Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Wednesday, 20 February 2013
ဗိုလ်မှူးလှမြိုင် ရေးသော စာအုပ်
ဗိုလ်မှူးလှမြိုင်(ကြည်း၉၇၉၁)-ခလရ(၉၂)ရေးသားတင်ပြခဲ့သောလွန်ခဲ့သည့်နှစ်၃၀ အကြာမှစာတမ်းကိုအများပြည်သူများသိရှိလေ့လာနိုင်ရန်အတွက်ဖိုင်များခွဲ၍ဖြန့် ချီပေးလိုက်ပါသည်။ မြေမြို၍လူမျိုးမပျောက်၊လူမြိုမှလူမျိုးပျောက်သည်ကိုမမေ့ကြပါနဲ့ 
Pages From Immigration of Bangli Kalar Into Arakan State by
(ဆက်ဖတ်ရန်.......)
တည်ဆဲဥပဒေမှ နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်းအခန်းကဏ္ဍ
အခန်း (၄) နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း
၄၂။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း
     ရောက်ရှိနေထိုင်သူနှင့်ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီး
    သည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ
   လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် 
   ဗဟိုအဖွဲ့သို့နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်။
၄၃။ ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်းဖြစ်စေ၊ နိုင်ငံတော်
      ပြင်ပဖြစ်စေ မွေးဖွားသည့်အောက်ပါသူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန်
     လျှောက်ထားနိုင်သည် …
(က) နိုင်ငံသားနှင့်နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊
(ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွားသူများ၊
(ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊
(ဃ) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊
(င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊
၄၄။ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားသူသည်အောက်ပါအရည်အချင်းနှင့် ပြည့်
     စုံရမည် —
(က) ပုဒ်မ (၄၂) သို့မဟုတ် ပုဒ်မ (၄၃) ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီသူဖြစ်ခြင်း၊
(ခ) အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊
(ဂ) တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကို ကောင်းမွန်စွာပြောတက်ခြင်း၊
(ဃ) အကျင့်စာရိတ္တကောင်းမွန်ခြင်း၊
(င) ရူးသွပ်သူမဟုတ်ခြင်း၊
၄၅။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်
     ထောင်ကျခဲ့သောဤဥပဒေအာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံခြားသား
     မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည်နိုင်ငံသားပြုခွင့်ရရန် လျှောက်ထား
     လျှင်အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည် —
(က) အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊
(ခ) အကျင့်စာရိတ္တကောင်းမွန်ခြင်း၊
(ဂ) ရူးသွပ်သူမဟုတ်ခြင်း၊
(ဃ) တစ်လင်တစ်မယားဖြစ်ခြင်း၊
(င) တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းအဖြစ် နိုင်ငံတော်အတွင်း အနည်း
     ဆုံးသုံးနှစ် အဆက်မပြတ် နေထိုင်ခဲ့ခြင်း။
၄၆။ (က) နိုင်ငံသားပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူသည် ပြည်ထဲရေး
      နိုင်ငံတော်၏သစ္စာကိုခံယူကြောင်း၊နိုင်ငံတော်၏ဥပဒေများကို ရိုသေလိုက်
      နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော တာဝန်နှင့်အခွင့်အရေးများကို သိရှိ
      ကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာ ပြုရမည်။
(ခ) နိုင်ငံသားပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သော နိုင်ငံခြားသားမှတ်ပုံ
     တင်လက်မှတ်ကိုင်ဆောင်သူသည်ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်
     အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်
    ကြောင်း၊ နိုင်ငံတော်၏သစ္စာကိုခံယူကြောင်း၊ နိုင်ငံတော်၏ဥပဒေများကို ရိုသေ
    လိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောတာဝန်နှင့် အခွင့်အရေးများကို
    သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြုရမည်။
၄၇။ နိုင်ငံသားပြုခွင့်လက်မှတ်တွင် လျှောက်လွှာ၌ဖော်ပြထားသော သားသမီး၏အ
      မည်ကိုဗဟိုအဖွဲ့ကထည့်သွင်းနိုင်သည်၊ အမည်ထည့်သွင်းပေးခြင်းခံရသော 
     သားသမီးသည် နိုင်ငံသားပြုခွင့်ရသူဖြစ်သည်။
၄၈။ ပုဒ်မ (၄၇) အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက် 
      တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူ ဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ (၄၆) ပုဒ်မခွဲ (က) ပါ
      အတိုင်း ကတိသစ္စာပြုရမည်။
၄၉။ (က) ပုဒ်မ (၄၇) အရ အမည်ထည်သွင်းပေးခြင်း ခံရသော သားသမီးသည် 
      အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးပါက အသက်ပြည့်သည့်နေ့မှစ၍ တစ်နှစ်
      အတွင်းပြည်ထဲရေးဝန်ကြီးဌာန၏သတ်မှတ်သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်
      တိုင်လာရောက်ပြီး ပုဒ်မ (၄၆) ပုဒ်မခွဲ (က) ပါအတိုင်းကတိသစ္စာပြုရမည်။
      (ခ) ပုဒ်မခွဲ (က)ပါအတိုင်း လိုက်နာရန်ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီး
      ဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ်ငါးဆယ်ကျစီ 
      ဒဏ်ငွေကို ပေးဆောင်စေရမည်။
၅၀။ တစ်နှစ်အတွင်း ကတိသစ္စာမပြုနိုင်ပါက ခိုင်လုံသောအကြောင်းပြ၍ ပြည်ထဲ
      ရေးဝန်ကြီးဌာန၏သတ်မှတ်သည့် အဖွဲ့အစည်းများမှတဆင့် ဗဟိုအဖွဲ့သို့
      လျှောက်ထားရမည်။ခိုင်လုံသောအကြောင်းမရှိပဲ အသက်နှစ်ဆယ့်နှစ်နှစ်
      ပြည့်သည့်နေ့မှကျော်လွန်လျှင် နိုင်ငံသားပြုခွင့်ရသူအဖြစ်ဆုံးရှုံးသည်။
၅၁၊ (က) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးလုံးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို 
     ဆုံးရှုံးလျှင် ထိုသူ၏နိုင်ငံသားပြုခွင့်လက်မှတ်တွင် ပါဝင်သော အသက်တစ်
     ဆယ့်ရှစ်နှစ် မပြည့်သေးသည့် သားသမီးနှင့်အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး   
     ကတိသစ္စာမပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ 
     ရပ်စဲသည်။
    (ခ) နိုင်ငံသားနှင့်နိုင်ငံခြားသားမိဘနှစ်ပါးအနက် နိုင်ငံသားအမိ သို့မဟုတ်   
         အဖသည် နိုင်ငံသားအဖြစ်ကိုဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်
        မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသောသားသမီး
       နှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြုရသေးသော သားသမီး
      သည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
    (ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် ဧည့်နိုင်ငံသား အမိ 
    သို့မဟုတ် အဖသည်ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော  
    လက်မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသော သားသမီး
    နှင့် အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြုရသေးသော သားသမီး
    သည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
(ဃ) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးအနက် နိုင်ငံသားပြုခွင့်ရသူ 
အမိသို့မဟုတ်အဖသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကိုဆုံးရှုံးလျှင်ထိုသူကိုင်ဆောင်
သောလက်မှတ်တွင် ပါဝင်သည့်အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သား
သမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြုရသေးသော သားသမီး
သည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
၅၂၊ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်
     ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံခြား
     သားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည်နိုင်ငံသားပြုခွင့်ရရန်လျှောက်
    ထားပြီး နိုင်ငံသားပြုခွင့်မရမီ ယင်း၏ဇနီး သို့မဟုတ် ခင်ပွန်းသေဆုံးလျှင်ဖြစ်
    စေ၊ကွာရှင်းလျှင်ဖြစ်စေ ထိုသူ၏နိုင်ငံသားပြုခွင့် လျှောက်ထားခြင်းသည်
    ပျက်ပြယ်သည်။
၅၃။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်—
(က) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်။
(ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။
(ဂ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်သော အခွင့်အရေးများမှ
     အပ နိုင်ငံတော်၏ ဥပဒေပါနိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။
၅၄။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်
      မရှိစေရ။
၅၅။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလ
     အတွင်းနိုင်ငံသားပြုခွင့်ရသူအဖြစ်ကို စွန့်လွှတ်ခွင့် မရှိစေရ။
၅၆။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားနှင့် 
     အိမ်ထောင်ပြုကာမျှဖြင့်နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် အလိုအ
     လျောက် မရှိစေရ။
၅၇။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ။
      အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊   
      အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ်အလားတူလက်မှတ်ကို ထုတ်ယူ
     လျှင်ဖြစ်စေ နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
၅၈။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်အောက်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်း
      လျှင်နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ဗဟိုအဖွဲ့က ရုပ်သိမ်းနိုင်သည် —
(က) နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်းရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ 
      ရန်သူနိုင်ငံကိုအထောက်အကူပြုသည့် နိုင်ငံများနှင့်ဖြစ်စေ၊ ထိုနိုင်ငံများ၏နိုင်
      ငံသားများ၊အဖွဲ့အစည်းများနှင့်ဖြစ်စေ ကုန်သွယ်ခြင်းသို့မဟုတ်ဆက်သွယ်ခြင်း
      သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း။
(ခ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း 
     အဖွဲ့ဝင်နှင့်ဖြစ်စေကုန်သွယ်ခြင်း၊သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့
     ပြုလုပ်ခြင်း တစ်ရပ်ရပ်ကိုအားပေးကူညီခြင်း။
(ဂ) နိုင်ငံတော်၏ အချုပ်အချာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ 
     အများပြည်သူတို့၏အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့်အန္တရာယ်
     တစ်ခုခုကို ပြုလုပ်နေသည်၊ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သောအ
     ကြောင်းရှိခြင်း။
(ဃ) နိုင်ငံတော်ကို အကြည်ညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အ
      မူအရာဖြင့်ဖြစ်စေ၊နုတ်အမူအရာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေပြသခြင်း။
(င) နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်း
     တစ်ခုခုကိုဖြစ်စေ၊အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊ အခြားနိုင်ငံများကိုဖြစ်စေ 
     သတင်းပေးခြင်း၊ ထိုသို့ပြုလုပ်ခြင်းကိုအားပေးကူညီခြင်း။
(စ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့်စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်
     သောကြောင့်အနည်းဆုံး ထောင်ဒဏ် တစ်နှစ် သို့မဟုတ် အနည်းဆုံး ငွေ
     ဒဏ် ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း။
၅၉။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်မဟုတ်မှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း
      ဖြင့် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ရရှိပါက နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်
    သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် တစ်ဆယ်နှစ်နှင့်ငွေဒဏ် ကျပ်ငါးသောင်း
     ကိုလည်း ကျခံစေရမည်။
၆၀။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်
      မှတ် သို့မဟုတ်ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့်လက်မှတ်
     ကို သူတစ်ဦးရရှိရန်အားပေးကူညီလျှင်နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်း 
     ခြင်းခံရမည့်အပြင် ထောင်ဒဏ်ခုနစ်နှစ်နှင့် ငွေဒဏ်ကျပ်တစ်သောင်းကိုလည်း 
     ကျခံစေရမည်။
၆၁။ နိုင်ငံသားအဖြစ်ရသူတစ်ဦးသည် ပုဒ်မ (၅၉)။ ပုဒ်မ ၆၀။ အရ သူတစ်ဦးကျူး
     လွန်သော အမှုကိစ္စကိုကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ ကိုယ်တိုင်ပါဝင်ကူညီဆောင်
     ရွက်ခဲ့လျှင်ဖြစ်စေ ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း 
    သို့မဟုတ် ကျူးလွန်ခဲ့သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန
    ၏သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ဖော်ထုတ်ဝန်ခံပါက ဤအမှုကိစ္စနှင့်
    စပ်လျဉ်းသော ပြစ်မှုပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိစေရမည်။
၆၂။ (က) နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏
     နိုင်ငံသားပြုခွင့်လက်မှတ်ကိုပယ်ဖျက်ထားသောလက်မှတ်ကို ကိုင်ဆောင်သူ
     သည်ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ပြန်လည်
     အပ်နှံရမည်။
(ခ) ပယ်ဖျက်ထားသော နိုင်ငံသားပြုခွင့်လက်မှတ်ကို ပြန်လည်အပ်နှံရန်ပျက်
     ကွက်လျှင်ဖြစ်စေ၊ဆက်လက် အသုံးပြုလျှင်ဖြစ်စေ၊ သူတစ်ဦးအား မသမာ
    သောနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ် တစ်ဆယ်နှစ်
    နှင့်ငွေဒဏ် ကျပ်နှစ်သောင်းကို ကျခံစေရမည်။
(ဂ) မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားပြုခွင့်လက်မှတ်ကိုဖြစ်စေ၊ သေ
     ဆုံးသူ နိုင်ငံသားပြုခွင့်ရသူ၏ လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင်
    ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။
၆၃။ မည်သူမဆို နိုင်ငံသားပြုခွင့်လက်မှတ်အတု ပြုလုပ်လျှင်ဖြစ်စေ၊ ထိုသို့ပြု
     လုပ်ရန် အားပေးကူညီလျှင်ဖြစ်စေ ထောင်ဒဏ် တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ် 
    ကျပ်ငါးသောင်းကို ကျခံစေရမည်။
၆၄။ နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည်
      နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ပြန်လည်လျှောက်ထားခွင့် မရှိစေရ။
(ဆက်ဖတ်ရန်.......)
Monday, 18 February 2013
မြန်မာ့ အလံများ၏သမိုင်း
လူ့ယဉ်ကျေးမှုများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာ အလံသဘောဆောင်သော အမှတ်အသား အဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွယ်ချက်နှင့် သင့်လျော်သည့် ကျေးငှက်တိရိစ္ဆာန်တို့၏ ရုပ်တု စသောအရာဝတ္တု များကို အသုံးပြုခဲ့ကြသည်။ နောင်တွင် အလံကို ပုံပန်းသဏ္ဌာန် အရွယ်အစားအမျိုးမျိုး၊ အခေါ်အဝေါ် အသုံးအနှုန်း အဆင့်ဆင့် ပြောင်းလျက် သုံးစွဲလာခဲ့ကြသည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာ စသည်တို့သည် အလံများ၏ ရှေ့ပြေးဟု ဆိုရပေမည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာများသည် ဂေါတမမြတ်စွာဘုရား လက်ထက်ကပင် စတင်အသုံးပြုခခဲ့ကြသည်။ တံခွန်၊ ကြက်လျှာတို့ကို အခြေပြု မြစ်ဖျားခံ၍ တစ်စတစ်စဖြင့် မျက်မှောက်ခေတ်အလံများကို ကျယ်ပြန့်စွာ သုံးစွဲလာခဲ့ ကြသည်။
ခရစ်မပေါ်မီ အနှစ် (၉၀၀) ခန့်က အာဆီးရီးယားနိုင်ငံ၌ တံခွန်များ၊ စစ်အလံများ သုံးစွဲခဲ့ကြပုံကို ထိုခေတ်က ထုလုပ်သော ကျောက်ရုပ်များ အိုးခွက်များပေါ်၌ တွေ့မြင် ခဲ့ရသည်။ အလံကို အ၀တ်စဖြင့် ချုပ်လုပ် အသုံးပြုခြင်းကို ရောမတို့ စတင်တီထွင်ခဲ့ကြသည်။ ဥရောပတိုက်နိုင်ငံများ၌ အလံလွှင့်ထူသည့် အလေ့အထကို ဆာရာဆင်လူမျိုးများမှ စတင်ပျံ့နှံ့သွားခဲ့သည်ဟု ဆိုသည်။ ခရစ်တော်မပေါ်မီ အနှစ်(၃၀၀)ခန့်က ရောမဧကရာဇ်များ သုံးသော အလံတော်သည် ယခုခေတ် အလံတော်များနှင့် နီးစပ်တူညီသည်ဟု ဆိုနိုင်သည်။ အရှေ့တိုင်းတွင် အလံကို ရှေးအကျဆုံး အသုံးပြုခဲ့သော နိုင်ငံမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ပင်ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တံခွန်များ၊ အလံများကိုင်ဆောင် သုံးစွဲသည့် အလေ့အထသည် မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့ ရောက်ရှိသွားသည်။
မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင် အလံနှင့် စပ်လျဉ်း၍ အထောက်အထားများ မတွေ့ရှိခဲ့ရသော်လည်း သမိုင်း အလယ်ခေတ် သက္ကရာဇ် (၈၄၂) မှ (၈၄၃) ခုနစ်အထိ စိုးစံခဲ့သော ဒုတိယမင်းခေါင် လက်ထက်တော်အခါ၌ စတင်တွေ့ရှိရသည်။ ကုန်းဘောင်ခေတ် မြန်မာမင်းများ လက်ထက်တွင် ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော (သို့မဟုတ်) နိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်အဖြစ် ဒေါင်းအလံကို သတ်မှတ်ထားရှိကြောင်း တွေ့ရှိရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ဒေါင်းအလံကို မြန်မာနိုင်ငံတော်အလံ အဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ ကုန်းဘောင်မင်းဆက် နောက်ဆုံးတိုင်အောင် ဒေါင်းအလံကို မြန်မာအမျိုးသားအလံ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော်အလံ အဖြစ်လည်းကောင်း သတ်မှတ်ခဲ့ကြောင်း ပေါ်လွင်သည်။
၁၉၃၀-ပြည့်နှစ်၊ ဆရာစံလယ်သမား အရေးတော်ပုံအလံတွင် ကြက်လျှာစွန်း အလံ၊ အဖြူရောင်တွင် နဂါးကို ဂဠုန်သုတ်ဟန် ရေးဆွဲ၍ အသုံးပြုခဲ့သည်။
၁၉၃၈-ခုနှစ်၊ မတ်လတွင် ပြည်မြို့၌ ကျင်းပပြုလုပ်သော တို့ဗမာအစည်းအရုံး တတိယညီလာခံ အစည်းအဝေးတွင် သုံးရောင်ခြယ် အလံ၏ အလယ်၌ ဒေါင်းရုပ်အလံ အလုပ်သမားနှင့် တောင်သူလယ်သမား လူတန်းစားကို  အခြေခံသော တူတံစဉ်အမှတ်အသားကို ပြောင်းလဲသတ်မှတ် အသုံးပြုခဲ့ကြောင်း သိရသည်။
၁၉၃၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော မြန်မာနိုင်ငံ ကိုလိုနီဥပဒေပြုလွတ်တော်တွင် အင်္ဂလိပ်ဘုရင်မင်းမြတ်၏ သဘောတူညီချက်အရ မြန်မာနိုင်ငံအတွက် မြန်မာဘုရင်ခံက သတ်မှတ်ပေးခဲ့သည့် အလံ၏အရောင်မှာ အပြာရောင်ဖြစ်ပြီး၊ အပြာရောင်၏အဖျား၌ စက်ဝိုင်းအတွင်း ဆေးရောင်ခြယ်ထားသော ဒေါင်းရုပ်ကို ထည့်ပေးထားသည်။ တိုင်ရင်းဘက် အထက်ထောင့်တွင် ဗြိတိသျှ ယူနီယံဂျက်အလံ အမှတ်အသား ပါရှိသောအလံကို သတ်မှတ်ပေးခဲ့သည်။
ဂျပန်ခေတ် ဘီအိုင်အေအလံ၌ အလယ်စက်ပိုင်း အဖြူတွင်းက ဒေါင်းသဏ္ဌာန်ပါ အ၀ါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ် အလံကို အမျိုးသားအလံအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၉၄၂-ခုနှစ်၊ ဘီဒီအေအလံကိုလည်း အဆိုပါ အလံကိုပင် အနည်းငယ် ပြောင်းလဲ၍ ဆက်အသုံးပြုခဲ့သည်။
၁၉၄၅-ခုနှစ်၊ မတ်လ(၂၇)ရက် ဂျပန် တော်လှန်ရေးတွင် အလံတော်ကို အနီရောင် အောက်ခံထား၍ တိုင်ရင်းဘက်တွင် ကြယ်ဖြူတစ်ပွင့်ပါရှိသော အလံတော်ကို အသုံးပြုခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီး အသစ်ပြန်လည် ဖွဲ့စည်းသော (ဖဆပလ) အဖွဲ့၏ အလံကိုလည်း တော်လှန်ရေးတွင် အောင်ပွဲရခဲ့သော အလံတော်ကိုပင် ဆက်လက်၍ အသုံးပြုခဲ့ကြသည်။
၁၉၄၇-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြုလွတ်တော်မှ ရွေးကောက်တင်မြှောက်ပြီး တိုင်းပြုပြည်ပြုလွတ်တော်မှ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ၊ အထိမ်းအမှတ်သီချင်းနှင့် မြို့တော်ကို ၁၉၄၇-ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်အခြေခံ ဥပဒေ၌ ထည့်သွင်းရေးဆွဲ အတည်ပြု ပေးခဲ့သည်။
ဖြည့်စွက်။  ။
 ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ လေးလုံး ၀န်းရံထားသော ကြယ်ဖြူတလုံး ရှိသည်။
 ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၀ အရ နိုင်ငံတော်အလံ၏ အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြဌာန်းထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ အမှတ် ၁ တို့အရလည်း ထပ်မံ၍ အသေးစိတ် ပြဌာန်းထားသည်။ ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ၀န်းရံထားသော ပင်နယံနှင့် စပါးနှံ နှစ်ခက်ရှိသည်။။ ပင်နယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခုရှိသည်။ ပင်နယံအတွင်းရှိ စပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။
တံစိပ်ခေါင်းတွင်ဖော်ပြထားသော အနီအောက်ခံပေါ်တွင် ကြယ်ဖြူ နှစ်လုံးထပ် အလံမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအလံဖြစ်ပြီး၊ အနီအောက်ခံ ကြယ်သုံးဆင့်အလံမှာ မ-ဆ-လ ကို ဆက်ခံသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တ-ဆ-ည) အလံ ဖြစ်သည်။
(ဆက်ဖတ်ရန်.......)
Wednesday, 13 February 2013
၈၈မျိုးဆက်များနှင့် နော်ဝေး ဝန်ကြီးချုပ်ဟောင်း တွေ့ဆုံ
ယနေ့ ဖေဖော်ဝါရီလ၊(၁၄)ရက် နံနက်(၁၀း၁၅) နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း
မြို့နယ်၊ ၁၆/၁ရပ်ကွက်၊ သုမင်္ဂလလမ်း၊အမှတ်-(၁၀၃၉/၁၀၄၀) ရှိ ၈၈မျိုးဆက် 
ကျောင်းသားများရုံးသို့ နော်ဝေဝန်ကြီးချုပ်ဟောင်း H.E. Mr.Kjell M Bondevik နှင့်
အဖွဲ့ ရောက်ရှိလာရာ ၈၈မျိုးဆက်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ဂျင်မီ
တို့က လက်ခံတွေ့ဆုံခဲ့ကြသည်။
(ဆက်ဖတ်ရန်.......)
Sunday, 3 February 2013
အတိုက်အခံ နဲ့ အစိုးရ
ယနေ့မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ပဋိပက္ခတွေအပေါ် NLD နဲ့ ဒေါ်အောင်ဆန်းစု
ကြည်က မျက်နှာလွဲခဲပစ် လုပ်နေပါတယ်၊ အရမ်းပျော့ညံ့လွန်းတယ်၊ NLD ဟာ အတိုက်အခံမဟုတ်တော့ဘူး။ ကြံ့ဖွတ်နဲ့ပေါင်းပြီး ပြည်သူကို နှိပ်ကွပ်နေတယ်၊ NLD
ဟာ စစ်အာဏာရှင်တွေရဲ့ နှပ်ကြောင်းထဲကို ၀င်နေပြီ စတဲ့အသံတွေ စုံစနီဖာကြား
နေရပါတယ်။
ဒီလိုပြောတဲ့လူတွေထဲမှာ နှစ်မျိုးရှိတယ်။ တမျိုးက တကယ်ပဲစိုးရိမ်ပူပန်စိတ်နဲ့ အပြုသ
ဘောသတိပေးကြတဲ့သူနဲ့ လုပ်သမျှကို အဆိုးလိုက်မြင်ပြီး ငါမလုပ်ရင် မဟုတ်ဘူးဆို
တဲ့ပုံစံနဲ့ ပြောနေတဲ့သူရယ်လို့ ခွဲလို့ရမယ်ထင်တယ်။ အဲဒီအပေါ်မှာမှ ကြံ့ဖွတ်အစိုးရ
ရဲ့ အလုပ်မရှိကြောင်ရေချိုး တန်ပြန်မီဒီယာတွေက မီးလောင်ရာလေပင့် အရေးအ
သားတွေနဲ့ တစိတ်ကို တအိတ်လုပ်လိုက်ကြတော့ ဖောင်းပွကုန်တော့တာပဲ။
အကြောင်းအရာတခုကို ချဉ်းကပ်တော့မယ်ဆိုရင် ချဉ်းကပ်လို့ရမယ့်နည်းလမ်းတွေ
အများကြီးရှိနိုင်ပါတယ်။ သူ့အတွေး ကိုယ့်အတွေးဆိုတာလည်း မတူညီနိုင်ပါဘူး။ အပျက်သဘောနဲ့မြင်နိုင်သလို အပြုသဘောနဲ့လည်း စဉ်းစားလို့ရပါတယ်။ ဒီထဲမှာမှ တိုင်းပြည်မှာဖြစ်သမျှတွေမှန်သမျှ NLD ကဘာမှမလုပ်လို့အပြစ်ပုံချ ဒေါ်အောင်
ဆန်းစုကြည်က တိုင်းပြည်ကိုပစ်ပြီး ထွက်ပြေးနေတယ်ဆိုပြီး နိုင်ငံရေးသဘာကြီး
ယောင်ယောင် ပညာရှင်ယောင်ယောင်နဲ့ အရေးအသားတွေက အဆိုးဆုံးပါပဲ။
မြန်မာပြည်သူတွေဟာ ကြံ့ဖွတ်ကို အစိုးရအဖြစ်လက်ခံထားရတာ အရူးလင်လုပ်နေ
ရသလိုပါပဲ။ဘယ်နေ့ဘယ်အချိန် ထပြီးစိတ်ဖောက်ပြန်မလဲဆိုတာ စိုးတထိတ်ထိတ်
ဖြစ်နေရတုန်းပါ။ ဒီစိတ်မမှန်သေးတဲ့အစိုးရရဲ့ အတိုက်အခံအဖြစ် ရပ်တည်နေရတဲ့
NLD ဆိုရင် ပိုဆိုးနဲ့အခြေအနေနဲ့ ရပ်တည်ရင်ဆိုင်နေရမှာပါ။ အစိုးရနဲ့ အတိုက်အ
ခံဟာ ရွေးကောက်ပွဲမှာ မဲအရေအတွက်အသာရဖို့ နိုင်ငံရေး၊ လူမှုရေး အရာအား
လုံးမှာ မသိမသာရော သိသိသာသာပါ ယှဉ်ပြိုင်နေရမယ်လို့ ထင်ပါတယ်။ ပြည်သူ
ရဲ့ ယုံကြည်ကိုးစားမှုကိုရဖို့ ဆထက်ထမ်းပိုး တိုးပြီးဆောင်ရွက်နေရမှာပါ။
အတိုက်အခံနဲ့ အစိုးရဆိုတဲ့ ပုံမှန်အခြေအနေတခုမှာပဲ ပဋိပက္ခတခုကို ချဉ်းကပ်
ကြည့်ပါမယ်။ ယခင်စစ်အစိုးရလုပ်ခဲ့တဲ့ ယခုအရေခွံလဲအစိုးရ ရင်ဆိုင်နေရတဲ့ 
ပဋိပက္ခတခုမှာ အတိုက်အခံ NLD ဟာ ကြားဝင်ဖြေရှင်းပြီ ဆိုပါစို့။ ပြည်သူနဲ့ အစိုး
ရ အားပြိုင်မှုကနေ အတိုက်အခံနဲ့ အစိုးရအားပြိုင်မှုအသွင် ပြောင်းသွားပါလိမ့်မယ်။ ဒီလိုအနေအထားမှာ ပြည်သူလူထုကမှန်ကန်ပြီး အစိုးရကအလျော့ပေးရမယ့် အခြေ
အနေတခုဆိုရင်တောင်မှ အတိုက်အခံပါလာပြီဖြစ်တဲ့အတွက် အစိုးရမှာ အလျော့
ပေးဖို့ ပိုပြီး အခက်တွေ့သွားစေနိုင်ပါတယ်။ အတိုက်အခံမပါတဲ့အခြေအနေမှာ အစိုး
ရအနေနဲ့လည်း သူတို့ကိုပြည်သူက ယုံကြည်လာစေလိုမှုနဲ့ ပြည်သူ့ဆန္ဒကို လိုက်
လျောမယ့်အခြေအနေ ရှိကောင်းရှိမှာပါ။
အတိုက်အခံဝင်ပါနေတဲ့ ကိစ္စတခုမှာ အစိုးရကအလျော့ပေးလိုက်လျောလိုက်တာနဲ့
ပြည်သူတွေအနေနဲ့ အတိုက်အခံပါတီက ၀င်ဖြေရှင်းပေးလို့ ဒီကိစ္စအနိုင်ရလိုက်တဲ့
ဆိုတဲ့အသိဝင်သွားပြီး အတိုက်အခံကို ယုံကြည်ကိုးစားမှုအားကောင်းလာမယ်။ အစိုး
ရအနေနဲ့တော့ သူ့ကိုယ်သူသေတွင်းထဲပို့လိုက်တယ် ဆိုတာ ကြံ့ဖွတ်အစိုးရက မ
တွက်မိဘဲ နေမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူနဲ့အစိုးရ အားပြိုင်မှုကို အတိုက်အ
ခံက ကြားဝင်မယ်ဆိုရင် အတိုက်အခံနဲ့အစိုးရ အားပြိုင်မှုအသွင်ပြောင်းသွားပြီး
ပြည်သူက မြေဇာပင်ပိုဖြစ်သွားနိုင်တယ်လို့ ထင်မိပါတယ်။
အတိုက်အခံဝင်မပါဘဲ ပြည်သူနဲ့အစိုးရ အားပြိုင်မှုအနေအထားမှာပဲ အစိုးရက
ပြည်သူ့ဆန္ဒကို မလိုက်လျောခဲ့ရင် ဒီအစိုးရဟာ သူ့ဟာသူပဲ ပြည်သူရဲ့ယုံကြည်ကိုး
စားမှု အားလျော့သထက်လျော့သွားနိုင်ပါတယ်။ အကယ်၍ အတိုက်အခံက ၀င်ပြီး
ဖြေရှင်းပေးပေမယ့် အစိုးရက ပြည်သူ့ဆန္ဒကို မလိုက်လျောခဲ့ရင် ပြည်သူတွေရဲ့
စိတ်ထဲမှာ “ငါတို့ယုံကြည်ရကိုးစားရတဲ့ ခေါင်းဆောင်နဲ့ သူ့ပါတီတောင် လုပ်ပေး
လို့မရပါဘူး” ဆိုတဲ့အတွေးနဲ့ စိတ်ပျက်အားလျော့မှု ၀င်လာပြီး အတိုက်အခံကိုပါ
ယုံကြည်ကိုးစားမှု အနည်းနဲ့အများ လျော့နည်းသွားနိုင်ပါတယ်။
ဒါကြောင့် ပြဿနာတိုင်းမှာ အတိုက်အခံပါတီဟာ ကြားဝင်ဖြေရှင်းမယ်ဆိုခဲ့ရင် 
အစိုးရနဲ့ ရင်ဆိုင်နေရတဲ့ပြည်သူတွေအတွက်လည်း အကျိုးသိပ်မဖြစ်စေနိုင်ပါဘူး။ အတိုက်အခံပါတီကိုယ်တိုင်လည်း အကျိုးမဲ့စေနိုင်ပါတယ်လို့ သုံးသပ်မိပါတယ်။
ဒါဖြင့် အတိုက်အခံ NLD က ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်ကြည့်နေတော့မှာလားလို့ 
မေးစရာရှိပါတယ်။ မေးသင့်တဲ့မေးခွန်းပဲလို့ ထင်ပါတယ်။ ပြဿနာတခုကို ၀င်ဖြေ
ရှင်းမယ်ဆိုရင် လုပ်ပိုင်ခွင့်ဘယ်လောက်ရှိလဲဆိုတာကို ပြန်စဉ်စားရမှာပါ။ အတိုက်
အခံ NLD ဟာ နိုင်ငံရေးပိုင်းအရ အကောင်အထည်ဖော်နိုင်မှု အားနည်းနေပါသေး
တယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လုပ်ပိုင်ခွင့်မရှိသေးကြောင်း၊ အာဏာရမှလုပ်နိုင်မှာဖြစ်ကြောင်း ၀န်ခံပြောကြားထားပါတယ်။ 
အဆုံးအဖြတ်ပေးနိုင်တဲ့လွှတ်တော်ထဲမှာလည်း NLD ဟာ မဆိုစလောက်နေရာ
လေးသာ ရထားသေးတဲ့အတွက် အဓိကပြဿနာတွေမှာ ကြံ့ဖွတ်အစိုးရနဲ့ ယှဉ်ပြိုင်
ပြောနိုင်တဲ့အင်အား နည်းနေပါသေးတယ်။ ဒါပေမယ့် ပြဿနာတွေတိုင်းမှာ လူမှု
ရေးအဖွဲ့အသွင်နဲ့ ရှိနေကြတဲ့ အဖွဲ့အစည်းတွေ၊ ကွန်ယက်တွေက နည်းလမ်းပေါင်း
စုံနဲ့ ၀ိုင်းဝန်းကူညီနေကြပြီး ပြည်သူဖက်က ရပ်တည်ပေးနေကြပါတယ်။ မြင်အောင်
ကြည့်မယ်ဆိုရင် ဒီအဖွဲ့အစည်းတွေက အစိုးရရဲ့အားလား၊ အတိုက်အခံရဲ့အား
လား ဆိုတာ သိနိုင်မယ်ထင်ပါတယ်။
အတိုက်အခံ NLD အနေနဲ့လည်း လက်ရှိလုပ်နိုင်တဲ့အခြေအနေ အနေအထားအရ 
လူမှုရေး၊ ပညာရေး၊ စီးပွားရေးပိုင်းတွေကို တရှိန်ထိုး အကောင်အထည်ဖော်ဆောင်
ရွက်နေပြီး နိုင်ငံရေးအရ ပြည်သူကိုအလုပ်အကျွေးပြုနိုင်ဖို့ အကောင်အထည်ဖော်
ကြိုးစားနေတယ်လို့ တွေးမိပါတယ်။
(စာရေးသူရဲ့ လူပြိန်းအတွေးသာ ဖြစ်ပါတယ်။ မည်သူမဆို လွတ်လပ်စွာ သဘော
ကွဲလွဲနိုင်ပါတယ်။)
မောင်ပါလ
၀၃.၀၂.၂၀၁၃
(ဆက်ဖတ်ရန်.......)
Tuesday, 29 January 2013
ဒေါ်အောင်ဆန်းစုကြည် နဲ့ မိတ်ဆွေတု မိတ်ဆွေယောင်
ကိုညို(အော်စလို) ~
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-3jkbAYOqJEEG8604h3BZHRYdsojNnSKIybVxu9bZV_Y8tnMLqZr-0UFkrlvwRE0tohpcoQ4UiHbu3BqkP4Tuk7vBub-YIxmxgnM5hh6zZgt0aODTLtbfSeD4f_gRAFfmusTteHMIx5I/s1600/DASSK.jpg 
ကျနော်တို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒဿ
မမြောက် ပြည်ပနိုင်ငံခရီးစဉ်အဖြစ် တောင်ကိုးရီးယားနိုင်ငံကို တနလာင်္နေ့ကပဲ 
ဆိုက်ရောက်သွားပါပြီ။ 
ဒီခရီးစဉ်မတိုင်မီ ဟာဝိုင်ယီကျွန်း အလည်ပတ်ခရီးစဉ်ကတော့ မွန်းကြပ်ရှုတ်ထွေး
ပြီး၊ ဝေဖန်မှုတွေ အငြင်းပွားစရာတွေပြည့်နှက်နေတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးလော
ကရဲ့ ဘ၀အမောတွေကို ယာယီအခိုက်အတန့်အားဖြင့် မေ့ပျောက်စေမှာပါ။ 
ဟာဝိုင်ယီကျွန်းရဲ့ သဘာဝအလှတွေ၊ကျွန်းသူကျွန်းသားတွေရဲ့ပျူငှာနွေးထွေးပြီး 
ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှု၊ ထူးခြားတဲ့ယဉ်ကျေးမှု၊ အစားအသောက်တွေ
က.. ဒေါ်အောင်ဆန်းစုကြည်အတွက်၊ သတိတရ စာတိုပေစရေးစရာလေးတွေ
ဖြစ်လာနိုင်သလို၊ တသက်တာအတွက် လှပတဲ့အိပ်မက်တွေလို သူ့စိတ်အာရုံမှာ 
 မမေ့မပျောက် ရှိနေနိုင်ပါတယ်။
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoCWzZ4TA2oyojVNGsfEQjgXSK56zsIOxs7CDm7qX3eKlgprmMrRJ3BkCTBpdKxKvdZEEsb5pOHgBPtI300uh6KBroLJO7Yv06mhs5afJYzgzBbjX-FXxT8FJYhtSy7pvwqz2tjSU_hCA/s1600/1.jpg 
ကျနော်တို့တတွေက တိုက်ပွဲထဲကနေရထားတဲ့ ရှားရှားပါးပါး လူထုခေါင်းဆောင်
ကို အဲဒီလို အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်း ရှိနေတာ မြင်ချင်တာပေါ့။
ဒါပေမဲ့ လက်တွေ့မှာတော့ကျနော်တို့ခေါင်းဆောင်ဟာ တိုင်းပြည်အတွင်းမှာသာ
မက၊ တိုင်းပြည်ပြင်ပမှာပါ အလိမ်အညာတွေ၊ ကိုယ်ကျိုးရှာတွေ၊ ကျင့်ဝတ်ပျက်
နေတဲ့.. နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ ဆုံဆည်းနေရတော့ကျနော်
တို့ရင်ထဲ မကောင်းလှဘူး။ အဲလို ကျင့်ဝတ်ပျက်အတ္တ၀ါဒီတွေဆိုတာ..တိုင်းပြည် အတွင်းအပြင်က မြန်မာလူမျိုးတွေသာမက ပြည်ပနိုင်ငံတွေက နိုင်ငံရေးသမား
တွေ၊ အစိုးရတွေပါ ကျနော်တို့ခေါင်းဆောင်ကို ၀န်းရံပြီး ကျနော်တို့နိုင်ငံနဲ့ပြည်
သူတွေကို ပါးပါးလှီးနေလို့ဖြစ်တယ်။ 
အဲဒါတွေ ကျနော်တို့မြင်နေရလို့လည်း..ဒီလိုစာမျိုး ရေးဖြစ်သွားတာ။
အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုးရီးယားခရီးစဉ်အနေအထားတွေကိုပဲ
ဖွင့်ချပြောပြချင်တယ်။ 
လက်ရှိ သမတ အီမြောင်ဘတ် ရန်ကုန်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံ၊ ဓာတ်ပုံရိုက်ခဲ့တာကြောင့်၊ ကိုရီးယား သတင်းစာတွေက.. နိုဘယ်ငြိမ်းချမ်းရေးဆု
ရှင်နဲ့ အာဏာရှင်အတွေးအခေါ်သမား မတူမတန် ဓာတ်ပုံတွဲရိုက်သင့်သလား လို့
ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
အခုလည်း သမတနဲ့ သမတလောင်းကို သူတို့ဆီက သတင်းစာတွေ ဝေဖန်သရော်
နေပါပြီ။ ..အာဏာရှင်သမီးနဲ့ လွတ်လပ်ရေးဖခင်တယောက်ရဲ့သမီး နိုဘယ်လ်
ငြိမ်းချမ်းရေးဆုရှင်နဲ့ ယှဉ်တွဲ ဓာတ်ပုံမရိုက်ပါနဲ့ဆိုပြီး ရေးသားခဲ့တာတွေရှိပါတယ်။  
ဒေါ်စုကိုဖိတ်ခေါ်တဲ့ အာဏာရ Saenuri Party က လက်ရှိ သမတအီမြောင်ဘတ်၊
ရွေးကောက်ပွဲအနိုင်ရပါတီ(Saenuri Party)ရဲ့ အမျိုးသမီး သမတလောင်း ဘတ်
ဂွန်ဟှဲတို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလက မိမိတို့နဲ့ လားလားမှမသက်ဆိုင်သလို နေခဲ့ပြီး မြန်မာ့အရေးအတွက် စိတ်ဝင်စားမှုလည်း
မပြခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုရီးယားနိုင်ငံက
မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ၊ ပါတီပေါင်းစုံလက်မှတ်ထိုး တောင်းခံမှုမှာလည်း
ခေါင်းရှောင်ခဲ့သလို၊ အဲဒီကာလတွေက စစ်အစိုးရနဲ့ စီးပွားရေး ပူးတွဲလုပ်ခဲ့တယ်။ 
သမတလောင်းဘတ်ဂွန်ဟှဲကိုယ်တိုင် အတိုက်အခံအမတ်ဘ၀က ဒေါ်အောင်ဆန်း
စုကြည် လွတ်မြောက်ရေး လက်မှတ်ထိုးဖို့ငြင်းဆန်ခဲ့ရုံမက.. ဒီလိုလက်မှတ်ထိုး
လိုက်ရင် မိမိတို့နဲ့ မြန်မာအစိုးရ(စစ်အစိုးရ)တို့ စီးပွားရေး အကျိုးတူဆောင်ရွက်
နေတာကို ပျက်ပြားနိုင်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောခဲ့ဖူးသူပါ။
အခုသမတလောင်း ဘတ်ဂွန်ဟှဲ.ဆိုတဲ့ အမျိုးသမီးကလည်း အာဏာရှင်သမတ ပတ်ချုံဟီးရဲ့သမီး ဖြစ်တယ်။(ကျနော်တို့ငယ်ငယ်ကပတ်ချုံဟီးဖလားဘော်လုံးပွဲ 
ဟာနာမည်ကြီးတယ်။ အာဏာရှင်ဦးနေ၀င်းက မြန်မာအားကစားသမားတွေကို
စေလွှတ်ခဲ့တယ်) ပတ်ချုံဟီးက ဦးနေ၀င်းထက်တနှစ်စောပြီး ၁၉၆၁ မှာ စစ်အာ
ဏာသိမ်းပြီး တက်လာသူဖြစ်တယ်။ ၁၉၇၉ ကျတော့ သူ့ရဲ့ထောက်လှမ်းရေး 
အကြီးအကဲကပဲ လုပ်ကြံခဲ့တယ်။
အဲဒီနောက်ပိုင်း တောင်ကိုးရီးယားရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အာဏာရှင်
ပတ်ချုံဟီးခေတ်ထက် ပိုမိုပွင့်လင်းခဲ့တယ်။ ပတ်ချုံဟီးလက်ထက်က စီးပွားရေးကို
ပဲ လုပ်ခဲ့ပြီး၊ ဒီမိုကရက်တစ် စံချိန်စံညွှန်းတွေ မျက်ကွယ်ပြုခဲ့တယ်။ ဒီမိုကရေစီ
ယဉ်ကျေးမှုထက် စီးပွားရေးဖံွ့ဖြိုးမှုကို အသားပေးခဲ့သူဖြစ်တယ်။ ဒီနေ့စစ်အစိုးရ
အမွေကို ဆက်ခံတဲ့ ကြံ့ဖွတ်အစိုးရရဲ့အတွေးအခေါ်နဲ့ တထပ်တည်းပဲ။
ကျနော်တို့ခေါင်းဆောင် နေအိမ်အကျယ်ချုပ်ကျနေတုံးက တကယ်တမ်းလူအား၊
ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ကူညီအားပေးပြီးလွတ်မြောက်ရေးအတွက်ရှေ့တမ်း
က ဆောင်ရွက်ပေးခဲ့တာက ဒီမိုကရက်တစ်ညီညွတ်ရေးပါတီ(DUP)က အခုတော့ အတိုက်အခံပါတီ ဖြစ်နေတယ်။ 
အဲဒီပါတီရဲ့ခေါင်းဆောင်၊ ယခင်နိုဘယ်ဆုရှင် သမတကင်ဒေးဂျုံပါတီက..
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရှိနေတုန်း  အားတက်သရော
ထောက်ခံခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ ကိုယ်တိုင် သံရုံးသွားပြီး၊ ဗီဇာလျှောက်ခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေ  လက်မခံလို့ မတွေ့နိုင်ခဲ့ဘူး။
သူဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ၊ 
လှုံ့ဆော်မှုတွေ တက်တက်ကြွကြွ လုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဆုရရှိဖို့ ဆုံးဖြတ် ဆောင်ရွက်ပေးခဲ့သူဖြစ်တယ်။
ဒီမိုကရက်တစ်၊ ပါတီဝင်တွေကိုယ်တိုင် ဟိုတုံးက စစ်အစိုးရကို ကန့်ကွက်ရှုံ့ချတာ၊ အရေးယူတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာသံရုံးရှေ့ ဆန္ဒပြ
ပွဲဖော်ဆောင်တာတွေကအစ တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်။
မြန်မာအတိုက်အခံ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ကူညီအားပေးထောက်ခံခဲ့တယ်။
ဒီနေ့အာဏာရပါတီဟာ တချိန်က မြန်မာ့ဒီမိုကရေစီရေး၊ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေးနဲ့ ကင်းကင်းကွာကွာ နေခဲ့သူတွေဖြစ်တယ်။အခုဒေါ်အောင်ဆန်း
စုကြည် နိုင်ငံတကာခေါင်းဆောင်တန်း ၀င်ပြီး၊ အာရှ၊ ဥရောပ၊ အမေရိကားနိုင်ငံ
တွေကို အလည်အပတ်တွေသွား၊ စီးပွားရေးလုပ်ငန်းတွေ ညှိနှိုင်း ၀င်လုပ်နေတာ
တွေ့တော့မှာ တချိန်မှာဒေါ်အောင်ဆန်းစုကြည်အာဏာရလာရင်နောက်ကောက်
ကျမှာ စိုးရိမ်ပြီး အလောတကြီး ဆက်ဆံလာဟန်တူတယ်။ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivpcLXjnZWhL3cjORFJkYxw7K124iMlwgw3GCLXThQSK3XuhDemKXmGqJWQc2VkOuFLclYBFRXYKPyHpwxmgsH01wdEheAdf1ShrD7fNj95CSvCxzDjP6ILGyTqTGcwyIHwWEQrlkdbN0/s1600/552288_477906262253531_1019318431_n.jpg
အခုဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်ကိုးရီးယားခရီး အစီအစဉ်အသေးစိတ်ကို 
ဖတ်ကြည့်တော့ တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေ မိုးထဲလေထဲ ရောက်နေချိန် စာနာ အားပေး ကူညီခဲ့ကြတဲ့ သမ္မတဟောင်း ကင်ဒေး
ဂျုံပါတီက လူတွေကို ဘေးဖယ်ထားတာတွေ့ရတယ်။ 
ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဘက်ရေတခွက် အတူသောက်ခွင့်တောင် ပေးမ
ထားဘူး။ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေအတွက်တောင် မျက်နှာ
ပူစရာအဖြစ်။မြန်မာ့ဒီမိုကရေစီရေးအတွက်၊ တစိုက်မတ်မတ် စေတနာထား
ဆောင်ရွက်ပေးနေတဲ့ အင်ချွန်းမြို့တော်ဝင် ဆုံရောင်ဂီးနဲ့တောင်.. ကိုရီးယားက
မြန်မာ့ဒီမိုကရေစီအင်အားစုတွေ “အတိုက်အခံအဖွဲ့ ဘယ်သူနဲ့မှ တွေ့ခွင့်မပေး
တောင် ဒီပုဂ္ဂိုလ်နဲ့တော့တွေ့ဖြစ်အောင် တွေ့ခွင့်ပေးပါ” လို့ မေတ္တာရပ်ခံလို့ 
ဖေဖော်ဝါရီ ၁ ရက် မနက်ကျမှ မိနစ်၂၀ လောက် တွေ့ခွင့်ရခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ ကိစ္စမှန်သမျှ ထောက်ပံ့ကူညီပေးနေတဲ့ ဘုန်းတော်ကြီးတပါးနဲ့လည်း တွေ့ခွင့်မရဘူး။
“ဘုန်းတော်ကြီးအင်မ်ရောင်တန်” ဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် 
လွတ်လွတ်ချင်း ရန်ကုန် အင်းယားကန်နဘေးက အိမ်အမှတ် ၅၄ ကို အပြေး
အလွှားသွားခဲ့သူပါ။ပြီးတော့ဘုန်းတော်ကြီး ဦးဆောင်တဲ့ Dongguk University 
ဟာ မြန်မာ့အရေးကို အားပေးရုံမက၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ NLD လူငယ်
တွေရဲ့ ပညာရေးထောက်ပံ့မှု အစီအစဉ်တွေ၊ စာသင်ကျောင်းတွေအပြင်၊ နာဂစ်
ဒုက္ခသည်၊ မိဘမဲ့များ၊ ရွှေဝါရောင်သံဃာတော်များ ထောက်ပံ့ရေး၊ ထိုင်းမြန်မာ
နယ်စပ်၊ ရွှေ့ပြောင်းကျောင်း၊ ဒုက္ခသည်စခန်း.. အစရှိတာတွေကို မပျက်မကွက်
ထောက်ပံ့ အားပေးနေတာဖြစ်တယ်။ 
ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတွေတွေ့ဆုံမဲ့အစီအစဉ်ကို Seoul 
University  နဲ့ Yonsei University မှာပဲ လုပ်ရမယ်လို့စီစဉ်လိုက်တော့ ကိုးရီး
ယားက မြန်မာတွေ မျက်နှာပူစရာ အနေအထားတွေဖြစ်နေရော..။
ဒီထက်ဆိုးတာက..ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အတွက်..လေယာဉ်လက်မှတ်ကိစ္စပါ။
ဒေါ်အောင်ဆန်းစုကြည်ကိုတာဝန်ယူဖိတ်ကြားတဲ့ ဖျောင်ချမ်းအိုလံပစ်ကော်မတီ
က.. ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လိုက်ပါမယ့်လူ ၄ ယောက်အတွက်၊ 
အလာလက်မှတ်ပဲ တာဝန်ယူပြီး၊ အပြန်လက်မှတ် ဝယ်မပေးပါဘူး။
နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာ့ဒီမိုကရေစီအဖွဲ့တွေကို အပြန်လက်မှတ်အတွက် 
တာဝန်ယူခိုင်းပါတယ်။ ဒီသတင်းက ဟုတ်မှဟုတ်ရဲ့လား၊ တခုခုတော့လွဲနေပြီလို့
ထင်ပြီး မယုံနိုင်ဘူး။
ဒါနဲ့ တောင်ကိုးရီးယားကမိတ်ဆွေတွေကို မေးမြန်းစုံစမ်းကြည့်တော့..အဟုတ်ပဲ။ 
သတင်းက မှန်တယ်။နောက်ဆုံးတော့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရတဲ့..
ဘုန်းတော်ကြီးအင်မ်ရောင်တန်ကပဲ.. သူလေးစားချစ်ခင်တဲ့မိတ်ဆွေအတွက် 
အပြန်လက်မှတ် ၀ယ်ပေးလိုက်တယ် တဲ့..။ ဘယ်လောက်များဝမ်းနည်းစရာ
ကောင်းလဲ..။ 
ပြီးတော့ရှိသေးတယ်.. အရင်စစ်အစိုးရလက်ထက်က.. စီးပွားရေးတွေ တွဲပြီး 
အကြီးအကျယ်လုပ်ခဲ့ကြတဲ့ (အခုလည်းလုပ်တုံး) ကိုရီးယားခရိုနီတွေနဲ့  ဒေါ်
အောင်ဆန်းစုကြည်တို့ရဲ့ ခမ်းနားတဲ့ညစာစားပွဲတွေ၊ တွေ့ဆုံ ညှိနှိုင်းပွဲတွေလည်း
(၅)ရက်ကြာ ကိုရီးယားခရီးစဉ်မှာ ပါတယ်။ အဲဒီ ကိုရီးယားခရိုနီတွေက 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ် ဘက်စုံမွန်းမံရေးနဲ့ ပညာရေးအစီအစဉ်အတွက် ဒေါ်လာ သိန်းနဲ့ချီလှုဒါန်းမယ့် သတင်းတွေကလည်း 
ကြိုထွက်နေတယ်။
ကဲ….ဇာတ်လမ်းကတော့ မသန်းပဲ..။
ဆင်သွားရင် လမ်းတော့ဖြစ်ပါရဲ့..တိုးတိုက်ထိခိုက်မိလို့ ကျိုးကြေ၊ နင်းမွခံလိုက်ရတွေတော့ အများကြီး။
 မြန်မာနိုင်ငံအဖို့ ဒီလိုကာလမှာ ဘက်ပေါင်းစုံက အကူအညီတွေလိုတာတော့အမှန်ပဲ။
ငွေကြေးနဲ့နည်းပညာ အထောက်အပံ့တွေက ထိတ်တန်းက လိုတာပေါ့။
ဒီထက်ပိုပြီးလိုအပ်တာက“မိတ်ဆွေကောင်း”တွေပါ။  အလည်အပတ်သွားခဲ့တဲ့နိုင်ငံတိုင်းမှာ ဒေါ်စုက..မိတ်ဆွေကောင်းတွေအကြောင်း၊  ကျင့်ဝတ်တရားတွေနဲ့မေတ္တာ၊ စေတနာတွေလွမ်းခြုံတဲ့ ဗုဒ္ဓအတွေးအခေါ်ဒဿနတွေကို အမြဲဆွေးနွေး ဝေငှလေ့ရှိတာ သတိထားမိပါတယ်။
 ဒါပေမဲ့ဒေါ်စုယုံကြည်တဲ့၊ လိုလားတဲ့..ကျင့်ဝတ်သီလနဲ့ မိတ်ဆွေစစ် အမျိုးအစားတွေ အမှန်တကယ်ရှာဖွေတွေ့ရှိ၊ မရှိတော့ကျနော်တို့ မသိဘူး။
 ဒါပေမဲ့ကျနော်တို့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မိတ်ဆွေကောင်းတွေ တွေ့ခဲ့ပါတယ်။ သူတို့ဟာ ရိုးရှင်းတယ်။ အပေးပဲ ရှိတယ်၊ အယူမရှိဖူး။
ကျနော်တို့လိုအင်ရင် အမြဲပြုံးပြီးပေးတတ်တယ်။ သူတို့ဆီက အများဆုံးရတတ်တာက.. မေတ္တာ၊ စေတနာနဲ့စာနာယိုင်းပင်းမှုတွေ ဖြစ်တယ်။ အဲဒါတွေနဲ့ပဲ အနှစ်(၂၀)ကျော် ကျနော်တို့ မတ်မတ်ရပ်နိုင်ခဲ့တယ်။
ကျနော်တို့ပြန်ပေးနိုင်တာကလည်း အသိအမှတ်ပြုမှုနဲ့၊ အပြန်အလှန်မေတ္တာလေးပါပဲ။  ကျနော်တို့မှာ..ငွေမရှိဘူး၊ အာဏာမရှိဘူး၊ လုပ်ပိုင်ခွင့်လည်းမရှိဖူး။
ဒါပေမဲ့ကျနော်တို့အပေါ် အမြဲခွင့်လွှတ် နားလည်ချစ်ခင်နေတဲ့.. အမိလိုအဖလို ညီလိုအကိုလို…မိတ်ဆွေကောင်းတွေတော့ ရှိပါတယ်။ 
အာဏာတွေ၊ ငွေတွေထက် သစ္စာတရားနဲ့လူ့ကျင့်ဝတ်တရားတွေပဲ ကျနော်တို့မက်မောတယ်။ လူကိုလူလိုပဲ အသိအမှတ်ပြုချင်တယ်။
သူခိုးကိုသူခိုးလို့ပဲ သဘောပေါက်ထားချင်တယ်။
လူသတ်သမားကို လူသတ်သမားလို့ပဲ နားလည်ထားချင်ပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmDuPBUYjjZY31ERKNxMyiZmcDr0f9t_ZpibMnp8TdgAXcK0IYBuSlIph-cjOsbZFWRqZPyGh8XnMQhNF9PKlQYwqWtdKF6cFcy9unz6LrKj5Godu8a_WT5P3RZIKADFYydbdo3evXtY3u/s1600/610x429x005.jpg.pagespeed.ic.KHpb_XqRuR.jpg
မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်နဲ့ပတ်သက်ပြီး သတိရတာတခုပြောပြချင်တယ်။
၂၀၀၄ ခုနှစ်က နယူးဒေလီမှာ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအဖွဲ့တခုရဲ့ နှီးနှောဖလှယ်ပွဲ သွားတက်ခဲ့တယ်။
သိတဲ့အတိုင်း အိန္ဒိယက တရုတ်နဲ့မြန်မာ နီးနီးကပ်ကပ်ရှိတာကို တချိန်လုံးဝေဖန်နေတာ..။
အဲဒီ အခမ်းအနားကိုမြန်မာ သံအမတ်ကြီးဦးကျော်သူ (နောက်ပိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး) တက်စကားပြောတယ်။
သူပြောတာက A friend in need is a friend indeed. တဲ့.. လိုအပ်တဲ့အချိန်မှာ..ကူညီသူဟာ မိတ်ဆွေစစ်တဲ့။
၈၈ တုန်းက စစ်တပ်က ဒုက္ခရောက်တော့ အိန္ဒိယက ဘာအကူအညီပေးလို့လဲ..တဲ့၊ တရုတ်က ကျနော်တို့ကို အကူအညီပေးခဲ့တယ် တဲ့။
ရှင်းရှင်းပဲပြောသွားတယ်။ လက်ပံတောင်းမှာ ဦးအောင်မင်း တရုတ်ကျေးဇူး ဖော်ထုတ်သွားတာ နောက်မှ..၊
သမတဟောင်း ဒေါက်တာမောင်မောင်ရဲ့သား သံအမတ်ဦးကျော်သူက နယူးဒေလီမှာ အပြတ်ပြောပြီးပြီ။
နားထောင်နေတဲ့ အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ ဘာတခုမှ မပြောနိုင်ဘူး၊ ပါးစပ်ဟောင်းလောင်းနဲ့။
၈၈ က စလို့ ကျနော်တို့ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲ ဒုက္ခရောက်တုန်း ဘယ်သူတွေ ကူညီခဲ့လဲ? ဘယ်သူတွေဝင်ရှုတ်ခဲ့လဲ?
ခရိုနီတွေလား? စီအိုင်အေလား? NGOတွေလား? ..စစ်ဗိုလ်ချုပ်တွေလား?
ကျနော်တို့တတွေ..မိတ်ဆွေစစ်ဆိုတာ ဘာမှန်းမသိရသေးရင်တောင်…
မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေ အကြောင်းတော့ သေသေချာချာသိသင့်တယ်..ထင်တာပဲ။ ။
(ဆက်ဖတ်ရန်.......)
Saturday, 12 January 2013
ဒေါ်အောင်ဆန်းစုကြည်နှင့် အမြင်တူခြင်းနှင့် ကွဲလွဲခြင်းကိစ္စ
(((ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား - ခရိုနီပုံစံသုံးမျိုးမှာ \ ထမင်းလုပ်လုတဲ့ခရိုနီထံကပဲ ပြန်တောင်းနေ တာပါ မတောင်းရင်လည်း မွဲသေပါတော့မယ် ။))))
ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက် များနှင့် တွေ့ ဆုံ သည့် တစ်ခုသော အခါသမယမှာ အကျဉ်း ချုပ် အားဖြင့် အောက်ပါအတိုင်း အဓိပ် ပါယ် ရှိတဲ့စကာားကို ပြောဆိုခဲ့ပါတယ် ။
(၁) အမေရိကန် နိုင်ငံမှာ တစ်ချိန်က လူဝါးဝခဲ့သူ အရင်းရှင်တွေ ရဲ့ ကျေးဇူးကို နှောင်း လူတွေ ခံစား ရကြောင်း ထိုလူတွေဟာ နာမည်ကျော်လူမှုရေး သမားကြီးတွေဖြစ်လာကြောင်း
(၂) လူဟာ အမြဲတမ်းမမှန် အမြဲတမ်းမမှား နိုင်ကြောင်း ခရိုနီတွေ NLD ကို ငွေလှူတာ - လူမှုရေးလုပ် ငန်းတွေမှာ ၀င်ပါတာကောင်းကြောင်း ၊ ပြုပြင် ခွင့်ပေးဖို့လိုကြောင်း
(၃) နိုင်ငံရေးလုပ်တယ်ဆိုတာ အာဃာတကို အခြေခံလုပ်ရတာမဟုတ်ကြောင်း
ဆိုတဲ့အချက် သုံးချက်ထွက်ပေါ်လာပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပါစကားတွေကို လေးလေးနက်နက် ထောက်ခံ ကန့်ကွက် ဆန်းစစ် ဖို့လိုပါ တယ် ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် မတိုင်မီ - ၁၉၈၈ အာဏာသိမ်းစဉ် ကနဦးကတည်းက အလံနီသခင်စိုး ကြီးရဲ့ နိုင်ငံရေးသဘောတရားကျမ်းတွေရှိခဲ့ပါတယ် ။ အခု သခင်စိုးရဲ့ သား ခင်မောင်စိုး ဆီမှာ အဲဒီစာတွေ အတိအလင်း လေ့လာဖတ်ရှုနိုင်ပါတယ် ။ မြန်မာ ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးသဘောတရားအရ အားနည်း ခဲ့တာအမှန်ပါဘဲ - အလံနီသခင်စိုးကြီးကတော့ - မြန်မာပြည်ကို လွတ်လပ်ရေး စစ်ကြောင်း ၀င်စဉ် ကတည်း က စစ်ရေးခေါင်းဆောင် သခင်အောင်ဆန်း - နိုင်ငံရေးခေါင်းဆောင် သခင်စိုး ဆိုတဲ့သမိုင်းနဲ့ ပုဂ္ဂိုလ်ကြီးပါဘဲ -
အဲဒါကြောင့် ဦးနေ၀င်းအပါအ၀င် အာဏာသိမ်းစစစ်တပ်ဟာ - သခင်စိုးကြီးကို - ဆရာတင်ခဲ့ တာ လည်း ဖြစ်ပါတယ် ။
သခင်စိုးရဲ့ - နိုင်ငံရေးသိပ်ပံကျမ်းတွေမှာ အာဏာသိမ်းစစ် ခေါင်းဆောင်တွေ သည်းချေကြိုက်ဖြစ်လို့ရတဲ့ သီအိုရီတစ်ခု ပါလာပါတယ် အဲဒါကတော့ -
အင်အားကြီးမားတဲ့ နိုင်ငံခြားသားအရင်းရှင်ကို အံတုယှဉ်ပြိုင်နိုင်ဖို့
ပြည်တွင်းအရင်းရှင်အင်အားတောင့်တင်းဖို့လိုတယ် - အဲဒါကြောင့် - ပြည်တွင်းအရင်းရှင်တွေကို အစိုးရကျောထောက်နောက်ခံပေးမွေးမြူ ရမယ်လို့ သခင်စိုးရဲ့ သီအိုရီကဆိုပါတယ် ။
သီအိုရီကိုသက်သေပြဖို့အတွက် - သခင်စိုးက အမေရိကန် အရင်းရှင်တွေကိုထောက်ပြခဲ့ပါတယ်
အဲဒီသီအိုရီကို ဗမာဗိုလ်ချုပ်တွေ သက်ဝင်ယုံကြည်မှုရှိတယ်မရှိဘူးက အရေးမကြီးပါဘူး - ဒါပေမဲ့ စားကွက်ချောင်တာကတော့အမှန်ပါဘဲ - အနည်းအပါး လုပ်နိုင်ကိုင်နိုင် တပည့်ခံမဲ့ စီးပွါးရေးသမား တွေကို အာဏာနဲ့ ကာကွယ်ပေးလို့ မိုနိုပိုလီလုပ်ပေးလိုက်ခြင်းဖြင့် ဗမာဗိုလ်ချုပ်မိသားစုတွေကော ခရိုနီတွေပါ အတော်အဆင်ပြေတဲ့ စီးပွါးရေးပုံစံပေါ်လာပါတယ် ။
NLD အဆိပ် ငယ်ထိပ်တက်နေတဲ့ မြန်မာ့ နိုင်ငံရေးသမားတွေဟာ အလံနီ ပါတီ သခင်စိုးရဲ့ တပည့် သုံးယောက် ပါတီ သုံးခု ပေါ်လာတာကို မသိကြပါဘူး ။ ပါတီမပေါ်ခင်ကတည်းက စကော်လားဂရုအနေနဲ့ အလွန်ကောင်းတဲ့ လော်ဘီတွေဖြစ်နေတာကိုလည်း သတိမထားခဲ့ပါဘူး ။
အခု ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားကို ဆန်းစစ်ဖို့လိုလာပါပြီ ။
ဆန်းစစ်ပြီ -
(၁) အမေရိကန် နိုင်ငံမှာ တစ်ချိန်က လူဝါးဝခဲ့သူ အရင်းရှင်တွေရဲ့ ကျေးဇူးကို နှောင်း လူတွေ ခံစားရကြောင်း ထိုလူတွေဟာနာမည်ကျော်လူမှုရေးသမားကြီးတွေဖြစ်လာကြောင်း ( ဆိုတာကို ဆန်းစစ်ခြင်း )
မတူပါဘူး - အမေရိကန် ဘိုးဘေးတွေဟာ အင်ဒီဗီဂျူရယ် သမားတွေဖြစ်ခဲ့ပါတယ် ။ ကိုလံဘတ်ရှာတွေ့ခဲ့တဲ့ အမေရိကတိုက်ကို စွန့်စားသွားနေထိုင်ကြတဲ့သူတွေ - အင်္ဂလန် ပေါ်တူဂီပြင်သစ် အစိုးရတွေ မနိုင်တဲ့ အစိုးရလက်လန် ဖိုက်တာကြီးတွေ ကောင်းဘွိုင်ကြီးတွေ ဖြစ်ပါတယ် ။
နောက်ပြီးသူတို့ဟာ - မြေယာ ပရိုဒတ်ရှင်း ကို အခြေစိုက်ပြီး ခပ်မိုက်မိုက်နေခဲ့ကြတာပါ - ဗမာ ခရိုနီတွေလို ဆင်ခြေဖုံးက လယ်ချောတွေကို သိမ်းပြီး ဆင့်လီးခွေးမျှော်တွေမဟုတ်ပါဘူး
မြေပွဲစားတွေမဟုတ်ပါဘူး ။ အစိုးရ ရဲ့ နို့သက်ခံစို့ဖို့ အာဏာရင်နို့သောက်စို့ဖို့သာ မျှော်ကိုးနေတဲ့ ခရိုနီဖျင်း ခရိုနီညံ့တွေမဟုတ်ပါဘူး ။ အမေရိကန်ဘိုးဘေးတွေဟာ လူသူအရောက်ပေါက်မရှိတဲ့ ရက် အင် ဒီယန်း ဒေသမှာ အစိုးရတိုင်းကို တော်လှန်နေတဲ့ လူဆိုးကြီးတွေစုနေတာပါ ။ ဗမာခရိုနီတွေလို အစိုး ရ ပေး စာကမ်းစာ အာဏာနို့သက်ခံ လူဖျင်းတွေမဟုတ်ဘူး အမေရိကန်ဘိုးဘေးတွေဟာ လူမိုက်တွေပါဗျ ။
(၂) လူဟာ အမြဲတမ်းမမှန် အမြဲတမ်းမမှား နိုင်ကြောင်း ခရိုနီတွေ NLD ကို ငွေလှူတာ - လူမှုရေး လုပ် ငန်းတွေမှာ ၀င်ပါတာကောင်းကြောင်း ၊ ပြုပြင်ခွင့်ပေးဖို့လိုကြောင်း ( ဆန်းစစ်ခြင်း )
ကျနော်တို့ လူထုနိုင်ငံရေးသမားတွေဟာ ခရိုနီတွေကိုမမုန်းပါဘူး ။ သူတို့ သမီးတွေနဲ့ပေးစားရင် ယူဖို့ အသင့်ပါဘဲ ။ အခုခက်နေတာက ခရိုနီတွေဟာ အမှန်တကယ် နစ်နာသူကုစားရေးကို အာရုံမစိုက်ချင်ဘဲ
သြဇာရှိသူ ၊ အာဏာရှိသူတွေကို ထပ်ကပ်လို့ နောက်ထပ် အနီအပါဝါ ထပ်တိုးဖို့ ကြံနေတာ ဘဲဖြစ်ပါ တယ်ဗျ ။
ခရိုနီဆိုတာ ဘုရားတည်ကျောင်းဆောက် ရေဘေးလှူတာကို ဘန်းပြပြီး အခြားအခွင့်အရေးလုပ်ပိုင် ခွင့် ကိုယူတာဖြစ်ပါတယ် ။ လယ်ပယ်ပလေးဂရောင်းမှာ သာမာန်ပြည်သူနဲ့ ယှဉ်နိုင်တဲ့သူ ယှဉ်ရဲတဲ့ သူမဟုတ် ပါဘူး ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား၊ ။
(၃) နိုင်ငံရေးလုပ်တယ်ဆိုတာ အာဃာတကို အခြေခံလုပ်ရတာမဟုတ်ကြောင်း အာဃာတကို လုံး ၀ အခြေ ခံသူ သက်ကြားအိုနိုင်ငံရေးသမားကြီးတွေရှိကောင်းရှိပေမဲ့ ကျနော်အပါအ၀င် အချှို့ လူငယ်နိုင် ငံရေး သမားတွေက ဘာအာဃတမှမရှိပါဘူး ။ နိုင်ငံရေးကြောင့်လည်း ဘ၀ မအပျက်ခဲ့ရပါဘူး မနစ်နာခဲ့ရ ပါဘူး အာဃာတ ထားစရာ နေရာကို မရှိပါဘူး ။
ခရိုနီအစုတွေ အုပ်စုခွဲ အမိန့်ချမှတ်ရရင် -
(၁) တောတောင်ထဲက နိုင်ငံပိုင် သယံဇာတ ကို အာဏာအားကိုးယူခဲ့ သူများ = ယူစေ
(၂) မြို့ရွာထဲ သိန်း ၁၀၀၀ တန် လမ်းတံတားကို သိန်း ၃၀၀၀ အစိုးရစာရင်းပြပြီး ၀န်ထမ်းကြီးတွေနဲ့ ခွဲစားသူ များ = စားစေ ။
(၃) ဆင်ခြေဖုန်း လယ်သမားတွေ တောသူတောင်သားတွေ ထမင်းလုပ်ကို လုယက်ယူငင်စားသောက်သူ များ = တစ်ခုခုပြန်ပေးစေ
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား - ခရိုနီပုံစံသုံးမျိုးမှာ ထမင်းလုပ်လုတဲ့ခရိုနီထံကပဲ ပြန်တောင်းနေတာပါ မတောင်းရင်လည်း မွဲသေပါတော့မယ် ။
မေတ္တာများစွာဖြင့်
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ
(ဆက်ဖတ်ရန်.......)
Friday, 21 December 2012
ငြိမ်းချမ်းရေးသဘောတူညီချက်နှင့် ပါတ်သက်ပြီး တိုင်းရင်းသားပါတီများထံ CNF ထွေချုပ် Pu Zing Cung ရှင်းလင်းချက်
(၁၁ ဒီဇင်ဘာ ၂၀၁၂ UNLD ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်) ကျတော်တို့ ဒီနေ့ ရန်ကုန်ကို ရောက်လာကြတာ အတိုချုံး ပြောချင်ပါတယ်။ ယနေ့ အခင်းအကျင်းဟာ နှစ်ပေါင်း အတော်များများ ငြိမ်းချမ်းရေးဖြစ်လာအောင် ကြိုးစားခဲ့တာပါ၊ ဒါပေမဲ့ စစ်အစိုးရက ငြိမ်း ချမ်းရေးနဲ့ လက်နက် လဲလှယ် မယ်ဆို တာပဲ အမြဲတမ်းပြောနေတယ်၊ ဒါ ကျတော်တို့ အနေနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ဖို့တော့ မဖြစ်နိုင် ပါဘူး။
ဒုတိယ အနေနဲ့ ဥပဒေဘောင်ထဲဝင်လာပါ၊ ဖွံ့ဖြိုးရေးလုပ်ပါ၊ ဒါကလည်း ကျတော်တို့အနေနဲ့ မဖြစ်နိုင်ပါဘူး၊ နိုင်ငံ ရေးပြသနာကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးမှ လက်ရှိဖြစ်ပေါ်နေ တဲ့ တိုင်းရင်းသားတို့ရဲ့ တန်းတူညီမျှမှု ပြသာနာ၊ ဒီမိုက ရေစီဆိတ်သုဉ်းမှု ပြသနာတွေကို ကောင်းကောင်းမွန်မွန် ဖြေရှင်းမှပဲ တိုင်းပြည်မှာ ထာဝရ တည်တံ့တဲ့ ငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်မယ်၊ ဒါက ကျတော်တို့ရဲ့ ယုံကြည်ချက်ပါပဲ၊ ဒါက ကျတော်တို့ ၈၉ ကနေ ဒီကနေ့ထိ ပြောရမလား၊
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခပ်ရပ်စဲပေမဲလို့ ကျတော်တို့ချင်းအမျိုးသားတပ်ဦးအနေနဲ့ အဲဒီနှစ်ချက် ကြောင့် အပစ်အခပ်ရပ်စဲရေးတွေ မလုပ်ခဲ့ပါဘူး၊ ကျတော်တို့က ၉၄ ခုနှစ်ကတည်းကနေ အပစ်အခပ်ရပ်စဲ ရေး ကို ကြိုး စားလာခဲ့တာပါပဲ၊ ဒါပေမဲ့ ၂၀၁၁ အဆုံးထိ ဘာမှ ဖြစ်မလာခဲ့ပါဘူး၊
၂၀၁၁ သြဂုတ်လ ၁၈ ရက်နေ့မှာ ၁/၁၁ ထွက်လာတယ်၊ နောက် ၂၀၁၁ သြဂုတ်လ ၁၉ ရက်နေ့မှာ  သမ္မတ ရုံးကနေ လွှတ်ပြီးတော့မှ ဦးအောင်မင်းကိုယ်တိုင် တိုင်းရင်းသားတွေနဲ့ လာတွေ့ပါတယ်၊  အဲဒီ သူတို့ ပြောတာက ပြည်နယ်အဆင့် အပစ်အခပ် ရပ်စဲမယ်၊ ဒုတိယအဆင့် ပြည်ထောင်စု အဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်၊ နောက်တတိယအနေနဲ့ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ညီလာခံကြီးကျင်းပမယ်ဆိုပြီး ကမ်းလှမ်းလာပါတယ်၊ ကျတော်တို့လည်း နိုင်ငံရေး ပြသာ နာကို နိုင်ငံရေးနဲ့ ဆွေးနွေးချင်တယ်၊ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ညီလာခံကြီးကျင်းပတာကို ထောက်ခံတယ်၊ မဆိုင်းမ တွပါပဲ၊ ဒီတော့ တိုင်းရင်းသားအားလုံးအနေနဲ့ ဒီကမ်းလှမ်းချက်က ကောင်းတယ်၊ ဒါက တကယ့် တကယ် ဖြစ် ရှိနေတဲ့ ပကတိ ပဋိပက္ခကို ဖြေရှင်းမယ်၊ ဆွေးနွေးကြမယ်၊ ညှိနှိုင်းကြမယ်၊ ဒါက ကောင်းတဲ့ လက္ခဏာဖြစ်တယ်၊ ဒါကြောင့် ဒီလမ်းကြောင်းထဲကို ၀င်ပြီး ဆွေးနွေး တယ်၊ ဒီတော့ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ယခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့မှာ စဆွေးနွေးကြပြီး အစိုးရနဲ့ အပစ်အပစ်ရပ်စဲလိုက်တယ်၊
ဒုတိယအနေနဲ့ ပထမအဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မေလ ၇ ရက်နေ့မှာ ဟားခါးမှာ ဆွေးနွေးတယ်၊ နောက်ဒီတခေါက် က ဒုတိယအဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့လေ၊ တစုံတခု သော ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ရလိုက်တယ်၊ ဒီတော့ခါ ဒီကနေ ဆွေးနွေးဟာဖြစ်ယင်  ဘယ်အခြေခံပေါ်မှာ ရပ်တည်သလဲဆိုတော့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းဆွေးနွေးတဲ့ အနေအထားအောက်မှာ ဆွေးနွေးပါတယ်၊
နံပါတ် ၂ အနေနဲ့ လွှတ်တော်ပြင်ပမှာ ကျတော်တို့ ပြသာနာတွေကို ဆွေးနွေးကြမယ်၊ ဖြစ်နိုင်ယင် ဒီပြသာနာတွေကို ဖြစ်နိုင်လို့ရှိယင် ပြည်ထောင်စု သဘောတူညီချက်တခုခု Union Accord သို့မဟုတ် အမျိုးသားသဘောတူညီချက် National Accord တခုခု ချမှတ်လက်မှတ်ထိုး သဘောတူပြီးတော့မှ လွှတ်တော်မှာအတည်ပြုဖို့ပေါ့လေ  သဘော တူညိချက်ရပြီးသားကို မဲထည့်ဖို့ ဘာဖို့ မစဉ်းစားဘူး၊
ဒါအားလုံးသော အစိုးရနဲ့ ပါလီမန်နဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ဆွေး နွေးပြီး ရရှိထားတဲ့ သဘောတူညီချက်ဟာ အတည်ဖြစ်ရမယ်၊ ဒါကတော့ ကျတော်တို့ရဲ့ လက်ကိုင်ပြုထားတဲ့ အချက် ပါပဲ။
နံပါတ် သုံးအနေနဲ့ ဒီလိုဆွေးနွေးတဲ့နေရာမှာ နိုင်ငံတကာ အစိုးရသော်လည်းကောင်း ၊ သံတမန်တွေက သော်လည်း ကောင်း အားလုံးသော လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ ၊ လေ့လာသူတွေပါဝင်ပြီး အဲဒီအောက်မှာ ဆွေး နွေးကြမှာပေါ့လေ၊ ဆွေးနွေးတဲ့နေရာမှာ ပွင့်လင်းမြင်သာတဲ့နေရာဖြစ်ရမယ်၊ ဘက်နှစ်ဖက်က သြဇာ လွှမ်းမိုးမှုမရှိ တဲ့နေ ရာမှာ ဆွေးနွေးမယ်ဆိုတဲ့အခြေခံ အချက်ကို လက်ကိုင်ပြုထားတယ်၊ အဲဒီအခြေခံအချက်အောက်မှာ ကနေ့ ကျတော် တို့ဆွေးနွေးနေတာဖြစ်ပါတယ်၊ ဒီနေ့အထိ ဆွေးနွေးနေတဲ့ Atmosphere ဟာ ကောင်းနေသေးတယ်လို့ ပြောလို့ ရပါတယ်၊ ဒီကနေ့ အထိ ပွင့်လင်းမြင်သာမှုရှိနေတယ်၊ ဆွေးနွေးပွဲကို ဘယ်သူမဆို လေ့လာလို့ရတယ်၊ ကြိုက်တဲ့ ကိစ္စ တွေ တင်လို့ရတယ်။
အစိုးရနဲ့ ကျတော်တို့ အကြားမှာ ကြီးကြီးမားမား ကွဲလွဲတာမျိုး မရှိသေးဘူး၊ ဒါပေမဲ့လို့ တခု ရှိတာကတော့ ကျတော်တို့ ချင်းအမျိုးသားတပ်ဦးဆွေးနွေးတာဟာ ချင်းအမျိုးသားတွေနဲ့ သက်ဆိုင်တဲ့ဟာတွေကို ဆွေးနွေးတာပါ၊ ဘာဖြစ်လို့လဲဆို တော့ တိုင်းရင်းသားတွေအကုန်လုံးက အဲန်ဒီအက်ဖ်မှာ စုစည်းနေပါတယ်၊ ဒါက လက်နက်ကိုင်တွေ စုစည်းထားတဲ့ တပ်ပေါင်းစုတွေပါ၊နောက် ယူအဲန်အက်ဖ်စီ လဲရှိတယ်၊ နောက်ပြီးတော့ အီးအဲန်စီမှာလည်း စုစည်းနေတယ်၊ နောက်ပြင်ပ ရောက်နေတဲ့ တိုင်းရင်းသားတွေလည်း ရှိနေတယ်၊ ပြည်တွင်းထဲ မှာရှိနေတဲ့ ၉၀ အနိုင် ရပါတီတွေလည်းအများကြီး ရှိနေတယ်၊ နောက် ယူအဲန်အေလည်းရှိတယ်၊ နောက်ကျန်တဲ့ တိုင်းရင်းသားပါတီတွေလည်း အများကြီးနေတယ်ဆိုတော့ ဒီဟာတွေနဲ့ အားလုံးစုပေါင်းပြီးတော့မှ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာ  ဘာတွေ ဆွေးနွေးမလဲ ဆိုတဲ့ ကိစ္စကိုတော့  Frame Work for Political Dialogue ပေါ့၊ ဒါတွေအယင် ချပြီးမှ ပြည်ထောင် စုတခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စကို ဆွေးနွေးမယ်ဆိုတဲ့ အခြေခံ အချက်ကို လက်ကိုင်ထားလို့ ဒီကနေ့ဟာ ချင်းအမျိုးသားနဲ့ သက်ဆိုင်တဲ့ အချက်တွေကို ဇောင်းပေးတာဖြစ်ပါတယ်၊
ဒါပေမဲ့ နောက်ဆုံးဆွေးနွေးပွဲသဘောတူညီချက်ထဲမှာ အားလုံးနဲ့ သက်ဆိုင်တဲ့ အချက် သုံးချက်ပါပါတယ်၊ ပထမအ ချက်က ငြိမ်းချမ်းရေးဖြစ်စဉ်သုံးရပ်ကို ထည့်သွင်းလို့ ရခဲ့တယ်၊ ဘာကို ထည့်ထားသလဲဆိုတော့ အပစ်အခပ်ရပ် စဲရေး လုပ်မယ်၊ ဒုတိယအနေနဲ့ ပြည်ထောင်စု အဆင့် နိုင်ငံရေး ဆွေးနွေးပွဲလုပ်မယ်၊တတိယ အနေနဲ့ အမျိုးသားညီလာ ခံကြီး လိုမျိုး တိုင်းရင်းသားပေါင်းစုံစုပေါင်းတဲ့ အစည်းအဝေးကြီး လုပ်ပြီးတော့မှ အဲဒီအစည်းအဝေးမှာ Union Accord ပြည်ထောင်စု သဘောတူညီချက် ယူမယ် ဆိုပြီး ထည့်ထားတယ်၊ အဲဒါ သူတို့လက်ခံတယ်၊ဆိုတော့ ပြည်ထောင်စု အဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ အစည်း အဝေးကြီးဟာအခြေခံမူ ၆ ချက်ကို အခြေခံမယ်ဆိုတဲ့ဟာ ပါတယ်၊ ဒါကလည်း တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေး ပွဲကို အထောက်အကူပြုမယ်လို့ သဘောထားရှိပါတယ်၊
နံပါတ် တစ်ကတော့ သူတို့ရဲ့ ဒို့တာဝန်အရေးသုံးပါး၊ အဲဒီသုံးချက်ပေါ့၊ နောက်နံပါတ် ၂ အနေနဲ့တော့ ကျတော်တို့ နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ရမယ်၊ တိုင်းရင်း သားအားလုံး ကိုယ့်ကြမ္မာကို ပြန်လည်ဖန်တီးခွင့် ရှိရမယ်၊ နံပါတ်သုံးကတော့ ဖက်ဒရေပြည်ထောင်စုကြီး၊ ပြည်ထောင် စုစစ်စစ်ပေါ့လေ၊ ဖက်ဒေရေ အသုံးအနှုန်း မသုံးပေမဲ့ ပြည်ထောင်စုစစ်စစ်၊ ဒါကလည်း ဖက်ဒရေပါပဲ၊ ဒီအခြေခံမူ ၆ ချက်အောက်မှာ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ်၊ တိုင်းရင်းသား အားလုံးစု ဝေးပြီးညီလာ ခံကြီး လုပ်မယ်ဆိုတဲ့ဟာကို ထည့်လို့ရတယ်၊ အဲဒီ ၆ ချက်ကို ဇန်န၀ါရီ ၆ ရက်၊ မေလ ၇ ရက်၊ ယခု ဒီဇင်ဘာ ၈ ရက်ဆွေး နွေးပွဲတွေမှာ ချမှတ်ခဲ့တာဖြစ်တယ်၊ နောက်တိုင်းရင်း သားတခုလုံးနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက် တခုရရှိ တာကတော့ ပြည်ထောင်စုကြီးဟာ တိုင်းရင်းသားအားလုံး စုပေါင်းပြီးတော့မှ ပင်လုံ စာချုပ်ကို အခြေခံပြီး စုပေါင်းထားတဲ့ ပြည်ထောင် စုကြီးဖြစ်တယ်ဆိုတဲ့ဟာကို ထည့်သွင်းထား တယ်၊ နောက်လာ မည့် အနာဂါတ်မှာ တည်ဆောက်မယ့် ပြည် ထောင်စု စစ်စစ်ဟာ  တန်းတူညီမျှမှု ရှိပြီးတော့မှ ကိုယ်ပိုင်ပြ ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုကြီးဖြစ်မယ်ဆိုတာကို သဘောတူ ညီချက် ထဲမှာ ထည့်သွင်းထားပါတယ်၊ ဒါက အားလုံးနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက်လို့ပြောလို့ရပါတယ်၊ ဒါဟာ ဆက်ဆက် လာမည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ တွေမှာ အထောက် အကူပြုလိမ့်မယ်လို့ယူဆတဲ့ အတွက် ကြောင့်မလို့ထည့် သွင်းတာဖြစ်ပါတယ်၊
ဒီတော့ ဒီကနေ့ အခြေအနေကို သုံးသပ်လိုက်ယင် ချင်း၊ ရခိုင်၊ မွန်၊ ကရင်တခုထဲနဲ့လည်း မရပါဘူး၊ အားလုံးသောတိုင်း ရင်းသားတွေဟာ တူညီတဲ့နိုင်ငံရေးရည်မှန်းချက်၊ မဟာဗျူဟာရှိတယ်၊ နည်းဗျူဟာ အနေနဲ့ အခုဆို ယင် ပြည်တွင်း၊ ပြည်ပ ဆိုတာပဲ ကွာပါတယ်၊ အတွင်းထဲမှာ တိုက်ပွဲဝင်တာရှိတယ်၊ လွှတ်တော်ထဲမှာ ပြောနေတဲ့ သူတွေ ရှိတယ်၊  နည်းဗျူ ဟာပိုင်းပဲ ကွာတယ် ဆိုတဲ့ ဟာ ကို ကျတော်ကတော့ ယူဆပါတယ်။ ဒါပေမဲ့  Goal ကတော့ အတူတူပဲ၊ မဟာဗျူ ဟာ လည်း အတူတူပဲ၊ အဲဒီအောက်မှာ သွားမှလည်း အောင်မြင်မယ်လို့ ယူဆတဲ့ အတွက်ကြောင့် တိုင်းရင်းသား အားလုံးစု ပေါင်း မှုဟာ အခရာကျတယ်၊ အရေးကြီးတယ်ဆိုတာ တင်ပြလိုပါတယ်၊( khonumthung )
(ဆက်ဖတ်ရန်.......)
Monday, 10 December 2012
CNFအဖွဲ့နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေကော်မတီ နှစ်ဖက် သဘောတူ လက်မှတ်ထိုးသည့်အချက်များ
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် အနှစ် (၆၀) ကျော်ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းစေလျက် ရေရှည် တည်တံခိုင် မြဲသော ငြိမ်း ချမ်းရေးကို တည်ဆောက်နိုင်ခြင်းအလို့ငှာ အောက်ပါ အဆင့်သုံးဆင့်ပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့က နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ကြပါသည်။
(က)    စစ်ရေးအပါအဝင် ရန်မူပစ်ခတ် တိုက်ခိုက်မှုများကိုရပ်ဆိုင်းခြင်း၊
(ခ)     ပြည်ထောင်စုအဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကျင်းပခြင်း၊
(ဂ)     ပင်လုံစိတ်ဓါတ်ကိုအခြေခံသည့် ပြည်ထောင်စုညီလာခံကြီးတစ်ရပ်ကျင်းပ၍  “ပြည်ထောင်စု
သဘောတူစာချုပ်” တစ်ရပ်ကို ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံညီညွတ်စွာ
လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆောင်ရွက်ခြင်း။
၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလ (၆) ရက်နေ့တွင် ဟားခါးမြို့၌ ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့အကြား အချက် (၉)ချက် ပါဝင်သော  အပစ်အ ခတ် ရပ်စဲရေးသဘောတူညီချက်ကို လည်းကောင်း၊ ၂၀၁၂ ခုနှစ် မေလ (၇) ရက်နေ့တွင် ဟားခါးမြို့၌  ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေးဆွေးနွေးရေး အဖွဲ့ကိုယ်စားလှယ်များနှင့်  ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့သည် ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင် များ၊ ပြည်ထောင် စုငြိမ်းချမ်းရေး အကျိုးတော်ဆောင်များကို အသိသက်သေအဖြစ် ပါဝင်စေလျက် အချက်(၁၅) ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူညီချက်များကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါသည်။ ယင်းသဘောတူညီချက်များအား ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ချင်းအ မျိုးသားတပ်ဦး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့မှ ထပ်လောင်း အတည်ပြုပါသည်။
၂၀၁၂ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဝင်များ နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား ချုပ်ဆိုထား သည့် သဘောတူညီချက် အပိုဒ်(၄)တွင် ပါရှိသည့် “နိုင်ငံရေး တွေ့ဆုံဆွေနွေးရာတွင် အခြေခံရမည့်မူဝါဒ” များဖြစ်ကြသော ဒို့တာဝန်အရေးသုံး ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ ခိုင်မြဲရေး တို့အပြင် ဒီမိုကရေစီ ထွန်းကားရေး၊ ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားလူမျိုးများအရေး တို့ဖြစ်သည့် ပင်လုံစိတ်ဓါတ်ကိုအခြေခံသော တန်းတူညီမျှရေးနှင့် တိုင်းရင်း သားလူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးတို့ကို ဤသဘောတူညီ ချက်ပါ ငြိမ်း ချမ်းရေးဖြစ်စဉ် ဒုတိယအဆင့်နှင့် တတိယအဆင့်များတွင် အခြေခံရမည့် “အခြေခံမူဝါဒ” များ အဖြစ် ထပ်လောင်း အတည်ပြုပါသည်။
လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကား၍ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ဤသဘောတူညီချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ချင်းအမျိုးသား တပ်ဦးငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့သည် ပြည်ထောင်စုငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့၊ ချင်းငြိမ်း ချမ်းရေးအ ကျိုးတော်ဆောင်အဖွဲ့နှင့် လေ့လာသူများရှေ့၌ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဤသဘောတူညီချက်များကို လက်မှတ်ရေးထိုးကြပါသည်။
ချင်းအမျိုးသားရေးဆိုင်ရာသဘောတူညီချက်
(၁)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သည် ၁၈၉၆ ခုနှစ်၊ ချင်းတောင်တန်း အက်ဥပဒေ (The Chin Hills Regulation, 1896) ဖြင့် အုပ်ချုပ် ခဲ့သော ချင်းတောင်တန်းဒေသ၊ ကချင်တောင်တန်းဒေသဥပဒေ (The Kachin Hill Tribes Regulation) ဖြင့်အုပ်ချုပ်ခဲ့သော ကချင်တောင် တန်းဒေသ၊ ပြည်ထောင်စု ရှမ်းပြည်အက် ဥပဒေ (Federated Shan States) ဖြင့် အုပ်ချုပ်ခဲ့သော ပြည်ထောင်စုရှမ်းပြည် နှင့် (The Government of Burma Act, 1935) အရ အုပ်ချုပ်ခဲ့သော နယ်မြေများကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” အရ စုပေါင်း၍ ဖွဲ့စည်းတည်ထောင်သည့် ပြည်ထောင်စုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက် ထား သည့် နိုင်ငံဖြစ်သည်နှင့် အညီ ပင်လုံညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ရည်မှန်းခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးများအကြား တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်တို့ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ရန် သဘောတူကြ ပါသည်။
(၂)     ချင်းအမျိုးသားတို့၏ အမြတ်တနိုးတန်းဖိုးထားသည့် နေ့ရက်ဖြစ်သည့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့  အဖြစ်ပြန်လည်သတ် မှတ်ရန် နှင့် ချင်းပြည်နယ်တွင် ယင်းနေ့ရက်အား ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန်တို့ ကို ပြည်နယ်အစိုးရမှ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။
(၃)     ချင်းဝိသေသတိုင်းမှ ချင်းပြည်နယ်အဖြစ်သို့ ပြောင်းလဲသတ်မှတ်သည့် ဇန္နဝါရီလ (၃) ရက်နေ့အား ချင်းပြည်နယ်နေ့ အဖြစ်သတ်မှတ်ရေးကို ချင်းပြည်နယ်အစိုးရက ဆက်လက်ဆောင်ရွက်ရန် သဘောတူ သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်
(၄)     ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦး တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ကို ၂၀၁၂ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်နေ့တွင် ချုပ်ဆိုပြီးနောက်  အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း ချင်းအမျိုးသားတပ်ဦးနှင့် ပြည်သူလူထုအကြား ဆက်သွယ်ဆက်ဆံမှုအားလုံး ကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရလည်းကောင်း၊ မတရားအသင်းအက်ဥပဒေအရလည်းကောင်း အရေးယူခြင်း မပြုလုပ်ရန် သဘောတူသည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်မှုများသည့် အခြားပြဌာန်းထားသည့်ဥပဒေများ နှင့် ပြစ်မှုဆိုင်ရာဥပဒေများကို ဖောက်ဖျက်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။
(၅)     ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ညှိနှိုင်း၍ လွတ်လပ်သော ချင်းလူ့အခွင့်အရေး ကော်မတီကို ဖွဲ့စည်းရန် သဘောတူသည်။ ယင်းကော်မတီသည် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်၊ ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့သို့ အစီရင်ခံစာတင်သွင်းရမည်။ ယင်းသို့ အစီရင်ခံ တင်ပြရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများ၊ နိုင်ငံတကာလူသား ချင်းစာနာမှုဥပဒေများကို အခြေခံတင်ပြရန် ဖြစ်သည်။
(၆)     ချင်းပြည်နယ်အတွင်းရှိဖွံ့ဖြိုးရေးစီမံကိန်းများနှင့်စပ်လျဉ်း၍ပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက် မှုများအပေါ် လေ့လာမှုများ ပြုလုပ် သွားမည်။ အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအား လေ့လာနိုင်ရေးအတွက် အကျိုးသက်ရောက်မှုလေ့လာရေးကော်မတီ တစ်ရပ် ကို လွတ်လပ်သော ကျွမ်းကျင်သူ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်သဘောတူသည်။ ချင်းပြည်နယ်အတွင်း မြေပေါ်၊ မြေအောက် သယံဇာတ ထုတ်လုပ် ရာ တွင် ဒေသခံပြည်သူလူထု၏ ဆန္ဒကို ဦးစားပေး ထည့်သွင်း စဉ်းစားမည့် (Free Prior Informed Consent) လုပ်ထုံးလုပ်နည်းကို ဆောင်ရွက်ရန် သဘောတူသည်။
စစ်ဘက်ဆိုင်ရာသဘောတူညီချက်
(၇)     မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များမှ လိုက်နာစောင့်ထိန်းအပ်သော စစ်ဖက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများအား တိုင်းရင်းသားပေါင်းစုံ ပြည်ထောင်စုအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေး နွေးရန် သဘောတူသည်။
(၈) (က) ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ဗန်ဇန်ကျေးရွာအုပ်စု၊ လုံဒိမ်းကျေးရွာအုပ်စု၊   ဘဲလ်ဟာရ်ကျေးရွာအုပ်စု၊ လုံလ်ပီးလုံကျေးရွာအုပ်စု နှင့် တီးတိန်မြို့နယ်ရှိ ဒမ်ပီးကျေးရွာ အုပ်စုတို့တွင် ချင်းအမျိုးသား တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးတပ်ဖွဲ့ဝင်များအား အခြေချနေထိုင်ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက တစ်လအတွင်းစာဖြင့် အကြောင်းပြန်ကြား ရန်သဘောတူသည်။
(ခ)     ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တင်ပြထားရှိသည့် ကျန်ကျေးရွာအုပ်စုများနှင့်စပ်လျဉ်း၍ တတိယ အကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ပြန်လည်ဆွေးနွေးရန် သဘောတူသည်။
(ဂ)     ချင်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ချင်း အမျိုးသားတပ်မတော်တို့သာ နေရာချထားခွင့်ပြုရန် သဘောတူသည်။
(၉)     ချင်းအမျိုးသားတပ်မတော်သားများ တပ်လှုပ်ရှားမှုပြုလုပ်ရာတွင်လည်းကောင်း၊ တပ်အပြောင်း အရွှေ့ပြုလုပ်ရာ တွင်လည်းကောင်း၊ ချင်းအမျိုး သားတပ်မတော် အခြေစိုက်နယ်မြေ အဖြစ်သတ်မှတ်ထား သော ပြင်ပနယ်မြေသို့ လက်နက်ဖြင့် ဝင်ထွက်သွား လာရာတွင် မြန်မာ့တပ်မတော်၏ အနီး စပ်ဆုံး တပ်စခန်း သို့မဟုတ် နယ်မြေခံတပ်ရင်း သို့မဟုတ် နယ်မြေခံဗျူဟာမှူး ထံအသိပေးအကြောင်းကြားရန် နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိမှသာ နယ်မြေ ဖြတ်သန်းခွင့် ပြုရန် သဘောတူသည်။
(၁၀)    ပြည်ထောင်စုအစိုးရ နှင့် ချင်းအမျိုးသားတပ်ဦး တို့အကြား နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများစတင် ရပ်ဆိုင်းသည့် အချိန်မှစ၍ ချင်းအမျိုးသား တပ်ဦးအား တရားဝင်နေထိုင်ခွင့်ပြုထားသည့် နယ်မြေများနှင့် ထိစပ် သည့်နေရာများတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဆိုပါက နှစ်ဖက်အကြား သဘောတူညီမှု ရယူ ဆောင်ရွက်ရန် သဘောတူသည်။
(၁၁)    ချင်းအမျိုးသားတပ်ဦး ၊ ချင်းအမျိုးသားတပ်မတော်သားများနှင့် ၎င်းတို့အခြေချသည့် သတ်မှတ် နယ်မြေများရှိ ချင်းပြည်သူလူထု၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် နိုင်ငံတကာ မိသားစုနှင့် အစိုးရမဟုတ် သော အဖွဲ့အစည်းများမှ ပံ့ပိုးကူညီမှုများအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်နှင့် အညီ တိုက်ရိုက် လက်ခံရယူခွင့် ပြုရန် သဘောတူသည်။
ဖွံ့ဖြိုးရေးဆိုင်ရာသဘောတူညီချက်
(၁၂)    ပြည်ထောင်စုအစိုးရနှင့် ချင်းပြည်နယ်အစိုးရတို့သည် ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချင်းအမျိုးသားတပ်ဦး၏ ဆောင်ရွက်မှု များကို တတ်နိုင်သ၍ အကူအညီများ ပေးသွားမည်။ ထိုသို့ဆောင်ရွက်ရာတွင် ချင်းအမျိုးသားတပ်ဦးအနေဖြင့် ကော်မတီ သို့မဟုတ် အဖွဲ့အစည်းတစ်ခု ကို တရားဝင်ထူထောင်ပြီး၊ INGO, NGO များနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရှိကြောင်းသဘောတူသည်။
(၁၃)    အပိုဒ် (၁၂) အရ ဖွဲ့စည်းထားသည့်ကော်မတီ သို့မဟုတ် အဖွဲ့အစည်းအနေဖြင့် ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် အောက်ပါ အတိုင်းဆောင် ရွက်ရန်သဘောတူသည်။
(က)    ချင်းပြည်နယ်တွင် လက်တွေ့ကျပြီး ရပ်ရွာများအနေဖြင့် မိမိတို့ကိုယ်တိုင် ကမကထပြု၍ ဦးဆောင် အကောင်ထည်ဖော်သော စနစ်ကို အခြေခံ ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သော တာဝန်နှင့်လုပ်ပိုင်ခွင့်များ (TORs) ကို ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အစိုးရနှင့် ညှိုနှိုင်း သတ်မှတ်၍ အကောင်ထည်ဖော်ဆောင်ရွက် ခြင်း၊
(ခ)     ယင်းကနဦး လေ့လာမှုများ ပြုလုပ်ရေးအတွက် အရည်အချင်းပြည့်မီပြီး အတွေ့အကြုံ  ရှိသော နိုင်ငံတကာပညာရှင်များ ငှားရမ်းဆောင်ရွက် ပြီး လေ့လာတွေ့ရှိချက်ကို  ယင်းပညာရှင်များက ၂၀၁၃ခုနှစ်၊ ဇွန်လမတိုင်မီ ချင်းအမျိုးသားတပ်ဦး၊ ပြည်ထောင်စု အစိုးရနှင့် ချင်းပြည်နယ်အစိုးရထံ တင်ပြခြင်း၊
(ဂ)    နိုင်ငံခြားပညာရှင်များက လေ့လာစူးစမ်းမှုပြုလုပ်နိုင်ရေးအတွက် ယင်းတို့အားဝင်ထွက်ခွင့် နှင့် အလုပ်လုပ်ကိုင်ခွင့်ပြု ရန် ပြည်ထောင်စု အစိုးရ ကလိုအပ်သည်များ ကူညီဆောင်ရွက်ပေး ခြင်း။
(၁၄)    ချင်းလူမျိုးများအကြား ဆက်သွယ်ရေး ပြေပြစ်ချောမွေ့စေရေးနှင့် သတင်းမီဒီယာပိုင်းတွင် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်မိမိတို့ မျိုးနွယ်စု ဘာသာစကားဖြင့် ထုတ်လွှင့်မည့် Community Radio ထူထောင်ရေးအစီအစဉ်ကို ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသား တပ်ဦးတို့မှ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူသည်။
(၁၅)    ချင်းပြည်နယ်အတွင်း ကွန်ပျူတာ၊ အိုင်တီ ပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေး အတွက် ပြည်ထောင် စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုး သားတပ်ဦး တို့ ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူသည်။
(၁၆)    ချင်းပြည်နယ်တွင် အထူးစီးပွားရေးဇုံများ ထူထောင်ရန်အတွက် ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ် အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည်။
(၁၇)    ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးအတွက် ချင်းပြည်နယ်အတွင်း သင့်လျော်သည့်  နေရာတွင် ခေတ်မီလေယာဉ်ကွင်း အနည်းဆုံး တစ်ခု တည်ဆောက်ရန် ပြည်ထောင်စုအစိုးရက ကွင်းဆင်း လေ့လာမှုပြုလုပ်ပြီး ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ပေးရန် သဘောတူသည်။
(၁၈)    ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် တွန်းဇံမြို့နယ်မှ ပလက်ဝမြို့နယ်အထိ ချင်းပြည်နယ်အတွင်းရှိ မြို့များအားလုံးကို ဆက်သွယ်ပေးနိုင်သော လမ်းမကြီးဖောက်လုပ်လျက်ရှိရာ အဆင့်မီပြည်ထောင်စုလမ်းမ ကြီးအဖြစ်သို့ တည်ဆောက်ရေးကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွား ရန် သဘောတူ သည်။
(၁၉)    ချင်းပြည်သူများ၏ လူမှုဘဝတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ရေ၊ မီး အပါအဝင် စားဝတ်နေမှုဖူလုံရေး၊ ပညာရေးနှင့် ကျန်း မာရေး လုံလောက်စွာ ရရှိရေးအတွက် ပြည်ထောင်စုအစိုးရ၊ ချင်း ပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်း၍အမြန်ဆုံး အကောင် ထည်ဖော်ဆောင် ရွက်ရန် သဘောတူသည်။
(၂၀)    ချင်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံ တကာ ကမ္ဘာလှည့်ခရီးသည်များအား လွတ်လပ်စွာ ဝင်ထွက် သွားလာခွင့်ကို ပြည်ထောင်စုအစိုးရက အကောင်ထည်ဖော်ဆောင်ရွက်ရန် သဘောတူသည်။
လူမှုရေး နှင့် ယဉ်ကျေးမှုကိစ္စရပ်များဆိုင်ရာသဘောတူညီချက်
(၂၁)    ချင်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ချင်းတိုင်းရင်းသားစာပေများကို မူလတန်းအဆင့် သင်ကြားခြင်း၊ ဆက်လက်တိုးမြှင့် သင်ကြားခြင်း တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရမှ ဆက်လက်တင်ပြ အကောင်ထည်ဖော်ဆောင်ရွက်ရန် သဘောတူသည်။
(၂၂)    ချင်းအမျိုးသားတို့ အမြတ်တနိုးတန်ဖိုးထားသော ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာ များကို အချင်းချင်းဖလှယ်နိုင်ရေး နှင့် ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် “ချင်းယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး သင်တန်းကျောင်း” အားချင်းပြည်နယ်အတွင်း သင့်လျော် သည့်နေရာများတွင် ဖွင့်လှစ်ရန် သဘောတူသည်။
(၂၃)    မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် ရှင်သန်ပွင့်လင်းရေးကို ဦးထိပ်ထားသောအားဖြင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ သမ္မာကျမ်း စာအုပ်အပါအဝင် ဘာသာရေးဆိုင်ရာ စာအုပ်စာပေများ လွတ်လပ်စွာရေးသားပုံနိုပ်ထုတ်ဝေခွင့်၊ ခရစ်ယာန်ဘာသာအပါအဝင် အခြားဘာသာများမှ သာသနာပိုင် မြေယာများ ပိုင်ဆိုင်ခွင့်၊ ဘုရားကျောင်းများအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံ များ ဆောက် လုပ်ပိုင် ခွင့်၊ နိုင်ငံတကာဘာ သာရေးအသင်းအဖွဲ့များ နှင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်၊ သာသနာ ပြုခွင့်၊ ချင်းပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်၊ လူမှုရေးနှင့် လူသာချင်း စာနာထောက်ထားသော လုပ်ငန်းများကို ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသားတပ်ဦးတို့ ညှိနှိုင်းဆောင်ရွက် ရန် သဘော တူသည်။
(၂၄)    အစိုးရဝန်ထမ်း ရွေးချယ်ခန့်ထားရာတွင် လည်းကောင်း၊ ရာထူးအဆင့်တိုးမြှင့်ခြင်းများတွင် လည်းကောင်း၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာနှင့် လိင်ကွဲပြားမှုကိုအခြေခံ၍ ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန် သဘောတူသည်။
(၂၅)    ချင်းပြည်နယ်အတွင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်၊ ရေဒီယို၊ အင်တာနက် နှင့် တီဗွီအစီ အစဉ် ထုတ်လုပ်ရေးလုပ်ငန်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများဖွဲ့စည်းရေးကိစ္စရပ်များကို ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်၊ ထုတ်လုပ်ဖြန့်ချီလုပ်ကိုင်ခွင့် လိုင်စင်များ ကို ထုတ်ပေးရန် သဘောတူသည်။
(၂၆)    ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဥပဒေနှင့်အညီ ရံပုံငွေရှာဖွေခွင့်ပြုရန် သဘောတူသည်။
(၂၇)    ချင်းပြည်နယ်ပြင်ပတွင် နေထိုင်ကြသော ချင်းလူမျိုးများဖွံ့ဖြိုးရေး၊ လူမှုရေး ပညာရေး အထောက် အကူပြုလုပ်ငန်းများအတွက်လည်းကောင်း၊ ချင်းပြည်သူများ ချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် လည်းကောင်း ချင်းပြည်နယ်ဂေဟာများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ကလေး၊ စစ်တွေနှင့် ဆိတ်ဖြူမြို့များတွင် ပြည်ထောင်စုအစိုးရ ၊ ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်းကာ တဖြည်းဖြည်း တည်ဆောက်သွားရန် သဘောတူသည်။
၂၈။     အထက်ဖော်ပြပါအချက်များကို သဘောတူညီကြပါသဖြင့် အောက်တွင် လက်မှတ်ရေးထိုးကြပါ သည် -
               ပြည်ထောင်စုအဆင့်                                          ချင်းအမျိုးသားတပ်ဦး (CNF)
        ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့                              ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့
၁။       ဦးအောင်မင်း                                                                ၁။       Pu Zing Cung
ပြည်ထောင်စုဝန်ကြီး                                                                    အဖွဲ့ခေါင်းဆောင်
သမ္မတရုံးဝန်ကြီးဌာန                                                                အထွေထွေအတွင်းရေးမှူးချုပ်
ချင်းအမျိုးသားတပ်ဦး
၂။       ဦးဝင်းထွန်း                                                                  ၂။       Pu Thomas Thang Nou
ပြည်ထောင်စုဝန်ကြီး                                                                    ဒုတိယအဖွဲ့ခေါင်းဆောင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်                                                    အဓိပတိကောင်စီဝင်
သစ်တောရေးရာဝန်ကြီးဌာန                                                       ချင်းအမျိုးသားတပ်ဦ
၃။       ဦးဟုန်းငိုင်း                                                                 ၃။       Pu Paul Sitha
ဝန်ကြီးချုပ်                                                                                             အဖွဲ့ဝင်
ချင်းပြည်နယ်အစိုးရအဖွဲ့                                                  အထွေထွေအတွင်းရေးမှူးချုပ်- ၁                                                                                                       ———————                                                             ချင်းအမျိုးသားတပ်ဦး
၎။       ဗိုလ်ချုပ်ဇော်ဝင်း                                                       ၄။       Dr. Sui Khar
ဒုတိယဝန်ကြီး                                                                                     အဖွဲ့ဝင်
နယ်စပ်ရေးရာဝန်ကြီးဌာန                                                        ပြောရေးဆိုခွင့်ရှိသူ
—————————                                         အထွေထွေအတွင်းရေးမှူး – ၂
————————–                                                   ချင်းအမျိုးသားတပ်ဦး
၅။       ဦးထွန်းထွန်းဦး                                                     ၅။       Salai Kipp Kho Lian
ဒုတိယရှေ့နေချုပ်                                                                                  အဖွဲ့ဝင်
ပြည်ထောင်စုရှေ့နေချုပ်ရုံး                                                    ၂၀၁၄ – အလှည့်ကျဥက္ကဌ
—————————–                                                     ချင်းအမျိုးသားတပ်ဦး
၆။       ဗိုလ်မှူးကြီး ကျော်စိုးဝင်း                                  ၆။       Pu H.C Ral Hnin
ကာကွယ်ရေးဦးစီးချုပ်ရုံး                                                               အဖွဲ့ဝင်
——————————                                             အဓိပတိကောင်စီဝင်
——————————                                            ချင်းအမျိုးသားတပ်ဦး
၇။       ဗိုလ်မှူးကြီး ဇော်မင်းဦး                                       ၇။       Pu Thang Yen
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး                                                    အဖွဲ့ဝင်
ချင်းပြည်နယ်အစိုးရအဖွဲ့                                                         အဓိပတိကောင်စီဝင်
—————————                                                  ချင်းအမျိုးသားတပ်ဦး
၈။       ဗိုလ်မှူးကြီး ကျော်သန့်နိုင်                                    ၈။       Colonel Solomon
တိုင်းဦးစီး (ဗိုလ်မှူးကြီး)                                                                         အဖွဲ့ဝင်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်                                 ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
——————————-                                             ချင်းအမျိုးသားတပ်ဦး
၉။       ဦးငွန်မောင်း                                                         ၉။       Pu Thla Hei
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                                                    အဖွဲ့ဝင်
ဟားခါး မဲဆန္ဒနယ်                                                       ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
——————————-                                            ချင်းအမျိုးသားတပ်ဦး
၁၀။     ဦးပေါ်လျံလွင်                                                      ၁၀။     Pu Hau Kang
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်                                            အဖွဲ့ဝင်
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၉)                        ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
——————————–                                     ချင်းအမျိုးသားတပ်ဦး
၁၁။     Dr. Lian Hmung Sakhong
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး
၁၂။     Pu Thang Ning Kee
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး
၁၃။     Pu Zo Tum Hmung
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး
၁၄။     Pu Laramlawma
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး
၁၅။     Pu Thawng Za Lian
အဖွဲ့ဝင်
ဗဟိုကော်မတီဝင်
ချင်းအမျိုးသားတပ်ဦး
၁၆။     Pu Ngai Cia Thang
အဖွဲ့ဝင်
ဗဟိုကော်မတီဝင်
ချင်းအမျိုးသားတပ်ဦး
၁၇။     Colonel Than Htun
အဖွဲ့ဝင်
ဒုတိယစစ်ဦးစီးချုပ်
ချင်းအမျိုးသားတပ်ဦး
၁၈။     Major Sang Lian Thang
အဖွဲ့ဝင်
ဗျူဟာမှူး၊ ချင်းအမျိုးသားတပ်မတော်
၁၉။     Major Kha Pawng
အဖွဲ့ဝင်
ဗျူဟာမှူး၊ ချင်းအမျိုးသားတပ်မတော်
အသိသက်သေများ
၁။       ဦးခင်မောင်ဆွေ                                                                                    ၁။       Rev. Dr. Lal Uk
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအင်အားစု
၂။       ဦးမျိုးညွန့်                                                                                             ၂။       Rev. Tluang Ceu
အထွေထွေအတွင်းရေးမှူး
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၃။       ဦးရှိန်းထွန်း                                                                                         ၃။       Rev. Ngun Thawng Mang
အထွေထွေအတွင်ရေးမှူး (၂)/ပြောရေးဆိုခွင့်ပုဂ္ဂိုလ်
ချင်းတိုးတက်ရေးပါတီ
၎။       ဆလိုင်းငယ်ပီး
အတွင်းရေးမှူး
ချင်းအမျိုးသားပါတီ
(ဆက်ဖတ်ရန်.......)