိုယ်စား ပြုနေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ နှင့် တကွ
(၆၅) နှစ် မြောက် ချင်းအမျိုးသားနေ့ကို ချင်းလူမျိုးတို့ရဲ့ အမျိုးသားအောင်ပွဲနေ့
အဖြစ် ဝမ်း သာ ပျော်ရွှင်စွာ ဆင်နွှဲနေကြတဲ့ ချင်းပြည်သူလူထုအပေါင်းတို့ ခင်ဗျား။
 အခုလို ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရတို့ အတူတကွပူးပေါင်းပြီး
ပထမဆုံးကျင်းပတဲ့ “ချင်းအမျိုးသားနေ့”မှာ ချင်းအမျိုးသားတပ်ဦးကိုယ်စား မိန့်ခွန်း မြွက်ကြားခွင့်ရတဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်
ကို လည်း ချီးမွမ်းမိပါတယ်။
ဒီနေ့ဟာ ချင်းသမိုင်းမှာ အသစ်တဖန်မော်ကွန်းဝင်မည့် ချင်းလူမျိုးများရဲ့  အမျိုးသား
အောင် ပွဲနေ့  ဖြစ်ပါတယ်။ ဒီနေ့၊ ဒီနေရာ၊ ဒီအချိန်မှာ ကျင်းပတဲ့ “ချင်းအမျိုးသားနေ့”
က နှစ်ပေါင်း (၆၅) နှစ်ဆိုတဲ့ ရှည်လျားလှတဲ့ “ချင်းအမျိုးသားနေ့” သမိုင်း၊ ကြမ်းတမ်း
ခက်ထန် ချင်းလူမျိုးတို့ရဲ့ အမျိုးသားရေး လှုပ်ရှားမှုသမိုင်းကို   အသစ်တဖန်ပုံဖော်
နေပါတယ်။ ဒီကမ္ဘာမှာ ချင်းလူမျိုးများ ရှိနေသရွေ့ မိမိတို့လူမျိုးဖြစ်ခြင်းလက္ခဏာကို
အသက်နဲ့လဲပြီး ကာကွယ်ရမယ်။ ချင်းလူမျိုးတို့က မိမိတို့ရဲ့ အမျိုးသား လက္ခဏာကို
ထိန်းသိမ်းရမယ်။ ဒါကြောင့် ချင်းလူမျိုးတို့ရဲ့ လူမျိုးဖြစ်ခြင်း လက္ခဏာ၊ ချင်းလူမျိုးတို့ရဲ့
အမျိုးသား လက္ခဏာ တစ်ရပ်ဖြစ်တဲ့ “ချင်းအမျိုးသားနေ့” ကို ဒီကမ္ဘာမှာ ချင်းလူမျိုး
များ ရှိနေသရွေ့ ကျင်းပရမယ်။ ဒါဟာ ချင်းလူမျိုးများ မိမိတို့လူမျိုး အပေါ်ထားရှိတဲ့ သစ္စာတရားကို ဖော်ပြတာ ဖြစ်တယ်။ ချင်းလူမျိုးတို့ရဲ့ ရှည်လျားလှတဲ့ အမျိုးသား
လှုပ်ရှားမှု ရလဒ်ဖြစ် ပါတယ်။  ဒါကြောင့် ဒီနေ့ကျင်းပတဲ့ “ချင်းအမျိုးသားနေ့” ဟာ
ပိုပြီး လေးနက်တယ်။ ပိုပြီး အဓိပ္ပာယ်ရှိတယ်။ ချင်းလူမျိုးတို့ရဲ့ သမိုင်းမှာ အသစ်တ
ဖန် သမိုင်းဝင်မည့် နေ့တစ်နေ့ပဲ ဖြစ်ပါ တယ်။
ချင်းအမျိုးသားနေ့ဆိုတာ သမိုင်းရဲ့ မတော်တဆ ဖြစ်မူကြောင့် ပေါ်ပေါက်လာတဲ့
နေ့ မပာုတ်ပါဘူး။ ချင်းလူမျိုးတို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုသမိုင်းက မွေးဖွားသန့်စင်
ပေး လိုက်တဲ့ နေ့တစ်နေ့ဖြစ် ပါတယ်။ ဒ်ီကမ္ဘာ မျက်နှာပြင်ပေါ်မှာ လူမျိုးတမျိုး အဖြစ်
ဂုဏ်သရေ အပေါင်းနဲ့ ပြည့်ဝစွာ နေထိုင် ခဲ့ကြတဲ့ ချင်းလူမျိုးများက မိမိတို့လူမျိုးရဲ့ အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အသုံးပြုပြီး၊ မိမိတို့ လူမျိုး နှစ်သက် လိုလားတဲ့
နိုင်ငံရေးစနစ် ကိုရွေးချယ်ခဲ့တဲ့ နေ့ ဖြစ်ပါတယ်။
ချင်းလူမျိုးတို့က မိမိတို့လိုလားတဲ့ နိုင်ငံရေးစနစ်ကို မည်သူကမျှ အတင်း အဓမ္မခိုင်း
စေခြင်းမရှိပဲ၊ မိမိတို့ဆန္ဒအလျောက်၊ မိမိတို့လူမျိုးရဲ့ အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်
လို့ခေါ်တဲ့ Self- determination အခွင့်အရေးကို အသုံးချပြီး မိမိတို့ကိုယ်တိုင် လွတ်လပ်
စွာ ရွေးချယ်ပြဋ္ဌာန်း ခဲ့တဲ့နေ့ ဖြစ်ပါတယ်။
လူမျိုးတမျိုးရဲ့ သမိုင်းမှာ မိမိတို့လူမျိုးရဲ့ အမျိုးသားကံကြမ္မာကို မိမိတို့လူမျိုးကိုယ်တိုင်
အဆုံး အဖြတ်ပေး နိုင်တဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (Self-determination) အခွင့်အရေး
စတင်ကျင့်သုံးနိုင် တဲ့နေ့ကို ထိုလူမျိုး တို့ရဲ့ အမျိုးသားအောင်ပွဲနေ့အဖြစ် အမြတ်တနိုး
တန်ဖိုးထားထိန်းသိမ်း ကျင်း ပနေ ကြစမြဲပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ချင်းလူမျိုးများရဲ့
သမိုင်း မှာလည်း မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခွင့်အရေးကို အသုံးချပြီး၊ မိမိတို့ လို
လား နေတဲ့ နိုင်ငံရေးစနစ်ကို မိမိတို့ကိုယ်တိုင် ရွေးချယ်နိုင်တဲ့နေ့ကို “ချင်းအမျိုးသား
နေ့”အဖြစ် အစဉ်တစိုက်ကျင်းပလာခဲ့တာ နှစ်ပေါင်း (၆၅)နှစ် ကြာလာပြီဖြစ်ပါတယ်။
ချင်းလူမျိုးတို့က မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသုံး ချပြီး ရွေးချယ် လိုက်တဲ့ နိုင်ငံ
ရေးစနစ်ဟာ“ဒီမိုကရေစီစနစ်”ဘဲဖြစ်ပါတယ်။ကျနော်တို့ ရွေးချယ်တဲ့ နိုင်ငံရေးစနစ်
ဟာ ဒီမိုကရေစီစနစ်ဖြစ်လို့ ပိုပြီး မှန်ကန်တယ်။ မွန်မြတ်တယ်။ လေးနက်တယ်။
ချင်းလူမျိုးများ အတွက် အထူးဂုဏ်ယူဘွယ် ကောင်းလှပါတယ်။
ချင်းလူမျိုးများက မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လွတ်လပ်စွာ ကျင့်သုံးပြီး၊ ဒီမိုက
ရေစီ စနစ်ကို ချင်းလူမျိုးများ ကျင့်သုံးမည့် “နိုင်ငံရေးစနစ်” အဖြစ် ရွေးချယ်ခဲ့တဲ့ အမျိုးသားတော်လှန်ရေးဟာ ၁၉၄၈ ဖေဖော်ဝါရီလ (၁၉)ရက်မှ(၂၂) ရက်နေ့အထိ
ထိုစဉ်က ချင်းဝိသေသတိုင်းရဲ့ မြို့တော် ဖလမ်းမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားညီ
လာခံမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဖလမ်းညီလာခံကို ကျင်းပဖို့ ဖန်တီး တောင်းဆို
ခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်ဟာ ၁၉၄၇ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်စပ်ခဲ့
ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပင်လုံ စာချုပ်ကြောင့် ပေါ်ပေါက်ခဲ့
တာဖြစ် တယ်။ ပင်လုံစာချုပ်က မွေးဖွားပေး လိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး
ဖြစ်တဲ့ အတွက်ပြည်ထောင် စု စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်
လာလိမ့်မယ်လို့ ကျနော်တို့ တိုင်း ရင်းသားလူမျိုးများက ကြီးစွာ မျှော်လင့်ခဲ့ပါ
တယ်။ ဒါပေမဲ့ ၁၉၄၇ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဟာ ကျနော်တို့တိုင်း
ရင်းသားလူမျိုးများ ပင်လုံညီလာခံမှာ မျှော်မှန်းခဲ့သ လို ဖြစ်မလာ ပဲ ပြည်ထောင်
စုစနစ်မှ သွေဖီသွားတဲ့ အားနည်း ချက်များစွာ ပါလာခဲ့ပါတယ်။ အဓိကအားနည်း
ချက် တစ်ခုကတော့ – ပြည်ထောင်စု လွှတ်တော်ရဲ့ အထက်လွှတ်တော် လို့ခေါ်တဲ့
လူမျိုးစု လွှတ်တော်မှာ ပြည်ထောင်စုစနစ်အရ ပြည်နယ်တွေကို တန်းတူရည်တူ
ကိုယ်စားပြုခွင့်မပေးပဲ တပြည်ထောင် စနစ်ကျင့်သုံးတဲ့ အင်္ဂလန်နိုင်ငံရဲ့ အထက်
လွှတ်တော် (House of Lord) ကို ပုံတူကူးချ သွားခဲ့ ပါတယ်။
ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ရဲ့ အထက်လွှတ်တော်ကြီးကို “မြေရှင်ပဒေသ
ရာဇ် စနစ်အရ သားစဉ်မြေးဆက် အုပ်ချုပ်ခွင့်ရှိတဲ့ ချင်းလူမျိုးထဲမှ Ram-Uk များ၊
ကချင်လူမျိုး ထဲမှ ဒူဝါများနှင့် ရှမ်းပြည်မှ စော်ဘွားကြီးများကို တိုက်ရိုက်စေလွှတ်
ခွင့်ရှိရမည်” ဆိုပြီး ဖြစ်ခဲ့ပါတယ်။
ကျနော်တို့ ချင်းလူမျိုးများဟာ ပဒေသရာဇ်စနစ်အရ Rum-Uk မင်းများကို အထက်
လွှတ်တော် အတွက် တိုက်ရိုက်ခန့်အပ် စေလွှတ်တဲ့စနစ် ဖလမ်းညီလာခံမှာ ဆန့်
ကျင်ကန့်ကွက်ခဲ့ကြတယ်။ ညီလာခံ ဒုတိယနေ့ – ဖေဖော်ဝါရီလ (၂ဝ) ရက် မှာ
ညီလာခံ  တက်ရောက်ခဲ့ကြတဲ့ ချင်းပြည် နယ် ဒေသအသီးသီးမှ ပြည်သူ လူထု
ကိုယ်စားလှယ် (၅,ဝဝဝ) ကျော်ဆန္ဒမဲပေးပြီး အဆုံး အဖြတ်ပေးခဲ့ကြတယ်။
ညီလာခံ တက်ရောက် ကြတဲ့ ကိုယ်စားလှယ် ၅၀၀၀ အနက် ကိုယ်စား လှယ် (၁၇)
ဦး ကသာ Rum-Uk စနစ် ဆက်လက်ထားရှိ ရေးကို ဆန္ဒမဲပေးခဲ့ပြီး၊ ကျန်တဲ့ ကိုယ်
စားလှယ် (၄,၉၈၃) ဦးက Ram-uk စနစ်ကို မလိုလားကြောင်း၊ ဒီမိုကရေစီစနစ်ကို
သာ လိုလားကြောင်း ဆန္ဒမဲ ပေးခဲ့ကြတယ်။ ဒါကြောင့် ဖလမ်းညီလာခံမှာ – ပြည်
ထောင်စုရဲ့ အထက် လွှတ်တော် အတွက် Rum-Uk မင်းများကို တိုက်ရိုက်ခန့်အပ်
စေလွှတ်တဲ့စနစ်ကို စွန့်ပယ်ပြီး၊ ဒီမိုကရေစီစနစ်နဲ့အညီ ပြည်ထောင်စု လွှတ်တော်
နှစ်ရပ်စလုံးက လွှတ်တော် ကိုယ်စားလှယ် များကို ရွေးချယ် တင်မြှောက် နိုင်ခဲ့ ပါ
တယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ သာမကပဲ ဒေသန္တရအုပ်
ချုပ်ရေး အဆင့်မှာလည်း ဒေသန္တရအုပ်ချုပ်ရေး ဥက္ကဋ္ဌ (Circle Chairman) များကို
Rum-Uk, Bawi Phun, Uk-Pi စတဲ့ ရိုးရာအစဉ်အလာ အုပ်ချုပ်ခဲ့တဲ့ ပဒေသရာဇ်
တွေကို မျိုးရိုးစဉ်ဆက် မခန့်တော့ပဲ၊ ပြည်သူလူထုက ဒီမိုကရေစီနည်းကျကျ
ရွေးချယ် တင်မြှောက်တဲ့စနစ် ကို တောင်း ဆိုရယူခဲ့ပါတယ်။ ချင်းလူမျိုးများက
 ဒီမိုကရေစီစနစ်ကို မိမိတို့လူမျိုး လက်ခံကျင့်သုံး မည့် နိုင်ငံရေး စနစ်အဖြစ်
“ရွေးချယ်” ခဲ့တဲ့နေ့ကို “ချင်းအမျိုးသားနေ့”  အဖြစ် ယနေ့တိုင်ကျင်းပလာခဲ့ခြင်း
လည်း ဖြစ်ပါတယ်။
ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ကြည့်ချင်းအားဖြင့်ချင်းအမျိုးသားနေ့
နှင့် “ဒီမိုကရေစီစနစ်” ဆိုတာ ခွဲခြားလို့မရတဲ့ ဖွားဖက်တော်တွေ ဖြစ်တယ်ဆိုတာ
တွေ့နိုင်ပါ တယ်။ ဒါကြောင့် ကျနော်တို့ချင်းလူမျိုးများရဲ့ သမိုင်းမှာသော်လည်း
ကောင်း၊ ပြည်ထောင်စု ကြီးရဲ့ သမိုင်းမှာ သော်လည်း ကောင်း၊ ဒီမိုကရေစီစနစ်ကို
ဆန့်ကျင် ကန့်ကွက်တဲ့ အင်အား စုများ အာဏာရရှိတိုင်း “ချင်းအမျိုးသားနေ့” ကို
လွတ်လပ်စွာ ကျင်းပခွင့်မပေးခဲ့ပါဘူး။ ဒီမိုကရေ စီစနစ် ကို ဖိနှိပ်ချုပ်ချယ်သည်နှင့်
အမျှ “ချင်းအမျိုးသားနေ့” ကျင်းပခွင့်ကိုလည်း ပိတ်ပင်ဟန့်တားခဲ့ပါ တယ်။
ဒါကြောင့် တပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်အောက်မှာ ပြည်ထောင်
စုကြီး ရေတိမ် နစ်ခဲ့ပြီး၊ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းခဲ့တဲ့ ကာလတလျှောက်လုံး
“ချင်းအမျိုးသားနေ့ ကိုလည်း ချင်းပြည်နယ် အတွင်းမှာ ကျင်းပခွင့် မရရှိခဲ့ပါဘူး။
အာဏာရှင်စနစ်ကို အန်တု တော်လှန်ရဲတဲ့ တက္ကသိုလ်ကျောင်းသား များ၊ ချင်း
ကျောင်းသား များ က ရန်ကုန်တက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ်ပုရဝဏ်
အတွင်းမှာ ကျင်းပ ခဲ့ကြတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း (၅ဝ) ကျော်နီး
ပါးသော ကာလ အတွင်း “ချင်းအမျိုးသားနေ့” ကျင်းပခြင်းကို အာဏာရှင်စနစ်
ဆန့်ကျင် အန် တုခြင်းနှင့် ဒီမိုကရေစီအရေးတော်ပုံကြီး ဆင်နွှဲခြင်းတရပ် အဖြစ်
ကျနော်တို့ ခံယူပြီးကျင်းပ ခဲ့ပါ တယ်။ ချင်းပြည်နယ်အတွင်း “ချင်းအမျိုးသားနေ့”
ကျင်းပခွင့် မရရှိခဲ့လို့ ချင်းအမျိုးသားတပ်ဦး ရဲ့ တော်လှန်ရေး စခန်း အသီးသီး၊
 တောထဲ တောင်ထဲမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါတယ်။ တိုင်းတ ပါးကို ဒုက္ခ
သည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်စခန်းတွေမှာ ကျင်းပခဲ့
တယ်။ ကမ္ဘာ တဝှမ်းမှာရှိတဲ့ ချင်းလူမျိုးများနေထိုင်ရာ နိုင်ငံခြားတိုင်းပြည် အသီး
သီးမှာ ကျင်းပ ခဲ့ကြ တယ်။
ဒါကြောင့် ချင်းအမျိုးသားတပ်ဦးနှင့်ပြည်ထောင်စုအစိုးရ  ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
လုပ်တုန်း က ဖေဖော်ဝါရီလ ၂၀ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တရားဝင် ပြန်
လည်ကျင်းပခွင့်ပေးရန် မရမက တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့၊ ဒီ
နေရာ၊ ဒီအချိန်မှာ  “ချင်းအမျိုးသားနေ့”  ဟာ ချင်းပြည်ကို ပြန်လာပြီလို့ ကြေညာ
ချင်ပါတယ်။ Chin Miphumpi Ni Chinram chung ah arak kir tthan cang. Ni hin
Chinram khualipi Haka khua chung ah tuah  asi cang. Nan ni lawm maw? အာဏာစနစ် အောက်မှာ နှစ်ပေါင်း(၅၀)နီးပါး ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်
အတွင်း မှာ ကျင်းပခွင့် မရရှိခဲ့ပေမဲ့   ရာစုနှစ်တ၀က် နီးပါးကြာမှ အခုလို ချင်းပြည်
နေဟားခါးမြို့မှာ ပြန် လည်ကျင့်ပခွင့် ရတာဖြစ်ပါတယ်။
ချင်းအမျိုးသားနေ့ ချင်းပြည်ကို ပြန်လာနိုင်တဲ့အလျောက် ဒီမိုကရေစီလည်း ချင်း
ပြည်နှင့် တကွ ပြည်ထောင်စုကြီးဆီသို့ ပြန်လာတော့မယ်။ ဒီမိုကရေစီစနစ် ပြည်
ထောင်စုကြီးထဲ မှာ ပြန်လည်ရှင် သန် နိုင်ရေးအတွက် နိုင်ငံရေးတံခါးဖွင့်ပေးတဲ့
သမ္မတဦးသိန်းစိန်အစိုးရကို ချင်းလူမျိုးများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ပါ
တယ်လို့ ဒီနေရာက ပြောကြားချင် ပါတယ်။
“ချင်းအမျိုးသားနေ့” ချင်းပြည်ပြန်လာပြီး အခုလို ချင်းပြည်နယ် ဟားခါးမြို့တော်ကြီး
မှာ ချင်းအမျိုး သားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရတို့ ပူးတွဲကျင်းပနိုင်ဖို့ ငြိမ်းချမ်း
ရေးလမ်းစ ဖွင့်ပေးလိုက် တဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့” မှ
ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးဝင်းထွန်း နှင့် အဖွဲ့ဝင်အားလုံးကိုလည်း ကျေးဇူး
တင်ပါတယ်လို့ ပြောကြား ချင်ပါတယ်။
ဒါတင်မကဘူး ပြည်ထောင်စုသမ္မတကြီး ကိုယ်စား ချင်းအမျိုးသားအောင်ပွဲနေ့
အခမ်းအနား သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး အားပေးကြတဲ့ ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းထွန်း ကို ချင်းအမျိုး သားတပ်ဦး ကိုယ်စား အထူးကျေးဇူးတင် ပါ
တယ်လို့ ပြောကြားချင်ပါတယ်။ လူကြီးမင်း ဒီ စင်မြင့်ပေါ် မှာ ထိုင်နေရတာ သာ
မန်အစည်းအဝေး တရပ်မှာ ထိုင်နေရတာမျိုးနဲ့ မတူပါဘူး။ ချင်းလူမျိုးတို့ အမြတ်
တနိုး တန်ဖိုးထားတဲ့ ချင်းအမျိုးသားအောင်ပွဲနေ့ရဲ့ စင်မြင့်ပေါ်မှာ ထိုင်နေ ရတာ
ဖြစ်တဲ့အတွက် ချင်းအမျိုးသား တရပ်လုံးရဲ့ နှလုံးသားမှာ နေရာယူပြီး ထိုင်နေကြ
ပါတယ်လို့ ခံစားစေချင်ပါတယ်။ပါလီမန်ဒီမိုကရေစီ ခေတ်တုန်းက“ချင်းအမျိုးသား
နေ့” ကို ချင်းလူမျိုး များနှင့် လက်ချင်းတွဲပြီး ရင်းရင်းနှီးနှီး ဆင်နွှဲနိုင်ဖို့ ချင်းပြည်ကို
ကိုယ်တိုင်ကိုယ်ကြ တက်ရောက် အားပေး ခဲ့တဲ့ သမ္မတကြီး စဝ်ရွှေသိုက်နှင့်
ဝန်ကြီးချုပ်ဦးနုတို့ကို ချင်းတမျိုးသားလုံးက ယနေ့ထိ တိုင် မမေ့ နိုင်ပဲ တသသ
 အောင်းမေ့သတိရခဲ့ကြသလို၊ လူကြီးမင်းတို့ကို ချင်းပြည်သူလူထု တရပ်လုံးက
မမေ့ပါဘူး။ ချင်းလူမျိုးများရဲ့ အမျိုးသားရေး လှုပ်ရှားမှု သမိုင်းမှာ လူကြီးမင်းတို့ရဲ့
နာမည်ကို အစဉ် အမြဲကမ္ဗည်းထိုး မှတ်တမ်းတင်သွားမယ်လို့ လှိုက်လှဲစွာ
 ပြောကြား ချင်ပါတယ်။
ပြီးတော့ “ချင်းအမျိုးသားနေ့” နှစ်ပေါင်း ငါးဆယ်ကျော်ကြာမှ အခုလို ချင်းပြည်ကို
ပြန်လာ နိုင်တဲ့ အချိန်မှာ အခုလို စည်ကားသိုက်မြိုက်စွာနဲ့ ဒီနေ့၊ ဒီနေရာ၊ ဒီအချိန်မှာ
ချင်းလူမျိုးတို့ရဲ့ မြို့တော် ဟားခါးမြို့မှာ ချင်းအမျိုးသားတပ်ဦးနှင့် လက်တွဲပြီး ပူးပေါင်း
ကျင်းပ ခွင့်ပေးတဲ့ ချင်းပြည်နယ် ဝန်ကြီးချုပ် ပူးဟုန်ငိုင်း ကိုလည်း အထူး ကျေးဇူး
တင်ရှိပါတယ်။ ဒါဟာ ကျနော်တို့ ချင်းအမျိုးသားများအကြား အချင်းချင်းပူးပေါင်းရေး လမ်းစပဲဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ချင်းလူမျိုးများ အတွက်၊ ချင်းပြည်နယ် အတွက်၊
ပြည်ထောင်စုကြီးအတွက် လက်တွဲဆောင်ရွက်သွားကြရအောင်လို့ ဖိတ်ခေါ်ပါတယ်။
အခုလို “ချင်းအမျိုးသားနေ့” ကို ချင်းပြည်ပြန်လာပြီး၊ ချင်းတမျိုးသားလုံး ဝမ်းမြှောက်
ဝမ်းသာစွာ ကျင်းပ နေတဲ့ အချိန်မှာ – ချင်းပြည်သူတို့ကိုယ်စား ပြည်ထောင်စု
သမ္မတကြီး ဦးသိန်း စိန်၊ ပြည်ထောင် စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုး
သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတပ်မတော်ရဲ့ ကာကွယ်
ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဒီနေရာကနေ နှုတ်
ခွန်းဆက် စကား ပြောကြားလိုပါတယ်။
သမ္မတကြီးနှင့်တကွ နိုင်ငံတော်အကြီးအကဲများ ခင်ဗျား …
ဒီနေ့၊ ဒီအချိန်ဟာ ကျနော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အကောင်း
ဆုံး အချိန် ကာလ ဖြစ်ပါတယ်။ နှစ်ပေါင်း (၆၅) နှစ်ကြာပြီဖြစ်တဲ့ ပြည်ထောင်စု
သမိုင်းကို ပြန် ကြည့်ပါ။ ဒီနေ့ ဒီအချိန်လို ပြည်ထောင်စုသမိုင်းတလျှောက်မှာ ငြိမ်း
ချမ်းရေး တည်ဆောက် ဖို့ အလားအ လာကောင်း တဲ့အချိန့်၊ အခွင့်အရေးကောင်း
တဲ့အချိန် တခါမှမပေါ်ဖူး သေးပါ ဘူး။ နှစ်ပေါင်း (၆ဝ) ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်း
စစ်ကို အဆုံးသတ်ဖို့ အကောင်းဆုံးကာလဖြစ်ပါတယ်။ ပြည်ထောင်စုဖွားတိုင်းရင်း
သားလူမျိုး အချင်းချင်း၊ ဗမာ့တပ်မတော် နှင့် တိုင်းရင်းသား တပ်မတော်များအကြား
အချင်းချင်း တိုက်ခိုက်သတ်ဖြတ်တဲ့ ပြည်တွင်းစစ်ကြီးကို အမြန်ဆုံး အဆုံးသတ်ဖို့
အကောင်းဆုံး ကာလဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသားလူမျိုးအားလုံးက ငြိမ်း
ချမ်းရေးကို လိုလားတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မျက်နှာချင်းဆိုင်
တွေ့ ဆုံဆွေးနွေးပြီး အဖြေရှာချင် ပါတယ်။ ဒါကြောင့် အနှစ် (၆ဝ) ပြည်တွင်းစစ်ကို
အဆုံးသတ်ပြီး ဒီနေ့ဒီအချိန်မှာ ငြိမ်းချမ်းရေးကို အတူတ ကွ လက်တွဲတည်ဆောက်
သွားကြရအောင်လို့ ဖိတ်ခေါ် ကမ်းလှမ်းချင်ပါတယ်။
သမ္မတကြီး နှင့် နိုင်ငံတော်အကြီးအကဲများ ခင်ဗျား…
ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်သို့ ပြည်တော်ပြန်ခွင့်ပေးသလို၊ ချင်းအမျိုးသား
နေ့ရဲ့ ဖွားဖက်တော် ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကိုလည်း ဒီတိုင်းပြည်သို့ ပြန်လာခွင့်ပြု
ပြီး၊ ပြည်ထောင်စု ကြီးထဲမှာ အစွမ်းကုန် ပွင့်လန်းရှင်သန်ခွင့် ပေးကြပါလို့ တောင်း
ဆိုချင်ပါတယ်။ ဒီမိုကရေစီနှင့်အတူ ကျနော်တို့ တိုင်းရင်းသား လူမျိုးများ နှစ်ပေါင်း
(၆ဝ) ကျော် လက်နက် ကိုင်တောင်းဆိုနေတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
အခွင့်အရေး တို့ကိုလည်း တိုင်းရင်းသားလူမျိုးများရဲ့ မွေးရာပါ အခွင့်အရေးအဖြစ်
 ပြန်ပေးကြပါတော့လို့ လေးနက်စွာတောင်းဆိုချင် ပါတယ်။ ဒီမိုကရေစီရေး၊ တန်း
တူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တို့ကို တိုင်းရင်းသားလူမျိုးများ အပြည့်အဝခံစားခွင့်
ရရှိရေးရေး အတွက် တခုတည်းသော နည်းလမ်းမှာ ဒီတိုင်းပြည်ကြီးကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ပြန်လည် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဒီမိုက
ရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တိုင်းရင်းသားလူမျိုးများ
အပြည့်အဝခံစားခွင့် ရရှိမှသာ ဒီပြည်ထောင်စု ကြီး အတွင်း တိုင်းရင်းသားလူမျိုး
ပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင် နိုင်ကြ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ
တိုင်းပြည်ကြီးကို စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် လက်တွဲပြီး
ပြန်လည်ထူထောင် သွားကြရအောင်လို့ ဖိတ်ခေါ်ကမ်းလှမ်း ချင်ပါတယ်။ ဒီစကား
ကို ချင်းအမျိုးသား တပ်ဦး ကိုယ်စား၊ ချင်းလူမျိုးများရဲ့ ကိုယ်စား၊ ချင်းအမျိုးသားနေ့
စင်မြင့် ပေါ်ကနေ လှိုက်လှဲစွာ ဖိတ်ခေါ် ကမ်းလှမ်း ပြောဆိုနေခြင်းပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက်၊ ဒီတိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကျနော်တို့ အားလုံး လက်တွဲပြီး ဆောင်ရွက်သွားကြရအောင်။ ဒီတိုင်းပြည်ကို ငြိမ်း
ချမ်း စေချင်ရင်၊ ဒီ တိုင်း ပြည်ကြီးကို ဖွံ့ဖြိုးတိုးတက်စေချင်ရင် ပထမဦးဆုံးအနေဖြင့်
အနှစ် (၆ဝ) ပြည်တွင်းစစ်ကို အမြန်ဆုံး အဆုံးသတ် ကြရအောင်။ အနှစ် (၆ဝ) ပြည်
တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေချင်ရင် ဒီတိုင်းပြည်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျနော်
တို့ တိုင်းရင်းသား လူမျိုးများ ပင်လုံညီလာခံ မှာ မျှော်မှန်းခဲ့တဲ့ အတိုင်း စစ်မှန်
သောဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ပြန် လည်ထူထောင် သွားကြရအောင်။
ဒီပြည်ထောင်စုကြီးကို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ပြန်လည် ထူ
ထောင်ပြီး၊ ဒီမို ကရေစီရေး၊ တန်းတူရေးနှင့် တိုင်းရင်းသား လူမျိုးများရဲ့ ကိုယ်ပိုင်ပြ
ဋ္ဌာန်းခွင့် ရရှိရေး ကို အာမခံ ချက်ပေးနိုင်တဲ့ နေ့ဟာ ဒီတိုင်းပြည်မှာ ဖြစ်ပွားနေတဲ့
အနှစ် (၆ဝ) ပြည်တွင်း စစ်ကို အဆုံးသတ်နိုင် တဲ့နေ့ ဖြစ်ပါ လိမ့်မယ်။ ဒါကြောင့် စစ်
မှန်သော ဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်ပြီး ဒီပြည်တွင်းစစ်ကြီးကို အ
မြန်ဆုံး ချုပ်ငြိမ်းကြရအောင်။
စစ်မှန်သော ပြည်ထောင်စုစနစ်နဲ့ ဒီတိုင်းပြည်ကြီးကို ပြန်လည်ထူထောင်နိုင်မှသာ
ကျနော်တို့ ချင်းလူမျိုး များလည်း ကျနော်တို့ရဲ့ အမိ ချင်းပြည်အတွင်းမှာ ချင်းအမျိုး
သားနေ့ ကို ဒီနေ့ ဒီနေရာမှ ကျင်းပ သလို၊ဆက်လက်ပြီး နောင်ကမ္ဘာတည်သရွေ့
ငြိမ်းချမ်း သာယာစွာ အစဉ်အမြဲ ကျင်းပ သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကမ္ဘာမှာ ချင်း
လူမျိုးများ ရှိနေသရွေ့၊ ချင်းပြည်အတွင်းမှ ချင်းလူမျိုးများ ရှိသရွေ့၊ ချင်းအမျိုး
သားနေ့ကို မိမိတို့ရဲ့ မွေးရပ်မြေ၊ ဘိုးဘွားပိုင်မြေ ဖြစ်တဲ့ ချင်းပြည်ထဲမှာ ယခုလိုဘဲ
လွတ်လပ်စွာ၊ ငြိမ်းချမ်းသာယာစွာ အစဉ်အမြဲကျင်းပ နိုင်ပါစေလို့ ဆုတောင်းရင်း
နိဂုံးချုပ်အပ်ပါ တယ်။
(ဆက်ဖတ်ရန်.......)
Tuesday 26 February 2013
ဦးသိန်းစိန်ကို နော်ဝေနိုင်ငံအော်စလိုမြို့တွင် မြန်မာများက ကြိုဆို
ဖေဖော်ဝါရီလ ၂၆ ရက် အင်္ဂါနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ရောက်ရှိနေ
သော သမ္မတဦးသိန်းစိန်အား မြန်မာ ၅၀ ခန့်က ကြွေးကြော်သံများဖြင့် ဟစ်အော်
ဆန္ဒပြခဲ့ကြသည်။
ဒေသစံတော်ချိန် ညနေ ၄နာရီခွဲတွင် အော်စလိုမြို့လည် လူစည်ကားရာ လမ်းဆုံရှိ 
သမ္မတဦးသိန်းစိန် တည်းခိုရာ Hotel Continental ရှေ့၌ “ ၂၀၀၈ဖွဲ့စည်းပုံ အလိုမရှိ” 
“ပြည်တွင်းစစ် အလိုမရှိ” “ အစိုးရ အကျင့်ပျက် ခြစားမှု ချက်ခြင်းရပ်” ဟူသည့်
 ကြွေးကြော်သံများနှင့် အော်ဟစ်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ 
ထိုသို့ဆန္ဒပြနေစဉ် နော်ေ၀၀န်ကြီးချုပ် Jens Stoltenberg နှင့်အတူ သတင်းစာ
ရှင်းပွဲအပြီး ဟော်တယ်သို့ ပြန်လည်ဆိုက်ရောက်လာသည့် သမ္မတ ဦးသိန်းစိန် 
အဖွဲ့နှင့် ဆန္ဒပြသူတို့ ထိပ်တိုက် တိုးခဲ့ကြသည်။ နောက်ပိုင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းနှင့် ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးရဲထွဋ် တို့က ဆန္ဒပြကိုယ်စားလှယ် 
နှစ်ဦးအား တည်းခိုရာ ဟော်တယ်တွင် ခေါ်ယူတွေ့ဆုံ ပြီး ဆန္ဒပြရသည့် အကြောင်းအရင်းကို မေးမြန်းခဲ့သည်။
ဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့် ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးမြင့်အေးက “ ကျနော်တို့
ရှင်းပြတာက အခု ပြုပြင်ပြောင်းလဲရေး လုပ်နေတာတွေဟာ တကယ့်အခြေခံကျ
တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကို မလုပ်ရင် အနှစ်သာရရှိတဲ့ 
အပြောင်းအလဲမဖြစ်နိုင်တဲ့အကြောင်း ထောက်ပြတယ်။ ဥပမာ ပထမအချက်က
ဒေါ်အောင်ဆန်းစုကြည်က ၇၅ ရာခိုင်နှုန်း နိုင်တယ်ဆိုရင်တောင် သမ္မတ 
မဖြစ်နိုင်ဘူး။ ဒုတိယအချက်က လူထုမရွေးကောက်ပဲ စစ်တပ်ကိုယ်စားလှယ်
တွေ လွှတ်တော်ထိုင်ခုံပေါ်ရောက်နေတာကလည်း ဒီမိုကရေစီ အသွင်းပြောင်း
ဖို့အခက်အခဲတွေဖြစ်တယ်။ တတိယအချက်က တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်
ပြဌာန်းချက်ကို ရေရှည်အာမ မခံတဲ့အကြောင်း။ ဒါတွေကို သမ္မတအနေနဲ့ အမြန်
ဆုံးပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်း ကျနော်တို့ ထောက်ပြခဲ့တယ်”ဟု ဧရာဝ
တီသို့ ပြောဆိုသည်။ 
သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက မိမိတို့ကိုယ်၌က ဖွဲ့စည်းပုံကို ပြင်လိုတဲ့ဆန္ဒရှိ
ကြောင်း၊ သို့သော် ဖွဲ့စည်းပုံကို လွှတ်တော်တွင်းမှာသာ ပြင်ဆင်နိုင်ကြောင်း၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်မှုကို မလိုလားသေး၍ အချိန်ယူပြင်ဆင်ရမှာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်ဟု ကိုမြင့်အေးက ဆိုသည်။
“ကျနော်တို့က လယ်မြေသိမ်းတဲ့ကိစ္စ ထောက်ပြတော့လည်း ဒီကိစ္စ အရင်အစိုးရ
က လုပ်ခဲ့တဲ့ အရှုပ်အထွေးကို သူတို့က ရှင်းနေရပါတယ်လို့ ပြောတယ်။ ကျနော်
က ဒီကနေ့တင် မအူပင်မြို့နယ်က လယ်သမားတွေပစ်ခတ်ခံရကြောင်း ရှင်းပြတော့ သူတို့အတော်အံ့သြသွားတယ်။ မြန်မာပြည်ကို လှမ်းပြီး စုံစမ်းတာတွေ လုပ်နေ
တယ်” ဟုလည်း ဦးမြင့်အေးက ပြောသည်။
အဆိုပါ ဆန္ဒပြပွဲ၌ တချိန်က နာမည်ကြီး ခေတ်ပေါ်အဆိုတော် မွန်းအောင်က 
“အရေးကြီးပြီ” သီချင်းနှင့် “သွေးမုန်တိုင်း ”သီချင်းတို့ကို သီဆို ဆန္ဒပြခဲ့သည်။
“ကျနော်တို့က ဗမာပြည်မှာ အပြောင်းအလဲဖြစ်တယ်ဆိုတာကို လက်မခံနိုင်
သေးလို့ ဆန္ဒပြတာဖြစ်တယ်။ လူ့အခွင့်အရေးတို့ တိုင်းရင်းသားအခွင့်အရေးတို့
ဆိုတာ ဗမာပြည်မှာ မရှိသေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ဆက်သွား နောက်ထပ် 
အနှစ် ၅၀ ကျော် စစ်အစိုးရအောက်မှာပဲ ရှိဦးမယ်။ အခုလည်း ကျနော်တို့ နှစ်
ပေါင်း ၅၀ ဖြတ်ခဲ့ပြီးပြီ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒီမိုကရေစီလို့ပြောပြီး ကျောင်း
သားတွေကို ထောင်ချခဲ့တဲ့ အစိုးရက ဒီမိုကရေစီလို့ ပြောပြီး ကမ္ဘာလှည့်ပြီး 
ညာနေတုံးပဲ” ဟု အဆိုတော် မွန်းအောင်က ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ၃ ရက်ကြာ နော်ဝေနိုင်ငံ ခရီးစဉ်အတွင်း ယနေ့ဗုဒ္ဓဟူးနေ့တွင်
နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ကို
တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမည်ဟု
သိရသည်။
ခရီးစဉ် အဆုံးသပ်မည့် ကြာသပတေးနေ့တွင် ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့်
စက်မှုကုန်ထုတ်ဆိုင်ရာ ၀န်ကြီးများနှင့် တွေ့ဆုံပြီး ရေအားလျှပ်စစ်စွမ်းအားထုတ်
လုပ်ရာ Askim နှင့် Ostfold အရပ်သို့လည်း သွားရောက် လည်ပတ်ကြည့်ရှုမည်
ဟု သိရသည်။
နော်ဝေ မီဒီယာများက ဦးသိန်းစိန်ကို သတိကြီးစွာ ပြောဆိုဆက်ဆံတတ်သူ
ရှေးရိုးစွဲဝါဒီအဖြစ် ပုံဖော် တင်ပြကြသည်။
နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ နှစ်နိုင်ငံ
ကြား မည်သည့် အရေးပါသည့် သဘောတူစာချုပ်ကိုမျှ လက်မှတ်ရေးထိုးရန် 
အစီအစဉ် မရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်မှုများ ဖြစ်ထွန်းခဲ့သော်လည်း လုပ်ဆောင်စရာ များစွာကျန်နေသေးကြောင်း Kjetil Elsebutangen က ပြောဆိုပြီး "နော်ဝေဘက်က အပြုသဘောတိုးတက်မှုတွေကို ထောက်ခံဖို့၊ မှန်ကန်တဲ့ ဦးတည်ချက်ဆီ ချီ
တက်နေသူတွေကို ကူညီဖို့ အရေးကြီးတယ်လို့ ခံယူထားပါတယ်" ဟုလည်း
 ပြောခဲ့သည်။
(ဆက်ဖတ်ရန်.......)
အင်တာနက်အသုံးပြုရန် အမြန်ဆုံး စွမ်းဆောင် ပေးနိုင်သော Huawei Ascend P2
၂၆၊ဖေဖော်ဝါရီ၊၂၀၁၃
ဟန်းဆက် လောကတွင် Sam-sung , Apple ကုမ္ပဏီများ ပြီးသည့်နောက် တတိယ 
လူကြိုက် အများဆုံးဟန်းဆက် ကုမ္ပဏီဖြစ်သည့် တရုတ်နိုင်ငံမှ HuaweiAscend P2
မိုဘိုင်းလ်ဖုန်း သစ်တစ်မျိုးအား ဖေဖော်ဝါရီ ၂၄ရက်က မိတ်ဆက် ပေးခဲ့သည်။ 
ယင်းဟန်းဆက် သစ်သည် ကမ္ဘာတွင် စွမ်းဆောင်ရည် အမြန်ဆုံး ပေးနိုင်သည့် 
ဖုန်းဖြစ်ကြောင်း Huawei ကုမ္ပဏီက အခိုင်အမာ ပြောကြားထားသည်။
ဟန်းဆက်၏ အထူမှာခဲတံတစ်ချောင်းထက်ပင် ပါးလွှာ၍ ၈ဒသမ၄ မီလီမီတာသာ 
ရှိကြောင်း၊ ထို့ပြင် download လုပ်နိုင်စွမ်း 150 Mbps ရှိသည့် အတွက်၂နာရီ ကြာ
သည့် ရုပ်ရှင် ဇာတ်ကားကို ၅မိနစ် တောင်မကြာဘဲ download လုပ်နိုင် သည့် အ
စွမ်းရှိသည်။ ၎င်း ဟန်းဆက်၏ အရွယ်အစားမှာ ၄ဒသမ၇ လက်မ ရှိပြီး ရုပ်ထွက် 
ကြည်လင် ပြတ်သားမှုရှိသော high definition screen တပ်ဆင်ထားသည်။ Ascend 
P2 ဖုန်းတွင်1.5 GHz quad-core processor ပါရှိပြီး ကမ္ဘာပေါ်ရှိ လက်ရှိ အချိန်တွင် 
အဆင့် အမြင့်ဆုံး ဖြစ်သည့် စတုတ္ထ မျိုးဆက် မြန်နှုန်းမြင့် မိုဘိုင်းလ် ကွန်ရက်ကို 
အသုံးပြုနိုင် ပါသည်။
Huawei ပစ္စည်းသစ်ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဖေဖော်ဝါရီ ၂၅ရက်က 
ကျင်းပခဲ့သော ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ညီလာခံတွင် စွမ်းဆောင်ရည် ကောင်းမွန်
မှုကို ထုတ်ဖော်ပြသခဲ့သည်။
Ascend P2 ဟန်းဆက်အား ဇွန်လတွင် ပြင်သစ်၌ဖြန့်ချိသွားမည်ဖြစ်ပြီး၂ဝ၁၃ခုနှစ်
ဟန်းဆက်သည် HD ဇာတ်ကားများကို မိနစ်ပိုင်း အတွင်း download လုပ်နိုင်ပြီး
အွန်လိုင်းမှ ဗီဒီယိုများ၊ web page များ၊ တေးသီချင်းများ နှင့် e-Book များကို မူ
စက္ကန့်ပိုင်း အတွင်း download လုပ်နိုင်စွမ်း ရှိသည်။
Huawei ဟန်းဆက်သစ်သည် လက်ရှိ ကမ္ဘာတွင် လူကြိုက်များ နေသော Apple 
အမျိုးအစား iPhone 5နှင့် Samsung ကုမ္ပဏီထုတ် Galaxy SIII တို့တွင် အသုံးပြု
နေသည့် download လုပ်နိုင်စွမ်း 100Mbps ထက်ပင် ကျော် လွန်နေပါသည်။ 
Huawei ဟန်းဆက်သစ်တွင် 13 megapixel ကင်မရာ ပါရှိသည့် အတွက် ရုပ်
ထွက် ကောင်းမွန်သည်ကို တွေ့ရသည်။(မြဝတီ)
(ဆက်ဖတ်ရန်.......)
ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ ဆောင်ရွက် ပေးမည်
ရန်ကုန် ဖေဖော်ဝါရီ ၂၆
ပြည်နယ်နှင့် တိုင်းဒေသ ကြီးရှိ မြို့နယ် အချို့တွင် မတ် ၁ ရက်မှစတင်ကာ One 
Stop Service ဖြင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်
ပေးမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီး ဌာနမှ 
သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာ၏ အကူအညီဖြင့် ဆောင်ရွက် သွားမည်
ဖြစ်ပြီး ကယား ပြည်နယ်ရှိ မြို့နယ်ရှစ်ခု၊ တနင်္သာရီတိုင်း ဒေသကြီးရှိ မြို့နယ် ၁ဝခု
နှင့်ပဲခူးတိုင်း ဒေသကြီးရှိ ကျောက်ကြီးမြို့နယ်၊ ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ 
သုံးမြို့နယ်၊ မြို့နယ်ခွဲ နှစ်ခုနှင့် မွန်ပြည်နယ်ရှိ မြို့နယ် ခုနစ်ခု တို့တွင် ပြုလုပ်
ပေးမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် မိုးပွင့်အဆင့် ၅ စီမံချက်ဖြင့် ဧပြီ ၁ ရက်မှ
စတင်ကာ အချိန်နှစ်လ ကွင်းဆင်း ဆောင် ရွက်ပေးမည်ဖြစ်ပြီး ကျန်နှစ်လကို
လည်း မြို့နယ် ရုံးများတွင် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။
(ဆက်ဖတ်ရန်.......)
အိန္ဒိယနိုင်ငံ Sriharikota အာကာသ လွှတ်တင်ရေး ဌာနမှ ဂြိုဟ်တု ၇ လုံးအား အောင်မြင်စွာ လွှတ်တင်
အိန္ဒိယနိုင်ငံအနေဖြင့် Andhra Pradesh ပြည်နယ်တောင်ပိုင်းရှိ Sriharikota အာကာ
သ လွှတ်တင်ရေး ဌာနမှ SARAL ဟုခေါ်ဆိုသော အင်ဒို- ပြင်သစ် ဂြိုဟ်တုတစ်လုံး 
အပါအဝင် အာကာသ အတွင်းသို့ ဂြိုဟ်တု ၇ လုံးအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့
တွင် အောင်မြင်စွာ လွှတ်တင်နိုင် ခဲ့ကြောင်း သတင်း အရင်းအမြစ် များက ဖော်ပြ
ခဲ့ ပါသည်။
အိန္ဒိယ အာကာသ သုတေသန အဖွဲ့အစည်း (ISRO) ၏ ပြည်တွင်းလုပ် ဝင်ရိုးစွန်း 
ဂြိုဟ်တု လွှတ်တင်ရေးယာဉ် (PSLV) အား ဒေသ စံတော်ချိန် ညနေ ၆ နာရီ ၁ မိနစ်
အချိန်ခန့်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါနှင့် ဒိန်းမတ်
နိုင်ငံတို့မှ အသေးစား ဂြိုဟ်တု ၆ လုံး ပါဝင်ပြီး သမုဒ္ဒရာ ဆိုင်ရာ အချက် အလက်
များကို လေ့လာရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။
(ဆက်ဖတ်ရန်.......)
ဗမာပြည်နယ်ရရှိရေး ဒို့အရေး
(ဆက်ဖတ်ရန်.......)
"မအူပင်မြို့နယ်တွင် ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လူအသေအပျောက် ရှိနေကြောင်း သတင်းထွက်"
ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊မအူပင် မြို့နယ် အရှေ့ဘက်ရှိ မလက်တိုကျေးရွာအုပ်စု ၊
ပလောင်ကျေးရွာတွင် လယ်ယာမြေ ကိစ္စကြောင့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကာ ပြည်သူနှင့် ဒေသ အာဏာပိုင်ကြား အခင်းဖြစ်ပွားခြင်းကြောင့်
ပြည်သူတစ်ချို့ အသေအပျောက်ရှိနေကြောင်း မအူပင်ဒေသခံတစ်ဦးကယနေ့
ည ၁၀ နာရီ ခန့်တွင် ပြောသည်။
ယခုလ ၂၄ ရက်နေ့မှ စ၍ မအူပင်ဒေသခံတောင်သူတို့မှကွင်းအမှတ် ၉၆၉ မှ လယ်မြေသိမ်းယူထားမှု နှင့်ပတ်သတ်၍ ဆန္ဒပြရန် ၄င်းကျေးရွာရှိ ကန်ဘောင်တွင်
 တောင်သူအင်အား ၂၀၀ ခန့်ဖြင့် စုစည်းထားခဲ့သောကြောင့် ယနေ့ညနေ ၃ နာရီ
ဝန်းကျင်တွင် ရဲအင်အား ၂၀၀ ခန့်မှ ကန်ဘောင်သို့ ရောက်ရှိလာခဲ့ပြီးခရိုင် အုပ်
ချုပ်ရေးမှုး လက်မှတ်ဖြင့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့ကြောင်းသိရသည်။
" ကန်ဘောင်မှာ ရဲတွေ ၁၀ ယောက်နီးပါးက ပြည်သူတွေဘက်ကို တုတ်တွေနဲ့ ကျွံလာတာမှာ တောင်သူတစ်ယောက်က ဆွဲလိုက်တာကနေ ရိုက်တာတွေ ဖြစ်
ခဲ့တယ်၊ခုထိတော့ ဆေးရုံမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာနေတုန်းပဲ၊
သေတာတွေ ရှိတယ်ဆိုတာ ပဲကြားတာ၊စာရင်းအတိအကျမရသေးဘူး၊" ဟု
 ဒေသခံတစ်ဦးကဆိုသည်။
(ဆက်ဖတ်ရန်.......)
ဒေါ်အောင်ဆန်းစုကြည် ကိုယ်ပိုင်ကားအတွင်း အခိုးခံရ
ပြည်သူ့လွှတ်တော်၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရ
ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ 
မှ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့၊နံနက် ၉နာရီဝန်းကျင် အချိန်တွင် 
ရန်ကုန်-မန္တလေး အမြန်လမ်းမ ၁၁၅မိုင် စားသောက်ဆိုင်များအနီး၊ဖြူးမြို့နယ်
အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ Double cab ပုံစံမျိုး ကားက ရန်ကုန်-မန္တလေး အမြန်
လမ်းမကြီး ၁၁၅ မိုင်မှာ ၀င်နားနေတုန်း အခုလို အခိုးခံခဲ့ရတာပါ။ ကားပေါ်မှာ ပုံး
အလွတ်၊ ခွက်အလွတ်တွေ တင်ထားတယ်။ ကားမောင်းတဲ့သူနဲ့ အခြားကားပေါ် 
ပါလာတဲ့ သူနှစ်ယောက်က ကားကိုရပ်ထားခဲ့ပြီး လက်ဖက်ရည် ဆင်းသောက်
တယ်။ ပြန်လာတော့ ပစ္စည်းတစ်ချို့ မတွေ့ရတော့ဘူး။ အဲလိုဖြစ်တာကို ရဲတွေသိ
သွားပြီး အနီးအနား ရွာတွေအထိ လိုက်ရှာပေးပါတယ်။ ကျွန်တော်တို့ကလည်း 
 သေချာစိစစ်လိုက်တော့ အခိုးခံရတဲ့ ပစ္စည်းက တန်ဖိုးကြီးတဲ့ ပစ္စည်း မဟုတ်တာ
ကြောင့် ရဲစခန်းမှာ အမှုမဖွင့်တော့ပါဘူး။ အခိုးခံရတဲ့ ပစ္စည်းက ဒေါ်အောင်ဆန်း
စုကြည် ပစ္စည်းတော့ မဟုတ်ပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားခဲ့သည်။(Eleven)
(ဆက်ဖတ်ရန်.......)
မြန်မာနိုင်ငံအစစ်အမှန် လွတ်လပ်ပြီဖြစ်ကြောင်း ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးကပြောဆို
မြန်မာနိုင်ငံအစစ်အမှန် လွတ်လပ်ပြီဖြစ်ကြောင်း ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး
ကပြောဆိုလိုက်သည်။"ဒေါ်အောင်ဆန်းစုကြည်က အင်တမန်ချစ်စရာကောင်းတဲ့ 
အမျိုးသမီးပါ ၊ သူမကို ကျွန်တော်အရမ်းသဘောကျပါတယ်၊ အခုအချိန်မှာ မြန်မာ
နိုင်ငံမှာ အစစ်အမှန် လွတ်လပ်နေပါပြီ ဆက်လက်ပြီးတော့လည်း အရှိန်အဟုန်နဲ့ အမှန်တကယ်လွတ်လပ်မှုကို ကျွန်တော်တို့မြင်ချင်ပါတယ် " ဟု ဒေါ်အောင်ဆန်း
စုကြည်နှင့် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးတို့သည် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီက ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်တွေ့ဆုံပြီးနောက် ယင်းကအထက်ပါ
အတိုင်း သတင်းမီဒီများသို့ပြောကြားခဲ့သည်။တောင်အာဖရိကနိုင်ငံမှ ဘုန်းတော်ကြီး
ဒက်စ်မွန်တူးတူးသည် ၁၉၈၄ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့ပြီး 
ပထမဆုံးလူမည်းဘုန်းတော်ကြီးတစ်ပါးအနေဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးသည်ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ဖေဖော်
ဝါရီ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ အမေရိကန်စင်တာ၌ ဆွေးနွေးပွဲ တစ်ရပ်ကျင်းပပြု
လုပ်မည် ဖြစ်ကြောင်းသိရသည်။  
ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် 
ကျခံနေရစဉ် ကာလအတွင်းတွင် သူမလွတ်မြောက်ရေး အတွက် အစဉ်တစိုက်တိုက်
တွန်းပြော ဆိုခဲ့သူ တစ်ဦးလည်းဖြစ်သည်။
(ဆက်ဖတ်ရန်.......)
ဦးသိန်းစိန် ဥရောပခရီးစဉ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နော်ဝေ၊ ဖင်လန်၊ သြစတြီး
ယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ဖေဖော်ဝါရီ
(၂၅)ရက်နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့်
ထွက်ခွာခဲ့ပြီးရန်ကုန်မြို့ မှတစ်ဆင့် ထိုင်းနိုင်င်ငံဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာလေ
ဆိပ်သို့ ညပိုင်းတွင်ရောက်ရှိသည်။
နိုင်ငံတော်သမ္မတအားထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီးMr. IsornPocmontri နှင့်
တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးတင်ဝင်း၊ စစ်သံမှူးဗိုလ်မှူးကြီး ဝင်း
မောင်နှင့် သံရုံး၊စစ်သံရုံးတို့မှ ဝန်ထမ်းများက ကြိုဆိုကြသည်။ 
 ထို့နောက် နိုင်ငံတော်သမ္မတသည် ထိုင်းလေကြောင်းခရီးစဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ဖေဖော်ဝါရီ
(၂၆)ရက် ဒေသစံတော်ချိန် နံနက်(၆)နာရီ(၁ဝ)မိနစ်တွင် နော်ဝေနိုင်ငံအော်စလိုမြို့သို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတအား နော်ဝေနိုင်ငံသံတမန်ဌာနအကြီးအကဲ Ms. Merete Brattested၊ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Mr. KatjaNordgaard၊ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် သံရုံးဝန်ထမ်းများ
က အော်စလိုအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် Hotel Continental သို့မော်တော်ယာဉ်ဖြင့် ရောက်ရှိသည်။
(ဆက်ဖတ်ရန်.......)
တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေး ကျမ်းသစ္စာ ကျိန်ဆို
ဆိုးလ် ဖေဖော်ဝါရီ ၂၅
တောင်ကိုရီးယား နိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာသူ ပတ်ဂွန်ဟေးသည် 
သူမ၏ သမ္မတ ရာထူး အတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်း အနားကို ဖေဖော်ဝါရီ 
၂၅ ရက်တွင် ကျင်းပခဲ့သည်ဟု သိရသည်။
ပတ်ဂွန်ဟေး၏ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကိုဆိုးလ်မြို့ရှိအမျိုးသားညီလာခံ အဆောက်အအုံ ရှေ့၌ ပြည်သူလူထု အင်အား ၇ဝဝဝဝ ၏ ရှေ့မှောက်တွင် ပြုလုပ် 
ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ပတ်ဂွန်ဟေးက မြောက်ကိုရီး
ယား နိုင်ငံကို ၎င်းတို့၏ နျူကလီးယား အစီအစဉ်အား စွန့်လွှတ် ရန်နှင့် နိုင်ငံတကာ 
အဖွဲ့ အစည်းများနှင့် ပြန်လည် ပေါင်းစည်းရန် တောင်းဆို ခဲ့သည်။
ထို့အပြင် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုသည် ကိုရီးယား လူမျိုးများ၏ 
အနာဂတ် ရှင်သန် ရပ်တည်မှု အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်ကြောင်း၊ နျူကလီးယား 
အစီအစဉ်နှင့် ပတ်သက်ပြီး အကြီးမားဆုံး ထိခိုက်ရမည်မှာ မြောက်ကိုရီးယား နိုင်ငံ
သားများ ကိုယ်တိုင်ပင် ဖြစ်လိမ့်မည် ဖြစ်ပြီး ထိုအမှားမျိုး မပြုလုပ် သင့်ကြောင်း
တောင်ကိုရီး ယား သမ္မတ ပတ်ဂွန်ဟေးက ပြောကြားသည်။
မိမိနိုင်ငံ၏ လုံခြုံမှုနှင့် မိမိနိုင်ငံသားများ အပေါ် ခြိမ်းခြောက်လာမည့် မည်သည့် လုပ်
ရပ်မျိုးကိုမဆို မိမိ အနေဖြင့် သည်းခံသွားမည် မဟုတ်ကြောင်း၊ မြောက်ကိုရီးယားနှင့် 
ယုံကြည် မှု တည်ဆောက်ရေး မူဝါဒကို ချမှတ် လုပ်ဆောင်သွားရန် ကတိ ပေးခဲ့ပြီး 
 နိုင်ငံအတွက် အခြေခံကျသည့် လုပ်ငန်းစဉ် များကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့် 
ချမှတ် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပတ်ဂွန်ဟေးက ထပ်လောင်း ပြောကြား
ခဲ့သည်။
တောင်ကိုရီးယား သမ္မတ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသည် နှစ်နာရီခွဲ ကြာ
မြင့်ခဲ့ပြီး အခမ်းအနား ကို ဂုဏ်ပြုသည့် အနေဖြင့် သေနတ် ၂၁ ချက် ပစ်ဖောက် ခဲ့
ကြောင်းနှင့် အခမ်းအနားတွင် ကိုရီးယား ရက်ပ်ပါ Psy မှ ၎င်း၏ ဂမ်နမ်စတိုင် သီချင်း
ဖြင့် သီဆို ဖျော်ဖြေ ခဲ့ကြောင်း သိရသည်။
(ဆက်ဖတ်ရန်.......)
Saturday 23 February 2013
ချင်းအမျိုးသားနေ့အဖြစ် ပထမဆုံးကြိမ် အမည်ပြောင်း ကျင်းပမည်
ယခင်က ချင်းပြည်နယ်နေ့ဟု သတ်မှတ်ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ချင်းအမျိုးသားနေ့
အဖြစ် ပထမဆုံးအကြိမ် အမည်ပြောင်းလဲ ကျင်းပနိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသား
ပါတီ အတွင်းရေးမှူး ကိုငယ်ပီးက မဇ္ဈိမသို့ ပြောသည်။
“ဒီဇင်ဘာ၁ရက်မှာ ချင်းတပ်ဦးနဲ့  အစိုးရ သဘောတူပြီး လွတ်တော်က တစ်ဆင့်
ချင်းအမျိုးသားနေ့ ဆိုပြီးပြောင်းလဲ လိုက်တာပါ။ဒီနှစ်တော့  ကျင်းပခွင့် ရပါပြီ။”ပာု
ကိုငယ်ပီး ဆက်လက်ပြောသည်။
ယခင် နအဖ အစိုးရလက်ထက်က ချင်းအမျိုးသားနေ့ဟု တရားဝင်နာမည် သုံးစွဲ
ကျင်းပခွင့်မရခဲ့ပေ။ ယခုနှစ်တွင် ချင်းအမျိုးသားနေ့ အဖြစ်  ကျင်းပနိုင်ရန် ယမန်နှစ်
ဒီဇင်ဘာ၁ရက်နေ့က ချင်းအမျိုးသားတပ်ဦးနှင့်   အစိုးရတို့  သဘောတူညီမှု ရရှိခဲ့ 
ပြီး ပြည်နယ် လွတ်တော်တွင် ချင်းပါတီ အချို့ က အဆိုပြုခဲ့ရာအောင်မြင်ခဲ့ခြင်း
ကြောင့် ဖြစ်ကြောင်း အတွင်းရေးမှုး ကိုငယ်ပီး ကပြောသည်။
လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၈ ဖေဖော်ဝါရီ ၂၀တွင် ချင်းပြည်နယ် ဖလမ်းမြို့တွင် စော်ဘွားအုပ်ချူပ်သည့် စနစ်အား ပယ်ဖျက်၍ ဒီမိုကရေစီစနစ်ဆန်
ဆန် လူထုက ခေါင်းဆောင်တဦးကို ရွေးကောက်တင်မြှောက်နိုင်ခဲ့သည့် နေ့ဖြစ်
သဖြင့်ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ကိုငယ်ပီးက ရှင်း
ပြခဲ့သည်။
ထို့ကြောင့် ယခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ သဘောတူညီမှုဖြင့် ချင်းအမျိုးသားနေ့
ဟု ပြောင်းလဲ သတ်မှတ် ကျင်းပ ခွင့်ရခြင်းအပေါ် ချင်းပြည်နယ် ဒေသခံများက ကြို
ဆိုလျှက်ရှိကြောင်း နှင့် ကြိုဆိုခြင်းသည် သမိုင်းဝင်ခဲ့သည့်နေ့တစ်နေ့အား ပြန်လည် အသက်သွင်းနိုင်ခဲ့ ခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံအရေးလေ့လာသော ချင်းအမျိုး
သား ကိုဆလိုင်း မာန်ကပြောသည်။
၎င်းက “ ဒီနှစ် ချင်းအမျိုးသားနေ့  အဖြစ် ကျင်းပနိုင်တာ ကျွန်တော် အရမ်း ၀မ်းသာပါ
တယ်။ဘာကြောင့်  လဲ ဆိုတော့  ချင်းပြည်နယ်နေ့ နဲ့  ချင်းအမျိုးသားနေ့ က မတူပါ
ဘူး။အမျိုးသားနေ့  ဆိုတာ သမိုင်းက ဖော်ထုတ်ခဲ့တဲ့ နေ့ဖြစ်လို့ ပါ။”ပာု ပြောသည်။
ယခုနှစ် ချင်းအမျိုးသားနေ့  အား ရန်ကုန်မြို့  သမိုင်းလမ်းဆုံရှိ လှိုင်ခန်းမတွင် ကျင်းပ
ပြုလုပ်မည် ဖြစ်ပြီး ယခင် က တက္ကသိုလ်မောင်မယ်များသားရွှေးချယ်ရာမှ ယခုနှစ်
တွင် ချင်းအမျိုးသားနေ့  ပြရုပ်များ ပုံဖော်မည်ဖြစ်ကြောင်း သိရသည်။ ယခုအကြိမ်
ကျင်းပမည့် ချင်းအမျိုးသားနေ့မှာ (၆၅)ကြိမ်မြောက် ဖြစ်ပြီး နိုင်ငံရပ်ခြားရှိ ချင်းလူ
မျိုးများ နေထိုင်ရာ ပြည်နယ်များတွင် ချင်းအမျိုးသားနေ့ အခမ်းအနားအား ကျင်းပ
ရန် စီစဉ်နေကြသည်။
(ဆက်ဖတ်ရန်.......)
ပြည်ထောင်စုဝန်ကြီး သုံးဦးနှင့် အလုပ်သမားအဖွဲ့အစည်း ၄၈ ဖွဲ့မှ ကိုယ်စားလှယ်များ ဆွေးနွေး
ပည်ထောင်စုဝန်ကြီး သုံးဦးနှင့် အလုပ်သမားအဖွဲ့အစည်း ၄၈ ဖွဲ့မှ ကိုယ်စားလှယ်
များ ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)တွေ့ဆုံရာတွင် အလုပ်ရှင်များက တည်ဆဲဥပဒေ
များအား မလိုက်နာခြင်း၊ သမဂ္ဂများ ဖွဲ့စည်းရာတွင် အခက်အခဲများရှိခြင်းတို့အား 
တင်ပြဆွေးနွေးကြသည်။
တက်ရောက်လာသော အဖွဲ့အစည်းများမှ တင်ပြချက်နှင့် ပတ်သက်၍ သမ္မတရုံး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "ကျွန်တော်တို့နိုင်ငံမှာ တွေ့နေရ
တဲ့ အကြောင်းအရာတစ်ခုက စောင့်ကြပ်စစ်ဆေးမှု မရှိတာဘဲ။ ဘာပဲလုပ်လုပ်
စောင့်ကြပ်စစ်ဆေးတဲ့ အစီအစဉ်မရှိတဲ့အခါကျတော့ အမိန့်တွေ ထုတ်ပေးလိုက်
လည်း ဘယ်သူမှမလိုက်နာဘူး"ဟု ရှင်းလင်းပြောကြားသည်။
အစိုးရအဖွဲ့က အလုပ်သမားနှင့် လယ်သမားသမဂ္ဂများ ပေါ်ပေါက်လာရန် မျှော်
လင့်ပြီး မျှတသော သမဂ္ဂများဖြစ်ပါက အလုပ်သမားများက အားကိုးလာမည်ဖြစ်
ကြောင်းလည်း ၀န်ကြီးဦးစိုးသိန်းက ပြောကြားခဲ့သည်။
အစိုးရက အလုပ်သမားအသင်းအဖွဲ့များ စတင်ဖွဲ့စည်းခွင့်ပြုခဲ့သည့် ပြီးခဲ့သည့်နှစ်
မှ ယခုအချိန်ထိ ငြိမ်းချမ်းစွာ တောင်းဆိုသော်လည်း အလုပ်ထုတ်ခံရသော အလုပ်
သမား ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသာ
ရှေ့နေဦးဌေးက ပြောသည်။
ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီခွဲမှ ၁၂နာရီထိ မြန်မာငြိမ်းချမ်းရေးစင်တာတွင်
ပြုလုပ်သော တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ 
တက်ရောက်လာပြီး တက်ရောက်လာသော အလုပ်သမားအဖွဲ့ ၄၈ ဖွဲ့မှ ကိုယ်
စားလှယ် ၂၈ ဦးက ဆွေးနွေးတင်ပြချက်များအား သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနှင့် 
အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေး
ခဲ့ကြသည်။(7day News)
(ဆက်ဖတ်ရန်.......)
ACR News
Febr 24,2013 Acr Weekly News Letter(Jpg) by
(ဆက်ဖတ်ရန်.......)
Wednesday 20 February 2013
ကာချုပ်မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု သတင်းများထွက်ပေါ်လာခြင်းကြောင် စစ်တပ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်သွား
၂၀/ဖေဖော်ဝါရီ/၂၀၁၃
တပ်ချုပ်သန်းရွှေ၏အသိုင်းအဝိုင်းမှ ကာချုပ်မင်းအောင်လှိုင်အပေါ် မလိုလားဟန်
များထွက်ပေါ်လာပြီးနောက်မှာ ကာချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်
တွ့ဆုံဖို့ ပြင်ဆင်နေကြောင်း သတင်းများထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
ကာချုပ်မင်းအောင်လှိုင်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသင့်သော အချိန်ဖြစ်
နေပြီဟု ညှိကွပ်လှဌေးဝင်းက အကြံပြုခဲ့ခြင်းဖြစ်သည်ဟု တီတိုးသတင်းများအရ
ထပ်မံသိရှိရသည် . .
ဒီသတင်းထွက်လာတဲ့အတွက် ကထစမှူး တိုင်းမှူး နဲ့ တပ်မမှူးတွေ ရဲ့ အသိုင်း
အဝိုင်းတွေကြားမှာလည်း အားလုံးက သာဓုခေါ်နေကြတယ်လို့ သိရပါတယ် . .
အငယ်တန်းတပ်မှူးတွေ အထူးသဖြင့် ရှေ့တန်းမှာ ကိုင်တွယ်နေရတဲ့ တပ်မှူး
တွေကလည်း ကာချုပ်ရဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက်တွေ့ဆုံမယ် 
ဆိုတဲ့သတင်းအပေါ် အားရပါးရထောက်ခံ နေကြကြောင်း သိရှိရပါတယ် . . .
လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကတော့
အခြေအနေကိုစောင့်ကြည့်လျှက်ရှိပြီး ကာချုပ်ကို အကြံပေးခဲ့တဲ့ ညှိကွပ် 
လှဌေးဝင်း နဲ့ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီး
ဟောင်း ဦးရွှေမန်းကို ကျေးဇူးတင်နေကြကြောင်းသိရပါတယ် . . .
လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်နေတာ
ဟာ သန်းရွှေကို ကာကွယ်ဖို့မဟုတ် နုနုထွတ်ထွတ်ဗမာနိုင်ငံကို အန္တရာယ်တွေ
ကြားက ကယ်တင်နိုင်အောင် ဝှက်ဖဲတစ်ခုအဖြစ် အသုံးချဖို့သာရည်ရွယ် ထား
တာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ် အသိုင်းအဝိုင်းက တီတိုး
သတင်းထွက်လာပါတယ် . .
လွှတ်တော်ထဲရောက်နေတဲ့ ကြံခိုင်ရေးပါတီမှ ကိုယ်စားလှယ်များကလည်း ဒီသ
တင်းကိုကြိုဆိုလိုက်ကြပြီး နိုင်ငံရေးကို စိတ်မဝင်စားတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်
တွေကလည်း မြန်မြန်အဆင်ပြေချင်ပါပြီဗျာ လွှတ်တော်ထဲမှာ ကျနော်တို့က တ
ကယ်ကြားညပ်နေတာ ကျနော်တို့ဒီဘဝကကျွတ်ချင်နေကြပါပြီ လို့ ပြောခဲ့
ကြောင်းသိရပါတယ် . .
လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း ယမန်နေ့က လွှတ်တော်မှာ ကိုယ်စားလှယ်များရဲ့ မေးမြန်းချက်များကို ဝန်ကြီးဌာနများမှ ဝေ့လည်ကြောင်
ပတ်ဖြေဆိုနေမှုများကို ရပ်တန်းကရပ်ဖို့ ဝန်ကြီးဌာန ကိုယ်စားလှယ်များကို သတိပေးပြောကြားလိုက်ခြင်းအားဖြင့် ကာချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်
တွေ့ဆုံဖြစ်တော့မယ် ဆိုတဲ့သတင်းအပေါ် သဘောတူကြောင့် သူ့ သဘော
ထားကို တဖက်လှည့် ထုတ်ဖော်ပြသလိုက်ပါတယ် .
သူက ဘယ်လောက်သိဘယ်လောက်တတ်လို့ ဒါမျိုးတွေလျှောက်လုပ်နေရ
တာလဲ သူကို အဘဆွဲတင်လို့ ဒီနေရာရောက်လာတာ သူကဘာကောင်မို့လဲ
 ဟု ယခင်ပြန်ကြားရေးဝန်ကြီး ယခုသမဝါယမဝန်ကြီးဦးကျော်ဆန်းက တုန့်ပြန်
သည်ဟု သမဝါယမ အသိုင်းအဝိုင်းမှ သိရပါတယ် . . .
ဒီကိစ္စက သူဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ပါဘူး ဘယ်အချိန်မှာ သွားတွေ့ရမလဲ
ဆိုတာ အဘသန်းရွှေပဲ ဆုံးဖြတ်ရမယ့်ကိစ္စပါ အဘသန်းရွှေက ကျနော်တို့ကို ပြုစု
စောင့်ရှောက်လာတာပါ အဘသန်းရွှေက ကျနော်တို့ထက်ပိုပြီး အမျှော်အမြင်ရှိ
ပါတယ် ။
အဘစိတ်ကွက်စေမယ့်အလုပ်မျိုးကို ကျနော်တို့ မလုပ်သင့်ပါဘူး လို့ လက်ရှိ
ကြံ့ဖွံ့ခေါင်းဆောင်လည်းဖြစ် တပ်ချုပ်သန်းရွှေဆီ ဝင်ထွက်သွားလာဖြစ်နေသော
ဦးဌေးဦးက သူ့ကို တီးခေါက်လာသူများကို ဖြေကြားခဲ့ပါတယ် . .
ဒါကြောင့်အစောကတည်းက ဒီကောင့်ကို ဒီနေရာမပေးဖို့ အဘကို အတန်တန်
တားခဲ့သေးတာ . . ဟို ရွှေမန်းဆိုတဲ့အကောင်ကလည်း မြှောက်ထိုးပင့်ကော်လုပ်
နေလို့ ဒီကောင်ဘဝင်ဟပ်သွားတာ ဖြစ်မှာ . . အဘသန်းရွှေကို ကျော်ရဲလို့လား 
အဘကိုကျော်ရင် ဒီကောင် ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာ ရှေ့က အကောင်
တွေကို ကြည့်ရင် အသိသာကြီးပါ ဒီကောင်တကယ်သတ္တိမရှိပါဘူး လို့ ဦးအောင်
သိန်းလင်းက တီးတိုးမေးမြန်းလာသူကို ဒေါသတကြီးတုန့်ပြန်တယ်လို့လည်း 
သိရပါတယ် . .
တပ်ချုပ်သန်းရွှေ၏ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းမှလည်း ကာချုပ်မင်အောင်
လှိုင်အပေါ် ဖိအားပေး အရေးယူမှုတစ်ခုခုလုပ်ရန် သန်းရွှေ၏ လုံခြုံရေးအရ
နေပြည်တော်တွင် တပ်မတော်နေ့အမ်းအနား ပြုလုပ်မည့် အစီအစဉ်ကို ဖျက်
သိမ်းပစ်ရန် နှင့် တပ်မတော်နေ့မတိုင်ခင် ကာချုပ်မင်းအောင်လှိုင်ကို ထိ
ရောက်သော ဖိအားပေးမှု အရေးယူမှုတစ်ခုခု အလျှင်အမြန် ဆောင်ရွက်ရန် တပ်ချုပ်သန်းရွှေကို တောင်းဆိုမှုများပြုလုပ်လျှက်ရှိသည်ဟု သတင်းရရှိသည်။
တရုတ်ထောက်လှမ်းရေးများကလည်း အခြေအနေများကို တရုတ်ပြည်သို့ သတင်းပေးပို့လျက်ရှိပြီး လောလောဆယ်တွင် တရုတ်ပြည်မှ စောင့်ကြည့်အ
နေအထား နှင့် သတင်းများ လူဟောင်းများ၏ သဘောထားများ ကို လိုက်လံစုံ
စမ်းပေးပို့ရန် ညွှန်ကြားထားကြောင်းသိရသည် . .
ကာချုပ်မင်းအောင်လှိုင်အနေနဲ့ ဒီကာလမှာ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ 
အငြိမ်းစား သူငယ်ချင်းများမှ အကြံပြုထားကြောင်း သိရသည်။(မြန်မာ့နေ့စဉ်)
(ဆက်ဖတ်ရန်.......)
ဗိုလ်မှူးလှမြိုင် ရေးသော စာအုပ်
ဗိုလ်မှူးလှမြိုင်(ကြည်း၉၇၉၁)-ခလရ(၉၂)ရေးသားတင်ပြခဲ့သောလွန်ခဲ့သည့်နှစ်၃၀ အကြာမှစာတမ်းကိုအများပြည်သူများသိရှိလေ့လာနိုင်ရန်အတွက်ဖိုင်များခွဲ၍ဖြန့် ချီပေးလိုက်ပါသည်။ မြေမြို၍လူမျိုးမပျောက်၊လူမြိုမှလူမျိုးပျောက်သည်ကိုမမေ့ကြပါနဲ့ 
Pages From Immigration of Bangli Kalar Into Arakan State by
(ဆက်ဖတ်ရန်.......)
တည်ဆဲဥပဒေမှ နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်းအခန်းကဏ္ဍ
အခန်း (၄) နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း
၄၂။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း
     ရောက်ရှိနေထိုင်သူနှင့်ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီး
    သည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ
   လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် 
   ဗဟိုအဖွဲ့သို့နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်။
၄၃။ ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်းဖြစ်စေ၊ နိုင်ငံတော်
      ပြင်ပဖြစ်စေ မွေးဖွားသည့်အောက်ပါသူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန်
     လျှောက်ထားနိုင်သည် …
(က) နိုင်ငံသားနှင့်နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊
(ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွားသူများ၊
(ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊
(ဃ) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊
(င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊
၄၄။ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားသူသည်အောက်ပါအရည်အချင်းနှင့် ပြည့်
     စုံရမည် —
(က) ပုဒ်မ (၄၂) သို့မဟုတ် ပုဒ်မ (၄၃) ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီသူဖြစ်ခြင်း၊
(ခ) အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊
(ဂ) တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကို ကောင်းမွန်စွာပြောတက်ခြင်း၊
(ဃ) အကျင့်စာရိတ္တကောင်းမွန်ခြင်း၊
(င) ရူးသွပ်သူမဟုတ်ခြင်း၊
၄၅။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်
     ထောင်ကျခဲ့သောဤဥပဒေအာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံခြားသား
     မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည်နိုင်ငံသားပြုခွင့်ရရန် လျှောက်ထား
     လျှင်အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည် —
(က) အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊
(ခ) အကျင့်စာရိတ္တကောင်းမွန်ခြင်း၊
(ဂ) ရူးသွပ်သူမဟုတ်ခြင်း၊
(ဃ) တစ်လင်တစ်မယားဖြစ်ခြင်း၊
(င) တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းအဖြစ် နိုင်ငံတော်အတွင်း အနည်း
     ဆုံးသုံးနှစ် အဆက်မပြတ် နေထိုင်ခဲ့ခြင်း။
၄၆။ (က) နိုင်ငံသားပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူသည် ပြည်ထဲရေး
      နိုင်ငံတော်၏သစ္စာကိုခံယူကြောင်း၊နိုင်ငံတော်၏ဥပဒေများကို ရိုသေလိုက်
      နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော တာဝန်နှင့်အခွင့်အရေးများကို သိရှိ
      ကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာ ပြုရမည်။
(ခ) နိုင်ငံသားပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သော နိုင်ငံခြားသားမှတ်ပုံ
     တင်လက်မှတ်ကိုင်ဆောင်သူသည်ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်
     အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်
    ကြောင်း၊ နိုင်ငံတော်၏သစ္စာကိုခံယူကြောင်း၊ နိုင်ငံတော်၏ဥပဒေများကို ရိုသေ
    လိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောတာဝန်နှင့် အခွင့်အရေးများကို
    သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြုရမည်။
၄၇။ နိုင်ငံသားပြုခွင့်လက်မှတ်တွင် လျှောက်လွှာ၌ဖော်ပြထားသော သားသမီး၏အ
      မည်ကိုဗဟိုအဖွဲ့ကထည့်သွင်းနိုင်သည်၊ အမည်ထည့်သွင်းပေးခြင်းခံရသော 
     သားသမီးသည် နိုင်ငံသားပြုခွင့်ရသူဖြစ်သည်။
၄၈။ ပုဒ်မ (၄၇) အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက် 
      တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူ ဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ (၄၆) ပုဒ်မခွဲ (က) ပါ
      အတိုင်း ကတိသစ္စာပြုရမည်။
၄၉။ (က) ပုဒ်မ (၄၇) အရ အမည်ထည်သွင်းပေးခြင်း ခံရသော သားသမီးသည် 
      အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးပါက အသက်ပြည့်သည့်နေ့မှစ၍ တစ်နှစ်
      အတွင်းပြည်ထဲရေးဝန်ကြီးဌာန၏သတ်မှတ်သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်
      တိုင်လာရောက်ပြီး ပုဒ်မ (၄၆) ပုဒ်မခွဲ (က) ပါအတိုင်းကတိသစ္စာပြုရမည်။
      (ခ) ပုဒ်မခွဲ (က)ပါအတိုင်း လိုက်နာရန်ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီး
      ဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ်ငါးဆယ်ကျစီ 
      ဒဏ်ငွေကို ပေးဆောင်စေရမည်။
၅၀။ တစ်နှစ်အတွင်း ကတိသစ္စာမပြုနိုင်ပါက ခိုင်လုံသောအကြောင်းပြ၍ ပြည်ထဲ
      ရေးဝန်ကြီးဌာန၏သတ်မှတ်သည့် အဖွဲ့အစည်းများမှတဆင့် ဗဟိုအဖွဲ့သို့
      လျှောက်ထားရမည်။ခိုင်လုံသောအကြောင်းမရှိပဲ အသက်နှစ်ဆယ့်နှစ်နှစ်
      ပြည့်သည့်နေ့မှကျော်လွန်လျှင် နိုင်ငံသားပြုခွင့်ရသူအဖြစ်ဆုံးရှုံးသည်။
၅၁၊ (က) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးလုံးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို 
     ဆုံးရှုံးလျှင် ထိုသူ၏နိုင်ငံသားပြုခွင့်လက်မှတ်တွင် ပါဝင်သော အသက်တစ်
     ဆယ့်ရှစ်နှစ် မပြည့်သေးသည့် သားသမီးနှင့်အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး   
     ကတိသစ္စာမပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ 
     ရပ်စဲသည်။
    (ခ) နိုင်ငံသားနှင့်နိုင်ငံခြားသားမိဘနှစ်ပါးအနက် နိုင်ငံသားအမိ သို့မဟုတ်   
         အဖသည် နိုင်ငံသားအဖြစ်ကိုဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်
        မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသောသားသမီး
       နှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြုရသေးသော သားသမီး
      သည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
    (ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် ဧည့်နိုင်ငံသား အမိ 
    သို့မဟုတ် အဖသည်ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော  
    လက်မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသော သားသမီး
    နှင့် အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြုရသေးသော သားသမီး
    သည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
(ဃ) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးအနက် နိုင်ငံသားပြုခွင့်ရသူ 
အမိသို့မဟုတ်အဖသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကိုဆုံးရှုံးလျှင်ထိုသူကိုင်ဆောင်
သောလက်မှတ်တွင် ပါဝင်သည့်အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သား
သမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြုရသေးသော သားသမီး
သည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
၅၂၊ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်
     ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံခြား
     သားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည်နိုင်ငံသားပြုခွင့်ရရန်လျှောက်
    ထားပြီး နိုင်ငံသားပြုခွင့်မရမီ ယင်း၏ဇနီး သို့မဟုတ် ခင်ပွန်းသေဆုံးလျှင်ဖြစ်
    စေ၊ကွာရှင်းလျှင်ဖြစ်စေ ထိုသူ၏နိုင်ငံသားပြုခွင့် လျှောက်ထားခြင်းသည်
    ပျက်ပြယ်သည်။
၅၃။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်—
(က) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်။
(ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။
(ဂ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်သော အခွင့်အရေးများမှ
     အပ နိုင်ငံတော်၏ ဥပဒေပါနိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။
၅၄။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်
      မရှိစေရ။
၅၅။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလ
     အတွင်းနိုင်ငံသားပြုခွင့်ရသူအဖြစ်ကို စွန့်လွှတ်ခွင့် မရှိစေရ။
၅၆။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားနှင့် 
     အိမ်ထောင်ပြုကာမျှဖြင့်နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် အလိုအ
     လျောက် မရှိစေရ။
၅၇။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ။
      အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊   
      အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ်အလားတူလက်မှတ်ကို ထုတ်ယူ
     လျှင်ဖြစ်စေ နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
၅၈။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်အောက်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်း
      လျှင်နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ဗဟိုအဖွဲ့က ရုပ်သိမ်းနိုင်သည် —
(က) နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်းရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ 
      ရန်သူနိုင်ငံကိုအထောက်အကူပြုသည့် နိုင်ငံများနှင့်ဖြစ်စေ၊ ထိုနိုင်ငံများ၏နိုင်
      ငံသားများ၊အဖွဲ့အစည်းများနှင့်ဖြစ်စေ ကုန်သွယ်ခြင်းသို့မဟုတ်ဆက်သွယ်ခြင်း
      သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း။
(ခ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း 
     အဖွဲ့ဝင်နှင့်ဖြစ်စေကုန်သွယ်ခြင်း၊သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့
     ပြုလုပ်ခြင်း တစ်ရပ်ရပ်ကိုအားပေးကူညီခြင်း။
(ဂ) နိုင်ငံတော်၏ အချုပ်အချာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ 
     အများပြည်သူတို့၏အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့်အန္တရာယ်
     တစ်ခုခုကို ပြုလုပ်နေသည်၊ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သောအ
     ကြောင်းရှိခြင်း။
(ဃ) နိုင်ငံတော်ကို အကြည်ညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အ
      မူအရာဖြင့်ဖြစ်စေ၊နုတ်အမူအရာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေပြသခြင်း။
(င) နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်း
     တစ်ခုခုကိုဖြစ်စေ၊အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊ အခြားနိုင်ငံများကိုဖြစ်စေ 
     သတင်းပေးခြင်း၊ ထိုသို့ပြုလုပ်ခြင်းကိုအားပေးကူညီခြင်း။
(စ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့်စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်
     သောကြောင့်အနည်းဆုံး ထောင်ဒဏ် တစ်နှစ် သို့မဟုတ် အနည်းဆုံး ငွေ
     ဒဏ် ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း။
၅၉။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်မဟုတ်မှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း
      ဖြင့် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ရရှိပါက နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်
    သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် တစ်ဆယ်နှစ်နှင့်ငွေဒဏ် ကျပ်ငါးသောင်း
     ကိုလည်း ကျခံစေရမည်။
၆၀။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်
      မှတ် သို့မဟုတ်ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့်လက်မှတ်
     ကို သူတစ်ဦးရရှိရန်အားပေးကူညီလျှင်နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်း 
     ခြင်းခံရမည့်အပြင် ထောင်ဒဏ်ခုနစ်နှစ်နှင့် ငွေဒဏ်ကျပ်တစ်သောင်းကိုလည်း 
     ကျခံစေရမည်။
၆၁။ နိုင်ငံသားအဖြစ်ရသူတစ်ဦးသည် ပုဒ်မ (၅၉)။ ပုဒ်မ ၆၀။ အရ သူတစ်ဦးကျူး
     လွန်သော အမှုကိစ္စကိုကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ ကိုယ်တိုင်ပါဝင်ကူညီဆောင်
     ရွက်ခဲ့လျှင်ဖြစ်စေ ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း 
    သို့မဟုတ် ကျူးလွန်ခဲ့သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန
    ၏သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ဖော်ထုတ်ဝန်ခံပါက ဤအမှုကိစ္စနှင့်
    စပ်လျဉ်းသော ပြစ်မှုပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိစေရမည်။
၆၂။ (က) နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏
     နိုင်ငံသားပြုခွင့်လက်မှတ်ကိုပယ်ဖျက်ထားသောလက်မှတ်ကို ကိုင်ဆောင်သူ
     သည်ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ပြန်လည်
     အပ်နှံရမည်။
(ခ) ပယ်ဖျက်ထားသော နိုင်ငံသားပြုခွင့်လက်မှတ်ကို ပြန်လည်အပ်နှံရန်ပျက်
     ကွက်လျှင်ဖြစ်စေ၊ဆက်လက် အသုံးပြုလျှင်ဖြစ်စေ၊ သူတစ်ဦးအား မသမာ
    သောနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ် တစ်ဆယ်နှစ်
    နှင့်ငွေဒဏ် ကျပ်နှစ်သောင်းကို ကျခံစေရမည်။
(ဂ) မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားပြုခွင့်လက်မှတ်ကိုဖြစ်စေ၊ သေ
     ဆုံးသူ နိုင်ငံသားပြုခွင့်ရသူ၏ လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင်
    ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။
၆၃။ မည်သူမဆို နိုင်ငံသားပြုခွင့်လက်မှတ်အတု ပြုလုပ်လျှင်ဖြစ်စေ၊ ထိုသို့ပြု
     လုပ်ရန် အားပေးကူညီလျှင်ဖြစ်စေ ထောင်ဒဏ် တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ် 
    ကျပ်ငါးသောင်းကို ကျခံစေရမည်။
၆၄။ နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည်
      နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ပြန်လည်လျှောက်ထားခွင့် မရှိစေရ။
(ဆက်ဖတ်ရန်.......)