Monday, 10 August 2009

၈၈ ကာလ စစ်ထောက်လှမ်းရေးအဖွဲ့ အခန်းကဏ္ဍ

09 August 2009


၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးကာလမှာ မြန်မာ့ဆိုရှယ်လစ်ပါတီ ပြိုကွဲသွားပြီး နိုင်ငံတော်အုပ်ချုပ်မှု ယန္တယားပျက်ခဲ့သလို စစ်ထောက်လှမ်းရေးအဖွဲ့ကြီးလည်း ဘာကိုမှ စနစ်တကျလုပ်ဆောင် ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ပါဘူးလို့ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှုး ဦးအောင်လင်းထွဋ် က ပြောဆိုပါတယ်။ စက်တင်္ဘာလအတွင်း စစ်တပ်က အာဏာသိမ်းခဲ့တာဟာလည်း ထောက်လှမ်းရေးရဲ့  အကွက်ချလုပ်ဆောင်မှု မဟုတ်ဘဲ စစ်တပ်တခုလုံးအနေနဲ့ အာဏာရှင် ဦးနေ၀င်းရဲ့  အမိန့်ကို နာခံပြီး လုပ်ခဲ့ရတာဖြစ်တယ်လို့လည်း သူက ပြောဆိုပါတယ်။ အဲဒီလို လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဖြစ်ခဲ့ရတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့အတွင်းက အခြေအနေ၊ လုပ်ဆောင်ခဲ့တာတွေကို စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် က ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်း အား ထုတ်ဖော်ပြောဆိုထားချက်များကို တင်ပြထားပါတယ်။

ဦးအောင်လင်းထွဋ်။ ။ တကယ်တော့ ပရမ်းပတာပါပဲ။ အခြေအနေကို လုံးဝထိန်းသိမ်းနိုင်တဲ့ အနေအထားမျိုး ကျနော်တို့ မရှိပါဘူး။ အခုအချိန်မှာလည်း စစ်ထောက်လှမ်းရေးပိုင်းမှာရော၊ စစ်တပ်ဖက်ပိုင်းမှာရော ဘယ်သူ့အမိန့်နာခံရမယ့် အနေအထားမျိုး ကျနော်တို့သိတယ်။ ကျနော်တို့ ထင်တာကတော့ ဦးနေဝင်းကတော့ အပြီးအပိုင် ထွက်သွားပြီးလို့ ထင်တာပဲ။ ဒါပေမယ့် စက်တင်္ဘာလ ၁၆ ရက်နေ့ညကျတော့ ကျနော်တို့ နယ်မြေကအဖွဲ့တွေက ခေါ်တယ်။ အဲဒီအချိန်မှာ ရန်ကုန်တိုင်းမှုး ဗိုလ်ချုပ်မျိုးညွှန့်ပါတယ်၊ တပ်မ ၁၁ တပ်မမှုး ဗိုလ်ချုပ်ဝင်းမြင့်၊ တပ်မ ၂၂ တပ်မမှုး ဗိုလ်ချုပ်တင်လှ၊ ဗျူးဟာမှုးတွေဖြစ်တဲ့ ဗိုလ်မှုးကြီးစောလွင်တို့ပါတယ်။ ကျနော်တို့ ထောက်လှမ်းရေးကဆိုရင် ဗိုလ်မှုးကြီး စိန်ထွားတို့၊ ဗိုလ်မှုးကြီးတင်ဝင်း၊ ဗိုလ်မှုးကြီးထွန်းကျော်တို့ ထောက်လှမ်းရေးတပ်က တပ်မှုးတွေအားလုံး နဲ့ ကျနော်တို့လည်း ကပ္ပတိန်အဆင့်မှာ အဲဒီ အစည်းအဝေးမှာ ကျနော်တို့ ပါတယ်။ အဲဒီ အစည်းအဝေးမှာက ဗိုလ်ချုပ်ခင်ညွှန့်၊ အဲဒီအချိန်က ဗိုလ်မှုးကြီးခင်ညွှန့်ပေါ့။ သူက ကျနော်တို့ကို ဘာ command ပေးလဲဆိုတော့ ဒီ စစ်တပ် နဲ့ ထောက်လှမ်းရေးကို အဲဒီညမှာ အားလုံးပေါင်း အတိုက်အခံ လူကြီးတွေ ၃၃ ယောက်၊ ၃၃ ယောက်ဆိုတာ သခင်ဟောင်းတွေပါတယ်။ ဦးနုတို့၊ သခင်တင်မြတို့ ဗိုလ်ရဲထွဋ် တို့ နာမည်ကြီး နိုင်ငံရေးသမားကြီးတွေ၊ ဟောင်းကြီးတွေ ပါတယ်။ ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါတယ်။ ဗိုလ်ချုပ်တင်ဦး အားလုံး ထင်ရှားတဲ့ ပုဂ္ဂိုလ် ၃၃ ယောက်ကို ဖမ်းခိုင်းတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒါ ၁၆ ရက်နေ့ပေါ့။ စက်တင်္ဘာ ၁၆ ရက်နေ့ပေါ့။

ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ အဲဒါ ၁၆ ရက်နေ့ည။ အဲဒီ အစည်းအဝေးမှာကြမှ ဖမ်းခိုင်းရော။ ဖမ်းခိုင်းတဲ့အခါကြတော့ ကျနော်တို့ လူငယ်တွေကတော့ ဘေးက နားထောင်တဲ့ အဆင့်ပဲ ရှိပါတယ်။ အဲဒီမှာ ဘာဖြစ်လည်းဆိုတော့ ကျန်တဲ့ တပ်မမှုးအဆင့်ရှိတဲ့လူတွေ၊ နောက် ထောက်လှမ်းရေးက ဗိုလ်မှုးကြီးစိန်ထွား တို့က မေးပါတယ်။ ဒီလူတွေကို ဖမ်းတဲ့အခါမှာ မရရအောင် ဖမ်းရမှာလား၊ ဒါမှမဟုတ် ပစ်ခတ်ပြီးတော့မှ ဖမ်းရမှာလား ဆိုပြီး ဗိုလ်မှုးကြီးခင်ညွှန့် ကို မေးတယ်ခင်များ။ ကျနော်တို့ ရှေ့ မှာပဲ မေးတယ်။ အဲဒီမေးခွန်းကို ဗိုလ်မှုးကြီးခင်ညွှန့် က မဖြေနိုင်ဘူး။ မဖြေနိုင်တဲ့အခါကြတော့ ခင်များတို့ ခဏနေအုံးဆိုပြီး အပေါ်တက်သွားတယ်။ သူအပေါ်တက်သွားတော့ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ တို့ ရှိလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့က အဲဒီအချိန်တုန်းက အပေါ်ထပ် အောက်ထပ်ဆိုတော့ အပေါ်ထပ် တက်သွားတယ်။ အပေါ်ထပ်တက်ပြီးတော့မှ ပြန်လာတယ်၊ ပြန်လာပြီးတဲ့အခါကြမှ ဗိုလ်ချုပ်ခင်ညွှန့် က ဘာပြောသလဲဆိုတော့ မင်းတို့ နားလည်းဖို့က ဒါ အထက်ကနေ ခိုင်းတဲ့အတိုင်း ခိုင်းတဲ့အမိန့်ကို စစ်တပ်ကနေ လုပ်ပေးရတာလို့ ပြောတယ်ခင်များ။ မရရအောင် ဖမ်းရမယ်ဆိုတယ့် သဘော မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့ကို လုံခြုံရေးအရ ပြန်ပြီးတိုက်ခိုက်လာမယ် အန္တရာယ်ပြုလာမယ်ဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့ လုပ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောပြီး ကျနော်တို့ အဲဒီနေ့က ကျနော်တို့ လိုက်ပြီးတော့ ဖမ်းခိုင်းတယ် ဆိုပါတော့။ ဖမ်းခိုင်းတယ်အခါကြတော့ ဘယ်သူမှလည်း ဖမ်းချင်စိတ်မရှိပါဘူး။ ဖမ်းလို့မရမှန်းလည်း အကုန်လုံး သိကြတယ်။ အဲဒီအချိန်မှာ တခုခု သွားလုပ်ရင် ပိုပြီးတော့ အခြေအနေက ပိုပြီးရှုပ်ထွေးမယ်ဆိုတာ ကျနော်တို့ ဖြစ်လာကြတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီလို အမိန့်ထွက်ပေးမယ့် လက်တွေ့ သွားမဖမ်းကြဘူးလား။

ဦးအောင်လင်းထွဋ်။ ။ လက်တွေ့မသွားဘူးမဟုတ်ဘူး သွားတယ် ကျနော်တို့လည်း သွားတယ်။ ကျနော်ဆိုရင် အလုံဖက်ကို သွားတယ်ဗျ။ အလုံဖက်ကိုသွားတော့ သစ်တုံးတွေကာထားတယ်။ အဲဒီအထဲကိုလည်း ဆက်သွားဖို့ မရတဲ့အခါကြတော့ စစ်ကြောင်းမှုးက ကျနော် နဲ့ တိုင်ပင်တယ်။ စစ်ကြောင်းမှုးက ခင်များတို့ မဝင်တော့နဲ့ ပြန်လှည့်တော့ပြောလို့ ကျနော်တို့ ပြန်လှည့်ပြီး ပြန်လာကြတယ်။ အဲဒီနေ့ကတော့ သခင်တင်မြ နဲ့ ဗိုလ်ရဲထွဋ်တို့ နှစ်ယောက်ကို ကျနော်တို့ ခေါ်လို့ရတယ်။ သူတို့က ဘာလို့ ခေါ်လို့ရသလဲဆိုတော့ ဦးဝီဇယလမ်းပေါ်မှာ နေတဲ့အခါကြတော့ ဦးဝီဇယလမ်းကတော့ အဲဒီအချိန်မှာတော့ ဂျင်းကလိနဲ့ စောင့်တာဘာညာ မရှိဘူးလေ။ ကျန်တဲ့လူတွေကတော့ ရပ်ကွက်တွေအတွင်းမှာ ဖြစ်နေတာကြောင့် ဝင်ရမလွယ်ခဲ့ဘူး။ အဲဒီလို ဖြစ်ခဲ့တယ်။

ဦးသန်းလွင်ထွန်း။ ။ ရှစ်ဆယ့်ရှစ် လှုပ်ရှားမှုကာလအတွင်းမှာပဲ ထောက်လှမ်းရေးအဖွဲ့က ဗိုလ်မှုးဥာဏ်လင်း နဲ့ ဗိုလ်မှုးစည်သူတို့ အဲဒီအချိန်တုန်းက ဗိုလ်ကြီးအဆင့်၊ သူတို့ ဦးစီးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချတဲ့ စာရွက်စာတမ်းတွေ ဝေဖို့ဆိုပြီးတော့ မြို့ ထဲမှာ လည့်သွားနေတုန်း သပိတ်အဖွဲ့တွေက ဖမ်းဆီးမိခဲ့တယ့် အဖြစ်အပျက်တခုလည်း ရှိခဲ့တယ်။ အဲဒီအကြောင်းကို နည်းနည်းပြောပြပါလား။ ဒီ လူတွေကလည်း ဦးအောင်လင်းထွဋ်တို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လိမ့်မယ်။

ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ ကျနော် ပြောပြပါမယ်။ ကျနော် သိသလောက်ပေါ့လေ။ ကျနော်လည်း အဲဒီအချိန်မှာ စစ်ရုံးမှာ မရှိပါဘူး။ ကျနော် သိသလောက်ကတော့ အဲဒီအချိန်တုန်းက အဲဒီအမိန့်ကို တိုက်ရိုက်ညွန်ကြားတာက တပ်မတော်ထောက်လှမ်းရေးမှုး ဒုတိယ ညွန်ကြားရေးမှုး သန်းထွန်း၊ နောက်ပိုင်းတော့ ဗိုလ်မှုးချုပ်သန်းထွန်း၊ ကျနော်တို့ ဘဏ္ဍာရေး ဒု-ဝန်ကြီးလုပ်သွားတဲ့ ဗိုလ်မှုးချုပ်သန်းထွန်းပါ။ သူကနေပြီးမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီးတော့ သိက္ခာချဖို့အတွက်ကို ဒီ ကြော်ငြာဆိုင်းဘုတ်တွေကို ကပ်ဖို့အတွက်ကို အထက်က ခိုင်းတယ်ဆိုပြီး ပြောပါတယ်။ အထက်ဆိုတာ ကျနော်ကတော့ အထက်ဆိုတာ ဘယ်အထက်ဆိုတာ မသိဘူး။ အဲဒီအခါမှာ အဲဒီမှာ လုပ်ဖို့ လူရွေးတဲ့အခါကြတော့ အဲဒီမှာ တက်တက်ကြွကြွသွားမယ်ဆိုပြီးသွားတာ ဗိုလ်မှုးဥာဏ်လင်း၊ ဗိုလ်မှုးစည်သူ၊ ဗိုလ်မှုးသက်တင်စိန် တို့ သူတို့က ဗိုလ်ကြီးအဆင့်ပဲ ရှိပါသေးတယ်။ နောက် အောက်ကနေပြီး တပ်ကြပ်ကြီးစာရေး အဖွဲ့တွေ လိုက်သွားကြတာ ရှိကြတယ်။ ရှိပြီးတော့မှ သူတို့က အခြေအနေလည်း အခုနပြောသလို နယ်မြေခံ ထောက်လှမ်းရေးနဲ့လည်း ဌာနချုပ်နဲ့လည်း အဆက်အသွယ်ကလည်း မရှိ အဆက်အသွယ်မယူ ဝေလီဝေလင်းအချိန်မှာ လူရှင်းလောက်ပြီဆိုပြီး ကားနဲ့သွားရင် အဲဒီကားကို လူတွေက ဝိုင်းလိုက်တဲ့အခါကြတော့ လူတွေက ဒီကောင်တွေက ထောက်လှမ်းရေးကဆိုပြီး ဝိုင်းတဲ့အခါမှာ ဗိုလ်ကြီးသက်တင်စိန် နဲ့ ဗိုလ်ကြီးဥာဏ်လင်း က လူအုပ်တွေကြားထဲမှာ နောက်ဆုတ်နောက်ဆုတ်ရင် ရောသွားတော့ လွတ်သွားတယ်။ ဗိုလ်ကြီးစည်သူကတော့ အဲဒီလူအုပ်ကြီးက ကြည့်တဲ့အခါကြတော့ ဗိုလ်ကြီးစည်သူရဲ့  သေနတ်သွားတွေ့အခါကြတော့ ထောက်လှမ်းရေးပဲဆိုပြီး အဲဒီမှာ ဝိုင်းရိုက်ခံရတယ်၊ နောက်ပိုင်း နောက်က ဆရာကြီးတွေ လေးငါးယောက်လားမသိဘူး တခါတည်း ဖမ်းပြီးတော့မှ သရက်တောကျောင်းတိုက်ကို ခေါ်သွားတယ်လို့ ကျနော်တို့ သိရတယ်။ သရက်တောကျောင်းတိုက်မှာလည်း အဲဒီအချိန်တုန်းက သံဃာပေါ့ မှန်ကျောင်းဆရာတော်ကနေ အသက်ကို ကယ်ထားတယ်ဆိုတဲ့ သဘောပါပဲ။ မှန်ကျောင်းဆရာတော်ရဲ့  ကျေးဇူးကြောင့် သူတို့ အသက်မသေပဲ ပြန်ပြီးလွတ်ခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ မြန်မာနိုင်ငံမှာ စက်တင်္ဘာလ ၁၈ ရက်နေ့ အာဏာသိမ်းတယ်ဆိုတာ စနစ်တကျ စီစဉ်အကွက်ချပြီး အာဏာသိမ်းတယ်ဆိုတယ် သဘောမျိုး ပြောကြတာရှိတယ်လေ။ ဘာကြောင့်လည်းဆိုတော့ ဒီ လူထုလှုပ်ရှားမှု အရှိန်အဟုန် ကြွနေတဲ့အချိန်အတွင်းမှာပဲ လူထုလှုပ်ရှားမှုကြားထဲမှာ မင်းမဲ့စရိုက်တွေ ပေါ်လာတယ်။ ဥပမာ အဆိပ်ခတ်သတ်တာတို့၊ ဒါမှမဟုတ် အချင်းချင်းမှာ စွပ်စွဲပြီးတော့ သတ်မှုဖျက်မှုတွေ ပေါ်လာတာတို့ ဒီ ထိန်းလို့သိမ်းလို့ မရတဲ့အခြေအနေ။ ဒီလို ထိန်းလို့သိမ်းလို့ မရတဲ့ အခြေအနေမျိုးဖြစ်အောင် ထောက်လှမ်းရေးကနေ တမင်ဖန်တီးပြီးတော့ ဒါကို လက်ညှိထိုးပြီး တိုင်းပြည်အခြေအနေကို တပ်မတော်က ပြန်လည်ကာကွယ် ထိမ်းသိမ်းရမယ်ဆိုတဲ့ အနေအထားမျိုး ရောက်အောင်လုပ်ပေးခဲ့တယ်ဆိုတဲ့ ယူဆချက်လည်းရှိတော့ ဒါဟာ ထောက်လှမ်းရေးရဲ့  အခန်းကဏ္ဍပေါ့။ အဲဒါနဲ့ ပတ်သက်လိုရော ဦးအောင်လင်းထွဋ် အနေနဲ့ ဘာတွေများ သိထားခဲ့သလဲ။

ဦးအောင်လင်းထွဋ်။ ။ ကျနော်အနေနဲ့ ပြောရရင် ကျနော် ကာကွယ်ပြီးပြောတာမဟုတ်ဘူးဗျ။ ကျနော် အခုန ပြောခဲ့သလိုပဲ ဒီ ထောက်လှမ်းရေးရဲ့  အင်အားက ဂျီးအီဂျီး ကြောက်သလို ထောက်လှမ်းရေးကို ရှောက်ပြောပြီး နာမည်သုံးတာပဲ ရှိတယ်။ တကယ်တော့ ဒီ ထောက်လှမ်းရေးမှာ အဲဒီအချိန်မှာ အဲသလို ဥာဏ်နီဥာဏ်နက်လုပ်ဖို့ ဥာဏ်နီဥာဏ်နက် plan လုပ်မဲ့ လူတော့ ကျနော် မသိဘူးဗျ။ ဒါပေမယ့် တခုပဲ ကျနော် အဲဒီအချိန်မှာ သွားမြင်တာက ဘာဖြစ်လည်းဆိုတော့ အားလုံးသိပါတယ်။ ဒီ ထောင်တွေကို ဖောက်ပေးလိုက်တာ အဲဒါကတော့ ထောင်တွေကို ဖွင့်ပေးတဲ့ဟာကလည်း ကျနော်ထင်တယ် မဆလရဲ့  ပယောဂ ပါလိမ့်မယ် ထင်တယ်။ ထောင်ဖွင့်ပေးတဲ့အခါမှာမှ ဒီလို ဖြစ်တဲ့ ဖြစ်စဉ်တွေက ပိုပြီးတော့မှ များလာတယ်ထင်တယ်။ နောက်တခုကတော့ ကျနော်တို့ အပြစ်တင်တာတော့ မဟုတ်ပါဘူး၊ ကျနော် အလျှင်သင့်လို ပြောရရင်တော့ အဲဒီအချိန်အခါတွင်းမှာ ကျနော်တို့ ဗမာပြည် ကွန်မြူနစ်ပါတီက ကိုသက်ခိုင်တို့ ကိုကျော်မြတို့ ကိုတင်အောင်တို့က ကျနော်တို့ အရေးအခင်းမဖြစ်ခင်မှာ ဗမာပြည်ထဲကို ရောက်နေပြီဆိုတာ ကျနော်တို့ သိတော့သိတယ်။ အကုန်လုံးပေါ့ ပေါင်းစုံလုပ်လို့ရှိရင် ဟိုလိုလို ဒီလိုလိုနဲ့ အခုနပြောသလို ထောက်လှမ်းရေးက လုပ်သလိုလို ဗကပ က လုပ်သလိုလို ဒီထောင်ထွက်က လုပ်သလိုလို အဲဒီအခြေအနေကိုတော့ အခြေအနေမှန် ဘာလည်းဆိုတာ ကျနော်အနေနဲ့ ပြောရခက်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီ အချိန်တုန်းကဆိုလိုရှိရင် အရေးအခင်း ကာလတုန်းက ထောက်လှမ်းရေးဆိုပြီး မိတဲ့သူတွေကြားမှ ဆေးတွေထိုးပြီးတော့ မှိုင်းတိုက်ခံထားရလူတွေ ရှိတယ်၊ သူကိုသူ ဘယ်သူဘယ်ဝါမှန်း မသိပဲ ဆေးထိုးပြီးတော့ ခိုင်းထားလို့ လုပ်ရတာပါဆိုပြီး ပြောတယ်ဆိုတဲ့ သတင်းစကားတွေရှိတယ်။ အဲဒါမျိုးတွေရော ထောက်လှမ်းရေးအနေနဲ့ လုပ်ခဲ့တာ ရှိသလား။

ဦးအောင်လင်းထွဋ်။ ။ အဲဒါမျိုး ကျနော်တို့ အားလုံးအနေနဲ့ မပြောလိုဘူး။ ကျနော့်အပိုင်းအနေနဲ့တော့ မရှိဘူး။ ဘာဖြစ်လိုလည်းဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် ဘုရားမှာနေတုန်းက ကျနော့်ရှေ့ မှာ လူတယောက်ကို ဆန္ဒပြတဲ့အဖွဲ့တွေက ဝိုင်းရိုက်နေကြတယ်။ ဝိုင်းရိုက်နေကြတယ်ဆိုတာ ဘာဖြစ်လို့ ရိုက်သလဲဆိုတော့ ထောက်လှမ်းရေးဆိုပြီးတော့ ရိုက်နေကြတယ်ဗျာ။ သူတို့က ဘုရားဂိတ်တွေကနေ ရှာလိုက်တဲ့အခါမှာ အဲဒီလူဆီကနေ ကင်မရာပုံစံမျိုး မီးခြစ်လိုလို ကင်မရာလိုလို ပစ္စည်းလေးတခုကို သွားတွေ့တယ်။ ဒါ ထောက်လှမ်းရေးပဲကွဆိုပြီး သူတို့ ရိုက်နေကြတယ်။ သူတို့ ရိုက်နေတဲ့ နေရာနဲ့ မနီးမဝေးမှာ ကျနော် ရှိနေတယ်။

ဦးသန်းလွင်ထွန်း။ ။
အဲဒီလူက ဦးအောင်လင်းထွဋ် လူ မဟုတ်ဘူးပေါ့။
ဦးအောင်လင်းထွဋ်။ ။ ကျနော်တို့ လူမဟုတ်ဘူး။ အလကားနေရင်း သူ အရိုက်ခံနေရတာ သနားဖို့ ကောင်းတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီလိုမျိုး လူအုပ်ကြားထဲမှာ တစုံတရာ အထင်မှားအမြင်မှားဖြစ်အောင် ဝင်လုပ်ခဲ့တာ ဘာညာမရှိခဲ့ဘူးပေါ့။

ဦးအောင်လင်းထွဋ်။ ။ ကျနော်တို့ ဒီလို အထင်မှား အမြင်မှား ဒီလိုဖြစ်တာတော့ ကျနော်တို့တော့ လူတွေကို ဒီလို သတ်ချင်လာအောင် ဖျက်ချင်လာအောင်တော့ ကျနော်တို့ အဲလောက်ကြီး လုပ်လို့ မရဘူးထင်တယ်။ လုပ်ဖို့လည်း သိပ်မလွယ်ဘူး။ လူတွေရဲ့  mentality အရလေ အဲဒီလိုဖြစ်အောင်။ ဒါပေမယ့် ဒီအထဲမှာ ဖြစ်တာတော့ ဖြစ်တာပေါ့လေ။ တွေ့တာတော့ တွေ့နေရတာပေါ့။ ခေါင်းဖြတ်တာတို့ အဲဒီအချိန်တုန်းကပေါ့။

ဦးသန်းလွင်ထွန်း။ ။
အခုနောက်ဆုံး ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့  အခုလက်ရှိအနေအထားမှာ နိုင်ငံရေးအရဆိုလိုရှိရင်လည်း ပြီးကတဲ့နှစ်တုန်းက ရွှေဝါရောင် တော်လှန်ရေးတွေဖြစ်ခဲ့တယ်၊ နာဂစ်မုန်တိုင်းပြီးကာလမှာဆိုရင်လည်း အခြေအနေက စီးပွားရေး ကြပ်တည်းမှုတွေနဲ့ အခြေအနေတွေက မတည်မငြိမ်ဖြစ်နေတယ်ဆိုတော့ ဒီအခြေအနေမှာ မြန်မာထောက်လှမ်းရေး နဲ့ သတင်းပေးတပ်ဖွဲ့တွေ အခန်းကဏ္ဍက ဘယ်လိုရှိလာနိုင်မလဲ။

ဦးအောင်လင်းထွဋ်။ ။ ဒီအခြေအနေ ဒီကာလကတော့ ဒီမိုကရေစီအင်အားစုတွေအတွက်ရော ဗမာပြည်သူပြည်သားအတွက်ရော အခွင့်အခါ ကျနော်တို့ ကောင်းတဲ့အခြေအနေပါ။ သူတို့ တကယ်တော့ ဘာမှ ထိထိရောက်ရောက်နဲ့ ကျနော်တို့ မသိနိုင်ပါဘူး။ မသိနိုင်ဘူးဆိုတာလည်း အခု ကိုသန်းလွင်ထွန်းတို့ သိတဲ့အတိုင်းပါ။ ဗမာပြည်တွင်းမှာ ဗုံးပဲကွဲကွဲ ဘာပဲဖြစ်ဖြစ် နောက်ဆုံး လူသတ်မှုကြီးဖြစ်ဖြစ် ပေါ်အောင် သူတို့လုပ်နိုင်တဲ့အနေအထား စွမ်းအားမရှိဘူး။ ဒီလို မလုပ်နိုင်တာ ကျနော်တို့ ထောက်လှမ်းရေးရဲ့  ထောက်လှမ်းရေးညံ့လို့ပေါ့။ ထောက်လှမ်းရေးဆိုတဲ့ကောင်တွေက မလုပ်နိုင်တဲ့အတွက် ဒီလိုမျိုးတွေက တောက်လျှောက်ဖြစ်နေတာပါ။ သူတို့ အချင်းချင်းပဲ ခွေနေကြတဲ့ အနေအထားမျိုးဖြစ်တဲ့ အချိန်အခါဖြစ်ပါတယ်။ ဒီ ထောက်လှမ်းရေးအပိုင်းမှာ စစ်ထောက်လှမ်းရေးကလည်း သိပ်ပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမရှိဘူး။ ရဲ အထူးထောက်လှမ်းရေးကလည်း ဒီ လောက် လူအများကြီးနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ စ သုံးလုံးတို့ ဆိုတာလည်း ထောက်လှမ်းရေးဆိုတာ နာမည်ခံထားတာ နောက်ပိုင်းမှာ ထောက်လှမ်းရေးပြုတ်ပြီးနောက်ပိုင်းမှာ စွမ်းအားရှင်တို့ ကြံ့ခိုင်းဖွံ့ဖြိုးရေးတို့ဆိုပြီးတော့ လုပ်တာဖြစ်လာတယ်။ မြို့တွေရွာတွေမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးစွမ်းအားရှင်တွေထားပြီး သတင်းပေးပေါ့။ ဒါလည်း ဒီအဖွဲ့တွေ စနစ်တကျလေ့ကျင့်ပြီးမှ ထားတဲ့အဖွဲ့တွေမဟုတ်တဲ့အတွက်ကြောင့် အချိန်မရွေး အခုနပြောသလို ကျနော်တို့ အယင်ခေတ်တုန်းက လမ်းစဉ်လူငယ်တို့ ဘာညာကွိကွတွေလို ဘက်ပြောင်းသွားနိုင်တယ် အနေအထား ရှိပါတယ်။ ဒီမိုကရေစီဘက်တော်သားအတွက်ကတော့ အချိန်ကောင်း အချိန်အခါကောင်းပေါ့။


Type the rest of your post here.

(ဆက်ဖတ်ရန်.......)

Sunday, 9 August 2009

It'sTime To Put Burma's Junta Hell Dog Than Shwe

(ဆက်ဖတ်ရန်.......)

ပြည်ပရောက်အဖွဲ့အစည်းများထံသို့

(ဆက်ဖတ်ရန်.......)

Saturday, 8 August 2009

၈လေးလုံး(၂၁)နှစ်ပြည့် နအဖသံရုံးရှေ့ဆန္ဒပြပွဲနှင့် သတင်းစာရှင်းလင်းပွဲ

(ဆက်ဖတ်ရန်.......)

Friday, 7 August 2009

Joint-Statement For The 21st Anniversary Of 8888Uprising In Burma

Date 2009/08/08

1. Today marks the 21st anniversary of the nationwide 8.8.88 Uprising in Burma that occurred in Aug 8, 1988.

2. The so-called democracy uprising quite led to the overthrow of the repressively totalitarian regime in Burma for 26 years. At the same time, it gave birth to Burmese democracy leader Daw Aung San Suu Kyi, the leading political party NLD and other political parties, the Committee Representing People's Parliament, 88' generation student leaders and particularly the results of the 1990 general elections that can never be obliterated from the historical records. However people's wish for establishing the Federal State has not yet been fulfilled.


3. The incumbent military regime is now committing not only the unprecedented human rights abuses in Burma history but also genocide among the ethnic groups systematically. And over 2100 political prisoners struggling for democracy and national reconciliation including DASSK, student leaders, ethnic leader U Khun Tun Oo, etc have been unlawfully detained and sentenced to long imprisonment. The junta carelessly neglected the advices for a genuine dialogue in order to settle political problems peacefully and the results of the general elections freely and fairly held in May, 1990. Besides, their unilaterally drafted constitution was forcefully approved against the people's will so that they can continue to grip on power forever. Moreover they are now preparing to hold another general election in 2010.

4. Although the UN Secretary General Ban Ki-moon paid a visit to Burma on July 3 and 4 and met the military leaders for the immediate release of all political prisoners including DASSK and for holding political dialogue for national reconciliation, senior general Than Shwe did not make any exact promise and denied his access to DASSK. Therefore Mr. Ban Ki-moon disappointedly expressed, " I think that Myanmar (Burma) government missed a unique opportunity to prove their promise to open a new chapter in Myanmar politics." Actually that was their arrogantly rude insult to the internationally community.

5. DASSK must have been released unconditionally in May this year after detaining her for six years following the Depayin Massacre in May 30, 2003. Instead, the junta charged her against committing house arrest law by conspiracy because of a foreigner who intruded her house.. DASSK, a Nobel Peace Prize Laureate, has been calling for political dialogue for national reconciliation in Burma. To Burmese people, she is not just a national leader but hope and light of democracy. That's why her detention and imprisonment unlawfully sentenced is like a verdict of the death penalty to democracy movement and a blatant challenge to the civilized international community. About her case, DASSK said, " it will be an example of whether there is the rule of law in Burma or not." A verdict will be expected on Aug 10, and the regime will surely get a big stick instead of a carrot if they miscue the judicial power and sentence her to unlawful imprisonment. And they will soon realize that people’s power is stronger than that lying at the barrel of a gun.

6. Nothing is impossible to be solved if we have a genuine and peaceful dialogue based on the interests and the dignity of the people in Burma. Hence, our Burmese democratic forces together with the Korean community continuously supporting our struggle for democracy in Burma seriously demand the junta.

01. To immediately release DASSK facing unlawful trial and all prisoners of conscience

02. To hold a genuine dialogue with the NLD and ethnic leaders for national reconciliation and democracy-transforming process within the time-bound frame as soon as possible.

National League for Democracy(Liberted Area) Korea Breach
Karean Youth Organization (Korea Breach)
Chin National Community Korea (CNC-Korea)
Kuki Student Democratic Front (Korea Branch)
Song Young Gil Democratic Party MP(National Assembly Korea)
May 18 Foundation Korea
Korea Other MP and NGO Group

(ဆက်ဖတ်ရန်.......)

Thursday, 6 August 2009

တောင်ကိုရီးယားကို အားကျနေတဲ့ မြန်မာတို့အတွက်

ကိုလူချစ် (ကိုရီးယား) ၃၁။၇။၀၉

မြန်မာပြည်မှာ ရေပန်းစားနေတဲ့ ကိုရီးယားနိုင်ငံဟာ ၁၉၈၇ခုနှစ် ဇွန်လကမှ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာတာပါ။ နှစ်အနေ နဲ့ဆိုရင် ဒီမိုကရေစီ နိုင်ငံဖြစ်တာ နှစ်(၂၀)ကျော်ပဲ ရှိပါသေးတယ်။ ကိုရီးယားနိုင်ငံဟာလည်း တစ်ချိန်က ယခုလက်ရှိ မြန်မာ နိုင်ငံလို စစ်အာဏာရှင်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှု အင်အားနဲ့ တွန်းလှန်ဆန့်ကျင်ခဲ့ကြတဲ့ အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် မြန်မာပြည်ရဲ့ စစ်အာဏာရှင်နဲ့ တစ်ချိန်က ကိုရီးယား နိုင်ငံရဲ့ စစ်အာဏာရှင်တို့ရဲ့ တိုင်းပြည်ကို အနိုင့်ကျင့် အုပ်ချုပ်ပုံချင်း တော် တော်တူပါ တယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင် သမိုင်းအကျဉ်းကို ကျွှန်တော် လေ့လာထားမိသလောက် တင်ပြပါရစေ။၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့ မနက်ပိုင်းက ကိုရီးယားအသံလွှင့်ဋ္ဌာနတွေကနေ တိုက်ရိုက် ထုတ်လွှင့်နေတဲ့ သမ္မတ ကျမ်း သစ္စာကျိန်ဆိုပွဲကို ကြည့်ပြီး ကိုရီးယားနိုင်ငံသားတွေကို အားကျမိသွားတယ်။ အားကျမိတဲ့အချက်ကတော့ ပြည်သူလူထုကလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ သမ္မတကို ရွေးချယ်ပိုင်ခွင့်ရှိလို့ပါ။ကျွှန်တော်တို့ မြန်မာပြည်မှာလည်း
၁၉၉၀ ခုနှစ်တုန်းက ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေ ရှိခဲ့ပေမယ့် စစ်အစိုးရရဲ့မတ ရားအနိုင်ကျင့်ပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားခဲ့တာကြောင့် ပြည်သူ့ကိုယ်စား လှယ်တွေခမျာ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း တာဝန်တွေ မထမ်းဆောင်နိုင်တဲ့အပြင် မတရာညှင်းပမ်းနှိပ်စက် ဖမ်းဆီးမှုတွေကြောင့်ထောင်ကျနေရသူ တွေရှိသလို ပြည်ပနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်နေရသူတွေပါ ရှိလာခဲ့ရပါတယ်။


မြန်မာပြည်မှာလည်း ကိုရီးယားကို အားကျနေကျတယ် ဆိုတာတွေလည်း သိရပါတယ်။ ဒါပေမယ့် ကိုရီးယားနိုင်ငံရဲ့ တိုးတက် ထွန်းကားမှုတွေကိုပဲ အားကျနေကြတာ များနေတယ်လို့ ထင်တယ်။ ဥပမာ ကိုရီးယား ရုပ်သံဇတ်လမ်းတွဲတွေကိုကြည့်ပြီး တချို့ ဆို ကိုရီးယားစကား မတောက်တခေါက် တောင် ပြောနေကြတယ် ထင်တယ်။ ဘယ်လောက်အတိုင်းအတာထိလည်း ဆိုရင် မြန်မာပြည်မှာ အောင်မြင် ကျော်ကြားနေတဲ့ အနုပညာသမားတွေ ပါးစပ်ဖျားမှာတောင် ကိုရီးယားစကားတွေ ရေပန်းစာနေပါ တယ်။ မြန်မာပြည်အနှံ့မှာ ကိုရီးယားရောဂါပိုးက တော်တော်ဆိုးနေပုံရတယ်။ မြန်မာပြည်ထဲကလူတွေ ကိုရီးယားနိုင်ငံကို အဓိ က အထင်ကြီး အတုယူစရာလေးတွေ အသိပေးတင်ပြချင်တာနဲ့ ဒီဆောင်းပါးကို ရေးလိုက်ရတာပါ။မြန်မာပြည်မှာ ရေပန်းစားနေတဲ့ ကိုရီးယားနိုင်ငံဟာ ၁၉၈၇ခုနှစ် ဇွန်လကမှ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာတာပါ။ နှစ်အနေနဲ့ ဆိုရင် ဒီမိုကရေစီ နိုင်ငံဖြစ်တာ နှစ်(၂၀)ကျော်ပဲ ရှိပါသေးတယ်။ ကိုရီးယားနိုင်ငံဟာလည်း တစ်ချိန်ကယခုလက်ရှိ မြန်မာ နိုင်ငံ လို စစ်အာဏာရှင်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှု အင်အားနဲ့ တွန်းလှန်ဆန့်ကျင်ခဲ့ကြတဲ့ အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။ အခုလက်ရှိ မြန်မာစစ်အစိုးရ (နအဖ)ကပြုလုပ်မယ့် အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲပုံစံမျိုးလည်း ကိုရီးယား စစ်အစိုးရလက်ထက်က ပြုလုပ်ခဲ့ဖူးပါတယ်။
စစ်တပ်အာဏာ သက်ဆိုးရှည် တည်မြဲရေးအတွက် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတွေလည်း ကျင့်သုံးခဲ့ဖူးပါတယ်။
စစ်အစိုးရကိုဆန့်ကျင်ပြီး ဒီမိုကရေစီ အရေး လှုပ်ရှားခဲ့သူ ကျောင်းသူ ကျောင်းသားတွေ၊ ပါတီနိုင်ငံရေးလှုပ်ရှားသူတွေပြည်သူ လူထုတွေလည်း မတရား ဖမ်ဆီးနှိပ်စက် သတ်ဖြတ်ခြင်းတွေ ခံခဲ့ကြရပါတယ်။ နအဖက တွင်တွင် သုံးနေတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူဆိုရင် ပြည်ပအားကိုးပုဆိန်ရိုး ဆိုတဲ့ စွပ်စွဲမှုမျိုးလို ကိုရီးယားစစ် အစိုးရ လက်ထက်က ဒီမိုကရေစီအရေး လှုပ်ရှားသူ ဆိုရင် မြောက်ကိုရီးယားသူလျို ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးနှိပ်စက်ခဲ့ဖူးပါတယ်။ ပြောရယ်ဆိုရင် မြန်မာပြည်ရဲ့ စစ်အာ ဏာရှင်နဲ့ တစ်ချိန်က ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်တို့ရဲ့ တိုင်းပြည်ကို အနိုင့်ကျင့် အုပ်ချုပ်ပုံချင်း တော်တော်တူပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင် သမိုင်းအကျဉ်းကို ကျွှန်တော် လေ့လာထားမိသလောက် တင်ပြပါရစေ။

ကိုရီးယားနိုင်ငံဟာ ၁၉၄၅ခုနှစ် သြဂုတ်လ၁၅ရက်နေ့မှာ ဂျပန်နိုင်ငံလက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့ ပါတယ်။
၁၉၄၈ခုနှစ် ဇူလိုင် လမှစတင်ပြီး အီဆူမန် ဆိုသူဟာ ကိုရီးယားနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတဖြစ်လာခဲ့ပါတယ်။ အီဆူမန်ဟာ
သမ္မတရာထူးရပြီး ၁၉၅၁ခုနှစ်မှာ Liberal Party ကို စတင်ဖွဲ့စည်းတည်ထောင်ပြီး ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
သမ္မတရာထူးရရှိခဲ့တဲ့ ၁၉၄၈ခုနှစ်မှ စတင်ပြီး ၁၉၅၆ခုနှစ်အထိ အစိုးရအဖွဲ့ အား ရွေးချယ် တင်မြှောက်ချင်း မပြုပဲ အာဏာ ရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၅၆ခုနှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပေမယ့်လည်း သန့်ရှင်းတဲ့ ရွေးကောက်ပွဲမျိုး မဟုတ်ပဲ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားပြီး သမ္မတရာထူးကို ဆက်လက်ခံယူခဲ့ပါတယ်။ ၁၉၆၀ခုနှစ် ဧပြီလ၁၉ရက်နေ့မှာဂိုလျော တက္ကသိုလ် ကျောင်းသား တွေကနှေအစပြုပြီး ကိုရီးယားနိုင်ငံမှာ ပထမဦးဆုံး ဒီမိုကရေစီ လူထုလူပ်ရှားမူအရေးတော်ပုံ စတင် ပေါ်ပေါက် ခဲ့ပါတယ်။ အဲဒီိအရေးတော်ပုံကြီးကြောင့် ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့ပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ သူ အီဆူမန်ဟာ ဟာဝိုင်ယီကို ထွက်ပြေးတိမ်းရှောင်သွားရပြီး ဟာဝိုင်ယီမှာ နိုင်ငံရေးခိုလူံခွင့် ခံယူခဲ့ပါတယ်။သမ္မတနေရာကို ထိုအချိန်က ၀န်ကြီးချုပ်ဖြစ်သူ ယူးန်ဘိုဆောင်(င်)ကို ၁၉၆၀ခုနှစ် သြဂုတ်လမှာ သမ္မတအဖြစ် လွတ်တော် က နေ ရွေးချယ် တင် မြှောက် လိုက်ခဲ့ကြပါတယ်။
အဲဒီအချိန်က ကိုရီးယားနိုင်ငံ တစ်နိုင်ငံလုံးမှာ ငြိမ်သက်မူမရှိပဲ ဆူပူအုံကြွမှုတွေ ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ နိုင်ငံမငြိမ်သက်မူကို အကြောင်းပြပြီး တော့ စစ်တပ်ရဲ့ ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဘတ်ဂျော်ဟီးက ၁၉၆၁ခုနှစ် မေလ ၁၆ရက်နေ့မှာ စစ်အာဏာသိမ်းလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီး ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလမှာ Democratic Rebuplican Partyကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
ပါတီဖွဲ့စည်းပြီး ၁၉၆၃ခုနှစ် အောက်တိုဘာလမှာ ရွေးကောက် ပွဲပြုလုပ်ပြီး သမ္မတအာဏာကို ရယူခဲ့ပါတယ်။ ရွေးကောက်ပွဲပြု လုပ်ရာတဲ့ နေရာမှာလည်း အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း မမှန်ကန် မသန့်မရှင်း တရား မမျှတတဲ့ ရွေး ကောက်ပွဲမျိုးကိုပဲ လုပ်ပေးခဲ့တာပါ။
သမ္မတအာဏာရရှိလာတဲ့ ဘတ်ဂျော်ဟီးဟာ ၁၉၆၉ခုနှစ် စက်တင်ဘာလမှာ အခြေခံဥပဒေကို ပြန်လည်ပြင် ဆင်ခဲ့ပါတယ်။
၁၉၇၂ခုနှစ် အောက်တိုဘာ လမှာလည်း Constitution For Revitalizing Reform ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ထိုဥပဒေအရ
လွတ်တော်အမတ်များ၏ သုံးပုံ တစ်ပုံကို နိုင်ငံတော် သမ္မတမှ ရွေးချယ်မည်ဆိုတဲ့ အချက်ဟာ အဓိကအကျဆုံး အချက်ဖြစ်ခဲ့ပါတယ်။
အခုမြန်မာစစ်အစိုးရ(နအဖ)က ရေးဆွဲထားတဲ့ စစ်တပ်က နိုင်ငံတော် အုပ်ချုပ်မှုအာဏာကို (၂၅)ရာခိုင်နှုန်းပါဝင်မယ်ဆိုတဲ့
အခြေခံဥပဒေနဲ့ ခပ်ဆင်ဆင်ပါပဲ။ အဲဒီဥပဒေ ပြဌာန်းလိုက်ခြင်းဟာ ဘတ်ဂျော်ဟီးက လွတ် တော် ရဲ့ လုပ်ပိုင်ခွင့်အာဏာကိုပါ
သိမ်းယူချင်တဲ့အတွက် အဲဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာပါ။ စစ်အာဏာနဲ့ အုပ်ချုပ်ခြင်းခံနေရတဲ့ ကိုရီးယား ပြည်သူလူထု ဟာ
နည်းမျိုးစုံနဲ့ အနိုင်ကျင့် နှိပ်စက်မှုတွေကို ခါးစည်းခံခဲ့ကြရပါတယ်။၁၉၇၉ခုနှစ် အောက်တိုဘာလမှာတော့ ဘူဆန်းမြို့ကနေ အစပြုပြီး ဘတ်ဂျော်ဟီး ပြဌာန်းခဲ့တဲ့ ဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြမူ တွေ ကိုရီးယားနိုင်ငံ အနှံ့အပြားမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၇၉ခုနှစ် အောက်တိုဘာလ ၂၆ရက်နေ့မှာတော့ ကိုရီးယားနိုင်ငံ
ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ကင်မ်ဂျေဂြူး ကနေ ဘတ်ဂျော်ဟီးကို သေနတ်နဲ့ ပစ်သတ်လုပ်ကြံခဲ့ပါတယ်။
အဲဒီအချိန်မှာလည်း ကိုရီးယားနိုင်ငံ တစ်နိုင်ငံလုံးမှာ မငြိမ်မသက် ဆူပူလှုပ် ရှား မှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။
ဘတ်ဂျော်ဟီး လုပ်ကြံခံရ ပြီးတော့ သမ္မတနေရာကို အဲဒီိအချိန်က ၀န်ကြီးချုပ်ဖြစ်တဲ့ ချွဲဂြူးဟာ ကို တင်မြှောက် လိုက် ပါတယ်။
ဒါပေမယ့် ၁၉၇၉ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့မှာတော့ စစ်အာဏာရှင် လက်သစ်ဖြစ်တဲ့ ဂျော်န်ဒူးဟွာန်က ကိုရီးယား နိုင်ငံကို
ဒုတိယအကြိမ်မြောက် စစ်အာဏာသိမ်းယူခဲ့ပါတယ်။ ဂျော်န်ဒူဟွာန်ဟာ စစ်အာဏာသိမ်းပြီး မာရှယ်လော အမိန့်ကိုထုတ်ပြန် ခဲ့ပါတယ်။
၁၉၈၀ခုနှစ် မေလမှာ တော့ မာရှယ်လောအမိန့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
၁၉၈၀ခုနှစ် မေလ၁၈ရက်နေ့မှာ ဂျော်န်နမ်တက္ကသိုလ်က ကျောင်းသားတွေက တက္ကသိုလ် ၀င်းအတွင်းမှာ ဆန္ဒပြနေကြတာကို အစိုးရတပ်တွေက ၀င်ပြီး ရိုက်နှက်ဖမ်းဆီးနိမ်နှင်းခဲ့ပါတယ်။ အစိုးရတပ်တွေရဲ့ ရိုက်နှက်မူကြောင့် ဒဏ်ရာရခဲ့ကြတဲ့ ကျောင်းသားတွေကို မြင်တွေ့ခဲ့ကြတဲ့ တက္ကသိုလ် တည်ရှိရာ ဂွမ်ဂျုးမြိှု့က ပြည်သူလူထုတွေကလည်း ပူပေါင်းပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက် ဂွမ်ဂျုးတမြို့လုံး ပျံနှံ့သွားပြီး ကမ္ဘာကသိခဲ့တဲ့ ၅.၁၈ ဂွမ်ဂျုး အရေးအခင်းကြီး ဖြစ်ပေါ်
လာခဲ့ပါတယ်။ ၁၉၈၀ခုနှစ် မတ်လ ၁၈နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဂွမ်ဂျူးအရေးအခင်းဟာလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့
ဒီမိုကရေစီအရေးတော်ပုံကြီး တစ်ခုဖြစ်ပါတယ်။ ထိုအရေးတော်ပုံကြီးဟာလည်း စစ်တပ်ရဲ့ အနိုင်ကျင့် နိမ်နှင်းဖြိုခွဲခြင်းကို
ခံခဲ့ရပါတယ်။ ဂျော်န်ဒူးဟွာန်ဟာ ၁၉၈၁ခုနှစ် ဇန်န၀ါရီလ ၁၅ရက်နေ့မှာ ဘတ်ဂျော်ဟီး ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပါတီကလူ တွေနဲ့ ပူးပေါင်းပြီး “တရားမျှတသော ဒီမိုကရေစီပါတီ”လို့ အမည်ပေးကာ ပါတီတစ်ခု ဖွဲ့စည်း တည်ထောင်ပြီးဥက္ကဌရာထူး ယူကာ ရွေးကောက်ပွဲပြုလုပ်ပြီးတော့ သမ္မတသက်တမ်း ၇နှစ် စနစ်နဲ့ သမ္မတရာထူးကို ရယူခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့ ရွေးကောက် ပွဲကလည်း အာဏာရှင်တို့ ထုံးစံအတိုင်း တရားမမျှတတဲ့ ရွေးကောက်ပွဲပဲ လုပ်ခဲ့ပါ တယ်။
စစ်အစိုးရတွေဖြစ်တဲ့ ဘတ်ဂျော်ဟီး၊ ဂျော်န်ဒူးဟွာန်တို့ရဲ့ လက်ထက်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကျောင်းသားများနှင့် နိုင်ငံ ရေးလှုပ်ရှား သူများဟာ နည်းအမျိုးမျိုးနဲ့ နှိပ်စက်ဖမ်းဆီးခြင်း ခံခဲ့ကြရပါတယ်။ကိုရီးယားနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းဖို့ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ လူထုလှုပ်ရှားမူကြီး တစ်ခုကတော့ ၁၉၈၇ ခုနှစ် ဇွန်လ ဒီမိုကရေစီ လူထု လှုပ်ရှားမူ အရေးအခင်းကြီးဖြစ်ပါတယ်။ ထိုအရေးအခင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေခံအကြောင်းတွေက တော့ စစ်အစိုးရအားဆန့်ကျင်ပြီး ဒီမိုကရေစီ အရေး လှုပ်ရှား နေသူ ကျောင်းသားတစ်ဦး ဖမ်းဆီးစစ်ဆေးရာမှာ လက်လွန် သေဆုံး သွားတဲ့ အမှုနဲ့ ၁၉၈၇ခုနှစ် ဧပြီလ ၁၃ရက်နေ့မှာ ဂျော်န်ဒူးဟွာန်က ထုတ် ပြန်ကြေညာ လိုက်တဲ့ ကြေညာချက်ကို ဆန့်ကျင်မှု တွေကနေ စတင်ခဲ့တာပါ။ ဂျော်န်ဒူးဟွာန် ထုတ်ပြန်ကြေညာလိုက်တဲ့ ကြေညာချက်မှာပါတဲ့
အဓိက အချက်ကတော့ ၁၉၆၉ခုနှစ်က စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ ဘတ်ဂျော်ဟီးက ပြင်ဆင်ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေ ကို လုံးဝပြင်ဆင်မှု မလုပ်ပဲ ကျင့်သုံးသွားမည်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးခဲ့တဲ့ ကျောင်းသား က တော့ ဆိုးလ်တက္ကသိုလ်မှ ဘတ်ဂျုံချောလ် ဆိုသူ ဖြစ်ပြီး ထိုအချိန်က စစ်အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီအရေး လှုပ်ရှား နေသူ ကျောင်းသားခေါင်းဆောင် ဘတ်ဂျုံဝူးန် ကို ဂျော်န်ဒူးဟွာန်အစိုးရမှ အလိုရှိနေတဲ့အတွက် ခြေရာခံဖမ်းဆီးနိုင်ဖို့ ဖမ်းဆီး စစ် ဆေးနေတုန်း လက်လွန်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရတို့ရဲ့ ထုံးစံအတိုင်း ဘတ်ဂျုံချော လ် သေဆုံးမှုဟာရှော့ ဖြစ်ပြီးသေဆုံးတာပါလို့ ရဲဋ္ဌာနကနေ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘတ်ဂျုံချောလ်ရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ တဲ့ ဆရာဝန်က သေဆုံးမှုဟာ သာမန်ရှော့ဖြစ်ပြီး သေဆုံးခြင်းမျိုးမဟုတ်ပဲ ရိုက်နှက်စစ်ဆေးတဲ့အတွက် သေဆုံးရတာပါလို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အဲဒီအချက်ကို သိလိုက်ကြတဲ့ ပြည်သူလူထုကြီးဟာ ပိုမိုမခံမရပ်နိုင်ဖြစ်ပြီး ဆန္ဒပြမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၈၇ခုနှစ် ဇွန် လ ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီးရဲ့ ရလဒ်ကတော့ ၁၉၈၇ ခုနှစ် ဇွန်လ ၂၉ရက်နေ့မှာ သမ္မတအာဏာကို ဆက်လက်ဆက်ခံမယ့် နိုထေ၀ူး ကနေ ဒီမိုကရေစီ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန် ပေးလိုက်ရပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ခြင်း ဖြစ်ပါတယ်။ထိုဒီမိုကရေစီထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်သမ္မတရွေးချယ်ခြင်း ဥပဒေအား ပြန်လည်ပြုပြင်၍ ထိုဥပဒေအတိုင်း ကျင့် သုံးသွားရန်၊ရွေး ကောက်ပွဲအား လွတ်လပ်၍တရားမျှတမှုရှိရန်၊ ထိုအချိန်က ဖမ်းဆီး ထိန်းသိမ်း ခံနေရသူတစ်ဦဖြစ်ပြီး ဒီမိုက ရေစီ လူထုခေါင်းဆောင် တစ်ဦးဖြစ်သူ ကင်မ် ဒေဂျုးင်အား ပြန်လည်လွှတ်ပေးရန်၊ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ပေးရန်၊ နိုင်ငံရေးပါတီများ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ပေးရန်စသည့် အချက်များပါရှိသည်။ ထို့နောက် ၁၉၈၈ခုနှစ် ဖေဖော်ဝါ ရီလ မှ ၁၉၉၃ခုနှစ် ဖေဖော်ဝါရီလအထိ နိုထေ၀ူး၊ ၁၉၉၃ခုနှစ် ဖေဖော်ဝါရီလမှ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ အထိ ကင်မ်ယောင်ဆမ်း၊ ၁၉၉၈ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလအထိ ကင်မ်ဒေဂျုးင်၊ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၈ခုနှစ် ဖေဖော် ၀ါရီ လအထိ နိုမူးဟြောင်းတို့က သမ္မတရာထူး ရရှိခဲ့ကြပါတယ်။ ယခုလက်ရှိ ကိုရီးယား နိုင်ငံရဲ့ သမ္မတကတော့ အီမြောင်ဘတ် ဖြစ်ပါတယ်။ ယခုလက်ရှိ အာဏာ ရသမ္မတ အီမြောင်ဘတ်ဟာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ကိုရီးယားနိုင်ငံ နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ ပြည်သူလူထု အတွင်းမှာတော့ အဲဒီကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောဆိုနေမှု လုံးဝမရှိပါဘူး။ကိုရီးယားနိုင်ငံဟာ မြန်မာပြည်ကလူတွေ အားကျအထင်ကြီးလောက်အောင်ပဲ တိုးတက်မှု မြန်ဆန်ပါတယ်။အခုဆို ဘက်ပေါင်းစုံ မှာ ကမ္ဘာကို ရင်ပေါင် တန်းနိုင်အောင် ကြိုးစားနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကိုရီးယားနိုင်ငံဟာ ရေမြေသံယာဇာတပေါများတဲ့နိုင် ငံမဟုတ်ပါဘူး။ အဲဒါတောင် တိုးတက်အောင် ကြိုးစားနိုင်ခဲ့ကြပါတယ်။ နိုင်ငံကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထု တွေရဲ့ ပူးပေါင်းကြိုးစားမှုရဲ့ ရလဒ်လို့ပဲ သုံးသပ်ရမယ်ထင်ပါတယ်။ ကျွှန်တော်တို့ မြန်မာနိုင်ငံမှာ ဗိုလ်ကျအနိုင်ကျင့်အုပ်ချုပ်တဲ့
အစိုးရ ပြုတ်ကျသွားမယ်ဆိုရင် ကျွှန်တော်တို့နိုင်ငံဟာလည်း ခေတ်မှီတိုးတက်တဲ့ ဒီမိုကရေ စီနိုင်ငံကြီး တစ်ခုဖြစ်ပေါ်လာမှာ မလွဲပါဘူး။
ကိုရီးယားပြည်သူလူထုရဲ့ အင်အားနဲ့ စစ်အာဏာရှင်ကို တွန်းလှန်ပြီး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာကို ရင်ပေါင်တန်း နေတာကို အားကျအတုယူပြီး နိုင်ငံရေးခေါင်းဆောင်များရဲ့ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှုတွေနဲ့ မြန်မာနိုင်ငံသားတိုင်းရင်း သား ပြည်သူ လူထုတစ်ရပ်လုံးက စည်းလုံး ညီ ညွှတ်စွာနဲ့ ကျရာတာဝန်ကိုထမ်းပြီး စစ်အာရှင်ကိုတွန်းလှန်ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေဗျာ။
မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံး ရောက်လေရာအရပ်တိုင်းမှာ အဆင်ပြေ စိတ်ချမ်းသာမှုအပေါင်းနဲ့
ပြည့်စုံကြပါစေလို့ ဆုတောင်း လိုက် ပါတယ်။

(ဆက်ဖတ်ရန်.......)

ကြက်ဆူပင်စိုက် လုပ်အားပေး တအိမ်တယောက်ဆင့်ခေါ်

သြဂုတ်လ ၆ရက်၊ ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အောင်မြေ(၁)ရပ်ကွက်တွင် ယမန်နေ့က ကြက်ဆူပင်စိုက်ရန် ရပ်ကွက် အာဏာ ပိုင်များက တအိမ်တယောက်ဆင့်ခေါ်ခဲ့သဖြင့် မိုးရွာထဲတွင် လုပ်အားပေး လိုက်ကြရသည်။

မနက်(ရ)နာရီမှ ညနေ(၄)နာရီအထိ ကြက်ဆူပင်စိုက် လုပ်အားပေးခဲ့ကြရပြီး နေ့လည်ပိုင်း ကိုယ့်အိမ် ကိုယ်ပြန် ထမင်းစားချိန်မှ လွဲ၍ တနေကုန် မိုးရွာထဲတွင် လုပ်ခဲ့ကြရသည်ဟု လုပ်အားပေးခဲ့ရသူ တဦးက ပြောသည်။

“မိုးရွာကြီးထဲမှာ လုပ်ကြရတာ။ ကြက်ဆူပင်က အောင်မြေ(၁)ရပ်ကွက်က ဝိုင်းမော်မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်နားက ကားလမ်းဘေးတလျောက်မှာ စိုက်ရတယ်။ မြေနေရာက လေး-ငါး ဧက လောက်ရှိမယ်။ တယောက်ကို အပင် သုံး-လေးရာလောက်စိုက်ရမယ်ထင်တယ်။ အဲဒါကို ဝါးတွေနဲ့ ပြန်ကာပေးရတယ်။ ဥပုသ်နေ့လည်းဖြစ်တော့ ကျောင်းပိတ်ထားတော့ ကျောင်းသားတွေလည်းလာ တယ်။ သက်ကြီးရွယ်အိုတွေလည်း လာတယ်။ အားလုံး အောင်မြေ (၁)ကဘဲ လူအင်အား ခုနှစ်ဆယ် လောက် ရှိမယ်။


ယခုကြက်ဆူပင်လုပ်အားပေးမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်တလခန့်က ဝိုင်းမော်အနီး တရုတ်တောင် တောင်ကုန်းတွင် ကြက်ဆူပင်လုပ်အားပေးအား ဝန်ထမ်းများနှင့်အတူ ရပ်သတ္တ တပတ်ကျော်နှစ်ပတ်အထိ လုပ် အားပေးလိုက်ခဲ့ကြရသည်ဟု သူက ပြောသည်။

“ကြက်ဆူပင်လုပ်အားပေးက နောက်လည်း လုပ်ရဦးမှာ။ အတင်းအဓမ္မပေါ့ကွာ။ ဒီနေ့ဆိုရင် မိုးဒီ လောက်ရွာနေတာ အဲလောက်ထိ မလုပ်ရဘူးလေ။ ရယကတွေ ဘာတွေက နောက်လည်း ကြက်ဆူ ပင်ကို မစိုက်မနေရ လုပ်နေဦးမှာ။ တရုတ်တောင်မှာဆိုရင် လူကြီးမျက်နှာယူတာပေါ့။ ပြောမယ်ဆိုရင် လူကြီးတယောက်က ပင်စင်ယူတော့မှာ။ ပင်စင်မယူခင်မှာ မျက်နှာရချင်တာနဲ့ လူတွေကို ဝိုင်းခေါ်ဆွဲ ထည့်ပြီး ခိုင်းနေတာ။”

ကြက်ဆူအစေ့မှ ဇီဝလောင်စာဆီထုတ်ယူရေးဟု စစ်အစိုးရ၏ စီမံကိန်းအရ မြန်မာတနိုင်ငံလုံးတွင် နေရာအနှံ့ အပြား၌ လမ်းဘေးဝဲယာများတွင်သာမက နေအိမ်ရှေ့များတွင်ပါ ကြက်ဆူပင် စိုက်ခိုင်းခဲ့သည်။

ကြက်ဆူစေ့မှ ဆီထုတ်ယူပြီး စက်အင်ဂျင်မောင်းသည့် သရုပ်ပြမှုများ သတင်းစာများတွင် ဖေါ်ပြနေသော်လည်း မြန်မာပြည်တွင်း၌ အသုံးပြုနေသည့် မော်တော်ယာဉ်နှင့် စက်အင်ဂျင် ယန္တယားတို့မှာ ဓာတ်ဆီ၊ ဒီဇယ်၊ စီအင် ဂျီဓာတ်ငွေ့ တို့ကိုသာ သုံးစွဲနေရသေးသလို ကလေး ငယ်များ ကြက်ဆူသီးစားမိ၍ မူးဝေအော့အန်သည့် သတင်း များလည်း မကြာခဏ ထွက်ပေါ် နေသဖြင့် မြန်မာပြည်လူထုမှာ စစ်အစိုးရ၏ ကြက်ဆူပင် စိုက်ပျိုးရေး စီမံ ကိန်းအပေါ် ဝေဖန်ရှုတ်ချနေကြသည်။(သတင်းနှင့်မီဒီယာ ကွန်ယက်)

(ဆက်ဖတ်ရန်.......)

သတင်းစာပါ ဖက်ဒရယ်မူ အဓိပ္ပာယ်ဖွင့်ဆိုချက် ဦးရွှေအုံး ကန့်ကွက်

နန်းဒေဝီ
ကြာသပတေးနေ့၊ သြဂုတ်လ 06 ရက် 2009 ခုနှစ်

ဖက်ဒရယ်မူသည် စည်းလုံးညီညွတ်မှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ခြင်းဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ခြင်းအပေါ် ပင်လုံညီလာခံတွင် တက်ရောက်ခဲ့သူ ရှမ်းပြည် ဝါရင့် နိုင်ငံရေးသမားကြီး ဦးရွှေအုံးက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

မြန်မာ့အလင်း အယ်ဒီတာထံ ပြီးခဲ့သည့်လ ၂၇ ရက်နေ့က ရေးသား လိပ်မူထားသော စာမျက်နှာ ၃ မျက်နှာပါ ပြန်လည် ဖြေရှင်းရေး တောင်းဆိုစာ မိတ္တူကို မဇ္ဈိမက လက်ခံ ရရှိခဲ့သည်။

“ဘာမှ တုံ့ပြန်ဖော်ပြ၊ ပြောဆိုတာ မရှိသေးပါဘူး။ ရေးထားတဲ့ (ဆောင်းပါး) က မှားနေတယ်။ ဟုတ်မှ မဟုတ်တာ။ အဲဒါကို ပြင်စေချင်တာပါ” ဟု ဦးရွှေအုံးက ပြောသည်။

ဇူလိုင် ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကလောင်အမည် ကိုသာယာ၏ ‘သတိအစဉ် အသိယှဉ်၍’ ခေါင်းစဉ်ဖြင့် ဆောင်းပါးတွင် စာရေးသူက ဖယ်ဒရယ်မူသည် စည်းလုံးညီညွတ်မှု ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်နည်းတခု ဖြစ်သည်ဟု ရေးသားခဲ့သည်။


“နိုင်ငံတော်ကို အစိတ်စိတ် အမွှာမွှာခွဲဖို့ ရည်ရွယ်ပြီး ဖယ်ဒရယ်ကို အသက်သွင်းဖို့ ကြိုးပမ်းနေကြတယ်၊ တိုင်းရင်းသားတွေအကြားမှာ မြှောင့်ပင့်ပေးနေကြတယ်။ … ဒါကို ဖယ်ဒရယ် စခဲ့လို့ကတော့ ဝါးအစည်းပြေသလို ပရမ်းပတာပြိုကွဲပြီး အားလုံး ကျားစာဖြစ်ပွားမှာ မယုံမရှိနဲ့” ဟု သတင်းစာတွင် ပါရှိသည်။

“ရှေ့ကဖြစ်ခဲ့တဲ့ နိုင်ငံကြီးတွေ ပြိုကွဲတာ ငြင်းမရတဲ့ သာဓကပဲ။ ဒါကြောင့် ဖယ်ဒရယ်ဟာ ပြည်ထောင်စုကို ပြိုကွဲစေမယ့် မျိုးစေ့ပါနေတယ်ဆိုတာ သတိထားရပါမယ်” ဟုလည်း ဆိုထားသည်။

ဦးရွှေအုံးက စာရေးသူ ကိုသာယာ အနေဖြင့် ဖယ်ဒရယ်မူနှင့် ပတ်သက်၍ မသိနားမလည်ခြင်း မဖြစ်နိုင်ကြောင်းနှင့် သူ၏ အာဘော်ဖြစ်သော်လည်း နောက်ကွယ်တွင် တစုံတရာ ရှိနေကြောင်း ဦးရွှေအုံးက သုံးသပ်သည်။

ဦးရွှေအုံးက ဖက်ဒရယ်မူနှင့် ပတ်သက်၍ သမိုင်းကြောင်းနောက်ခံများဖြင့် ပြန်လည်ဖြေရှင်းရာတွင် “ပြည်ထောင်စု ဟူသည့် သဘောမှာ ပြည်ထောင်များ တန်းတူရည်တူ စုပေါင်းထားခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ သို့သော် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် မြန်မာပြည်နယ် မပါဝင်ဘဲ တည်ဆောက်ခဲ့သောကြောင့် ပြည်ထောင်စု အတုသာလျှင်ဖြစ်သည်” ဟု ဖြေရှင်းချက် ပေးစာထဲတွင် ရေးသားထားသည်။

ထို့အပြင် “ပြည်ထောင်စုအတုမှ ပြည်ထောင်စုအစစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် တောင်းဆိုခြင်းသည် မိမိတို့ ရသင့်ရထိုက်သော အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်ရာ၊ တရားမျှတစွာ စဉ်းစားသူတိုင်း ယင်းဖယ်ဒရယ်မူကို လက်ခံနိုင်ကြလိမ့်မည် ထင်ပါသည်” ဟု ဆိုထားသည်။

ပြန်လည်ဖြေရှင်းပေးရန် မြန်မာ့အလင်းအပြင်၊ ကြေးမုံသတင်းစာတိုက်နှင့် ရန်ကုန်အခြေစိုက် အပတ်စဉ် သတင်းဂျာနယ်များသို့လည်း မိတ္တုများ ပေးပို့ခဲ့သည်။

ပေးစာထဲတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သည့် ပင်လုံညီလာခံတွင် တက်ရောက်ခဲ့သော ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ကိုယ်စားလှယ်များက တပြည်ထောင်စနစ်ကို မလိုလားသဖြင့် ပြည်ထောင်စုအဖြစ်သာ စုပေါင်းရန်၊ နိုင်ငံရေးတန်းတူညီမျှမှု ရှိရမည်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမည်၊ ခွဲထွက်ပိုင်ခွင့် ရှိရမည်ဟု အကျိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ပင်လုံစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပါရှိသည်။

ပြည်ထောင်စု လူဦးရေ၏ ၄၀ % မျှရှိသော လူမျိုးစုများ၏ ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်မချင်း ပြည်ထောင်စုကြီး၏ ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါ” ဟု ဦးရွှေအုံးက မှတ်ချက်ပေးထားသည်။

ဦးရွှေအုံးရေးသားခဲ့သည့် “မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့” စာအုပ်သည် စာမျက်နှာပေါင်း ၃၁၁ မျက်နှာရှိပြီး၊ အခန်းပေါင်း ၁၇ ခန်းရှိကာ မြန်မာပြည်တွင် နေထိုင်သော လူမျိုးများ ဆင်းသက်လာပုံ၊ ပုဂံနိုင်ငံတော် ပေါ်ပေါက်လာပုံ၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် စာရေးသူ၏ အမြင်များ ရေးသားထားသည်။

ထိုစာအုပ်သည် ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားသူများအကြား ပျံ့နှံ့ခဲ့ပြီး၊ တရားဝင် ပုံနှိပ်ထုတ်ဝေရန် စာပေစိစစ်ရေးကို တင်ပြခဲ့သော်လည်း ယနေ့ထိတိုင် ခွင့်ပြုချက် မရရှိခဲ့ပေ။

၈၆ နှစ်အရွယ် ဦးရွှေအုန်းသည် ၁၉၉၃ ခုနှစ်တွင် “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ဖူးသည်။ ထိုနှစ်တွင် သူသည် စစ်အစိုးရ၏ အမျိုးသားညီလာခံသို့ ၈ ပြည်နယ် ပြည်ထောင်စုမူ စာတမ်းကို တင်ပြခဲ့သဖြင့် အာဏာပိုင်များက ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်။

သူသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကို အခြေခံ၍ ဒီမိုကရေစီစနစ်ကို အခြေခံမည့် “ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့” အမည်ဖြင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နှစ်ဦးပိုင်းတွင် ဖွဲ့စည်းခဲ့သည်။(မဇ္စျိမ)

(ဆက်ဖတ်ရန်.......)

မလေးရှားမှ မြန်မာ (၆) ဦး သေဒဏ်ပေးခံရ

မင်းနိုင်သူ / ၆ သြဂုတ် ၂၀၀၉

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား (၆) ဦးကို ဂိုဏ်ဖွဲ့ကာ လူသတ်မှုကျူးလွန်ခဲ့သည့်အတွက် မလေးရှားတရားရုံးချုပ်က ယနေ့ သေဒဏ်ပေးလိုက်သည်။

၎င်းတို့ (၆) ဦးသည် ၂၀၀၅ ခုနှစ်၊ ဇွန်လအတွင်း မြန်မာ-မွတ်စလင်တဦးဖြစ်သည့် ဆာဒစ်ဟူစိန်ကို ဂိုဏ်ဖွဲ့သတ်ဖြတ်ခဲ့ခြင်း အတွက် သေဒဏ်ပေးခံကြရခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာတဦးက ပြောသည်။

၎င်းက “သူတို့က ဂိုဏ်ဖွဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရုံသာမကဘူး၊ တခြားမြန်မာနိုင်ငံသားတွေကိုလည်း ခြိမ်းခြောက် ငွေညှစ်နေတဲ့သူတွေပါ။ ညပိုင်းတွေမှာ လမ်းမှာတွေ့လို့ ဖမ်းဆီးပြီး သူတို့ဖျက်ဆီးခဲ့တဲ့ မိန်းကလေးတွေလည်း ရှိခဲ့ပါတယ်။ သူတို့ ဒီလိုကြိုးပေးခံရတာဟာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရတာပါပဲ” ဟု ပြောသည်။

မလေးရှားတရားရုံးချုပ်က သေဒဏ်ချမှတ်လိုက်သူများမှာ အောင်စိုးဦး (ခ) စလမ်၊ ၀င်းနိုင် (ခ) ကာစင်၊ နဂုရာရှစ်၊ မွန်ဂျီ (ခ) အက်ကာရင်ဟာရှင်း၊ ဆိုင်ဒူလဒ် (ခ) စိုးစိုးနှင့် ဇော်ဦးတို့ဖြစ်ကာ ၎င်းတို့သည် မြန်မာ-မွတ်စလင်များဖြစ်ကြောင်း သိရသည်။


“သူတို့က ဆလာယမ်ဈေးကြီးတ၀ှိုက်မှာ ကျက်စားနေတဲ့ ဂိုဏ်စတားတွေပါ။ သူတို့ကို တရုတ်သူဌေးတယောက်က ကျောထောက်နောက်ခံပြုပေးထားတယ်” ဟု မလေးရှားရှိ မြန်မာတဦးက ပြောသည်။
---------------------------------------------------------------
၁ဝ နှစ်သမီး သေဆုံးမှု တရားခံ သေဒဏ်ကျ
Thursday, 06 August 2009 အေးလဲ့


မန္တလေးမြို့မှ အသက် ၁ဝ နှစ် အရွယ် မိန်းကလေးတဦးအား အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသူကို မန္တလေးခရိုင် တရားရုံးက ဇူလိုင် ၂ဝ ရက်နေ့တွင် သေဒဏ် အမိန့် ချမှတ်လိုက်သည်ဟု ဒေသခံ ရှေ့နေ တဦးက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ကျောင်းဆင်းချိန်မှ စ၍ ထိုမိန်းကလေး ပျောက်ဆုံးသွားခဲ့ပြီး နောက်တနေ့ နံနက်တွင် ဂုန်နီအိတ်ဖြင့် ပတ်ထားသည့် ထိုမိန်းကလေး၏ ရုပ်အလောင်းအား ရပ်ကွက် တနေရာတွင် တွေ့ခဲ့ရသည်ဟူသော သတင်းမှာ မန္တလေးတွင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သော သတင်းကြီး ဖြစ်ခဲ့သည်။

ထိုအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က သံသယရှိသူ ကိုဝင်းမြင့်အား မိထ္ထိလာမြို့တွင် အမှုဖြစ်ပွားပြီး တပတ်အတွင်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ကိုဝင်းမြင့် (အသက် ၃၆ နှစ်) က ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး တရားရုံးကလည်း ပြစ်မှု ထင်ရှားသည်ဟု စစ်ဆေး တွေ့ရှိရသဖြင့် ထိုသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ကိုဝင်းမြင့်သည် သေဒဏ်မှ ထောင်ဒဏ်သို့ ပြောင်းလဲနိုင်ရန် အယူခံတင်နိုင်သည်ဟု မန္တလေးမှ အမည်မဖော်လိုသူ ရှေ့နေတဦးက ဧရာဝတီကို ပြောပြသည်။

“ခရိုင်တရားရုံးက သေဒဏ် ချလိုက်ပေမယ့် တရားရုံးချုပ်က အတည်ပြုဖို့ လိုပါတယ်၊ နိုင်ငံ အကြီးအကဲ တွေကလည်း အတည်ပြုဖို့ လိုပါတယ်။ သူ့မှာလည်း အယူခံတွေ ဆင့်ကဲ၊ ဆင့်ကဲ လိုက်ခွင့်ရှိပါတယ်” ဟု အဆိုပါ ရှေ့နေက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အများအပြား ရောင်းဝယ် ဖောက်ကားသူများ၊ ထုတ်လုပ်သူများကိုလည်း သေဒဏ် အမိန့် ချမှတ်လေ့ ရှိသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Wednesday, 5 August 2009

ဝငြိမ်းချမ်းရေးအဖွဲ့နယ်မြေအနီးသို့ နအဖစစ်တပ်ရင်း (၃) ခု လာရောက်တပ်စွဲထား



NEJ / ၄ သြဂုတ် ၂၀၀၉

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဝဒေသမြောက်ပိုင်းရှိ ဟိုပန်မြို့နယ်၊ နမ့်တင်းတွင် ရှမ်းပြည်မြောက်ပိုင်း၊ သိန္ဒီအခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း (၃) ရင်း ယခုလ (၂) ရက်မှစတင်၍ လာရောက်တပ်စွဲထားသည်၊၊

နအဖစစ်သားများ ဝမြောက်ပိုင်းဒေသအနီးသို့ လာရောက်တပ်စွဲလှုပ်ရှားမှုအပေါ် ဝတပ်ဖွဲ့စောင့်ကြည့်နေပြီး ယနေအချိန်အထိ အခြေအနေငြိမ်သက်နေသေးကြောင်း ဝတပ်မှူးတဦးက ပြောသည်။

“ကျနော်တို့ တပ်တွေနဲ့ (၁ဝ) မိုင်အကွာလောက်မှာ ရှိပါသေးတယ်။ လက်နက်ကြီး တကမ်းစာပေါ့ဗျာ။ ကျနော်တို့ကတော့ ဒီအပေါ်မှ stand by လုပ်ထားပါတယ်။ ကိုယ့်နယ်ထဲဝင်လာပြီး ရန်စလာပြီဆိုရင်တော့ ပြန်တွယ်ဖို့ အဆင်သင့်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဝတပ်ဖွဲ့နယ်မြေအနီးသို့ နအဖစစ်တပ်များ အင်အားဖြည့်တင်းနေသကဲ့သို့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ လိုင်ဇာအနီး နားလုံကျေးရွာသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတခု လာရောက်အင်အားဖြည့်တင်းနေ ကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။


ဇူလိုင် (၃၁) ရက်၌ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းကို ရောက်ရှိလာသကဲ့သို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် အဆိုပါငြိမ်းချမ်းရေးအဖွဲ့များမှ ခေါင်းဆောင်များအား ထပ်မံပြောဆိုပြီးနောက်ပိုင်း ယခုကဲ့သို့ စစ်တပ်အင်အားများ ဖြည့်တင်းလာနေခြင်းဖြစ်သည်။

ယခုကဲ့သို့ တပ်အင်အားများ ငြိမ်းအဖွဲ့နယ်မြေအနားတွင် လာရောက်လှုပ်ရှားလာမှုမှာ ငြိမ်းအဖွဲ့များအပေါ် ခြိမ်းခြောက် ဖိအားပေးနည်းတမျိုးသာဖြစ်ပြီး တိုက်ခိုက်ရန်အဆင့်အထိ မရောက်နိုင်သေးကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “တပ်တွေကို အဲဒီနားကိုပို့ပြီး ခြိမ်းခြောက်ဖိအားပေးတာသက်သက်ပါ။ ဒေသခံလူထုတွေ ကြောက်လန့်၊ အထိတ်တလန့်ဖြစ်ပြီး လူထုက စစ်မတိုက်ပါနဲ့တော့လို့ ပြောလာအောင် ဖိအားပေးတာမျိုးပါ။ အခု ဝနယ်ဘက်ကပ်လာတဲ့ တပ်ရင်းသုံးရင်းမှာ တရင်းက (၁၄၂) ယောက်၊ နောက်တခု (၁၄၆) ယောက်၊ နောက်တရင်းက (၁၅၃)၊ အားလုံးအင်အား (၄ဝဝ) ကျော်ပဲ။ ဝကိုတိုက်ဖို့ ဒီလောက်အင်အားလေးနဲ့ သွားလုပ်လို့မရပါဘူး။ အခုအချိန်မှာ သူတို့မတိုက်နိုင်သေးပါဘူး” ဟု ပြောသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်အာဏာ သိမ်းပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်ပြီး စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့ရာမှ ယခုနှစ် ဧပြီ (၂၈) ရက်နေ့တွင် အင်အား (၃ဝ,ဝဝဝ) ဝန်းကျင်ရှိသည့် ဝတပ်ဖွဲ့ကို အင်အား (၃,ဝဝဝ) အထိ လျှော့ချကာ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်းပြောင်းရန် နအဖ၏ ဖိအားပေးခြင်း ခံနေရသည်။

(ဆက်ဖတ်ရန်.......)