Monday 22 April 2013

ဟားခါးမြို့တွင် သဘာဝ ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ဆိုင်ရာ စွမ်းရည် မြှင့်တင်ခြင်း သင်တန်း ဖွင့်ပွဲကျင်းပ

ဟားခါး ဧပြီ ၂၂
သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စီမံခန့်ခွဲမှု ကော်မတီနှင့် Care 
Myanmarတို့ပူးပေါင်းဖွင့်လှစ်သော သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ 
စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် 
ဟားခါးမြို့ မြို့တော် ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
ဇော်မင်းဦးက အဖွင့် အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းသို့  အထွေ
ထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး ဌာန
များမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်ကြပြီး သင်တန်း ကာလ
မှာ ဧပြီ ၂၂ ရက်မှ ၂၇ ရက် အထိ ခြောက်ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိ
ရသည်။(MWD)

0 comments:

Post a Comment