Monday 27 May 2013

ချင်းပြည်နယ် မူလတန်းကျောင်းများတွင် ချင်းစာပေ သင်ကြားမည်။

ချင်းပြည်နယ် မူလတန်းကျောင်းများတွင် ချင်းစာပေ သင်ကြားမည်။

(ဆက်ဖတ်ရန်.......)

ချင်းပြည်နယ်ထဲသို့ဘင်္ဂလားဒေးရှ် ရှိ ရခိုင်လူမျိုးများဝင်ရောက်

ချင်းပြည်နယ်ထဲသို့ဘင်္ဂလားဒေးရှ် ရှိ ရခိုင်လူမျိုးများဝင်ရောက်


(ဆက်ဖတ်ရန်.......)

လက်တလုံးခြား ဥပဒေ

လက်တလုံးခြား ဥပဒေ


(ဆက်ဖတ်ရန်.......)

ရွှေသွေးအောင် သန်းရွှေမြေး ၂၀၁၅ သမ္မတရာထူးအတွက် မျှော်မှန်း

ယခင် စစ်ခေါင်းဆောင် ဗိုလ် ချုပ် မှုး ကြီး သန်းရွှေ ၏မြေးနေ ရွှေသွေး အောင်(ခေါ်) 
ဖိုး လပြည့် သည် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ တွင် ပြည်ထောင်စု ကြံ ခိုင်ရေး နှင့် 
ဖွံ့ ဖြိုးရေး ပါတီ မှ ၀င်ရောက်ယှဉ် ပြိုင် အရွေးခံ ပြီး သမ္မတရာထူး အတွက် မျှော်မှန်
ထား သည် ဟု FNG မှ သတင်း ရရှိ သည်။

နေ ရွှေသွေး အောင် နှင့် နီးစပ် သူများ က သူ ရွေးကောက် ပွဲမှာ ၀င် ပြိုင်ဖို့  စီစဉ်
ထားတယ်။ နေ ပြည်တော် က နေပဲဝင် အရွေးခံ မယ်လို့  FNG ကို ပြောပါတယ်။

နေရွှေ သွေး အောင် ရွေးကောက် ပွဲ ၀င် နိုင်ရန် အတွက် အခြေခံဥပဒေကို အနည်း 
ငယ် ပြင်ဆင်မည် ဟု သိရသည်။

(ဆက်ဖတ်ရန်.......)

ACR News

ACR Weekly News by Chin Dwinn

(ဆက်ဖတ်ရန်.......)

မြန်မာအမျိုးသမီး အာရှအဆင့် ခြေစစ်ပွဲအောင်မြင်

မြန်မာ့လက်ရွေးစင် အမျိုးသမီးများအသင်းဟာ တရုတ်(တိုင်ပေ)အသင်းကို ဝ- ဝ
သရေကျပြီးနောက် အာရှအဆင့် ခြေစစ်ပွဲကို အောင်မြင်သွားပြီဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု(D)မှာ ပါဝင် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အိန္ဒိယ၊
ပါလက်စတိုင်း တိုင်ပေ တို့ နဲ့ ရင်ဆိုင် ခဲ့ရတာဖြစ်ပါတယ်။

အိန္ဒိယ အသင်းကို ပွဲဦးထွက် ပွဲစဉ်မှာပဲ ၂ဂိုး ဂိုးမရှိ ပါလက်စတိုင်း အသင်းကို ၉ ဂိုး
ဂိုးမရှိ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး နောက်ဆုံး အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ တိုင်ပေနဲ့ ပွဲ
စဉ်မှာတော့ ဂိုး မရှိ သရေကစားကာအုပ်စုတွင်း ပေးဂိုး မရှိ ကစားနိုင်ခဲ့ပြီး အုပ်စု 
ဒုတိယ တိုင်ပေအသင်းနဲ့ အမှတ်တူ ၇ မှတ် ဂိုးကွာခြားချက်၎ ဂိုး အသာနဲ့ 
ခြေစစ်ပွဲကို ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့တာဖြစ်ပါတယ်။
 
၂၀၁၄ မှာ ကျင်းပမယ့် အာရှဖလားဘောလုံးပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်
ခွင့်ရရှိတာဖြစ်ပြီး မြန်မာ့ဘောလုံးနှင့် အားကစား လောကအတွက် ဂုဏ်ယူစရာဖြစ်
ပါတယ်။

(ဆက်ဖတ်ရန်.......)

Tuesday 21 May 2013

ACR News

ACR Weekly News,

(ဆက်ဖတ်ရန်.......)

Tuesday 14 May 2013

ဘာသာရေး၊လူမျိုးရေး ခွဲခြားမှုမရှိသော ဗိုလ်ချုပ်အောင်ဆန်း

ဘာသာရေး၊လူမျိုးရေး ခွဲခြားမှုမရှိသောလွတ်လပ်ရေးဖခင်ကြီး သမိုင်းဝင်စကား


(ဆက်ဖတ်ရန်.......)

မြန်မာစစ်အာဏာရှင်နိုင်ငံတော်အလံ ဖွင့်ဆိုချက် မှာ...

မြန်မာစစ်အာဏာရှင်နိုင်ငံတော်အလံ ဖွင့်ဆိုချက် မှာ...


(ဆက်ဖတ်ရန်.......)

Saturday 11 May 2013

မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည်များ မုန်တိုင်း ကျရောက်မည်ကို စိုးရိမ်နေကြ

မောင်တောဒေသမှ တိုင်းရင်းသားဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်
နေရဆဲဖြစ်ပြီး ကယ်ဆယ်ရေး စခန်းများရှိ ဒုက္ခသည်များမှာ လေမုန်တိုင်းကျရောက်
မည်ကို အထူးစိုးရိမ်နေကြကြောင်း သတင်းရရှိသည်။
(ရခိုင်ပြည်နယ်၊ မောင်တောရှိ ကင်းချောင်းဒုက္ခသည် စခန်းတွင် နေထိုင်သူတစ်ဦး
အား မေ ၁၁ ရက်က တွေ့ရစဉ်)

"အခု နေအိမ်တစ်လုံးမှ ဆောက်လို့ မပြီးသေးဘူး။ အခု တောင်မိုးတွေရွာရင် မိုးမ
လုံတာနဲ့ လေတိုက်ရင် ရွက်ဖျင်တဲတွေ ပြဲသွားတာနဲ့ တစ်ညလုံး မအိပ်ရပြန်ဘူး။ 
ကလေးတွေနဲ့ ဘုန်းတော်ကြီးကျောင်းအောက်မှာ သွားနေသူနေနဲ့၊ ဒီလိုပဲ ရွက်ဖျင်တဲထဲမှာ နေရတာပါပဲ။ နေပူတဲ့နေ့တွေဆို ရွက်ဖျင်တဲထဲမှာ မနေနိုင်ကြဘူး။
အခု မုန်တိုင်းလာမယ်ဆိုပြီး သတင်းကြားတယ်။ မုန်တိုင်းလာမယ်ဆိုရင် ကျွန်မတို့ 
ဘယ်သွားနေရမယ် ဆိုတာ မသိဘူး" ဟု ကင်းချောင်းကျေးရွာ ကယ်ဆယ်ရေး စခန်း
မှ ဒေါ်လှသိန်းက ပြောသည်။

"ကျွန်မတို့ရွာမှာက နေအိမ်ဆယ်လုံးလောက်ပဲ ဆောက်ပြီးသေးတယ်။ အားလုံးတော့ 
ဒီလို ရွက်ဖျင်တဲတွေမှာ နေနေရဆဲပါပဲ။ နေပူရင် ရွက်ဖျင်တဲထဲ မနေနိုင်ဘူး။ မိုးရွာပြန်
ရင်လည်း တဲထဲမိုးယိုလို့ ရေပက်ထုတ်နေရတယ်။အ၀တ်တွေ ရေစို၊အိပ်ဖို့နေရာက
မရှိ ဒုက္ခရောက်ပါတယ်။ အခု နွေမိုးလေးရွာရင် လေတိုက်ရင်တဲ တွေစုတ်ပြဲသွား
တယ်။ ဟိုတလောက လေတိုက်တော့ တဲအိမ်ဆယ်လုံးလောက် ပျက်စီးသွားလို့ မိ
သားစုတွေ ဘုန်းကြီးကျောင်းမှာ သွားနေရတယ်။ အိမ်တွေကလည်း မိုးကျတော့
မယ် အခုထိ ဆောက်မပြီးသေးဘူး။ ဒီလိုနဲ့ မိုးရောက်တော့မယ်။ တဲထဲမှာနေရတာ 
ခုနစ်လလောက် ရှိပါပြီ။ မုန်တိုင်းလာမယ်လို့လည်း ကြားတယ်။ ဘယ်ကိုပြေးရမယ်
မှန်းကို မသိပါဘူး" ဟု သရေကုန်းဘောင် ကယ်ဆယ်ရေးစခန်းမှ မသန်းနုက ပြော
သည်။

မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများမှာ လက်ရှိအချိန်
ထိ နေအိမ်တည်ဆောက် မပြီးသေးသဖြင့် ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲ ဖြစ်
ကြောင်းလည်း သိရသည်။ မောရ၀တီကျေးရွာတွင် နေအိမ် ၁၁၆ လုံးတွင် အားလုံးနီး
ပါး ဆောက်လုပ်ပြီးစီးခဲ့သဖြင့် မိသားစုများအား နေထိုင်ခွင့် ပေးပြီးဖြစ်သော်လည်း
နေအိမ်လေးလုံးမှာ လက်ရှိအချိန်ထိ တည်ဆောက်မပြီးသေးသဖြင့် ရွက်ဖျင်တဲထဲ
တွင် နေထိုင်နေရဆဲ ဖြစ်သည်။

ထို့အပြင် သရေကုန်းဘောင် ကျေးရွာတွင်လည်း ၁၆ လုံး၊ ဗောဓိကုန်း ကျေးရွာတွင် 
၁၀ လုံးသာ ဆောက်လုပ်ပြီးသေးကြောင်း၊ ကင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၂၆ 
စုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

(ဆက်ဖတ်ရန်.......)

Breaking News

မဟာဆန် မုန်တိုင်း သည် အချင်း ၀က် မိုင် ၁၀၀ ကျော် ဖြင့် အင်အား ကောင်း သော 
အဆင့် ၁ မုန်တိုင်း ကြီး အဖြစ် သို့  အားကောင်း လာ ကာ နောက် ၄၈ နာရီ အတွင်း 
ဘင်္ဂလာ ဒေရှ် နိုင်ငံ ကို ဖြတ် ကျော် ၀င် ရောက် မည် ဖြစ်ကာ လေတိုက် နှုန်း သည် 
မိုင် ၁၁၀ မှ ၁၂၀ အထိ ရှိ မည် ဖြစ်သည်။ မုန်းတိုင်း ကြောင့် ဒီ ရေ သည် ၇ ပေ အထိ
မြင့် တက် နိုင်သည်။ 
 Photo : Srilanka The Nation
ရခိုင် ပြည်နယ် မြောက် ပိုင်း အနီး ကို မေလ ၁၄ နေ့  ည တွင် ကပ် ၍ ဖြတ် ကျော်
နိုင်ဖွယ် ရှိပြီး လေတိုက် အား ကြောင့် သစ် ပင် များ ကျိုး လဲမှုနှင့် မိုးသည်ထန်းစွာရွာ 
သွန်း မှု ကြောင့် မြေ ပြို မှု များ ရှိ နိုင်သည်။

(ဆက်ဖတ်ရန်.......)

ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက်မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည်
မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ အိန္ဒိယ
နိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု
နေကြောင်း သိရှိရသည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်က
လုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု 
ဦးစီးဌာနက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ 
ဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၅၀ မှ ၆၀ အထိ ရှိနိုင်သည်ဟု သိရ
သည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိသော်လည်း
မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်သို့ ကွေ့လျက် မေလ ၁၆ 
ရက်နေ့ နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေနှင့် 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဖြတ်ကျော်ဝင်ရောက် နိုင်သည် ဟု မေ
လ ၁၂ ရက်နေ့ နံနက်ပိုင်းက မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်း
အဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး
 မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဆိုင်ကလုန်း မဟာစင်သည် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူဦးေ
ရ သန်းချီကာ ထိခိုက်နစ်နာသော အခြေအနေများကို ကြုံတွေ့နိုင်ပြီး မြန်မာနိုင်ငံပင်
လျင် သက်ရောက်မှုများကို ကြုံရမည်ဟု accuweather.com တွင် ခန့်မှန်း ဖော်ပြထား
သည်။(Elven)

(ဆက်ဖတ်ရန်.......)

နာဆာ မိုးလေ၀သ ဂြိုလ်တု မှ ရိုက်ကူးထားသည့် မုန်တိုင်း အမြွှာ ညီနောင်

မေလ(၁၅)ရက်နေ့ ညနေပိုင်းမှာ မောင်တော(မြန်မာနိုင်ငံ) နဲ့ စစ်တကောင်း (ဘင်္ဂ
လားဒေ့ရှ်နိုင်ငံ) မြို့များကြားကကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ခန့်မှန်း
ထားပါတယ်။
 ဖြတ်ကျော်စဉ်မှာ အင်အား ပြင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့် နဲ့ဝင်ရောက်မှာ ဖြစ်ပြီး 
လေတိုက်နှုန်း တစ်နာရီ (၉၅-၁၀၅)မိုင် နှုန်းလောက်ရှိတဲ့ လေများတိုက်နိုင် ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇) ပေခန့် တက်
နိုင်ပါတယ်။
ဒေါက်တာ ထွန်းလွင်(MCCW)

(ဆက်ဖတ်ရန်.......)

ACR News

ACR Weely News,

(ဆက်ဖတ်ရန်.......)

Friday 3 May 2013

ချင်းနိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်

 မေ၊၃၊၂၀၁၃
ချင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ချင်းနိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပါတီများ
ပါဝင်သော အမျိုးသားညီလာခံတရပ် ကျင်းပရန်အတွက် ချင်းပါတီ ၅ ခုကမေ ၃ရက်
နေ့တွင် ပထမဆုံး အကြိမ်အဖြစ် အကြိုညှိနှိုင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိ
ရသည်။

ချင်းအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဇိုမီးချင်း
ပါတီ)၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အရှိုချင်းအမျိုးသားပါတီ 
စသည့် ပါတီ ၅ ခုသည် ရန်ကုန်တော်ဝင်နှင်းဆီခန်းမတွင် တွေ့ဆုံကြမည် ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေးတွေသာမက နိုင်ငံရေး ဆွေးနွေးပွဲအဆင့်အထိ လုပ်လာတဲ့
အခါမှာ ချင်းလူမျိုးတွေ အနေနဲ့ စိတ်ဝမ်းကွဲတာတွေ မဖြစ်ဘဲ တထပ်တည်းကျနိုင်ဖို့
ဒီညီလာခံကိုလုပ်မှာပါ” ဟု ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူးဆလိုင်း
ကျဲဘစ်ထောင်းက ဧရာဝတီသို့ ပြောသည်။
...
ညီလာခံ၌အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင်အပစ်အခတ် ရပ်စဲရေးထက် မြင့်မားသော နိုင်ငံရေးအဆင့်အထိ ဆွေးနွေးရာ၌ ပါတီများဘက်က 
အဓိကထားဆွေးနွေးသင့်သည့် အကြောင်းအရာများကိုညှိနှိုင်းသွားမည်ဖြစ်ကြောင်း
နှင့် ချင်းပြည်နယ်၏ ဆင်းရဲမွဲတေမှု အခြေအနေများ၊လက်ရှိပေါ်ပေါက်နေသော
ပြဿနာများအားလည်း ဆွေးနွေးသွားကြမည်ဟု အထွေထွေအတွင်းရေးမှူးက 
ဆိုသည်။

ယခုကျင်းပမည့် တွေ့ဆုံပွဲတွင် ချင်းလက်နက်ကိုင်အဖွဲ့တခုဖြစ်သော ချင်းအမျိုးသား
တပ်ဦး (CNF) ပါဝင်ရန် မရှိသေးကြောင်း၊ ပြည်နယ် အသီးသီးက တိုင်းရင်းသားများ 
အနေဖြင့်လည်း ချင်းအမျိုးသား ညီလာခံကဲ့သို့ ပြုလုပ်ရန် ကြိုးပမ်းနေကြကြောင်းနှင့် 
လူမျိုးစု ညီလာခံများ ပြီးဆုံးသွားပါက တနိုင်ငံလုံးမှ တိုင်းရင်းသားများ စုပေါင်း၍ 
တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီး တခု ပြုလုပ်ကျင်းပရန်လည်း အစီအစဉ် ရှိ
ကြောင်း သိရသည်။

(ဆက်ဖတ်ရန်.......)

ဂျကာတာ မြန်မာ သံရုံး ကို ဗုံးခွဲ မယ့် သူ နှစ် ဦး ကို ဖမ်းဆီးရမိ

အင်ဒိုနီးရှား နိုင်ငံ ဂျကာ တာ မြို့  မှာ ရှိ တဲ့ မြန်မာ သံရုံး ကို  ဗုံးခွဲ  တိုက်ခိုက်ဖို့ စီစဉ် ထားတဲ့ အကြမ်းဖက် သမား နှစ်ဦး ကို အင်ဒို နီးရှား ရဲ တပ် ဖွဲ့  က တန်ပြန် အကြမ်း
ဖက် နှိမ်နှင်း ရေး ရဲတပ်ဖွဲ့  ရဲ့ သတင်းပေးမှု နဲ့  သောကြာနေ့  နံနက်မှာ ဖမ်းဆီး
ရမိ လိုက် ပါတယ်။
အသက် ၂၈ နှစ် အရွယ်ရှိ ဆီဖာရီယာနိုနဲ့  ၊ အသက် ၂၁နှစ် အရွယ်ရှိ အာမာက်ခ်ျ
တော်ဖစ်တို့  က မြန်မာသံရုံး ကို ဗုံးခွဲ တိုက်ခိုက်ဖို့  ကြံ စည်ခဲ့တာ ဖြစ်ပြီး သူတို့  ရဲ့
ကျောပိုး အိတ်ထဲမှာ ရေ ပိုက် နဲ့  လုပ် ထား တဲ့ ပေါက် စေတတ်တဲ့ ပစ္စည်း တွေနဲ့ 
အတူ မိခဲ့ တယ် လို့  အမျိုးသားရဲ ဌာန က ရာဖလီ အမာရီ က AP သတင်း ကို
ပြောပါတယ်။
ဗုံး ဖောက် ခွဲ မဲ့ သူ နှစ်ဦး ဟာ မြန်မာ သံရုံး ကို ဗုံး ခွဲ ဖို့  အတွက် ဂျာကာတာမြို့ 
တောင်ဘက်ကနေ ဆိုင်ကယ် စီးနင်း ပြီး ၀င်ရောက် လာစဉ် မှာ ဖမ်းမိတာ ဖြစ်
ပါတယ်။
အင်ဒိုနီးရှား အစိုး ရ ကတော့ ဂျာကာ တာ မြို့ က မြန်မာ သံရုံး ကို လုံ ခြုံ ရေး တိုး
 မြှင့်ပေးထား ပါတယ်။

(ဆက်ဖတ်ရန်.......)

Thursday 2 May 2013

အာဏာ ရ ပါတီ ဥက္ကဌ အဖြစ် မှာ အနားယူ

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့  ဖြိုးရေး ပါတီ ဥက္ကဌ အဖြစ် မှ ဦးသိန်ူးစိန် သည်
နှုတ်ထွက် လိုက် ပြီး မြန်မာ အစိုးရ ၏ သမ္မတ ရာထူး တာ ၀န် ကို ဆက်လက် 
ထမ်းဆောင် မည် ဖြစ်သည်။
ပါတီ ဥက္ကဌ အဖြစ် ပါတီ ဒုဥက္ကဌ ဖြစ်သူ သူရဦးရွှေမန်း က ထမ်းဆောင်မည်
ဖြစ်သည်။

ပြီးခဲ့ သည့် နှစ် က ပါတီ ဥက္ကဌ အဖြစ်ထပ် မံ ရွေးချယ် ခံ ရသည် ဆိုသည့်
ဦးသိန်းစိန် သည် မည် သည့် အတွက် ကြောင့် ပါတီ ဥက္ကဌ တာဝန် မှ နှုတ် ထွက် 
ရသည် ဆိုသည်ကို မူ  စုံစမ်းဆဲ ဖြစ်သည်။

(ဆက်ဖတ်ရန်.......)

Wednesday 1 May 2013

လေဆင်နှာမောင်းမွှေတဲ့ ရွာ အကူအညီများလိုအပ်နေ

နေပြည်တော်၊ ဧပြီ (၃၀)

ဧပြီ (၂၂)ရက် ညနေ(၄း၀၀)နာရီကျော်က တိုက်ခတ်ခဲ့တဲ့လေဆင်နှာမောင်းကြောင့် 
လယ်ဝေးမြို့နယ် ပိတောက်ချောင်းကျေးရွာအုပ်စု ကွမ်းခြံကျေးရွာမှာအိမ်မြေ(၇၇)
လုံးခန့် ထိခိုက်ပျက်စီးပြီး လူတချို့ဒဏ်ရာရရှိခဲ့ရာနေအိမ်များပြန်လည်ထူထောင်
ရေးအတွက် အကူအညီလိုအပ်နေ ကြောင်း မြန်မာဓိက က သတင်းရရှိပါတယ်။

"လေဆင်နှာမောင်းက မိုးမှောင်ကျပြီး ကြက်ခွပ်သလိုမျိုး တိုက်သွားတာ၊လေတိုက်
ချိန် မိနစ် ၂၀လောက်တော့ကြာမယ်၊ အိမ်တွေပျက်တယ်၊ ဘုန်းကြီးကျောင်းတစ်
ကျောင်းနဲ့ အမက စာသင်ကျောင်းတို့ထိခိုက်သွားတယ်၊ လူမသေပေမယ့် ဒဏ်ရာ
ရသူတွေရှိတယ်"လို့ ကွမ်းခြံရွာခံ ကိုဇော်တင်မိုး က ပြောပါတယ်။

ကွမ်းခြံရွာဟာ လယ်ဝေးမြို့နဲ့ ၁၂မိုင်ခန့်ဝေးပြီး ပေါင်းလောင်းမြစ်ကမ်းမှာ တည်ရှိ
ပါတယ်။ ရွာခံတွေဟာ တောင်သူနဲ့ လက်လုပ်လက်စားအများစုဖြစ်ပါတယ်။
မြို့နယ် အာဏာပိုင်များက ဧပြီ(၂၈)ရက်မှာ ဆန်၊ ဆီ၊ အ၀တ်အထည်နဲ့ ငွေကြေး
အချို့လာ ရောက်လှူဒါန်းခဲ့ပေမယ့် အိုးအိမ်ပြန်လည်ထူထောင်ဖို့ အကူအညီများ 
လိုအပ်နေသေးကြောင်း သိရပါတယ်။

(ဆက်ဖတ်ရန်.......)

မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား အရေးပေါ် သတိပေးချက်

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအကိုမောင်နှမအပေါင်းတို့ခင်ဗျား လာ
မည့်(5.5.2013)ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ၅ နှစ်တကြိမ် ကျင်းပသော ရွေး
ကောက်ပွဲ ကျင်းပမည်ဖြစ်ပါသည်။

လက်ရှိအနိုင်ရပါတီနှင့် အတိုက်အခံပါတီတို့ အားပြိုင်ကြမည့် ပွဲဖြစ်ပါသည်။ ယ္ခင်
ကြုံဖူးခဲ့ သောရွေး ကောက်ပွဲများနှင့် မတူ ပဲ ပြည်သူလူထု အတွင်းစိတ်ဝင်စားမူ့ 
အများဆုံးနှစ်ဟု ဆိုနိုင်ပါသည်။ လက်ရှိ အာဏာရ ပါတီအပေါ် နှစ်သက်သူများ ရှိ
သလို အတိုက်အခံပါတီ အပေါ် နှစ်သက်သူဦး ရေတိုးတက်လာသောနှစ်ဟုလည်း
ဆိုနိုင်ပါသည်။

၎င်းရွေးကောင်ပွဲ ကာလအတွင်း မလေးရှားပြည်သူများ ရွေးကောင်ပွဲအတွက် ၄င်း
တို့၏နိုင်ငံအရေး အတွက် လူစုလူဝေးနှင့် သွားလာ လှုပ်ရှားကြမည်မှာ အသေခြာ
ပင်ဖြစ်ပါသည် အနိုင်နှင့် အရှုံးရှိပါလိမ့်မည်။ ကျေလည်မှု မကျေလည်မှုများလည်း 
ရှိလာနိုင်ပါသည်။

ထိုနေ့သည် တနင်္ဂနွေနေ့ဖြင့် တိုက်ဆိုင်နေသည့် အားလျှော်စွာပြည်ပမှလာရောက် အလုပ်လုပ်ကိုင်နေကြရသော ကျွန်တော်တို့၏ အားလပ်ရက်နှင့်လည်း တိုက်ဆိုင်
နေပါသည်။အားလပ်ရက်တွင် အလည်အပါတ်ထွက်တတ်ကြသော ညီအကိုမောင်
နှမများအား ထိုရက်တွင်ဖြင့် အပြင် ထွက်လည်ပါတ်ခြင်းအား ရှောင်ကျဉ်ကြစေ 
လိုပါသည်။

အိမ်ရှင်နိုင်ငံသားများအား အလေးထားရာ ရောက်စေသလို မိမိထံသို့မလိုလားအပ်
သောအရာများ မကျရောက်စေရန်လည်း ထိမ်းသိမ်း ကာကွယ်ပြီးဖြစ် နေစေရန်
ဖြစ်ပါသည်။ 

ယခုနှစ်ရွေးကောင်ပွဲအတွက် မဲပေးမည့် မလေးရှားနိုင်ငံသား အားလုံးသည် မိမိတို့
မွေးဖွားကြီးပြင်းသည့် မြို့များသို့ ပြန်လည်ကာ မဲပေးကြရမည်ဖြစ်သည် ။ ထိုသို့
နေရပ်ပြန် (Home town)ခရီးအတွက် ခွင့်မပေးသော အလုပ်ရှင်များရှိပါက ထောင်
တစ်နှစ် နှင့် ဒဏ်ငွေ 5000 ၊ မဲပေးမည့် နိုင်ငံသားများအပေါ် နှောက်ယှက်ဟန့်တား
မှုများရှိပါက တည်ဆဲ ဥပဒေများအတိုင်း တရားစွဲဆိုခံရမည် ဖြစ်ကြောင်း မလေးရှား
နိုင်ငံ အမျိုးသားရွေးကောက်ပွဲ ကော်မတီမှ တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

အဆိုပါ ဥပဒေကြောင့် လာမည့် 5.5.2013 တွင် မလေးရှားနိုင်ငံနေရာဒေသ အသီး
သီးတွင် သွားရောက်လုပ်ကိုင်နေသော နိုင်ငံသားများ မဖြစ်မနေ မွေးရပ် နေရာများ
သို့ပြန်မည်ဖြစ်သလို ၊ ပိုဆောင်ရေးနေရာများဖြစ်သော လေယာဉ်ဆိပ် ၊ ကားဂိတ် ၊ 
ရထားဘူတာ ၊ ဟိုင်းဝေးလမ်းများတွင် အလွန်ရှုတ်ယှက်ခတ် နေမည်ဖြစ်သလို ပို့
ဆောင်ရေး ကြန့်ကြာနေမည်ဖြစ်သည် ။

ဆက်လက်ပြီး အထက်ပါသတိပေးချက်ဖြစ်သည့် 5.5.2013 ရက်နေ့သည်မလေးရှား
နိုင်ငံ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ နေ့ဖြစ်တာကြောင့် ယခင်နှစ်များနှင့်မတူ ထူး
ခြားစွာ ယှဉ်ပြိုင်မည့်ရက်ဖြစ်တာကြောင့် မလေးရှားရောက် မြန်မာများပဲလှော်ကြား ဆားညှပ်မဖြစ်ရလေအောင် ခရီးထွက်ခြင်း ၊ အပြင်ထွက်ခြင်းများ မဖြစ်မနေမှသာ
ပြုလုပ်ကြရန် မလေးရှား နိုင်ငံရောက် မြန်မာများ အတွက် သတိပေးလိုက်ပါသည်။

မြန်မာနိုင်ငံသား အပေါင်း ဘေးကင်းရန်ကွာရှိကြပါစေ ....

မိမိလူမျိုးမိမိနိုင်သားတို့ အန္တာရာယ် ကင်းရှင်းစေရေး မိမိ အသိဖြင့် မိမိသာ
ဖြန့်ဝေကြပါ

လေးစားစွာဖြင့်

(ဆက်ဖတ်ရန်.......)