သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Thursday 30 December 2010
ဒုတိယ ပင်လုံညီလာခံ သို့မဟုတ် အမျိုးသားပြန်လည် သင့်မြတ်ရေး
အောင်ဇံ Saturday, 11 December 2010 15:57
သူ့အတွေး သူ့အမြင်
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကို လူအများ အပြားက လက်မှတ်ထိုး ထောက်ခံသလို နှုတ်အားဖြင့် ထောက်ခံကြသူတွေ မီဒီယာ တွေကတဆင့် ထောက်ခံကြတဲ့ အဖွဲ့အစည်း တွေလည်း မနည်း မနောပါပဲ။ ဒါ့အပြင် သတိကြီးကြီးထားပြီး သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ကြဖို့ အကြံပေးကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တချို့ပုဂ္ဂိုလ်တွေကတော့ ဒါဟာ အန္တရာယ်ရှိတယ်၊ ရှေ့တန်း မတင်သင့်ဘူးဆိုပြီး ပြောတာတွေလည်း ကြားရပါတယ်။
စာရေးသူအမြင် ပြောရမယ်ဆိုရင် ဒီကိစ္စဟာ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေအရ အလွန် အရေးကြီးပြီးတော့ အမြန်ဆုံး လုပ်ဆောင်ရမယ့် ကိစ္စလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ အနှစ် ၆၀ ကျော်လာခဲ့ပေမယ့် တိုင်းရင်းသားလူမျိုးများနဲ့ ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် ပြည်တွင်းစစ်ဟာ လုံးဝချုပ် ငြိမ်းသွားခြင်း မရှိသေးပါဘူး။
လောလောလတ်လတ် အခြေအနေမှာ ငြိမ်းချမ်းရေး ရယူထားပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) လက်နက်ကိုင် အဖွဲ့တချို့နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်နေတာ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA), “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA), ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်မဟာ (၇)၊ မွန်ပြည်သစ်ပါတီ အစရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အကြောင်းပြုပြီး စစ်ရေးတင်းမာမှုတွေ ရှိလာနေတာတွေဟာ ပြည်တွင်းစစ်ကို ကျယ်ပြန့်လာနိုင်တဲ့ အခြေအနေတွေဖြစ်ပြီး တိုင်းပြည်အတွက် အလွန်စိုးရိမ်စရာကောင်းတဲ့ အဓိကပြဿနာလည်း ဖြစ်ပါတယ်။ ဒီပြဿနာကို သေသေချာချာ ဂဃနဏ ဆန်းစစ်ကြည့်မယ်ဆိုရင် အခြေခံအကြောင်းရင်းတွေ ရှိပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး အကြိုကာလမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံမှာ ဆွေးနွေးညှိနှိုင်း သဘောတူခဲ့တဲ့ သဘောတူညီချက်တွေ ရှိပါတယ်။ တန်းတူရည်တူ ပြည်ထောင်စုမူနဲ့ ပေါင်းမယ်၊ ပြည်နယ်ကိစ္စတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိရမယ်ဆိုတဲ့အချက်တွေကို သဘောတူခဲ့ကြတယ်။
ဒီသဘောတူညီချက်တွေကို ပင်လုံသဘောတူညီချက်လို့လည်း ခေါ်ပါတယ်။ ဒါပေမယ့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်းမှာ ဒီသဘော တူညီချက်တွေ မှေးမှိန်သွားပြီးတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မယ့် အခြေအနေတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသားများနဲ့ လူများစုဖြစ်တဲ့ ဗမာများအကြားမှာ မယုံကြည်မှုတွေ၊ မကျေနပ်မှုတွေကနေ ပဋိပက္ခအသွင်ကို ဆောင်လာခဲ့ပါတယ်။
ဒါကြောင့် တိုင်းရင်းသားများအနေနဲ့ တောင်ကြီးညီလာခံ ခေါ်ယူပြီးတော့ ဒီပြသနာတွေကို ဖြေရှင်းနိုင်ဖို့ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး ဖက်ဒရယ်မူကို တင်ပြခဲ့ပါတယ်။ ဒီလိုတင်ပြမှုကို အကြောင်းပြုပြီး ဖက်ဒရယ်မူဟာ ခွဲထွက်ရေးမူဖြစ်တယ်၊ ပြည်ထောင်စု ပြိုကွဲနိုင်တယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ဘယ်သူမှ မပြောရဲကြတော့ဘူး။ ဖက်ဒရယ် ပြည်ထောင်စုကိုပြောရင် ခွဲထွက်ရေးသမား၊ ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်မယ့်လူဆိုပြီး စွပ်စွဲမှာ၊ ဖမ်းဆီးထောင်ချရမှာကို ကြောက်လို့ ဘယ်သူမှ မပြောရဲကြတော့ဘူး။
၈၈ အရေးအခင်းပြီးလို့ နိုင်ငံရေးပါတီတွေ တည်ထောင်ခွင့်ရတဲ့အခါ တိုင်းရင်းသားပါတီတွေ အတော်များများ ပေါ်လာတဲ့အခါမှာလည်း ဒီဖက်ဒရယ်ဆိုတဲ့စကားကို ရှောင်ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စု၊ ပြည်ထောင်စုစစ်စစ် စသည်ဖြင့် သွယ်ဝိုက်တဲ့ စကားတွေနဲ့သာ ရေးသားပြောဆိုကြပါတယ်။ တကယ်တော့ စစ်မှန်တဲ့ ပြည်ထောင်စု၊ ပြည်ထောင်စုစစ်စစ် ဆိုတာဟာ အဓိပ္ပာယ်အားဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို ရည်ညွှန်းတာပါပဲ။
ဒီတော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးဟာ ကြောက်စရာလား၊ ခွဲထွက်ရေးလားဆိုတော့ မဟုတ်ပါဘူး။ ဖက်ဒရယ်ဆိုတာ တကယ်တော့ အင်္ဂလိပ်စကားလုံး တလုံးသာဖြစ်ပြီး အဓိပ္ပာယ်က “စုပေါင်းဖွဲ့စည်းထားသော” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ရုံးမှာ ပြောကြားတဲ့မိန့်ခွန်းမှာ “ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ပါဘူး၊ အင်္ဂလိပ်စကားလုံး တလုံးသာ ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမှာ အဓိကအားဖြင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ ဘယ်လို အာဏာကို ခွဲဝေကြမလဲဆိုတာ အဓိက ဖြစ်ပါတယ်ရယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် ဖက်ဒရယ်လို့ ပြောတဲ့အခါမှာ ဒီစကားကို ရှင်းပြနေရတာက အလုပ်တခုလိုဖြစ်နေတော့ ဗမာလိုပဲ ပြည်ထောင်စုလို့ သုံးကြရအောင်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်ပြီး သမိုင်းကြောင်းအရ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ လိုအပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဟုတ်တိုင်းမှန်ရာကို ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး။ အခုအချိန်မှာတော့ ပွင့်ပွင့်လင်းလင်းပြောဖို့ လိုအပ်နေပြီလို့ ကျနော်ယူဆပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်တို့ကလည်း ဖက်ဒရယ် ပြည်ထောင်စုအကြောင်း အခုအချိန်မှာ ထုတ်ဖော်ပြောကြားလာကြသလို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပင်လုံစိတ်ဓာတ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ လိုအပ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားလာတဲ့အတွက် ဖက်ဒရယ် ပြည်ထောင်စုဆိုတာကို အမှန်အတိုင်း မသိသေးတဲ့ ပြည်သူတွေ၊ ဖက်ဒရယ်ကို ကြောက်လန့်နေတဲ့ နိုင်ငံရေးသမားတွေကို အမှန်အတိုင်း သိလာစေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။
ဒါ့အပြင် ဒီနေ့အချိန်အခါနဲ့ အခြေအနေဟာ ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို ပွင့်ပွင့်လင်းလင်း ပြောရုံသာမက အကောင်အထည်ဖော်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာက ဘာလဲ။ ပြည်ထောင်တွေ၊ ပြည်နယ်တွေဟာ စိတ်တူသဘောတူ အကျိုးတူ ပူပေါင်းခဲ့ကြတယ်၊ ဒီလိုပေါင်းခြင်းအားဖြင့် အင်အားတောင့်တင်းတဲ့ ပြည်ထောင်စု နိုင်ငံတနိုင်ငံကို ထူထောင်နိုင်ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိပါတယ်။ ဒီအကျိုးကျေးဇူးကိုလည်း ပြည်ထောင်တွေ ပြည်နယ်တွေ အကျိုးတူခံစားခွင့်ရှိတယ်။ ဒါဟာ ပြည်ထောင်စုစိတ်ဓာတ်ပဲ။
ပင်လုံစိတ်ဓာတ်ဆိုတာလည်းပဲ လွတ်လပ်ရေး အကြိုကာလမှာ တောင်တန်းဒေသနဲ့ ပြည်မကို ပူပေါင်းဖို့ ဆွေးနွေးတဲ့အခါ ပူးပေါင်းခြင်းအားဖြင့် လွတ်လပ်ရေးကို အမြန်ရမယ်၊ အားလုံး အတူတကွ လွတ်လပ်ကြမယ်၊ ဖွံ့ဖြိုးတိုးတက်လာတဲ့ အကျိုးစီးပွားကိုလည်း အကျိုးတူခံစားခွင့်ရှိမယ်၊ ဒါတွေဟာ ပင်လုံစိတ်ဓာတ်ပဲ။
ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ ဒီ ပင်လုံစိတ်ဓာတ်တွေ၊ ပင်လုံသဘောတူညီချက်တွေဟာ မှေးမှိန်ပျောက်ကွယ်တော့မယ့် အခြေအနေမျိုး ဆိုက်ရောက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေပြီး ပြည်တွင်းစစ်ကလည်း အနှစ် ၆၀ ကျော်တိုင်အောင် မချုပ်ငြိမ်းနိုင်တာဖြစ်ပါတယ်။ အခုဆိုရင် ငြိမ်းချမ်းရေးအဖွဲ့များနဲ့ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးကို အကြောင်းပြုပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာဟာ ပြည်တွင်းစစ်ကို ကျယ်ပြန့်လာစေနိုင်ပြီး တိုင်းပြည်အတွက် အလွန်စိုးရိမ်ရမယ့် အခြေအနေမှာရှိနေပါတယ်။
ဒီလိုဖြစ်ရတာဟာ အကြောင်း နှစ်ချက်ရှိနေပါတယ်။ နအဖစစ်အစိုးရ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံနိုင်တာရယ်၊ နအဖအပေါ် သူတို့ရဲ့ အနာဂတ်အတွက် အပြည့်အ၀ ယုံကြည်မှု မရှိတာကြောင့်ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲပြီး ငြိမ်းရေးယူစဉ်တုန်းက တချို့အဖွဲ့အစည်းတွေနဲ့ စာချုပ်စာတမ်း သဘောတူညီချက်တွေ ရှိသလို တချို့အဖွဲ့အစည်းတွေနဲ့ နှုတ်ကတိ သဘောတူညီချက်တွေ ရှိကြတယ်လို့ သိရပါတယ်။
ဒီသဘောတူညီချက်တွေမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဆိုတာ မပါပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးဖို့ တောင်းတဲ့အခါမှာလည်း ကျနော်တို့က တပ်မတော်အစိုးရသာဖြစ်တယ်၊ အခုလောလောဆယ် အပစ်အခတ်ရပ်၊ ယာယီငြိမ်းချမ်းရေးရယူပြီး နယ်မြေဒေသ ဖွံ့ဖြိုးရေးကို လုပ်ဖို့ပါ၊ ရေရှည်နိုင်ငံရေး ပြဿနာတွေကိုတော့ နောက်တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးကြပါလို့ ပြောခဲ့ပြီး နောက်ပိုင်းမှာတော့ ညီလာခံကိုတက်ပြီး ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်။ ညီလာခံကိုတက်ပြီး ငြိမ်းချမ်းရေးအဖွဲ့ ၁၃ ဖွဲ့ပေါင်းပြီး တင်ပြပြန်တော့လည်း ဒီအချက်တွေကို မှတ်တမ်းတင်ရုံ တင်ထားပါ့မယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။
ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အနာဂတ် မသေချာမရေရာဘဲနဲ့ လက်နက်ဖြုတ်သိမ်းဖို့ ဆိုတာပဲဖြစ်ဖြစ် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဆိုတာကိုပဲဖြစ်ဖြစ် လက်ခံဖို့ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒီနေရာမှာ KIA အဖွဲ့ကတင်ပြတဲ့ အဆိုတခုကို မီဒီယာတွေက ကြားရပါတယ်။ အဲဒါက ဘာလဲဆိုရင် အကယ်၍ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး ပြည်ထောင်စု ဖွဲ့စည်းမယ်ဆိုရင် ကချင်တွေဟာ လက်နက်ကိုင်ဖို့တောင် မလိုပါဘူးလို့ပြောပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲဖို့ဆိုရင်၊ စစ်မှန်တဲ့ တိုင်းရင်းသားတွေ သွေးစည်းညီညွတ်ရေးကို တည်ဆောက်ဖို့ဆိုရင် ပင်လုံမူ၊ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး တွေ့ဆုံဆွေးနွေးကြဖို့လိုပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အားလုံးပါဝင်ပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆွေးနွေးနိုင်မယ့် ဆွေးနွေးပွဲ၊ တနည်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆွေးနွေးပွဲ။ အဲဒီဆွေးနွေးပွဲဟာ ဒုတိယပင်လုံ ညီလာခံပဲဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ဒုတိယပင်လုံ ညီလာခံ ဖြစ်မြောက်ရေးအတွက် သို့တည်းမဟုတ် ဒုတိယ ပင်လုံသဘောတူညီချက် ရရှိရေးအတွက် အားလုံးပါဝင်ကြိုးပမ်းကြပါလို့ တိုက်တွန်း အပ်ပါတယ်။(ဧရာဝတီ)
ချင်းပြည်နယ်ကို ကူညီဖို့  ဒေါ်အောင်ဆန်းစုကြည် စီစဉ်နေ
2010-12-29
ကမႝာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ၂၀ဝ၉ ဇန်နဝါရီတွင် ဖြန့်ဖြူးသော ဓာတ်ပုံမှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနယ်စပ် တိုင်းရင်းသား နယ်မြေဒေသတွင်ြွကက်ဖျက်ဆီးခံရသော ပြောင်းဖူးများကို ပြသနေသည့် အမျိုးသမီးကြီးတဦး ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည် နဲ့  အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က ချင်းပြည်နယ်မှာ အစားအစာ ရှားပါးမှု ကြုံတွေ့နေရတဲ့ မြို့ နယ်တွေက ဒေသခံတွေကို အကူအညီပေးဖို့ ဆွေးနွေးခဲ့တဲ့ အတွက် ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ကနေ့ အဲဒီဒေသတွေက အခြေအနေမှန်တွေကို တင်ပြနိုင်ဖို့ စတင် စုံစမ်းနေပြီလို့ သိရပါတယ်။
ချင်းပြည်နယ် ဘယ်ဒေသတွေမှာ ကြွက်တွေ သောင်းကျန်းလို့  သီးနှံခင်းတွေ ပျက်ဆီးပြီး အစားရေစာ ရှားပါးမှု ကြုံတွေ့ ခဲ့ရသလဲ ဆိုတာကို ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ပူးဗာလီယန် က အာအက်ဖ်အေ ကို ပြောပါတယ်။
"ဘယ်မြို့နယ်မှာ ကြွက်ကျလို့ သီးနှံပျက်ဆီးတယ်ဆိုတာကို မေးမြန်းစုံစမ်းနေတုံး၊ မြို့နယ် NLD တွေကို လိုက်လံ မေးမြန်းနေတယ်။ ဥပမာ- ဖလမ်းတို့၊ တီးတိန်တို့၊ တွန်းဇံတို့ကျတော့ ကြွက်မကျဘူးတဲ့၊ ပုံမှတ်အတိုင်းပါဘဲတဲ့၊
သီးနှံတွေ အောင်မြင်ပြီး ပြဿနာ ဆိုးဆိုးဝါးဝါး မရှိဘူးတဲ့။ အရင်နှစ်တုန်းကတော့ ပြဿနာပေါ်ပေမဲ့ ဒီနှစ်မပေါ်ဘူးလို့ ပြောကြတယ်။ အခု ကျနော် လိုက်ပြီးတော့ မေးမြန်းနေတယ်။ ကန်ပက်လက် ကတော့ သီးနှံ မအောင်မြင်ဘူးတဲ့။
အစာရေစာ ပြတ်လပ်တဲ့သူတွေ ရှိနိုင်တယ် ဆိုပြီးမှ ကန်ပက်လက် ကတော့ အစီရင်ခံတယ်။ မင်းတပ်နဲ့ ပလက်ဝို ကျနော် ဆက်သွယ်တုံးဘဲ။ အဆက်အသွယ် မရသေးဘူး။"
ဒီလ (၂၂) ရက်နေ့ က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD ဌာနချုပ်မှာ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပြည်နယ် စည်းရုံးရေးမှူး တဦးလည်းဖြစ်၊ ပြည်နယ်နဲ့  ဗဟိုအကြား ဆက်သွယ်ရေး တာဝန် ယူထားတဲ့ ပူးဇော်ဘွဲ့  အပါအ၀င် ရန်ကုန်မြို့ မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသား တချို့ နဲ့  ဒေါ်အောင်ဆန်းစုကြည် တို့  အဲဒီကိစ္စကို ဆွေးနွေးခဲ့တာလို့ သိရပါတယ်။
ဆွေးနွေးချက်အရ ချင်းပြည်နယ်မှာ အစားရေစာ ရှားပါးမှုကို အသေအချာ လေ့လာပြီး အခြေအနေကို ပြန်လည် တင်ပြကာ နောက်ထပ် ဆွေးနွေး ရဦးမယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ချင်းပြည်နယ် ဥက္ကဌ ပူးဗာလီယန် ကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်းက စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။ (RFA)
Wednesday 29 December 2010
၄၄ နှစ်အတွင်း မြန်မာနိုင်ငံမှာ အအေးဆုံး စံချိန်တင်
28 ဒီဇင်ဘာ 2010
မြန်မာနိုင်ငံမှာ ၄၄ နှစ်တာအတွင်း အအေးအလွန်ကဲဆုံး ရာသီဥတုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် မိုးလေ၀သနဲ့ ဇလဗေဒက သတိပေး ကြေညာချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်း မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်တွေမှာ အခုရက်ပိုင်းတွေအတွင်း ဆက်တိုက်ဆိုသလို အအေးပိုလာနေပြီး ညအပူချိန်ဟာ နောက် ၃ ရက်အထိ ဒီလ ပျမ်းမျှအပူချိန်ထက် ဆက်လက် လျော့နည်းနေမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့မှာ ဒီလို အပူချိန် ကျဆင်းတာဟာ ၄၄ နှစ်အတွင်း စံချိန်သစ်တင် ကျဆင်းခဲ့တာ ဖြစ်တယ်လို့ ပင်လောင်းမြို့ မိုးဇလဌာနက တာဝန်ရှိသူတယောက်က ပြောပါတယ်။
“၂၃ ရက်နေ့ကနေစပြီး အေးတာရှင့်။ အဲဒီနေ့မှာ ညအပူချိန်က ၁.၂ ရှိတယ်ရှင့်။ minus မဟုတ်ဘူးရှင့်။ အဲဒီတုန်းက minus မကျသေးဘူး။ ၂၄ ရက်နေ့မှာကျတော့ ၀ ဒီဂရီ။ ၂၅ ရက်နေ့မှာကျတော့ -၁.၅။ ၂၆ ရက်နေ့မှာ -၃.၂။ နောက် ၂၇ ရက်နေ့မှာကျ -၄.၅။ ၁၉၇၅ နောက်ပိုင်း ၄၄ နှစ်အတွင်းမှာ၊ စခန်းဖွင့်ပြီး ၄၄ နှစ်အတွင်းမှာ အအေးဆုံး စံချိန်သစ် တင်ခဲ့တာပေါ့။”
မိုးဇလဌာနရဲ့ တိုင်းထွာချက်အရ မနေ့က ကချင်၊ ရှမ်းမြောက်၊ မန္တလေး၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီ ဒေသတွေမှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီကနေ ၄ ဒီဂရီ စင်တီဂရိတ်အထိ။ ချင်း၊ ကယားနဲ့ စစ်ကိုင်းအထက်ပိုင်း ဒေသတွေမှာ ၅ ဒီဂရီကနေ ၆ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီလို အပူချိန် ကျဆင်းတာဟာ နောက်လ ၁၀ ရက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ အအေးပိုနိုင်တယ်လို့ နေပြည်တော် အခြေစိုက် မိုးဇလဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။
“ကျနော်တို့ လက်ရှိ ခန့်မှန်းချက်အရ ဆိုရင်တော့ ဇန်န၀ါရီလ ပထမ ၁၀ ရက်ပတ်မှာလည်းပဲ ဒီဒေသတွေမှာ ဇန်န၀ါရီ အပူချိန်ရဲ့အောက်ကို လျော့နည်းနေမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ တောင်ထူထပ်တဲ့ ပင်လယ်ရေမျက်နှာပြင်ထက် ၄,၀၀၀ ကျော် ၃,၀၀၀ ကျော်မြင့်တဲ့ ဒေသတွေကတော့ အပူချိန်တွေက တချို့ဒေသတွေမှာ ဂဏန်းတလုံးတည်း အပူချိန်ပေါ့နော်၊ single digit night temperature တွေကတော့ ဆက်ပြီးတော့ ရှိနေတယ်။ single digit temperature ဆိုတာ ဥပမာ ၁၀ မဟုတ်ဘူး။ ၉ တို့ ၊၈ တို့၊ ၇ တို့၊ အနှုတ် ၁ တို့၊ ၀ တို့ပေါ့နော်။ လွိုင်လင်တို့ ၊ ပင်လောင်းတို့၊ ဟဲဟိုးတို့၊ ဟားခါးတို့မှာ ဆက်ပြီး ရှိနေတာကို တွေ့ရပါတယ်။”
အခုလို မြန်မာနိုင်ငံတ၀န်းမှာ အအေးပိုလာတဲ့ အကြောင်းကိုတော့ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက အခုလို ဆက်ပြီး ရှင်းပြပါတယ်။
“အဓိက နံပါတ်တစ် တချက်ကတော့ ဆောင်းမုတ်သုန် အားကောင်းတာမျိုး ရှိပါတယ်။ အရှေ့မြောက် မုတ်သုန်လို့လည်း ခေါ်ပါတယ်။ ဆောင်းမုတ်သုန် အားကောင်းတယ်။ မြန်မာနိုင်ငံဘက်ကို အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံဘက်က လေအေးတွေရော အရှေ့မြောက်ဘက်က လေအေးတွေရော ၀င်ရောက်လာတာပေါ့နော်။ ဒီလို အခြေအနေမျိုးတွေက ဆောင်းမုတ်သုန် အားကောင်းတဲ့ အခါကျရင် ဖြစ်တတ်တဲ့ မိုးလေ၀သ အခြေအနေတွေပေါ့။
“နောက်တချက်က တောင်ဘက်က ပူနွေးတဲ့ မိုးလေ၀သ ဖြစ်စဉ်တွေကလည်း အခုလက်ရှိ အခြေအနေမှာတော့ မရှိသေးတဲ့ အတွက်ကြောင့်မို့ အအေးပိုနေတဲ့ မိုးလေ၀သ ဖြစ်စဉ်ကတော့ ဒီဇင်ဘာလ တတိယ ၁၀ ရက်ပတ်မှာပေါ့။ အထူးသဖြင့် အထက်ပိုင်း ပေ ၃,၀၀၀၊ ၄,၀၀၀ ကျော်တဲ့ နေရာတွေမှာ ဟားခါးဆိုရင် ပေ ၆,၀၀၀ နီးပါးလောက်ရှိတဲ့ ဒေသတွေမှာတော့ ညအပူချိန်တွေက ဆက်တိုက် ကျနေတာမျိုးတွေ တွေ့ရပါတယ်နော်။”
မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာတော့ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ဒေသဘက်မှာ ရေခဲအမှတ်အောက်အထိ ကျဆင်းနေပြီး မြန်မာပြည်အတွင်းကို အင်အားအသင့်အတင့်ရှိတဲ့ အအေးလှိုင်းတခု ၀င်လာမယ့်သဘော ဖြစ်တယ်လို့ သုံးသပ် ဖော်ပြထားပါတယ်။
အခုလို မြန်မာပြည်အ၀န်းမှာ ခါတိုင်းနှစ်တွေထက်ပိုပြီး အအေးပိုလာနေတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို အထူးအလေးထားဖို့ လိုအပ်နေပါတယ်။(VOA)
Monday 27 December 2010
ရှားပါးဓာတ်သတ္တုမြေ ရှာဖွေရေး မြန်မာနဲ့ တောင်ကိုရီးယား ပူးတွဲဆောင်ရွက်မည်
တနင်္ဂနွေ, 26 ဒီဇင်ဘာ 2010
အဆင့်မြင့် နည်းပညာ ထုတ်လုပ်မှုတွေမှာ အသုံးပြုတဲ့ ဓာတ်သတ္တုတွေ ပါဝင်တဲ့ ရှားပါးမြေ အမျိုးအစား အပါအ၀င် ရေနံနဲ့ ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းတွေကို တောင်ကိုရီးယား ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
တောင်ကိုရီးယား နိုင်ငံအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ပုံမှန်ရရှိနိုင်ရေး ရည်ရွယ်ပြီး သဘောတူညီချက် ရယူခဲ့တာလို့ တောင်ကိုရီးယား ဉာဏစီးပွားရေး ၀န်ကြီးဌာနကို ကိုးကားပြီး ယွန်ဟပ် (Yonhap) သတင်းက ဖော်ပြလိုက်တာပါ။
ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းတွေအတွက် ဘူမိဗေဒ တိုင်းထွာရေး လုပ်ငန်းတွေ၊ ရှာဖွေမှု စီမံကိန်းတွေကိုတော့ ၂ နိုင်ငံ ပူးတွဲ ဆောင်ရွက်သွားမယ်လို့လည်း တောင်ကိုရီးယား ဉာဏစီးပွားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လတ်တလော ကမ္ဘာပေါ်မှာ ရှားပါးမြေ အမျိုးအစားတွေ ထုတ်လုပ်မှုရဲ့ ၉၇% ကိုတော့ တရုတ်နိုင်ငံက ထိန်းချုပ်ထားတာဖြစ်ပြီး အောက်တိုဘာလထဲမှာ အရင်နှစ်က ပြည်ပတင်ပို့မှု ပမာဏရဲ့ ၇၀% ကျော်ကို လျှော့ချဖို့ ကြေညာလိုက်တဲ့ အတွက်လည်း ရှားပါးမြေတွေကို တင်သွင်းနေတဲ့ နိုင်ငံတွေမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။
ရှားပါးမြေတွေကို တရုတ်နိုင်ငံက တင်သွင်းနေရတဲ့ ဂျပန်နိုင်ငံကတော့ အသုံးပြုပြီးသား ဓာတ်သတ္တုတွေက ပြန်လည်ထုတ်လုပ်တာ၊ တခြား အာရှနိုင်ငံတွေမှာ ရှာဖွေ တူးဖော်မှုတွေ လုပ်သွားဖို့ စဉ်းစားခဲ့ရတဲ့အထိ ဖြစ်ပါတယ်။(VOA)
Wednesday 22 December 2010
ချင်းပါတီများက ပြည်နယ်ဥပဒေရေးဆွဲရာတွင် တသံတည်းထွက်ရန် ဆုံးဖြတ်
ချင်းလူမျိုးစုကိုယ်စားပြုပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိုးသားပါတီ နှင့် ချင်းတိုးတက်ရေးပါတီခေါင်းဆောင်တို့က ရန်ကုန်မြို့၊ ချင်းအမျိုးသားပါတီ
ဌာနချုပ်ရုံးတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ကြရာ ပြည်နယ်ဥပဒေရေးဆွဲရာတွင် တသံ တည်းထွက်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည် ဟုသိရသည်။
ချင်းအမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက “ချင်းပြည်သူတွေအတွက် နှစ်ပါတီလက်တွဲ ပြီး
လုပ်ငန်းဘယ်လိုပူးပေါင်းဆောင်ရွက်မယ်၊ ပြည်နယ်ဥပဒေရေးဆွဲယင် တသံတည်းထွက်ဖို့ ဆိုတာတွေဆွေးနွေးကြ တယ် ” ဟု ပြောသည်။
ထို့အပြင် ပြည်သူများ၏ တကယ့်လိုအပ်ချက်များကို ဥပဒေရေးဆွဲရာတွင် ထည့်သွင်းနိုင်ရေး၊ပြည်သူလူထုအတွက် အကျိုး ယုတ်စေမည့် ဥပဒေများ ဖျက်သိမ်း ကာကွယ်ရေးနှင့် အဓိကအားဖြင့် ပြည်နယ်လွတ်တော်မှာလက်တွဲဖို့ ဖြစ်ကြောင်းသိရသည်။
ယင်းတွေ့ဆုံပွဲတွင် ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူးဆလိုင်ကျဲဘိခ်ထောင်းနှင့် အတွင်းရေးမှူး(၂) ဆလိုင်း
ထီယံအုပ်ထန်၊ချင်းတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ဦးဒိုင်ထုန်း၊အတွင်းရေးမှူး (၂) ပူး ရှိန်ထွန်း နှင့် ဘဏ္ဍာထိန်း ပူး ဗန်ဘောင်တို့ပါဝင်ကြသည်ဟု သိရသည်။
နှစ်ပါတီခေါင်းဆောင်များသည်လုပ်ငန်းစဉ်အသေးစိတ်ဆွေးနွေးရန်အတွက်ဒီဇင်ဘာလနောက်ဆုံးပတ်တွင်ပြန်လည်တွေ့ဆုံကြမည်ဖြစ်ကြောင်း၊
ယင်းဆွေးနွေးပွဲတွင် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင်အမတ်တစ်နေရာရရှိ သည့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး ရေးပါတီ(အီးအဲန်ဒီပီ) ခေါင်းဆောင်တွေကိုလည်း လက်တွဲ ရန် ဖိတ်ကြားမည်ဖြစ်ကြောင်းသိရ သည်။
ပါတီခေါင်းဆောင်များအနေဖြင့် ပြည်နယ် အစိုးရ၀န်ကြီးအဖွဲ့မှာ ၄င်းတို့ကိုယ်စားလှယ်များနေရာ ရရှိသွားကြမယ်လို့ ယုံကြည်ကြကြောင်း
သိရသည်။
“၀န်ကြီးနေရာက အဓိက မဟုတ်ပါဘူး၊ ပြည်နယ်အတွက် အကျိုးရှိမယ့်ဥပဒေရေးဆွဲနိုင်ဖို့က အရေးကြီးတယ်၊ အဲဒါတွေအတွက်
ချင်းပါတီတွေပူးပေါင်းဖို့လိုတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်းက ဆက်ပြောသည်။
နိုဝင်ဘာ ၇ ရက်နေ့ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ နေရာအတွက် ချင်းတိုးတက်ရေး ပါတီမှ (၅)
ဦး၊ ချင်းအမျိုးသားပါတီမှ (၅)ဦး၊ အီးအဲန်ဒီပီပါတီမှ (၁) ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ( ၇) အသီးသီးအနိုင်ရရှိသွားကြသည်။(ခိုနူမ်းထုန်)
Saturday 18 December 2010
၆၃နှစ်မြောက် ချင်းအမျိုးသားနေ့နှင့် ၁၀ နှစ်ပြည့် မလေးရှားချင်းဒုက္ခသည်များနေ့ ကျင်းပမည်
Chin Rock Concert(Malaysia)
2010/ဒီဇင်ဘာ/၁၈
Chin Rock Concert ကို မလေးရှားနိုင်ငံတွင် ပထမဦးဆုံးကျင်းပဒါဖြစ်ကြောင်း Butiful Gate Band တေးဂီတ တာဝန်ခံ Pum thawn(ခ)ကိုထွန်းထွန်းမှ ပြောကြားပါသည်။
ထိုပွဲကို မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့ တရုတ်တန်းခမ်းမ(Chinese Assembly Hall)တွင် ၂၄၊ဒီဇင်ဘာလ၊ ၂၀၁၀ခုနှစ် ညနေ ၅း၃၀နာရီမှ၉း၀၀အထိ ကျင်ပမည်ဖြစ်ပါသည်။၎င်းအစီအစဉ်များနှင့်ကိုစိုင်းကစပွန်ဆာလုပ် သွားသည်ဟုသိရသည်။ပွဲဝင်ကြေးကိုတော့ ရိမ်ဂစ် ၃၀၊ ရိမ်းဂစ်၁၅၊ဖြင့် ဝယ်ယူကြည့်ရှုနိုင်ပါသည်။
မလေးရှားတွင်ရောက်ရှိနေသော ချင်းတိုင်းရင်းသားများသည် (၃၀၀၀၀)ကျော်ရှိသည်ဟု သိရပြီး၊အဆို၊အတီး၊ လူငယ်ဝါသနာရှင်များ မြောက်များစွာ ရောက်ရှိနေကြောင်း သတင်းရရှိပါသည်။
Thursday 16 December 2010
အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် ဇိုမီး တော်လှန်ရေးအဖွဲ့ တွေ့ဆုံ
ဇာနည်မာန် Friday, 17 December 2010 14:14
ဒီဇင်ဘာ ၁၅ ရက်နေ့ က ZRO, ZRA အခြေစိုက် မူဗန်းလိုင် စခန်းသို့ရောက်လာသော အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ပီ ချီဒမ်ဘရမ် ကို ZRO တာဝန်ရှိသူတဦးက ဇိုမီး ရိုးရာ အင်္ကျီ လက်ဆောင် ၀တ်ဆင်ပေးနေစဉ်(ဓာတ်ပုံ - tongsan.org)
အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး မစ္စတာ ပီ ချီဒမ်ဘရမ် က အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ချူရာချန်ပူခရိုင်ရှိ မူဗမ်းလိုင် အရပ် အခြေစိုက် ဇိုမီး တော်လှန်ရေး တပ်မတော် တပ်ရင်း ၁၉၃ နှင့် ၂၀၃ ကို ပထမဆုံးအကြိမ် အဖြစ် ဗုဒ္ဓဟူးနေ့က သွားရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။
မိနစ် ၅၀ နီးပါးကြာ ထိုတွေ့ဆုံမှုတွင် ဇိုမီး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အရေးတွင် ငြိမ်းချမ်းစွာ ပူးပေါင်းဖြေရှင်းရေးအတွက် ဆွေးနွေးပြောဆို ကြကြောင်း ဇိုမီး အမျိုးသား ပြန်လည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒယ်နီက ဆိုသည်။
“သူက ZRO ၊ ZRA အနေနဲ့ ဒေသန္တရ ပြည်တွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးတဲ့အတွက် အသိမှတ်ပြုကြောင်း၊ ဆက်လက်ပြီး လက်တွဲ ကူညီပေးပါဆိုပြီး မေတ္တာရပ်ခံသွားပါတယ်။ ကတိက၀တ်တွေလည်း အများကြီးပေးသွားတယ်။ ကျနော်တို့အတွက် စိတ်ဓာတ်ခွန်အား အများကြီး ရပါတယ်”ဟုလည်း ၎င်းကပြောသည်။
ပြည်ထဲရေးဝန်ကြီး ချီဒမ်ဘရမ်နှင့်အတူ ပြည်နယ်ရဲချုပ်နှင့် ထိပ်တန်းအရာရှိများပါဝင်သည့် အဖွဲ့သည် ဇိုမီး အမျိုးသားပြန်လည် သွေးစည်း ညီညွတ်ရေးအဖွဲ့(ZRO) နှင့် မြန်မာနှင့် အိန္ဒိယ နိုင်ငံသား ဇိုမီး တိုင်းရင်းသားများ ပါဝင်သည့် ဇိုမီး တော်လှန်ရေး တပ် မတော် (ZRA) မှ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဦးဒယ်နီ က ဆက်၍ “မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ZRO ၊ ZRA ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ထောက်ခံတဲ့ သဘော မျိုးပြောတယ်။ အကြမ်းမဖက်တဲ့နည်းနဲ့ ပြည်တွင်းကိုထိုးဖောက်ပြီး ပညာပေးမှုလုပ်တာကို ချီးမွမ်းပြောဆိုသွားတယ်”ဟု
ပြော သည်။
ဇိုမီး အမျိုးသား ပြန်လည်သွေးစည်းညီညွတ်ရေးအဖွဲ့နှင့် ဇိုမီး တော်လှန်ရေး တပ်မတော်ဆိုသည်မှာ အိန္ဒိယနိုင်ငံ မဏိပူရ်၊ မီဇိုရမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်ပေါ်ဒေသနှင့် မြန်မာနိုင်ငံ ချင်းတောင်တန်း ဒေသများတွင် နေထိုင်ကြသည့် ဇိုမီး တိုင်းရင်းသား မျိုးနွယ်စုများနေထိုင်ရာ ဒေသများကို ဇိုမီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဖြစ် သတ်မှတ်ပေးရန် အိန္ဒိယ-မြန်မာ နှစ်
နိုင်ငံ အစိုးရများသို့ တောင်းဆိုလှုပ်ရှားနေသူများဖြစ်သည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ အင်္ဂလိပ် ကိုလိုနီ လက်အောက်ခံအဖြစ်မှ သီးခြားနိုင်ငံများအဖြစ် ခွဲထွက်ကြရာတွင် ဇိုမီးတိုင်းရင်းသား မျိုးနွယ်စုများ အပါအ၀င် နာဂ၊ ကူကီး စသော တိုင်းရင်းသားများ နေထိုင်သည့် ချင်းတောင်တန်းနှင့် နာဂတောင်တန်းဒေသများမှာ အိန္ဒိယနှင့် မြန်မာနိုင်ငံပိုင် ဒေသများအဖြစ် ပိုင်းခြားသွားရာမှ အဆိုပါ တိုင်းရင်းသားမျိုးနွယ်စုများက မိမိတို့ ကိုယ်ပိုင်ဒေသများ ပျောက်ဆုံး သွားရခြင်းကြောင့် နှစ်ဘက် နိုင်ငံများမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများကို အစဉ်တစိုက် တောင်းဆိုနေကြခြင်းဖြစ် သည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အာသံ၊ မဏိပူရ်၊ နာဂ၊ ဇိုမီး စသည့် တိုင်းရင်းသားအဖွဲ့များ၏ ပြည်နယ် သီးခြားအုပ်ချုပ်ခွင့် အတွက် တောင်းဆိုနေမှုများ ဖြစ်သည်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီးအနေဖြင့် ယခုကဲ့သို့ ခွဲထွက်ရေး အဖွဲ့များ အခြေစိုက်ရာ ဒေသသို့ ကိုယ်တိုင်သွားရောက်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်၍ အိန္ဒိယ ခွဲထွက်ရေးကိစ္စများတွင် တိုးတက်ပြောင်းလဲမှုများ ရှိလာနိုင်သည်ဟု လေ့လာသူများက
ပြောဆို ကြသည်။
အိန္ဒိယ အခြေစိုက် နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌ ဦးစောဆ က“အရင်တုန်းက ဒီလို အခြေ အနေမျိုး မရှိဘူး။ အခုက ၀န်ကြီးအဆင့်က ဒီလိုမျိုးလာတွေ့တယ်ဆိုတော့ တော်လှန်းရေး အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ မလုပ် သည့်တိုင်အောင် ကောင်းမွန်တဲ့ ငြိမ်းချမ်းမှုဖြစ်စေချင်တဲ့ လက္ခဏာလို့ ကျနော်က နားလည်တယ်”ဟု ပြောသည်။
အိန္ဒိယနိုင်ငံအနေဖြင့် မကြာမီနှစ်များအတွင်း ပြည်နယ်ခွဲထွက်ရေးပြဿနာများ ကင်းသောနိုင်ငံအဖြစ် ဦးတည်နေသောကြောင့် ဇိုမီးတိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း အစိုးရနှင့် ပူးပေါင်းပါဝင်ရန် စည်းရုံးသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး၏ ခရီးစဉ်သည် မြန်မာ့အရေးနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိနိုင်ဘဲ ခွဲထွက်ရေးအဖွဲ့များအကြား ငြိမ်းချမ်းရေးရလိုခြင်းသာ ဖြစ်နိုင်
ကြောင်းလည်း ၎င်းက ဆိုသည်။
ဦးစောဆ က ဆက်လက်၍ “အိန္ဒိယကတော့ မြန်မာကို စီးပွားရေးအတွက်ပဲ အဓိကထား ဆက်ဆံတာဆိုတော့လေ၊ ဇိုမီးအဖွဲ့ထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါနေတယ်ဆိုပေမယ့် အခုခရီးစဉ်က မြန်မာ့အရေးနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ဘူးပေါ့။ အိန္ဒိယ-မြန် မာ နှစ်နိုင်ငံလုံးမှာက မြန်မာနိုင်ငံသားတွေရော အိန္ဒိယနိုင်ငံသားတွေရော ဒီလိုပဲ သွားလာနေထိုင်နေကြတာကို အားလုံးက နားလည် ထားကြတယ်”ဟု ပြောဆိုသည်။(ဧရာဝတီ)
ပထမဦးဆုံး ဇိုမီး အီလက်ထရောနစ် အဘိဓာန် ရရှိနိုင်ပြီ
Thursday, 16 December 2010 16:57 pkthawn
ဇိုမီး အီလက်ထရောနစ် အဘိဓာန် (Zomi Electronic Dictionary) ဖြစ်ပေါ်လာစေရန် Zomi Siamsin အဖွဲ့အစည်း- Myanmar (ZSK), Zomi Christian Literature Society (ZCLS), Zomi Computer and Internet Association (ZOCIA), Christian Literature Centre (CLC)-Yangon, ZangKong Awging Editor အဖွဲ့နှင့် Sanggam DTP တို့ ပေါင်းစည်းမှတည်ကာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် တခုတည်းသော SMART Electronic Dictionary ကို ထုတ်လုပ်ခဲ့သည်။
အဘိဓာန်ကို Era Technology Company Ltd., နှင့် ပူးပေါင်းလုပ်ဆောင်ပြီး စက်ပစ္စည်းများမှာ ထိုင်ဝမ်နိုင်ငံတွင် ပြုလုပ်သည်။
အဆိုပါ အဘိဓာန်နှင့်ပတ်သတ်၍ ZOCIA မှ ကိုရှန်းပူ က ပုံမှန် အဘိဓာန်တခုလို စာလုံးပေါင်း ဝေါဟာရ အမြောက်အများပါဝင်ကြောင်း၊ Tedim- English version ဟုလည်း ခေါ်ဆိုနိုင်ပြီး zodictionary.com ထဲမှ စကားလုံးများအားလုံးအပြင် စကားလုံးပေါင်း ၁၀၀ ကျော် ထပ်မံထည့်သွင်းထားကြောင်း Zogam Post ကို ပြောသည်။
ချင်းစာပေ အနှစ် ၁ဝဝ ပြည့်ပွဲ သို့မဟုတ် Cope Topa Centennial ကိုကြိုဆိုသောအားဖြင့် အဘိဓာန်အလုံးရေ (၁၀၀) သာ ထုတ်လုပ်ထားသည်။
အဘိဓာန်ကို အွန်လိုင်းမှတဆင့် http://www.zocia.org တွင် paypal/ cc စနစ်ဖြင့် ၀ယ်ယူ၊ မှာယူနိုင်ပြီး cash (ငွေသား) ဖြင့် Western Union, Moneygram etc.. တို့မှလည်း ၀ယ်ယူနိုင်သည်။(ဇိုဂမ်ပို့စ်)
Wednesday 15 December 2010
ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က အောင်ပွဲ ခံနိုင်ခဲ့ကြတာလဲ?
ဘိုဘိုကျော်ငြိမ်း |
သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၉ မိနစ်
ကျနော်တို့ ဗမာလူမျိုးတွေဟာ သူရဲကောင်း ကိုးကွယ်ချင်တဲ့ စိတ်ရှိကြတယ်။ ဒါကြောင့်သူရဲကောင်းမျှော်တဲ့ (မင်း)လောင်းမျှော်တဲ့ အကျင့်ကလေးဟာလဲ တွယ်ကပ်ပါလာကြပြန်တယ်။ ဒီ (စိတ်) ဒီအကျင့်စရိုက်တွေကြောင့် လူအများဟာ ကိုယ့်အားကိုယ်ကိုးချင်တဲ့ စိတ်တွေနည်းပါးလာကြပြီး စကြာဝတေးမင်း မြင်းပျံကြီးစီးပြီး လာကယ်မယ့်နေ့ကိုပဲ စိတ်ကူးယဉ်နေကြတယ်လို့ ခံစားရမိတယ်။
ဒါကြောင့် ဒေါ်စုမွေးနေ့ရောက်ရင် ကမ္ဘာတဝှမ်း ဧည့်သည်တော်ကြီးတွေကိုဖိတ်၊ ထမင်းစားပွဲကြီးတွေ ကျင်းပကြ၊ ဓာတ်ပုံစုံစုံ ရိုက်ပြီး အင်တာနက်ပေါ် အပြိုင်အဆိုင် တင်ကြ၊ အန်တီစု ..အမေစုရဲ့… ဆိုပြီး ငိုကြယိုကြ၊ ကဗျာတွေသီကုံးဖွဲ့ဆိုကြပေါ့။ အဲ အာဇာနည်နေ့ ရောက်ပြန်ရင်တခါ ဗိုလ်ချုပ်ကို လွမ်းကြပြန်ရော။ အို…..ဖခင်ဗိုလ်ချုပ်ရဲ့… အာဇာနည်ကြီးရဲ့ …. ကယ်တင်ရှင်ကြီးရဲ့….. ဆိုပြီး တခါ ငိုကြ..ယိုကြ..တမ်းတ ကြပြန်ရော။ အဲပြီးသွားရင် ကိုယ်အိမ်ကိုယ်ပြန်ကြပြီး ကိုယ့်ဘဝ ကိုယ်လျှောက်ကြ၊ ကြုံရင် ကြည့်မရတဲ့သူ ကိုခလုတ်တိုက်သွားကြ၊ ဒါမှမဟုတ် နာမည်ရအောင် စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေကို အင်တာနက်ပေါ် တက်ဆဲလိုက်ကြနဲ့ တနှစ်ကုန်သွားပြန်ပေါ့။ စစ်အာဏာရှင် စံနစ်က လွတ်မြောက်အောင် (ငါ) တို့ဘာလုပ်ရမယ်၊ ဘာတွေလိုအပ်တယ်၊ ဘာတွေပြင်ဆင်ရမယ်၊ ဘယ်လိုရင်ဆိုင်မယ်၊ ဘယ်လိုဗျူဟာနဲ့ အနိုင်တိုက်မယ် ဆိုတာ တွေကို စိတ်မဝင်စားကြဘူး။
ခေတ်သစ် နိုင်ငံရေး စာရေးသူ အများစုကို လေ့လာကြည့်ရင် Objective Analysis လို့ခေါ်ရမယ့် ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်မှုဟာ ရှားပါးလှ တယ်လို့ထင်မိပြန်တယ်။
ဒေါ်စု အိမ်တွင်း အထိန်းသိမ်းခံဘဝက လွတ်မြောက်တဲ့နေ့ရယ်၊ နောက်တနေ့ လူထုနဲ့ တွေ့ဆုံတဲ့နေ့မှာ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုတာဟာ လူထုရဲ့ အသည်းကြားမှာ ဒေါ်စုရှိနေသေးတယ် ဆိုတာကို ပြလိုက်တာပဲ။ မျက်ရည်ကျလောက်အောင် အားရစရာ ကောင်းလှပါတယ်။ ဒေါ်စုရဲ့ ဖခင် ကျုပ်တို့ ဗိုလ်ချုပ် ရွှေတိဂုံမှာ မိန့်ခွန်းခြွေတဲ့နေ့နဲ့ နေသူရိန် အစည်းအဝေးပွဲတွေကို ပြေးသတိရမိတယ်။ လူထုထောက်ခံမှုရတာဟာ ပထမအပိုင်းပဲ ရှိပါသေးတယ်၊ ဒုတိယအပိုင်းက ဒီထောက်ခံမှုကို အခြေခံ (အား)ယူပြီး ဒုတိယ လွတ်လပ်ရေးကို ဆွတ်ခူးနိုင်ဖို့ကျန်သေးတယ်။ ဒေါ်စုကိုယ်တိုင်က အားလုံးပါဝင်ကြရမယ် ကျမတယောက်ထဲနဲ့မဖြစ်ဖူးလို့ ဆိုခဲ့ပြီ။ တွေးတတ်ရင် အလုံးစုံကို ဒေါ်စုပုခုံးပေါ် ဝိုင်းတင်ကြတာ မတရားပါဘူး။ သမ္မတကနေဒီ ပြောခဲ့တဲ့ နာမည်ကြီး စကားစု ရှိပါတယ်။ “တိုင်းပြည်ကငါ့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာကိုမမေးပါနဲ့၊ ငါကတိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာကိုသာ မေးပါတဲ့”။ မှတ်သားစရာလေးပါ။
ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ဦးဆောင်နိုင်ခဲ့တဲ့ လွတ်လပ်ရေး ဖခင်ဖြစ်တာကြောင့် လေးစားတာ ချစ်ခင်တာ သဘာဝကျပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကို ရအောင် ဦးဆောင် တိုက်ယူနိုင်ခဲ့တဲ့ မျိုးချစ်ခေါင်းဆောင် လွတ်လပ်ရေး ဗိသုကာ နိုင်ငံ့သူရဲကောင်းဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲကောင်းအပြင် တခေတ်မှာ တယောက်သာ ပေါ်ပေါက်တတ်တဲ့ တကယ့် လူတော်လူကောင်း ထူးခြားတဲ့ ခေါင်းဆောင်ကောင်းတဦးဖြစ်ပြန်တယ်။
လောကမှာ အကျိုးတရားနဲ့ အကြောင်းတရား ဆိုတာ ဒွန်တွဲနေတာပဲ မဟုတ်ပါလား။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ဖဆပလ အဖွဲ့ကြီး အင်္ဂလိပ်လက်က လွတ်လပ်ရေးကို ရအောင် တိုက်နိုင်ခဲ့တဲ့ (အကျိုးတရား) အနောက်မှာ (အကြောင်းတရား)တွေ အများကြီးရှိသလို ဗိုလ်ချုပ်တို့ဆီက အတုယူစရာ အကျင့်အကြံ အရည်အချင်းနဲ့ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှု - (စံ) နဲ့ စနစ် - နည်းပရိယာယ် - အမြောက်အမြားရှိပါတယ်။
ကျနော်တို့ ဗမာလူမျိုးအများစုဟာ သူရဲကောင်း ကိုးကွယ်ချင်တဲ့ အကျင့်ကြောင့် ပုဂ္ဂိုလ်ရေး ချီးကျူးတေး တွေကိုသာ ဖွဲ့ဆိုကျုးရင့်လိုကြတယ်။ အတွင်းကျကျ ဆည်းပူးပြီး လေ့လာသုံးသပ်မှု Analysis မှာ အားနည်းတာကို ဉာဏ်ရှိသူတွေ သတိပြုမိကြမှာပါ။ ဒါကြောင့် ခေတ်သစ် နိုင်ငံရေး စာရေးသူ အများစုကို လေ့လာကြည့်ရင် Objective Analysis လို့ခေါ်ရမယ့် ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်မှုဟာ ရှားပါးလှ တယ်လို့ထင်မိပြန်တယ်။
ဗိုလ်ချုပ်တို့ ခေတ်က မျိုးချစ်တော်လှန်ရေးသမားတွေ ဘာကြောင့် လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြသလဲ ဆိုတာကို လေ့လာသုံးသပ်ပြီး ဗိုလ်ချုပ်တို့ရဲ့ တိုက်နည်း တိုက်ဟန် တိုက်ကွက် နည်းဗျူဟာ မဟာဗျူဟာတွေကို လေ့လာ သဘောပေါက်ပြီး အတုယူ နိုင်မှ ဗိုလ်ချုပ်တို့ခေတ်ကလို အောင်ပွဲခံနိုင်လိမ့်မယ် လို့ ထင်မြင် ယုံကြည်တာကြောင့် ဒီဆောင်းပါးကို ရေးရတာပါ။
ဗိုလ်ချုပ်အောင်ဆန်းဟာ အချိန် (Time) နဲ့ယှဉ်ပြီး မှတ်ကျောက်အတင်ခံနိုင်တဲ့ စစ်မှန်တဲ့ ခေါင်းဆောင် ဆိုတာကို အရင် အသိအမှတ်ပြုပါရစေ။
ကျနော်ဘာကို ဆိုလိုတာဘာလဲ။
ဥပမာ မော်စီတုံး ဟာ အသက်ရှိစဉ် ကာလမှာ တရုတ်ပြည်ကြီးမှာ ဘုရားတဆူတမျှ တန်ခိုးကြီးထွားခဲ့ပါတယ် ဒါပေမဲ့ ယနေ့တရုတ်စာသင်ကျောင်းတွေမှာ မော်စီတုံး အကြောင်း စာတပိုဒ်ပဲ သင်ကြရတော့တယ်။ အာဏာနဲ့ ရမ်းခဲ့တာတွေ သတ်ခဲ့တာတွေ ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ မော်ဟာ ဘုရားမဟုတ်ဖူးဆိုတာ တရုတ်တွေ သိသွားကြရပြီ။ သို့သော်လဲ မော်ဟာ တရုတ်တော်လှန်ရေးမှာ အရေးပါတဲ့နေရာက ပါခဲ့တယ်ဆိုတာ ဟာငြင်းမရတဲ့အချက်ပါပဲ။ ဒါကြောင့် ရာဇဝင်မှာ နေရာမှန် ပြန်ရောက်သွားရတာပါ။ ထို့နည်းအတူ စတာလင်ဟာ သက်ရှိ အထင်အရှားရှိစဉ်က မော်ကိုပင် ကြိုးဆွဲနိုင်ခဲ့တဲ့ ဘုရားတဆူပါပဲ။ ရုရှားတွေသာမက ကမ္ဘာ့ကွန်မြူနစ်တွေရဲ့ ဘုရားတဆူပေါ့။ ဒါပေမဲ့ သေပြီးမကြာမီမှာပဲ ကရူးရှက်ရဲ့ ကျေးဇူးကြောင့် ဒို့ဘုရားဟာ လူသတ်သမား (mass murderer) ကြီးဆိုတာ ကမ္ဘာက သိခွင့်ရခဲ့ကြရတယ်။
ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ကြိုက်တဲ့(အချိန်) ကြိုက်တဲ့ခေတ်မှာ လေ့လာကြပါ စံတင်ကြည့်ပါ။ မပြောင်းလဲစေရပါဘူး။ ခေါင်းထောင်လျက်ပဲ….လေးစားလျက်ပဲ။ ရဲရဲပြောရဲပါတယ်၊ လက်ရှိစစ်အစိုးရဟာ ဗိုလ်ချုပ်ကို ဒေါ်စုရဲ့ ဖခင်ဆိုပြီး အလေးမပေးချင်ဘူးလို့ထင်မိတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်ကိုပြည်သူတွေရဲ့ အသည်းကြားက ဆွဲနှုတ်လို့မရပါဘူး။
ဘာကြောင့်လဲ။
ဗိုလ်ချုပ်အောင်ဆန်း ရဲ့အဓိက လက်နက်ဟာ အမှန်တရားကို လက်ကိုင်ထားတဲ့ မလိမ်မညာတဲ့ ရိုးသားဖြူစင်မှု (Honesty)၊ တိုင်းပြည်နဲ့ လူမျိုး အပေါ်ထားတဲ့ စေတနာနဲ့ မျိုးချစ်စိတ်ကြောင့်ပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီ ရိုးသားဖြူစင်မှု (Honesty) နဲ့ သူရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေအပြင် ပြိုင်ဖက်တွေကိုပါ အနိုင်ယူ စည်းရုံး နိုင်ခဲ့တယ်။
ဒီစိတ်ဓာတ်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ အားလုံးကို ဗြောင်ဗြောင်တင်းတင်း.. ခုခေတ် အကြိုက်စကားနဲ့ ပြောရရင်တော့ ဖုံးကွယ်ခြင်း အလျင်းမရှိတဲ့ Transparency အပြည့်နဲ့ တိုင်းပြည်တာဝန် ကိုထမ်းဆောင်ခဲ့တယ်၊ တာဝန်ခံရဲတယ်။
အားရစရာ ရှိတာက ဗိုလ်ချုပ်သမီးဟာလဲ ဖခင်နည်းတူ ရိုးသားဖြူစင် (Honest) ဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်း ရဲ့နိုင်ငံရေးဘဝ ကို လေ့လာရင် (၂) ပိုင်းတွေ့နိုင်ပါတယ်။ ပထမအပိုင်းက ၁၉၃၆ ကျောင်းသားသပိတ် ခေါင်းဆောင်ဘဝစပြီး ဖဆပလအဖွဲ့ကြီးကို ထူထောင်နိုင်ခဲ့တဲ့ ခေါင်းဆောင် တည်ဆောက်မှုဘဝ ဖြစ်ပြီး ဒုတိယဘဝမှာ ပြိုင်ဘက်မရှိ ခေါင်းဆောင်ဖြစ်ပြီးမှ မိမိရရှိလာတဲ့ ခေါင်းဆောင်မှုနဲ့ နေရာ၊ ပြည်သူရဲ့ထောက်ခံမှု (ပြည်သူ့အာဏာ)ကို အရင်းပြုပြီး မိမိရည်မှန်းချက်ကို အကောင်အထည်ဖေါ်တဲ့ ဘဝ၊ လွတ်လပ်ရေးကို အရတိုက်နိုင်ခဲ့တဲ့ ဘဝလို့ဆိုနိုင်ပါတယ်။
ပထမနိုင်ငံရေးဘဝ - ကျောင်းသားသမဂ္ဂ
ဗိုလ်ချုပ်အောင်ဆန်းဟာ ကောလိပ်ကျောင်းသားဘဝ၊ ကျောင်းသားခေါင်းဆောင်ဘဝမှာ ကျောက်ရိုင်းသာသာ ရှိသေးချိန်မှာတောင် ပင်ရင်းဇာတိက ပေါ်လွင်ခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ရှေ့တန်းကနေရာယူပြီး တာဝန်ယူ ခေါင်းဆောင်ချင်တဲ့လူမျိုးဖြစ်တယ် ။
ဗိုလ်ချုပ်အောင်ဆန်းတို့ ကောလိပ်ရောက်သည့် အချိန်မှာ ကျောင်းသားသမဂ္ဂဟာ အင်္ဂလိပ် အလိုတော်ရိ ကျောင်းသားတွေရဲ့ လက်ထဲမှာ ကျရောက်လျက် ရှိပါတယ်။ ၁၉၃၄-၃၅ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲမှာ အမျိုးသားရေး နိုးကြားမှုရှိ၍ နိုင်ငံရေးစိတ်ဓာတ် ရှိတဲ့ ကျောင်းသားတစု ဝင်အရွေးခံကြတယ်။ ကိုအောင်ဆန်း ကိုသီဟန် ကိုကျော်ငြိမ်း ကိုသိန်းဖေ တို့ဖြစ်ကြတယ် (ဦးသိန်းဖေမြင့်၏ကျော်ငြိမ်း စာမျက်နှာ(၂၅))
အရွေးမခံရခင်ကထဲက ကိုအောင်ဆန်းက ကိုကျော်ငြိမ်းကို ငါအတွင်းရေးမှူး လုပ်မယ်လို့ ကြို အသိပေးထားတယ်။ (ဦးကျော်ငြိမ်း၏ ကိုယ်ရေးမှတ်တမ်းမှ) ကံဆိုးချင်တော့ အဲဒီနှစ်မှာ ကိုကျော်ငြိမ်းနဲ့ ကိုသိန်းဖေတို့ပဲ အရွေးခံရခဲ့တယ်။ အောက်တိုဘာ ကျောင်းပိတ်ရက်မှာ ဒုဥက္ကဋ္ဌ နေရာလစ်လပ်သွားတော့ ၅ဦးအဖွဲ့ (ကိုနု-ကိုအောင်ဆန်း-ကိုအုန်း-ကိုကျော်ငြိမ်း-ကိုသိန်းဖေ) တိုက်တွန်းချက်အရ ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုနု ဝင်ပြိုင်ရာ ယှဉ်ပြိုင်သူမရှိ အရွေးခံခဲ့ရပါတယ်။ (ကျောင်းသား လှုပ်ရှားမှု သမိုင်း (အောင်ထွန်း) -စာမျက်နှာ(၆၁))
၁၉၃၅-၁၉၃၆ တကသ အမှုဆောင် အဖွဲ့မှာတော့ နိုင်ငံရေး ကျောင်းသားများက ရွေးကောက်ပွဲမှာ အနိုင်ရ အုပ်စိုးထားနိုင်ခဲ့ကြပေပြီ။ ၁၉၃၅-၃၆ တကသ အမှုဆောင် အဖွဲ့ကို ရာဇဝင် အမှတ်တရဖြစ်စေရန် တင်ပြပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ တက္ကသိုလ်သမဂ္ဂဟာ နောင် တိုင်းပြည် ခေါင်းဆောင်ဖြစ်လာကြမယ့် ခေါင်းဆောင်များကို မွေးဖွားပေးရာဌာန ဖြစ်လာတာကြောင့်ပါ။
၁။ ကိုနု ဥက္ကဋ္ဌ (နောင်ဝန်ကြီးချုပ်)
၂။ ကိုရာရှစ် ဒုဥက္ကဋ္ဌ (နောင်ဝန်ကြီး)
၃၊ ကိုသီဟန် အတွင်းရေးမှူး (နောင်ဝန်ကြီး)
၎။ ကိုအောင်ဆန်း အိုးဝေစာတည်းအယ်ဒီတာ (နောင်ဗိုလ်ချုပ်အောင်ဆန်း)
၅။ ကိုအုန်း ငွေထိန်း (နောင်သံအမတ်)
၆။ ကိုထွန်းအုံ စာကြည့်တိုက်မှူး (နောင် ရန်ကုန်မြူနီစပယ်မင်းကြီး)
ရ။ ကိုသာလှ နိုင်ငံခြားဆက်သွယ်ရေး (နောင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်)
ဂ။ ကိုဘဆက် အားကစားမှူး (နောင်နိုင်ငံခြားရေးဌာန)
၉။ ကိုထွန်းတင် ပေါင်းသင်းဆက်ဆံရေးမှူး (နောင် လျှပ်စစ်ဘုတ်ဥက္ကဋ္ဌ)
တို့ဖြစ်ကြတယ်။ ( ကျောင်းသားလှုပ်ရှားမှုသမိုင်း - စာမျက်နှာ (၆၂))
၁၉၃၆ မှာ ဥက္ကဋ္ဌ ကိုနု ကျောင်းထုတ်ခံရခြင်း နဲ့ အိုးဝေမဂ္ဂဇင်းတွင် ငရဲခွေးကြီး လွတ်နေပြီ (Hell Hound at large) ဆောင်းပါးရှင် နာမည်ကို မဖေါ်နိုင်ဆိုတဲ့အမှုနဲ့ အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်းပါ ကျောင်းထုတ်ခံရမှုကြောင့် သမဂ္ဂခေါင်းဆောင်များ ဦးဆောင်ပြီး ၁၉၃၆ကျောင်းသားသပိတ်ကို ဖေါ်ထုတ်ခဲ့ကြပါတယ်။ ဤသပိတ်ဟာ ၁၉၂ဝခု ကျောင်းသားသပိတ်နောက် ဒုတိယ ကျောင်းသားသပိတ်ဖြစ်ပြီး ဗမာနိုင်ငံရဲ့ လွတ်လပ်ရေးကို ဦးဆောင်မယ့် လူငယ်ခေါင်းဆောင်များကို မွေးဖွား စုစည်းပေးခဲ့တဲ့ မှတ်ကျောက် ဆိုရင်လဲ မမှားပါ။
ဤကျောင်းသားသပိတ်ရဲ့ထူးခြားချက်မှာ ရန်ကုန်တက္ကသိုလ်တွင်သာ (ဝ)ကွက်၍ အုံကြွခဲ့ကြတာမဟုတ်၊ တနိုင်ငံလုံး ပြန့်နှံ့ကာ တက္ကသိုလ်ကျောင်းသား များနဲ့ အထက်တန်းကျောင်းသားများ အဆက်အသွယ်ရကြကာ ကျောင်းသားအချင်းချင်းဆက်သွယ်မှု ကွန်ယက် ( Communication Network ) ကိုဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်။ ဤဆက်သွယ်မှုမှ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ကို ဖေါ်ထုတ်နိုင်ခဲ့ကြတယ်။
ဗျူဟာအမြင်က ကြည့်ရင် နောင်လွတ်လပ်ရေးခေါင်းဆောင်ဖြစ်လာကြမယ့် ကျောင်းသားခေါင်းဆောင် လူငယ်များ ဤကျောင်းသားသပိတ်မှာ လူထုစည်းရုံးရေး - အဖွဲ့အစည်းထူထောင်ရေး - လူထုနှင့် ဆက်သွယ်ရေး - ခေါင်းဆောင်မှုပညာတို့ကို စစ်မြေပြင်မှာ လက်တွေ့သင်ကြားရသလို နဖူးတွေ့ ဒူးတွေ့ တတ်မြောက်ခဲ့ကြရတယ်။
အဖွဲ့အစည်းတခုကို တည်ထောင်ရုံသာမက အဖွဲ့စည်းအတွင်း အားပြိုင်မှု (Factional Politics) နှင့် နိုင်ငံရေး အခွင့်အရေးအသုံးချတတ်မှု (Political Manipulations) တွေကိုပါ ကောင်းကောင်းနားလည်လာကြတယ်။
အရေးကြီးတဲ့ နောက်တချက်က နိုင်ငံရေးလုပ်ကြရင်း တဦးကိုတဦး ယုံကြည်လေးစားမှု တည်ဆောက်ပေးတဲ့ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို အလုပ်ကမွေးဖွားပေးလိုက်တယ်။
စုပေါင်းခေါင်းဆောင်မှု
အုပ်စုအလိုက်ဦးဆောင်မှုကိုလဲပဲ ဒီကျောင်းသားခေါင်းဆောင်တစု ကောင်းကောင်းသဘောပေါက်ကြတယ်။ ဒါကြောင့် (အတွင်းအုပ်စု) ဆိုတာကို ဖွဲ့ခဲ့ကြတယ်။ ဒီအတွင်းအုပ်စုကပဲ သမဂ္ဂကြီးထွားရေး ကို ခေါင်းဆောင်မှုပေးခဲ့တယ်။
ဥပမာ ၁၉၃၅ စာမေးပွဲပြီးတော့ ကိုကျော်ငြိမ်းဟာ အိုင်စီအက် ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ကျောင်းထားပေးတဲ့ ဦးလေးအလိုကျ တတိယနှစ် ဂုဏ်ထူးတန်းအတွက် စာကြိုးစားနေရတယ်။ သမဂ္ဂ အလုပ်အမှုဆောင်ပင် ဝင်မလုပ်နိုင်တော့။ သို့သော် ကိုသာလှကို သမဂ္ဂမှာ ဝင်လုပ်ဖို့ စည်းရုံးကြတော့ ကိုသာလှက အံ့အားသင့်နေတယ်။ ဒါ ကိုကျော်ငြိမ်းနေရာလို့ ဆိုခဲ့တယ်။ ခင်ဗျားကို ကိုကျော်ငြိမ်း က အဆိုပြုတာဗျလို့ပြောမှ လက်ခံခဲ့တယ်။ (ဒေါက်တာသာလှ ကိုယ်တိုင်ရေး မှတ်တမ်းမှ) - အလားအလာရှိသော လူတော်များကို ရွေးစုပြီး ပြုစုပျိုးထောင်ပေးကြတယ်။ ထို့နည်းတူစွာ နိုင်ငံရေး အကွက်များ အုပ်စုတိုက်ပွဲပညာများကို ကိုအောင်ဆန်း - ကိုကျော်ငြိမ်းတို့ ကိုရာရှစ်ထံမှ ပညာရခဲ့ကြတယ် (ဦးကျော်ငြိမ်း ကိုယ်တိုင်ပြောပြချက်) (မှတ်ချက်။ ကိုရာရှစ်ဟာ တကသရဲ့ ပထမဦးဆုံး အတွင်းရေးမှူး ဖြစ်ပြီး ကိုအောင်ဆန်းတို့ထက် (၃) နှစ်ကြီးတယ်၊ (ကျောင်းသားသမဂ္ဂသမိုင်း စာမျက်နှာ ၁၅၁ ) ၁၉၃၁ ခု ကျောင်းသားသမဂ္ဂပေါ်ပေါက်လာအပြီး သ္ခင်ဗစိန်နှင့် ကိုရာရှစ်တို့ အထင်ပေါ်ဆုံး ကျောင်းသား ခေါင်းဆောင်များဖြစ်လာကြတယ်)
၁၉၃၆ ကျောင်းသားလှုပ်ရှားမှု မှ နောင်တနေ့ခေါင်းဆောင်ဖြစ်မယ့် လူငယ်များ အတုယူနိုင်ရန် ဖြစ်စဉ် (၂)ခု ကို ဆွေးနွေးပါရစေ။ Mr Butwell ရဲ့စာအုပ် U Nu of Burma - Chapter 3 – The 1936 Student Strike ကို ကိုးကားပါတယ်။ မစ္စတာဘတ်ဝဲလ် က ကိုရာရှစ်ကို ကိုးကားပြီးရေးခဲ့တာက
“ကိုနုဟာ အသေးစိပ်ကိစ္စတွေကိုစိတ်မဝင်စားပါ။ သို့သော် စကားပြောကောင်း၍ လူထု စိတ်ပါလာအောင် ထောက်ခံလာအောင် ပြောနိုင်တယ်။ (မှတ်ချက် ။ အင်္ဂလိပ်လိုတော့ ဒါကို Charisma ဟု ခေါ်ကြတယ၊် စာရေးသူကတော့ (ဘုန်း) လို့ခေါ်ချင်တယ်) ဒါကြောင့် ဆွေးနွေးမှုတာဝန် နဲ့ နေ့တဓူဝ အဖွဲ့အစည်း ဆောင်ရွက်မှုတာဝန်တို့ဟာ အောင်ဆန်း၊ ကျော်ငြိမ်းနှင့် ကျနော့ထံ ကျရောက်ခဲ့ပါတယ်။
လူတိုင်းကိုယ်စီမှာ အားသာချက် အားနဲချက်ဆိုတာရှိကြစမြဲပဲ။ တဦးရဲ့အားနဲချက်ကို တဦးရဲ့ အားသာချက်နဲ့ ဖြည့်ဆည်းလိုက်တဲ့အခါ (အုပ်စုအား) (အုပ်စုခေါင်းဆောင်မှု) ဆိုတာ ပေါ်လာရပါတယ်။ နောက်သတိပြုရန် အချက်မှာ သူသာသည် ငါနာသည် စိတ်မထားကြ မနာလို စိတ်မဖြစ်ကြ ။
ကျနော့ အမြင်အရပြောရရင် ဗိုလ်ချုပ်အောင်ဆန်း ဟာ ဦးနုရဲ့ Charisma ကို ကောင်းကောင်း သဘောပေါက်တယ်။ ဒါကြောင့် တို့ဗမာအစည်းအရုံးကိုဝင်ဖို့ အတင်းဆွဲခေါ်လာသလို ဖဆပလ အမတ်ဝင်ရွေးဖို့ ဦးနုက အကြောက်အကန်ငြင်းနေတော့ “The country is doomed” တိုင်းပြည်တော့ (ဒုက္ခဖြစ်ပီ) ဆိုပြီးညည်းတွားလိုက်တာပဲ ။”
နောက်ဖြစ်စဉ်လေးတခုမှာ ကိုနုနဲ့ ကိုရာရှစ်တို့ ဟင်္သာတမှာ စည်းရုံးရေးထွက်ကြတော့ ကိုရာရှစ်က အိပ်ရာဝင်သွားပြီ။ ကိုနုတယောက်ပဲ ပရိသတ်နဲ့ကျန်ခဲ့တယ်။ ပြောရင်း ဆွေးနွေးရင်း တက္ကသိုလ်ထုံးကို ရောက်သွားတယ်။ ဒါပေမဲ့ ဒီ တက္ကသိုလ်ထုံး မှာ ဘာတွေများ မှားနေသလဲ၊ ဘာတွေ ပြင်ရမှာလဲလို့ အမေးခံရတော့ ကိုနု မဖြေနိုင်ဘူး။ ကိုနုက ပရိသတ်ကို မညာဘူး၊ မလှည့်စားဘူး၊ ကျနော် မသိဘူး အားလုံးကိုသိတဲ့ ကိုရာရှစ်ကိုခေါ်ပေးမယ် ဆိုပြီး ဖြေလိုက်တယ်။ ကိုနု ဒီလောက်အထိပွင့်လင်းတာကို ကိုရာရှစ်က အံ့အားသင့်မယုံနိုင်ဘူး။ ဒါပေမဲ့ ကိုနုက ငါတို့အမှန်အတိုင်း ရိုးသား ရမယ် (we must be honest) လို့ဖြေခဲ့တယ်။ ဒါဟာ လူကောင်း - ခေါင်းဆောင် ကောင်း ဖြစ်တာကို သက်သေပြလိုက်တာပဲ။ ယ္ခုခေတ် ကိုယ်မသိတာကို ဝန်မခံချင်တဲ့ တတ်ယောင်ကား တွေနဲ့ ကွာလိုက်ပါပြီ။ လူငယ်လေးတွေကို သတိပြု အတုယူ စေချင်တာပါ။ ခေါင်းဆောင်မှုမှာ (မူ) ဆိုတာ အရေးကြီးလှပါတယ်။
အဖွဲ့အစည်းနဲ့ နိုင်ငံရေး အတွေ့အကြုံ မရှိတဲ့အပေါ်မှာ မဆလစိတ်ဓာတ်က ဖိစီးလိုက်တော့ ရှစ်လေးလုံးလူငယ် တွေခမျာ ရှင်သန်တိုးတက်ခွင့်မရတော့ဘူးလို့ ယေဘုယျအားဖြင့် သုံးသပ် နိုင်ပါတယ်။
ကိုအောင်ဆန်းဟာ ကျောင်းသားသမဂ္ဂ ထဲမှာ တကသ ရော ဗကသ မှာပါ ဥက္ကဋ္ဌ အဖြစ်နဲ့ ဆက်ခေါင်းဆောင်မှု ပေးခဲ့တာကြောင့် ရှေ့မီနောက်မီ ကျောင်းသား တော်များများနဲ့ ရင်းနှီး အကျွမ်းဝင်ခွင့်ရခဲ့ရတယ်၊၊ ၁၉၃၆ ကျောင်းသားလှုပ်ရှားမှုမှာ ကိုနု ကိုကျော်ငြိမ်း ကိုသိန်းဖေ ကိုရာရှစ် ကိုလှဖေ (ဗိုလ်လက်ျာ) ကိုခင်မောင်ကလေး တို့နဲ့ ရင်းနှီးခဲ့ရတယ်။ ထို့ပြင် နောင် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာပြီး ဗိုလ်ချုပ်နဲ့ မယားညီအကို ဖြစ်လာမယ့် ကိုသန်းထွန်း (သ္ခင်သန်းထွန်း) ကို ကိုကျော်ငြိမ်း ရဲ့ မိတ်ဆက်ပေးမှုကြောင့် သိကျွမ်းခဲ့ရပြန်တယ်။ ကိုကျော်ငြိမ်းနဲ့ ကိုသန်းထွန်းတို့က ပျဉ်းမနားသား အချင်းချင်း မန္တလေးတက္ကသိုလ်မှာ ကထဲက သိခဲ့ကြရတယ်။ ၁၃ဝဝပြည့်အရေးတော်ပုံမှာ နာမည်ကြီးလာကြမယ့် ကိုဗဟိန်း (နောင်ကွန်မြူနစ် ခေါင်းဆောင်)၊ ကိုဗဆွေ (နောင်ဆိုရှယ်လစ်ခေါင်းဆောင်) တို့နဲ့လဲ ကျောင်းသားသမဂ္ဂ ဘဝမှာ ခင်မင်ရင်းနှီးခဲ့ရပြန်တယ်။ ဗိုလ်ရန်နိုင် ဗိုလ်ဇေယျတို့ဟာလဲ ကျောင်းသားသမဂ္ဂက တက်လာကြသူတွေပါပဲ။
မှတ်သားစရာ နဲ့ သုံးသပ်မှု
အင်္ဂလိပ်ဟာ ကိုလိုနီ ကျူးကျော်စော်ကားသူတွေ ဖြစ်လင့်ကစား သူတို့နိုင်ငံမှာ ဒီမီုကရေစီ ကျင့်သုံးတာကြောင့် civil society လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတွေကို တည်ထောင်ခွင့်ပြုတယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ခေတ်က လူငယ်တွေဟာ သမဂ္ဂတွေထောင်ပြီး ဦးဆောင်ခွင့်ရခဲ့ကြတယ်။ ဒါကြောင့် အဖွဲ့အစည်းနဲ့ သိုင်းသိုင်းသိုင်းဝိုင်းဝိုင်း လုပ်ဆောင်ခွင့် ရခဲ့ကြတယ်။ အတွင်းအုပ်စုကို တည်ထောင်နိုင်ခဲ့ကြတယ်။
၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးကထဲက ဗိုလ်ချုပ်နေဝင်းဟာ နိုင်ငံရေးပါတီတွေကို နှိမ်နှင်း၊ စစ်တပ်ကလွဲလို့ civil society လို့ ခေါ်နိုင်တဲ့ အဖွဲ့အစည်းမှန်သမျှကို စံနစ်တကျ ရိုက်ချိုးဖျက်စီးခဲ့တာ ၁၉၆၂ နောက် ဗမာပြည်မှာ လူလုပ်ရသူတိုင်း စစ်တပ်နဲ့ မဆလကလွဲလို့ အဖွဲ့အစည်းနဲ့ လုပ်ခွင့်ကိုမရကြတော့ပါ။ ဒါကြောင့် အဖွဲ့အစည်းထောင်ပြီး အင်အားယူရမည်ကိုမသိကြသလို အဖွဲ့အစည်း ဘယ်လို ထောင်ပြီး ဘယ်လိုကြီးထွားအောင် လုပ်ရမှာကို မသိကြလို့ သုံးသပ်မိပါတယ်။
၁၉၈၈ အရေးတော်ပုံကြီး အတွင်းက မင်းကိုနိုင် ကိုကိုကြီး မိုးသီးဇွန် ဝင်းမိုး အောင်နိုင် စတဲ့ ဗကသ ခေါင်းဆောင်များ ထွန်းပေါ်လာကြသော်လဲ ဗိုလ်ချုပ်တို့ခေတ်ကလို လွတ်လွတ်လပ်လပ် ဦးဆောင်နိုင်တဲ့ အချိန်ရေရှည် မရခဲ့ကြပါ။ ထို့ပြင် ရှစ်လေးလုံး အုံကြွမှုကြီးကို ဖေါ်ထုတ်ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်များ ဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ ဒေါ်စုတို့နဲ့ ပူးတွဲလုပ်ဆောင်ခွင့် အချိန်မရခဲ့ကြ။ စစ်တပ်က ပေါင်းစည်းခွင့်နှင့်ပေါင်းစည်းချိန်မပေးခဲ့။ အတိုက်အခံဆိုတာက ဦးနေဝင်း (၂၆) နှစ် အုပ်စိုးပြီးချိန်မှာ ယဲ့ယဲ့သာ ကျန်တာမို့ ရှစ်လေးလုံး ဗြုန်းစားကြီးပေါ်လာပြီး အခွင့်အရေး အကောင်းဆုံးအချိန်မှာ အာဏာကို (လု) ယူလိုက်သင့်တယ်၊ မ(လု)ယူ နိုင်ခဲ့ကြ ။ စစ်အစိုးရက ဒုတိယအကြိမ် အာဏာသိမ်းအပြီး ဖိနှိပ်ဖြိုခွဲချိန် ရောက်လာပြီမို့ ကျောင်းသားအများစု အဝေးရောက်ကုန်ကြပြီး ကျောင်းသား တပ်မတော်လဲ နှစ်ခြမ်းကွဲ၊ အများစု တကမ္ဘာလုံးပြန့်ကြဲ အစိပ်စိပ်အမွှာမွှာ ဖြစ်ကုန်ကြတော့ အဖွဲ့အစည်း တည်ထောင်ပြီး အင်အားကို ပြန်မတည်ဆောက်နိုင်ကြတော့ပါ။ အဖွဲ့အစည်းနဲ့တိုက်မှ အင်အားရှိမည်ကိုမသိကြ၊ အဖွဲ့အစည်းနှင့်မလုပ်တတ်တာတွေ ပါပါတယ်။
နိုင်ငံရေးဆိုတာအင်မတန် ရှုပ်ထွေးသလို သိမ်မွေ့ နက်နဲလှပါတယ် ။
မဆလ စံနစ်ကြီးပြိုကွဲသွားပေမယ့် သူ့ရဲ့အမွေဆိုးဖြစ်တဲ့ “ မဆလစိတ်ဓာတ်ဆိုး“ ကြီးဟာ ဗမာတွေအကြားမှာ ယနေ့အထိ စစ်တပ်အတွင်းမှာရော အတိုက်ခံတွေ အကြားမှာပါ ရှင်သန်လျက်ပါပဲ။
အဖွဲ့အစည်းနဲ့ နိုင်ငံရေး အတွေ့အကြုံ မရှိတဲ့အပေါ်မှာ မဆလစိတ်ဓာတ်က ဖိစီးလိုက်တော့ ရှစ်လေးလုံးလူငယ် တွေခမျာ ရှင်သန်တိုးတက်ခွင့်မရတော့ဘူးလို့ ယေဘုယျအားဖြင့် သုံးသပ် နိုင်ပါတယ်။
နောက်သိသာထင်ရှားတဲ့ အချက်က capacity လိုခေါ်နိုင်တဲ့ (အသိစွမ်းအား) ပါပဲ
ရင်နာဖို့ကောင်းတာက ဗိုလ်ချုပ်တို့ ခေတ်က ကိုလိုနီ(ကျွန်) ပညာရေးဖြစ်ပေမယ့် အဆင့်အတန်းရှိတယ်။ ဟိုခေတ်က ကောလိပ်ကျောင်းသားဆိုရင် အင်္ဂလိပ်စာကို ပိုင်ပိုင်နင်းနင်း ရေးနိုင်ပြောနိုင်ပြီ။ ဆရာတွေက ဖိဖိစီးစီး သင်တာကြောင့်တကြောင်း၊ အင်္ဂလိပ်စာ နိုင်နင်းတာကြောင့်တကြောင်း စာဖတ်အားကောင်းကြတယ် ဗဟုသုတကြွယ်ကြပြန်တယ် ။ အတွေးအခေါ် (အသိစွမ်းအား) capacity မြင့်ကြတယ် လို့ဆိုနိုင်တယ် ။
ပါလီမန်ဒီမိုကရေစီခေတ်ကျော်ပြီးသည့်တိုင် ဗမာနိုင်ငံရဲ့ ပညာရေးဟာမြင့်မားခဲ့ပါသေးတယ်။ စစ်အစိုးရတက်ကာစ ကာလအထိ ရှင်သန်လျက်ရှိပါတယ်။ ၁၉၅ဝ ခုနှစ်များမှာ ရာဇဝင် ပါမောက္ခ ဒေါက်တာကျော်သက် အင်္ဂလိပ်လို သင်ကြားပို့ချနေတာကို (YouTube) မှာရှာဖွေကြည့်ရှုနိုင်ကြပါတယ်။ ကျနော် စက်မှုတက္ကသိုလ်ရောက်တော့ (၁၉၆၈ခု) ဆရာတွေဟာ အမေရိကန် နိုင်ငံ ကျောင်းကောင်းတွေဖြစ်တဲ့ MIT- Harvardမှ ဘွဲ့ရသူတွေနဲ့ ပြည့်လျက်ပါ။ ဖဆပလ အစိုးရဟာ ရသမျှ အခွင့်ရေးတွေကို ယူပြီး နိုင်ငံခြားပညာတော်သင်တွေ လွှတ် ခဲ့တာကိုး။
စစ်အစိုးရတက်အပြီး တကသ တပ်ဦးကျောင်းသားဟောင်း ဒေါက်တာညီညီ ဒုဝန်ကြီးအဖြစ်မှာ စနစ်သစ်ပညာရေး ဆိုပြီး ဆိုရှယ်လစ်စံနစ် ပညာရေးစံနစ်သစ်ကို စတင်အကောင် အထည်ဖော်ချိန်ကစပြီး ဗမာပြည်ရဲ့ ပညာရေးစံနစ်ဟာ ထိုးကျခဲ့ရတယ်။ အရင်က အနောက်နိုင်ငံတွေ ရဲ့ ထုံးတမ်းစဉ်လာအတိုင်း Liberal arts ပညာရေးကို ဦးစားပေးခဲ့တယ်။ ဘီအေ ဘီအက်စ်စီ အဆင့်မှာ အခြေခံပညာရပ်တွေကို ဖက်စုံကသင်ပေးတာပေါ့။ ဒေါက်တာ ညီညီတို့ခေတ်မှာတော့ ရွှေဉာဏ်တော် စူးရောက်ပြီး ဆိုရှယ်လစ်ပညာရေးအတိုင်း (အထူးပြု) Specialization ကို ဦးစားပေးရမယ်ဆိုပြီး စံနစ်တခုလုံး ပြောင်းလဲခဲ့ကြပါတယ်။ အဓိက ထိခိုက်တာကတော့ critical thinking လို့ခေါ်တဲ့ လွတ်လွတ်လပ်လပ် ချင့်ချိန် တွေးခေါ်ခြင်းပညာရပ်ဟာ တိမ်ကောခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
၁၉၆၂ ဇူလိုင် (၇) ရက် ကျောင်းသားထုနဲ့ ထိပ်တိုက်တွေ့ အပြီးမှာ စစ်အစိုးရဟာ ကျောင်းသားတွေကို မရှိမဖြစ်တဲ့ တိုင်းပြည် ရတနာတွေလို့ မမြင်တော့ဘူး။ ပြဿနာကောင်တွေလို့ မြင်စပြုလာပြီ။ ဒါကြောင့် နောင်ခေတ်ခေါင်းဆောင်တွေ ပညာတတ်တွေ မွေးဖို့ထက် ကျောင်းသားတွေကို ကိုင်တွယ်နိုင်ဖို့ အားသန်ကြိုးစားလာတော့တယ်။
ထို့ပြင် ဦးနေဝင်းဟာသူ့ရဲ့ အုပ်ချုပ်သက်တမ်း (၂၆) နှစ်မှာ အရှေ့နဲ့အနောက် စစ်အေး တိုက်ပွဲကိုအခွင့်ကောင်းယူပြီး isolation policy လို့ခေါ်တဲ့ တကိုယ်တည်းသီးခြားနေတဲ့ ပေါ်လစီ ကိုကျင့်သုံးခဲ့ပြီး တတိုင်းပြည်လုံးကိုလဲ သတင်းမှောင်ချခဲ့ပါတယ်။ ဒါကြောင့် (အသိဉာဏ်) ဖွံ့ဖြိုးရေးဟာ ထိုးကျ လာခဲ့ရတယ်။
ကွယ်လွန်သူ ဦးတင်မောင်ဝင်းပြောပြလို့ သိရတာပါ။ ရှစ်လေးလုံးအုံကြွမှုကြီးအပြီး ကျောင်းသား တွေစုပြုံပြီး ထွက်လာကြတော့ လူငယ်ကျောင်းသားတစုက စိတ်ဓာတ် ထက်သန်စွာနဲ့ ဦးတွတ်…. ကျနော်တို့ကို အက်(၁၅) (F-15) လေယာဉ်ရှာပေးပါ၊ စစ်တပ်ကိုအသေခံ ဗုံးကြဲမယ် လို့တောင်းဆိုခဲ့ကြတယ်။ စိတ်ဓာတ်ကိုချီးကျူးစရာကောင်းလှပေမယ့် ဒီလို စစ်လေယာဉ်တွေ ဘယ်လောက်ဈေးကြီးတယ်၊ ဒီလေယာဉ်တွေ ပျံနိုင်ဖို့ နောက်က ဘယ်လောက်ပံ့ပိုးရတယ်ဆိုတဲ့အချက်တွေကို မစဉ်းစားမိတာဟာ (အသိဉာဏ်စွမ်းအား) မပြည့်စုံသေးသောကြောင့်လို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ (အသိဉာဏ်စွမ်းအား) နဲရင် ရိုးရိုးအအ တွေဖြစ်ကုန်တာပေါ့။
ဗုဒ္ဓတရားတော်မှာ အဝိဇ္ဇာ လွှမ်းနေရင် တဏှာကိုလဲမပယ်နိုင်၊ တွယ်တာမှုကိုလဲ မကျော်နိုင်ပဲ သံသရာကမထွက်နိုင်သလို အသိဉာဏ်စွမ်းအားသည်လဲ နိုင်ငံရေးမှာ အရေးပါလှပါတယ်။ နိုင်ငံရေး အဝိဇ္ဇာလို့ပြောလို့ရပါတယ်။ ဒီ (အသိဉာဏ်စွမ်းအား) အပေါ် အများကြီး မူတည်ပါတယ်။ ဒိအပြင် (အသိဉာဏ်စွမ်းအာား) ရှိတဲ့သူတွေဟာ အသိပညာရဲ့ ထိန်းသိမ်းမှုကြောင့် ရမ်းရမ်းကားကားဆဲဆိုခြင်း တဖက်သတ် တိုက်ခိုက်ခြင်း မတရား စွပ်စွဲစော်ကားခြင်းတို့ကို ရှောင်ရှားကြပါတယ်။ မိမိရဲ့ဂုဏ်သိက္ခာ မိမိအပေါ်ယုံကြည်မှု (credibility) ထိခိုက်မှာကို ကြောက်ရွံ့သတိရှိကြပါတယ်။ မိမိရဲ့ (မူ) principle မှသွေဖည်မှာကို စိုးရိမ်ကြပါတယ်။ ဒါ့ကြောင့် အပြောအဆို အရေးအသားမှအစ (သတိ) ရှိကြ၊ (မူ) ရှိကြပါတယ်။
ကျနော်ဥပမာလေး တခုကိုတင်ပြပါရစေ။
၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် မှာ အတူတူပါဝင်ခဲ့ကြတဲ့ ကိုကျော်ငြိမ်းနဲ့ နောင်လူထုဒေါ်အမာဖြစ်လာကြမယ့် မအမာ တို့ဟာ ပုဂ္ဂိုလ်ရေးသက်သက်ပဲလား ဝါဒရေးကြောင့်ပဲလားမသိ၊ တယောက်ကိုတယောက် ကြည့်မရခဲ့ကြပါ။ ဒါပေမဲ့ ဦးကျော်ငြိမ်းဟာ ၁၉၃၆ ခုကျောင်းသားသပိတ် အကြောင်းရေးပြတော့ ရာဇဝင်ကို အမှန်အတိုင်း (မူ) Principle အရ အရှိကိုအရှိအတိုင်း ရေးပြခဲ့ပါတယ်။
“လူထုတရားပွဲတွင် ယောက်ျား များနှင့် ယှဉ်၍ ရဲရဲတောက် ရင်ဘောင်တန်း တရားဟော ကောင်းသူ ကျောင်းသူ ခေါင်းဆောင်များမှာ မအမာ-ဘီအေအောက်တန်း (ယ္ခုလူထုဦးလှဇနီး)၊ မမကြီး (ယ္ခုအထက်တန်းကျောင်းဆရာမကြီး-မြူမင်းကြီးဟောင်း ဦးထွန်းအုံ၏ဇနီး)၊ မခင်မြ (ယ္ခု ဒေါက်တာဒေါ်ခင်မြ-ပညာရေးတက္ကသိုလ်) ၊ မအုံး (ယ္ခု မန္တလေးတက္ကသိုလ် ပါဠိ ဌာန ပင်စင်စား ပါမောက္ခ - အမ်အေဒေါ်အုံး) တို့ပါဝင်သည်။ ကျန်သပိတ်မှောက် ကျောင်းသူများမှာ စင်မြင့်ပေါ်၌ တရားဟောမကောင်းသော်လည်း ရဲရဲတောက်တွေချည်းဖြစ်ကြပါသည်။”
(ဦးကျော်ငြိမ်း၏ကိုယ်ရေးမှတ်တမ်းမှ )
ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်ခဲ့သော်လဲ ရာဇဝင် အချက်အလက် ကိုရေးရာမှာ အာဃာတမရှိ အမှန်အတိုင်း ရေးပြခဲ့တယ်။ (မူ) Principle ကိုအလေးထားတာကတကြောင်း ၊ self-respect ဟုခေါ်သော မိမိကိုယ်ကို မိမိ လေးစားတာကြောင့်လဲဖြစ်တယ်။
သို့သော် အသိဉာဏ်စွမ်းအားနဲသော လက်ဝဲ တယူသန်အချို့သည် ဦးကျော်ငြိမ်းကို မုန်းတာနဲ့ ရာဇဝင် အချက်တွေကိုပါ ပြင်ချင်ကြတယ်။
ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့ တိုင်း (၆)မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ် (သ္ခင် တင်မြ၏ ဖက်ဆစ် တော်လှန်ရေးဌာနချုပ်နှင့်တိုင်း(၁ဝ)တိုင်း - စာမျက်နှာ ၄၄) ဒါလူတိုင်းအသိပါ။
သို့သော် ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားကဗမာပြည်စာအုပ်မှာ “ဦးဗဆွေ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံ ဖြစ်သည် ”လို့ သမိုင်းကိုလိမ်ညာရေးခဲ့တယ် (စာမျက်နှာ ၃၅)။ ကျနော် မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေခဲ့တဲ့ (လွတ်လပ်ရေး ရွှေရတုသဘင်) စာအုပ်မှာလည်း ဤနည်းတူရေးသားခဲ့ကြတယ်။
ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅မှာပဲ) “စစ်တိုင်းများ ၏ နိုင်ငံရေးမှူးများမှာ ကွန်မြူနစ် ပါတီမှချည်းဖြစ်သည်” လို့ လိုရာဆွဲ ကောက်ချက်ချပြန်တယ်။ ဒီတုန်းက သ္ခင်ချစ်ဟာ ပြည်သူ့အရေး တော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီး နောင် ကွန်မြူနစ်ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။ ဦးကျော်ငြိမ်းလဲ ပြည်သူ့အရေးတော်ပုံပါတီကဖြစ်တယ်။ ဒီလိုရာဇဝင် အချက်အလက်ကိုလိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာ တာဝန်မဲ့ ရေးသားချက်သာဖြစ်တယ်။
ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်း တယောက်ကိုသာ ကွန်မြူနစ် အမျက် ကွန်မြူနစ် အငြိုးနဲ့ ရာဇဝင် အချက်အလက် ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။
ဖတပလ (ဖက်စစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့ကြီးကိုဖွဲ့ကြတော့ အဓိကအင်အားဖြစ်တဲ့ ကွန်မြူနစ်ပါတီ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော်က ကိုယ်စားလှယ် ခေါင်းဆောင် (၃) ဦးစီ - ပေါင်း(၉)ဦးပါတဲ့ ဗဟိုဦးစီးအဖွဲ့နဲ့စတင်ဖွဲ့စည်းခဲ့တာပါ။ ကွန်မြူနစ်ပါတီမှ သ္ခင်စိုး - သ္ခင်သန်းထွန်း - သ္ခင်တင်မြ၊ ပြည်သူ့ရေးတော်ပုံပါတီမှ ဦိးကျော်ငြိမ်း - ဦးဗဆွေ - သ္ခင်ချစ်၊ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း - ဗိုလ်လက်ျာ - ဗိုလ်နေဝင်းတို့ဖြစ်ကြပါတယ်။ (သ္ခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း (၁ဝ)တိုင်း - စာမျက်နှာ ၄ဝ)
ဤအချက်ကို ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်၊ သိသင့်ပါသည်။ စာအုပ်ပေါင်း မြောက်မြားစွာတွင်လည်း ဖေါ်ပြထားပြီး ဖြစ်ပါသည်။ အရေးပါသော ရာဇဝင် အချက်တချက်ပင်ဖြစ်သည်။
ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သ္ခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သ္ခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း သ္ခင်တင်မြအစား သ္ခင်ဗဟိန်းကို ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ် (ဝင်းတင့်ထွန်း စာအုပ် စာမျက်နှာ ၃၂ ကိုကြည့်ပါ)။ ဒီလိုရာဇဝင်ကိုရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို တကယ့်အဖြစ်မှန်နဲ့ အစားထိုးလို့ မရသလို လိုရာကို ဖြစ်သလို မရေးကောင်းပါ။ (မှတ်ချက်။ ကိုဗဟိန်းကို ဗိုလ်ချုပ်က ဆွေးနွေးပွဲစဖိတ်သော်လဲ နေမကောင်းလို့မပါနိုင်လို့ သ္ခင်တင်မြက အမှတ် (၆ဝ) - ဧပြီလ (၁) ရက် -၂ဝ၁ဝ ထုတ် Northern Star ဂျာနယ်မှာ ရေးပြမှ ဇာတ်ရည်လည်ရပါတယ်)
နောက် ဥပမာတခု ထပ်တင်ပြပါရစေ။
ဆိုရှယ်လစ်ပါတီထောင်ကာစက အရေးပါခဲ့တဲ့ နိုင်ငံရေးသမားတဦးက ဦးကိုကိုကြီးပါ။ ဆိုရယ်လစ်ပါတီမှာ ဦးကိုကိုကြီးတို့က မာ့က်(စ်)ဆစ် Marxists များဖြစ်၍ ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့က ဆိုရှယ်လစ်စံနစ်ကို ဒီမိုကရေစီနည်းအရ ထူထောင်လိုတဲ့ ဆိုရှယ်ဒီမိုကရက် (Social Democrat) များဖြစ်ကြတယ်။ အုပ်စု တိုက်ပွဲများ ဖြစ်ကာ ဦးကိုကိုကြီးတို့အုပ်စု ဆိုရှယ်လစ်ပါတီမှ ထွက်ခဲ့ကြရတယ်။ နိုင်ငံရေးအရ နာမယ်ဆိုရင် နာစရာတွေ ရှိခဲ့ကြပါတယ်။ သို့သော် ဦးကိုကိုကြီးရဲ့ မြေးဖြစ်သူ ဒေါက်တာကျော်ဇော်ဝင်း ပါရဂူဘွဲ့အတွက် ပြုစုရေးသားတဲ့ ဗမာပြည် ဆိုရှယ်လစ်ပါတီသမိုင်း (A History of Burma Socialist Party 1930-1964) စာတန်းကို ဖတ်ကြည့်ကြပါ။ လူပုဂ္ဂိုလ်တိုက်ခိုက်ခြင်းသော်လည်းကောင်း၊ ရာဇဝင် အချက်အလက်ကို လိမ်ညာရန် ကြိုးစားခြင်းသော်လည်းကောင်း မတွေ့ရပါ။
မော်စီတုံးကွယ်လွန်အပြီး တရုတ်ပြည်ကြီးတွင် အသိဉာဏ်စွမ်းအားနည်းတဲ့ မော်ရဲ့ဇနီး ချန်ချင်းဦးဆောင်တဲ့ (၄)ဦးဂိုဏ်းသာ အာဏာရခဲ့ရင် တရုတ်တွေ မြောက်ကိုရီးယားပြည်သူတွေလို ဆင်းရဲတွင်းနက်နေနိုင်တယ်။ အသိဉာဏ်မြင့်မားလှတဲ့ တိန်လျောက်ပိန်လို ခေါင်းဆောင်ကြောင့်သာ ယနေ့တရုတ်တွေ ကမ္ဘာမှာ ခေါင်းထောင် နိုင်ခဲ့ကြရတာကို မမေ့သင့်ပါ။
တချိန်က ဗမာတွေဟာလဲ အရှေ့တောင်အာရှမှာ ဗမာကွလို့ မော်ကြွားနိုင်ခဲ့ဖူးပါတယ်။ ခေါင်းဆောင်သူများရဲ့ စေတနာနဲ့ အသိဉာဏ်စွမ်းအား ကွာခြားမှုပဲ မဟုတ်ပါလား။
ယ္ခုဒေါ်စုရဲ့ မိန့်ခွန်းများ - မီဒီယာတွေနဲ့ တွေ့ဆုံခန်းတွေကို နားဆင်ကြည့်ကြပါ။ စေတနာနဲ့ အသိဉာဏ်စွမ်းအား ရဲ့ အကျိုးတရား ထင်ပေါ်လှပါတယ်။
နောက် အသိဉာဏ်စွမ်းအား (capacity) နဲ့ပတ်သက်လို့ သတိပြုစေချင်တာက အသိဉာဏ်စွမ်းအားဆိုတာ ကျောင်းစာသက်သက်သော်လည်းကောင်း စင်မီနာများ တက်ရုံနဲ့သော်လည်းကောင်း အဆင့်အတန်းတက် မလာနိုင်ပါ။ လေ့လာမှုအားလိုရုံမက လက်တွေ့ အလုပ်အတွေ့အကြုံ၊ ဘဝအတွေ့အကြုံများနဲ့ ပေါင်းစပ်မှသာ ပြီးပြည့်စုံလာပြီး အဆင့်အတန်းမြင့်မားလာနိုင်ပါတယ်။ ဥပမာ ဗိုလ်ချုပ်တို့ လူတစုကိုကြည့်ရင် တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်ပြီးမှ သ္ခင်ခေါင်းဆောင် (သို့) ယူဂျီခေါင်းဆောင်၊ ထိုမှတဆင့် ဂျပန်ခေတ် ဗိုလ်ချုပ် (သို့) ဝန်ကြီး ။ နိုင်ငံရေးနယ်ပယ်မှာ တဆင့်ထက်တဆင့်မြင့်တက်ကာ နောက်ဆုံး ဖဆပလ လွတ်လပ်ရေးခေါင်းဆောင်များ ဖြစ်လာကြရတယ်။
ထိုနည်းတူစွာ တရုတ်ပြည်သမိုင်းကိုကြည့်ရင်လဲ ချူအင်လိုင်းသည်လည်းကောင်း၊ တိန်လျောက်ပိန် သည်လည်းကောင်း ကျောင်းသားလူငယ်ဘဝမှာ ပြင်သစ်ပြည်ကို ပညာတော်သင် ထွက်ခဲ့ကြသော်လဲ စာကိုဖြောင့်အောင် မသင်ကြရ၊ ပါတီအကျိုးအတွက်ဆောင်ရွက်ကြရင်း တရုတ်ပြည် ပြန်ခေါ်ခံရကာ ပါတီ တာဝန်တွေကို ထမ်းဆောင်ရင်း တာဝန်အဆင့်များ မြင့်သထက်မြင့်လာကာ နောက်ဆုံးဝန်ကြီးချုပ်/ဒုဝန်ကြီးချုပ် ဘဝရောက်ခဲ့ကြရတယ်။ (မှတ်ချက်- The eldest son by Han Su Ying နှင့်My father Deng Xiaoping – The war years by Deng Rong တို့ကိုဖတ်ကြည့်ကြပါ)
ဗိုလ်ချုပ်တို့ခေတ်က ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့ ကိုအောင်ဆန်း ကိုနု သ္ခင်စိုး သ္ခင်သန်းထွန်း ဂိုရှယ် ကိုကျော်ငြိမ်း သ္ခင်သိန်းဖေ ကိုရာရှစ် ကိုဗဟိန်း ကိုဗဆွေတို့ဟာ စာဖတ်အားကောင်းပြီး စာတန်းတခုကို လက်တန်းရေးနိုင်တဲ့ အရည်အချင်းပြည့် (အသိဉာဏ်စွမ်းအား) မြင့်မားတဲ့ ပညာတတ်များဖြစ်ကြရုံမက အောက်ခြေစည်းရုံးရေးကို ကောင်းကောင်းနောကြေတဲ့ အရွေးကောက်ခံခေါင်းဆောင်များ၊ ပါတီထူထောင်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်များ ဖြစ်ကြတယ် ။
ကနေ့အဖြစ်ကို ကြည့်ကြရင် (အထူးသဖြင့် ပြင်ပတွင်) နိုင်ငံရေးအရ မူလတန်း သာသာ ရှိသော သူများကလဲ မိမိကိုယ်မိမိ ခေါင်းဆောင်ကြီးလို့ထင်သူကထင်၊ ၈၈၈၈ မှာ ငါတို့ကမှခေါင်းဆောင်အစစ်ဟု ကြွေးကြော်သူကကြွေးကြော်၊ စာအုပ်လေးအုပ်နှစ်ဆယ်သာသာလောက် ဖတ်ပြီးတာနှင့် မိမိအထင်ကို ရာဇဝင် အဖြစ် ရေးသူကရေး၊ မြှောက်ပေး သူများက မြှောက်ပေး။
နိုင်ငံရေးသမားဆိုတာ တံဆိပ်တပ်.. အလံထောင်.. ကြွေးကျော်ရုံနဲ့ နိုင်ငံရေးသမား စစ်စစ် နိုင်ငံရေးသမားကောင်း ဖြစ်မလာပါဘူး။
ပြည်တွင်းမှာလဲ နိုင်ငံရေးနားမလည်တဲ့ အင်ဂျီအို နဲ့ စီ်းပွားရေးသမားများက နေ့တွင်းညတွင်းချင်း နိုင်ငံရေးသမား အမတ်လောင်းများ ဖြစ်လိုဖြစ်၊ မနေ့ကမှ ပုခုံးအပေါ်က အပွင့်တွေနဲ့ စစ်ယူနီဖေါင်း ဝတ်ထားသူများကလဲ မောင့်ကျက်သရေခေါင်းပေါင်းတလူလူနှင့် အရပ်သားနိုင်ငံရေးခေါင်းဆောင်ကြီးတွေဖြစ်၊ လမ်းမတော် ဖိုးတုတ်နဲ့ အလီဘာဘာ လူမိုက်အုပ်စု ဖွတ်ကြီးအဖွဲ့ကလဲ ရုတ်တရက် တရားဝင် နိုင်ငံရေး ပေါ်ပင် ပါတီဝင်များ ဖြစ်လိုဖြစ် နဲ့ ပလို့ဂျိ ဆိုပြီး ကြိမ်တို့ကာ ပေါ်လာလိုက်တဲ့ ခေတ်ပေါ် နိုင်ငံရေးသမားတွေ ….ဒုနဲ့ဒေး။
နိုင်ငံရေးသမားဆိုတာ တံဆိပ်တပ်..အလံထောင်..ကြွေးကျော်ရုံနဲ့ နိုင်ငံရေးသမား စစ်စစ် နိုင်ငံရေးသမားကောင်း ဖြစ်မလာပါဘူး။
နိုင်ငံရေးသမား စစ်စစ်ဆိုတာ တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့်စိတ်ကို အခြေခံကာ ယုံကြည်ချက်၊ ခံယူချက် ရှိရပါမယ်။ အတွင်း စိတ်ဓာတ် ခိုင်မာရပါမယ်။ မိမိလျှောက်လိုတဲ့ ဦးတည်ချက် - လမ်းစဉ် - ရည်မှန်းချက် - ဖေါ်ဆောင်လိုတဲ့ ပေါ်လစီ - တွေကို မိမိကိုယ်တိုင်သိမှ - လူထုကိုချပြ ဦးဆောင်မှုပေးနိုင်ပါမယ်။ ဒါတွေပြည့်စုံဖို့- အသိဉာဏ်စွမ်းအား - လိုလာပြန်တယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ သူအထင်ကြီးတဲ့ ဒေါက်တာဗမော် လေသံနဲ့ ဌာန်ကရိုဏ်း ကျကျ အင်္ဂလိပ် စကား ပြောကျင့်ခဲ့ရတယ် (ဦးသိန်းဖေမြင့်၏ကျော်ငြိမ်း စာမျက်နှာ ၃၉)။ အင်္ဂလိပ်ကို အထင်ကြီးလို့မဟုတ်၊ ခေါင်းဆောင်ဆိုတာ မိမိအတွေး မိမိအမြင် မိမိ ယုံကြည်ချက်ကို အများလူထုသိအောင် ချပြဖို့လိုတယ်။ ပရိသတ်အလယ်မှာ ရဲရဲပြောတတ်ဖို့လိုတယ်။ အင်္ဂလိပ်စာဟာ ကမ္ဘာသိစာဖြစ်နေလို့ အင်္ဂလိပ်စာကို လက်နက်အဖြစ်သုံးရမှာကို သိလို့ ဖြစ်တယ်။
တခါ ကျောင်းသားတဦးက ကိုကျော်ငြိမ်းကိုအပြစ်တင်စကားပြောလာတယ်။ ကိုအောင်ဆန်းက မခံ ကိုကျော်ငြိမ်းအခန်းခေါ်သွားပြီး စာအုပ်ပုံအကြားငုံ့ဖတ်နေတဲ့ ကျောင်းသားကိုလက်ညိုးထိုးပြီး အဲဒါ ကျော်ငြိမ်း တိုင်းပြည်အတွက် ကုန်းဖတ်နေတာကွလို့ ကာကွယ်ခဲ့တယ်။ ဘာလုပ်လုပ် တိုင်းပြည်အတွက်လို့ စိတ်ထဲမှာ ရှိခဲ့ကြတယ်။ ဗဟုသုတ ကြွယ်ရန်စာဖတ်ကြတယ်၊ သဘောတရားရေးတွေ လေ့လာဆွေးနွေးကြတယ်၊ တရားဟောစည်းရုံးရေးဆင်းကြတယ်၊ အားလုံးတိုင်းပြည်အတွက် သူ့ကျွန်ဘဝက လွတ်ဖို့။
ယ္ခုခေတ် ခေါင်းဆောင် ဖြစ်ချင်သူများ (ပြည်ပ) ၊နိုင်ငံ့အာဏာ ယူထားသူများ နဲ့ကွာခြားလှပါပြီ။
နိုင်ငံရေးစိတ်ဓာတ် - တိုင်းပြည် နှင့်လူမျိုးအပေါ် ထားတဲ့ စေတနာကွာခြားပါပြီ။
စေတနာ နဲ့ တိုင်းပြည်ချစ်စိတ် တို့ဟာ ဗီဇ လို့ပြောနိုင်တယ်၊ နှလုံးသားမှစီးဆင်းလာတယ်။
(မူ) နှင့် (ယုံကြည်ချက်) တို့ ဟာ (အသိဉာဏ်စွမ်းအား) အပေါ် မူတည်ပြန်တယ်။
အတိုချုပ်ရသော်
ဗိုလ်ချုပ်တို့ခေတ်က ကျောင်းသားခေါင်းဆောင် သ္ခင်ပေါက်စများဟာ သူ့ကျွန်မခံလိုစိတ် တိုင်းပြည်ချစ်စိတ် အရင်းတည်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတယ်။ အဖွဲ့အစည်းတွင်း စနစ်တကျ စည်းကမ်းတကျ လုပ်ဆောင်ခွင့်ရှိခဲ့ကြရုံမက မဲနဲ့အရွေးကောက်ခံရတဲ့ ကျောင်းသားခေါင်းဆောင်အဖြစ် ရပ်တည်ကြရလို့ တာဝန်နဲ့ ဝတ္တရားကို နားလည်သလို အဖွဲ့အစည်းတွင်း အုပ်စုအားပြိုင်မှုအကြောင်းကို လက်တွေ့ ဖြေရှင်းကြရလို့ အပေးအယူ အကြောင်း ကောင်းကောင်းကြီး နားလည်ခွင့်ရခဲ့ကြတယ်။ တပြည်လုံး ပြန့်သွားတဲ့ကျောင်းသားသပိတ်ကြီးကို ဖေါ်ထုတ်နိုင်စွမ်းရှိလို့ ကျောင်းသားကွန်ယက် တည်ဆောက်နိုင်ကြရုံမက ထိုခေတ် နိုင်ငံရေးသမားကြီးများနှင့် ထိတွေ့ဆက်ဆံခွင့်ရခဲ့ကြတယ်။
ကျောင်းသားသမဂ္ဂဟာ နောင်တိုင်းပြည် လွတ်လပ်ရေးကို အရယူပေးမယ့် ခေါင်းဆောင်များကို မွေးထုတ်ပေးရာ ဘူမိလက်သံ မှန်သော မဏ္ဍိုင် တခု ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင်များကလဲ အစွမ်းအစ ရှိတဲ့ စာဖတ်အား လေ့လာအား ကောင်းတဲ့ အသိဉာဏ် (capacity) မြင့်မားပြီး (မူ) ရှိတဲ့ တိုင်းပြည်ချစ်တဲ့ လူငယ်များ ဖြစ်ကြောင်း သတိပြုစေချင်ပါတယ်။
လူငယ်အပေါင်း အမျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ် တိုးပွား၍ အသိဉာဏ်စွမ်းအားမြင့်မားကြပါစေသောဝ်။
ဘိုကျော်ငြိမ်း
ဇင်းမယ် (ချင်းမိုင်)
ကိုးကားစာအုပ်စာတမ်းများ
ကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ထွန်း)
ဦးသိန်းဖေမြင့်ရဲ့ ကျော်ငြိမ်း
ဦးနုရဲ့ တာတေစနေသား
U Nu of Burma by Mr Butwell
Aung San of Burma by Aung San Suu Kyi
ဦးကျော်ငြိမ်း ကိုယ်တွေ့မှတ်တမ်း
ဒေါက်တာသာလှ ကိုယ်တွေ့မှတ်တမ်း
သ္ခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း(၁ဝ)တိုင်း
A History of Burma Socialist Party 1930-1964 by Dr Kyaw Zaw Win
ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားကဗမာပြည်
The eldest son by Han Su Ying
My father Deng Xiaoping – The war years by Deng Rong
နောက်ဆက်တွဲ
ဒုတိယပိုင်းမှာ ဗိုလ်ချုပ် ကျောင်းသားခေါင်းဆောင်ဘဝက နိုင်ငံရေးသမားဘဝ သို့ ကူးပြောင်းသွားပုံ ကို ဆက်လက် ဖေါ်ပြသွားပြီး အတိုက်အခိုက် အပြိုင်အဆိုင် များကြားက ပြိုင်ဘက်မရှိ အမျိုးသားခေါင်းဆောင်ဘဝ သို့ ရောက်လာပုံ ဗိုလ်ချုပ်ရဲ့ လေ့လာစရာ နိုင်ငံရေးအကွက်တွေကို ဆည်းပူး ဖေါ်ထုတ်ရင်း..
တတိယအပိုင်းမှာ…. အမျိုးသားခေါင်းဆောင် အဆင့်ရောက်မှ အင်္ဂလိပ် ကိုလိုနီတို့နဲ့ ဉာဏ်ချင်းယှဉ်ပြီး လွပ်လပ်ရေးကို မည်သို့ အကွက်ကျကျ တိုက်ယူနိုင်ခဲ့ပုံတို့ကိုတင်ပြဆွေးနွေးပါရစေ။
****************
ရာဇဝင် မှတ်တမ်းအတွက် ၁၉၃၆ သပိတ်မှောက်ကောင်စီ စာရင်းကို တင်ပြပါရစေ။
ကျောင်းသားလှုပ်ရှားမှုသမိုင်း (စာမျက်နှာ ၇၈) ကိုညွှန်းပါတယ်။
၁။ ကိုရာရှစ် ဥက္ကဋ္ဌ
၂။ ကိုကျော်ငြိမ်း အတွင်းရေးမှုး
၃။ ကိုအုန်း
၎။ ကိုသီဟန်
၅။ ကိုလှဖေ (ဗိုလ်လက်ျာ)
၆။ ကိုထွန်းအုံ
၇။ ကိုထွန်းတင်
၈။ ကိုတီကေဘွန်း
၉။ ကိုအေးချို
၁ဝ။ကိုညိုမြ (ကိုသိန်းတင်)
၁၁။ကိုသာလှ
၁၂။သရဲကိုဘအေး
၁၃။ကိုညိုထွန်း
၁၄။မအမာ (လူထုဒေါ်အမာ)
၁၅။ကိုစိုးမောင်
၁၆။မအုန်း
၁၇။မမကြီး
၁၈။မခင်မြ
၁၉။ကိုလှမောင် (ရမည်းသင်း)
၂ဝ။ကိုညွန့်
၂၁။ကိုခင်မောင်
၂၂။ကိုသိန်းဖေ
၂၃။ကိုအောင်ဆန်း
၂၄။ကိုနု
၂၅။မခင်ကြီး အပါအဝင် (၂၉)ဦး
(မှတ်ချက်။ ကျောင်းသားသမဂ္ဂသမိုင်း စာအုပ်အရ ကိုရာရှစ်ဟာ သပိတ်မှောက်ကောင်စီဥက္ကဋ္ဌဖြစ်ပြီး ကိုကျော်ငြိမ်းဟာ အတွင်းရေးမှူးဖြစ်တယ်။ ဦးကျော်ငြိမ်းနဲ့ ဒေါက်တာသာလှတို့ရဲ့ ကိုယ်ရေးမှတ်တမ်းအရ ကိုနု ဥက္ကဋ္ဌ၊ ကိုရာရှစ် ဒုဥက္ကဋ္ဌ၊ ကိုကျော်ငြိမ်း အတွင်းရေးမှူး အဖြစ် အရွေးခံရတယ်လို့ ရေးသားမှတ်တမ်းတင်ခဲ့ကြတယ်)
ဂီရိလေဘေး ဒေါ်စု သိန်း ၁ဝဝ လှူ
မြင့်မောင် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဂီရီမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀ မနေ့က လှူသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။
“ ဒေါ်အောင်ဆန်းစုကြည်က သူ့အတွက် လှူဒါန်းတဲ့ ပိုက်ဆံတွေ၊ သူ့အတွက်ရထားတဲ့ ကိုယ်ပိုင် ပိုက်ဆံတွေကို ဘယ်မှာမှ မသုံးဘူး၊ အဖွဲ့ချုပ်အတွက်ပဲ သုံးတယ်။ အဖွဲ့ချုပ် သုံးတာကလဲ ပြည်သူလူထု အကျိုးအတွက်ပဲ သုံးနေတာပဲ။ အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် လှူတယ်ပဲ ပြောပြော၊ အဖွဲ့ချုပ်က လှူတယ်ပဲ ပြောပြော အတူတူပဲ” အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီနှင့် ရွေးကောက်ပွဲ ဝင်ပြိုင်သော တသီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ပါဝင်လှူဒါန်းခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၁၅ဝ ခန့် ရရှိသည်။
မုန်တိုင်းဒဏ်ခံရသူများအတွက် အမိုးအကာနှင့် အစားအသောက်များ ကိုယ်တိုင်သွားလှူရန် စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင် ဦးဆောင်သော အဖွဲ့ ယနေ့နေ့လယ်က ကျောက်ဖြူသို့ ရောက်ရှိလာသည်။
“ အမိုးအကာ လုပ်လို့ရတဲ့ မိုးကာစ အလိပ်ကြီး ၁၃ လိပ်လောက် ဝယ်လာတယ်။ သံဃာတော်တွေအတွက် သင်္ကန်းတွေ ပါတယ်။ အင်္ကျီနဲ့ အဝတ်အစားတွေ ပါလာတယ်” ဟု ဦးအေးသာအောင်က တယ်လီဖုန်းမှ တဆင့် ပြောသည်။
ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောမြို့နယ်များရှိ ရွာများတွင် ရေတွင်းများ တူးပေးရန်လည်း အလှူရှင်များ စီစဉ်ထားသည်။
“တချို့ ရွာစာရင်း မပေါက်တဲ့ ရွာလေးတွေရှိတယ်။ အဲဒီရွာတွေကို ဘယ်အဖွဲ့မှ မကူညီဘူး။ ဘာမှလဲ စားစရာမရှိဘူး။ အဲဒီလို ရွာတွေကို အဓိကထား လှူတယ်” ဟု ဦးအေးသာအောင်က ပြောသည်။
အောက်တိုဘာ ၂၂ ရက်က ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တောမြို့နယ်များတွင် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပြီး အနည်းဆုံး လူ ၄၅ ဦး သေကြေ ပျောက်ဆုံးကာ လူ
၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။(မဇ္ဈိမ)
အပိုင်စီးခံရ ဘင်္ဂလာဒေခ်ျ့ သင်္ဘော ပြန်ပေးငွေ ဒေါ်လာ ၉ သန်းတောင်း
12/14/2010
hijacked-Bangladesh-flagged-ship-MV-Jahan-Moni
သင်္ဘော MV Jahan Moni
အိန္ဒိယ နိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် ဒီဇင်္ဘာလ ၅ ရက်နေ့က ဆိုမာလီ ဓါးပြများ၏ ပြန်ပေးဆွဲခံရသော ဘင်္ဂလာဒေခ်ျ့ သင်္ဘောကို ပြန်ပေးငွေ အမေရိကန် ဒေါ်လာ ၉ သန်း တောင်းခံထားကြောင်း သတင်း ရရှိသည်။
ပင်လယ်ဓါးပြများက ယမန်နေ့ (တနင်္လာနေ့) က သင်္ဘောနှင့် သဘောင်္သား ၂၆ ဦး လွတ်မြောက်ရေး အတွက် ပြန်ပေးငွေ အမေရိကန် ဒေါ်လာ ၉ သန်း တောင်းခံထားသည်ဟု သင်္ဘောကို ပိုင်ဆိုင်သော ကုမ္ပဏီက ပြောသည်။
ပြန်ပေးဆွဲခံရသော ဘင်္ဂလာဒေခ်ျ့ သင်္ဘောမှာ MV Jahan Moni ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ စူးအက်တူးမြောင်းကို ဖြတ်သန်းကာ ဥရောပနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရန် ခုတ်မောင်းလာစဉ် အိန္ဒိယ ကမ်းလွန်မှ မိုင် ၁၈၅ အကွာ လက်ရှာဝီ ကျွန်းစုတွင် ဓါးပြများ၏ အပိုင်စီးခြင်းကိုခံရခြင်း ဖြစ်သည်။
ယမန်နေ့ နေ့လည် ၂ နာရီတွင် သင်္ဘောပေါ်တွင် ပါသွားသူ ဘင်္ဂလာဒေခ်ျ့ သင်္ဘောသားများနှင့် ဖုံးမှ တဆင့် ဆက်သွယ် ရရှိရာမှ ဓါးပြများမှ ပြန်ပေးငွေ ဒေါ်လာ ၉ သန်းတောင်း ခံထားကြောင်း ပြောသည်ဟု သင်္ဘော ကုမ္ပဏီ မန်နေဂျာက ပြောသည်။
သင်္ဘောသားများ အနေဖြင့် သက်ဆိုင်ရာ မိသားစုများနှင့် တနင်္ဂနွေနေ့မှ စတင် အဆက် အသွယ်ရခဲ့ပြီး သင်္ဘောပေါ်တွင် ဆိုမာလီ ဓါးပြ ၅၀ ခန့် တက်ရောက် စောင့်ကြပ်နေသည်ဟု ပြောသည်။
ဓါးပြများသည် သင်္ဘောပေါ်တွင် ပါလာသူ သင်္ဘောအင်ဂျင်နီယာချုပ်၏ ဇနီးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရသည်။(နိရဉ္စရာ)
Monday 6 December 2010
ချင်းပြည်နယ် ပယကဥက္ကဌဗိုလ်မှူးချူပ်ဟုန်းငိုင်က မယကဥက္ကဌကို ကိုယ်ထိလက်ရောက်စော်ကား
December 7th, 2010
ချင်းပြည်နယ် ပြည်နယ်ဥက္ကဌ ဗိုလ်မှူးချူပ်ဟုန်းငိုင်က ဟားခါးမြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (မယက) ဥက္ကဌ ဦး ဆွန်ခန့်ထန်ကို ယခုရပ်ပိုင်းက ကိုယ်ထိ လက်ရောက်စော်ကားခဲ့ကြောင်းသိရသည်။
ဟားခါးမြို့တွင် ယခုလ ၄ ရက်နေ့က နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိတဲ့ ဒီဇင်ဘာလမ်းလျှောက်ပွဲ၌ လာရောက်သူ လူဦး ရေအလွန် နည်းပါး လွန်းသည့် အတွက်ကြောင့် ဗိုလ်မှူးချူပ်ဟုန်းငိုင်က စိတ်ဆိုးဒေါသထွက်သဖြင့် မယကဥက္ကဌကို အများ ပြည်သူရှေ့မှောက်တွင် သူ့မျက်နှာကို လက်သီးနဲ့ထိုးကြိတ်ခဲ့သည်ဟု ဟားခါးမြို့ခံတဦးကပြောသည်။
မယက ဥက္ကဌ ဦး ဆွန်ခန့်ထန်သည် ပြင်းထန်သည့်ဗိုလ်မှူးချူပ်၏လက်သီးဒဏ်ကြောင့် မြေပြင်ပေါ်သို့လဲကျ သွားခဲ့သည် ဟုသိရသည်။
ယခုလ ၄ ရက် စနေနေ့က ကျင်းပခဲ့သည့် အဆိုပါဒီဇင်ဘာလမ်းလျှောက်ပွဲတွင် အစိုးရ၀န်ထမ်း စုစုပေါင်း ၂၀ ခန့်သာတက်ရောက် လာခဲ့ကြောင်းသိရသည်။ ယင်းကိစ္စနဲ့ပတ် သက်ပြီး မယကဥက္ကဌကို ဌါနဆိုင်ရာများလည်း အုပ်ချူပ်နိုင် ခြင်းမရှိဘူးဟုဆိုကာ ယခုကဲ့သို့ ထိုးကြိတ်ခဲ့ခြင်းဖြစ်ဟုသိရသည်။
ဗိုလ်မှူးချူပ်ဟုန်းငိုင်၏ လက်သီးဒဏ်ချက်ကြောင့် မယကဥက္ကဌ မြေပြင်ပေါ်သို့လဲကျသွားသည်ကို တွေ့မြင်ခဲ့ကြသည့် ဒီဇင်ဘာလမ်း လျှောက်ပွဲကိုတက်ရောက်လာကြသော ၀န်ထမ်းများက အတော်လေးစိတ်မကောင်းဖြစ်နေကြသည်ဟုဟား ခါးဒေသခံတဦးကပြောသည်။ သို့ သော် မယက ဥက္ကဌ ဦး ဆွန်ခန့်ထန်သည် ပြင်းထန်သည့်ဒဏ်ရာ ဒဏ်ချက်ရရှိခြင်းမရှိကြောင်းသိရသည်။
ဗိုလ်မှူးချုပ်ဟုန်းငိုင်သည် ပြီးခဲ့သည့် နိုဝင်ဘာလ (၇)ရက်နေ့  မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် မင်းတပ်မြို့မဲဆန္ဒနယ်(၂)တွင် ၀င်အရွေးခံခဲ့ပြီး ကြိုတင်မဲကြောင့်အနိုင်ရရှိခဲ့သည်။
ချင်းပြည်နယ်တွင် လွှတ်တော်အမတ်နေရာ ၃၉ နေရာရှိသည့်အနက် (၁၈)နေရာသာကြံ့ဖွံ့ပါတီကရရှိခဲ့သည်။ အထူးသဖြင့် ဗိုလ်မှူးချုပ်ရုံးစိုက်ရာ မြို့ တော်ဟားခါးတွင် ချင်းအမျိုးသားပါတီနှင့် ဖလမ်းမြို့ နယ်တွင် ချင်းတိုးတက်ရေးပါတီတို့ က အပြတ်အသတ်အနိုင်ရရှိခြင်းအပေါ်မကြေမနပ်ဖြစ်ကြောင်းသိရသည်။
ယင်းသို့ ကြံ့ဖွံ့ ပါတီရှုံးနိမ့်သည့်အပေါ် အစိုးရ၀န်ထမ်းထဲမှ ကြံ့ဖွံ့ ပါတီ ကန့် ကွတ်မဲ ပေးသူများကို သက်ဆိုင်ရာ တာဝန်ရှိသူ များအား နိုဝင်ဘာလ (၁၂)ရက်နေ့ မှ ပြန်လည်စီစစ်ခိုင်း ကြောင်း၊ ထိုအချိန်မှစပြီး အစိုးရ၀န်ထမ်းများအပေါ် မကြေမနပ်ဖြစ် နေပြီးဖြစ်ကြောင်း သိရသည်။
ဟားခါးဒေသခံက” ဒီလမ်းလျှောက်ပွဲမှာ ၀န်ထမ်းတွေ ပါဝင်မှုနည်းတာနဲ့ ပတ်သက်ပြီး ပယက ဥက္ကဌမကြေမနပ်ဖြစ်တာ ကတော့မှန်တယ်လေ၊ ဒါပေမဲ့သူ့ ပါတီပေါ့ (ကြံ့ဖွံ့ ပါ တီ) ချင်းပြည်နယ်မှာ ရှုံးဆုံးတာလည်း သူ့ သမိုင်းမှာ မကောင်းဘူး ဆိုတော့ အခုလိုမယက ဥက္ကဌအပေါ် လက်လွန်ခဲ့တာ အထူးအဆန်းတော့မဟုတ်ဘူး” ဟုသုံးသပ်ပါသည်။(khonumthung)
Saturday 4 December 2010
ကလေးမြို့ အထက(၁)ကျောင်း မီးလောင်မှုဖြစ်ပွား
၀၃ရက်၊ဒီဇင်ဘာ
စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ အထက(၁)ကျောင်းကြီးသည် ယနေ့နံနက် ၁ နာရီဝန်းကျင်တွင် မီးလောင်ကြောင်း သိရသည်။ ကျောင်းဆောင်ကြီးတစ်ခုလုံး လောင်ကျွမ်းပြီး အသေအပျောက်မရှိကြောင်း သတင်းရရှိသည်။
Photo : Internet
အဆိုပါ မီးလောင်မှုသည် အစိုးရလျှပ်စစ်မီးမှ တဆင့် ၀ါယာရှော့ဖြစ်သောကြောင့် ရုံးခန်းမှ စတင်လောင်ကျွမ်းသည်ဟု သတင်းရရှိသည်။
"မီးစတင်လောင်တာကတော့ ၀ါယာရှော့ကနေ လို့ပြောကြတာပဲ။ လောင်းကျွမ်းသွားတဲ့ ကျောင်းဆောင်ကတော့ နှစ်၅၀ပြည့်အမှတ်တရ ကျောင်းဆောင်သစ်ကြီး၊ တစ်ခုလုံးပါသွားတယ်။နှမြောလိုက်ဒါဗျာ ပြည်သူတွေရဲ့ငွေတွေနှစ်ခါကုန်တော့မှာဘဲ။ နောက်ပြီးတန်ဖိုးရှိတဲ့ပစ္စည်း အားလုံးက အဲဒီအဆောင်ထဲမှာ ထားတယ်လေ၊ ကျောင်းဆောင်ကြီးတစ်ခုလုံး လောင်ကျွမ်းတယ် လူသေ၊ ဒဏ်ရာရရှိသူတော့ မရှိဘူး" ဟု အမည်မဖော်လို ကလေးမြို့နေ ကျောင်းအနီးရှိ တစ်ဦးက ချင်းတွင်းအသံ ကို ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် ကလေးမြို့ ပင်လုံရပ်ကွက် (၇) ရှိ အိမ် ၈ လုံးလောင်ကျွမ်းခဲ့ကြောင်းလည်း သတင်းရရှိသည်။(ချင်းတွင်းသတင်းထောက် ကလေးမြို့)
Friday 3 December 2010
မြောက်ကိုရီးယား တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော မရီန်းများ၏ ဈာပနာ
၃ရက်၊ဒီဇင်ဘာ။
မြောက်ကိုရီးယားမှ အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော မရီန်းတပ်သား ၂ ဦး
ယခုအပတ် အစောပိုင်းတွင် မြောက်ကိုရီးယားမှ ယုံပြုံး (Yeonpyeong)ကျွန်းအား အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကျဆုံးသွားသော မရီန်း (Marine) တပ်သားနှစ်ဦး၏ ဈာပန အခမ်းအနားအား တောင်ကိုရီးယားတွင် ကျင်းပသည်။ မြောက်ကိုရီးယား၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူလေးဦး သေဆုံးခဲ့သည်။
အစောပိုင်းသတင်းများတွင် မရီန်း (Marine) တစ်ယောက်သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ အမြောက်ဖြင့် ပြန်လည် တုန့်ပြန်ပစ်ခတ်ခဲ့သော တောင်ကိုရီးယားသည် တနင်္ဂနွေ (၂၈.၁၁.၂၀၁၀) တွင် အမေရိကန်ပြည်ထောင်စု တပ်များနှင့် ပူးပေါင်း၍ စစ်လေ့ကျင့်ရေး ပြုလုပ်မည် ဖြစ်သည်။
တောင်နှင့် မြောက် ကိုရီးယား နယ်စပ်
မရီန်း (Marine) တပ်ဖွဲ့ဝင်များဖြစ်သော စို ဂျုံဝူး (Seo Jeong-Woo) နှင့် မွန်း ကွမ်ဝုခ် (Moon Kwang-Wook) တို့၏ ဈာပန အခမ်းအနားအား မြို့တော် ဆိုးလ် (Seoul) အနီးရှိ စွန်းနမ် (Seongnam) မြို့ စစ်ဆေးရုံတွင် ကျင်းပသည်။ ၎င်းဈာပန အခမ်းအနားအား နိုင်ငံ၏ ရုပ်သံအစီအစဉ်တွင် လွှင့်ထုတ်သည်။
ရာနှင့်ချီသော အစိုးရနှင့် စစ်ဘက်ပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမားများ၊ ဘာသာရေး ခေါင်းဆောင်များ၊ လှုပ်ရှားသူများ (Activist) နှင့် အရပ်သူ အရပ်သားများ ဈာပန အခမ်းအနားအား တက်ရောက်သည်ဟု ယုံဟတ် (Yonhap) သတင်းဌာနမှ ပြောသည်။ ဈာပန အခမ်းအနား တက်ရောက်သူများထဲတွင် ဝန်ကြီးချုပ် ကင်း ဝှမ်စစ်ခ် (Prime Minister Kim Hwang-Sik) နှင့် မရီန်းတပ်၏ ခေါင်းဆောင် ဗိုလ်ချုပ် ယူ နက်ဂျွန်း (Maj Gen You Nak-Jun) တို့ ပါဝင်သည်။
တီးတိန်မြို့တွင် စစ်သားများက အမျိုးသမီးတဦးကို မုဒိမ်းကျင့်
Friday, 03 December
တီးတိန်မြို့လည် နာရီစင်
ယခုအပတ် တနင်္လာနေ့ ည ၉ နာရီ ၀န်းကျင်တွင် တီးတိန်မြို့လယ် နာရီစင်အနီး၌ တီးတိန်မြို့သူတဦးကို စစ်သားသုံးဦးက အကြမ်းဖက် မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားမှုမှာ သမီးရည်းစားချိန်းတွေ့နေစဉ် တီးတိန်မြို့နယ် စစ်ဦးစီးတပ်မှ စစ်သားသုံးဦးက ချစ်သူကောင်လေးကို ထိုးကြိတ်ခဲ့ပြီး ၁၉ နှစ်အရွယ် အမျိုးသမီးကို ကိုယ်ထိလက်ရောက် အဓမ္မမမုဒိမ်းကျင့်ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သမီးရည်စားနှစ်ဦး၏ မိဘများဘက်မှ သက်ဆိုင်ရာကို အကြောင်းကြားခဲ့သော်လည်း သက်ဆိုင်ရာ (နအဖ)မှ ကြည်အေးရန် ပြန်လည်တောင်းဆိုရာ ၎င်းမိဘများက လက်မခံခဲ့ပေ။
ဤကိစ္စနှင့် ပတ်သက်၍ လက်ခံခြင်းမပြုခဲ့လျှင် တီးတိန်မြို့ပေါ်ရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအားလုံးကို သိမ်းပိုက်မည်ဟု သက်ဆိုင်ရာ စစ်တပ်မှ ခြိမ်းခြောက်ခဲ့သည်။
ထိုအခြေအနေများကြောင့် ၎င်းမိသားစုဝင် မိဘများအနေဖြင့် ၎င်းတို့ကြောင့် အဆိုပါ ခြိမ်းခြောက်မှုအား မသက်ဆိုင်သူ ပြည်သူများထံ ကျရောက်မည်ကို မလိုလားသောကြောင့် စစ်တပ်ဘက်မှ ကြည်အေးမှု ကမ်းလှမ်းချက်ကို လက်မခံချင်သော်လည်း လက်ခံခဲ့ရသည်ဟု ကြားသိရသည်။(ဇိုဂမ်သတင်း)
အိမ်စာ မရသူများ ကျောင်းထုတ်ခံရ
ဝ၂ ဒီဇင်ဘာလ ၂၀၁၀
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Rallawn အစိုးရအလယ်တန်းကျောင်းအုပ်ဆရာကြီးကအိမ်စာ မရသူ အဌမတန်း ကျောင်း သား ၁၀ ဦးကို နိုဝင်ဘာလ ကကျောင်းထုတ်လိုက်သည်ဟု သိရသည်။
“ အိမ်စာမရလို့ ကျောင်းအုပ်ဆရာကြီးက ကျုပ် သမီးကို ကျောင်းထုတ်လိုက်တယ်” ဟု မီဇိုရမ်ရောက် ကျောင်းသားမိဘ တဦး ကပြောသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ကျေးရွာ ရယက တွေက မြို့နယ်ပညာရေးမှူးထံသို့ တင်ပြသော်လည်း တစုံတရာ တုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။
အဆိုပါ ကျောင်းသူက “ ကျောင်းစည်းကမ်းမလိုက်နာလို့ ကျောင်းထုတ်ယင် တော့ တမျိုးပေါ့၊ ခုဟာက စာ အလွတ် မရ လို့ ကျောင်းထုတ် တာဆိုတော့ ဒါ မတရားလုပ်တာ” ဟု ပြောသည်။
ချင်းပြည်နယ် တွင် ကျောင်းဆရာမလုံလောက်ခြင်းကြောင့် ကျောင်းသားကျောင်းသူများ သင်ကြားရေးတွင် အတော် ဒုက္ခ ရောက်နေကြကြောင်း
ဒေသခံတွေက ပြောကြသည်။
“ တချို့ကျောင်းဆရာတွေက မြို့ပေါ်မှာပဲ နေကြတယ်၊ နယ်ကို မသွားချင်ကြဘူး၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ကျောင်း ဆရာအင်အားမလုံလောက်ဘူး” ဟု မတူပီမြို့နယ်မှ အလယ်တန်းကျောင်းဆရာတဦးက ပြောသည်။
တချို့ကျေးလက်ဒေသများတွင် ကျောင်းဆရာမလုံလောက်သောကြောင့် ဒေသခံတွေက သားသမီးများ ပညာသင်ကြား နိုင်ရေးအတွက် ခေတ်ပညာတတ်လူငယ်များကို အခကြေးငွေဖြင့် ငှားရမ်းကြသည်။ – Khonumthung News.
Thursday 2 December 2010
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ၁၇.၄.၁၉၄၇ တွင် ထုတ်လွှင့်သော အသံလွှင့် မိန့်ခွန်းမှ....ဘယ်သူ့အတွက်လဲ ဒီမိုကရေစီဆိုဒါ
ဒီမိုကရေစီသဘောတရားကို ယေဘုယျထား၍ ပြောလျှင်မှားယွင်းမည်။ ကျွန်ုပ်တို့ မေးရမည့်မေးခွန်းမှာ “ဘယ်သူ့အတွက် ဒီမိုကရေစီလဲ” ဟူသော မေးခွန်းပင်ဖြစ်သည်။
လီနင်
သေမင်းလက်ထဲမှာ ကိုင်ဆောင်ထားလို့ဖြစ်တယ်
လူဟာ လူသားတွေရဲ့ ဆင်းရဲခြင်းပုံသဏ္ဍာန်အမျိုးမျိုးနဲ့ လူသားတွေရဲ့ ဘဝပုံစံအမျိုးမျိုးကို ဖျတ်သိမ်းပစ်နိုင်တဲ့အာဏာကို သူ့ရဲ့သေမင်းလက်ထဲမှာ ကိုင်ဆောင်ထားလို့ဖြစ်တယ်။
ဂျွန်အက်ဖ်ကနေဒီ
ပြည်သူတွေကို ကျွန်တော်တို့ နာခံရပါမယ်
ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းကြီးဟာ ကျွန်တော့်ရဲ့ အစီရင်ခံစာ ခေါင်းစဉ်အဖြစ် ကျွန်တော်ရွေးချယ်ထားတဲ့ စကားလုံးတွေအတိုင်း “တို့ပြည်သူများ” ဆိုတဲ့ အမည်နဲ့ ဖွဲစည်းထားတယ်ဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ မမေ့မလျော့ ရှိကြပါစို့။ ကျွန်တော်တို့ဟာ ကမ္ဘာ့ပြည်သူတွေအတွက် အလုပ်အကျွေးပြုရတဲ့နေရာကို ရောက်နေခြင်းဖြစ်ပြီး သူတို့ (ကမ္ဘာ့ပြည်သူ)တွေကို ကျွန်တော်တို့ နာခံရပါမယ်။
ကိုဖီအာနန်
အမတ်တွေကို ရွေးကောက်ပွဲက တင်မြှောက်လိုက်တယ်ဆိုရင်ပဲ
အခု ဗမာ(မြန်မာ)ပြည်မှာ အမတ်တွေကို ရွေးကောက်ပွဲက တင်မြှောက်လိုက်တယ်ဆိုရင်ပဲ အဲဒီရွေးကောက် တင်မြှောက်လိုက်တဲ့ အမတ်တွေဟာ နောက်ကိုယ့်ဆိုင်ရာနယ်တွေ နယ်တွေနဲ့ အဆက်ပြတ်သွားပြီးတော့ ဘယ်တော့မှ ပြန်မသွားဘူး။ ရွေးကောက်ပွဲ အချိန်ကျတော့မှ ပြန်သွားတော့တာပဲ။
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)
၁၇.၄.၁၉၄၇ တွင် ထုတ်လွှင့်သော အသံလွှင့်မိန့်ခွန်းမှ
ဒီမိုကရေစီစနစ် ထူထောင်မှုလုပ်ငန်းတွေကို ကောင်းကောင်းနားလည်အောင် လုပ်ရမယ်
ကျွန်တော်တို့ ဗမာ(မြန်မာ)ပြည်ဟာ ဒီမိုကရေစီစနစ်အရ ဗမာ(မြန်မာ)ပြည်ကို ပြန်လည်ထူထောင်ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ်ထူထောင်မှု လုပ်ငန်းတွေကို ကောင်းကောင်းနားလည်အောင်လုပ်ရမယ်။
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)
၁၇.၄.၁၉၄၇ တွင် ထုတ်လွှင့်သော အသံလွှင့်မိန့်ခွန်းမှ
အင်တာနက် Group မှကူးယူသည်။
Sunday 28 November 2010
သားသမီးအယောက်(၁၀၀)ပြည့်ရန် (၂ )ယောက်သာ လိုသောဖခင်
UAE နိုင်ငံက ကလေးအများကြီးရှိတဲ့ ရာမာန် လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ ၂၀၁၅ နှစ်မတိုင်မီ
သားသမီးအယောက်(၁၀၀)ပြည့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နောက်ထပ်မိန်းမ ထပ်ယူရန် စီစဉ်ထားခြင်း ဖြစ်ပါတယ်။
ထိုသူဟာ ခြေထောက်တစ်ဖက်သာရှိပြီး သားသမီး (၈၈)ယောက် ရှိပါတယ်။ သူဟာ အသက်က (၆၄)နှစ်ရှိပြီး
အသက်(၁၈)နှစ်မျှသာရှိတဲ့ မိန်းကလေးကို နိုဝင်ဘာလ(၁၇)ရက်နေ့က ဂျိုင်ပူရ်မြို့မှာ လက်ထပ်ခဲ့ပါတယ်။
သူရဲ့လက်ထပ်ပွဲကို အိန္ဒိယဆရာဝန်များက စီစဉ်တာဖြစ်ပြီး သတို့သားက သတို့သမီးဖခင်ကို တင်တောင်းတဲ့
ငွေကတော့ ယူအေအီးငွေ ဒါဟန်း ၂ သောင်း(အမေရိကန်ဒေါ်လာ ၅၄၃၄) ဖြစ်တယ်လို့ ပြောပါတယ်။
ယူအေအီးနိုင်ငံ အဂျမန်ပြည်နယ်နှင့် မနာမာမြို့များမှာ နေထိုင်တဲ့ရာမာန် မှာ သားယောင်္ကျားလေး (၅၀)
နှင့်သမီးမိန်းကလေး (၃၈) ယောက်တို့ရှိခဲ့ပြီးဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်က အက်စီးဒင့်တစ်ခုကြောင့် ခြေထောက်တစ်ဖက်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။
သူရဲ့အကြီးဆုံးသား တာရစ်ကတော့ အသက် (၃၉)နှစ်ရှိပါပြီ။အငယ်ဆုံးလေးကတော့ လသားမျှသာရှိပါသေးတယ်။
ရာမာန်ဟာ ကလေး (၁၀၀)ရရင် အိမ်ထောင်မပြုတော့ဘူးလို့ပြောပါတယ်။ ရာမာန်ဟာ ယူအေအီးတပ်မတော်က ပင်စင်စားတစ်ဦးဖြစ်ပြီး အစိုးရထံမှ ငွေကြေးထောက်ပံ့မှုများ နေထိုင်စရာ အိုးအိမ် အဆောက်အအုံများ အခမဲ့ရရှိနေတာဖြစ်ပါတယ်။
မိသားစုဝင်(၁၂၇)ယောက်ရှိတဲ့ မိသားစုကြီးဟာ ယူအေအီးနိုင်ငံရဲ့ ပြည်နယ်တွေအနှံ့အပြားမှာ အိမ်ထောင်စု(၇)စု နေထိုင်ကြတာဖြစ်ပါတယ်။
သူရဲ့သားသမီး အများစုဟာလည်း ယူအေအီးစစ်တပ်၊ရဲတပ်ဖွဲ့စတဲ့အစိုးရအလုပ်အကိုင်ရာထူးကောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြသူတွေလည်း ရှိပါတယ်။
ခုတော့ သူဟာ အင်္ဂလန်မှာ စီးပွားရေးသမားတစ်ဦးဖြစ်နေပါပြီ။ သူ လက်ထပ်တာဟာ အခုဆိုရင် (၁၅)ကြီမ်တိုင်ခဲ့ပါပြီ။
လောလောဆယ် သူ့မှာ မိန်းမ (၃)ယောက်ရှိပြီး ကျန်တာတွေကတော့ ကွာရှင်းပြတ်စဲသွားပြီ လို့ သိရပါတယ်။(ဇလပ်ဖြူဘလောက်)
ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့
Saturday, 27 November 2010 15:46
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယနေ့ လာရောက်တွေ့ဆုံသော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယာ။ (ဓာတ်ပုံ - အေပီ)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အခုလို တွေ့ဆုံတာဟာ မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ပါတယ်။ ကုလသမဂ္ဂဟာ သူ့ရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ အကန့်အသတ်ရှိနေပေမယ့် သူရဲ့ အခန်းကဏ္ဍကိုတော့ ကျနော်တို့ လေးစားပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် သံတမန်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လက်ခံတွေ့ဆုံခဲ့သည်။
သံတမန်အသိုင်းအဝိုင်း၏ အဆိုအရ မစ္စတာ နမ်ဘီယာသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အထွေထွေ အတွင်းရေးမှူးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။
မစ္စတာ ဂန်ဘာရီထံမှာ တာဝန်ကို လွှဲယူပြီးနောက် ယခု မြန်မာပြည်ခရီးစဉ်သည် မစ္စတာ နမ်ဘီယာ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီသည် မြန်မာပြည်သို့ ၂၀၀၉ ခုနှစ် ဇွန်လတွင် နောက်ဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည်။(ဧရာဝတီ)
ချင်းတောင်တန်း ကားမှောက်၊ ၁၄ ဦး သေဆုံး
သက်ခိုင်၊ ဆလိုင်းထွန်း | သောကြာနေ့၊ နိုဝင်ဘာလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၆ မိနစ်
ချင်းပြည်နယ် တွန်းဇံမြို့မှ တီးတိန်မြို့သို့အလာ ခရီးသည်တင် ဘတ်စ်ကားတစီး ယနေ့ နေ့လည်တွင် တိမ်းမှောက်သဖြင့် အနည်းဆုံး ခရီးသည် ၁၄ ဦး သေဆုံးကြောင်း ဒေသခံများအဆိုအရ သိရသည်။
တီးတိန်ရောက်ရန် ၁ဝ မိုင်ခန့်အလို တောင်ပေါ်လမ်းကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တောင်အောက် ပေ ၁ဝဝ ခန့်အထိ ထိုးကျသွားရာ ခရီးသည် ၁၂ ဦး ပွဲချင်းပြီး သေဆုံးကာ၊ ၃ဝ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးရုံအရောက် ၂ ဦး ထပ်မံသေဆုံးကြောင်း သိရခြင်း ဖြစ်သည်။
“လူတင်တာ များတယ်။ ကားကလည်း မြန်တယ်ဆိုတော့
ယင်းလမ်းများကို ပြုပြင်နိုင်ရန်အတွက် အိန္ဒိယအစိုးရအနေနဲ့ ဒေါ်လာ သန်း ၆ဝ ကူညီဘို့ ယခုနှစ်အစောပိုင်းက သဘောတူညီခဲ့ပြီး ဖြစ်သည်။
အရှိန်မထိန်းနိုင်တော့ လမ်းအကွေ့မှာ မှောက်သွားတာပါ” ဟု တီးတိန်မြို့သား ဦးကမ်လျံက မဇ္ဈိမကို ပြောသည်။
ခရီးသည်အများအပြား ဒဏ်ရာရရှိပြီး ၃ဝ ကျော်မှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတင်ထားရကြောင်းနှင့် သေဆုံးသူ ၁၄ ဦး၏ ရုပ်အလောင်းများကို ယနေ့ ညနေ ၅ နာရီခန့်တွင် တွန်းဇံသို့ သယ်ဆောင်သွားကြောင်း ကိုယ်တိုင်မြင်တွေ့သူ မြို့ခံတဦးက ပြောသည်။
ဒေသခံတဦးကမူ သေဆုံးသူ ၁၆ ယောက်အထိရှိသည်ဟု ပြောသည်။
ခရီးသည်များသည် တီးတိန်တွင် ကျင်းပနေသော ချင်းစာပေ အနှစ် ၁ဝဝ ပြည့်ပွဲသို့ လာရောက်သူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“တီးတိန်မြို့ပေါ်ကနေ ကားမှောက်တာ သိတဲ့သူတွေ လာတယ်။ ပွဲမှာလာတဲ့ ကားတွေနဲ့လည်း ကယ်ဆယ်ရေး လာလုပ်ကြတယ်။ ကိုယ်ပိုင်ဆိုင်ကယ်တွေနဲ့လည်း ကယ်ဆယ်ရေး လုပ်ကြတယ်” ဟု ဦးကမ်လျံက ပြောသည်။
ခရီးသည် ၈ဝ ခန့် တင်ဆောင်လာသည့် ချင်းတောင်တန်းအမည်ရ မှန်လုံဘတ်စ်ကားကို စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်၌ နေထိုင်သည့် ဦးကျင်ပူ ပိုင်ဆိုင်သည်။(မဇ္ဈိမ)
Friday 26 November 2010
(thanksgiving day) ကျေးဇူးတော်နေ့ အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ခရစ်ယာန်အသင်းတော်မှ လာရောက်ဆုတောင်းပေးခဲ့
နိုဝင်ဘာ ၂၅ရက်နေ့ဟာ ခရစ်ယာန် ဘာသာဝင်တို့ရဲ့ thanksgiving day (ကျေးဇူးတော်နေ့) အထိမ်းအမှတ်နေ့ ဖြစ်သည့်အတွက် ထိုနေ့မနက် မနက်(၈)နာရီက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်သော အင်းစိန်ရွာမ ခရစ်ယာန်အသင်းတော်မှ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ နေအိမ်သို့ လာရောက်၍ (၁)နာရီခန့် ဝတ်ပြုဆုတောင်း ပေးခဲ့ကြောင်း သိရှိရပါသည်..။
မနက်ဖြန် ၂၆ရက်နေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်အား INGO (INTERNATIONAL NON GOVERMENT OGANIZATION) အဖွဲ့ဝင်များမှ လာရောက် တွေ့ဆုံဖို့ ရှိကြောင်း သိရှိရပါတယ်..။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့တဲ့ တခြားအဖွဲ့အစည်းတွေကတော့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြတ်စံ၊ ကိုတိုးကျော်လှိုင်တို့နဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမိုးကောင်းတို့နဲ့ တွေဆုံခဲ့တယ်လို့ သိရှိရပါတယ်..။(ဒီမိုဝေယံ)
Thursday 25 November 2010
မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့နယ် သာယာကုန်းကျေးရွာအနီး) အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှား
မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့နယ် သာယာကုန်းကျေးရွာအနီး) အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှား
နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၃ နာရီ ၄ မိနစ် ၃၆ စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၁၅၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့နယ် သာယာကုန်းကျေးရွာအနီး) တစ်နေရာကို ဗဟိုပြု၍ အင်အား ရစ်(ခ်ျ)တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။
ထောက်ခံမဲမပေးသည့် ဒေသများတွင် ဖွံ့ ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ပေးမည်မဟုတ်ဟု USDP ကပြော
၂၅ နိုဝင်ဘာ ၂၀၁၀
မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များက နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီကို မဲမပေးသော ကျေးရွာအုပ်စုများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးမည်မဟုတ်ကြောင်း ပြောဆိုသည်ဟုသိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့ နယ် ကြံ့ဖွံ့ ပါတီ တာဝန်ရှိသူများက ရွေးကောက်ပွဲ၌ ဖလမ်းမြို့ နယ် မဲဆန္ဒနယ် (၅)နေရာတွင် ချင်း တိုးတက်ရေးပါတီက အပြတ်အသတ်အနိုင်ရရှိကာ ကြံ့ဖွံ့ ပါတီမရှုမလှရှုံးနိမ့်သောကြောင့် ယခုကဲ့သို့  ပြော ကြားခြင်း ဖြစ် သည်ဟု ဖလမ်းမြို့ မှ ဒေသခံတဦးကဆိုသည်။
အဆိုပါဒေသခံက” ကြံ့ဖွံ့ ပါတီ ခေါင်းဆောင်တွေက ပြောကြတယ်- ဖလမ်းမြို့ နယ်မှာကျတော်တို့ ကြံ့ဖွံ့ ပါတီရှုံးပေမဲ့လည်း နိုင်ငံတ၀န်းမှာ ကြံ့ဖွံ့ ပါတီက ရွေးကောက်ပွဲအနိုင်ရလာတော့ အာဏာဟာ ကျတော်တို့ လက်ထက်ထဲမှာဘဲရှိတာဘဲတဲ့ ချင်းတိုးတက်ရေးပါတီဟာ ဘာမှအာဏာမရှိပါဘူး ကျတော်တို့ ကြိုက်သလို လုပ်လို့ ရတယ် လို့ ပြောကြတယ်” ဟုဆို သည်။
ယခု ကြံ့ဖွံ့ ပါတီက နောက်နောင် ရွေးကောက်ပွဲပြုလုပ်လာလျင် ကြံ့ဖွံ့ ပါတီကို ပြည်သူက မဖြစ်မနေမဲများပေးနိုင်ရန် ပညာ ပေးသည့်အနေဖြင့် နိုဝင်ဘာလတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲမပေးသော ဒေသများကို ဒဏ်ခတ်သည့်အနေဖြင့် မည်သည့် ဖွံ့ ဖြိုးရေးလုပ်ငန်းမှ လုပ်ဆောင်ပေးမည်မထင်ကြောင်း ပြည်တွင်းမှ ကျေးရွာတာဝန်ရှိသူတဦးက ဆိုသည်။
ရွေးကောက်ပွဲမတိုင်မီ ဖလမ်းမြို့ နယ် ကြံ့ဖွံ့ ပါတီ အမတ်လောင်း U Kawl Luai သည် ဖလမ်းမြို့ နယ်ကျေးရွာအသီးသီးသို့  မဲစွယ်စည်းရုံးမှုပြုလုပ်ခဲ့ရာမှာ ယခုရွေးကောက်ပွဲတွင် ကြံ့ဖွံ့ ပါတီက အနိုင်ရမည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့ ပါတီ ထောက်ခံမဲ မပေးပါက မည်သည့်ဖွံ့ ဖြိုးရေးလုပ်ငန်းမှ လုပ်ပေးမည်မဟုတ်ကြောင်း ဒေသခံလူထုထံ ကြိုတင်ပြောကြားပြီးဖြစ်သည် ဟု သိရသည်။
တချို့ အစိုးရ၀န်ထမ်း၊ ကုန်သည်နှင့် အခြားစီးပွါးရေးလုပ်ငန်းရှင်များသည် ၄င်းတို့ လုပ်ငန်းထိခိုက်မည်ကို စိုးရိမ်ကြသော ကြောင့် ကြံ့ဖွံ့ ပါတီကို မဲပေးခြင်းဖြစ်ကြောင်း သိရသည်။
“ကျတော်တို့ ကို ကြံ့ဖွံ့ ပါတီက လူထုကိုစည်းရုံးခိုင်းတယ်။ အမှန်မှာတော့ ဒီအစိုးရရဲ့ အခြေအနေကို သိပြီးသားပါ။ သူတို့  လက်ထက်မှာ ဘယ်လိုဘဲ နိုင်ငံရေးကစားကစား သူတို့ အကျိုးအမြတ်အတွက် မရရတဲ့နည်းနဲ့ လုပ်သွားမယ်ဆိုတာ အကုန်သိကြတာဘဲ။ တဘက်မှာ အဲလိုအစိုးရကြိုက်သလို မလုပ်ပေးဘူးဆိုရင် ကျတော်တို့ ဘဲပြန်နစ်နာမည်ဆိုတာ သိပြီး ဆိုတော့ သူတို့ ကြိုက်တဲ့အတိုင်းလုပ်ပေးဘဲ လုပ်ပေးတာဘဲ” ဟု ကားပိုင်ရှင်တဦးက ခိုနူမ်းထုန်သတင်းဌာနကို ပြောပြခဲ့ သည်။
ကြံ့ဖွံ့ ပါတီသည် ၂၀၁၀ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရေးအတွက် ချင်းပြည်နယ် ဖလမ်းမြို့ နယ် ကျေးရွာ အသီးသီးရှိ အိမ်ထောင်စုတခုတွင် ကြံ့ဖွံ့ ပါတီ မ၀င်မနေရ အမိန့် ထုတ်ကာ အဖွဲ့ ဝင်အဖြစ်အတင်း လက်မှတ် ရေးထိုးခိုင်းသော်လည်း ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီက အနိုင်ရရှိသည်။
ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အမတ်နေရာ (၃၉)ရှိသည့်အနက် ကြံ့ဖွံ့ ပါတီက (၁၈)နေရာ၊ ချင်းတိုးတက်ရေးပါတီမှ (၁၁)နေရာ၊ ချင်းအမျိုးသားပါတီမှ (၉)နေရာနှင့် Ethnic National Development Party မှတစ်နေရာ အသီးသီးရရှိခဲ့ကြ သည်။
ချင်းပြည်နယ် မြို့ နယ်အသီးသီး၌ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များသည် မိမိတို့ပါတီကို ထောက်ခံမဲမပေးသော ကျေးရွာ အုပ်စုများကို မည်သည့်ဖွံ့ ဖြိုးရေးလုပ်ငန်းမှ လုပ်ပေးမည်မဟုတ်ကြောင်း ပြောကြားနေသည့်အပြင် ချင်းအမည် ခံပါတီများ ကိုလည်း ရှုတ်ချပြောဆိုနေသည်ဟု သိရသည်။( ခိုနူမ်းထုန်)