Tuesday 23 April 2013

သမ္မတ အမိန့်နဲ့ အကျဉ်းသား ၉၀ လောက် ဒီကနေ့ လွတ်မြောက်

၂၃ /ဧပြီ / ၂၀၁၃
သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာရှိတဲ့ အကျဉ်း
သား ၉၀ ဝန်းကျင်လောက်ကို ဒီကနေ့ ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။

အင်းစိန်ထောင်ကနေ အကျဉ်းသား ၁၀ ဦး ပြန်လွတ် လာပြီး၊အဲဒီအထဲမှာနိုင်ငံရေး
အကျဉ်းသား ၈ ဦး ပါဝင်တယ်လို့ သိရပါတယ်။

စုံစမ်း သိရှိ ရတဲ့ အင်းစိန်ထောင်က ပြန်လွတ် လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ 
ထဲမှာ ကိုရဲထက်စိုး၊ ကိုဇော်မိုး၊ ကိုနေမျိုးသူရ နဲ့ ကိုစိုင်းအောင်ကျော် တို့ ပါဝင်
ပါတယ်။

သာယာဝတီ ထောင်က နေ အကျဉ်းသား ၃၀ လောက် ပြန်လွတ်လာရာမှာ နိုင်ငံ
ရေး အကျဉ်းသား ၂ ယောက်ပါဝင်ပါတယ်။ သူတို့ကတော့ ကိုအောင်သူနဲ့ ကိုအေး
မင်းစိုးတို့ ဖြစ်ကြ ပါတယ်။

အစိုးရ အပါ အဝင် အကျဉ်းသား စိစစ်ရေး အဖွဲ့ လေးဖွဲ့ရဲ့ စာရင်း အရ လက်ကျန် 
နိုင်ငံရေး အကျဉ်းသာ ၃၀ဝ လောက်ရှိ တယ်လို့ သိရပါတယ်။

0 comments:

Post a Comment