Monday 22 April 2013

မလေးရှား ပါလီမန်ကို ၀န်ကြီးချုပ် ဖျက်သိမ်း

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က အထွေထွေရွေးကောက်ပွဲ မတိုင်မီ ပါလီမန်
ကို ဖျက်သိမ်းလိုက်သည်။နှစ်ပေါင်း၅၀ကျော်ကြာ အာဏာရရှိထားသည့် အမျိုးသား
တပ်ဦးညွှန့်ပေါင်းအဖွဲ့မှ ဝန်ကြီးချုပ် နာဂျစ်က ရုပ်မြင်သံကြားမှတဆင့် အထက်ပါ
အတိုင်း ကြေငြာခဲ့ခြင်းဖြစ်သည်။ မစ္စတာနာဂျစ်သည် အတိုက်အခံခေါင်းဆောင်
အင်ဝါအီဗရာဟင်ကို ရင်ဆိုင်ရမည်လည်း ဖြစ်သည်။
မလေးရှား ရွေးကောက်ပွဲ တာဝန်ရှိသူများသည် ရွေးကောက်ပွဲ ရက်သတ်မှတ်ရန်
မကြာမှီ ရက်များအတွင်း တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။အများစုက ဧပြီလ
နှောင်းပိုင်းတွင် ကျင်းပသွားရန်လည်းမျှော်လင့်ထားကြသည်ဟု သိရသည်။မလေး
ရှားဘုရင်က ဧပြီ ၃ရက်နေ့တွင် ပါလီမန် ဖျက်သိမ်းမှုကို လက်ခံခဲ့ကြောင်း ဝန်ကြီး
ချုပ် မစ္စတာနာဂျစ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။(MD)


0 comments:

Post a Comment