Monday 27 May 2013

ချင်းပြည်နယ် မူလတန်းကျောင်းများတွင် ချင်းစာပေ သင်ကြားမည်။

ချင်းပြည်နယ် မူလတန်းကျောင်းများတွင် ချင်းစာပေ သင်ကြားမည်။

(ဆက်ဖတ်ရန်.......)

ချင်းပြည်နယ်ထဲသို့ဘင်္ဂလားဒေးရှ် ရှိ ရခိုင်လူမျိုးများဝင်ရောက်

ချင်းပြည်နယ်ထဲသို့ဘင်္ဂလားဒေးရှ် ရှိ ရခိုင်လူမျိုးများဝင်ရောက်


(ဆက်ဖတ်ရန်.......)

လက်တလုံးခြား ဥပဒေ

လက်တလုံးခြား ဥပဒေ


(ဆက်ဖတ်ရန်.......)

ရွှေသွေးအောင် သန်းရွှေမြေး ၂၀၁၅ သမ္မတရာထူးအတွက် မျှော်မှန်း

ယခင် စစ်ခေါင်းဆောင် ဗိုလ် ချုပ် မှုး ကြီး သန်းရွှေ ၏မြေးနေ ရွှေသွေး အောင်(ခေါ်) 
ဖိုး လပြည့် သည် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ တွင် ပြည်ထောင်စု ကြံ ခိုင်ရေး နှင့် 
ဖွံ့ ဖြိုးရေး ပါတီ မှ ၀င်ရောက်ယှဉ် ပြိုင် အရွေးခံ ပြီး သမ္မတရာထူး အတွက် မျှော်မှန်
ထား သည် ဟု FNG မှ သတင်း ရရှိ သည်။

နေ ရွှေသွေး အောင် နှင့် နီးစပ် သူများ က သူ ရွေးကောက် ပွဲမှာ ၀င် ပြိုင်ဖို့  စီစဉ်
ထားတယ်။ နေ ပြည်တော် က နေပဲဝင် အရွေးခံ မယ်လို့  FNG ကို ပြောပါတယ်။

နေရွှေ သွေး အောင် ရွေးကောက် ပွဲ ၀င် နိုင်ရန် အတွက် အခြေခံဥပဒေကို အနည်း 
ငယ် ပြင်ဆင်မည် ဟု သိရသည်။

(ဆက်ဖတ်ရန်.......)

ACR News

ACR Weekly News by Chin Dwinn

(ဆက်ဖတ်ရန်.......)

မြန်မာအမျိုးသမီး အာရှအဆင့် ခြေစစ်ပွဲအောင်မြင်

မြန်မာ့လက်ရွေးစင် အမျိုးသမီးများအသင်းဟာ တရုတ်(တိုင်ပေ)အသင်းကို ဝ- ဝ
သရေကျပြီးနောက် အာရှအဆင့် ခြေစစ်ပွဲကို အောင်မြင်သွားပြီဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု(D)မှာ ပါဝင် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အိန္ဒိယ၊
ပါလက်စတိုင်း တိုင်ပေ တို့ နဲ့ ရင်ဆိုင် ခဲ့ရတာဖြစ်ပါတယ်။

အိန္ဒိယ အသင်းကို ပွဲဦးထွက် ပွဲစဉ်မှာပဲ ၂ဂိုး ဂိုးမရှိ ပါလက်စတိုင်း အသင်းကို ၉ ဂိုး
ဂိုးမရှိ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး နောက်ဆုံး အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ တိုင်ပေနဲ့ ပွဲ
စဉ်မှာတော့ ဂိုး မရှိ သရေကစားကာအုပ်စုတွင်း ပေးဂိုး မရှိ ကစားနိုင်ခဲ့ပြီး အုပ်စု 
ဒုတိယ တိုင်ပေအသင်းနဲ့ အမှတ်တူ ၇ မှတ် ဂိုးကွာခြားချက်၎ ဂိုး အသာနဲ့ 
ခြေစစ်ပွဲကို ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့တာဖြစ်ပါတယ်။
 
၂၀၁၄ မှာ ကျင်းပမယ့် အာရှဖလားဘောလုံးပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်
ခွင့်ရရှိတာဖြစ်ပြီး မြန်မာ့ဘောလုံးနှင့် အားကစား လောကအတွက် ဂုဏ်ယူစရာဖြစ်
ပါတယ်။

(ဆက်ဖတ်ရန်.......)

Tuesday 21 May 2013

ACR News

ACR Weekly News,

(ဆက်ဖတ်ရန်.......)

Tuesday 14 May 2013

ဘာသာရေး၊လူမျိုးရေး ခွဲခြားမှုမရှိသော ဗိုလ်ချုပ်အောင်ဆန်း

ဘာသာရေး၊လူမျိုးရေး ခွဲခြားမှုမရှိသောလွတ်လပ်ရေးဖခင်ကြီး သမိုင်းဝင်စကား


(ဆက်ဖတ်ရန်.......)

မြန်မာစစ်အာဏာရှင်နိုင်ငံတော်အလံ ဖွင့်ဆိုချက် မှာ...

မြန်မာစစ်အာဏာရှင်နိုင်ငံတော်အလံ ဖွင့်ဆိုချက် မှာ...


(ဆက်ဖတ်ရန်.......)

Saturday 11 May 2013

မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည်များ မုန်တိုင်း ကျရောက်မည်ကို စိုးရိမ်နေကြ

မောင်တောဒေသမှ တိုင်းရင်းသားဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်
နေရဆဲဖြစ်ပြီး ကယ်ဆယ်ရေး စခန်းများရှိ ဒုက္ခသည်များမှာ လေမုန်တိုင်းကျရောက်
မည်ကို အထူးစိုးရိမ်နေကြကြောင်း သတင်းရရှိသည်။
(ရခိုင်ပြည်နယ်၊ မောင်တောရှိ ကင်းချောင်းဒုက္ခသည် စခန်းတွင် နေထိုင်သူတစ်ဦး
အား မေ ၁၁ ရက်က တွေ့ရစဉ်)

"အခု နေအိမ်တစ်လုံးမှ ဆောက်လို့ မပြီးသေးဘူး။ အခု တောင်မိုးတွေရွာရင် မိုးမ
လုံတာနဲ့ လေတိုက်ရင် ရွက်ဖျင်တဲတွေ ပြဲသွားတာနဲ့ တစ်ညလုံး မအိပ်ရပြန်ဘူး။ 
ကလေးတွေနဲ့ ဘုန်းတော်ကြီးကျောင်းအောက်မှာ သွားနေသူနေနဲ့၊ ဒီလိုပဲ ရွက်ဖျင်တဲထဲမှာ နေရတာပါပဲ။ နေပူတဲ့နေ့တွေဆို ရွက်ဖျင်တဲထဲမှာ မနေနိုင်ကြဘူး။
အခု မုန်တိုင်းလာမယ်ဆိုပြီး သတင်းကြားတယ်။ မုန်တိုင်းလာမယ်ဆိုရင် ကျွန်မတို့ 
ဘယ်သွားနေရမယ် ဆိုတာ မသိဘူး" ဟု ကင်းချောင်းကျေးရွာ ကယ်ဆယ်ရေး စခန်း
မှ ဒေါ်လှသိန်းက ပြောသည်။

"ကျွန်မတို့ရွာမှာက နေအိမ်ဆယ်လုံးလောက်ပဲ ဆောက်ပြီးသေးတယ်။ အားလုံးတော့ 
ဒီလို ရွက်ဖျင်တဲတွေမှာ နေနေရဆဲပါပဲ။ နေပူရင် ရွက်ဖျင်တဲထဲ မနေနိုင်ဘူး။ မိုးရွာပြန်
ရင်လည်း တဲထဲမိုးယိုလို့ ရေပက်ထုတ်နေရတယ်။အ၀တ်တွေ ရေစို၊အိပ်ဖို့နေရာက
မရှိ ဒုက္ခရောက်ပါတယ်။ အခု နွေမိုးလေးရွာရင် လေတိုက်ရင်တဲ တွေစုတ်ပြဲသွား
တယ်။ ဟိုတလောက လေတိုက်တော့ တဲအိမ်ဆယ်လုံးလောက် ပျက်စီးသွားလို့ မိ
သားစုတွေ ဘုန်းကြီးကျောင်းမှာ သွားနေရတယ်။ အိမ်တွေကလည်း မိုးကျတော့
မယ် အခုထိ ဆောက်မပြီးသေးဘူး။ ဒီလိုနဲ့ မိုးရောက်တော့မယ်။ တဲထဲမှာနေရတာ 
ခုနစ်လလောက် ရှိပါပြီ။ မုန်တိုင်းလာမယ်လို့လည်း ကြားတယ်။ ဘယ်ကိုပြေးရမယ်
မှန်းကို မသိပါဘူး" ဟု သရေကုန်းဘောင် ကယ်ဆယ်ရေးစခန်းမှ မသန်းနုက ပြော
သည်။

မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများမှာ လက်ရှိအချိန်
ထိ နေအိမ်တည်ဆောက် မပြီးသေးသဖြင့် ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲ ဖြစ်
ကြောင်းလည်း သိရသည်။ မောရ၀တီကျေးရွာတွင် နေအိမ် ၁၁၆ လုံးတွင် အားလုံးနီး
ပါး ဆောက်လုပ်ပြီးစီးခဲ့သဖြင့် မိသားစုများအား နေထိုင်ခွင့် ပေးပြီးဖြစ်သော်လည်း
နေအိမ်လေးလုံးမှာ လက်ရှိအချိန်ထိ တည်ဆောက်မပြီးသေးသဖြင့် ရွက်ဖျင်တဲထဲ
တွင် နေထိုင်နေရဆဲ ဖြစ်သည်။

ထို့အပြင် သရေကုန်းဘောင် ကျေးရွာတွင်လည်း ၁၆ လုံး၊ ဗောဓိကုန်း ကျေးရွာတွင် 
၁၀ လုံးသာ ဆောက်လုပ်ပြီးသေးကြောင်း၊ ကင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၂၆ 
စုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

(ဆက်ဖတ်ရန်.......)

Breaking News

မဟာဆန် မုန်တိုင်း သည် အချင်း ၀က် မိုင် ၁၀၀ ကျော် ဖြင့် အင်အား ကောင်း သော 
အဆင့် ၁ မုန်တိုင်း ကြီး အဖြစ် သို့  အားကောင်း လာ ကာ နောက် ၄၈ နာရီ အတွင်း 
ဘင်္ဂလာ ဒေရှ် နိုင်ငံ ကို ဖြတ် ကျော် ၀င် ရောက် မည် ဖြစ်ကာ လေတိုက် နှုန်း သည် 
မိုင် ၁၁၀ မှ ၁၂၀ အထိ ရှိ မည် ဖြစ်သည်။ မုန်းတိုင်း ကြောင့် ဒီ ရေ သည် ၇ ပေ အထိ
မြင့် တက် နိုင်သည်။ 
 Photo : Srilanka The Nation
ရခိုင် ပြည်နယ် မြောက် ပိုင်း အနီး ကို မေလ ၁၄ နေ့  ည တွင် ကပ် ၍ ဖြတ် ကျော်
နိုင်ဖွယ် ရှိပြီး လေတိုက် အား ကြောင့် သစ် ပင် များ ကျိုး လဲမှုနှင့် မိုးသည်ထန်းစွာရွာ 
သွန်း မှု ကြောင့် မြေ ပြို မှု များ ရှိ နိုင်သည်။

(ဆက်ဖတ်ရန်.......)

ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက်မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည်
မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ အိန္ဒိယ
နိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု
နေကြောင်း သိရှိရသည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်က
လုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု 
ဦးစီးဌာနက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ 
ဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၅၀ မှ ၆၀ အထိ ရှိနိုင်သည်ဟု သိရ
သည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိသော်လည်း
မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်သို့ ကွေ့လျက် မေလ ၁၆ 
ရက်နေ့ နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေနှင့် 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဖြတ်ကျော်ဝင်ရောက် နိုင်သည် ဟု မေ
လ ၁၂ ရက်နေ့ နံနက်ပိုင်းက မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်း
အဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး
 မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဆိုင်ကလုန်း မဟာစင်သည် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူဦးေ
ရ သန်းချီကာ ထိခိုက်နစ်နာသော အခြေအနေများကို ကြုံတွေ့နိုင်ပြီး မြန်မာနိုင်ငံပင်
လျင် သက်ရောက်မှုများကို ကြုံရမည်ဟု accuweather.com တွင် ခန့်မှန်း ဖော်ပြထား
သည်။(Elven)

(ဆက်ဖတ်ရန်.......)

နာဆာ မိုးလေ၀သ ဂြိုလ်တု မှ ရိုက်ကူးထားသည့် မုန်တိုင်း အမြွှာ ညီနောင်

မေလ(၁၅)ရက်နေ့ ညနေပိုင်းမှာ မောင်တော(မြန်မာနိုင်ငံ) နဲ့ စစ်တကောင်း (ဘင်္ဂ
လားဒေ့ရှ်နိုင်ငံ) မြို့များကြားကကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ခန့်မှန်း
ထားပါတယ်။
 ဖြတ်ကျော်စဉ်မှာ အင်အား ပြင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့် နဲ့ဝင်ရောက်မှာ ဖြစ်ပြီး 
လေတိုက်နှုန်း တစ်နာရီ (၉၅-၁၀၅)မိုင် နှုန်းလောက်ရှိတဲ့ လေများတိုက်နိုင် ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇) ပေခန့် တက်
နိုင်ပါတယ်။
ဒေါက်တာ ထွန်းလွင်(MCCW)

(ဆက်ဖတ်ရန်.......)

ACR News

ACR Weely News,

(ဆက်ဖတ်ရန်.......)

Friday 3 May 2013

ချင်းနိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်

 မေ၊၃၊၂၀၁၃
ချင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ချင်းနိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပါတီများ
ပါဝင်သော အမျိုးသားညီလာခံတရပ် ကျင်းပရန်အတွက် ချင်းပါတီ ၅ ခုကမေ ၃ရက်
နေ့တွင် ပထမဆုံး အကြိမ်အဖြစ် အကြိုညှိနှိုင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိ
ရသည်။

ချင်းအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဇိုမီးချင်း
ပါတီ)၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အရှိုချင်းအမျိုးသားပါတီ 
စသည့် ပါတီ ၅ ခုသည် ရန်ကုန်တော်ဝင်နှင်းဆီခန်းမတွင် တွေ့ဆုံကြမည် ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေးတွေသာမက နိုင်ငံရေး ဆွေးနွေးပွဲအဆင့်အထိ လုပ်လာတဲ့
အခါမှာ ချင်းလူမျိုးတွေ အနေနဲ့ စိတ်ဝမ်းကွဲတာတွေ မဖြစ်ဘဲ တထပ်တည်းကျနိုင်ဖို့
ဒီညီလာခံကိုလုပ်မှာပါ” ဟု ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူးဆလိုင်း
ကျဲဘစ်ထောင်းက ဧရာဝတီသို့ ပြောသည်။
...
ညီလာခံ၌အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင်အပစ်အခတ် ရပ်စဲရေးထက် မြင့်မားသော နိုင်ငံရေးအဆင့်အထိ ဆွေးနွေးရာ၌ ပါတီများဘက်က 
အဓိကထားဆွေးနွေးသင့်သည့် အကြောင်းအရာများကိုညှိနှိုင်းသွားမည်ဖြစ်ကြောင်း
နှင့် ချင်းပြည်နယ်၏ ဆင်းရဲမွဲတေမှု အခြေအနေများ၊လက်ရှိပေါ်ပေါက်နေသော
ပြဿနာများအားလည်း ဆွေးနွေးသွားကြမည်ဟု အထွေထွေအတွင်းရေးမှူးက 
ဆိုသည်။

ယခုကျင်းပမည့် တွေ့ဆုံပွဲတွင် ချင်းလက်နက်ကိုင်အဖွဲ့တခုဖြစ်သော ချင်းအမျိုးသား
တပ်ဦး (CNF) ပါဝင်ရန် မရှိသေးကြောင်း၊ ပြည်နယ် အသီးသီးက တိုင်းရင်းသားများ 
အနေဖြင့်လည်း ချင်းအမျိုးသား ညီလာခံကဲ့သို့ ပြုလုပ်ရန် ကြိုးပမ်းနေကြကြောင်းနှင့် 
လူမျိုးစု ညီလာခံများ ပြီးဆုံးသွားပါက တနိုင်ငံလုံးမှ တိုင်းရင်းသားများ စုပေါင်း၍ 
တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီး တခု ပြုလုပ်ကျင်းပရန်လည်း အစီအစဉ် ရှိ
ကြောင်း သိရသည်။

(ဆက်ဖတ်ရန်.......)

ဂျကာတာ မြန်မာ သံရုံး ကို ဗုံးခွဲ မယ့် သူ နှစ် ဦး ကို ဖမ်းဆီးရမိ

အင်ဒိုနီးရှား နိုင်ငံ ဂျကာ တာ မြို့  မှာ ရှိ တဲ့ မြန်မာ သံရုံး ကို  ဗုံးခွဲ  တိုက်ခိုက်ဖို့ စီစဉ် ထားတဲ့ အကြမ်းဖက် သမား နှစ်ဦး ကို အင်ဒို နီးရှား ရဲ တပ် ဖွဲ့  က တန်ပြန် အကြမ်း
ဖက် နှိမ်နှင်း ရေး ရဲတပ်ဖွဲ့  ရဲ့ သတင်းပေးမှု နဲ့  သောကြာနေ့  နံနက်မှာ ဖမ်းဆီး
ရမိ လိုက် ပါတယ်။
အသက် ၂၈ နှစ် အရွယ်ရှိ ဆီဖာရီယာနိုနဲ့  ၊ အသက် ၂၁နှစ် အရွယ်ရှိ အာမာက်ခ်ျ
တော်ဖစ်တို့  က မြန်မာသံရုံး ကို ဗုံးခွဲ တိုက်ခိုက်ဖို့  ကြံ စည်ခဲ့တာ ဖြစ်ပြီး သူတို့  ရဲ့
ကျောပိုး အိတ်ထဲမှာ ရေ ပိုက် နဲ့  လုပ် ထား တဲ့ ပေါက် စေတတ်တဲ့ ပစ္စည်း တွေနဲ့ 
အတူ မိခဲ့ တယ် လို့  အမျိုးသားရဲ ဌာန က ရာဖလီ အမာရီ က AP သတင်း ကို
ပြောပါတယ်။
ဗုံး ဖောက် ခွဲ မဲ့ သူ နှစ်ဦး ဟာ မြန်မာ သံရုံး ကို ဗုံး ခွဲ ဖို့  အတွက် ဂျာကာတာမြို့ 
တောင်ဘက်ကနေ ဆိုင်ကယ် စီးနင်း ပြီး ၀င်ရောက် လာစဉ် မှာ ဖမ်းမိတာ ဖြစ်
ပါတယ်။
အင်ဒိုနီးရှား အစိုး ရ ကတော့ ဂျာကာ တာ မြို့ က မြန်မာ သံရုံး ကို လုံ ခြုံ ရေး တိုး
 မြှင့်ပေးထား ပါတယ်။

(ဆက်ဖတ်ရန်.......)

Thursday 2 May 2013

အာဏာ ရ ပါတီ ဥက္ကဌ အဖြစ် မှာ အနားယူ

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့  ဖြိုးရေး ပါတီ ဥက္ကဌ အဖြစ် မှ ဦးသိန်ူးစိန် သည်
နှုတ်ထွက် လိုက် ပြီး မြန်မာ အစိုးရ ၏ သမ္မတ ရာထူး တာ ၀န် ကို ဆက်လက် 
ထမ်းဆောင် မည် ဖြစ်သည်။
ပါတီ ဥက္ကဌ အဖြစ် ပါတီ ဒုဥက္ကဌ ဖြစ်သူ သူရဦးရွှေမန်း က ထမ်းဆောင်မည်
ဖြစ်သည်။

ပြီးခဲ့ သည့် နှစ် က ပါတီ ဥက္ကဌ အဖြစ်ထပ် မံ ရွေးချယ် ခံ ရသည် ဆိုသည့်
ဦးသိန်းစိန် သည် မည် သည့် အတွက် ကြောင့် ပါတီ ဥက္ကဌ တာဝန် မှ နှုတ် ထွက် 
ရသည် ဆိုသည်ကို မူ  စုံစမ်းဆဲ ဖြစ်သည်။

(ဆက်ဖတ်ရန်.......)

Wednesday 1 May 2013

လေဆင်နှာမောင်းမွှေတဲ့ ရွာ အကူအညီများလိုအပ်နေ

နေပြည်တော်၊ ဧပြီ (၃၀)

ဧပြီ (၂၂)ရက် ညနေ(၄း၀၀)နာရီကျော်က တိုက်ခတ်ခဲ့တဲ့လေဆင်နှာမောင်းကြောင့် 
လယ်ဝေးမြို့နယ် ပိတောက်ချောင်းကျေးရွာအုပ်စု ကွမ်းခြံကျေးရွာမှာအိမ်မြေ(၇၇)
လုံးခန့် ထိခိုက်ပျက်စီးပြီး လူတချို့ဒဏ်ရာရရှိခဲ့ရာနေအိမ်များပြန်လည်ထူထောင်
ရေးအတွက် အကူအညီလိုအပ်နေ ကြောင်း မြန်မာဓိက က သတင်းရရှိပါတယ်။

"လေဆင်နှာမောင်းက မိုးမှောင်ကျပြီး ကြက်ခွပ်သလိုမျိုး တိုက်သွားတာ၊လေတိုက်
ချိန် မိနစ် ၂၀လောက်တော့ကြာမယ်၊ အိမ်တွေပျက်တယ်၊ ဘုန်းကြီးကျောင်းတစ်
ကျောင်းနဲ့ အမက စာသင်ကျောင်းတို့ထိခိုက်သွားတယ်၊ လူမသေပေမယ့် ဒဏ်ရာ
ရသူတွေရှိတယ်"လို့ ကွမ်းခြံရွာခံ ကိုဇော်တင်မိုး က ပြောပါတယ်။

ကွမ်းခြံရွာဟာ လယ်ဝေးမြို့နဲ့ ၁၂မိုင်ခန့်ဝေးပြီး ပေါင်းလောင်းမြစ်ကမ်းမှာ တည်ရှိ
ပါတယ်။ ရွာခံတွေဟာ တောင်သူနဲ့ လက်လုပ်လက်စားအများစုဖြစ်ပါတယ်။
မြို့နယ် အာဏာပိုင်များက ဧပြီ(၂၈)ရက်မှာ ဆန်၊ ဆီ၊ အ၀တ်အထည်နဲ့ ငွေကြေး
အချို့လာ ရောက်လှူဒါန်းခဲ့ပေမယ့် အိုးအိမ်ပြန်လည်ထူထောင်ဖို့ အကူအညီများ 
လိုအပ်နေသေးကြောင်း သိရပါတယ်။

(ဆက်ဖတ်ရန်.......)

မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား အရေးပေါ် သတိပေးချက်

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ညီအကိုမောင်နှမအပေါင်းတို့ခင်ဗျား လာ
မည့်(5.5.2013)ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ၅ နှစ်တကြိမ် ကျင်းပသော ရွေး
ကောက်ပွဲ ကျင်းပမည်ဖြစ်ပါသည်။

လက်ရှိအနိုင်ရပါတီနှင့် အတိုက်အခံပါတီတို့ အားပြိုင်ကြမည့် ပွဲဖြစ်ပါသည်။ ယ္ခင်
ကြုံဖူးခဲ့ သောရွေး ကောက်ပွဲများနှင့် မတူ ပဲ ပြည်သူလူထု အတွင်းစိတ်ဝင်စားမူ့ 
အများဆုံးနှစ်ဟု ဆိုနိုင်ပါသည်။ လက်ရှိ အာဏာရ ပါတီအပေါ် နှစ်သက်သူများ ရှိ
သလို အတိုက်အခံပါတီ အပေါ် နှစ်သက်သူဦး ရေတိုးတက်လာသောနှစ်ဟုလည်း
ဆိုနိုင်ပါသည်။

၎င်းရွေးကောင်ပွဲ ကာလအတွင်း မလေးရှားပြည်သူများ ရွေးကောင်ပွဲအတွက် ၄င်း
တို့၏နိုင်ငံအရေး အတွက် လူစုလူဝေးနှင့် သွားလာ လှုပ်ရှားကြမည်မှာ အသေခြာ
ပင်ဖြစ်ပါသည် အနိုင်နှင့် အရှုံးရှိပါလိမ့်မည်။ ကျေလည်မှု မကျေလည်မှုများလည်း 
ရှိလာနိုင်ပါသည်။

ထိုနေ့သည် တနင်္ဂနွေနေ့ဖြင့် တိုက်ဆိုင်နေသည့် အားလျှော်စွာပြည်ပမှလာရောက် အလုပ်လုပ်ကိုင်နေကြရသော ကျွန်တော်တို့၏ အားလပ်ရက်နှင့်လည်း တိုက်ဆိုင်
နေပါသည်။အားလပ်ရက်တွင် အလည်အပါတ်ထွက်တတ်ကြသော ညီအကိုမောင်
နှမများအား ထိုရက်တွင်ဖြင့် အပြင် ထွက်လည်ပါတ်ခြင်းအား ရှောင်ကျဉ်ကြစေ 
လိုပါသည်။

အိမ်ရှင်နိုင်ငံသားများအား အလေးထားရာ ရောက်စေသလို မိမိထံသို့မလိုလားအပ်
သောအရာများ မကျရောက်စေရန်လည်း ထိမ်းသိမ်း ကာကွယ်ပြီးဖြစ် နေစေရန်
ဖြစ်ပါသည်။ 

ယခုနှစ်ရွေးကောင်ပွဲအတွက် မဲပေးမည့် မလေးရှားနိုင်ငံသား အားလုံးသည် မိမိတို့
မွေးဖွားကြီးပြင်းသည့် မြို့များသို့ ပြန်လည်ကာ မဲပေးကြရမည်ဖြစ်သည် ။ ထိုသို့
နေရပ်ပြန် (Home town)ခရီးအတွက် ခွင့်မပေးသော အလုပ်ရှင်များရှိပါက ထောင်
တစ်နှစ် နှင့် ဒဏ်ငွေ 5000 ၊ မဲပေးမည့် နိုင်ငံသားများအပေါ် နှောက်ယှက်ဟန့်တား
မှုများရှိပါက တည်ဆဲ ဥပဒေများအတိုင်း တရားစွဲဆိုခံရမည် ဖြစ်ကြောင်း မလေးရှား
နိုင်ငံ အမျိုးသားရွေးကောက်ပွဲ ကော်မတီမှ တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

အဆိုပါ ဥပဒေကြောင့် လာမည့် 5.5.2013 တွင် မလေးရှားနိုင်ငံနေရာဒေသ အသီး
သီးတွင် သွားရောက်လုပ်ကိုင်နေသော နိုင်ငံသားများ မဖြစ်မနေ မွေးရပ် နေရာများ
သို့ပြန်မည်ဖြစ်သလို ၊ ပိုဆောင်ရေးနေရာများဖြစ်သော လေယာဉ်ဆိပ် ၊ ကားဂိတ် ၊ 
ရထားဘူတာ ၊ ဟိုင်းဝေးလမ်းများတွင် အလွန်ရှုတ်ယှက်ခတ် နေမည်ဖြစ်သလို ပို့
ဆောင်ရေး ကြန့်ကြာနေမည်ဖြစ်သည် ။

ဆက်လက်ပြီး အထက်ပါသတိပေးချက်ဖြစ်သည့် 5.5.2013 ရက်နေ့သည်မလေးရှား
နိုင်ငံ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ နေ့ဖြစ်တာကြောင့် ယခင်နှစ်များနှင့်မတူ ထူး
ခြားစွာ ယှဉ်ပြိုင်မည့်ရက်ဖြစ်တာကြောင့် မလေးရှားရောက် မြန်မာများပဲလှော်ကြား ဆားညှပ်မဖြစ်ရလေအောင် ခရီးထွက်ခြင်း ၊ အပြင်ထွက်ခြင်းများ မဖြစ်မနေမှသာ
ပြုလုပ်ကြရန် မလေးရှား နိုင်ငံရောက် မြန်မာများ အတွက် သတိပေးလိုက်ပါသည်။

မြန်မာနိုင်ငံသား အပေါင်း ဘေးကင်းရန်ကွာရှိကြပါစေ ....

မိမိလူမျိုးမိမိနိုင်သားတို့ အန္တာရာယ် ကင်းရှင်းစေရေး မိမိ အသိဖြင့် မိမိသာ
ဖြန့်ဝေကြပါ

လေးစားစွာဖြင့်

(ဆက်ဖတ်ရန်.......)

Monday 29 April 2013

ကလေးမြို့ ၌ လက်နက်နှင့် မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၄)ရှိ ဦးထောင်းဆွမ်းခွာလ်(ခ)
ခွါထောင်း၏ နေအိမ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ ကလေးမြို့ မူးယစ်အဖွဲ့
မှ ဖော်ထုတ်ဖမ်းဆီးခဲ့သည်။


(ဆက်ဖတ်ရန်.......)

ACR News

ACR Weekly News 27.04.2013

(ဆက်ဖတ်ရန်.......)

Tuesday 23 April 2013

သမ္မတ အမိန့်နဲ့ အကျဉ်းသား ၉၀ လောက် ဒီကနေ့ လွတ်မြောက်

၂၃ /ဧပြီ / ၂၀၁၃
သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာရှိတဲ့ အကျဉ်း
သား ၉၀ ဝန်းကျင်လောက်ကို ဒီကနေ့ ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။

အင်းစိန်ထောင်ကနေ အကျဉ်းသား ၁၀ ဦး ပြန်လွတ် လာပြီး၊အဲဒီအထဲမှာနိုင်ငံရေး
အကျဉ်းသား ၈ ဦး ပါဝင်တယ်လို့ သိရပါတယ်။

စုံစမ်း သိရှိ ရတဲ့ အင်းစိန်ထောင်က ပြန်လွတ် လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ 
ထဲမှာ ကိုရဲထက်စိုး၊ ကိုဇော်မိုး၊ ကိုနေမျိုးသူရ နဲ့ ကိုစိုင်းအောင်ကျော် တို့ ပါဝင်
ပါတယ်။

သာယာဝတီ ထောင်က နေ အကျဉ်းသား ၃၀ လောက် ပြန်လွတ်လာရာမှာ နိုင်ငံ
ရေး အကျဉ်းသား ၂ ယောက်ပါဝင်ပါတယ်။ သူတို့ကတော့ ကိုအောင်သူနဲ့ ကိုအေး
မင်းစိုးတို့ ဖြစ်ကြ ပါတယ်။

အစိုးရ အပါ အဝင် အကျဉ်းသား စိစစ်ရေး အဖွဲ့ လေးဖွဲ့ရဲ့ စာရင်း အရ လက်ကျန် 
နိုင်ငံရေး အကျဉ်းသာ ၃၀ဝ လောက်ရှိ တယ်လို့ သိရပါတယ်။

(ဆက်ဖတ်ရန်.......)

Monday 22 April 2013

ဟားခါးမြို့တွင် သဘာဝ ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ဆိုင်ရာ စွမ်းရည် မြှင့်တင်ခြင်း သင်တန်း ဖွင့်ပွဲကျင်းပ

ဟားခါး ဧပြီ ၂၂
သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စီမံခန့်ခွဲမှု ကော်မတီနှင့် Care 
Myanmarတို့ပူးပေါင်းဖွင့်လှစ်သော သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ 
စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် 
ဟားခါးမြို့ မြို့တော် ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
ဇော်မင်းဦးက အဖွင့် အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းသို့  အထွေ
ထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး ဌာန
များမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်ကြပြီး သင်တန်း ကာလ
မှာ ဧပြီ ၂၂ ရက်မှ ၂၇ ရက် အထိ ခြောက်ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိ
ရသည်။(MWD)

(ဆက်ဖတ်ရန်.......)

မလေးရှား ပါလီမန်ကို ၀န်ကြီးချုပ် ဖျက်သိမ်း

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က အထွေထွေရွေးကောက်ပွဲ မတိုင်မီ ပါလီမန်
ကို ဖျက်သိမ်းလိုက်သည်။နှစ်ပေါင်း၅၀ကျော်ကြာ အာဏာရရှိထားသည့် အမျိုးသား
တပ်ဦးညွှန့်ပေါင်းအဖွဲ့မှ ဝန်ကြီးချုပ် နာဂျစ်က ရုပ်မြင်သံကြားမှတဆင့် အထက်ပါ
အတိုင်း ကြေငြာခဲ့ခြင်းဖြစ်သည်။ မစ္စတာနာဂျစ်သည် အတိုက်အခံခေါင်းဆောင်
အင်ဝါအီဗရာဟင်ကို ရင်ဆိုင်ရမည်လည်း ဖြစ်သည်။
မလေးရှား ရွေးကောက်ပွဲ တာဝန်ရှိသူများသည် ရွေးကောက်ပွဲ ရက်သတ်မှတ်ရန်
မကြာမှီ ရက်များအတွင်း တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။အများစုက ဧပြီလ
နှောင်းပိုင်းတွင် ကျင်းပသွားရန်လည်းမျှော်လင့်ထားကြသည်ဟု သိရသည်။မလေး
ရှားဘုရင်က ဧပြီ ၃ရက်နေ့တွင် ပါလီမန် ဖျက်သိမ်းမှုကို လက်ခံခဲ့ကြောင်း ဝန်ကြီး
ချုပ် မစ္စတာနာဂျစ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။(MD)


(ဆက်ဖတ်ရန်.......)

ကလေးမြို့တွင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးရုံး ဖွင့်လှစ်

ကလေးမြို့တွင် ချင်းတိုင်းရင်းသားရုံး ဖွင့်လှစ်


(ဆက်ဖတ်ရန်.......)

မြန်မာ့ ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ ချင်းဘာသာစကား(၂)မျိုး ဖြင့် ထုတ်လွှင့်တော့မည်

လာမည့် စက်တင်ဘာလတွင် စတင်လွှင့်ရန် စီစဉ်နေသည့် မြန်မ့ရေဒီယိုနှင့် ရုပ်မြင်
သံကြားသစ် တစ်ခုဖြစ်သည့် ပြည်ထောင်စုရုပ်သံလှိုင်းတွင် တိုင်းရင်းသားဘာသာ
ကြီး (၈)ခုအနက် ချင်းဘာသာစကား (၂)ဘာသာဖြင့် ထုတ်လွှင့် ပြသမည်ဖြစ်
သည်။
ယခုမြန်မာ့ အသံမှ ထုတ်လွှင့်နေသည့် တိုင်းရင်းသားသာသာ စကား (၁၄)ခုကို
နံနက် ၆း၀၀ နာရီ မှမွန်းလွဲ ၁၂း၀၀နာရီအထိ တစ်ကြိမ်၊ နေ့ လယ် ၂း၀၀ နာရီမှ
ည ၁၀း၀၀ နာရီအထိ တစ်ကြိမ် ထုတ်လွှင့်ခြင်းကို အားဖြည့်သည့်အနေဖြင့် ပြည်
ထောင်စု ရုပ်သံလှိုင်းအသစ်တစ်ခု ထပ်မံဆောင် ရွက်ရန်စီစဉ်ခြင်းဖြစ်ကြောင်း
ယနေ့ ထုတ်မြန်မာ့ အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။
ယင်းသတင်းစာက တိုင်းရင်းသား ဘာသာကြီးဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊
ချင်းဘာသာ (၂) ဘာသာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် တိုင်းရင်းသားရေးရာတို့ ဖြစ်ကြောင်း၊
ချင်းဘာသာတွင် ဖလမ်း ဘာသာနှင့် မင်းတပ် ဘာသာစကားဖြင့် ထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။
ယင်းတိုင်းရင်းသား ဘာသာစကားကို နံနက် ၆း၀၀ နာရီမှ ည ၁၁း၀၀ နာရီအထိ
ထုတ်လွှင့် မည် ဖြစ်သည်ဟု သိရသည်။ သို့ သော် တိုင်းရင်းသား ဘာသာတခုက
မည်သည့် အချိန်အတွင်း ထုတ် လွှင့်မည်ကိုမူ ဖေါ်ပြခြင်းမရှိပေ။
ပြည်ထောင်စု ရုပ်သံလှိုင်း ထုတ်လွှင့်ပြသနိုင်ရန် ၂၀၁၃ ခုနှစ် မတ်လ တွင် သက်
ဆိုင်ရာ ပြည်နယ် အစိုးရများနှင့် ဆွေးနွေးပွဲ ကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်
ကြီးဌာန၏ အစည်းအဝေးခန်း မတွင် ပြုလုပ်ပြီးဖြစ်ကြောင်း အဆိုပါ သတင်းစာက
ဆိုသည်။
ထိုအပြင် မြန်မာအစိုးရက ၂၀၁၂ခုနှစ် သြဂုတ်လမှ စာပေစီစစ်ရေးစနစ်ကို လုံးဝ
ဖျက်သိမ်းပြီး ဂျာနယ်ထုတ်ဝေခွင့်ကို ပိုမိုခွင့်ပြုခဲ့ကြောင်း၊ ယခုအချိန်အထိ တိုင်း
ရင်းသားဘာသာဖြင့်  ထုတ်ဝေ လျက်ရှိသည့် မွန်ဘာသာဖြင့် ထုတ်ဝေသည့်
စာစောင်နှစ်ခု၊ မွန်- မြန်မာဘာသာဖြင့် တစ်စောင်၊ ရှမ်း- မြန်မာ နှစ်ဘာသာဖြင့်
တစ်စောင်နှင့် ပိုးကရင်-မြန်မာ၊ စကောကရင်-မြန်မာ၊တီးတိန်း ချင်း- မြန်မာများကို
ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအားလုံး၏ အကျိုးကို ဖေါ်ဆောင်ပေးမည့် အများ
ပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကိုလည်း မကြာမီထွက်ပေါ်လာတော့မည်
ဖြစ်ကြောင်း အဆိုပါ သတင်းစာ က ရေးသားထားသည်။
နိုင်ငံတကာ မြန်မာ့ သတင်းအဖွဲ့ (BNI) က နိုင်ငံတကာ စံချိန် စံညွှန်းနှင့် ပြည်စုံပြီး
ဒီမိုကရေစီနည်း ကျသည့် မီဒီယာ ဉပဒေ တရပ် ပေါ်ထွန်းလာရေး၊ တိုင်းရင်းသား
ဒေသများတွင် ဘက်စုံ မာလ်တီ မီဒီယာများ ပေါ်ထွန်းလာရေးနှင့် ငြိမ်းချမ်းရေးဖြစ်
စဉ်တွင် တိုင်းရင်းသား မီဒီယာများ၏ အခန်း ကဏ္ဍ မြင့်မားလာစေရေးအတွက် ဉီး
တည်ပြီး တိုင်းရင်းသား မီဒီယာ ညီလာခံ တပ်ရပ် ကျင်းပမည့် အချိန်နှင့် တိုက်ဆိုင်
နေပါသည်။
ယင်းမီဒီယာ အစည်းအဝေးကို ဧပြီလ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ မွန်ပြည်
နယ်၊ မောလမြိုင် မြို့ ၊ စထရင်း ဟိုတယ်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊
ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား သတင်းဌာန ၁၁ ခုဖြစ်သည့် ကေအဲန်ဂျီ၊ ကုလား
တန်၊ ကန္တရ၀တီ ၊ ရွှေဟင်္သာ၊ ကေအိုင်စီ၊ ခိုနုမ်းထုန်၊ နိရဉ္စရာ၊ မဇ္ဈိမ၊ အဲန်အမ်ဂျီ၊
သျှမ်းသံတော်ဆင့် တို့ ပါဝင်သည့် BNI အဖွဲ့  က ကျင်းပပြုလုပ်မည်ဖြစ်သည်။

(ဆက်ဖတ်ရန်.......)

Saturday 6 April 2013

ACR News

ACR News April Weekly News Letter

(ဆက်ဖတ်ရန်.......)

Monday 1 April 2013

ACR News

ACR Weekly News

(ဆက်ဖတ်ရန်.......)

Saturday 30 March 2013

“အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီးယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို”

ပြုံးယမ်း၊ မတ် ၃၀
  မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအားတိုက်ခိုက်
မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်
နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်
ဖော်ပြောဆိုခဲ့သည်။

နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက် ကိုရီးယား 
နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအ
တိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီးယားတို့က ဆိုထားပြီး အမေရိကန်မြို့
ကြီးများအားတိုက်ခိုက်မည့်အစီအစဉ်ဟု ဖော်ပြထားသောပုံကြမ်းတစ်ရပ်ကိုလည်း 
ထုတ်လွှင့်သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊ နယူး
မက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်
ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်းကမြောက်ကိုရီးယားတို့၏တတိယမြောက်နျူစမ်းသပ်မှုအပြီး 
ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ပိတ်ဆို့ အရေးယူမှုခံရပြီး ကတည်းက တိုက်ခိုက်မှုများပြုလုပ်သွားမည့် မြောက်ကိုရီးယားတို့က နေ့စဉ်လိုလိုခြိမ်းခြောက်မှု
ပြုခဲ့ကြသည်။

(ဆက်ဖတ်ရန်.......)

Friday 29 March 2013

မြန်မာဒုက္ခသည် ၅သိန်းလောက်ကို ဆော်ဒီကနေထိုင်ခွင့်ပေးမယ်

                                              ဓာတ်ပုံ- arabnews.com
 ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့ မြန်မာပြည်ကလူ ၅ သိန်းနီး
ပါးကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြုပြီးနေထိုင် ခွင့်ပေးမယ်လို့ ဆော်ဒီ မင်း
သား Khaled Al-Faisal က ပြောကြားလိုက် ပါတယ်။
“ဒါက ကျနော့်ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲကတခုပါ” လို့ မက္ကာအနီးက ကူ
ဒိုင်းမှာကျင်းပတဲ့ အခမ်းအနားတခုမှာ မင်းသား Prince Khaled က ပြောသွားတာကို 
မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေ နဲ့ အာရပ် သတင်းဌာန တခုဖြစ် တဲ့ 
ARAB NEWS မှာ ဖော်ပြထားပါတယ်။

“ကျနော် မက္ကာ အုပ်ချုပ်ရေးမှူးတာဝန်ရလာပြီးတဲ့နောက် ဘုရင် အဗ္ဗဒူလာဆီကို 
ကျနော်တင်ပြခဲ့တဲ့ ပထမဆုံး အဆိုပြုချက်ပါ” လို့ ဆော်ဒီမင်းသား Khaled က ပြော
ပါတယ်။

OIC အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ ဆော်ဒီ မြန်မာ အသိုင်း အ၀ိုင်း ခေါင်းဆောင်တွေအပါအ၀င်ကျယ်ကျယ်ပြန့်ပြန့် သြဘာပေးကြမှာဖြစ်တယ်
လို့လည်း ဆိုပါတယ်။

ဘုရင် အဗ္ဗဒူလာက မက္ကာမှာ ပြန့်ကျဲနေတဲ့ အဆိုပါ ခရိုင် အတွင်းနေထိုင်နေသူ 
မြန်မာမွတ်ဆလင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ ၀န်ကြီးဌာနနဲ့ ဆိုင်တဲ့ ကော်
မတီတခု ဖွဲ့ဖို့ကိုပါ အမိန့် ထုတ်ပြန်ခဲ့ပါတယ်လို့ လည်း မင်းသား Khaled က ပြော
ပါ တယ်။

“ဒါဟာ ကမ္ဘာမှာ ပထမဆုံးအတွေ့အကြုံဘဲ” လို့ ဆိုပြီး မက္ကာဒေသ ခရိုင်တွင်းမှာ 
တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်ယာသစ်များတည်ဆောက်ရုံသာမကအလားတူ အဲဒီမှာနေထိုင်နေကြတဲ့လူပေါင်း ၄ သိန်းက ၅ သိန်းထိ ကိုလည်း ပြန်လည် ပြုစု
ပျိုးထောင်ပေးမှာဖြစ်တယ်” လို့ မင်းသား Khaled က ရှင်းပြ ပါတယ်။

ဆော်ဒီအစိုးရက ဆော်ဒီရောက် မြန်မာမွတ်ဆလင် လူ့အဖွဲ့အစည်းကို ကျန်းမာ
ရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်တွေ ထောက်ပံ့သွားဖို့ ရှိ
တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့က သူတို့ကို အလုပ်အကိုင်တွေရဖို့ လေ့ကျင့်သင်ကြားပေးမှုတွေ
လည်း လုပ်မှာဖြစ်တယ်” လို့ မင်းသား Khaled က ဆိုပါတယ်။
မြန်မာ ၄ ဦး အလုပ်ခန့်ထားမှုကိုလည်း နိုင်ငံခြားသား ၁ ဦးနဲ့ တန်းတူ ထား ရှိ
တယ်လို့ အလုပ်သမား ၀န်ကြီးဌာနရဲ့ အစီအစဉ်မှာထည့်သွင်းထားတယ်လို့
ဆိုပါတယ်။

ဒါဟာ ကုမ္ပဏီတွေအနေနဲ့ မြန်မာတွေကို ပိုပြီး အလုပ်ခန့်ထားဖို့ ဖြစ်တယ် လို့
လည်း ဆိုပါတယ်။

အခု လက်ရှိ မက္ကာ၊ ဂျက်ဒါနဲ့ မဒီနာ ဒေသတွေမှာ မြန်မာမွတ်ဆလင်၃ သိန်းခွဲ
လောက် နေထိုင်နေ ကြတယ်လို့ သိရပါတယ်။ အရင်က တရားမ၀င်နေထိုင်ကြ
တာဖြစ်ပြီး အခုတော့ တရားဝင် ဒုက္ခသည်တွေ အဖြစ်နဲ့ နေထိုင်ခွင့် ရကြတော့
မှာပါ။မြန်မာနိုင်ငံမှာ လတ်တလော မိတ္ထီလာမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်တာနဲ့ 
တိုက်တိုက်ဆိုင်ဆိုင် ဒီသတင်း ပေါ်ထွက်လာတာပါ။


အိမ့်သံစဉ်
ဧရာဝတီ

(ဆက်ဖတ်ရန်.......)

Michael Learns to Rock အဖွဲ့ ရန်ကုန်ရောက်ရှိ

Michael Learns to Rock အဖွဲ့၏ ဂီတဖျော်ဖြေပွဲကို မတ်လ ၃၁ ရက်နေ့တွင် ကျင်း
ပြုလုပ်အတွက် ယနေ့ (မတ်လ ၂၉ ရက်နေ့) ၇ နာရီခွဲခန့်က ရန်ကုန်မြို့သို့ ရောက်ရှိ
လာခြင်းဖြစ်သည်။


(ဆက်ဖတ်ရန်.......)

မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းအရေး နိုင်ငံရေးပါတီများနှင့်လူထုများ တွေ့ဆုံဆွေးနွေးရှင်း

ကလေး၊ မတ် ၂၇။

မြွေတောင်တွင် နီကယ်သတ္တုထုတ်လုပ်မည့် စီမံကိန်းအရေး အတွက် ကလေးမြို့
ပေါ်ရှိပါတီများအားလုံးနှင့် လူထုတွေ့ဆုံပွဲ၊ မြွေတောင် ဖားတောင်ဆိုင်ရာ ဓါတ်ပုံ
ပြပွဲနှင့် သတ္တုရိုင်းနမူနာ ပြပွဲကိုယမန်နေ့ နံနက် (၉း၀၀)မှ ညနေ(၂း၃၀) နာရီအထိ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ နှစ်ခြင်းခရစ်ယာန် ရာပြည့်ခန်းမတွင် ပြုလုပ်ခဲ့
ကြောင်း လူထုတွေ့ဆုံပွဲကို ဦးဆောင်သည့်ချင်းတောင်ဒေသ သယံဇာတ စောင့်
ကြည့် ရေးအဖွဲ့မှ ကိုတွမ်က ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ချင်းတိုးတက်ရေးပါတီမှ ဦးဗန်ကိန်း၊ Zomi Congressfor 
Democracy မှ Chin Sian Thang ၊ NLD မှ ဦးကိုလေး၊ ချင်းအမျိုးသားပါတီမှ ပူဇိုဇမ်၊
မြွေတောင်၊ ဖားတောင်နှင့် ကဘော်လွင်ပြင် စောင့်ကြည့်ရေးအဖွဲ့ကိုယ်စားနေ
သာဆရာတော်၊ လက်ပံချောင်းကျေးရွာ၊ မြလင်းကျေးရွာနှင့် ဟင်းပုပ်ကျေးရွာ စသည့် မြွေတောင်ဒေသခံ ကျေးရွာများမှ ကိုယ်စားလှယ်များပါဝင်ဆွေးနွေးခဲ့ကြ
သည်ဟု သိရသည်။
ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က မြွေတောင်၊နီကယ် သတ္တု ထုတ်လုပ်ရေး စီမံ
ကိန်းနှင့်ပတ်သက်ပြီး ချင်းအမျိုး သားပါတီ၏ သဘောထား(၁၀)ချက်ကို တင်ပြ
ဆွေးနွေးကြောင်း သိရသည်။
ချင်းအမျိုးသား ပါတီ၏ သဘောထား(၁၀)ချက်များမှာ -
“(၁) မြွေတောင်ဒေသ နီကယ်သတ္တုထုတ်လုပ်ရေး စီမံကိန်း နှင့် ပတ်သက်၍သတ္တု
တွင်း ၀န်ကြီးဌာန၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ တရားဝင် သတင်းထုတ်ပြန်
ချက်များကို မျှော် လင့်စောင့်စားနေပါသည်။
(၂) ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့်သတ္တုရှာဖွေ 
တူုး ဖော်ရေး ဥပဒေ(Mining Act)ကို အသေးစိတ်ရေးဆွဲ ပြဌာန်း ပေးရန်
(၃) မြွေတောင်တွင် နီကယ်သတ္တု တူးဖော်ခွင့်ရတဲ့ ကုမ္ပဏီအနေဖြင့်ပြည်သူလူထုကို
 တရားဝင် အသိပေးရန်၊
(၄)မြွေတောင် ထွက်ရှိသည့် သတ္တုအမျိုးအမည်ကို တိတိကျကျဖော်ပြီး ထုတ်ယူ
မည့်ပမာဏကိုလည်း တိတိကျကျ ဖော်ပြရမည်
(၅) သတ္တုတွင်း ဘေးထွက်ဆိုးကျိုး နည်းနိုင် သမျှ နည်းအောင် ဆောင်ရွက်ပေးရ
မည်။
(၆) သတ္တုတွင်း လုပ်သား ကျား၊မ မည်မျှပါဝင်မည်ကို အတိအကျ ဖော်ပြပေးရန်နှင့်
ထိုလုပ်သား များကို အချိန်မည်မျှ ထားမည်ကို ဖော်ပြရန်၊
(၇) ပြည်နယ်၊ ကုမ္ပဏီ နှင့် နိုင်ငံတော် အကျိုး ခံစားခွင့် % များကိုဖော်ပြရန်၊ စီမံကိန်း 
ဧရိယာနယ်မြေ တိတိကျကျ ဖော်ပြပေးရန်၊
(၈) သတ္တု တူးဖော်သည့်လုပ် ငန်းကြောင့် နစ်နာသည့် ပြည်သူများ၊ ကျေးရွာများကို
နိုင်ငံ တကာ စံချိန်စံညွှန်းအတိုင်း လျှော်ကြေးပေးရမည်။(၉) ပရော့ ဂျက်လုပ်ငန်း၏
Impact ထိခိုက်သည့် လုပ်ငန်းများကိုစောင့်ကြပ်ရန်လွတ်လပ်သည့် အဖွဲ့အစည်း
များရှိနေသင့် သည်။
(၁၀) ချင်းပြည်နယ် အစိုးရအနေဖြင့် စနစ်တကျမလုပ်ဆောင်နိုင်သေးသမျှမြွေ
တောင် သတ္တုစီမံကိန်းကို ကန့်ကွက်ခြင်း မဟုတ်သည့်တိုင် ချင်းအမျိုးသားပါတီ 
အနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်ရပြီး သတ္တုတူးဖော် ရန်အလွန်စောနေသည်ဟု ခံ
ယူပါသည်။”ဟူ၍ ဖြစ်ကြ သည်။

မြွေတောင်ဒေသနှင့် ကဘော်လွင်ပြင် စောင့်ကြည့်ရေး အဖွဲ့၏လှုပ်ရှား ဆောင်
ရွက်နေမှုများကို နေသာ ဆရာတော်မှ ရှင်းပြခဲ့ပြီးမြွေတောင်၊ ဖားတောင် နီကယ်
သတ္တု တူးဖော်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး ချင်းတောင်ဒေသ သယံဇာတ
စောင့်ကြည့်ရေး အဖွဲ့၏ ကြေငြာချက်ကိုထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
မြွေတောင်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်(23ံ25' N,49ံ 1' E) တွင်တည်ရှိ
ပြီး Nort Mining InvestmentCompany(NMIC) မှနီကယ် သတ္တုတူးဖော်ရေး လုပ်
ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)

(ဆက်ဖတ်ရန်.......)

ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကိုတွေ့ဆုံ

ကလေးမြို့ မြို့နယ်အုပ်ချုပ် ရေးမှူးသည်ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာများမှ ဘာသာရေးခေါင်း ဆောင်များနှင့် မတ်လ (၂၃) ရက် နှင့် (၂၄) ရက်နေ့များတွင်
တွေ့ဆုံ ခဲ့သည်။ တောင်ဖီလာကျောင်း၌ ဗုဒ္ဓဘာသာသံဃာတော်များနှင့် မြို့နယ်
အုပ်ချုပ်ရေးမှူးတို့သည် အခြားအကြောင်းအရာကိစ္စတစ်ခု ဖြင့် မတ်လ (၂၃) ရက်
နေ့တွင် တွေ့ဆုံခဲ့တာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးများကို ဆွေးနွေးခဲ့ကြ
ခြင်းဖြစ်ကြောင်း အထက်ချင်းတွင်းဒေသလူငယ်များ ကွန်ရက်အဖွဲ့ဝင်လူငယ်တစ်
ဦးမှ ပြောသည်။ 
အစ္စလာမ်ဘာသာဝင် များကိုတော့ မတ်လ (၂၄) ရက် နေ့ ညနေပိုင်းတွင် မြို့နယ်
အုပ်ချုပ် ရေးမှူးရုံးခန်းမှာပင်ခေါ်ယူတွေ့ ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ကလေး မြို့
မြို့နယ်အုပ်ချုပ်ရေးမှူးမှ “မိတ်္ထီလာနဲ့ ပတ်သက်တဲ့ အရေး အခင်းကိစ္စနဲ့ ပတ်သက်
ပြီးတော့ မိမိဒေသမှာ မကူးဆက်ပဲ ငြိမ်းချမ်း နေရေးအတွက် မြို့မိမြို့ဖများပါတီ များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရှေ့ဆက်ပြီး ဗလီမှာဘာသာရေး နဲ့ ပတ်သက်ပြီး 
တရားစခန်းဝင်ဖို့ တို့ ဘာတို့ရောက်လာတဲ့ သူတွေ ရှိရင်လည်း သတင်းပို့ပေးပါ။ 
သာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်မှာစိုးလို့ပါ။ နောက်ပြီး ဗလီနဲ့ ပတ်သက်လို့
အဆောက်အအုံ တိုးချဲ့တာတွေဘာတွေရှိမယ်ဆိုရင် လည်း သတင်းပေးပါ။ လိုအပ်
တာ ကိုလည်း ကူညီလို့ရတာပေါ့။ ကိုယ့်သဘောနဲ့ ကိုယ်မလုပ်စေချင် ပါဘူး။ 
တစ်မျိုးထင်စရာတွေဖြစ် လာမှာ စိုးလို့ပါ”လို့ပြောသည်။ အစ္စလာမ်ဘာသာရေးမှ အတွင်း ရေးမှူးဦးစိန်ထွန်းမြင့်ကတော့ “ကျွန်တော်တို့ဟာ ကျီးလန့်စာ စားနေရတဲ့ 
ဘ၀တွေပါ။ ဟိုနေရာ တဲ့ ဒီနေရာတဲ့ဆိုကြားလိုက်တာနဲ့ အရမ်းကို စိတ်လှုပ်ရှားရပါ
တယ်။ ကူကယ်ရာမဲ့ ဖြစ်နေရပါတယ်။ နေ့လား၊ ညလားမသိအိမ်မှာလည်း အမေအို
ရှိပါတယ်။ စိုးရိမ်ပါတယ်” လို့ ခံစားချက်ကို ရင်ဖွင့်ခဲ့သည်။ ကလေးမြို့ရှစ်လေးလုံး
အင်အားစု မှ ဦးအေးမြင့်ကလည်း” ပြဿနာ ကတော့ ကျွန်တော်တို့အချင်းချင်း
ကြားထဲမှာ ဘယ်ပုံဘယ်နည်းနဲ့မှ မရှိခဲ့ဘူး။ နောင်လည်းရှိလာမှာ မဟုတ်ဘူး။ 
သို့သော် ကြားထဲကနေ မတော်တဆမီးဖွားလေးတစ်ခုလွင့် လာခဲ့လို့ ဖြစ်သွားခဲ့ရင် 
ကျွန်တော် တို့မြို့ပဲနစ်နာမှာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များဘက်မှ ကျောင်း
ထိုင်ဆရာတော်နဲ့ သာရေး နာရေးအသင်းမှာ လှုပ်ရှားနေတဲ့ လူငယ်များကလည်း 
ကိုယ့်ဘက် ကပဲဖြစ်ဖြစ်သူ့ဘက်ကပဲဖြစ်ဖြစ် မှားတာမှန်တာ ဘေးမှာထား အစ
ၥလာမ္ဘာသာ၀င္မ်ားဘက္မွ စတင်ပြီးတော့မှ တစ်စုံတစ်ခုဖြစ် ပွားခြင်းမရှိအောင်
ထိန်းသိမ်းပေးဖို့ တာဝန်ကို ၀ိုင်းယူကြပါ”လို့ သတိပေးတိုက်တွန်းစကားပြော ကြား
ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲ များသို့အထက်ချင်းတွင်ဒေသလူ ငယ်များကွန်ရက်နှင့်
ရှစ်လေးလုံး အင်အားစု (ကလေးမြို့) မှ အဖွဲ့ ၀င်များလည်း တက်ရောက်ခဲ့သည်။ 
(၃) ရက်ကြားဖြစ်ပွားခဲ့သော မိတ်္ထီလာဘာသာရေးပဋိပက္ခမှတဆင့်တစ်နိုင်ငံလုံးပြန့်
နှံ့စပြီးကလေးဒေ သတွင်းမှာလည်း အုံကြွမှုပြဿနာ နှင့် ကြုံလာမည်ကိုကလေးဒေ
သခံ များကလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မင်းရဲစစ်နိုင်

(ဆက်ဖတ်ရန်.......)

Sunday 24 March 2013

ကလေးမြို့တောင်ဖီလာတောင်ဖြိုမည့်ကိစ္စ ဒေသခံဆရာတော်များမှဆက် လက်လုပ်ဆောင်ခြင်းမပြုရန်တားမြစ်ထား

ကလေးလေဆိပ်လေယဉ်ပြေးလမ်းတည်ဆောက်ရန်တောင်ဖီလာတောင်အား ဖြို
ဖျက်မည့်ကိစ္စအားချမ်းမြေ့အောင်စည်ဆရာတော်၊တောင်ဖီလာဆရာတော် ၀ိသု
ဒါရုံဆရာတော်၊နေသာဆရာတော်၊တောင်အူဆရာတော်၊ ဓမ္မရက္ခိတဆရာတောတို့
မှ၊ကလေးဒေသ၏သာသနာ့နယ်မြေဖြစ်သည့်အတွက်လုပ်ဆောင်ခြင်းမပြုရန်၊ တာဝန်ရှိသူများနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနတို့အားမိန့်ကြားကြောင်းယင်းပွဲသို့တက်ရောက်သောချင်းတွင်းလူငယ်ကွန်ယက်ထံမှသိရပါတယ်။
နေသာဆရာတော်မှတောင်ဖီလာတောင်သည်ကလေးဒေသ၏သင်္ကေတတစ်ခုဖြစ်
သည့်အပြင်ဒေသ၏အိုအေစစ်တစ်ခုဖြစ်ရန်ကြိုးစားနေကြကြောင်းနှင့်တောင်၏
သမိုင်းအားရှင်းလင်းမိန့်ကြားခဲ့ပါသည်။
ဂေါပကအဖွဲ့မှ၎င်းတောင်အားသာသနာနယ်မြေအဖြစ်ခောတ်အဆက်ဆက်က
တင်ပြခဲ့ပေမယ့်သတ်မှတ်ပေးခြင်းမရှိသည့်အပေါ်၊သတ်မှတ်ပေးရန်တောင်
ဆိုတင်ပြခဲ့ပါတယ်၊တာဝန်ရှိသူများမှဒေသခံများလက်မခံပါကပြုလုပ်မည်မဟုတ်
ကြောင်း အထက်အဆင့်ဆင့်တင်ပြသွားမည်ဖြစ်ကြောင်းလျှောက်ထားပါတယ်၊

ရင်းမြစ် - Kyàw Thêt Wíñ

(ဆက်ဖတ်ရန်.......)

ACR News

ACR Weekly News(Mar24)

(ဆက်ဖတ်ရန်.......)