Saturday 30 March 2013

“အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီးယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို”

ပြုံးယမ်း၊ မတ် ၃၀
  မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအားတိုက်ခိုက်
မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်
နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်
ဖော်ပြောဆိုခဲ့သည်။

နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက် ကိုရီးယား 
နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအ
တိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီးယားတို့က ဆိုထားပြီး အမေရိကန်မြို့
ကြီးများအားတိုက်ခိုက်မည့်အစီအစဉ်ဟု ဖော်ပြထားသောပုံကြမ်းတစ်ရပ်ကိုလည်း 
ထုတ်လွှင့်သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊ နယူး
မက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်
ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်းကမြောက်ကိုရီးယားတို့၏တတိယမြောက်နျူစမ်းသပ်မှုအပြီး 
ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ပိတ်ဆို့ အရေးယူမှုခံရပြီး ကတည်းက တိုက်ခိုက်မှုများပြုလုပ်သွားမည့် မြောက်ကိုရီးယားတို့က နေ့စဉ်လိုလိုခြိမ်းခြောက်မှု
ပြုခဲ့ကြသည်။

(ဆက်ဖတ်ရန်.......)

Friday 29 March 2013

မြန်မာဒုက္ခသည် ၅သိန်းလောက်ကို ဆော်ဒီကနေထိုင်ခွင့်ပေးမယ်

                                              ဓာတ်ပုံ- arabnews.com
 ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့ မြန်မာပြည်ကလူ ၅ သိန်းနီး
ပါးကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြုပြီးနေထိုင် ခွင့်ပေးမယ်လို့ ဆော်ဒီ မင်း
သား Khaled Al-Faisal က ပြောကြားလိုက် ပါတယ်။
“ဒါက ကျနော့်ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲကတခုပါ” လို့ မက္ကာအနီးက ကူ
ဒိုင်းမှာကျင်းပတဲ့ အခမ်းအနားတခုမှာ မင်းသား Prince Khaled က ပြောသွားတာကို 
မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေ နဲ့ အာရပ် သတင်းဌာန တခုဖြစ် တဲ့ 
ARAB NEWS မှာ ဖော်ပြထားပါတယ်။

“ကျနော် မက္ကာ အုပ်ချုပ်ရေးမှူးတာဝန်ရလာပြီးတဲ့နောက် ဘုရင် အဗ္ဗဒူလာဆီကို 
ကျနော်တင်ပြခဲ့တဲ့ ပထမဆုံး အဆိုပြုချက်ပါ” လို့ ဆော်ဒီမင်းသား Khaled က ပြော
ပါတယ်။

OIC အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ ဆော်ဒီ မြန်မာ အသိုင်း အ၀ိုင်း ခေါင်းဆောင်တွေအပါအ၀င်ကျယ်ကျယ်ပြန့်ပြန့် သြဘာပေးကြမှာဖြစ်တယ်
လို့လည်း ဆိုပါတယ်။

ဘုရင် အဗ္ဗဒူလာက မက္ကာမှာ ပြန့်ကျဲနေတဲ့ အဆိုပါ ခရိုင် အတွင်းနေထိုင်နေသူ 
မြန်မာမွတ်ဆလင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ ၀န်ကြီးဌာနနဲ့ ဆိုင်တဲ့ ကော်
မတီတခု ဖွဲ့ဖို့ကိုပါ အမိန့် ထုတ်ပြန်ခဲ့ပါတယ်လို့ လည်း မင်းသား Khaled က ပြော
ပါ တယ်။

“ဒါဟာ ကမ္ဘာမှာ ပထမဆုံးအတွေ့အကြုံဘဲ” လို့ ဆိုပြီး မက္ကာဒေသ ခရိုင်တွင်းမှာ 
တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်ယာသစ်များတည်ဆောက်ရုံသာမကအလားတူ အဲဒီမှာနေထိုင်နေကြတဲ့လူပေါင်း ၄ သိန်းက ၅ သိန်းထိ ကိုလည်း ပြန်လည် ပြုစု
ပျိုးထောင်ပေးမှာဖြစ်တယ်” လို့ မင်းသား Khaled က ရှင်းပြ ပါတယ်။

ဆော်ဒီအစိုးရက ဆော်ဒီရောက် မြန်မာမွတ်ဆလင် လူ့အဖွဲ့အစည်းကို ကျန်းမာ
ရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်တွေ ထောက်ပံ့သွားဖို့ ရှိ
တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့က သူတို့ကို အလုပ်အကိုင်တွေရဖို့ လေ့ကျင့်သင်ကြားပေးမှုတွေ
လည်း လုပ်မှာဖြစ်တယ်” လို့ မင်းသား Khaled က ဆိုပါတယ်။
မြန်မာ ၄ ဦး အလုပ်ခန့်ထားမှုကိုလည်း နိုင်ငံခြားသား ၁ ဦးနဲ့ တန်းတူ ထား ရှိ
တယ်လို့ အလုပ်သမား ၀န်ကြီးဌာနရဲ့ အစီအစဉ်မှာထည့်သွင်းထားတယ်လို့
ဆိုပါတယ်။

ဒါဟာ ကုမ္ပဏီတွေအနေနဲ့ မြန်မာတွေကို ပိုပြီး အလုပ်ခန့်ထားဖို့ ဖြစ်တယ် လို့
လည်း ဆိုပါတယ်။

အခု လက်ရှိ မက္ကာ၊ ဂျက်ဒါနဲ့ မဒီနာ ဒေသတွေမှာ မြန်မာမွတ်ဆလင်၃ သိန်းခွဲ
လောက် နေထိုင်နေ ကြတယ်လို့ သိရပါတယ်။ အရင်က တရားမ၀င်နေထိုင်ကြ
တာဖြစ်ပြီး အခုတော့ တရားဝင် ဒုက္ခသည်တွေ အဖြစ်နဲ့ နေထိုင်ခွင့် ရကြတော့
မှာပါ။မြန်မာနိုင်ငံမှာ လတ်တလော မိတ္ထီလာမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်တာနဲ့ 
တိုက်တိုက်ဆိုင်ဆိုင် ဒီသတင်း ပေါ်ထွက်လာတာပါ။


အိမ့်သံစဉ်
ဧရာဝတီ

(ဆက်ဖတ်ရန်.......)

Michael Learns to Rock အဖွဲ့ ရန်ကုန်ရောက်ရှိ

Michael Learns to Rock အဖွဲ့၏ ဂီတဖျော်ဖြေပွဲကို မတ်လ ၃၁ ရက်နေ့တွင် ကျင်း
ပြုလုပ်အတွက် ယနေ့ (မတ်လ ၂၉ ရက်နေ့) ၇ နာရီခွဲခန့်က ရန်ကုန်မြို့သို့ ရောက်ရှိ
လာခြင်းဖြစ်သည်။


(ဆက်ဖတ်ရန်.......)

မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းအရေး နိုင်ငံရေးပါတီများနှင့်လူထုများ တွေ့ဆုံဆွေးနွေးရှင်း

ကလေး၊ မတ် ၂၇။

မြွေတောင်တွင် နီကယ်သတ္တုထုတ်လုပ်မည့် စီမံကိန်းအရေး အတွက် ကလေးမြို့
ပေါ်ရှိပါတီများအားလုံးနှင့် လူထုတွေ့ဆုံပွဲ၊ မြွေတောင် ဖားတောင်ဆိုင်ရာ ဓါတ်ပုံ
ပြပွဲနှင့် သတ္တုရိုင်းနမူနာ ပြပွဲကိုယမန်နေ့ နံနက် (၉း၀၀)မှ ညနေ(၂း၃၀) နာရီအထိ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ နှစ်ခြင်းခရစ်ယာန် ရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့
ကြောင်း လူထုတွေ့ဆုံပွဲကို ဦးဆောင်သည့်ချင်းတောင်ဒေသ သယံဇာတ စောင့်
ကြည့် ရေးအဖွဲ့မှ ကိုတွမ်က ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ချင်းတိုးတက်ရေးပါတီမှ ဦးဗန်ကိန်း၊ Zomi Congressfor 
Democracy မှ Chin Sian Thang ၊ NLD မှ ဦးကိုလေး၊ ချင်းအမျိုးသားပါတီမှ ပူဇိုဇမ်၊
မြွေတောင်၊ ဖားတောင်နှင့် ကဘော်လွင်ပြင် စောင့်ကြည့်ရေးအဖွဲ့ကိုယ်စားနေ
သာဆရာတော်၊ လက်ပံချောင်းကျေးရွာ၊ မြလင်းကျေးရွာနှင့် ဟင်းပုပ်ကျေးရွာ စသည့် မြွေတောင်ဒေသခံ ကျေးရွာများမှ ကိုယ်စားလှယ်များပါဝင်ဆွေးနွေးခဲ့ကြ
သည်ဟု သိရသည်။
ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က မြွေတောင်၊နီကယ် သတ္တု ထုတ်လုပ်ရေး စီမံ
ကိန်းနှင့်ပတ်သက်ပြီး ချင်းအမျိုး သားပါတီ၏ သဘောထား(၁၀)ချက်ကို တင်ပြ
ဆွေးနွေးကြောင်း သိရသည်။
ချင်းအမျိုးသား ပါတီ၏ သဘောထား(၁၀)ချက်များမှာ -
“(၁) မြွေတောင်ဒေသ နီကယ်သတ္တုထုတ်လုပ်ရေး စီမံကိန်း နှင့် ပတ်သက်၍သတ္တု
တွင်း ၀န်ကြီးဌာန၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ တရားဝင် သတင်းထုတ်ပြန်
ချက်များကို မျှော် လင့်စောင့်စားနေပါသည်။
(၂) ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့်သတ္တုရှာဖွေ 
တူုး ဖော်ရေး ဥပဒေ(Mining Act)ကို အသေးစိတ်ရေးဆွဲ ပြဌာန်း ပေးရန်
(၃) မြွေတောင်တွင် နီကယ်သတ္တု တူးဖော်ခွင့်ရတဲ့ ကုမ္ပဏီအနေဖြင့်ပြည်သူလူထုကို
 တရားဝင် အသိပေးရန်၊
(၄)မြွေတောင် ထွက်ရှိသည့် သတ္တုအမျိုးအမည်ကို တိတိကျကျဖော်ပြီး ထုတ်ယူ
မည့်ပမာဏကိုလည်း တိတိကျကျ ဖော်ပြရမည်
(၅) သတ္တုတွင်း ဘေးထွက်ဆိုးကျိုး နည်းနိုင် သမျှ နည်းအောင် ဆောင်ရွက်ပေးရ
မည်။
(၆) သတ္တုတွင်း လုပ်သား ကျား၊မ မည်မျှပါဝင်မည်ကို အတိအကျ ဖော်ပြပေးရန်နှင့်
ထိုလုပ်သား များကို အချိန်မည်မျှ ထားမည်ကို ဖော်ပြရန်၊
(၇) ပြည်နယ်၊ ကုမ္ပဏီ နှင့် နိုင်ငံတော် အကျိုး ခံစားခွင့် % များကိုဖော်ပြရန်၊ စီမံကိန်း 
ဧရိယာနယ်မြေ တိတိကျကျ ဖော်ပြပေးရန်၊
(၈) သတ္တု တူးဖော်သည့်လုပ် ငန်းကြောင့် နစ်နာသည့် ပြည်သူများ၊ ကျေးရွာများကို
နိုင်ငံ တကာ စံချိန်စံညွှန်းအတိုင်း လျှော်ကြေးပေးရမည်။(၉) ပရော့ ဂျက်လုပ်ငန်း၏
Impact ထိခိုက်သည့် လုပ်ငန်းများကိုစောင့်ကြပ်ရန်လွတ်လပ်သည့် အဖွဲ့အစည်း
များရှိနေသင့် သည်။
(၁၀) ချင်းပြည်နယ် အစိုးရအနေဖြင့် စနစ်တကျမလုပ်ဆောင်နိုင်သေးသမျှမြွေ
တောင် သတ္တုစီမံကိန်းကို ကန့်ကွက်ခြင်း မဟုတ်သည့်တိုင် ချင်းအမျိုးသားပါတီ 
အနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်ရပြီး သတ္တုတူးဖော် ရန်အလွန်စောနေသည်ဟု ခံ
ယူပါသည်။”ဟူ၍ ဖြစ်ကြ သည်။

မြွေတောင်ဒေသနှင့် ကဘော်လွင်ပြင် စောင့်ကြည့်ရေး အဖွဲ့၏လှုပ်ရှား ဆောင်
ရွက်နေမှုများကို နေသာ ဆရာတော်မှ ရှင်းပြခဲ့ပြီးမြွေတောင်၊ ဖားတောင် နီကယ်
သတ္တု တူးဖော်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး ချင်းတောင်ဒေသ သယံဇာတ
စောင့်ကြည့်ရေး အဖွဲ့၏ ကြေငြာချက်ကိုထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
မြွေတောင်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်(23ံ25' N,49ံ 1' E) တွင်တည်ရှိ
ပြီး Nort Mining InvestmentCompany(NMIC) မှနီကယ် သတ္တုတူးဖော်ရေး လုပ်
ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)

(ဆက်ဖတ်ရန်.......)

ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကိုတွေ့ဆုံ

ကလေးမြို့ မြို့နယ်အုပ်ချုပ် ရေးမှူးသည်ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာများမှ ဘာသာရေးခေါင်း ဆောင်များနှင့် မတ်လ (၂၃) ရက် နှင့် (၂၄) ရက်နေ့များတွင်
တွေ့ဆုံ ခဲ့သည်။ တောင်ဖီလာကျောင်း၌ ဗုဒ္ဓဘာသာသံဃာတော်များနှင့် မြို့နယ်
အုပ်ချုပ်ရေးမှူးတို့သည် အခြားအကြောင်းအရာကိစ္စတစ်ခု ဖြင့် မတ်လ (၂၃) ရက်
နေ့တွင် တွေ့ဆုံခဲ့တာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးများကို ဆွေးနွေးခဲ့ကြ
ခြင်းဖြစ်ကြောင်း အထက်ချင်းတွင်းဒေသလူငယ်များ ကွန်ရက်အဖွဲ့ဝင်လူငယ်တစ်
ဦးမှ ပြောသည်။ 
အစ္စလာမ်ဘာသာဝင် များကိုတော့ မတ်လ (၂၄) ရက် နေ့ ညနေပိုင်းတွင် မြို့နယ်
အုပ်ချုပ် ရေးမှူးရုံးခန်းမှာပင်ခေါ်ယူတွေ့ ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ကလေး မြို့
မြို့နယ်အုပ်ချုပ်ရေးမှူးမှ “မိတ်္ထီလာနဲ့ ပတ်သက်တဲ့ အရေး အခင်းကိစ္စနဲ့ ပတ်သက်
ပြီးတော့ မိမိဒေသမှာ မကူးဆက်ပဲ ငြိမ်းချမ်း နေရေးအတွက် မြို့မိမြို့ဖများပါတီ များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရှေ့ဆက်ပြီး ဗလီမှာဘာသာရေး နဲ့ ပတ်သက်ပြီး 
တရားစခန်းဝင်ဖို့ တို့ ဘာတို့ရောက်လာတဲ့ သူတွေ ရှိရင်လည်း သတင်းပို့ပေးပါ။ 
သာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်မှာစိုးလို့ပါ။ နောက်ပြီး ဗလီနဲ့ ပတ်သက်လို့
အဆောက်အအုံ တိုးချဲ့တာတွေဘာတွေရှိမယ်ဆိုရင် လည်း သတင်းပေးပါ။ လိုအပ်
တာ ကိုလည်း ကူညီလို့ရတာပေါ့။ ကိုယ့်သဘောနဲ့ ကိုယ်မလုပ်စေချင် ပါဘူး။ 
တစ်မျိုးထင်စရာတွေဖြစ် လာမှာ စိုးလို့ပါ”လို့ပြောသည်။ အစ္စလာမ်ဘာသာရေးမှ အတွင်း ရေးမှူးဦးစိန်ထွန်းမြင့်ကတော့ “ကျွန်တော်တို့ဟာ ကျီးလန့်စာ စားနေရတဲ့ 
ဘ၀တွေပါ။ ဟိုနေရာ တဲ့ ဒီနေရာတဲ့ဆိုကြားလိုက်တာနဲ့ အရမ်းကို စိတ်လှုပ်ရှားရပါ
တယ်။ ကူကယ်ရာမဲ့ ဖြစ်နေရပါတယ်။ နေ့လား၊ ညလားမသိအိမ်မှာလည်း အမေအို
ရှိပါတယ်။ စိုးရိမ်ပါတယ်” လို့ ခံစားချက်ကို ရင်ဖွင့်ခဲ့သည်။ ကလေးမြို့ရှစ်လေးလုံး
အင်အားစု မှ ဦးအေးမြင့်ကလည်း” ပြဿနာ ကတော့ ကျွန်တော်တို့အချင်းချင်း
ကြားထဲမှာ ဘယ်ပုံဘယ်နည်းနဲ့မှ မရှိခဲ့ဘူး။ နောင်လည်းရှိလာမှာ မဟုတ်ဘူး။ 
သို့သော် ကြားထဲကနေ မတော်တဆမီးဖွားလေးတစ်ခုလွင့် လာခဲ့လို့ ဖြစ်သွားခဲ့ရင် 
ကျွန်တော် တို့မြို့ပဲနစ်နာမှာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များဘက်မှ ကျောင်း
ထိုင်ဆရာတော်နဲ့ သာရေး နာရေးအသင်းမှာ လှုပ်ရှားနေတဲ့ လူငယ်များကလည်း 
ကိုယ့်ဘက် ကပဲဖြစ်ဖြစ်သူ့ဘက်ကပဲဖြစ်ဖြစ် မှားတာမှန်တာ ဘေးမှာထား အစ
ၥလာမ္ဘာသာ၀င္မ်ားဘက္မွ စတင်ပြီးတော့မှ တစ်စုံတစ်ခုဖြစ် ပွားခြင်းမရှိအောင်
ထိန်းသိမ်းပေးဖို့ တာဝန်ကို ၀ိုင်းယူကြပါ”လို့ သတိပေးတိုက်တွန်းစကားပြော ကြား
ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲ များသို့အထက်ချင်းတွင်ဒေသလူ ငယ်များကွန်ရက်နှင့်
ရှစ်လေးလုံး အင်အားစု (ကလေးမြို့) မှ အဖွဲ့ ၀င်များလည်း တက်ရောက်ခဲ့သည်။ 
(၃) ရက်ကြားဖြစ်ပွားခဲ့သော မိတ်္ထီလာဘာသာရေးပဋိပက္ခမှတဆင့်တစ်နိုင်ငံလုံးပြန့်
နှံ့စပြီးကလေးဒေ သတွင်းမှာလည်း အုံကြွမှုပြဿနာ နှင့် ကြုံလာမည်ကိုကလေးဒေ
သခံ များကလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မင်းရဲစစ်နိုင်

(ဆက်ဖတ်ရန်.......)

Sunday 24 March 2013

ကလေးမြို့တောင်ဖီလာတောင်ဖြိုမည့်ကိစ္စ ဒေသခံဆရာတော်များမှဆက် လက်လုပ်ဆောင်ခြင်းမပြုရန်တားမြစ်ထား

ကလေးလေဆိပ်လေယဉ်ပြေးလမ်းတည်ဆောက်ရန်တောင်ဖီလာတောင်အား ဖြို
ဖျက်မည့်ကိစ္စအားချမ်းမြေ့အောင်စည်ဆရာတော်၊တောင်ဖီလာဆရာတော် ၀ိသု
ဒါရုံဆရာတော်၊နေသာဆရာတော်၊တောင်အူဆရာတော်၊ ဓမ္မရက္ခိတဆရာတောတို့
မှ၊ကလေးဒေသ၏သာသနာ့နယ်မြေဖြစ်သည့်အတွက်လုပ်ဆောင်ခြင်းမပြုရန်၊ တာဝန်ရှိသူများနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနတို့အားမိန့်ကြားကြောင်းယင်းပွဲသို့တက်ရောက်သောချင်းတွင်းလူငယ်ကွန်ယက်ထံမှသိရပါတယ်။
နေသာဆရာတော်မှတောင်ဖီလာတောင်သည်ကလေးဒေသ၏သင်္ကေတတစ်ခုဖြစ်
သည့်အပြင်ဒေသ၏အိုအေစစ်တစ်ခုဖြစ်ရန်ကြိုးစားနေကြကြောင်းနှင့်တောင်၏
သမိုင်းအားရှင်းလင်းမိန့်ကြားခဲ့ပါသည်။
ဂေါပကအဖွဲ့မှ၎င်းတောင်အားသာသနာနယ်မြေအဖြစ်ခောတ်အဆက်ဆက်က
တင်ပြခဲ့ပေမယ့်သတ်မှတ်ပေးခြင်းမရှိသည့်အပေါ်၊သတ်မှတ်ပေးရန်တောင်
ဆိုတင်ပြခဲ့ပါတယ်၊တာဝန်ရှိသူများမှဒေသခံများလက်မခံပါကပြုလုပ်မည်မဟုတ်
ကြောင်း အထက်အဆင့်ဆင့်တင်ပြသွားမည်ဖြစ်ကြောင်းလျှောက်ထားပါတယ်၊

ရင်းမြစ် - Kyàw Thêt Wíñ

(ဆက်ဖတ်ရန်.......)

ACR News

ACR Weekly News(Mar24)

(ဆက်ဖတ်ရန်.......)

Wednesday 20 March 2013

ချင်းအမျိုးသားတပ်ဦး တည်ထောင်ခြင်း (၂၅)နှစ်ပြည့် အခမ်းအနား

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသေးသရွေ့ခုခံတော်လှန်စစ် ဆက်ရှိနေဦးမယ်လို့ ဒီကနေ့
ကျရောက်တဲ့  ၂၅ နှစ်မြောက် ချင်းအမျိုးသားတပ်ဦး တည်ထောင်ခြင်း (၂၅) နှစ်
ပြည့် ငွေရတုသဘင်နေ့မှာ ချင်းအမျိုးသားတပ်ဦးက ကြေညာချက် ထုတ်ပြန်
လိုက်ပါတယ်။

ချင်းအမျိုးသားတို့အနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေး၊ ဖက်ဒရယ်ပြည်
ထောင်စုတည်ဆောက်ရေးနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် လက်
နက်ကိုင်တိုက်ပွဲဝင်လာခဲ့တာ ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ရည်မှန်းချက် မရောက်သေး
သရွေ့ဆက်ပြီးတော့ လက်နက်ကိုင်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
ချင်းအမျိုးသားတပ်ဦး၏ ထုတ်ပြန်ကြေငြာချက်ကို ဆလိုင်းထောင်ခင်းပေါင်က
ဖတ်ကြားသွားပါသည်။

ချင်းအမျိုးသားတပ်ဦးဟာ အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေး ထိုးပြီးတဲ့
နောက်နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ
တဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်
စီ) နဲ့ ပူးတွဲဆွေးနွေးသွားမယ်လို့လည်း ပါရှိပါတယ်။
                             အဖွင့်အမှာစကားပြောသော ဆလိုင်းယောဟန်

ယနေ့ ကြရောက်တဲ့ ချင်းအမျိုးသားတပ်ဦး၂၅နှစ်ပြည့် ငွေရတုအခမ်းအနား
ကိုမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Lautu Chin Christian Church တွင်
လည်း နေ့လည် ၁နာရီမှ ညနေ၄း၃၀ အထိ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်း
အနားတွင် ကျဆုံးသွားသော တော်လှန်ရေးရဲဘော်များအား ဝမ်းနည်းခြင်းအ
ထိမ်းအမှတ်အနေဖြင့် တစ်မိနစ်ငြိမ်ပြီးဆုတောင်းပေး ဂါရဝ ပြုကြပါသည်။
 
ထိုအခမ်းအနားကို မလေးရှားရောက် မြန်တိုင်းရင်းသားညီအစ်ကိုများ၊ NLD
(LA) မလေးရှားမှ အဖွဲ့ဝင်များနဲ့ ဖိတ်ကြားထားသော ဧည့်သည်တော်များ 
လူပေါင်း အယောက် ၂၀၀နီးပါး တက်ရောက်ပါသည်။ 


အခမ်းအနားကို မလေးရှားစံတော်ချိန် ညနေ ၄း၃၀ တွင် အောင်မြင်စွာ ရုပ်
သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

(ဆက်ဖတ်ရန်.......)

အဖြူရောင်ကဒ်ဟာမဲပေးပိုင်ခွင့်မရှိပါ

အဖြူရောင်ကဒ်နောက်ကျောဘက်အမှတ်စဉ်(2)မည်သည်နိုင်ငံသားဟုမခေါ်စေရဟု
အတိအလင်းဖေါ်ပြထားပါသည်၊အရေအတွက်သတ်မှတ်သောကဒ်သာဖြစ်သည်။
အစိမ်းရောင်ကဒ်ဟာနိုင်ငံသားပြုခွင့်စီစစ်ရေးကဒ်ဖြစ်သည်နိင်ငံသားမဟုတ်သေးပါ၊
အဖြူရောင်ကဒ်နှင့်အစိမ်းရောင်ကဒ်ဟာနိုင်ငံသားပြုခွင့်စီစစ်ရေးကဒ်ဖြစ်သည်နိင်ငံ
သားမဟုတ်သေးပါ၊မဟုတ်ပဲမဲပေးခွင့်ပြုခြင်းသည်အလွန်မိုက်မဲရာကြပါသည်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအဲဒီအဖြူရောင်ကဒ်နဲ့အစိမ်းရောင်ကဒ်ကိုင်ထားတဲ့သူတွေ
အကုန်လုံးမဲပေးခွင့်ရခဲ့တယ်။အဲ့ဒီလိုမဲပေးခွင့်ပြုလိုက်တော့ဘာဖြစ်လာသလဲဘင်္ဂလီ
အမတ်(၃)ယောက်လွှတ်တော်ထဲရောက်လာတယ်။

(ဆက်ဖတ်ရန်.......)