သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Saturday, 19 January 2013
Saturday, 12 January 2013
ဦးဝင်းတင်ကတော့  ခရိုနီရော ခရိုပြာရော လက်မခံ
ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး။
ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊
ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလို
နိုင်ငံတော်သူခိုး- ဓားပြကြီးတွေဆိုတာ နည်းမှတ်လို့ ။
စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုး
ဟိုးလေးတကျော် မဟုတ်လား။ သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။
သူတို့ ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို
လုပ်တယ်။ သူခိုးသူဝှက်လိုလုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။
အလစ်သုတ်သလိုလုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။
အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး ရတဲ့ငွေနဲ့ ရွာကိုငွေတိုးချစားသလိုလုပ်တာပါဘဲ။
ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။
သူခိုးသူဝှက်တွေကို ကြွေးပြန်ဆပ်ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။
သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလို
လုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွ
ဆိုရုံနဲ့  ပြီးတမ်းလား။ ဘယ်လောက်ကြာအောင်လုပ်ထားခဲ့သလဲ။
အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြဆိုတာတွေက ရသုံးစာရင်းတွေ
စစ်လောက်ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်းစာရင်းတွေရော မလှန်လှောတော့ဘူးလား။
လွန်လေပြီးသော လက်ထက်တော်ကြီးတွေတုန်းက နိုင်ငံအဆင့်စီမံကိန်းကြီး
တွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊
ချုပ်မှူးကြီးတွေအလိုတော်ကျ စီမံကိန်းဖော်ခဲ့တာဆိုတဲ့ ခရိုနီအာဏာကပ်ပါး
တွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ဘူးလား။
ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာက
လာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့
တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြတိုက်တာဗျ။ အဲဒီ တိုင်းပြည်
ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှုကြီးကို အလျော်ပေးရုံနဲ့ 
ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။
ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေ
အချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ အပုပ်တွေချ၊
အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့
ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ 
မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။ ပွင်းလင်းရင် မြင်သာ
တယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ။
အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင်
အရောက်ကို ပို့ ကြရမှာဗျ။
ဟံသာဝတီ ဦးဝင်းတင်
Friday, 11 January 2013
Spitfire ၁၈ စင်း မြစ်ကြီးနားမှာ တွေ့
မြန်မာအစိုးရနဲ့ ဗြိတိန်ကုမ္ပဏီတို့ ပူးပေါင်းပြီးတော့ မြစ်ကြီးနား၊ ရန်ကုန်နဲ့ မိတ္ထီလာတို့မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယား (Spitfire) တိုက်လေယာဉ်တွေကို ပြန်လည် တူးဖော်နေပါတယ်။ မြစ်ကြီးနားမှာ ၁၈ စင်းကို တူးဖော်နိုင်ခဲ့ပြီး မင်္ဂလာဒုံလေယာဉ်ကွင်း အနီး ပေ ၃၀ အောက်မှာ မြှုပ်နှံထားတဲ့ လေယာဉ်တွေကို ဆက်လက်တူးဖော်ဖို့ လုပ်ဆောင်နေပါတယ်။
Spitfire လေယာဉ်တူးဖော်မှု နောက်ဆုံးအခြေအနေ သိချင်ပါတယ် ဆရာ။
“မြစ်ကြီးနားမှာ ၁၈ စင်း နေရာသတ်မှတ်ပြီး သေတ္တာကိုဖောက်လိုက်ပြီ။ သေတ္တာပေါ်က သံပုံးတွေဓာတ်ပုံရိုက်တယ်၊ မနေ့ကရှင်းပြတယ်။ သေတ္တာထဲဖောက်ပြီး ကျနော်ဝင်တယ်။ လေယာဉ်ပျံကိုယ်ထည်ကို ဖောက်ပြီး ဓာတ်ပုံရိုက်ပြီး ရှင်းလင်းပွဲမှာ ရှင်းပေးလိုက်တယ်။ မင်္ဂလာဒုံမှာ ၃၆ စင်း။ ၃၆ စင်းကို ကျနော်တို့က လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ရှာထားပြီးသား။ အဓိက လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရှာထားပြီးသား ပြန်သေချာအောင်လုပ်နေတာ။ မိတ္ထီလာမှာက ၆ စင်း သတင်းရတာပဲရှိသေးတယ်။ ဘာမှမလုပ်ရသေးဘူး။ မြစ်ကြီးနားမှာတွေ့ရတဲ့ လေယာဉ်တွေက လေတပ်ထဲမှာတွေ့တာ။”
မြစ်ကြီးနားမှာတွေ့ရတဲ့ ၁၈ စင်းက အကောင်းအတိုင်းတွေ့ရသေးလား။
“သေတ္တာလိုက်လေ၊ ဘာမှမဖြစ်ပါဘူး။ အကောင်းအတိုင်းပဲ။ မင်္ဂလာဒုံမှာလည်း အကောင်းတွေချည်းပဲ။ မိတ္ထီလာမှာက လေယာဉ်ပျံအစင်းလိုက်မြှုပ်
တူးဖော်ဖို့လုပ်ဆောင်တဲ့နေရ
“မြစ်ကြီးနားမှာတော့ ရေပေါ့။ မြစ်ကြီးနားတမြို့လုံးက ကျောက်ခဲမာတယ်လေ။ တူးပြီးမြှုပ်ထားတော့ တူးတဲ့နေရာမှာ ကျောက်ခဲတွေကပျော့၊ ရေက မနိုင်ခဲ့ဘူး။”
လေယာဉ်တွေ ဒီနေရာမှာရှိခဲ့မှန်း ဆရာ ဘယ်လိုအတည်ပြုခဲ့လဲ။ ဒါလေးပြောပြပေးပါ။
“မြန်မာပြည်ကို လေယာဉ်ပျံတွေ ပို့လိုက်တာက ဂျပန်ကိုတိုက်ဖို့ပေါ့။ ပတ်ကင်ပိတ်ပြီး ပို့လိုက်တာ။ အရင်က လေယာဉ်ပျံတင်သင်္ဘောတွေမရှိတေ
အခု မြစ်ကြီးနား၊ မင်္ဂလာဒုံနဲ့ မိတ္ထီလာ အပါအ၀င် စုစုပေါင်း ၅၀ ကျော်လောက်တွေ့တယ်။ ကျန်တဲ့ အစင်းတွေက ပျောက်နေတာပေါ့နော်။
“မင်္ဂလာဒုံမှာတင်နောက်ထပ် အစင်း ၂၄ စင်း ရှိသေးတယ်။ လူနေရပ်ကွက်ထဲရောက်နေလို့။”
လူနေရပ်ကွက်မှာကျ ဘယ်လိုလုပ်ဖို့ ရှိလဲ။
“အဲဒါက ၃၆ စင်းပြီးမှ လုပ်မယ်လေ။ တော်ကြာ ဆန္ဒပြခံရတဲ့အထဲ ကျနော်တို့ ပါနေဦးမယ်။”
တူးဖော်ရတဲ့ရည်ရွယ်ချက်လေ။
“ဒါတွေက သူတို့နိုင်ငံရဲ့ အင်္ဂလန်ရဲ့ ဂုဏ်ထူးဆောင်လေယာဉ်တွေဖြစ်ေ
ဒီလိုတူးဖော်ရရှိပြီး လေယာဉ်ပျံတွေပေးလိုက်တော့ မြန်မာပြည်အတွက် ဘယ်လိုအကျိုးအမြတ်တွေ ရရှိမလဲ။
“စာချုပ်ချုပ်ကတည်းက ကြေးမုံသတင်းစာမှာပါတယ်။ မြန်မာနိုင်ငံအစိုးရက လေယာဉ်ပျံ ၁ စင်းယူမယ်။ ၅၀ ရာခိုင်နှုန်း ယူမယ်။ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း။ အင်္ဂလန်က တူးတဲ့ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း။ အဲလိုအကျိုးအမြတ်ခွဲယူပါတယ်
တူးဖော်မှုနဲ့ ပတ်သက်လို့ တခြား ဘာများပြောချင်တာရှိပါလဲ။
“မြှုပ်နှံထားတဲ့ပစ္စည်းတွေက
Tuesday, 10 April 2012
Depayin-Massacre”-2004-Second-Preliminary-Report
Sunday, 25 December 2011
ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်လို၍ လာလျှောက်သူအား တွေ့ဆုံမေးမြန်းခြင်း
ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားပြီး နယ်ကနေ လာရောက်စုံ
စမ်းလျှောက်ထားနေသူ မြင်းခြံမြို့မှ ကိုနေဦးနဲ့ ပြည်မြန်မာဂျာနယ်က တွေ့ဆုံမေးမြန်း
ဖြစ်ခဲ့ပါတယ်။သူဟာ မိသားစုမွေးချင်းနှစ်ဦးအနက် အကြီးဆုံးသားတစ်ဦး ဖြစ်ပါတယ်။
မေး- ဗိုလ်ချုပ်အတ္တုပ္ပတ္တိရိုက်ကူးဖို့ စိတ်ဝင်စားပြီး လာလျှောက်ဖြစ်ပုံပြောပြပေးပါ။
ဖြေ- ပြည်မြန်မာဂျာနယ်ထဲမှာ ဗိုလ်ချုပ်အတ္တုပတ္တိရိုက်မယ်လို့ ဖတ်ရတယ်။သူတို့ရွေး
တာ မရွေးတာ ကျွန်တော်မသိဘူး။ဖတ်ရရချင်းပဲ စိတ်ဝင်စားတယ်။ကျောင်းတက်တုန်း
ကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တူတယ်ဆိုပြီး ပြောကြသူတွေရှိတယ်။ဗိုလ်သင်တန်း
တက်တုန်းကလည်း အပြောခံရဖူးတယ်။ အဲဒါနဲ့ လျှောက်ဖို့ ရန်ကုန်ကိုလာတာပါ။
ကိုဇာဂနာက လူရှာနေတယ်လို့လည်း ကြားတယ်။ သတင်းစာထဲကလည်း ခေါ်မယ်
လို့ကြားတယ်။ ကျွန်တော့်အနေနဲ့က အချိန်မဆွဲချင်ဘူး။စောစောစီးစီးရောက်၊စောစော
စီးစီးသိပြီး လုပ်စရာရှိတာ လုပ်ချင်တယ်။

မေး- ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရက် မွေးလလည်း တူတယ်လို့ သိရတယ်။
ဖြေ- ဟုတ်ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်ပါ။မြန်မာလိုတော့ မတူပါဘူး။အဲဒါကတော့
တိုက်ဆိုင်မှုတစ်ခုပါ။
ဘာမှပြင်ဆင်ရတာတော့ မရှိဘူး။ကျွန်တော် ဆံပင်အတိုညှပ်တယ်။ပြီးရင်ဓာတ်ပုံရိုက်
တယ်။သက်ဆိုင်ရာကို ဓာတ်ပုံတွေ သွားပေးပါတယ်။ အဲဒါပါပဲ။သူတို့က တရားမခေါ်
သေးတော့ ဘာမှလုပ်လို့ မရသေးဘူး။လောလောဆယ် သူငယ်ချင်းတစ်ယောက်အိမ်
မှာ တည်းနေတယ်။ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အချက်အလက်ကကျွန်တော်မသိတာတွေ
လည်း အများကြီးရှိတယ်။သိသလောက်အတိုင်းအတာတွေကလည်းကျွန်တော်လုပ်နိုင်
တာ ရှိကောင်းရှိမယ်။ဒါကတော့ သူတို့ဆုံးဖြတ်မှာပေါ့။ကျွန်တော့်အနေနဲ့က လုပ်ပေး
ရမယ်။ဗိုလ်ချုပ်ဇာတ်ကားရိုက်ဖို့အတွက် လူငယ်တွေလိုတယ်။ဗိုလ်ချုပ်ရဲ့ကာရိုက်တာ၊
ဗိုလ်ချုပ်က ဘယ်လိုလူစားလဲ။အဲလိုမျိုးဟာကို မြန်မာလူငယ်တွေသိအောင်လုပ်ရမယ်။
ကမ္ဘာက ဗိုလ်ချုပ်ကို လေးစားပြီးသား၊ကမ္ဘာသိအောင် ဒီအတ္တုပ္ပတ္တိရိုက်မှာ ဖြစ်တဲ့အ
တွက် တတ်နိုင်သမျှ ဗိုလ်ချုပ်နေရာကနေ အတော်များများသရုပ်ဆောင်နိုင်တဲ့ သူလို
တယ်ပေါ့။သူတို့ကလည်း ရုပ်ရှင်လောကထဲကမရွေးဘူး။အများပြည်သူထဲက ရွေးမယ်
ဆိုတော့ ကိုယ်တတ်နိုင်တာ လုပ်ပြရမှာ။တူသမျှ လူလာလျှောက်ကြမှာ၊သူတို့လုပ်နိုင်
တာ မလုပ်နိုင်တာတစ်ပိုင်း၊ဒါပေမဲ့ ခုနပြောသလို ဗိုလ်ချုပ်ဇာတ်ကားရိုက်ဖို့ အတွက်
အကုန်လုံးကဝိုင်းဝန်းပြီး လုပ်နေကြတဲ့ အချိန်မှာ ရုပ်ရှင်းဆင်တဲ့သူတွေ၊ရိုက်ချင်စိတ်
ရှိတဲ့သူတွေ ဒါဟာ အခွင့်အရေးတစ်ရပ်ပဲ။ ပြည်သူတွေအတွက် ပေးထားတဲ့ အခွင့်
အရေးတစ်ရပ်လို့ မြင်တယ်။
မေး- ဗိုလ်ချုပ်အတ္တုပ္ပတ္တိကို တကယ်လက်တွေ့ရိုက်ဖို့အတွက်ကော ဘာတွေပြင်ဆင်
ထားလဲ။
ဖြေ- ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတာတွေ နားထောင်ထားတယ်။ သူပြောတဲ့
စကားတွေ၊ သူသုံးတဲ့ အသုံးအနှုန်းတွေ နားထောင်ကြည့်နေတယ်။ တချို့ဟာတွေပဲ
နားထောင်ရတယ်။ အကုန်မပါဘူး။ ဗိုလ်ချုပ်နဲ့ တူလားမတူလားတော့ ကျွန်တော်တို့
မသိနိုင်ဘူး။လူကြီးတွေသိမယ်။အမေစု(ဒေါ်အောင်ဆန်းစုကြည်)တို့သိမယ်။သူတို့တွေ
ရွေးကြမှာ။ သူတို့ရွေးတဲ့ နေရာမှာတစ်ယောက်တည်း ရွေးမှာ မဟုတ်ဘူး။အများကြီး
ရွေးမှာ။ အများကြီးရွေးမှာဖြစ်တဲ့အတွက် ကိုယ်နဲ့အံဝင်တဲ့နေရာမှာ အံဝင်သွားအောင်
သရုပ်ဆောင်ဖို့လိုတယ်။ ကျွန်တော့်အနေနဲ့က ကြမ်းကြမ်းတမ်းတမ်း လုပ်နိုင်တယ်။
ကျွန်တော်ဗိုလ်သင်တန်း တက်ခဲ့ဖူးတယ်။ တချို့ဟာတွေက ကြမ်းကြမ်းတမ်းလုပ်လို့
ရတယ်။ ပြီးတော့ လူတစ်ယောက်က ဇာတ်ကားရိုက်နေရင်း တစ်စုံတစ်ခုဖြစ်သွားရင်
သူတို့က ဒီအတိုင်းပစ်ထားမှာမဟုတ်ဘူး။သူတို့ကလုပ်ပေးမျာအဲဒီအတွက် ကျွန်တော်
တို့က တတ်နိုင်သလောက်ရိုက်ဖို့လိုတယ်။ရိုက်တာမရိုက်တာ၊ရွေးတာမရွေးတာလူကြီး
တွေရဲ့ အလုပ်၊ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာရှိပါတယ်ဆိုတာ ပြရမှာက ကျွန်တော်တို့
တာဝန်ပါ။ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်နေတယ်။
ကိုယ့်ဘာသာကိုယ့်စုံစမ်းပြီး လာလျှောက်တယ်။
မေး- တကယ်လို့ ဒီဇာတ်ကားရိုက်ဖို့ ရွေးချယ်ခံရပြီဆိုရင် ဒီကားက သုံးနှစ်ရိုက်မှာ
ဖြစ်တဲ့ အတွက် စီးပွားရေးကိုပစ်ပြီး ဒီမှာရိုက်ဖို့ကတော့ အဆင်ပြေပါ့မလား။
ဖြေ- အဓိကက ကျွန်တော်က ထမင်းစားနေရရင် ရိုက်လို့ရတာပဲ။ကျွန်တော့်အမေ
ကလည်း ကျောင်းဆရာမ၊ သူ့ဝင်ငွေနဲ့သူရပ်တည်နိုင်တယ်။ အဲဒါကျတော့ သူ့ဘာ
သာသူ သုံးနှစ်မကလို့ ဘယ်နှနှစ်ပဲရိုက်ရိုက် ထမင်းစားလို့ရတယ်။နေလို့ရတယ်ဆို
ရင် ရိုက်နေမှာပဲ။ ပြဿနာမရှိဘူး။
မေး- ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ရွေးလိုက်ပြီဆိုရင် ပြည်သူလူထုကို ဘာတွေလုပ်ပြချင်လဲ။
ဖြေ- ဒါကျွန်တော့်အတွက်ရိုက်တဲ့ ဇာတ်ကားလည်းမဟုတ်ဘူး။ ဗိုလ်ချုပ်ဇာတ်ကားကို ရိုက်မှာ။ ကျွန်တော်က မင်းသားဖြစ်ချင်တာလည်း မဟုတ်ဘူး။ မင်းသားလုပ်ဖို့လာတာလည်း မဟုတ်ဘူး။ ဗိုလ်ချုပ်ရဲ့ ကာရိုက်တာဘယ်လိုရှိလဲ။ ဘယ်လိုလူမျိုးလဲဆိုတာ ပြည်သူလူထုသိအောင် ရိုက်မယ့်ဇာတ်ကား။ ဗိုလ်ချုပ်နဲ့တူအောင် သရုပ်ဆောင်ဖို့က အင်မတန်တော့ ခက်လိမ့်မယ်။ အဲဒီအတွက် လူတွေ အများကြီးလိုမယ်။ အများကြီးလေ့ကျင့်ရမယ်။ အများကြီးပံ့ပိုးရမယ်။ ကျွန်တော်ပြင်ထားတာ စိတ်ဓာတ်တစ်ခုပဲရှိတယ်။ ငါမဖြစ်ဖြစ် အောင်လုပ်မယ်။ ငါ့ကိုရွေးသည်ဖြစ်စေ မရွေးသည်ဖြစ်စေ ငါ့ရောက်အောင်သွားရမယ်။ ပြောပြရမယ်။ တင်ပြရမယ်။ ရွေးရင်လည်းတစ်မျိုး၊ မရွေးရင်လည်း ပြန်ရုံပေါ့။
မေး- အခု ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ ဆံပင်တိုလိုက်တယ်။ ဗိုလ်ချုပ်မိန့်ခွန်းတွေ နားထောင်တာ အပြင် ဘာတွေလေ့လာနေလဲ။
ဖြေ- ဗိုလ်ချုပ်ကဘယ်လိုပြောလဲ။ ဘယ်လိုစကားလုံးတွေ သုံးလဲ။ လေယူလေသိမ်း ဘယ်လိုပြောလဲ။ အသံက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလေ။ အဲဒီအတွက် ကျွန်တော်တို့က လေ့ကျင့်ရဦးမယ်။ သူတို့ရွေးမှ လေ့ကျင့်ရင်မကောင်းဘူး။ အချိန် မလောက်ဘဲဖြစ်နေမယ်။ ဒါပေမဲ့ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေဖို့ လိုတာပေါ့။ လူတစ်ယောက်နဲ့ တစ်ယောက်တူဖို့ဆိုတာလည်း တော်တော်လေးကို ခဲယဉ်းပါတယ်။ အဲဒီအခါကျတော့ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်တာပဲ။ ကျွန်တော်ပြင်လို့ရတာက စိတ်ကိုပြင်လို့ရတယ်။ စိတ်ဓာတ်ကိုပြင်တဲ့နေရာမှာလည်း ငါဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ပုံစံဖြစ်ဖို့ လိုတယ်။ အဲလိုပေါ့။
မေး- အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်လောကသားတွေက ဒီလိုမျိုးစီစဉ်တဲ့ အတွက် ဘယ်လိုခံစားရလဲ။
ဖြေ- ပျော်တာပေါ့။ ဒါဖြစ်သင့်တာ ကြာပြီလေ။ ကိုယ့်အိတ်ထဲက စိုက်ပြီးလုပ်မယ့် သူတွေလည်း အများကြီးပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့။ ခုခေတ်က စီးပွားရေးခေတ်ဆိုတော့ စီးပွားရေးလောကသားတွေ အခွင့်ကောင်းယူမှာပဲ စိုးတယ်။(ပြည်မြန်မာ)
Sunday, 13 November 2011
NLD ဟာ အရေးကြီးတဲ့ အချိုးအကွေ့တိုင်းမှာ ပါတီရပ်တည်ရေး အမြင်အပေါ်မှာပဲ အခြေပြုစဉ်းစားနေတော့တာပါပဲလား။
NLD ဟာ အရေးကြီးတဲ့ အချိုးအကွေ့တိုင်းမှာ ပါတီရပ်တည်ရေး အမြင်အပေါ်မှာပဲ
အခြေပြုစဉ်းစားနေတော့တာပါပဲလား။
- NLD ပါတီရပ်တည်ရေးအတွက်တဲ့ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ထုတ်ပစ်ခဲ့ဖူးတယ်။
- NLD ပါတီရပ်တည်ရေးအတွက်တဲ့ အရင်က အမျိုးသားညီလာခံကို တက်ခဲ့တယ်။
- NLD ပါတီရပ်တည်ရေးအတွက်တဲ့ အခု မှတ်ပုံတင်ဖို့စဉ်းစားနေပါတယ်တဲ့။
- NLD ပါတီရပ်တည်ရေးအတွက်တဲ့ မကြာခင် ရွေးကောက်ပွဲဝင်ဖို့များနေပြီတဲ့။
လစ်လပ်တဲ့နေရာ ၄၀ ကျော်လောက်ရှိပါတယ်တဲ့။
ရည်ညွှန်း။
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်ရောက်ဖို့
အလားအလာကို ခပ်ရေးရေး မြင်နေရပြီလို့ သုံးသပ်ချက်တွေ ကြားနေရပါတယ်။
ဒီလိုအချိန်မျိုးမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဆက်လက်
ရပ်တည်နိုင်ရေးအတွက် တရားဝင် မှတ်ပုံတင်လိုက်ခြင်းဟာ ဒီအလားအလာကောင်းကို
ပိုမို တွန်အားပေးသလို ဖြစ်လာစေလိမ့်မယ်လို့ သောတရှင်များ ယူဆကြပါသလား
ဆိုတာကို NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနဲ့ ဦးကျော်ဇံသာက ဆွေးနွေး
တင်ပြထားပါတယ်။
http://www.voanews.com/burmese/news/call-in-show/Call_In_Show_11_05_2011-133322278.html
Tuesday, 1 November 2011
NCGUB မှ ၀န်ကြီး ဦးဘိုလှတင့်နှင့် ဦးဟန်ညောင်ဝေ သို့ အိပ်ဖွင့်ပေးစာ
သို့
NCGUB မှ ၀န်ကြီး ဦးဘိုလှတင့်နှင့် ဦးဟန်ညောင်ဝေ သို့ အိပ်ဖွင့်ပေးစာ
သမိုင်းစဉ်လာတလျှောက် လေ့လာဆန်းစစ်လျှင် ရခိုင်တို့၏သမိုင်းမှတ်တမ်းများတွင် “ရိုဟင်ဂျာ” လူမျိုးဟူသော အသုံးအနှုံးဖြင့် မှတ်တမ်းတင်ခဲ့မှု စိုးစဉ်မျှမရှိခဲ့ပါ။ သူတို့၏မူရင်းဒေသဖြစ်သည့် ဘင်္ဂလား ဒေခ်ျ့နိုင်ငံ သမိုင်းတွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မတွေ့ရှိရပေ။ နောက်ထပ် အိမ်နီးချင်းနိုင်ငံတခုဖြစ်သည့် အိန္ဒိယနိုင်ငံ သမိုင်းတွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မတွေ့ရှိရသည့်အပြင်။ မြန်မာနိုင်ငံသမိုင်းတွင်ရော ရိုဟင်ဂျာလူမျိုးဟူ၍ ရှိခဲ့ပါသလား။ D.G.E. Hall ၏ A History of South-East Asia စာအုပ်တွင်လည်း ရိုဟင်ဂျာလူမျိုးဟူသော ဝေါဟာရ အသုံးအနှုန်းကို တလုံးတပါဒမျှ မတွေ့ရှိရပေ။
ထို့အပြင် မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီပြုအုပ်ချုပ်ခဲ့သည့် အင်္ဂလိပ်တို့၏ အလွန်တိကျသော ဂေဇက် မှတ်တမ်းများတွင် ယင်းအမည် ထည့်သွင်းမှတ်တမ်းတင်ထားခြင်း အလျဉ်းမရှိပါ။ ဗြိတိသျှဂေဇက်တီယာ Gazetteers မှတ်တမ်းများတွင် Arakanese Muslim ဟူ၍ မှတ်တမ်းတင် ပါရှိသူများသည် ကိုးကွယ်ယုံကြည်မှု မှလွဲ၍ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားတို့၌ ရခိုင်လူမျိုးနှင့် တူညီကြသည်။ ၄င်းတို့သည် ရခိုင်မင်းများ လက်ထက်ကပင် ဒေသတွင်းအပြန်အလှန် ဆက်ဆံရေးများကြောင့် ရခိုင်ဒေသသို့ ရောက်ရှိအခြေစိုက် နေထိုင် ခဲ့ကြသူများ ဖြစ်ကြသဖြင့် နေထိုင်မှုသက်တမ်း ကြာရှည်လာသည်နှင့်အမျှ ဘင်္ဂလီဘာသာစကား ပြောဆိုခြင်း အလျဉ်းမရှိသော ရခိုင်ဒေသတွင် ၄င်းတို့သည်လည်း ဘင်္ဂလီစဘာသာစကား လုံးဝမပြောတတ်ကြပေ။
မြန်မာပြည်အတွင်း၌ နေထိုင်ကြသည့် မွတ်ဆလင်လူမျိုးများသည်လည်း ရိုဟင်ဂျာဟူသော ဝေါဟာ ရကို ကြားတောင် ကြားဖူးကြလိမ့်မည်မဟုတ်ပေ။ ဘာသာရေးအစွမ်းရောက် လူတစ်စုမှ (၇၈၆)ဂဏန်း နှင့်အညီ ၂၁ ရာစုအတွင်း ကမ္ဘာတ၀ှမ်း၌ အစ္စလန်ဘာသာ လွမ်းမိုးရေးအတွက် လုပ်ဆောင်နေကြခြင်းသာ ဖြစ်သည်။ ဂျပန်နိုင်ငံတွင် လာရောက်အလုပ် လုပ်ကိုင်နေကြသည့် အစ္စလမ်ဘာသာဝင်အချို့မှ၊ သူတို့သည် လွန်ခဲသော နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်ကတည်းက နေထိုင်လာခဲ့ကြသည့် ”နီပွန်းဂျာ“(Nippongya) တိုင်းရင်းသား လူမျိုးများဖြစ်သည်ဟု သမိုင်းလိမ်ကိုဖန်တီး၍ အစ္စလမ်နိုင်ငံသစ်တစ်ခု ထူထောင်ရန် ကြိုးပမ်းနေကြကြောင်း သိရှိရသည်။ ဘင်္ဂလားအော်လှိုင်းသံ အမှတ်(၂)။ ထိုနည်းတူ မကြာမှီအချိန်တွင်လည်း ဗမာရိုဟင်ဂျာ၊ ကရင်ရိုဟင်ဂျာ၊ ရှမ်းရိုဟင်ဂျာ၊ မွန်ရိုဟင်ဂျာ၊ ချင်းရိုဟင်ဂျာ စသည်ဖြင့် ဖြစ်ပေါ်လာနိုင်ပေသည်။
၁၉၅၉-ခုနှစ် နိုဝင်ဘာလထဲမှာ ဦးနု ရခိုင်ပြည်သို့ မဲဆွယ်ရန်ရောက်ရှိလာခဲ့သည်။ မောင်တောမြို့ နယ်၌ မဲဆွယ်စည်းရုံးရေးတရားဟောပြောခဲ့စဉ်က ”သန့်ရှင်းသာ အနိုင်ရခဲ့ရင် ရိုဟင်ဂျာလူမျိုးလို့ သတ်မှတ် ပေးမယ် မြန်မာ့အသံက တိုင်းရင်းသားအစီအစဉ်တွေမှာ ရိုဟင်ဂျာဘာသာနဲ့ အသံလွင့်ပေးမယ်လို့“ ဂတိပေးခဲ့သည်။ အမတ်နေရာ သုံးနေရာ ရရန်အတွက် အာဏာရူးခဲ့သည့် ဦးနုကြောင့် ရိုဟင်ဂျာဆိုသည့် နာမည် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ကျီးကန်းငှက် ညောင်သီးကိုစား၍ တိုက်နံရံမှာ ချီးယိုခြင်းသည် လောလောဆယ်၌ အရေးမကြီးဟု ထင်ရ၏။ သို့သော် ညောင်ပင်ကြီးလာမှ ပြသနာတက်ရခြင်းမျိုး ကျနော်တို့ ကြုံနေရသည်။ အများစုက အဆောက်အဦး မပျက်စီးရန် ညောင်ပင်အား ခုတ်လှဲချင်သော်လည်း တချို့က ညောင်ပင်၏ ထည်ဝါမှုနှင့် အရိပ်အာဝါသကို အပျက်အစီး မခံနိုင်ဖြစ်နေကြရသည်။
”ရိုဟင်ဂျာ“လူမျိုးဟူ၍ ကမ္ဘာက အသိအမှတ်ပြု လက်ခံလာအောင် အမျိုးမျိုးကြိုးစားအတည်ပြုနေ ကြသူတို့သည် သူတို့၏ ကိုယ်ကျိုးအတွက် အမြတ်ထုတ်နေကြခြင်းသာဖြစ်သည်။ ထိုအထဲတွင် ဟန်ညောင်ဝေ နှင့် NCGUB မှ နိုင်ငံရေးလုပ်စားနေသူ ဦးဘိုလှတင့် လည်းပါဝင်သည်။ ထိုဟန်ယောင်ဝေနှင့် အပေါင်းပါတစ် စုတို့သည် မြန်မာပြည်သူကို အကြောင်းပြုပြီး နိုင်ငံတကာမှ ငွေကြေးများတောင်းခံ၍ လုပ်စားလာကြသည်မှာ နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ယခုအချိန်ထိ စစ်အစိုးရ ကိုဆန့်ကျင်သည့် လုပ်ဆောင် ချက်ဟူ၍ မယ်မယ်ရရ တစိုးတစဉ်းမျှ မတွေ့ရှိရသည့် အတွက်တာကြောင့် မြန်မာဒီမိုကရေစီ ရရှိရေး အတွက် ထောက်ပံ့နေကြသည့် နိုင်ငံတကာ အလှူရှင်များမှ ယခုအခါ ရပ်တန့်လိုက်ပြီး ဖြစ်ကြာင်းသိရှိရသည်။ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ကိုလည်း နိုင်ငံတကာမှ နှစ်ပေါင်း၂၀ဆယ်ကျော် ထောက်ပံ့ခဲ့ သော်လည်း မည်မည်ရရ နိုင်ငံရေးလှုပ်ရှားမှုဟူ၍ လက်ဆုတ်လက်ကိုင် မပြနိုင်သဖြင့် ယခုအခါ၌ ထောက်ပံ့ ကြေးငွေများ ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကလည်း ဘူးသီးတောင် မောင်တော နယ်မြေကို ”အာကစ္စတန်နိုင်ငံ“ ထူထောင်ရေးအတွက် နိုင်ငံတကာရှိ မွတ်ဆလင်နိုင်ငံများမှ အလှူငွေများကောက်ခံသည်။ ထိုသို့ အလှူခံ၍ ရရှိလာသည့် ငွေကြေးများကို ဦးဟန်ညောင်ဝေလက်ထဲသို့ ပုံအပ်ပြီး တိုင်းရင်းသားလူမျိုးများ ကောင်စီတွင် ပါဝင်နိုင်ရေးအတွက် ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခိုင်း နေခြင်းဖြစ်သည်။ ထိုမျှနှင့် မရောင့် ရဲနိုင်သေးသည့် ဦးဟန်ညောင်ဝေသည် မျောက်ပြ၍ ဆန်တောင်းသည့်နှယ်၊ ရိုဟင်ဂျာဆိုသူတို့ကို အကြောင်း ပြု၍ အာရပ်နိုင်ငံများမှလည်း ငွေကြေးတောင်းခံခဲ့သေးသည်။ ရိုဟင်ဂျာဆိုသူများသည် သူတို့ကိုယ် သူတို့ မျောက် ဖြစ်၍ဖြစ် မှန်းမသိ အလွန်သနားစရာကောင်းလှ၏။
ရိုဟင်ဂျာဆိုသူများကို အကြောင်းပြု၍ ရရှိလာသည့် ငွေကြေးများထဲမှ မပြောစလောက် ငွေကြေး အနည်းငယ်မျှကို အသုံးပြုပြီး ရိုဟင်ဂျာနှင့် ပတ်သက်သည့် အချက်အလက်တချို့ ရလို ရငြားအထင်နှင့် နိုင်ငံတကာမှ ရခိုင်သမိုင်းသုတေသီ ပညာရှင်များကို ဖိတ်ခေါ်၍ ၂၀၀၅-ခု၊ နိုဝင်္ဘာလတွင် ရခိုင်သမိုင်း သုတေသန ဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ်တွင် ပြုလုပ်ပေးခဲ့ သည်။ သိုသော်လည်း ထိုရခိုင်သမိုင်း သုတေသနဆွေးနွေးပွဲမှ ရိုဟင်ဂျာနှင့် ပတ်သက်သည့် အချက်အလက် ဟူ၍ ဘာတစ်ခုမျှ မရရှိခဲ့သည့်အတွက် ဆွေးနွေးပွဲ၌ တင်သွင်းခဲ့ကြသည့် နိုင်ငံတကာမှ ရခိုင်သမိုင်းပညာရှင် များ၏ သုတေသနစာတမ်းများနှင့် ဆွေးနွေးပွဲ ဗွီဒီယိုမှတ်တမ်းများ၊ Record များအားလုံးကို ညီညီလွင် နှင့် ပူးပေါင်း၍ ဖျောက်ဖျက်ပစ်ခဲ့ကြသည်။ ယခုအချိန်ထိ အစအနတောင် ရှာမတွေ့တော့ပေ။ Ph.D ပညာ ရှင်တစ်ဦး ၏ သုတေသနစာတမ်းတစ်စောင်သည် အနှစ်ငါးဆယ်ခန့် တည်တန့်ခိုင်မြဲနိုင်သည်။ ထိုသုတေသန စာတမ်းများ ကိုသာ စာအုပ်အဖြစ်ထုတ်ဝေဖြစ်ခဲ့ပါက ယခုအချိန်၌ ရိုဟင်ဂျာသမိုင်းလိမ်ကိစ္စကို ရှင်းနေရန်မလို တော့ပေ။
ထို့အပြင် ”ဦးဟန်ညောင်ဝေအား တိုင်းရင်းသားလူမျိုး နိုင်ငံရေးစောင့်ကြည့်ကွန်ယက် - Burma Ethnic Politics Watch Network (BEPWN)“ မှ မေလ၊ ၂၂၊ ၂၀၁၀ ရက်စွဲ့ဖြင့် တိုင်းရင်းသားခေါင်းဆောင်ဟု ဆိုသူ ဦးဟန်ညောင်ဝေအပါအ၀င် ၇ ဦးအမည်စာရင်းကို ထုတ်ပြန်လိုက်ပြီး ၎င်းတို့ကို ကိုယ်ကျိုးရှာ နိုင်ငံရေး သမား များအဖြစ် စွပ်စွဲလိုက်သည်။ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီရရှိရေးတို့ကို ထိခိုက်နစ် နာအောင် လုပ်ခြင်းတို့ကြောင့် လည်းကောင်း၊ စစ်အာဏာရှင် သက်တမ်းရှည်အောင် အားပေးဆောင် ရွက်နေ ခြင်းတို့ကြောင့် လည်းကောင်း၊ ထိုသူတို့နှင့် ပတ်သက်ပြီး တိကျသော အထောက်အထားများ၊ သက်သေများ ရှိသောကြောင့် လည်းကောင်း၊ ထိုသူတို့ကို နာမည်ပျက်စာရင်း သွင်းလိုက်သည်ဟု ဖေါ်ပြထားသည်။ အပြည့်အစုံကို www.burmaethnicpoliticswatchnetwork.com မှာ ဖတ်ရှုနိုင်ပါသည်။
ယခုတော့ ဟန်ညောင်ဝေနှင့် NCGUB မှ ဦးဘိုလှတင့်သည် အကြံကုန်လို့ ဂဠုံဆားချက်ဆိုသကဲ့သို့ ၂၀၁၀၊ ဧပြီလ က ဆော်ဒီနိုင်ငံသို့ သွားရောက်ပြီး ငွေကြေးအလှူခံခဲ့ကြ ကြောင်းသိရှိရသည်။ အလှူပေးမည် ပုဂ္ဂိုလ်များကလည်း အလကားတော့ ပေးမည်မဟုတ်။ တစ်ခုခုတော့ တောင်းဆိုပေလိမ့်မည်။ ဆော်ဒီနိုင်ငံသည် သူတို့မွတ်စလင် နိုင်ငံပြန့်ပွါးရေးအတွက် ငွေကြေးအမြောက်အများကို သုံးစွဲ၍ လုပ်ဆောင်နေသည်ကို လူတိုင်း သိသည်။ ယခုလည်း အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦး ပြိုပျက်သွားသည့် နေရာအနီး၌ ကုလားဗလီ ဆောက်လုပ်ရန် ဆော်ဒီနိုင်ငံမှ ငွေကြေး ဒေါ်လာသန်းပေါင်းများစွာ ကျခံမည် ဖြစ်ကြောင်း သိရှိရသည်။ ယခုလည်း ဆော်ဒီနိုင်ငံမှ မြန်မာနိုင်ငံတွင် မွတ်ဆလင်နိုင်ငံတစ်ခု ပေါ်ထွန်းလာစေ ရန် အတွက် ဦးဟန်ညောင်ဝေနှင့် NCGUB မှ ၀န်ကြီးဦးဘိုလှတင့်တို့အား ငွေကြေး အမြောက်အများ ပေး၍ ဖေါ်ဆောင်ခိုင်းဟန်တူသည်။ သို့ကြောင့် အမေရိကန်လွှတ်တော် အမတ်အချို့နှင့် နီးစပ်မှုရှိသည့် NCGUB ၀န်ကြီးများသည် အမေရိကန် ကွန်ကရက်အမတ်များကို ပေါင်း၍ “ရိုဟင်ဂျာ”အား တိုင်းရင်းသားအဖြစ် အသိ အမှတ်ပြုရန် မြန်မာစစ်အစိုးရအား တွန်းအားပေးသည့် စာတန်းတစ်စောင်ကို အမေရိကန်လွှတ်တော်တွင် တင်သွင်းခိုင်းခြင်းဖြစ်သည်။
ဤအဖြစ်မျိုးသည် ၁၉၉၂-ခုနှစ်တွင် တစ်ခါ ဖြစ်ခဲ့ဖူးသည်။ ကိုကျိုးရှာ ဒေါက်တာနိုင်အောင်နှင့် (ထိုအ ချိန်က ABSDF ဥက္ကဌ)လူတစ်စုမှ န၀တ စစ်အစိုးရကိုတိုက်ရန် ငွေကြေးလိုသည်ဟုအကြောင်းပြကာ ၁၉၉၂-ခုနှစ် ဇွန်လ ၇ ရက်နေစွဲဖြင့် ABSDF (ဗဟို)၏ သုတေသနဌာနမှ စာမျက်နှာ ၄၉ မျက်နှာပါရှိသည့် ရိုဟင်ဂျာ သမိုင်း နှင့် ပတ်သက်သည့် စာတမ်းလိမ်တစ်စောင်ကို ထုတ်ပြန်ခဲ့ဖူးသည်။ ထိုစာတမ်းကို ထုတ်ပြန်ခဲ့သည့် အတွက် (ABSDF)အဖွဲ့သည် ဒေါ်လာတစ်သန်းကျော်ရရှိခဲ့ကြောင်း သိရှိရသည်။
၁၉၉၀ ပြည့်လွန်နှစ်များတွင် လူဦးရေအားဖြင့် ၇ သောင်းမှ ၁ သိန်း ၂ သောင်းနီးပါးအထိရှိသော မွတ်ဆလင် လူငယ်လူရွယ်များကို အာဖဂန်နစ္စတန်နိုင်ငံရှိ အယ်လ်ကိုင်းဒါးနှင့် တာလီဘန်စခန်းများတွင် လေ့ကျင့် သင်ကြားပေးပြီးလျှင် အမေရိကရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦးမှအစ အာရှ၊ အာဖရိကနှင့် အရှေ့ အလယ်ပိုင်း ဒေသများတွင် အကြမ်းဖက် တိုက်ခိုက်ခိုင်းခဲ့သည်။ အယ်လ်ကိုင်းဒါးသည် တပ်သားအရေ အတွက်အားဖြင့် အတိုင်းအတာ တစ်ခုအထိ အင်အားရှိသော အစ္စလမ်မစ်အဖွဲ့များကို အပြင်းအထန် သင်တန်း ပေးပြီးနောက်၊ လူငယ်တို့၏ ဦးနှောဏ်ထဲသို့ ဘာသာရေးစစ်ပွဲအတွက် လူသတ်ရပါသည်ဆိုသော အတွေး အခေါ် တစ်ရပ်ကို ရိုက်သွင်းပေးသည်။ ယင်း မိန္ဆာအတွေးအခေါ်ကြောင့် ကမ္ဘာတ၀ှမ်းသို့ အကြောက်တရားနှင့် အကြမ်းဖက်မှုများ ပြန့်နှံ့ ခဲ့ရသည်။
ထိုအထဲတွင် အာရကန်ရိုဟင်ဂျာအမျိုးသားအဖွဲ့(ARNO)နှင့် ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့ (RSO) တို့လည်း ပါဝင်ကြသည်။ ၄င်းအဖွဲ့တို့ကို အာဖဂန်နစ္စတန်ရှိ စခန်းများတွင် လေ့ကျင့် သင်ကြားပေးပြီး မြန်မာ ဘင်္ဂလားနယ်စပ်တွင် လှုပ်ရှားစေခဲ့သည်ဟု ၀ီလီယံဂုဏ်း၏ အစီအရင်ခံစာ တစ်စောင်တွင် ဖေါ်ပြထားသည်။ (၀ီလီယံဂုဏ်းသည် ခရစ်ယန်ဖွံ့ဖြိုးရေး လမ်းညွန်အသင်း၏ ဦးဆောင်ဒါရိုက်တာလည်းဖြစ်၊ လူအခွင့်အရေး ချိုးဖောက်မှုနှင့် ညှည်းပမ်းမှုကိုဆန့်ကျင်သော နိုင်ငံတော်အဆင့် အဖွဲ့အစည်းတစ်ခုမှ ဖြစ်သည်။)
ထိုကဲ့သို့ အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့် ရိုဟင်ဂျာဆိုသူများကို ဦးဟန်ညောင်ဝေနှင့် NCGUB ၀န်ကြီး ဦးဘိုလှတင့်တို့သည် ထိုသူတို့ကို အားပေးအားမြှောက်ပြုလျှက် မိမိတို့၏ ကိုယ်ကျိုးစီးပွါး အတွက် အသုံးချနေခြင်းသည် မြန်မာပြည်သူ ပြည်သားတို့၏ အမျိုးသားလုံခြုံရေးကို မျက်ကွယ်ပြုထားပြီး ပြည်ထောင်စုအရေခြုံထားသော အမျိုးသားသစ္စာဖောက်များလုပ်ရပ်သာ ဖြစ်နေပေသည်။ သို့ကြောင့် ဦးဟန်ညောင်ဝေနှင့် NCGUB ၀န်ကြီးဦးဘိုလှတင့်တို့အား အသိပေးလိုသည်မှာ ကျနော်တို့ အဖိုးအဖီးများ ပိုင်ဆိုင်ခဲ့သည့် ရခိုင်ပြည်မြေဧရိယာကို တစ်လက်မခန့်မျှ ဖဲ့ထုတ်ပေးမည်မဟုတ်။ ထိုသို့ ဖဲ့ထုတ် ယူရန် ကြိုးစားလာသူ မှန်သမျှကိုလည်း ကျနော်တို့ ရခိုင်တစ်မျိုးသားလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်မည်ဖြစ် ကြောင်းနှင့်၊ ရခိုင်လူမျိုးတို့၏ အမျိုးသားလုံခြုံရေးကို ထိပါလာသူမှန်သမျှကို ကျနော်တို့ ရခိုင်တစ်မျိုးသားလုံး၏ အမျိုးသား ဘုံရန်သူအဖြစ် သတ်မှတ်ရမည်ဖြစ်ကြာင်း အလေးအနက် အသိပေးအပ်ပါသည်။
ခိုင်ဘခင် (နယူးယောက်)
အမေရိကန်ပြည်ထောင်စု
Tuesday, 25 January 2011
တိုင်းရင်းသားတွေ တိုက်ပွဲဝင် တောင်းဆိုနေတာ ဖက်ဒရယ်ပါပဲ။ ခွဲထွက်ရေး မဟုတ်ပါဘူး
ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၁၇ မိနစ်
အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် စစ်အစိုးရကို လက်နက်ကိုင် တိုက်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ မနှစ် နိုဝင်ဘာတွင် စုပေါင်း၍ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ (Committee for Emergence of Federal Union-CEFU) ဖွဲ့စည်းခဲ့ကြသည်။
ယင်းကော်မတီက ကျယ်ပြန့်သည့် တိုင်းရင်းသား ညီလာခံကြီးတခု ခေါ်ယူနိုင်ရန် ကြိုးစားနေသည်။ ကော်မတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဤညီလာခံသည် ပြည်တွင်း၌ NLD နှင့် တိုင်းရင်းသားပါတီများ ကြိုးစားနေသည့် ဒုတိယ ပင်လုံ ညီလာခံ ဘောမျိုးမဟုတ်ဟု ဆိုသည်။
အကြောင်းစုံကို သိရှိနိုင်ရန် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ နိုင်ဟံသာ ကို မဇ္ဈိမက မေးမြန်းထားသည်။
--------------------------------------------------------------------
ဆရာတို့ တိုင်းရင်းသားတွေ စုပြီး ညီလာခံလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က NLD ပြောတဲ့ ဒုတိယ ပင်လုံ ညီလာခံဆိုတာနဲ့ရော ဘယ်လို ကွာခြားမှု ရှိမလဲခင်ဗျာ။
ပြည်တွင်းမှာ ဒုတိယပင်လုံညီလာခံကျင်းပဖို့ တောင်းဆိုနေတာက
တိုင်းရင်းသားတွေ တိုက်ပွဲဝင်တောင်းဆိုနေတာ ဖက်ဒရယ်ပါပဲ။ ခွဲထွက်ရေး မဟုတ်ပါဘူးဆိုတဲ့ နိုင်ဟံသာ (photo :: www.kaowaw.org)
ဟိုတုန်းက ဗမာကိုယ်စားလှယ် နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ တွေ့ပြီးတော့ သဘောတူညီမှု ယူကြတဲ့ ၄၇ ခုက အဖြစ်ပျက်မျိုး ဒီနေ့အနေအထားမှာ ဗမာတွေနဲ့ တိုင်းရင်းသားတွေအကြား အရင်ကချမှတ်ခဲ့တဲ့ သဘောတူညီမှုအပေါ်မှာ အခြေပြုပြီး ပြန်လည်အကောင်အထည်ဖော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လို့ ကျနော်တို့ နားလည်တာလေ။ ဒါက အတွင်းပိုင်းက သူတို့ လုပ်နိုင်တဲ့ အဆင့်က နေပြီးတော့ လုပ်ကြတာပါ။
ကျနော်တို့ကတော့ အဲဒီလို မဟုတ်ဘူးဗျ။ ကျနော်တို့ ဒီနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေက များသောအားဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်နေကြတာပါ။ အဲဒါကလဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အတွက်ပေါ့လေ။
ကနေ့အနေအထားမှာ စစ်အစိုးရက အရင်က အပစ်အခတ်ရပ်စဲထားခြင်းကို ဖျက်ဆီးပြီှး ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတဲ့အပေါ်မှာ အပစ်ရပ်ထားတဲ့ အဖွဲ့တွေရော မရပ်တဲ့ အဖွဲ့တွေရော အားလုံးပေါင်းပြီးတော့ ဒီဟာတွေကို ကာကွယ်ဖို့ပေါ့နော်။ တဖက်က ကျနော်တို့ တိုင်းရင်းသား အားလုံး လိုလားတိုက်ပွဲဝင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာဖို့အတွက် အကောင်အထည် ဖော်ရာမှာ တိုင်းရင်းသားအချင်းချင်း ညီညွတ်ကြဖို့လိုတယ်။ တသံထဲ ထွက်ဖို့လိုတယ်။ စုစုစည်းစည်းနဲ့ စစ်အစိုးရရဲ့ ထိုးစစ်ကိုလဲ ခုခံနိုင်မယ်။ နိုင်ငံရေးအရလဲ ပြောတာဆိုတာ တစုတစည်းထဲ ဖြစ်လာမယ်ဆိုရင် ကျနော်တို့အတွက် အားရှိလာမယ်။ အားရှိလာမယ့်အပေါ်မှာ တဖက်က ကျနော်တို့ တောင်းဆိုနေတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာရင်လဲ တိုင်းရင်းသားတွေရဲ့ ဒေါင့်ကနေပြီးတော့ တစုတစည်းထဲနဲ့ ကိုယ်စားပြု ပြောလို့ရမယ်။ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်နေတာပါ။
ဒါဆိုရင် ပြည်တွင်းက ပါတီဖွဲ့ထားတဲ့ တိုင်းရင်းသားတွေရောပါဖို့ ရည်မှန်းထားပါသလား။
ပြည်တွင်းမှာရှိနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ ကျနော်တို့နဲ့ လာပူးပေါင်းနိုင်မှာ မဟုတ်ဘူး ထင်တယ်လေ။ သူတို့ရပ်တည်နိုင်တဲ့ အနေအထားအရ အတွင်းမှာပဲ သူတို့ လှုပ်ရှားကြတယ်။ အခုဆိုရင် ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးပေါ့ဗျာ။ အဲဒီပုံစံနဲ့ သူတို့က လှုပ်ရှားနေကြတယ်။ ကျနော်တို့နဲ့တော့ မတူပါဘူး။
တိုင်းရင်းသား ၆ ဖွဲ့ပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီက ကျယ်ပြန့်တဲ့ တိုင်းရင်းသားညီလာခံခေါ်ဖို့ ကြိုးစားနေတာက ဘယ်အဆင့်ရောက်နေပြီလဲ ခင်ဗျ။
အဲဒါကို လုပ်ဖို့က အဓိကအားဖြင့်ကတော့ တိုင်းရင်းသားတွေရဲ့ အစုအဖွဲ့ တပ်ပေါင်းစုတွေဖြစ်တဲ့ NDF၊ ENC ရယ်၊ နောက် UNLD-LA အဲဒီအဖွဲ့တွေနဲ့ ကျနော်တို့ ညှိနှိုင်းပြီှး လုပ်သွားဖို့၊ တူညီတဲ့ ကိုယ်စားလှယ် အရေအတွက်နဲ့ ကျင်းပရေး ကော်မတီဖွဲ့ပြီးတော့မှ အဲဒီကျင်းပရေး ကော်မတီက လိုတဲ့ ပြင်ဆင်မှုတွေ လုပ်သွားဖို့ပေါ့လေ။
အဲဒီကော်မတီရဲ့ တာဝန်ကျတော့ရော ဘယ်လိုရှိပါသလဲ ခင်ဗျာ။
အဲဒါက ပြင်ဆင်နေတုန်း စီစဉ်နေတုန်းပဲ ဆိုပါစို့ဗျာ။ အဲဒီမှာ အကြံဉာဏ်တွေ စုဆောင်းထားမယ်၊ ညီလာခံအတွက် ပြင်ဆင်ထားမယ်၊ အဲဒီကော်မတီက တာဝန်ယူပြီးတော့ ဖိတ်မယ်။ ညီလာခံကို ဦးဆောင်သွားမယ်။ အဲဒီပုံစံမျိုးပေါ့ဗျာ။
NDF တို့ ENC တို့က အရင်တုန်းကလဲ လက်နက်ကိုင်တိုင်းရင်းသားတွေအကြားမှာ တသံထဲ ထွက်ဖို့ဆိုပြီးတော့ ဖွဲ့ကြတာပဲ မှတ်လား ဆရာ။ အခုရော ဘာကွာမှာလဲခင်ဗျာ။
အဲဒီလို ရည်ရွယ်ရင်းနဲ့ပေါ့ဗျာ။ လုပ်ရင်းလုပ်ရင်းနဲ့ ကနေ့ဆိုရင် NDF ကလဲ သီးခြားဖြစ်နေတယ်။ ENC ကလဲ သီးခြားဖြစ်နေတယ်။ ဒီနှစ်ခုကို ကျနော်တို့က တဖက်က စုစည်းပြီးတော့မှ တပုံစံထဲ ဖြစ်ဖို့ဆိုတဲ့ဟာမှာလဲ သူ့မူနဲ့ သူ့အခြေခံနဲ့ မတူညီတဲ့ဟာတွေ ဖြစ်နေတယ်။ အဲဒါတွေ ရှိနေတဲ့အပေါ်မှာ ကနေ့ လောလောလတ်လတ် အပစ်အခတ် ရပ်စဲရေးတွေ ပျက်ပြီး စစ်ရေးအတွက် ပြင်ဆင်နေရတဲ့ ကာလမှာ ကျနော်တို့က ပုံစံသစ်နဲ့ တဖက်ကလဲ စစ်ရေးအရ ပြင်ဆင်ဖို့ လိုအပ်သလို နိုင်ငံရေးအရလဲ စုစည်းဖို့ လိုအပ်တယ်။ အဲဒီတော့ အရင်ကရှိတဲ့ တပ်ပေါင်းစုတွေမှာ သူတို့ အခြေခံအချက်အလက်တွေပေါ်မှာ ပြုလို့ပြင်လို့ ခက်တဲ့အနေ အထားမှာ အသစ်တခု ဖော်ထုတ်ပြီးတော့ အားလုံးစုစည်းနိုင်တဲ့ နည်းလမ်းကို ရှာတာပါ။
လက်နက်ကိုင် တိုင်းရင်းသားတွေ အများကြီးရှိတဲ့ကြားက လက်ရှိ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီမှာတောင် ၆ ဖွဲ့ပဲ ပါတယ်ပေါ့။ သူတို့ကို ထပ်ပြီး စုစည်းဖို့ ဘယ်လိုလုပ်မလဲခင်ဗျ။
အခုက NDF နဲ့ရော ENC နဲ့ရော စုပေါင်းပြီး အဲဒီ ကွန်ဖရင့်ကြီးကို ကျင်းပတဲ့အခါကျရင် တခြားတိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေ၊ စစ်ရေးရော နိုင်ငံရေးရောရှိတဲ့အဖွဲ့အစည်းတွေ ဒါတွေအားလုံးပါဝင်နိုင်ဖို့ ကျနော်တို့ ဖိတ်ခေါ်မယ်။ သူတို့ပါ အဲဒီမှာ ဆွေးနွေးကြမယ်ပေါ့ဗျာ။ ကျနော်တို့ ရည်ရွယ်ထားတာကတော့ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး တစုတစည်းထဲဖြစ်ဖို့ ဦးတည်တာပါ။
၁၉၉၇-၉၈ လောက်က တိုင်းရင်းသားတွေအကြားမှာ မဲသရောထ သဘောတူညီချက်ဆိုတာလဲ ရှိတယ်နော်။ အဲဒါနဲ့ရော အဆက်အစပ်ရှိလား။
အဆက်အစပ်ရှိပါတယ်။ ၉၇ ခုနှစ်တုန်းက မဲသရောထမှာ တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ နှီးနှော ဖလှယ်ပွဲတခု လုပ်ခဲ့တယ်။ ဟိုတုန်းကတော့ နှီးနှောဖလှယ်ပွဲအဆင့်ပေါ့ဗျာ။ Seminar အဆင့်ပေါ့လေ။ အခုက အဆင့်မြှင့်ပြီးတော့ Conference ညီလာခံအဆင့်ကိုလုပ်ဖို့ ရည်ရွယ် ထားပါတယ်။ အဲဒီတုန်းကလဲ ဖက်ဒရယ်ပါပဲ။
တိုင်းရင်းသားတွေ စုစည်းဖို့ ကြိုးစားတာ အရင်တုန်းက မဲသရောထ တခုပဲလား။ တခြားရှိသေးလားခင်ဗျာ။
ကျနော်မှတ်မိသလောက် ဟိုး ၇၆ ခုမှာ တခါရှိခဲ့ဖူးတယ်ဗျ။ ဟိုတုန်းကတော့ မာနယ်ပလောမှာ လုပ်ပါတယ်။ အဲဒီမှာ ၁၃ ဖွဲ့တက်ကြတယ်ဗျာ။ အဲဒီကနေပဲ NDF ဆိုတာ ပေါ်လာတာလေ။ ကနေ့အထိ ကျနော်တို့ တိုင်းရင်းသားတွေ တိုက်ပွဲဝင်နေတာ၊ လှုပ်ရှားနေတာ၊ တောင်းဆိုနေတာ ဖက်ဒရယ် ပါပဲခင်ဗျ။ ခွဲထွက်ရေး မဟုတ်ပါဘူး။
၁၉၆၁ ခုမှာ တောင်ကြီးမှာလုပ်တဲ့ တိုင်းရင်းသားညီလာခံကိစ္စရော သိသလောက် ပြောပြပေးပါ လားခင်ဗျာ။
၆၁ မှာ တောင်ကြီးမှာ ကွန်ဖရင့်လုပ်တာက အဓိကအားဖြင့် ဖက်ဒရယ်မူကို အကောင်အထည်ဖော် ဖို့ပေါ့ဗျာ။ လွတ်လပ်ရေးတိုက်ပွဲမှာ တိုင်းရင်းသားတွေလဲ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်။ လွတ်လပ်ရေးရခါနီးမှာ မြေပြန့် ပြည်မနဲ့ တောင်တန်းဒေသက ချင်း၊ ကချင်၊ ရှမ်းတို့ စုစည်းပြီး ပင်လုံသဘောတူညီချက်ရခဲ့တယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ အဲဒီသဘောတူ ညီချက်တွေ အခွင့်အရေးတွေ လုံးဝမပေါ်ပဲနဲ့ တိုင်းရင်းသားတွေဟာ ဗမာတွေရဲ့လက်အောက်မှာ ကျသွားတဲ့သဘော ဗမာတွေရဲ့ ကိုလိုနီသဘော ရောက်သွားတာကို မကျေနပ်လို့၊ အဲလိုမဖြစ်စေချင်လို့၊ တိုင်းရင်းသားတွေအကြား ညီညွတ်ရေး ပြိုကွဲနေမယ် အရင်ပြောခဲ့တဲ့ စကားအရ လွတ်လပ်ရေးရရင် ညီချင်းအကိုချင်း တန်းတူနေသွားမယ်ဆိုတဲ့ သဘောထားကို အကောင်ထည် ဖော်ချင်လို့ တောင်ကြီးညီလာခံမှာ ဖက်ဒရယ်မူ တင်တာပါပဲ။
ဆရာတို့ရဲ့ မွန်ပြည်သစ်ပါတီက အပစ်ရပ်ထားတာပေါ့နော်။ အခု လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေနဲ့ လာပူးပေါင်းတော့ ဆရာတို့နယ်မြေထဲမှာရော စစ်ရေးတင်းမာမှုရှိနေလား ခင်ဗျာ။
ကျနော်တို့နဲ့ စစ်အစိုးရက ၂ဝ၁ဝ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အပစ်အခတ်ရပ်စဲရေး က ပျက်သွားပြီ။ သူတို့ဘက်ကလဲ အသိအမှတ်မပြုတော့ဘူး။ ကျနော်တို့ဘက်ကလဲ သူတို့ကို တရားဝင် အသိအမှတ် မပြုတဲ့အပေါ်မှာ ကျနော်တို့ကလဲ ကျနော်တို့ဟန်နဲ့ ကျနော်တို့ ရပ်တည်ပြီး ဘဝတူမဟာမိတ်တွေနဲ့ ပေါင်းတာပေါ့ဗျာ။
တိုင်းရင်းသားတွေ စုစည်းမယ်လို့ ပြောကြတဲ့အခါမှာ ဗမာကလဲ တိုင်းရင်းသားတခု အနေနဲ့ ပါရမယ်လို့ ပြောနေတာတွေရှိတော့ ဆရာတို့ကရော ဗမာက တိုင်းရင်းသားတခုအနေနဲ့ ရှိရမယ်လို့ ယူဆလား။ ဗမာတိုင်းရင်းသားရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါလဲ။
အဖွဲ့အစည်း တခုခုက ဗမာတိုင်းရင်းသားတွေအနေနဲ့ ကိုယ်စားပြုပြီး ဒီကိစ္စမှာ ပါဝင်ပူးပေါင်းမယ် ဆိုရင် ကျနော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ လက်ရှိ ကျနော်တို့နဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေက ဗမာတိုင်းရင်းသားကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းရယ်လို့ မရှိသလို ဗမာအမျိုးသား အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း ဆိုတာလဲ မရှိဘူးဗျ။ သူတို့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ကိုပဲ တိုက်ပွဲဝင်နေကြတာလေ။ ဒါကလဲ သူ့အခြေအနေအရ ပေါ့ဗျာ။ သူတို့မှာ အမျိုးသားရေးဆိုင်ရာ အဖိနှိပ်ခံရမှုတို့၊ ဝါးမျိုခံရမှုတို့ မရှိတော့ဘူးလေ။ စစ်အာဏာရှင်စနစ်ကိုပဲ သူတို့ တိုက်နေရတာပါ။ ကျနော်တို့လို အမျိုးသား လွတ်မြောက်ရေး၊ အမျိုးသား အခွင့်အရေးအတွက် တိုက်နေရတဲ့ အနေအထားမျိုးလဲမရှိတော့ သူတို့မှာ အမျိုးသားရေးအတွက် ရပ်တည်စုဖွဲ့ထားတဲ့ အစုအဖွဲ့မျိုး မရှိတော့ဘူးဗျ။
တခြား ဆရာ ပြောလိုတာများ ရှိရင်လဲ ပြောပါခင်ဗျာ။
ကျနော်တို့ တိုင်းရင်းသားတွေ စုစည်းပြီးတော့ ဖက်ဒရယ်မူကိုပဲ တောင်းဆိုမှာပါ။ ကျနော်တို့နိုင်ငံ တိုင်းရင်းသားတွေကြားမှာ ဖြစ်ရှိနေတဲ့ မညီညွတ်မှုကို စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘူးလို့ ကျနော်မြင်တယ်။ စစ်ရေးနည်းနဲ့ ဖြေရှင်းလာတာ နှစ်ပေါင်း ၆ဝ ကျော်လာပြီဗျ။ ဘယ်အင်အားစု တခုကိုမှ စစ်ရေးနည်းနဲ့ ချေမှုန်းလို့မရနိုင်ပါဘူး။ ဒီလိုကွဲပြဲနေတာကို ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့ ၄၇ ပင်လုံညီလာခံမှာ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အပေါ်မှာ စုစည်းခဲ့ကြတာလေ။ အဲဒီလိုပုံစံနဲ့ တကယ်လို့ ပြန်လည်စုစည်းမယ်ဆိုရင်တော့ အားလုံးကတော့ ကြိုဆိုလက်ခံနေလျက်ပါ။(မဇ္ဈိမ)
Tuesday, 2 November 2010
Thursday, 26 November 2009
အမေရိကန်-မြန်မာ ဆက်ဆံရေး မြန်မာ့ဒီမိုကရေစီအတွက် မျှော်လင့်ချက်ကောင်းလား?
22 November 2009
မြန်မာအရေးနဲ့ ပတ်သက်လို့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမယ်ဆိုပြီးတော့ စစ်အစိုးရကို သမ္မတအိုဘားမား အစိုးရက ကမ်းလှမ်းတာဟာ မျှော်လင့်ချက်အမှားပေးတာ (Burma Engagement Offers False Hope) လို့ Australia နိုင်ငံ Sydney Morning Herald သတင်းစာမှာ အကြီးတန်းအယ်ဒီတာ ဂရေဟမ် ရယ်လေ (Graham Reilly) ဒီကနေဘဲ ဆောင်းပါးရေးသားထားပါတယ်။ သမ္မတအိုဘားမား အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲဟာ ဗမာပြည်က ဒီမိုကရေစီ အပြောင်းအလဲဖြစ်ပေါ်အောင် လုပ်ငန်းစဉ်အစလို့ ရှုမြင်နေတယ်လို့ Graham Reilly သုံးသပ်ပြီးတော့ မြန်မာစစ်အစိုးရကြတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ နှစ်ပေါင်း ၅၀ နီးပါးလောက် သူတို့ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တာတောင်ဆက်ပြီး တရားဝင်ဖြစ်အောင်လုပ်မယ့် အောင်ပွဲအဖြစ် ရှုမြင်တယ်လို့ အယ်ဒီတာ Reilly က သုံးသပ်ထောက်ပြထားပါတယ်။ ဒီ သတင်းအယ်ဒီတာရဲ့  သုံးသပ်ချက်နဲ့ လက်ရှိ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး၊ မြန်မာနိုင်ငံရေးအခြေအနေများကို ပိုမိုသိရှိနိုင်ဖို့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသမားဟောင်းတဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ကို ဦးရော်နီညိမ်း က ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ သမ္မတအိုဘားမား အစိုးရက သူတို့ရှုမြင်ပုံက ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေကို ကျော်ကျော်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ က အခွင့်အလမ်းတခုဘဲလို့ ပြောနေတာက ဆရာတို့အနေနဲ့လည်း မကြာသေခင်က လာရောက်သွားတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဒ် ကမ်ဘဲလ် (Kurt Campbell) နဲ့ တွေ့ဆုံခဲ့တာဆိုတော့ သူတို့ကိုရော ဆရာတို့အနေနဲ့ မထောက်ပြခဲ့ဘူးလား။
ဦးဝင်းတင် ။ ။ ပြောပါတယ်။ ဘာဖြစ်လိုလည်းဆိုတော့ ဒါဟာ အမေရိကန်လို ကမ္ဘာ့နိုင်ငံအများစုက ဒီမိုကရေစီနိုင်ငံတွေဖြစ်နေတော့ ဒီမိုကရေစီနိုင်ငံများရဲ့  စိတ်ကူးစိတ်သန်း (သို့မဟုတ်)၊ ရည်မှန်းချက် (သို့မဟုတ်)၊ ကြံရွယ်ချက်၊ လုပ်ဆောင်ချက် ပုံစံအရတော့ ရွေးကောက်ပွဲကို တိုက်တွန်းမှာပေါ့။ ဒါအတွက် ကျနော်တို့ ဘာမှမပြောဘူး။ ဒါပေမဲ့ လက်ရှိ ဗမာပြည်ရဲ့  အနေအထားအရဆိုရင် ရွေးကောက်ပွဲကို တိုက်တွန်းခြင်းဟာ ဒီ ခင်များပြောတဲ့ Sydney က လူ ရေးတဲ့အတိုင်းဘဲ မှားယွင်းသောမျှော်လင့်ချက်ကို ပေးတာ။ အဲဒါကြောင့် မစ္စတာ ကမ်ဘဲလ် တို့လာတဲ့အခါမှာ ကျနော်တို့ ပြောလိုက်ပါတယ်။ ကျနော်ကိုယ်တိုင် ပြောတဲ့စကား။ ဘာလဲဆိုရင် မစ္စတာကမ်ဘလ် ခင်များတို့ဟာ ခင်များတို့ လွှတ်တော်နှစ်ရပ်လုံးစလုံးမှာ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော်မှာ hearing တွေလုပ်တဲ့အခါမှာ ခင်များတို့တွေရဲ့  စကားတွေထဲမှာ ဒီ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တလုံးတပါသမှ မဟခဲ့ဘူး။ ဒါဟာ အလွန်ကို မှားယွင်းပါတယ်။ အလွန်ကို ကျနော်တို့ဘက်က အလွန်ကို စိတ်ပျက်တယ်လို ကျနော် စကားလုံးကို သုံးပါတယ် တစ်အချက် ။ နှစ်အချက် ကျနော်တိုက်တွန်းတာက ကောင်းပြီ ခင်များတို့အနေနဲ့ ဒီအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ပြောလိုမဖြစ်ဘူး diplomacy အရဘဲပြောပြော၊ တခြားအကြောင်းတွေအရဘဲပြောပြော စစ်အစိုးရကို မတိုက်တွန်းနိုင်ဘူး ဆိုလိုရှိရင်တောင်မှ အနည်းဆုံး အားလုံးတောင်းဆိုနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို စစ်အစိုးရအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ် ဆိုတာလောက်တော့ ပြောဖို့ကောင်းတယ်လို့ ပြောလိုက်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ပါ ဆရာ။ သူတို့ကို ပြန်ကြည့်တဲ့အခါကြတော့ အမေရိကန်အစိုးရအဖွဲ့အနေနဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာမှမပြောဘူး။ Kurt Campbell အရင်လာသွားတဲ့ ဆီနိတ်တာ Jim Webb ကြတော့ ၂၀၀၈ အခြေခံဥပဒေဟာ အပြစ်အနာဆာတွေရှိနေတယ် ဆိုတာကိုတော့ သူသိရှိနားလည်းပါတယ်လို့ ပြောသွားတယ်။ အဲဒီအခါကြတော့ အပြစ်အနာအဆာရှိပေမဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲကို သွားလိုက်ပါဆိုတဲ့ သူတို့ရဲ့ အမြင် ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို ဆရာ ဘယ်လိုမြင်ပါသလဲ။
ဦးဝင်းတင် ။ ။ ကျနော်တို့အထင်ကတော့ မစ္စတာဂျင်ဝဘ် အနေနဲ့ sanction တို့ ဘာတို့ ရုတ်သိမ်းရေးကိစ္စဘဲ ဦးတည်တယ်။ ဒါကို သွားချင်တယ်၊ ဖြစ်စေချင်တယ်။ နောက်တခါ အမေရိကန်အစိုးရက မစ္စတာကမ်ဘလ် တို့ လာတဲ့အခါကြတော့လည်း ပြောင်းလဲရေးဆိုတဲ့ ပုံသဏ္ဍာန်ပေါ့။ ဒီ ရွေးကောက်ပွဲတွေ လုပ်ပြီးသွားလို့ရှိရင် တစုံတရာသော ခရီးကိုရောက်လိမ့်မယ်၊ ပေါက်လိမ့်မယ်လို့ သူတို့က ထင်နေတယ်။ အဲဒီအပေါ်မှာ တည်ပြီးတော့ သူတို့က ဒီအခြေခံဥပဒေမှာ အပြစ်အနာအဆာ ရှိတယ်လို့စကားမျိုး ပြောကောင်းပြောမယ်။ သို့မဟုတ် ဒီအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လုံးဝ ရေငုံနှုတ်ပိတ် တုံနိဘော လုပ်နေရင်လုပ်နေမယ်။ သို့သော် နောက်ဆုံးပိတ်ကြတော့ နှစ်ယောက်စလုံးက တိုက်တွန်းတာ ရွေးကောက်ပွဲဘဲ။ ကျနော်တို့ လိုချင်နေတာက ကျနော်တို့ တိုင်းသူပြည်သားများ တောင့်တနေတာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့နေရတာ၊ နောက်တခါ ဒီမိုကရေစီ ရိုက်ချိုးမှုတွေ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ စည်းရုံးခွင့်၊ လှုပ်ရှားခွင့်မရှိ၊ အသက်မွေးဝမ်းကြောင်းမရှိ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရှိသလို ဖြစ်နေပြီ။ ဆိုပါတော့ ကျနော်တို့ ဘုန်းကြီးတပါး ဆွမ်းကျွေးချင်တယ် အန်အယ်လ်ဒီ ခေါင်းဆောင်တွေအနေနဲ့ ဆွမ်းကျွေးလို့ မရဘူး။ ကျနော် ဘုန်းကြီးကျောင်းကို သွားဖို့ မလွယ်ဘူး။ အဲဒီလို ဖြစ်နေတဲ့ အနေအထားမျိုးတွေကို ကျနော်တို့က ပြောင်းချင်တာ။ သံခင်းတမန်ခင်း ပြောင်းတာတို့၊ နှစ်နိုင်ငံ ဆက်ဆံရေး ပြောင်းတာလောက် ကျနော်တို့က မှန်းတာမဟုတ်ဘူး။
ဦးရော်နီညိမ်း ။ ။ အမေရိကန်တွေကို ပြန်ကြည့်တဲ့အခါ သူတို့က ဘာမဆို အပေးနဲ့အယူနဲ့ အမြဲတမ်း ဖြေရှင်းလေ့ရှိတဲ့အခါမှာ စစ်အစိုးရကို ကမ်းလှမ်းတဲ့နေရာမှာ (၁) ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ (၂) ၂၀၁၀ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတဖို့ အဲဒီလိုမျိုး အဆင့်နှစ်ဆင့် လုပ်ထားပါတယ်။ အဲဒီ နှစ်ဆင့်နဲ့မှ ဒီ စစ်အစိုးရဘက်က လိုက်လျောလာတယ်ဆိုရင် သူတို့ဘက်ကလည်း အရေးယူပိတ်စို့ဒဏ်ခတ်တာတွေကို ရုတ်သိမ်းပေးမယ်ဆိုတဲ့ သူရဲ့  အပေးအယူဟာ တကယ်တမ်းမှာ ဘယ်လောက်ထိ ဖြစ်နိုင်ခြေရှိတယ်။ စစ်အစိုးရဘက်ကလည်း သူတို့ဘက်က ဘယ်လောက်လိုက်လျောနိုင်တယ်၊ မလိုက်လျောနိုင်တယ်ဆိုတာ မပြသေးဘဲ သူတို့စိတ်ဝင်စားတယ်ဆိုတာ ပြနေတယ် သဘောမှာတွေ့ရတယ်။ အဲဒီအပေါ် ဆရာ ဘယ်လိုမြင်ပါသလဲ။
ဦးဝင်းတင် ။ ။ ဒါကို စစ်အစိုးရကတော့ သူတို့အဖို့ ရိုးနေပြီ။ ကျနော်တို့ စောစောကပြောသလို ဒီ စစ်အစိုးရက လက်မခံနိုင်တော့ဘူး။ (၁) အုပ်ချုပ်ရေးကို လက်မခံနိုင်တော့ဘူး။ ကျနော် လူတွေကို ပြောတာမဟုတ်ဘူး။ ကျနော် လေးစားပါတယ် ဥပမာ ဗိုလ်သန်းရွှေတို့ ခေါင်းဆောင်ကြီးတွေ ဦးမောင်အေး ဘာညာပုဂ္ဂိုလ်ကြီးတွေ ဗိုလ်ချုပ်ကြီးတို့ ဒါတွေကို ကျနော်တို့ပြောနေတာ မဟုတ်ဘူး။ တိုင်းပြည်မှာ စစ်အာဏာယန္တရားကြီးက ဖိစီးကြိတ်ဝါးနေပါတယ်။ အဲဒီ စစ်အာဏာယန္တရားကြီး ကြိတ်ဝါးရေးကို ခင်များတို့ ပိတ်စဲဖို့ကို ကြိုးစားပါ။ ကျနော်တို့ လိုချင်တာ အဲဒါဘဲ။ ဆိုပါတော့ လူ့အခွင့်အရေးကိစ္စ ပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေတယ်။ ဦးတင်ဦးနဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ရှိနေတယ်၊ ခွန်းထွန်းဦး နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေတယ်။ မင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေတယ်ဆိုတဲ့ကိစ္စကို အလေးထားပြောလည်း ကျနော်တို့ ပြောနေတာ ဒီ နိုင်ငံရေးအကျဉ်းသားလောက် ကျနော်တို့ပြောနေတာ မဟုတ်ဘူး။ တိုင်းပြည်ကြီးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဘယ်မှာကြည့်ကြည့် ဘယ်နေရာကြည့်ကြည့် ကျောင်းသားလူငယ်တွေကြည့်မလား၊ ခလေးတွေကြည့်မလား၊ ဈေးရောင်းသူတွေ ကြည့်မလား၊ လယ်သမားကြည့်မလား၊ အလုပ်သမားကြည့်မလား၊ နယ်စပ်ကတိုင်းရင်းသားတွေ ကြည့်မလား ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေက အတော်ကို ပြင်းထန်နေပါတယ်။ အဲဒီတော့ အဲဒါတွေကိုလည်း ကြည့်ပါ။
ဦးရော်နီညိမ်း ။ ။ နောက်တခုက ဒီ အမေရိကန်အစိုးရဘက်က ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပေါ်ပေါက်လာဖို့က ဦးစားပေး မဟုတ်ဘဲနဲ့ တရုတ်ရဲ့  သြဇာ အရှေ့ တောင်အာရှ လွှမ်းမိုးမှုမှာ မြန်မာနိုင်ငံ ပါမသွားရအောင် သူတို့အနေနဲ့ ဘယ်လိုဘဲပြောပြော စစ်ရေးကာလတုန်းကလိုဘဲ ဘယ်လောက်ဆိုးတဲ့အစိုးရနဲ့ဘဲဖြစ်ဖြစ် ချိတ်ထားတယ်။ ဒီသဘောမျိုးရော ရှိနေတယ်လို့ ကျနော်တို့ မြင်ကြည့်လို့ ရပါသလား။
ဦးဝင်းတင် ။ ။ ရတယ်ဗျ။ ဒါက ရှင်းရှင်းပြောရရင် ဒီ တရုတ်ကိစ္စက ကျနော်တို့ ဗမာပြည်က တရုတ်နဲ့ကပ်နေတယ်။ မရဘူးဗျ သက်ရောက်မှု ရှိမှာဘဲ။ ဘယ်လိုဖြစ်ဖြစ် သဘာဝဘဲ။ ကျနော်တို့ ဗမာပြည်ကို Hawaii ကို သွားပို့လို့လည်း မရတော့ဘူး။ ဒေါ်စု ပြောတဲ့စကားရှိပါတယ် အိမ်နီးနားချင်းဆိုတာ ကျနော်တို့ ရွေးလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ သို့သော် ကျနော်တို့ဟာ ဘယ်တုန်းကမှ တရုတ်တပည်လည်း မဖြစ်ဘူး။ တရုတ်ကျွန်းလည်း မဖြစ်ခဲ့ဘူး။ တရုတ်ရဲ့  သြဇာခံလည်း မဖြစ်ခဲ့ဘူး။ သူဘာသာ သြဇာရှိရင် ရှိမှာဘဲ၊ အရှိန်အ၀ါလည်း ရှိရင်ရှိမယ်။ အရေးကြီးတာက တရုတ်အောက်ကို ကျနော်တို့ ဘယ်လောက်ရောက်လဲ၊ ကျနော်တို့ တရုတ်နဲ့ ဘယ်လောက်ပေါင်းပြီး ဒီမိုကရေစီရေးတွေ သို့မဟုတ် ကမ္ဘာ့အရေးတွေမှာ သို့မဟုတ် ဒေသအရေးတွေမှာ ကျနော်တို့ တရုတ်နဲ့ပေါင်းပြီးတော့ ဘယ်လောက်ထိ ဖျက်ဆီးသလဲပေါ်မှာဘဲ ကြည့်ရမယ်။ ဗမာပြည် တရုတ်ဘက် မရောက်ဖို့ဆိုပြီး စစ်အစိုးရနဲ့ အပေးအယူတွေ မလုပ်ပါနဲ့။ အဲဒီလို အပေးအယူ လုပ်ခြင်းဟာ မှားလိမ့်မယ်။ တရုတ်အောက် ရောက်ခြင်းမရောက်ခြင်းဆိုတာ ဗမာဘက် တဘက်တည်း ကြည့်ရုံနဲ့ မပြီးပါဘူး။ တရုတ်ဘက်ကိုလည်း ကြည့်ဖို့လိုပါတယ်။ ဒါ ညှိနှိုင်းရင် ရပါတယ်။ နိုင်ငံကြီးချင်း ဆက်ဆံရေးကိစ္စနဲ့လုပ်လို့ ရပါတယ် ပြောချင်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ဆရာအမြင်အနေနဲ့ မြန်မာစစ်အစိုးရကိုယ်တိုင်က တရုတ်ရဲ့  သြဇာခံမျိုးလား၊ သူတို့ကိုယ်တိုင် လိုလိုလားလား ဖြစ်ချင်တဲ့ သဘောရှိလား။
ဦးဝင်းတင် ။ ။ မရှိပါဘူး။ ကျနော်ထင်တယ် သူတို့လည်း ဘာဘဲပြောပြော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဦးဆောင်တဲ့ ဒီ စစ်အာဏာရှင်ယန္တယားကို မောင်းတင်နေတဲ့ လူများဆိုတာ ဘယ်တုန်းကမှ တရုတ်သြဇာခံ မလုပ်ခဲ့ဘူးဗျ။ ကုလားသြဇာခံလည်း မလုပ်ဘူး။ ကျနော်ပြောချင်တာက တရုတ်တပည်တော့ မခံပါဘူး စိတ်ချပါ။ အမေရိကန် နားမလည်းလို့။ အလားတူဘဲ ဗမာက အမေရိကန် တပည်လည်း မခံဘူး။ ဒါ ရှင်းပါတယ်။ စဉ်းစားဖို့က ခင်များတို့ဘာသာ တရုတ်ကိစ္စကို သေချာစဉ်းစားပါ။ အဲဒါအတွက်တော့ မလုပ်နဲ့။ ဗမာပြည်မှာ ပြဿနာဖြစ်နေတဲ့ စစ်အစိုးရ ဖယ်ရှားရေးကို လုပ်ပါ။ ဗမာပြည်မှာ ဒီမိုကရေစီနိုင်ငံဖြစ်ရင် ဗမာပြည်ဟာ ရပ်တည်နိုင်ပါတယ်။ တရုတ်တပည် ဘယ်တုန်းမှလည်းမဖြစ်ဘူး အဲဒီလိုဘဲ သဘောထားပါတယ်။ တပ်မတော်ကို ပြောတဲ့အခါမှာ ဒီ စစ်ခေါင်းဆောင်တွေဟာ တရုတ်တပည် မဖြစ်ပါဘူး။ စိတ်ချပါ မဖြစ်ပါဘူး။ မဖြစ်ချင်လို့လည်း ရှင်းရှင်းပြောရရင် အမေရိကန်က လက်ကမ်းတာနဲ့ တပြိုင်တည်း လက်လှမ်းဆွဲတာပေါ့ဗျာ။
ဦးရော်နီညိမ်း ။ ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆက်နွယ်နေတာက နောက်ဆုံးမြန်မာနိုင်ငံရဲ့  နိုင်ငံရေးအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကို တွေ့ဆုံဆွေးနွေးဖို့ မေတ္တာရပ်ခံတဲ့ကိစ္စကိုလည်း ဗိုလ်ချုပ်မှုးကြီး လိုက်လျောကောင်းလိုက်လျောမယ်လို့ မျှော်လင့်နေသူလည်း ရှိနေပါတယ်။ တဖက်မှာလည်း ဗိုလ်ချုပ်မှုးကြီးဟာ အခုဆိုရင် သူတို့အတွင်းစည်းရဲ့  အစည်းအဝေးက ဒီနေ့ဆို စပါပြီ။ သူတို့ရဲ့  လေးလပတ်ဆိုတာ စစ်တိုင်းမှုးတွေ၊ တပ်မမှုးတွေ နောက်ပြီးတော့ စစ်ရုံးက စစ်ခေါင်းဆောင်တွေ အကုန်လုံးပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံထားတာကို သူကိုယ်တိုင် ချပြရင်ချပြလိမ့်မယ်။ သူကိုင်တိုင် ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို။ ဆိုတော့ ဆရာအနေနဲ့ ဘယ်လိုယူဆပါလဲ။
ဦးဝင်းတင် ။ ။ ဒါနဲ့ ပတ်သက်ပြီး ကျနော်ကို ဝေဖန်တဲ့ လူတယောက်က ပြောဘူးတယ်။ တွေ့ဆုံဆွေးနွေးရေးဟာ ဒီနေ့ ဗမာရဲ့  နိုင်ငံရေးအတွက် ထွက်ပေါက်ဘဲ။ ဒီ ထွက်ပေါက်ကို တွေ့ဆုံဆွေးနွေးပွဲကို လုပ်တဲ့နေရာမှာ ကျနော်တို့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာလည်း သုံးထားတဲ့စကားလုံး ရှိပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များဘဲ တွေ့ရမယ်။ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်၊ ဟိုဘက်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဒါဘဲ။ အဲဒီတော့ ဒီအနေအထားမှာရှိနေပေမယ့် ကျနော် ခဏခဏပြောတယ် စိတ်စေတနာပေါ်မှာ မူတည်တယ်။ စေတနာ မရှိဘူးဆိုရင်တော့ အများကြီး ခက်ခဲလိမ့်မယ်။ အဲဒီဟာ စေတနာမရှိခြင်းကလည်း စေတနာမထားခြင်းကလည်း စေတနာကို ဖော်ထုတ်ခြင်းမပြုခြင်းကလည်း ဒါ အခက်အခဲတခုဖြစ်တယ်။ ကျနော်က ဒီ တွေ့ဆုံဆွေးနွေးပွဲက ဖြစ်ဖို့လမ်းသိပ်မရှိလှဘူးလို့ တွက်တယ်။ သူတို့ဘက်က constitution အမျိုးသားညီလာခံကို ခေါ်တယ်၊ ပြီးတော့ စိတ်ကြိုက် constitution ဆွဲတယ်၊ အခု ရွေးကောက်ပွဲကို သွားဖို့ လုပ်နေတယ်။ အဲဒီအထဲမှာ သူတို့က ထပ်ပြီးတော့ အဟန့်အတားတခု ထပ်ဖြစ်နေတာ ဘာလဲဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေက လွန်ခဲ့တဲ့ (၂) နှစ်လောက်က ပြောခဲ့တဲ့စကား ရှိတယ်။ ဒေါ်စုအနေနဲ့ (၁) ထိပ်တိုက်ရင်ဆိုင်ရေးကို အကုန်လုံး စွန့်လွှတ်ရမယ်၊ (၂) အလုံးစုံ ပျက်သုန်းရေးဆိုတဲ့ ခြိမ်းခြောက်မှု အယူအဆကို စွန့်လွှတ်ရမယ်။ နောက်တခုက sanction တွေကိစ္စပေါ့။ တချို့ ကတော့ လေးချက်လို့ ပြောတယ် သာမန်အားဖြင့်တော့ သုံးချက်ပါ။ ဒေါ်စုက ဘာလုပ်လည်း သဘောထားကြီးကြီးနဲ့ ပြည်သူရဲ့  အကျိုးစီးပွားကို မျှော်လင့်ပြီးတော့ ကျမတို့ ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုပြီး ကမ်းလှမ်းတာ။ သူတို့ ဒီနေ့အထိ ဘာစကားပြန်လဲ။ ဘာစကားမှ မတင်ပြဘူး။ ဒီနေ့ အစည်းအဝေးမှာ ဗိုလ်ချုပ်မှုးကြီးက ချပြရင်တော့ မသိဘူး။ ဗိုလ်ချုပ်ကြီးက ငါလွန်ခဲ့တဲ့ (၂) နှစ်က ပြောခဲ့တဲ့ စကားအတိုင်းဘဲ၊ ငါတို့ တောင်းဆိုထားတဲ့ အချက် (၃) ချက် (၄) ချက်ကို သဘောတူရင် ငါ စကားပြောမယ်လို့ ပြောတဲ့အတိုင်းဘဲ ဒီအတိုင်းဘဲထားတယ်၊ ဒီ သဘောထား မပြင်ဘူးဆိုတဲ့ ပုံစံနဲ့ဘဲ ပြောမှာဘဲ။ ကျနော်က အဲဒီအတိုင်းဘဲ ယူဆတယ်။ အဲဒါကို ကျနော်ကို ပြောတဲ့လူတွေက ခင်များတို့ မထင်ရင် ဘာဖြစ်လို့ ဒါကို တောင်းဆိုနေသလဲ။ ဒီ တောင်းဆိုခြင်းနဲ့ ထင်မြင်ခြင်းက တခြားဘဲ။ မှန်တဲ့ဟာကို တောင်းရမယ်၊ မှန်တဲ့သဘောထားကို လုပ်မယ်။ ခင်များ မနက်ဖြန် နိဗ္ဗာန်ရောက်မလားလို့ ထင်သလားလို့ မေးရင် မထင်ဘူးပေါ့၊ သို့သော် နိဗ္ဗာန်ကိုတော့ မရည်မှန်းဘူးလား၊ ဆုမတောင်းဘူးလား ဒါ လုပ်မှာဘဲ။ နိဗ္ဗာန်ကို ဆုတောင်းမယ်၊ နိဗ္ဗာန်ကို မနက်ဖြန်ရောက်မယ်၊ သဘက်ခါ ရောက်မယ်၊ ဒီဘ၀ရောက်မယ်၊ နောက်ဘ၀ ရောက်မယ်ဆိုတာ မထင်ဘူးဆိုသလိုပါဘဲ။
ဦးရော်နီညိမ်း ။ ။ စစ်အစိုးရမှာက သဘာဝဓါတ်ငွေ့ရောင်းတဲ့ ၀င်ငွေက အရင်နဲ့မတူ အများကြီးရနေတဲ့အခါကြောင့် sanction ကို ရ ဂရုမစိုက်ဘဲနေမယ်ဆိုလည်း လောလောဆယ်မှာ ရေရှည်တော့မရဘူးပေါ့ နေနိင်တဲ့အနေအထားမှာ ရှိနေတယ်။ အဲဒီအတွက် အခုနလို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးရေး မေတ္တာရပ်ခံတာကိုလည်း လက်မခံဘူး ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း တပြားမှ မလျှော့ဘူးဆိုတာ ကြုံတဲ့မိန့်ခွန်းတိုင်းမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ပြောတယ် အဲဒီလိုမျိုးဖြစ်နေတဲ့အခါမှာ ဒီအမေရိကန်ဘက်က တိုက်ရိုက်ဘဲ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ လမ်းစဉ်ကို ပြလိုက်လိုသာ အခု အနည်းငယ် ပြေလျှော့လာတယ်ဆိုတဲ့ အနေအထားအပေါ် ရောက်လာပေမဲ့ တကယ်တမ်းက ဘာမှမပြေလည်ဘူး။ အဲဒီတော့ ပြေလည်ဖို့အတွက် ဘယ်လိုရှိမလဲလို့ မြင်ပါသလဲ။
ဦးဝင်းတင် ။ ။ ကျနော်မြင်တဲ့ဟာ ပြောရမယ်ဆိုရင် အခုနောက်ဆုံးပိတ် Mrs. Clinton ပြောလိုက်တဲ့ဟာ Mr. Campbell နဲ့ တွေ့တုန်းကလည်း ကျနော်တို့ ပြောလိုက်တဲ့စကား၊ အန်အယ်လ်ဒီက ပြောလိုက်တဲ့စကား အကောင်းဆုံးက ဘာလည်းဆိုတော့ ဒီ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘူးဆိုတဲ့ဟာကို ကမ္ဘာ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေက ခိုင်ခိုင်မာမာ ရပ်တည်ပါ။ EU ဟာမျိုးက ခိုင်ခိုင်မာမာ ရပ်တည်ပါ။ အမေရိကန်တို့လို နိုင်ငံမျိုးက ခိုင်ခိုင်မာမာ ရပ်တည်ပါ။ အခြားသော India လို နိုင်ငံမျိုးက ခိုင်ခိုင်မာမာ ရပ်တည်ပါ။ ကျနော် ကုန်ကုန်ပြောရရင် တရုတ်လည်း အဲဒီလို ရပ်တည်ပါလို့ ပြောချင်တယ်။ ဘာဖြစ်လို့ ပြောချင်လည်းဆိုတော့ တရုတ်လည်း all inclusive ကို လက်ခံထားတာကို ဖြစ်နေတယ်။ အဲဒီကနေ တဆင့်ကျော်သွားရင် ဟိုဘက်ကို ရောက်သွားတဲ့ လွှတ်တော်တို့ အစိုးရအဖွဲ့တို့ ပေါ်လာရင်လည်း အဲဒါတွေကို အသိအမှတ် မပြုဘူးဆိုတာနဲ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ပြောပါ။ ဒီနည်းနဲ့သာ ဒီစစ်အစိုးရရဲ့  အခုသူတို့ ရပ်တည်နေမယ့် အားကိုကြည့်ပြီးတော့ သူတို့ ဇွတ်သွားနေတဲ့လမ်းကို ပိတ်လို့ရမယ်၊ ပြင်လို့ရမယ်၊ ပြောင်းလို့ရမယ်လည်း ပြောချင်ပါတယ်။
- သူရိယမှ ကူးယူပါသည်။
“ရှေးကထင်ရှားတဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့ ...”
Wednesday, 25 November 2009
ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Christian Solidarity Worldwide(CSW) ၏ ဒုတိယ ဥက္ကဌ Benedict Rogers ပြုစုရေးသားသော မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပ္ပတ္တိ အကြောင်း Than Shwe: Unmasking Burma's Tyrant အမည်ရှိ စာအုပ်နှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ဇာနည်မာန်က Benedict Rogers အား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိ အကြောင်းကို ရေးဖြစ်တဲ့ အကြောင်းလေး သိပါရစေ။
ဖြေ။ ။ US Campaign for Burma က Jeremy Woodrum နဲ့အတူ ရေးတာပါ။ ကမ္ဘာတ၀န်းက အခြားသော အာဏာရှင် တွေဖြစ်တဲ့ ကင်မ်ဂျုံအီးလ်၊ ဆာဒန် ဟူစိန်၊ မူဂါဘီ စတဲ့သူတွေရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ တွေက ရှိပေမယ့် မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကကျတော့ မရှိသေးတာနဲ့ ကျနော်တို့ နှစ်ယောက်က အဲ့ဒါကို ရေးဖို့ စိတ်ကူးရမိတာပါ။
အာဏာရှင်တွေရဲ့အကြောင်းကို ဖော်ပြတာဟာလည်း အဲ့ဒီသူတို့ အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ ဘယ် လိုတွေဖြစ်နေတယ် ဆိုတာကို ပြောပြတဲ့ နည်းလမ်းကောင်းတခုပဲလို့လည်း မြင်တယ်လေ။ အဲ့ဒါကြောင့် ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကြောင်းကိုတော့ဖြင့် ကမ္ဘာကို သိစေချင်တယ်၊ နောက်ပြီးတော့ သူအုပ်ချုပ်နေတဲ့ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလည်း သိစေချင်တယ်လေ။
မေး။ ။ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိတဲ့ အခြေအနေမှာ သူ့အကြောင်းကို ရေးတာဆိုတော့ အချက်အလက်တွေ ဘယ်လို ရယူ စုဆောင်းခဲ့ပါသလဲ။
ဖြေ။ ။ အခက်အခဲတွေတော့ တော်တော်များများတွေ့ရပါတယ်။ ပထမဆုံးကတော့ သူ့အကြောင်း တိကျတဲ့ အချက် အလက်တွေ စုစည်းတဲ့အခါမှာပေါ့။ သူနဲ့တိုက်ရိုက်ထိတွေ့ခွင့် မရနိုင်တဲ့အပြင် သူနဲ့ နီးစပ်တဲ့သူတွေနဲ့တောင် မေးမြန်း ထိတွေ့ဖို့ဆိုတာက ကျနော်တို့အဖို့ အတော်လေးကို ခဲယဉ်းပါတယ်။ နောက်တခုကတော့ ကျနော်ရော Jeremy ပါ မြန်မာလို မပြောတတ်တော့ မြန်မာလို ရေးထားတဲ့ ရှိနေတဲ့ အကြောင်းချက်လက်တွေကို လေ့လာဖို့မှာ အတော်အခက်ခဲ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဗိုလ်ချုပ်သန်းရွှေအကြောင်းကို သိတဲ့သူပေါ့၊ သူနဲ့ ဆက်ဆံမှုရှိခဲ့ဖူးတဲ့၊ စစ်တပ်ကနေ ထွက်လာတဲ့ လူတယောက်ဆီကနေ အချက်အလက်တချို့ ရခဲ့ပါတယ်။ နောက်ပြီးတော့ သူနဲ့ ထိတွေ့ ဆက်ဆံဖူးတဲ့ သံတမန်တွေဆီကနေလည်း အချက်တချို့ရခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုက်ကြီးတော့ မထိတွေ့ရပေမယ့်၊ အခက်အခဲတွေရှိပေမယ့် ဒီလို သွယ်ဝိုက်တဲ့နည်းတွေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ အတော် စုဆောင်းရခဲ့ပါတယ်။
မေး။ ။ အခုလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းရေးတော့ အဲ့ဒီ စာအုပ်ဟာ မြန်မာ့အရေးကို ဘယ်လိုများ အထောက် အကူပြုမလဲ။
ဖြေ။ ။ အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကတော့ လက်ရှိမြန်မာကို အုပ်ချုပ်နေသူတွေရဲ့ သဘောသဘာဝကို မီးမောင်းထိုးဖော်ပြပြီး အခုဖြစ်နေတဲ့ အခြေအနေကို ပြောပြ တာပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်၊ သူ့နဲ့အတူ စစ်ခေါင်းဆောင်တွေဟာ ဘယ်လိုပုံမျိုး တိုင်းပြည်ကို အုပ်ချုပ်တယ်ဆိုတာကို ပေါ်လွင်သွားပြီး ကမ္ဘာမှာ နိုင်ငံတကာမှာ သူ့အကြောင်းကို သိပြီး သတိချပ်စရာတွေ တွေ့လာမယ်။ ဒီလိုဆိုရင် ဒါဟာ မြန်မာ့ဒီမိုကရေစီရေးအပေါ် တနည်းတဖုံ အထောက်အကူဖြစ်ပါလိမ့်မယ်။
မေး။ ။ သူ့အကြောင်းကို အခုလိုရေးတဲ့အခါ ခင်များတွေ့လိုက်ရတဲ့ သူဟာ ဘယ်လိုလူစားမျိုးလို့ ပြောနိုင်မလဲ။
ဖြေ။ ။ ကျနော့်အမြင်ကတော့ သူဟာ သူများတွေထင်တာထက် အတော်လေးကို ဉာဏ်ထက်တဲ့သူပါပဲ။ သူဟာ အခုလို နေရာ၊ အထက်ကိုရောက်လာခဲ့တာကိုကြည့်ရင် သူဟာ အရည်အချင်းရှိတဲ့သူတယောက်လို့လည်း ပြောလို့ရပါတယ်။ စစ်တပ်ထဲမှာ သူ့လူတွေကို စီမံခန့်ခွဲတာ၊ နေရာချထားတာ၊ အာဏာခွဲဝေပေးတာတွေ၊ နောက်ြပီးတော့ သူ့ပြိုင်ဘက်၊ သူ့ကို အတိုက်အခံလုပ်တဲ့သူတွေအပေါ် တုံ့ပြန်တာ ဆက်ဆံတာတွေကိုကြည့်ရင်လည်း သူဟာ အတော်ကို အတွေ့အကြုံ ရင့်ကျက်ပြီး နည်းဗျူဟာ၊ ပရိယာယ်ဆင်တာတွေမှာ ကျွမ်းကျင်တာကိုတွေ့ရတယ်။ နောက်ပြီးတော့ စိတ်ဓာတ်ရေးရာ အပိုင်း၊ စိတ်ဓာတ်စစ်ဆင်ရေးမှာလည်းပဲ သူဟာ သေချာလေ့ကျင့်ထားခြင်းခံရသူတယောက်ဖြစ်တယ်။
အဲဒီစိတ်ဓာတ်ပိုင်းကိုလည်း သူက သေချာအသုံးချတာကို တွေ့ရတယ်။ ရှင်းလင်းမြင်သာတာကတော့ သူဟာ တချို့သော နေရာတွေမှာ ငြီးငွေ့စိတ်ကုန်စရာကောင်းတဲ့ သူတယောက်ပေါ့ဗျာ။ ဒါပေမယ့် သူ့ရဲ့ အဲ့ဒီလိုပုံစံဟာ တဘက်မှာလည်း သူ ဟာ လျို့ဝှက်တဲ့ သူတယောက်ဖြစ်စေတယ်ဗျ။ သူဟာ အခုလို နေရာ မရောက်လာခင်အထိ သူ့မှာ ဘယ်လိုအရည်အချင်း တွေရှိတယ်၊ ဘယ်လိုရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာမျိုးကို မဖော်ပြဘဲထားတတ်တာက သူအခုလို အောင်မြင်တဲ့သူ တယောက် ဖြစ်လာစေတဲ့ လျို့ဝှက်ချက်လို့ ပြောရမယ်ပေါ့ဗျာ။ သူ့အထက်က လူကြီးတွေက သူ့ကို သတိထားမိတာမျိုး၊ အထက်ကလူတွေအပေါ် အန္တရာယ်ရှိမယ့်ပုံမျိုး မပေါက်တော့ သူဟာ နေရာတွေရလာပြီး အထက်ပိုင်းကို ရောက်လာ တာပေါ့ဗျာ။
သူနဲ့နီးစပ်တဲ့ သူတော်တော်များများရဲ့ ပြောပြချက်အရ ဟိုးအရင်တုန်းကတော့ သူဟာ တကယ့်ကိုသာမန်နေထိုင်မှု စရိုက်နဲ့ပဲ ရှိခဲ့တယ်။ အခုလိုမျိုး အာဏာတပ်မက်မှုကြောင့် စာရိတ္တခြစားတဲ့ သူမဟုတ်ဘူးပေါ့။ ကျနော့်အမြင်ကတော့ အခုအချိန်မှာတော့ သူဟာ ရထားတဲ့ အာဏာကို တည်မြဲဖို့၊ သူ့မိသားစု၊ သူ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ပဲ လုပ်နေတဲ့သူ တယောက်ပေါ့။ နောက်တခုကလည်း ရှေးက ထင်ရှားခဲ့တဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့။ ဒါကြောင့်လည်း နေပြည်တော် ဆိုပြီးလုပ်တယ်။ ထင်ရှားတဲ့ ဘုရင်သုံးပါးရဲ့ ရုပ်တုကြီးတွေလုပ်ထားတယ်။ သူ့ရဲ့အနေအထားကတော့ စိတ်ဝင်စားစရာ ရောထွေးနေတာပေါ့လေ။ တဘက်မှာ ငြီးငွေ့ စိတ်ကုန်စရာကောင်းသလို တဘက်မှာကျတော့လည်း ရှေးဘုရင်စနစ်တွေ၊ ဗေဒင်လက္ခဏာတွေရဲ့စိတ်ဓာတ်ရေးရာအရ လွှမ်းမိုးမှုတွေ ရှိနေတာပေါ့လေ။
မေး။ ။ ဒီစာအုပ်ရေးရင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း အချက်အလက်တွေစုဆောင်းရင်း တွေ့ကြုံရတဲ့ အမှတ်တရလေးတွေ ရှိရင် ပြောပြပေးပါလား။
ဖြေ။ ။ ရှိတယ်ဗျ။ ရယ်စရာလို့ပဲ ပြောရမလားတော့ မသိဘူးပေါ့။ ကျနော်တို့ သူ့အကြောင်း စုဆောင်းတုန်းမှာ သိရတာ တခုပေါ့ဗျာ။ ကျနော့်ကို တယောက်က ပြောပြတာပေါ့ဗျာ။ တနေ့ သူတို့ မိသားစု ဈေးဝယ်သွားတဲ့ အခါမှာ စတိုးဆိုင်တခု မှာ မီးစက်တခုကို သွားတွေ့တယ်ပေါ့။ အဲ့ဒီမီးစက်ကို သူက သဘောကျတော့ သူ့အိမ်ကို ပို့ခိုင်းတယ်ဆိုတာမျိုးပေါ့ဗျာ။ ကျနော့်အတွက်ကတော့ ဒီလုပ်ရပ်ဟာ အတော်လေးကို အဓိပ္ပာယ်မရှိဘူးပေါ့ဗျာ။ သူ့အနေနဲ့ ဒီမီးစက်ကို အလွယ်တကူ ၀ယ်လို့ရတယ် မဟုတ်လား။ သနားစရာ ဆိုင်ရှင်ကတော့ သူ့မီးစက်လေး ဆုံးရှုံးသွားရတာပေါ့ဗျာ။ အဲ့ဒီလိုမျိုး ဇာတ်လမ်း လေးတွေ အများကြီးဗျ။ နောက်တခုက သူမေမြို့မှာ ရှိနေတုန်းက သူစားချင်တဲ့ ကိတ်မုန့်ပေါ့ဗျာ။ အဲ့ဒါကို ညကြီး သူ့လူ တွေကို လိုက်ရှာခိုင်းတာမှာ မေမြို့မှာ သူ့လူတွေက ရှာမတွေ့ဘူးဗျ။ အဲ့ဒါနဲ့ မန္တလေးကိုဆင်းပြီး ဆိုင်ရှင်ကိုနှိုးပြီးတော့ အဲ့ဒီကိတ်ကို ချက်ခြင်းလုပ်ခိုင်း၊ ပြီးတော့ ညတွင်းချင်းကြီး မေမြို့ကို ပြန်သယ်သွားရတယ်ဆိုတာမျိုးလေးတွေပေါ့။ ဒါက ကျနော်တို့အတွက်က ရယ်စရာလေးဖြစ်နေတာပေါ့ဗျာ။
မေး။ ။ ဒီစာအုပ် ဘယ်တော့လောက် ထွက်မှာပါလဲ။
ဖြေ။ ။ အခုဆို ဒီစာအုပ်က ပုံနှိပ်နေတဲ့ အဆင့်ကို ရောက်သွားပါပြီ။ ဘယ်အချိန်လောက် ထုတ်မယ်ဆိုတာကတော့ ထုတ်ဝေသူပေါ်မူတည်တာပေါ့။ ၂၀၁၀ နှစ်ဦးပိုင်းလောက်တော့ ထွက်လာမယ်လို့ မျှော်လင့်ထားတယ်။ ကျနော်တို့ကတော့ ဒီစာအုပ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ဖို့ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားရင် သူဟာ ဘယ်လိုအခြေအနေ ဖြစ်သွားမယ်ဆိုတာ မသိနိုင်ဘူးလေ။ တခုခုပြောင်းလဲသွားရင် လူတွေစိတ်ဝင်စားမှု နည်းသွားမယ်ပေါ့။ မဟုတ်ဘူးလား။ ကျနော်ကတော့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်စေချင်ပြီ။ ။
ဧရာဝတီမှကူးယူဖော်ပြသည်။
Saturday, 21 November 2009
ပြည်သူကို ပေးဆပ်ဖို့ ကျနော် ဆုံးဖြတ်ထားပါတယ်
NEJ / ၁၇ နိုဝင်ဘာ၂၀၀၉
၂၀၀၁ ဇန်န၀ါရီ (၁) ရက်တွင် ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ (ကွယ်လွန်) နာယကအဖြစ် စတင်ဦးစီးတည်ထောင်ခဲ့သော နာရေးကူညီမှုအသင်းမှ အသင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။
မေး။ ။ ကိုကျော်သူအနေနဲ့ နာရေးကူညီမှုအသင်း လုပ်ကိုင်လာခဲ့တဲ့ (၉) နှစ်တာကာ လ အတွင်းမှာ အသင်းအနေနဲ့လုပ်ချင်ပြီး အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်သေးတဲ့ လုပ်ငန်းတွေ ရှိပါသလား။
ဖြေ။ ။ အသင်းအနေနဲ့ကတော့ ကျနော်တို့လုပ်ချင်တဲ့ အတိုင်းအတာတွေတော့ ရှိပါတယ်။ တချို့ဟာတွေက စည်ပင်က ခွင့်ပြုချက်မရတာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ ဒီထက်ပိုပြီး ပြည်သူလူထုအားလုံးကို အဆင်ပြေအောင် လုပ်ပေးချင်တယ်။ လုပ်ပေးချင်တဲ့ဆန္ဒတွေရှိတယ်။ ဒါပေမယ့် တချို့ဟာတွေတော့ ခွင့်ပြုဖို့ ငြိစွန်းနေလို့ ခွင့်မပြုတာတွေ ရှိတယ်။
မေး။ ။ မြောက်ဒဂုံကို ပြောင်းရွှေ့ခဲ့ရတဲ့ ကိုကျော်သူတို့ နာရေးကူညီမှုအသင်း ခြံဝင်းရှေ့မှာ (၅) ပေအကျယ်၊ (၅) ပေအနက် ရေမြောင်းမတူးလို့ အသင်းအဆောက်အဦကို ခွင့်ပြုချက်မရဘဲ သုံးတယ်ဆိုပြီး မြောက်ဒဂုံစည်ပင်က တရားစွဲဆိုမယ်ဆိုတဲ့ကိစ္စရော အခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လောလောဆယ်တော့ အဆောက်အဦ အသုံးပြုခွင့် သူတို့ချပေးလိုက်ပြီ။ မြောင်းကတော့ (၂) ပေတော့ ဖောက်ပေးရတာပေါ့လေ။ အမှုကိစ္စကတော့ သူတို့ တရားစွဲလို့မရဘူးလေ။ ကျနော်မသွားတဲ့အတွက် အမှုကို ဖွင့်ကို မဖွင့်လိုက်ရတာ၊ အမှုဖွင့်ခွင့်မရသွားဘူး။
မေး။ ။ ဒီလိုကိစ္စမျိုးတွေ ဖြစ်တာ နာရေးကူညီမှုအသင်းတခုတည်းပဲဖြစ်တာပါလား၊ ဘာကြောင့်လို့ထင်ပါသလဲ။ တခြားလူမှုရေးအသင်းအဖွဲ့တွေရော ဒီလိုပြဿနာမျိုးတွေ ရှိပါသလား။
ဖြေ။ ။ တခြားအသင်းအဖွဲ့တွေတော့ ကျနော်မသိဘူး။ ကျနော့်အသင်းနဲ့ပတ်သက်တာပဲ လုပ်နေတယ်ဆိုတော့။ တခြားအသင်းတွေတော့ ဘာတွေဖြစ်နေလဲမသိဘူး။ ဒါပေမယ့် တချို့အဖွဲ့လေးတွေကတော့ ကျနော့်ဆီဖုန်းဆက်ပြီးတော့ ကျေးဇူးတင်ပါတယ်ပေါ့။ ကိုကျော်သူ အခုလိုအင်တာဗျူးတွေ လုပ်တဲ့အတွက် သူတို့လည်း တော်တော်အဆင်ပြေသွားတယ်လို့ ပြောတယ်။ အဓိကကတော့ ကျနော်တို့နာရေးကူညီမှုအသင်းကို ဖိအားပေးတယ်။ ကျနော်သိသလောက်ပေါ့လေ။ နောက် ဒီအသင်း ဦးဆောင်နေတာလည်း ကျနော်ဖြစ်နေတာကိုး။ အဓိကဦးဆောင်နေတဲ့ ကျနော်ရယ်၊ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ရယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်ရယ်ပေါ့၊ ဒီသုံးယောက်စလုံးက သံဃာ့ကိစ္စတုန်းက သံဃာတော်တွေကို ဆွမ်းကပ်တာတို့၊ ဆေးကပ်တာတို့ အအေးအချိုရည်ကပ်တာတို့ လုပ်ခဲ့တော့ ကျနော်တို့ကို မဲတယ်ထင်တာပဲ။
မေး။ ။ ဒါဆို အသင်းအနေနဲ့ တခြားဖြေရှင်းရတဲ့ အခက်အခဲ ပြဿနာတွေကော ရှိပါသလား။
ဖြေ။ ။ အသင်းစထူထောင်ကတည်းက စတာဆိုရင်တော့ အခေါင်းကိစ္စပေါ့၊ ကျနော်တို့က မှန်ခေါင်းသုံးတယ်။ မှန်ခေါင်းသုံးတယ်ဆိုတာက အောက်ကကတ်ပေါ်မှာ အလောင်းကိုတင်ပြီးတော့ မီးသင်္ဂြိုဟ်စက်ရောက်တော့မှ ကတ်နဲ့အလောင်းကိုပဲ မီးရှို့လိုက်တယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ကာယကံရှင်တွေလည်း သက်သာတယ်၊ ပြီးတော့ သစ်ဖြုန်းတီးရာလည်း မရောက်ဘူး။ သစ်ခြွေတာရာလည်းရောက်တယ်ပေါ့။ အဲဒါကို ပထမပိုင်းက တော်တော်လေး ကန့်ကွက်ခံရတယ်။ အခေါင်းရောင်းသမားတွေက အခေါင်းတွေ ရောင်းခွင့်မရလို့၊ ရောင်းအားကျလို့ဆိုပြီးတော့ အမျိုးမျိုး ပြဿနာလုပ်တာပေါ့လေ။ လူမြင်ကွင်းကြီးမှာ မကောင်းဘူး၊ မှန်ခေါင်းကြီးနဲ့သယ်တာတို့ ဘာတို့ပေါ့၊ အဲဒါမျိုးတွေ အမျိုးမျိုးအပြောခံရတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဖြေရှင်းခဲ့ရတာပေါ့လေ။ နောက် အသေးအမွှားတွေကတော့ အများကြီးပဲ၊ ပြောလို့ကုန်မှာမဟုတ်ဘူး။
အခေါင်းကိစ္စကတော့ ဒီအတိုင်း ခန်းမထဲမှာထားရင်လည်း သူတို့ဒီအတိုင်း ဇာခြင်ထောင်ကြီးအုပ်ထားပြီးမှ အခေါင်းထဲထည့်သယ်တာပဲ။ ကျနော်တို့က မှန်ခေါင်းထဲမှာ ကြည့်ကောင်းအောင်ထားတယ်။ ပိုပြီးတော့တောင် သားနားအောင် ကျနော်တို့က ထားတယ်။ သယ်တဲ့အခါကျမှ ကတ္တီပါအစအနီရောင်ကို ဖုံးပြီးတော့ ကျနော်တို့က မီးသင်္ဂြိုဟ်စက်ထဲကို သယ်သွားတယ်၊ အဲဒါပိုပြီးတော့တောင် ခမ်းခမ်းနားနားဖြစ်သေးတယ်။ အခု သူတို့ ဘာမှပြောလို့မရတော့ဘူး။ အခုလည်း ဒီအတိုင်းပဲ လုပ်ပါတယ်။
မေး။ ။ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တယောက်ဖြစ်တဲ့ ကိုကျော်သူအနေနဲ့ ဒီနာရေးကူညီမှုလုပ်ငန်းတွေနဲ့ ကိုယ့်ရဲ့အနုပညာ လဲလိုက်ရသလိုဖြစ်နေတော့ နာရေးကူညီမှုအသင်းနဲ့ အနုပညာအလုပ် ဘယ်ဟာကို ကိုကျော်သူ ရွေးချယ်လုပ်ကိုင်သွားမလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ကျနော်ကတော့ ရုပ်ရှင်အလုပ်ကို မလုပ်တော့ဘူး။ ကျနော်ဆုံးဖြတ်ထားတာ။ ရုပ်ရှင်ရိုက်ခွင့်ပြုရင်တောင်မှ ကျနော်က သမိုင်းအစစ်အမှန်တို့၊ biography တို့ အဲလိုရိုက်တဲ့ဟာမျိုးပဲ ကျနော်က ရိုက်တော့မယ်။ သမိုင်းအစစ်အမှန်ကိစ္စတွေပဲ ကျနော်ရိုက်မယ်။
နာရေးကူညီမှုအသင်းကလည်း ဘဘဦးသုခက အဓိကပေါ့။ ဘဘဦးသုခက နာရေးကူညီမှုအသင်းလုပ်မယ်ဆိုတော့ အဲဒီအချိန်မှာ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ကလည်း သူ့အဒေါ်က မန္တလေး ဗြဟ္မစိုရ်အသင်းမှာ အဖွဲ့ဝင်ပေါ့လေ။ ရွှေဇီးကွက်ကလည်း လုပ်ချင်တယ်။ ဘဘလုပ်မယ်ဆိုတာနဲ့ ကျနော်တို့ သွားငွေလှူပြီးတော့ စပြီးလုပ်ဖြစ်သွားတာပါ။ အဲလိုလုပ်ဖြစ်ရင်းနဲ့ ဘဘကလည်း မကြာမကြာ ဆုံးမတယ်။ ကျော်သူတဲ့၊ မင်းလိုအနုပညာသမားတယောက်လုပ်မှ လူမှုရေးကိစ္စက အောင်မြင်တာတဲ့၊ မင်းလုပ်မှဖြစ်မယ်တဲ့၊ မင်းပြည်သူကို ပြန်အလုပ်အကျွေးပြုရမယ်ဆိုတာနဲ့ အခုအချိန်အထိ ပြည်သူကို အဲဒါနဲ့ ပြန်ပေးဆပ်နေတာပါ။
မေး။ ။ အခု လုပ်နေတဲ့ နာရေးကူညီမှုအသင်း လုပ်ငန်းအပေါ် ဘယ်လိုသဘောထားပါသလဲ။
ဖြေ။ ။ ဒီလုပ်ငန်းဟာ အင်မတန် မွန်မြတ်တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ ဒါက ဒီ့ပြင် လူမှုရေးလုပ်ငန်းနဲ့မတူဘူး။ သူက တကယ့်ကို လူတွေရဲ့အပူမီးကို ကျနော်တို့က ငြိမ်းပေးရတာ။ သေဆုံးသွားတဲ့အိမ်ရောက်ပြီဆိုရင် ကျနော်တို့ကို တွေ့ပြီဆိုရင် သူတို့ကြေကွဲတာတွေ တော်တော်လျှော့သွားတယ်။ နောက် ကျနော်တို့ကိုယ်တိုင် ဖေးဖေးမမနဲ့ အလောင်းကိုသယ်၊ သင်္ဂြိုဟ်ပေးဆိုတော့ သူတို့လည်း တော်တော်လေးကို စိတ်ကျေနပ်မှုရှိတယ်။ ဒါဟာ ကိုယ့်အတွက်လည်း ကုသိုလ်အရမ်းရတယ်၊ အဖိုးမဖြတ်နိုင်တဲ့ ပီတိရတာပေါ့လေ။
မေး။ ။ အသင်းအနေနဲ့ ရည်မှန်းချက် ပြည့်ဝအောင်မြင်တယ်လို့ ဆိုနိုင်ပါသလား။
ဖြေ။ ။ အခြေအနေကတော့ လိုပါသေးတယ်။ ကျနော်တို့ လုပ်ချင်တဲ့အတိုင်းအတာတွေ အများကြီးရှိပါသေးတယ်။ နာရေးတခုတင် မဟုတ်ဘူး။ ကျနော်တို့က ဆေးကုသမှု ဖြစ်တဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းဆိုတာပါ ဖွင့်ထားတာကိုး။ ကျန်းမာရေးချို့တဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အလကားအခမဲ့ တရက်ကို အယောက် (၂၀၀) လောက် ကျနော်တို့ ကုပေးနေရတယ်။ အဲဒီဘက်အပိုင်းမှာ ကျနော်တို့က လုပ်ပေးရဖို့တာဝန်ရှိတယ်။ ဒါကတော့ ဘယ်အစိုးရပဲတက်တက်၊ ဘယ်အစိုးရပဲ အုပ်ချုပ် အုပ်ချုပ် ကျနော်တို့ကတော့ ဒီနာရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စကို အဓိကထားပြီး ပေးဆပ်သွားမယ်ဆိုတာ ဆုံးဖြတ်ထားပါတယ်။
မေး။ ။ သုခဆေးခန်းအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဆေးခန်းကလည်း အခု လူနာများတယ်။ အရင်သင်္ကန်းကျွန်းတုန်းကဆိုရင် နည်းတယ်။ အခု လူနာလည်း များလာပြီးတော့ volunteer ဆရာဝန်တွေဆိုလည်း အယောက် (၄၀) ကျော်လောက်ရှိလာတယ်။ ဒီဆရာဝန်တွေရဲ့ ကျေးဇူးကြောင့်လည်း အခုလိုဆေးခန်းဖွင့်နိုင်တာပေါ့လေ။ အလှူရှင်တွေရဲ့ အလှူငွေနဲ့ ဒီဆရာဝန်တွေရဲ့ အခမဲ့ကုသပေးမှုအတွက် ကျနော်တို့ကလည်း တဆင့်ပြန်ပြီး ပြည်သူကို ထောက်ပံ့ပေးနေတာပေါ့။
မေး။ ။ အဓိက ဘယ်လိုရောဂါမျိုးတွေကို လက်ခံကုသပေးနေပါသလဲ။
ဖြေ။ ။ အဓိကအနေနဲ့ ဒီမှာ မျက်စိကုပေးတယ်၊ မျက်စိတိမ်ခွဲတာမျိုးပေါ့။ မျက်စိခွဲပေးတယ်၊ အရေပြားကြည့်ပေးတယ်၊ အရိုး အကြော ကြည့်တယ်၊ သားဖွားနဲ့ မီးယပ်ရှိတယ်၊ ကလေး အထူးကုရှိတယ်၊ နောက်အထွေထွေပေါ့။ ultrasound စက်ရှိတယ်၊ နောက် ဓာတ်မှန်စက်အတွက် အဆောက်အဦဆောက်ခွင့် ထပ်လျှောက်ထားတယ်။ ဆောက်ခွင့်ရရင် ဓာတ်မှန်စက်ထည့်မယ်။ အခုလောလောဆယ်တော့ ဓာတ်မှန်ရိုက်မယ်ဆိုရင် ကျနော်တို့က နီးစပ်ရာဆေးခန်းနဲ့ ဆေးရုံတို့မှာပဲ လူနာက သူ့ဖာသာ သွားရိုက်ပြီးတော့ အဲဒီက ဖြတ်ပိုင်းနဲ့ ဓာတ်မှန်ပြားပြရင် ကျနော်တို့က ငွေရှင်းပေးလိုက်တယ်။ အခု ကိုယ်ပိုင်ဓာတ်မှန်တော့ လုပ်ဖို့ရှိတယ်။ နောက် သွားဆေးခန်းပါ ဖွင့်ထားပါတယ်။
မေး။ ။ အသင်းကို ဘယ်လိုရပ်တည် လည်ပတ်နေတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ကျနော်တို့ရဲ့ အန်ဂျီအိုအဖွဲ့ကတော့ ကမ္ဘာပေါ်မှာတောင် ရှိမယ်မထင်ဘူး။ proposal တင်ပြီးတော့ ရပ်တည်တဲ့အသင်း မဟုတ်ပါဘူး။ ကျနော်တို့က တကယ့်မြန်မာပြည်သူပြည်သားတွေ၊ နိုင်ငံခြားရောက် မြန်မာလူမျိုးတွေ၊ တချို့နိုင်ငံခြားသားတွေက ကျနော်တို့ရဲ့လုပ်ရပ်ကို သဘောကျပြီးလာလှူတယ်။ လှူတဲ့ရန်ပုံငွေ အလှူငွေကို ကျနော်တို့က စနစ်တကျဘဏ်မှာထားပြီးတော့ စနစ်တကျသုံးစွဲတယ်။ အဲဒီ အလှူငွေနဲ့ ကျနော်တို့က ရပ်တည်နေတာပါ။ နာရေးကူညီမှုအသင်းက ၂၀၀၁ ခုနှစ် စကတည်းက အခုအချိန်အထိ ပိုက်ဆံတပြားတချပ်မှ မယူဘဲနဲ့ ကျနော်တို့ လုပ်ခဲ့ရတာ။ အခု နာရေးကိစ္စ လုပ်နေတာလည်း အသင်းက ကိုယ့်ကားနဲ့ ကိုယ့်ဓာတ်ဆီနဲ့ကိုယ် သွားတယ်။ ထမင်းစားလည်း ကိုယ့်စရိတ်နဲ့ကိုယ် စားကြတာ။ ကျနော်တို့က လခစားလည်း မဟုတ်ဘူး။
မေး။ ။ နာရေးကူညီမှုအသင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ရော လုပ်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ ကျနော်တို့အသင်းကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဆိုပြီး တသင်းပဲရှိပါတယ်။ ကျနော်အနေနဲ့ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျနော်လိုက်ဖွင့်ပေးတဲ့ မြို့တွေ ရွာတွေအားလုံးဆိုရင် (၅၀) ကျော်လောက်ပြီ။ ကျနော်အသက်ထက်တောင် များသွားပြီ။ ဒါပေမယ့် အဲဒီမြို့တွေက အသင်းတွေက ကျနော်တို့ရဲ့ လက်အောက်ခံလည်းမဟုတ်ဘူး၊ သူတို့ဘာသာသူတို့ ကျနော်တို့ကို အားကျပြီး ဖွင့်တာပေါ့လေ။ သူတို့မြို့တွေ၊ ရွာတွေမှာဖွင့်တယ်ဆိုရင် သူတို့မြို့သူမြို့သားတွေက အယူသီးတာတွေများတယ်။ ဗမာပြည်သူလူထုက အယူသီးတာ ပပျောက်ဖို့အတွက် ကျနော့်ကိုခေါ်တယ်၊ မင်းသားကိုယ်တိုင်လာပြီးတော့ အလောင်းထမ်းပေးတယ်၊ သင်္ဂြိုဟ်ပေးတယ်၊ သူတို့ရှေ့မှာလုပ်ပြတယ်။ ညဘက်ဆို ကျနော်တို့က အယူသီးတာပပျောက်ဖို့အတွက် ဟောပြောပွဲမျိုး လုပ်ပေးတယ်။ အဲလိုလုပ်ပေးတော့ သူတို့လည်းကျေနပ်သွားတယ်။ အဲလိုမျိုး ကျနော်လိုက်ဖွင့်ပေးရတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းကျ ကျနော်ခရီးသွားရတာ မလွတ်လပ်တော့ဘူး။ ဒါကြောင့် ကျနော့်ကို ဖိတ်တဲ့မြို့တွေ ကျနော်မသွားနိုင်တော့ဘူး။ ပြီးခဲ့တဲ့ (၃) နှစ် လောက်အထိတော့ ကျနော်တောက်လျှောက်လိုက်ဖွင့်ပေးထားတယ်။
မေး။ ။ ပြည်သူတွေကို အမှတ်တရစကား ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်ကတော့ အခုအချိန်မှာ အသက် (၅၀) ဖြစ်ပြီ။ ရုပ်ရှင်ရိုက်ခဲ့တာဆိုလည်း (၂၅) နှစ်လောက် ရှိသွားပြီ။ အဲဒီအတွင်း ပြည်သူတွေ ကျနော်ကိုအားပေးတဲ့ငွေနဲ့ ကျနော်မိသားစုရပ်တည်ဖို့အတွက် ကျနော်လုပ်ခဲ့ပြီးပြီ။ ကျနော့်မှာ ပြည်သူကိုပြန်ပေးဆပ်ရမယ့် တာဝန်ရှိတယ်။ ပြည်သူကိုပေးဆပ်ရမယ့် တာဝန်အရရော၊ ကျနော်ရဲ့စေတနာရော၊ ကျနော်ရဲ့ အရင်ဘ၀က ဘာလုပ်ခဲ့လို့လည်းတော့ မသိဘူး၊ အခုအချိန်အထိ ခပ်ရိုင်းရိုင်းပြောရရင် အရင်တုန်းကတော့ ရုပ်ရှင်မင်းသားပေါ့၊ အခုဟာကတော့ မသာမင်းသားဖြစ်နေတာပေါ့လေ။ အဲဒီလိုပဲ ဒီဟာနဲ့ပဲ ပြည်သူကိုပေးဆပ်ဖို့ ကျနော်ဆုံးဖြတ်ထားပါတယ်။
ခေတ်ပြိုင်ဂျာနယ်မှကူးယူသည်။
Monday, 19 October 2009
၂၀၁၀ ရွေးကောက်ပွဲ နဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့  အခွင့်အရေး
မြန်မာနိုင်ငံမှာ ၂၀၁၀ မှာ ကျင်းပပြုလုပ်မယ်လို့ စစ်အစိုးရကြေညာထားတဲ့ အထွေထွေရွေးကောက်ပွဲက တိုင်းရင်းသားလူမျိုးစုတွေအတွက် အခွင့်အလမ်းကောင်းတရပ် ဖြစ်တယ်လို့ ယူဆလို့ ရနိုင်ပါသလား။ ဒီလာမယ် ရွေးကောက်ပွဲက ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေပေါ်မှာ အခြေခံထားတာမို့ ဒီဖွဲ့စည်းပုံထဲမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့  အခွင့်အရေးတွေကို အတိအကျပြဌာန်းသလားဆိုတာ မေးစရာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (Forum for Democracy in Burma - FDB) နိုင်ငံခြားရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးစိုးအောင်, ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းပြီး ရွေးကောက်ပွဲ နဲ့ တိုင်းရင်းသားများအခွင့်အရေး အကြောင်းအရာများကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးစိုးအောင် ။ ။ ၂၀၁၀ ရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေခံပြီး လုပ်မှာဖြစ်တယ်။ အဲဒီတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဖွဲ့စည်ပုံ ဖြစ်လာဖို့အတွက် ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံမှာ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ (၁၃) ဖွဲ့ကနေ အချက် (၁၉) ချက်ပါတဲ့ အဆိုပြုလွှာတရပ်ကို တင်သွင်းခဲ့တာရှိတယ်။ အဲဒါဘာလဲဆိုတော့ တိုင်းရင်းသားတွေရဲ့  ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စတွေကို ထည့်သွင်းစဉ်းစားပေးဖို့ ပြောထားတဲ့ အဆိုပြုလွှာဖြစ်တယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ဒီထဲက အချက်တချက်ကိုတောင် ထည့်သွင်းရေးဆွဲခဲ့တာ မရှိဘူး။ ဒီ ဖွဲ့စည်းပုံဥပဒေကို အခြေခံထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲက သူတို့ရဲ့  အနာဂတ်ကို ပိုပြီးတော့ ကောင်းမွန်တိုးတက်အောင် ဖြစ်လာစေမလား၊ ပိုပြီးတော့ ဆုတ်ယုတ်စေမလားဆိုတာကို တိုင်းရင်းသားတွေက အခြေခံပြီးတော့ ဒီ ရွေးကောက်ပွဲကို ဝင်သင့် မဝင်သင့် ဆိုတာကို အလေးအနက် စဉ်းစားကြရမယ်။
ဦးသန်းလွင်ထွန်း ။ ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲနေတဲ့ အမျိုးသားညီလာခံ ကျင်းပနေဆဲကာလမှာ ဦးစိုးအောင် ပြောခဲ့သလို အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့အစည်းတွေက သူတို့လိုလားတဲ့အချက်တွေကို တင်ပြခဲ့တယ်။ ဒါပေမဲ့ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဘူးလို့ဆိုတယ်။ ဒါပေမဲ့ အဲဒီ အချက်တွေထဲမှာ အရေးကြီးဆုံးအချက်က ဘာလဲ။ အဲဒီ အချက်တချက်လောက်ကို ပြောပြပေးပါ။
ဦးစိုးအောင် ။ ။ အရေးကြီးဆုံး အချက်တချက်က ဘာလဲဆိုတော့ တိုင်းရင်းသားတွေက သူတို့ ယဉ်ကျေးမှု၊ ဘာသာစကား အခြေခံတဲ့ ပညာရေး အစရှိသဖြင့် အဲဒီအချက်တွေကို သူတို့ကိုယ်တိုင် ဘယ်လိုလုပ်ဆောင်ခွင့် ရှိမလဲ။ ဆိုလိုချက်က တိုင်းရင်းသားဒေသတွေမှာ ယဉ်ကျေးမှုနဲ့ ပတ်သက်တာ ကိုယ့်ဘာသာစကားကို သင်ကြားခွင့် ရှိမယ့်ဟာ အချက်တွေရှိတယ်။ အဲဒီအချက်တွေကို အာမခံတဲ့ဟာ နအဖချခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံထဲမှာ ဒါတွေ အာမခံတဲ့အချက်က လုံးဝမပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဒါအပြင်ကို တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်နယ်မြေကို ကိုယ်ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ပေါ့။ အခုလက်ရှိ အပ်စ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေ ဆိုလိုရှိရင် အပစ်အခတ် ရပ်စဲထားပေမဲ့ သူတို့အနေနဲ့ လက်နက်တွေ ဆွဲကိုင်ထားပြီးတော့ လက်နက်ကိုင်အဖွဲ့တွေ ရှိနေဆဲ့။ အဲဒီအဖွဲ့တွေရဲ့  အနာဂတ်နဲ့ ပတ်သက်လို့ ဒီဖွဲ့စည်းပုံဥပဒေထဲမှာ တိတိကျကျ ပြဌာန်းထားတာ ရှိသလား။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့  ရည်ရွယ်ချက်အတိုင်း တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ တိုင်းပြည်မှာ စစ်တပ်တခုတည်းဘဲ ရှိရမယ်ဆိုတယ် အနေအထားမျိုးရောက်အောင် သဘောတူညီမယ့် အနေအထားမှာ ရှိနေသလား။
ဦးစိုးအောင် ။ ။ တိုင်းရင်းသားများအနေနဲ့တော့ ကျနော်အမြင် ပြောရရင် တိုင်းရင်းသားတွေ ကိုယ်ပိုင်အခွင့်အရေး၊ တန်တူရည်တူ ရဖို့အတွက် တကယ်တမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ တခုခုက အာမခံပေးနိုင်တယ် ဆိုလိုရှိရင် တိုင်းပြည်တခုတည်းမှာ စစ်တပ်တခုတည်း ရှိရမယ်ဆိုတာကို သဘောတူဖို့ ဝင်မလေးဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒါကို အခြေခံပေးမယ်ဆိုတဲ့ အချက်ကိုရဖို့က ပိုပြီးအရေးကြီးတယ်လို့ မြင်ပါတယ်။ အခုဖြစ်နေတဲ့ အချက်က ဘာကိုတွေ့ရသလဲဆိုလိုရှိရင် မင်းတို့လာပြီးတော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုရင် ငါတို့အောက်မှာဘဲ နေရမယ်၊ ငါတို့ပြောစကား နားထောင်ရမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတော့ ဒီကိစ္စမျိုးကိုတော့ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းကမှ လိုလားတယ်လို့ မမြင်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့် မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့အချက်တွေအရဆိုရင် ကေအန်အို ခေါ် ကချင်အမျိုးသားအဖွဲ့၊ ကေအန်ပီပီ ခေါ် ကယားပြည်သူတိုးတက်ရေးပါတီ အဖွဲ့တွေက ၂၀၀၈ ခုနှစ်အခြေခံဥပဒေတွေကို လက်မခံဘူး၊ ရွေးကောက်ပွဲကို မဝင်ဘူးဆိုပြီး တိတိကျကျ ကြေညာထားတာကို ကြားရပါတယ်။ ဒါပေမဲ့ တဖက်မှာ အီအန်စီ ခေါ်တဲ့ တိုင်းရင်းသားကောင်စီအဖွဲ့ က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်မခံဘူးဆိုပေမဲ့ တိုင်းရင်းသားတွေအနေနဲ့ တခြားရွေးစရာမရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲကို ဝင်ဖို့လုပ်သင့်ရင်လည်း လုပ်ရမယ်လို့ဆိုတဲ့ သဘောမျိုးကို အမေရိကန်လွှတ်တော်အမတ်ဆီကို ရေးတဲ့စာတစောင်မှာ တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေကြားမှာ သဘောထားကွဲနေတဲ့ သဘောလား။
ဦးစိုးအောင် ။ ။ ကျနော်အမြင်ကတော့ အီအန်စီရဲ့  နောက်ဆုံးညီလာခံ အစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင် အဲဒီအတိုင်းပြောထားတာ တွေ့ရတယ်။ ဒါပေမဲ့ ကျနော်တို့ အမေရိကန် အထက်လွှတ်တော်အမတ်ကို ရေးတဲ့စာထဲမှာတော့ အဲဒီဟာထက် ပိုပြီးတော့ ပိုပိုသာသာ လာမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်မလုပ်ပါဘူးဆိုတာ ရှိတဲ့အတွက် ဒါတွေက အီအန်စီအဖွဲ့ထဲမှာ ပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးရမယ့် အနေအထားတွေရှိနေတာကို ကျနော်တို့ တွေ့ရပါတယ်။ ဘာဖြစ်လိုလည်းဆိုတော့ နောက်ပိုင်းမှာစာတွေ ပြန်လည်ထုတ်ပြီးတော့ ပြောဆိုတဲ့အချက်တွေမှာ ဒီကိစ္စက သူတို့အပြန်အလှန် အကြေအလည်ဆွေးနွေးရမယ့် အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအများစုကတော့ ကျနော်အမြင်ပြောရရင် သူတို့က တန်တူရည်တူ အခွင့်အရေးရတယ်ဆိုလိုရှိရင် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့ရဲ့  အခွင့်အရေးတွေကို အာမခံနိုင်တယ်ဆိုလိုရှိရင် ဘာရွေးကောက်ပွဲမဆို တရားမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို အခြေခံတယ်ဆိုရင် သူတို့ ပါဝင်ပြီးတော့ ယှဉ်ပြိုင်အရွေးခံကြမှာဘဲ။ ရွေးကောက်ပွဲကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပိုပြီးအရေးကြီးတဲ့အချက်ကို ထောက်ပြနေတယ်လို့ ကျနော်မြင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာအစိုးရဘက်ကတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက ပြည်သူတွေက တခဲနက်ထောက်ခံတဲ့ ဖွဲ့စည်းပုံဖြစ်နေတယ်၊ အဲဒါအပြင် အမျိုးသားညီလာခံမှာ အားလုံးနဲ့ ညှိနှိုင်းပြီးတော့ ရေးဆွဲထားတဲ့ အခြေခံဖွဲ့စည်းပုံ ဖြစ်တယ်လို့ဆိုတယ်။ အဲဒီတော့ သူတို့အနေနဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြန်ပြင်ပေးဖို့ဆိုတာ သိပ်ပြီးတော့ အလားအလာမရှိဘူးဆိုတဲ့ သဘောမျိုးရှိနေတယ်။ အဲဒီတော့ အမျိုးသားညီလာခံ ကျင်းပနေတုန်းကလည်း တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာ အမျိုးသားညီလာခံကို တက်ပြီးတော့ ဆွေးနွေးခွင့်တခုကို အခွင့်အရေးတရပ်အနေနဲ့ အသုံးချဖို့ အယူအဆ ရှိခဲ့သလို အခုရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲဝင်ပြီးတော့ မိမိအခွင့်အရေးအတွက် ရယူဖို့ ပုံစံမျိုးပြောဆိုကြတာတွေ ရှိကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးစိုးအောင် အနေနဲ့ ဘယ်လို သဘောမျိုး ကြားနေရပါသလဲ။
ဦးစိုးအောင် ။ ။ ကျနော်မြင်တာကတော့ အမျိုးသားညီလာခံကျင်းပချိန်တုန်းကလည်း ဒီ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း မိမိတင်ပြဆွေးနွေးလိုတဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပိုင်ခွင့်မရှိခဲ့ဘူး၊ တင်ပြဆွေးနွေးတဲ့အခါမှာလည်း ထည့်သွင်းပြီးတော့ ဒီအချက်တွေကို စဉ်းစားလက်ခံ အတည်ပြုတာမျိုးတွေ မရှိဘူးဆိုတော့ အခုလာမယ့် ရွေးကောက်ပွဲမှာလည်း အဲဒီလို အနေအထား အမျိုးမျိုးတော့ ရှိနိုင်တာပေါ့။ တချို့ ကလည်း အထဲဝင်ပြီတော့ လုပ်ကြည့်ရင် ကောင်းမလား၊ ရွေးကောက်ပွဲဝင်ရင် ကောင်းမလား၊ ရသလောက်အနေအထား ယူကြည့်ရင် ကောင်းမလား။ ဒါပေမဲ့ အများစုကတော့ အနာဂတ်မှာ ငါတို့ တိုင်းရင်းသားတွေအပေါ်ကို အခြေခံတဲ့၊ တိုင်းရင်းသားတွေကို အခွင့်အရေး ရနိုင်တဲ့ တန်တူရည်တူ အခွင့်အရေးရနိုင်တဲ့ အခြေအနေကို ဘယ်လိုဖြစ်အောင် လုပ်ကြမလဲ ဆိုတာကို စဉ်းစဉ်းစားစား လုပ်ကြရမယ်ဆိုတဲ့ အချက်ကို အလေးသာပြီးတော့ စဉ်းစားကြမယ်လို့ ကျနော် မြင်ပါတယ်။ တချို့ ကလည်း ရတဲ့ field ထဲကနေ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အနေအထားမျိုးပေါ်မှာ စဉ်းစားနေတာ ရှိနိုင်ပါတယ်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေဆိုရင် သူတို့ကို တဖြည်းဖြည်းနဲ့ အင်အားချည့်နဲ့လာအောင် လုပ်လာတဲ့ကိစ္စမျိုးတွေရှိတယ်။ အဲဒီတော့ သူက ရတဲ့ဘောင်ထဲမှာ ဘယ်လို စဉ်းစားပြီးတော့ လုပ်ကြမလဲဆိုတဲ့ဟာကို အလေးအနက် အသဲအသန် စဉ်းစားနေရတဲ့ အနေအထားမျိုး ရှိတယ်လို့ ကျနော်မြင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဆိုတော့ ရွေးကောက်ပွဲကို ရက်အတိအကျတော့ မကြေညာရသေးဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ရွေးကောက်ပွဲ ကော်မရှင်လည်း မဖွဲ့ရသေးဘူး။ ဒါပေမဲ့လည်း ယခုလက်ရှိ အခြေအနေကို ရွေးကောက်ပွဲအကြိုကာလလို့လည်း ပြောလို့ရတယ်ဆိုတဲ့ အနေအထားပေါ့။ နည်းနည်းတော့ စောသေးတာပေါ့။ ဒါပေမဲ့လည်း အခုလက်ရှိအခြေအနေမှာ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးဆိုင်ရာတွေ ဒါမှမဟုတ် တိုက်ခိုက်မှုကိစ္စတွေဟာ ဆက်ဖြစ်နေတုန်းဘဲလား။ အခြေအနေ တိုးတက်မှုတွေ ရှိနေသလား။
ဦးစိုးအောင် ။ ။ လူ့အခွင့်အရေး အခြေအနေတွေကတော့ တိုင်းရင်းသားဒေသတွေမှာ ဘယ်တုန်းကမှ တိုးတက်တာ မရှိဘူး။ ဆုတ်ယုတ်နေတာဘဲရှိတယ်။ မတရားဓမ္မ ပေါ်တာဆွဲမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ ရွာမီးရှို့ မှုတွေက ပြောလိုကို မကောင်းဘူး အမြဲတမ်း ဖြစ်ပျက်နေတယ်။ ပြီးခဲ့တဲ့ လတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ ကြည့်မယ်ဆိုရင် အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်မှုတွေ၊ လက်ရှိတိုင်းရင်းသားနယ်မြေတွေမှာ ထိုးစစ်ဆင် ဆက်လျှက်လုပ်ဆောင်နေမှုတွေ အထူးသဖြင့် ရှမ်းပြည်နယ် နယ်ပိုင်းမှာဆိုရင် ဒီ ထိုးစစ်ဆင်မှုတွေကြောင့် လူပေါင်းသောင်းနဲ့ချီပြီး ရွှေ့ ပြောင်းဒုက္ခရောက်တာတွေ၊ အိမ်ခြေယာခြေ စုစုပေါင်း ငါးရာကျော်လောက်ကို မီးရှို့ ပြီးတော့ မြေလှန်စနစ် ကျင့်သုံးပြီးတော့ တိုက်ခိုက်နေတာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို တိုင်းရင်းသားတွေက အလေးအနက် အခြေခံပြီး စဉ်းစားကြရမှာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘာပြဿနာပေါ်နေသလဲဆိုတာကို နည်းနည်းလေး ရှင်းပြပါလား။ ဒီတိုင်းရင်းသားဒေသတွေမှာ။
ဦးစိုးအောင် ။ ။ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးဆိုတာက နအဖ အပြောအရဆိုရင် လက်နက်နဲ့ ငြိမ်းချမ်းရေး လှဲတယ်ပေါ့။ အဲဒီလိုဆိုပြီးတော့ ငြိမ်းချမ်းရေး ယူထားတယ် တိုင်းရင်းသားတွေကို ဘာအခွင့်အရေးမှ ပေးတာမရှိဘူး၊ နိုင်ငံရေးအရလည်း လုပ်ပိုင်ခွင့်လည်း မရှိဘူး။ တိုင်းရင်းသား ခေါင်းဆောင်တွေကို ထောင်ချထားတာရှိတယ်၊ တချို့ ဆိုရင် ကျန်းမာရေးလည်း မကောင်းဘူး။ ဦးခွန်ထွန်းဦး -- တို့ကို ကြည့်ပေါ့။ အဲဒီလိုမျိုးအဖြစ်တွေက ဖြစ်နေတော့ ဒီ ငြိမ်းချမ်းရေးယူထားတဲ့ ကိစ္စက ဘာလဲဆိုတာကို အများကြီးမေးခွန်း ထုတ်စရာရှိပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှု တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ဟာကို ဘယ်ဟာနဲ့မှ နှိုင်းယှဉ်ကြည့်လို့ မရဘူး။ အမြဲတမ်းဘဲ အပစ်အခတ် ရပ်ဆဲရေးလုပ်မလဲ၊ ဘယ်တော့ တကယ်တမ်း ဒီဒေသတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုတဲ့ မေးခွန်းတွေက အမြဲတမ်းထုတ်နေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ကိုးကန့်အဖွဲ့ နဲ့ မြန်မာစစ်အစိုးရတပ်တို့ တိုက်ပွဲပြန်ဖြစ်တဲ့ ကိစ္စက အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ဒေသတွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိခဲ့သလဲ။
ဦးစိုးအောင် ။ ။ ကျနော်မြင်တာကတော့ ကိုးကန့်အဖွဲ့ကို target ထားပြီး တိုက်တယ်ဆိုတာက ကိုးကန့်အဖွဲ့က အဲဒီနေရာမှာ အင်အားအနည်းဆုံးအဖွဲ့ ဖြစ်နေတာရယ်၊ နောက်ပြီးတော့ သူတို့ပြောတာကို နားမထောင်ဘူးဆိုရင် ဒီလို ကံကြမ္မာမျိုးနဲ့ တွေ့ကြုံရမယ်မျိုး ပြောချင်တာရယ် အဲဒီအဖွဲ့ကို ရွေးချယ်ပြီးတော့ တိုက်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ အင်အားကြီးတဲ့အဖွဲ့ ဝ တပ်ဖွဲ့လိုအဖွဲ့မျိုးကို တိုက်ရဲသလားဆိုတာက နောက်အနေအထားတခုရှိတယ်။ နောက်ပြီးတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ကန့်ကွက်မှုတွေကို သူတို့က ယှဉ်ဆိုင်နေရတယ်ဆိုတော့ အဲဒီလို အနေအထားမျိုးထိ ရောက်သွားအောင် လုပ်ကြမလဲ။ တကယ်တမ်းဘဲ အမြစ်ပြုတ်ချကြမလား၊ အပစ်အခတ်ရပ်စဲရေးတွေကို ငါ့စကားနားမထောင်ရင် ငါ လုပ်တာခံရမယ်ဆိုတာမျိုးကို ကျနော်တို့ စောင့်ပြီးကြည့်ရမယ် ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် ကြားသိနေရတဲ့ အခြေအနေအရဆိုရင် အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့တွေ ကြားထဲမှာ တော်တော်များများက မြန်မာစစ်အစိုးရ ချထားတဲ့လမ်းစဉ်အတိုင်း နယ်ခြားစောင့် လက်နက်ကိုင်အဖွဲ့ အသွင်ပြောင်းရေးကို လက်ခံမယ်၊ ရွေးကောက်ပွဲကို တနည်းမဟုတ်တနည်း နဲ့ ဝင်ရောက်လို့ ယှဉ်ပြိုင်ကြမယ်ဆိုတဲ့ အနေအထားဘဲ ဖြစ်နေကြတယ်မဟုတ်လား။ ဒါအများစု ဖြစ်နေတယ် အခြေအနေ မဟုတ်လား။
ဦးစိုးအောင် ။ ။ ကျနော်မြင်တာကတော့ အများစုရယ်လို့ ပြောလို့မရဘူးလို့ ထင်တယ်ခင်များ။ တိုင်းရင်းသားအများစုတွေက အဖွဲ့အစည်းအများစုက စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေ များတယ်။ သူတို့က တကယ်တမ်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ သူတို့ရဲ့  အခြေအနေ တိုးတက်မှုရှိမလား ဆိုတဲ့ဟာကို တကယ်တမ်းကတော့ ဖြစ်နိုင်ဖို့ အလားအလာနည်းတယ်ဆိုတဲ့ အချက်ပေါ်မှာ အခြေခံပြီးတော့ စဉ်းစားကြမှာဘဲ။ အဲဒီတော့ အဲဒီလိုမျိုးက အများစုဖြစ်တယ်လို့ ကျနော်ထင်တယ် လုံးဝပြောလို့မရပါဘူး။(ဗွီအိုအေ)
Tuesday, 29 September 2009
ဆလိုင်း နှင့် မိုင် ဟာဘာလဲ
၁။ “ဆလိုင်း” ရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။
ဖြေ = “ဆလိုင်း” ဆိုတဲ့ ချင်းဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ “ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သားကောင်းယောက်ျား” ပဲ ဖြစ်ပါတယ်။
၂။ “မိုင်” ရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။
ဖြေ = “မိုင်” ဆိုတာကတော့ “သားကောင်း ရတနာများကို မွေးဖွားပေးမည့် မွေးဖွားပေးသော မိန်းမမြတ်” လို့ ချင်းလို အဓိပ္ပါယ် ရပါတယ်။
၃။ “ဆလိုင်း – မိုင်” ဆိုတာ ဘာလဲ။
ဖြေ = “ဆလိုင်း – မိုင်” ဆိုတာကတော့ ဒီနေ့ခေတ် ချင်းလူငယ် မျိုးဆက်သစ်တွေရဲ့ အမည်နာမ အရှေ့မှာ “အမျိုးသားယဉ်ကျေးမှု သစ်” တစ်ရပ်အနေနဲ့ အသုံးပြုလာကြတဲ့ “အမျိုးသားသင်္ကေတ” တစ်ရပ်ပဲ ဖြစ်ပါတယ်။ ချင်းလူငယ် ယောက်ျားများရဲ့ အမည်နာမ ရှေ့မှာ “ဆလိုင်း”၊ ချင်းလူငယ် အမျိုးသမီးရဲ့ အမည်နာမအရှေ့မှာ “မိုင်” ရယ်လို့ “ချင်း” အမျိုးသား/အမျိုးသမီး အမှတ်သင်္ကေတအဖြစ် သုံးစွဲကြခြင်း ဖြစ်ပါသည်။
၎။ “ဆလိုင်းနဲ့ မိုင်” ကို ချင်းလူငယ်တွေရဲ့ အမည်နာမအရှေ့မှာ အသုံးပြုလာကြခြင်းအားဖြင့် ဘယ်လို ထူးခြားမှုရှိပါသလဲ။
ဖြေ = ယနေ့ချင်းလူငယ်မျိုးဆက်သစ်တွေဟာ “ဆလိုင်းနဲ့ မိုင်” ကို အသုံးပြုကြခြင်းအားဖြင့် ကျယ်ဝန်းလှတဲ့ ဒေသအသီးသီးမှာ ပြန့်နှံ့နေထိုင်ကြပြီး၊ အမည်မှည့်ခေါ်ပုံနဲ့ ဘာသာစကား သုံးနှုန်းမှုခြင်း မြောက်မြားစွာ ကွဲပြားနေခဲ့ကြတဲ့ ချင်းမိသားစုဝင် တစ်ဦးနဲ့တစ်ဦး “တစ်မိသားစုဝင်တည်းဖြစ်ကြောင်း” အလွယ်တကူ သိရှိနိုင်ကြပါတယ်။
ယခင်ကဆိုယင် ချင်းအမျိုးသားရဲ့ အမည်မှည့်ခေါ်ပုံ ကွဲပြားခြားနားမှု၊ ဘာသာ စကားကွဲပြားမှု၊ နေရာဒေသ ကွဲပြားမှုတွေ ကြောင့်၊ မိမိတို့ရဲ့ အမျိုးသားအချင်းချင်း မသိရှိခဲ့ကြတဲ့အဖြစ်တွေ မကြာခဏကြုံတွေ့ခဲ့ရပါတယ်။
ဆလိုင်း-မိုင်ဆိုတာ ချင်းမျိုးဆက်သစ်တွေရဲ့ အမည်ရှေ့မှာ “ယဉ်ကျေးမှု” အသစ်အနေနဲ့ အသုံးပြုလာတဲ့ အမျိုးသား သင်္ကေတတစ်ခု ဖြစ်တယ်။
ချင်းလူမျိုးတိုင်း ဆလိုင်း-မိုင်ကို လေးလေးနက်နက် သုံးစွဲလာကြတဲ့အချိန်မှာတော့ အားကစားလောက၊ ဂီတလောက၊ အနုပညာနယ်ပယ်၊ ကျောင်းသားလောက၊ ၀န်ထမ်းလောက အစရှိတဲ့ အသိုင်းအ၀ိုင်း အသီးသီးမှာ တစ်ဦးနဲ့တစ်ဦး အမျိုးသားချင်း အလွယ်တကူ သိရှိနိုင်ကြပြီး အားပေးစရာ၊ ဂုဏ်ယူစရာ၊ ယိုင်းပင်းစရာ ရှိရင်လည်း တစ်ဦးနဲ့တစ်ဦး ပိုမိုလွယ်ကူစွာ သိရှိနီးစပ်ခွင့်ကို ရရှိနိုင်ကြပါတယ်။
၅။ “ဆလိုင်းနဲ့ မိုင်” ကို သုံးစွဲခြင်းအားခြင့်၊ ချင်းလူငယ်တွေရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ကျူးတယ်လို့ ဆိုနိုင်ပါသလား။
ဖြေ = ဟုတ်ပါတယ်၊ ဒေသအသီးသီးမှာ ကွဲကွဲပြားပြား နေထိုင်ကြ ရတဲ့ ချင်းမိသားစုဝင်တွေကို “ဆလိုင်း-မိုင်” ဝေါဟာရ ၂ ခုက စုစည်း ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒီဝေါဟာရ ၂ ခုကို သုံးစွဲရုံနဲ့ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးကို မရရှိနိုင်သေးပါဘူး။
“ဆလိုင်း-မိုင်” ကို ဒီနေ့ချင်းလူငယ်တွေ အသုံးပြုလာ ခြင်းဟာ ချင်းလူငယ်တွေအတွက် ဘုံဝေါဟာရအသုံးအဆောင် တစ်ရပ်ကို ပိုင်ဆိုင်လာတဲ့ “ပထမ” အဆင့်မှာပဲ ရှိပါတယ်။ တနည်း အားဖြင့် “ဆလိုင်း-မိုင်” ဆိုတာ (UNIFORM) (တသမတ်တည်း ဖြစ်ပေါ်မှု) ဒါမှမဟုတ် (UNIFORMITY) (တသမတ်တည်းဖြစ် ခြင်း တဆင်တည်းတူညီခြင်း) ဆိုတဲ့ တဆင့်မှသာ ရှိပါတယ်။ ဒီပထမအဆင့်မှာ ချင်းလူငယ်တွေ အနေနဲ့ (UNIFORMITY) အဆင့်ကို ရယူပိုင်ဆိုင်ပြီးတဲ့အပြင်၊ ဒုတိယအဆင့်ဖြစ်တဲ့ “ဆလိုင်းမိုင် စိတ်ဓာတ်” ကို ပိုင်ဆိုင်ရယူနိုင်ကြမှ သာလျှင် တကယ်နက်ရှိုင်းတဲ့ စည်းလုံးညီညွတ်ရေး (UNITY) ကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။
၆။ “ဆလိုင်း-မိုင် စိတ်ဓာတ်” ဆိုတာဘာလဲ။
ဖြေ = ဒီမေးခွန်းကို ရှင်းရှင်းလင်းလင်း ဖြေဆိုနိုင်ဖို့အတွက် “ဒေသစွဲ မျိုးနွယ်စွဲ စိတ်ဓာတ်” ဆိုတာတွေ အရင်ရှင်းရပါလိမ့်မယ်။ ဒေသစွဲ စိတ်ဓာတ်ဆိုတာ မိမိရဲ့နေထိုင်ရာ မိမိမျိုးနွယ်တို့ရဲ့ ကျက်စား ရာဒေသ သေးသေးနုပ်နုပ်ကိုသာ မြင်ပြီး မိမိရဲ့ဒေသ ကောင်းစား ရေးတစ်ခုထဲကိုသာ ပဓာနထားအာရုံစူးစိုက်တဲ့ စိတ်ဓာတ်ဖြစ်ပါ တယ်။ တနည်းဆိုရရင် တစ်စုတစ်ဝေးတည်းဆိုတဲ့ ချင်းတစ်မျိုးသားလုံးရဲ့ မိသားစုအမြင်တွေကို မဆုပ်ကိုင်ပဲ မေ့လျော့ဖယ်ရှားထားပြီး၊ ချင်းမိသားစုဝင်တွေရဲ့တိုးတက်မှု၊ စည်းလုံးမှုကို မိုက်မိုက်မဲမဲ ဟန့်တားနေတဲ့သမိုင်းရဲ့ ဆိုးမွေအမြင်ဟောင်းပဲ ဖြစ်ပါတယ်။
ဒီဒေသစွဲ/မျိုးနွယ်စွဲ စိတ်ဓာတ်ဟာ “ဆလိုင်းမိုင် စိတ်ဓာတ်” ဆိုတဲ့ ချင်းမိသားစုဝင် စိတ်ဓာတ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း လုံးလုံးလျားလျား ကွဲပြားဆန့်ကျင်နေပါတယ်။ ဒီမတူညီတဲ့အမြင် (စိတ်ဓာတ်) နှစ်ခုဟာ တစ်ခုက စိတ်ဓာတ်ရေးရာ၊ အတွေးအခေါ်ရေးရာဆုတ်မှုကို ပြညွှန်းနေပြီး၊ တစ်ခုက စိတ်ဓာတ် ရေးရာ အတွေးအခေါ်ရေးရာ တိုးတက်မှုကို ဖော်ကျူးနေပါတယ်။ ဆလိုင်းမိုင်စိတ်ဓာတ်ဟာ ချင်းမိသားစုဝင်အားလုံးရဲ့ တိုးတက်ဖွံ့ဖြိုးမှု၊ စည်းလုံးညီညွှတ်မှုကိုလိုလားတဲ့ “တိုးတက်တဲ့” စိတ်ဓာတ်ပဲဖြစ် ပါသည်။
ဆလိုင်းမိုင်စိတ်ဓာတ်ဟာ ခေတ်ဟောင်းကိုချန်ထားပြီး ခေတ်သစ်ကို တောင်းဆိုဦးတည်ပြုနေတဲ့ စိတ်ဓာတ်သာ ဖြစ်ပါတယ်။
၇။ ဆလိုင်းမိုင် စိတ်ဓာတ်ဟာ ချင်း သမိုင်းရဲ့တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာတယ်လို့ အခိုင်အမာ ပြောလို့ရပါသလား။
ဖြေ = ရပါတယ်။ ပဝေသဏီ ရှေးချင်းဘိုးဘေးတွေခေတ်မှာ ပိုင်ဆိုင်လာခဲ့တဲ့ “တစ်မိ တစ်ဝမ်း စိတ်ဓာတ်တွေ”၊ ဘာသာစကား တစ်ခုတည်းကိုသာ ပြောဆိုသုံးနှုန်းခဲ့တဲ့ လှပမွန်မြတ်တဲ့ အတိတ်ခေတ်တွေဟာ – တောတောင်ရေမြေ ပထ၀ီအနေအထားနဲ့ ပတ်ဝန်းကျင် ပရောဂ အသီးသီးကြောင့်၊ မိသားစု အစည်းပြေခဲ့ပြီး ဘာသာစကားမှအစ စိတ်ဓာတ်၊ အမြင်ရေးရာ တွေမှာလည်း တစ်မျိုးတစ်ဘာသာ တရွာတပုတ်ဆန်းခဲ့ကြပါတယ်။
အရင်ကပိုင်ဆိုင်ခဲ့တဲ့ “တစ်မိတစ်ဝမ်း စိတ်ဓာတ်” တွေ ပျောက်သုဉ်းပြီးတဲ့ ခေတ်ကာလဟာ အကျည်းတန်ဆိုးဝါးပြီး ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ရပ်ကို ချင်းမိသားစုဝင်တွေ ဖြတ်သန်း ခဲ့ကြရတာပါ။
ချင်းလူ့သမိုင်း တစ်လျှောက်မှာ ပြန်လည်စုစည်းဖို့ အတွက် သူ့ခေတ်သူ့အခါ သူ့အခြေအနေအရ အမျိုးမျိုးကြိုးပမ်းခဲ့ကြ ပါတယ်။ ပဝေသဏီက ပိုင်ဆိုင်ခဲ့တဲ့ မိသားစုစိတ်ဓာတ်ကောင်း တွေကို ပြန်လည်ဖော်ထုတ်ဖို့ သမိုင်းတစ်လျှောက်မှာ “လိုအပ်” နေခဲ့ပါ တယ်။
ဒီ “လိုအပ်မှု” သည်ပင်လျှင် သမိုင်းရဲ့တောင်းဆိုမှု ဖြစ်တယ်လို့ အခိုင်အမာ ဆိုနိုင်ပါတယ်။ ဒီသမိုင်းရဲ့ တောင်းဆိုမှုကို ဖြည့်စည်းနိုင်ရေးအတွက် ဒီကနေ့ “ဆလိုင်း-မိုင်” လူငယ်မျိုးဆက်တွေက “ဆလိုင်းမိုင်စိတ်ဓာတ်” ဆိုတဲ့ ချင်းမိသားစုဝင် စိတ်ဓာတ်ကို ပြန်လည်ပြုစုပျိုးထောင်နေတာဖြစ်ပါတယ်။ “ဆလိုင်း-မိုင် စာပေ” တွေဟာ လွဲပျက်သုဉ်းခဲ့တဲ့ မိသားစုစိတ်ဓာတ်တွေ ပြန်လည်ရှင်သန် ကြီးထွားဖို့အတွက် သမိုင်းရဲ့တောင်းဆိုမှုအရ ပေါ်ထွန်းလာရပါတယ်။
၈။ “ဆလိုင်းမိုင်စာပေ” ဆိုတာဘာလဲ။
ဖြေ = “ဆလိုင်း-မိုင်စာပေ” ဆိုတာကတော့ ချင်းမိသားစုစိတ်ဓာတ် ပြန်လည်ရှင်သန်ရေးအတွက် အတွေးအမြင်သစ်တွေကို ဖေါ်ထုတ်တဲ့ စာပေဖြစ်ပါတယ်။ မည်သည့် ဘာသာစကား (ချင်း၊ ဗမာ၊ အင်္ဂလိပ်…) နဲ့ပဲ ရေးသည်ဖြစ်စေ “ချင်းမိသားစုဝင်တွေ ပြန်လည်စုစည်းရေး၊ “ချင်းမိသားစုစိတ်ဓာတ်” ရှင်သန်ကြီးထွားရေး အတွက် ရေးသား၊ လှုံ့ဆော်၊ တိုက်တွန်းတဲ့-ဆောင်ပါး၊ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ စာညွှန့်စတဲ့စာပေအားလုံးကို ခြုံငုံပြီး “ဆလိုင်းမိုင်စာပေ” လို့ တင်စား ခေါ်ဝေါ်ကြတာဖြစ်တယ်။
၉။ “ဆလိုင်း” နဲ့ “မိုင်” ဝေါဟာရဟာ မည်သည့် ချင်းအမျိုး နွယ်တို့ရဲ့ ဘာသာစကားဖြစ်ပါသလဲ။
ဖြေ = မြေပြန့်ဒေသနေ အရှိုချင်း ညီအစ်ကိုတို့ရဲ့ ဝေါဟာရပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ် (ဆလိုင်းမိုင်ခေတ်) အနေနဲ့ပြောမယ် ဆိုရင် “ဆလိုင်းမိုင်” ဆိုတဲ့ဝေါဟာရဟာ ချင်းမိသားစုဝင်အားလုံး ပိုင်ဆိုင်တဲ့ ဝေါဟာရပဲဖြစ်ပါတယ်။
ဒီဝေါဟာရကို တောင်ပေါ် – မြေပြန့် – တောင်ပိုင်း မြောက်ပိုင်း နေရာအနှံ့ အသုံးပြုလာကြတဲ့ အချိန်ကစပြီး၊ ဒီဝေါဟာရ ကို ချင်းမိသားစုဝင်အားလုံးရဲ့ ဘုံပိုင်ဝေါဟာရအဖြစ် သိမ်းကြုံးလိုက် တယ်လို့ ဆိုရပါလိမ့်မယ်။
ဒီနေ့ဆလိုင်းမိုင် လူငယ်တွေဟာ “ဆလိုင်းမိုင်” အတွေးအခေါ်ကို စွဲကိုင်ကြပြီး မြေပြန့်ရယ်၊ တောင်ပေါ်ရယ်၊ တောင်ပိုင်းရယ်၊ မြောက်ပိုင်းရယ်-ဟိုဖက်ဒီဖက်ကစ ခွဲခြားတဲ့ စိတ်ဓာတ် (ဒေသစိတ်ဓာတ်)ကို တစ်စတစ်စ ဖယ်ရှားလာ ကြပြီး ဖြစ်တဲ့အပြင်၊ သမိုင်းက တောင်းဆိုနေတဲ့ ဘုံဘာသာစကား (ဘုံစကား)ကိုလည်း အမြင်သစ်တွေနဲ့ ချဉ်းကပ် ရှာဖွေနေကြပါပြီ။
၁၀။ “ဆလိုင်းမိုင်စိတ်ဓာတ်” ရဲ့အရင်းအမြစ်ဟာဘာလဲ။
ဖြေ = ချင်းလူ့အဖွဲ့အစည်းမှာ ဘာသာ မျိုးကွဲပေါင်းမြောက်မြားစွာ ရှိတဲ့အလျှောက် ၁၉၆၅ ခုနှစ်ပတ်ဝန်းကျင်မှာ တောင်ပေါ်ချင်းဒေသ တွေ အလိုက်မိမိတို့ရဲ့ ဘာသာစကားအရ ကျား/မ အမည်ရှေ့မှာ သင်္ကေတမျိုးကွဲတွေ အမျိုးမျိုးပေါ်ပေါက်ခဲ့ပါတယ်။
(Taang-Lia, Pa-Nu, Val-Leng) … စသည်ဖြင့် ဒေသအလိုက် အကွဲကွဲအပြားပြား စတင်အသုံးပြုလာ ကြသည်။ ၁၀ နှစ်ခန့်ဖြတ်သန်းခဲ့ပြီး ၁၉၇၃ ခု နှစ် ရန်ကုန်တက္ကသိုလ် ခ-စ-ယ အစည်းအဝေးတစ်ခုမှာ ဒီလိုမျိုးကွဲ သင်္ကေတတွေကို အသုံးပြုမဲ့အစား အားလုံးဘုံအဖြစ်အသုံးပြုနိုင်မဲ့၊ “အသုံးပြုသင့်တဲ့” ကျား/မ သင်္ကေတတစ်ခုခုကို သတ်မှတ်ဖို့ ဆွေးနွေးခဲ့ကြတယ်…။
အဲ့ဒီအစည်းအဝေးမှာ (Salai-Mai) သာလျှင် ချင်းလူငယ်တွေရဲ့ “ဘုံ” ပိုင်ဆိုင်မှု ဝေါဟာရ သင်္ကေတဖြစ်သင့်တယ် ဆိုတာကို အများစုက လက်ခံခဲ့ကြပါတယ်။ ၁၉၇၄-ခုနှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲမှာ စတင်အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် တရားဝင်မကြေငြာနိုင်ခဲ့ပါဘူး။ ၁၉၇၇ -ခုနှစ် ခစယ အစည်းအဝေး ဆုံးဖြတ်ချက်မှာမှ ပီပီပြင်ပြင် ဖြစ်လာပြီး ကြေးမုံသတင်းစာမှာ သတင်းတစ်ခုအဖြစ် တိတိကျကျ ပီပီပြင်ပြင် ဖြစ်လာခဲ့ပါတယ်။
အရင်က (Taang-Lia, Pa-Nu, Val-Leng) … စသည်ဖြင့် ဒေသအလိုက် သုံးစွဲကြတဲ့ “ဒေသသုံး” သင်္ကေတ ဝေါဟာရတွေကို “စွန့်လွှတ်ပြီး (Salai-Mai) ကို တခဲနက် ထောက်ခံအသုံးပြုလာကြပါတယ်။
မိမိတို့ရဲ့ ဒေသသုံး သင်္ကေတတွေ၊ မိမိတို့အသီးသီးရဲ့ ဒေသစွဲနှစ်သက်မှုတွေကို စွန့်လွှတ်ပြီး “ဘုံစိတ်ဓာတ်” စခန်းကို ရောက်လာနိုင်ကြတာမို့ ဒေသစွဲသမိုင်းအမွေဟောင်းတွေကို ပြတ်ပြတ်သားသား တွန်းလှန်စွန့်လှူနိုင်တဲ့ “ဆလိုင်း မိုင်စိတ်ဓာတ်” ကို ပိုင်ဆိုင်စွဲကိုင်နိုင်လာကြတာဖြစ်တယ်။
ဒီလို ဒေသစွဲကြိုက်နှစ်သက်မှု၊ ရွေးချယ်မှုတွေကို စွန့်လွှတ်နိုင်တဲ့ “စိတ်ဓာတ်သစ်”ကို အစွဲပြုပြီး၊ ဒီလိုစိတ်ဓာတ်မျိုးကို ဒီနေ့ချင်း လူငယ်မျိုးဆက်သစ်တွေက “ဆလိုင်းမိုင်စိတ်ဓာတ်” လို့ တင်စားခေါ်ဝေါ်သမုတ် လိုက်တာပါပဲ။
တနည်းအားဖြင့် ချင်းလူငယ်မျိုးဆက်သစ်တွေဟာ ချင်းလူ့သမိုင်းမှာ ကဏ္ဍသစ်တရပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ချင်းလူ့ အဖွဲ့အစည်းရဲ့ (Renaissance) “ဥာဏ်သစ်လောင်း” ခေတ်တစ်ခု အစချီခဲ့တာပါပဲ။
၁၁။ “ဆလိုင်းမိုင်စိတ်ဓာတ်” ပေါ်ထွန်းလာတာကို ချင်းလူ့အဖွဲ့အစည်းရဲ့ (Renaissance) လို့ အမှန်တကယ် ခိုင်ခိုင်မာမာ သတ်မှတ်လို့ရသလား။
ဖြေ = ဒီလိုပဲ အခိုင်အမာ သတ်မှတ်နိုင်ပါတယ် (Renaissance) ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကိုက (Rebirth) ပြန်လည်မွေးဖွားခြင်း ဖြစ်ပါတယ်။
ဆလိုင်းမိုင်စိတ်ဓာတ်ဆိုတာ ရှေးချင်းဘိုးဘေးခေတ် မိသားစုစိတ်ဓာတ်၊ တခုတည်းသောစိတ်ဓာတ်၊ တစ်မျိုးတည်းသော ဘာသာစကား ထွန်းကားခဲ့တဲ့ သမိုင်းခေတ်ဦးကာလ၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးခေတ်မှာရှိခဲ့ပြီးသား ပိုင်ခဲ့ပြီးသား “ဘုံစိတ်ဓာတ်၊ ဘုံဘာသာစကား” ဆိုတာတွေ ပြန်လည်မွေးဖွား ရှင်သန်လာတာပဲ ဖြစ်ပါတယ်။
ဒီစိတ်ဓာတ်ဟာ အသစ်တွေ့ရှိချက်၊ အသစ်တီထွင်မှု မဟုတ်ဘူး၊ မတော်တဆ ပေါ်ပေါက်လာတဲ့ ကိစ္စလဲ မဟုတ်ပါဘူး။
အိပ်မက်ယောင်ပြီး ထအော်တာလဲ မဟုတ်ပါဘူး။ ရှေးချင်းဘိုးဘေးတွေရဲ့ တစ်မိတစ်ဝမ်းတည်း “မိသားစုစိတ်ဓာတ်” ပြန်လည်မွေဖွားခြင်း (Rebirth, Renaissance) ဥာဏ်သစ် လောင်းခြင်းပဲ ဖြစ်ပါတယ်။
ရှေးချင်းဘိုးဘေးတွေ ပိုင်ဆိုင်ခဲ့တဲ့ စိတ်ဓာတ်နဲ့ အခြေခံအားဖြင့် ဘာမှကွာခြားမှုမရှိပါဘူး၊ တစ်ခုပဲခြားနား၊ ထူးခြားတာ ရှိပါတယ်။ ဒီစိတ်ဓာတ်ကို “ဆလိုင်းမိုင် စိတ်ဓာတ်” ရယ်လို့ တင်စားပြီး ဝေါဟာရတခုအားဖြင့် သတ်မှတ် သမုတ်ခေါ်ဝေါ်ခဲ့ကြတဲ့ အချက်တစ်ခု၊
ဘုံစိတ်ဆိုတာ လူမျိုးတိုင်းမှာ ကိုယ်စီရှိတဲ့သဘာဝ ပိုင်ဆိုင်မှုဖြစ်တဲ့အလျှောက်
“အသင်းအဖွဲ့ကမဟုတ်။
ဦးဆောင်သူရယ်လို့လဲမလိုမရှိ။
ဖွဲ့စည်းခြင်းလဲမမည်” တဲ့ ခေတ်သမိုင်းရဲ့ မွေးထုတ်ပေးတဲ့ အရာကိစ္စ(ရိုးရိုးစင်းစင်း) တစ်ခုပဲ ဖြစ်ပါတယ်။
၁၂။ “ဆလိုင်းမိုင်” ဆိုတာ အစအဦးက မြေပြင်နေ “အရှိုချင်းအနွယ်ဝင်” တို့ရဲ့ ဝေါဟာရဖြစ်ပြီး၊ အခုခေတ်မှာတော့ ချင်းအမျိုးသားအားလုံးပိုင် ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ ဒါကို ပီပီပြင်ပြင် သိလိုပါတယ်။
ဖြေ = ၁၉၃၅ ခုနှစ်တုန်းက သရက်မြို့မှာ မြေပြန့်ချင်း ညီအစ်ကိုတို့ရဲ့ “နယ်ပေါင်းစုံအစည်းအဝေးတစ်ခု” ခေါ်ယူကျင်းပပြီး၊ ချင်းတွေရဲ့ အမည်နာမရှေ့မှာ ချင်းမှန်းသိအောင် (တစ်မိသားစုဝင်ဖြစ်ကြောင်း အမှတ်သင်္ကေတ တစ်ခုသတ်မှတ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။)
“ဆလိုင်းမိုင်”ဆိုတဲ့ သင်္ကေတဝေါဟာရကို ချင်းတို့ရဲ့ ကျား/မ သင်္ကေတအဖြစ် နာမည်ရှေ့မှာ အသုံးပြုမှုဟာ၊ ဒီအစည်းအဝေးကြီးကနေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီဝေါဟာရဟာ၊ အရှိုချင်းတွေရဲ့ ဘာသာစကားမှာ အရင့်အရင် (ရှေး) ကတည်းက ရှိပြီးသားဖြစ်ပေမဲ့၊ နာမည်ရှေ့မှာ အသုံးပြုခဲ့ခြင်း မရှိခဲ့ကြပါဘူး။ တောင်ပေါ်ဒေသမှာ ဒီလိုသင်္ကေတ အသီးသီးစတင်တဲ့ ၁၉၆၅-ခုနှစ်ထက် အနှစ် ၃၀ စောပါတယ်။ ချင်းလူငယ်များရဲ့ “ဘုံ” သုံးဝေါဟာရ တစ်ခုရှာဖွေကြတဲ့ ၁၉၇၃ ခုနှစ်နဲ့ စာရင် အနှစ် ၄၀ စောပါတယ်။
အဲဒီအနှစ် ၄၀ ကာလမှာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအ၀ှမ်းမှာ “ဆလိုင်းမိုင်” ဆိုရင် ချင်း (မြေပြန့်ချင်းမှန်း) လူတိုင်းသိနေကြပါပြီ။ အနှစ် ၄၀ ဆိုတာ ရာစုနှစ်တခုရဲ့ “ထက်ဝက်” နီးနီးရှိပါတယ်။
အများသိပြီး နားလည်ပြီးဖြစ်တဲ့ “ဆလိုင်း-မိုင်” ကို အားလုံး “ဘုံ” သုံးအဖြစ် သတ်မှတ်နိုင်မှ သဘာဝကျ မယ်ဆိုတာကို နားလည်သဘောပေါက်ကြတဲ့အလျောက် “ဆလိုင်းမိုင်” ဆိုတဲ့ သင်္ကေတကို “ဘုံ” ပိုင်အဖြစ် သိမ်းပိုက်လိုက်ကြတာပါပဲ။ ဒါကြောင့် ဒီဝေါဟာရဟာ ချင်းအမျိုးသားအားလုံးတို့ရဲ့ ပိုင်ဆိုင်မှု “အမျိုးသားပိုင်” ဖြစ်ပါတယ်။
၁၃။ “ဆလိုင်းမိုင်လှုပ်ရှားမှု” ဟာ ချင်းလူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ရေးရာ ကွဲပြားမှုတွေကို စုစည်းပေးတယ်လို့ဆိုပေမဲ့ ၁၉၇၇ ခု၊ ပတ်ဝန်းကျင်မှာ ဆလိုင်းမိုင်ပြဿနာကြောင့် စည်းရုံးမှု တော်တော်ပျက်ပြားခဲ့ရတယ်လို့ သိရပါတယ်။ မှန်ပါသလား။
ဖြေ = ဂ မှားတယ်။
ဂ ဆလိုင်းမိုင်ပြဿနာ လုံးဝမရှိခဲ့ပါဘူး။
တဦးနဲ့တဦး နားလည်မှုကွာခြားတာတော့ ရှိခဲ့ပါတယ်။ အငြင်းပွားမှုကလေးတွေလည်း ရှိခဲ့ပါတယ်။
ဒီလို အဖြစ်အပျက်တွေဟာ ကမ္ဘာ့အတွေးအခေါ် သမိုင်းနဲ့ ကြည့်မယ်ဆိုရင် အသေးအဖွဲ့ ကိစ္စပါပဲ။ အတွေးအခေါ် သစ်တစ်ခု ပေါ်ထွန်းတိုင်း ပေါ်ထွန်းတိုင်း ဒီလိုကိစ္စမျိုး ရှိစမြဲ ဓမ္မတာပါပဲ။
ဒါပေမဲ့ အဲဒီအသစ်တွေဟာ မှန်ကန်တယ်၊ ရိုးသား တယ်၊ တကယ်တမ်း လူသားဝန်းကျင်ကို အကျိုးပြုတယ် လက်တွေ့ ကျတယ်ဆိုရင် တစ်နေ့တစ်ချိန်မှာ အားလုံးက လက်ခံလာကြတာ ချည်းပါပဲ။
ဒီနေ့ “ဆလိုင်း-မိုင်” တိုးတက်မှုကို လိုလားတဲ့ စည်းလုံးမှုကို လိုလားတဲ့၊ ရိုးသားစွာ တွေးခေါ်မြော်မြင် တဲ့ ချင်းလူငယ်တိုင်းက (အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ) နားလည် သဘောပေါက်ကြပါမယ်။
ဒါတင်မကပါဘူးကျွန်တော်တို့ အမိပြည်ထောင်စု အတွင်းနေထိုင်ကြတဲ့ အခြားတိုင်းရင်းသား ညီအစ်ကို တွေကိုယ်တိုင်က “ဆလိုင်း-မိုင်” ဆိုရင် “ချင်း” ဆိုတာကို လက်ခံ နေကြပါပြီ။
အခုကျွန်တော်တို့ရဲ့ဘ၀ကို စာနာထောက်ထားတဲ့ မြေပြန့် ညီအစ်ကိုတွေကိုယ်တိုင်ရဲ့ အားပေးကူညီမှုကို ခံယူနေပါပြီ။
ဒါကြောင့် “ဆလိုင်း-မိုင်” လှုပ်ရှားမှုဆိုတာ ချင်းလူ့အဖွဲ့အစည်းထဲမှာ “ပြဿနာတစ်ခုအဖြစ် ပေါ်ထွန်းလာတာ မဟုတ်ပဲ” နာတာရှည်ဒေသစွဲ သမိုင်းပြဿနာများပေးတဲ့ “သော့ချက်” သာလျှင် ဖြစ်ပါတယ်။
ကျဉ်းမြောင်းတဲ့ ဒေသစွဲစိတ်ဓာတ်ကိုသာမက၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး အမြင်တွေကိုပါ အမြစ်ပါ တွန်းလှန်နေတဲ့ “ဆလိုင်းမိုင်လှုပ်ရှားမှု” ဟာ စည်းလုံးမှု ပျက်ပြားခွင့်ပေးမှာ မဟုတ်ပါဘူး။
၁၄။ “ဆလိုင်း-မိုင် အတွေးအခေါ်” ကို လေ့လာဖို့ လိုပါသလား။
ဖြေ = “ဆလိုင်း-မိုင် အတွေးအခေါ်” ဆိုတာ စာတစ်စောင်တစ်တွဲ ကျမ်းဝန်တခုအဖြစ် ပေထက်အက္ခရာ တင်ရလောက်အောင် မရှိပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အတွေးအခေါ်လဲ မဟုတ်ပါဘူး၊ ဒီအတွေးအခေါ်ကို လေ့လာဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ဆလိုင်း-မိုင် ချင်းမျိုးနွယ်ဝင်တွေရဲ့ နှလုံးသားထဲကို နက်နက်ရိုင်းရိုင်း ၀င်ရောက်ဖို့ လိုအပ်ပါတယ်။
“ဆလိုင်း-မိုင် အတွေးအခေါ်”ဆိုတာဦးနှောက်ထဲ ယိုစီးတဲ့ အရာကိစ္စမဟုတ်ပဲ ဒီနေ့ခေတ် ချင်းလူငယ် မျိုးဆက်သစ် တွေရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ စိတ်ဓာတ်သာလျှင် ဖြစ်ပါတယ်။ ဆလိုင်းမိုင်အတွေးအခေါ်ဟာ ထာဝရရှင်သန်နေမှာ ပါပဲ။
၁၅။ ချင်းတွေရဲ့ နာမည်ရှေ့မှာ ဘုံသင်္ကေတအဖြစ် “ဆလိုင်း၊ မိုင်”လို့ အသုံးပြုခြင်းဟာ အခြားဝေါဟာရတွေဖြစ်တဲ့ (Taang Lia, Pa Nu, Val Leng) တွေကိုသုံးဖို့ မသင့်တော်လို့ လား၊ မကောင်းလို့လား။
ဖြေ = ၁၉၇၃-ခုနှစ် ရန်ကုန်တက္ကသိုလ် ခ.စ.ယ အစည်းအဝေးမှာ ဘုံဝေါဟာရကို စတင်ဆွေးနွေးခဲ့တုန်းက မည်သည့်ချင်းဝေါဟာရကို သတ်မှတ်အသုံးပြုရမယ်ဆိုပြီး၊ မူသေသတ်မှတ်ရန် ရည်ရွယ်မှု မရှိခဲ့ပါဘူး။ မည်သည့်ချင်းဝေါဟာရကိုမဆို တစ်ခုခုကိုသာ သင့်တော်ရင်သင့်တော်သလို ဘုံဝေါဟာရ၊ ဘုံသင်္ကေတအဖြစ် အခြေခံပြီး သတ်မှတ် သုံးစွဲကြဖို့ အခြေခံထား ဆွေးနွေးခဲ့တာသာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကြီးမှာအခြေအတင် အပြန်အလှန် တင်ပြ၊ ညှိနှိုင်းဆွေးနွေး၊ ငြင်းခုံကြပြီး ချင်းမျိုးနွယ်စုတွေရဲ့ နာမည် ရှေ့မှာ အသုံးပြုနေကြတဲ့ အမှတ်သင်္ကေတတွေ အသီးသီးအနက် “ဆလိုင်း-မိုင်” ကို ချင်းတစ်မျိုးသားလုံးရဲ့ သင်္ကေတအဖြစ် အသုံးပြုသင့်ကြောင်း အများက သဘောတူလက်ခံ ဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ချင်းမျိုးနွယ်တစ်ခုရဲ့ အမည်သင်္ကေတဟာ သက်ဆိုင်တဲ့မျိုးနွယ်စု တစ်ခုထဲရဲ့ ပိုင်ဆိုင်မှုဆိုတဲ့ အဆင့်ကနေ အမျိုးသားသင်္ကေတ (တစ်မျိုးသားလုံးရဲ့ ပိုင်ဆိုင်မှု) အဖြစ် အဆင်မြင့် ကျယ်ဝန်းလာခဲ့ပြီး၊ ကျန်တဲ့အခြားမျိုးနွယ် ၀င်အသီးသီးရဲ့အမည် သင်္ကေတတွေဟာ မြို့နယ်၊ မျိုးနွယ်၊ ဒေသကို လိုက်ပြီး အသုံးပြုကြတဲ့ သင်္ကေတအဆင့်မှသာ ကျန်ရစ်ခဲ့ကြပါတယ်။
မျိုးဆက်သစ် တော်တော်များများဟာလည်း မျိုးနွယ်စွဲ အသုံးပြုမှုတွေကို ချန်ရစ်ခဲ့ပြီး၊ ဆလိုင်းမိုင်ဆိုတဲ့ ဝေါဟာရနဲ့အတူ အရှေ့ကို တစ်လှမ်းတိုးနိုင်ခဲ့ကြပါတယ်။
ဒီနေရာမှာ “ဆလိုင်းမိုင်” ဆိုတဲ့ ဝေါဟာရသည်သာ “အကောင်း” ဖြစ်မယ်၊ အခြား ဝေါဟာရတွေဟာ မကောင်းဘူးလို့ ဆိုလိုရင်း လုံးဝမရှိပါဘူး၊ ဆလိုင်းမိုင်ဆိုတာ ဝေါဟာရလုပွဲလည်း မဟုတ်ဘူး။ အထက်ကပြောခဲ့တဲ့ အစည်းအဝေးအရ ဘုံအဖြစ် အသုံးပြုမယ့် ဝေါဟာရတစ်ခုကို အများသဘောတူညီမှုနဲ့ မဆုံးဖြတ် နိုင်တဲ့ကာလတခုလုံး (အသီးသီး)ဟာ မျိုးနွယ်အလိုက် အသုံးပြုမှုဆိုတဲ့ အဆင့်တန်းတူအဆင့်တန်းမှာပဲ ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ “ဆလိုင်းမိုင်” ဟာ အများသဘောတူ ဘုံပိုင်ဆိုတဲ့ နေရာကို ရရှိနိုင်ခဲ့တဲ့အတွက် “ချင်းတစ်မျိုးသားလုံးပိုင်” သင်္ကေတအဖြစ် အဆင့်မြင့်ကျယ်ပြန့်လာရပါတယ်။ ဒါကြောင့် ကောင်း/မကောင်းဆိုတာဟာ ဝေါဟာရစကားလုံးအရ၊ ခွဲခြားပြောဆို သတ်မှတ်လို့မရပါဘူး။ ဘုံပိုင်ဖြစ်လား၊ မဖြစ်ဘူးလား၊ အများသုံးလား၊ မျိုးနွယ်သုံးလား၊ ညီညွတ်ရေးလား၊ ကွဲပြားရေးလား ဆိုတာပေါ်မှာသာ ကောင်း/မကောင်းဆုံးဖြတ်ခွဲခြား ဝေဖန်ရမှာ ဖြစ်ပါတယ်။
ဒီအမြင်ရှုဒေါင့်အရ “ဆလိုင်း-မိုင်” (ဘုံဝေါဟာရ သင်္ကေတ) သာလျှင် ချင်းလူမျိုးအတွက် အကောင်းဆုံး အသင့်တော်ဆုံးသုံး ရမဲ့ ဝေါဟာရဖြစ်ကြောင်း ထင်ရှားပါတယ်။
၁၆။ အရှိုချင်းနွယ်ဝင်တို့ရဲ့ ပါးစပ်သမိုင်းအရ (Salai Mai) ဆိုတဲ့ ဝေါဟာရဟာ ချင်းအမျိုးသားတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အသုံးပြုကြဖို့ (Mother God) က ပေးလာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုနားလည် လက်ခံထားကြပါသလဲ။
ဖြေ = ဘာသာ ဗေဒပညာရှင်တို့ရဲ့အဆိုအရ စကားလုံး ဝေါဟာရတွေဟာ ၎င်းင်းတို့ရဲ့ ကိုယ်ပြုရာ အရာဝတ္ထု (သို့မဟုတ်) စိတ်၊နာမ် ခံစားမှုဖြစ်စဉ်တို့နဲ့ သီးခြားကင်းလွတ်ပြီး ပေါ်ပေါက်လာ တယ်လို့ ဆိုကြပါတယ်။ စကားလုံး ဝေါဟာရတွေဟာ အမှတ် အသား၊ သင်္ကေတသက်သက်သာလျှင်ဖြစ်ကြောင်း ဖွင့်ဆိုကြပါ တယ်။ ဒါဟာ ဒီနေ့ခေတ်သစ် ဘာသာဗေဒ ပညာရှင်တို့ရဲ့ အဆိုဖြစ် ပြီး အထက်ပါအဆိုဟာ ဒဏ္ဍရီဆန်တဲ့ အဆိုသာ ဖြစ်ပါတယ်။
ဒဏ္ဍာရီပုံပြင်တွေဟာလည်း၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ဘဏ်တိုက်ထဲက ကျောက်မျက်ရတနာ တပါးပါပဲ။
ဒါပေမဲ့ ဒီနေ့မျိုးဆက်သစ်တွေက “ဆလိုင်းမိုင်” ဆိုတာကို ဝေါဟာရအရသော်လည်းကောင်း၊ အဓိပ္ပါယ် အရသော်လည်းကောင်း၊ အခြေခံပြီး လက်ခံသုံးစွဲကြတာ မဟုတ်ပဲ “အသုံးပြုမှု” အတိုင်းအတာနဲ့ ဖြစ်တဲ့ “ဘုံသုံး (ညီညွတ်ရေး) ဝေါဟာရဖြစ်ခြင်း” ဆိုတဲ့အပေါ်မှာ မူတည်ပြီး အလေးအနက်ထား သုံးစွဲကြတာ ဖြစ်ပါတယ်။
၁၇။ “ဆလိုင်းမိုင်” အသုံးပြုမှု အတိုင်းအတာနဲ့ အလားအလာ ဘယ်လိုရှိပါသလဲ။
ဖြေ = စာရင်းဇယားအရ အရေအတွက် ကောက်ယူတင်ပြဖို့ မဖြစ်နိုင်ပေမဲ့ ချင်းပြည်နယ်ရဲ့ မြို့နယ်တိုင်းမှာ ဆလိုင်းမိုင်ကို လက်ခံအသုံးပြုသူတွေ ရှိနေကြပါတယ်။ အသုံးပြုမှု အနည်းအများ ကွာခြားမှုရှိတာကလွဲရင်လုံးဝသုံးစွဲ သူမရှိတဲ့ မြို့နယ် မရှိပါဘူး။
ဒါပေမဲ့ ဆလိုင်းမိုင် လှုပ်ရှားမှု စတင်ခဲ့တဲ့ ဒီ(၁၀) စုနှစ်အတွင်း သဘောပေါက် လက်ခံအသုံးပြုမှုဟာ တစ်စတစ်စ ကျယ်ပြန့်နေတာကို လက်တွေ့သိရှိမြင်တွေနေရပါတယ်။
အချိန်ဆိုတာ အယူအဆသစ်ရဲ့ ဘက်တော်သားအဖြစ် သစ္စာရှိရှိ ထာဝစဉ် ရပ်တည်လေ့ရှိပါတယ်။
လောလောဆယ်အားဖြင့် ခေတ်ဟောင်း အမွေဆိုးရဲ့ လောင်းရိပ် အောက်ကနေ မရုန်းထွက်နိုင်ကြသေး တဲ့ မျိုးဆက်ဟောင်း (OLD GENERATION) နဲ့ အဲဒီမျိုးဆက် ဟောင်းရဲ့ တားဆီး ပိတ်ဆို့ဟန့်တားမှုကို ခံနေကြရတဲ့ ရိုးသားတဲ့ မျိုးဆက် သစ်တွေဟာ “ဆလိုင်း-မိုင်” ရဲ့ အနှစ်သာရကို မသိကျိုးကျွန် ပြုလို့မရ၊ တစ်စတစ်စသိရှိလာကြပြီ ဖြစ်တဲ့အတွက် “ဆလိုင်းမိုင်” အသုံးပြုမှု အတိုင်းအတာဟာ နောင် အသစ်အသစ်သော ပေါ်ထွန်းဦးမဲ့ မျိုးဆက်သစ်တွေ အထိ ကောင်းမွန်တောက်ပတဲ့ အလားအလာ တွေကို မျှော်လင့်နိုင်ကြပါပြီ။
ဆလိုင်းမိုင်စိတ်ဓာတ်ရဲ့ မွန်မြတ်မြင့်မားတဲ့ အရှိန် အဟုန်တွေဟာ လာလတ္တံ့သော အနာဂတ်ချင်း လူ့အဖွဲ့အစည်း အတွက် သစ်လွင်တဲ့ ဖြစ်ပေါ်တိုးတက်မှုပေါင်း မြောက်မြားစွာကို မုချမလွဲ ဆောင်ကျဉ်းပေးမယ်ဆိုတာကို အခိုင်အမာ ယုံကြည်လို့ရပါ ပြီ။
(အောက်ချင်းငှက် (VAKOK) စာစဉ် အတွဲ (၂) အမှတ် (၃) (၃၄-နှစ်မြောက် ချင်းအမျိုးသားနေ့အထူး ထုတ်) အတွဲ (၃) အမှတ် ၁း၂ တွင် ဖေါ်ပြခဲ့သော ဆလိုင်-မိုင် အမေးအဖြေကို ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂ တွင် ပြန်လည် ဖြည့်စွတ်၍ တင်ပြခြင်း ဖြစ်သည်။)
ထပ်ဆင့်ဖေါ်ပြလိုက်ပါသည်။(Voice of Chindwinn)
Monday, 10 August 2009
၈၈ ကာလ စစ်ထောက်လှမ်းရေးအဖွဲ့ အခန်းကဏ္ဍ
09 August 2009
၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးကာလမှာ မြန်မာ့ဆိုရှယ်လစ်ပါတီ ပြိုကွဲသွားပြီး နိုင်ငံတော်အုပ်ချုပ်မှု ယန္တယားပျက်ခဲ့သလို စစ်ထောက်လှမ်းရေးအဖွဲ့ကြီးလည်း ဘာကိုမှ စနစ်တကျလုပ်ဆောင် ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ပါဘူးလို့ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှုး ဦးအောင်လင်းထွဋ် က ပြောဆိုပါတယ်။ စက်တင်္ဘာလအတွင်း စစ်တပ်က အာဏာသိမ်းခဲ့တာဟာလည်း ထောက်လှမ်းရေးရဲ့  အကွက်ချလုပ်ဆောင်မှု မဟုတ်ဘဲ စစ်တပ်တခုလုံးအနေနဲ့ အာဏာရှင် ဦးနေ၀င်းရဲ့  အမိန့်ကို နာခံပြီး လုပ်ခဲ့ရတာဖြစ်တယ်လို့လည်း သူက ပြောဆိုပါတယ်။ အဲဒီလို လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဖြစ်ခဲ့ရတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့အတွင်းက အခြေအနေ၊ လုပ်ဆောင်ခဲ့တာတွေကို စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် က ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်း အား ထုတ်ဖော်ပြောဆိုထားချက်များကို တင်ပြထားပါတယ်။
ဦးအောင်လင်းထွဋ်။ ။ တကယ်တော့ ပရမ်းပတာပါပဲ။ အခြေအနေကို လုံးဝထိန်းသိမ်းနိုင်တဲ့ အနေအထားမျိုး ကျနော်တို့ မရှိပါဘူး။ အခုအချိန်မှာလည်း စစ်ထောက်လှမ်းရေးပိုင်းမှာရော၊ စစ်တပ်ဖက်ပိုင်းမှာရော ဘယ်သူ့အမိန့်နာခံရမယ့် အနေအထားမျိုး ကျနော်တို့သိတယ်။ ကျနော်တို့ ထင်တာကတော့ ဦးနေဝင်းကတော့ အပြီးအပိုင် ထွက်သွားပြီးလို့ ထင်တာပဲ။ ဒါပေမယ့် စက်တင်္ဘာလ ၁၆ ရက်နေ့ညကျတော့ ကျနော်တို့ နယ်မြေကအဖွဲ့တွေက ခေါ်တယ်။ အဲဒီအချိန်မှာ ရန်ကုန်တိုင်းမှုး ဗိုလ်ချုပ်မျိုးညွှန့်ပါတယ်၊ တပ်မ ၁၁ တပ်မမှုး ဗိုလ်ချုပ်ဝင်းမြင့်၊ တပ်မ ၂၂ တပ်မမှုး ဗိုလ်ချုပ်တင်လှ၊ ဗျူးဟာမှုးတွေဖြစ်တဲ့ ဗိုလ်မှုးကြီးစောလွင်တို့ပါတယ်။ ကျနော်တို့ ထောက်လှမ်းရေးကဆိုရင် ဗိုလ်မှုးကြီး စိန်ထွားတို့၊ ဗိုလ်မှုးကြီးတင်ဝင်း၊ ဗိုလ်မှုးကြီးထွန်းကျော်တို့ ထောက်လှမ်းရေးတပ်က တပ်မှုးတွေအားလုံး နဲ့ ကျနော်တို့လည်း ကပ္ပတိန်အဆင့်မှာ အဲဒီ အစည်းအဝေးမှာ ကျနော်တို့ ပါတယ်။ အဲဒီ အစည်းအဝေးမှာက ဗိုလ်ချုပ်ခင်ညွှန့်၊ အဲဒီအချိန်က ဗိုလ်မှုးကြီးခင်ညွှန့်ပေါ့။ သူက ကျနော်တို့ကို ဘာ command ပေးလဲဆိုတော့ ဒီ စစ်တပ် နဲ့ ထောက်လှမ်းရေးကို အဲဒီညမှာ အားလုံးပေါင်း အတိုက်အခံ လူကြီးတွေ ၃၃ ယောက်၊ ၃၃ ယောက်ဆိုတာ သခင်ဟောင်းတွေပါတယ်။ ဦးနုတို့၊ သခင်တင်မြတို့ ဗိုလ်ရဲထွဋ် တို့ နာမည်ကြီး နိုင်ငံရေးသမားကြီးတွေ၊ ဟောင်းကြီးတွေ ပါတယ်။ ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါတယ်။ ဗိုလ်ချုပ်တင်ဦး အားလုံး ထင်ရှားတဲ့ ပုဂ္ဂိုလ် ၃၃ ယောက်ကို ဖမ်းခိုင်းတယ်။
ဦးသန်းလွင်ထွန်း။ ။ အဲဒါ ၁၆ ရက်နေ့ပေါ့။ စက်တင်္ဘာ ၁၆ ရက်နေ့ပေါ့။
ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ အဲဒါ ၁၆ ရက်နေ့ည။ အဲဒီ အစည်းအဝေးမှာကြမှ ဖမ်းခိုင်းရော။ ဖမ်းခိုင်းတဲ့အခါကြတော့ ကျနော်တို့ လူငယ်တွေကတော့ ဘေးက နားထောင်တဲ့ အဆင့်ပဲ ရှိပါတယ်။ အဲဒီမှာ ဘာဖြစ်လည်းဆိုတော့ ကျန်တဲ့ တပ်မမှုးအဆင့်ရှိတဲ့လူတွေ၊ နောက် ထောက်လှမ်းရေးက ဗိုလ်မှုးကြီးစိန်ထွား တို့က မေးပါတယ်။ ဒီလူတွေကို ဖမ်းတဲ့အခါမှာ မရရအောင် ဖမ်းရမှာလား၊ ဒါမှမဟုတ် ပစ်ခတ်ပြီးတော့မှ ဖမ်းရမှာလား ဆိုပြီး ဗိုလ်မှုးကြီးခင်ညွှန့် ကို မေးတယ်ခင်များ။ ကျနော်တို့ ရှေ့ မှာပဲ မေးတယ်။ အဲဒီမေးခွန်းကို ဗိုလ်မှုးကြီးခင်ညွှန့် က မဖြေနိုင်ဘူး။ မဖြေနိုင်တဲ့အခါကြတော့ ခင်များတို့ ခဏနေအုံးဆိုပြီး အပေါ်တက်သွားတယ်။ သူအပေါ်တက်သွားတော့ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ တို့ ရှိလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့က အဲဒီအချိန်တုန်းက အပေါ်ထပ် အောက်ထပ်ဆိုတော့ အပေါ်ထပ် တက်သွားတယ်။ အပေါ်ထပ်တက်ပြီးတော့မှ ပြန်လာတယ်၊ ပြန်လာပြီးတဲ့အခါကြမှ ဗိုလ်ချုပ်ခင်ညွှန့် က ဘာပြောသလဲဆိုတော့ မင်းတို့ နားလည်းဖို့က ဒါ အထက်ကနေ ခိုင်းတဲ့အတိုင်း ခိုင်းတဲ့အမိန့်ကို စစ်တပ်ကနေ လုပ်ပေးရတာလို့ ပြောတယ်ခင်များ။ မရရအောင် ဖမ်းရမယ်ဆိုတယ့် သဘော မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့ကို လုံခြုံရေးအရ ပြန်ပြီးတိုက်ခိုက်လာမယ် အန္တရာယ်ပြုလာမယ်ဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့ လုပ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောပြီး ကျနော်တို့ အဲဒီနေ့က ကျနော်တို့ လိုက်ပြီးတော့ ဖမ်းခိုင်းတယ် ဆိုပါတော့။ ဖမ်းခိုင်းတယ်အခါကြတော့ ဘယ်သူမှလည်း ဖမ်းချင်စိတ်မရှိပါဘူး။ ဖမ်းလို့မရမှန်းလည်း အကုန်လုံး သိကြတယ်။ အဲဒီအချိန်မှာ တခုခု သွားလုပ်ရင် ပိုပြီးတော့ အခြေအနေက ပိုပြီးရှုပ်ထွေးမယ်ဆိုတာ ကျနော်တို့ ဖြစ်လာကြတယ်။
ဦးသန်းလွင်ထွန်း။ ။ အဲဒီလို အမိန့်ထွက်ပေးမယ့် လက်တွေ့ သွားမဖမ်းကြဘူးလား။
ဦးအောင်လင်းထွဋ်။ ။ လက်တွေ့မသွားဘူးမဟုတ်ဘူး သွားတယ် ကျနော်တို့လည်း သွားတယ်။ ကျနော်ဆိုရင် အလုံဖက်ကို သွားတယ်ဗျ။ အလုံဖက်ကိုသွားတော့ သစ်တုံးတွေကာထားတယ်။ အဲဒီအထဲကိုလည်း ဆက်သွားဖို့ မရတဲ့အခါကြတော့ စစ်ကြောင်းမှုးက ကျနော် နဲ့ တိုင်ပင်တယ်။ စစ်ကြောင်းမှုးက ခင်များတို့ မဝင်တော့နဲ့ ပြန်လှည့်တော့ပြောလို့ ကျနော်တို့ ပြန်လှည့်ပြီး ပြန်လာကြတယ်။ အဲဒီနေ့ကတော့ သခင်တင်မြ နဲ့ ဗိုလ်ရဲထွဋ်တို့ နှစ်ယောက်ကို ကျနော်တို့ ခေါ်လို့ရတယ်။ သူတို့က ဘာလို့ ခေါ်လို့ရသလဲဆိုတော့ ဦးဝီဇယလမ်းပေါ်မှာ နေတဲ့အခါကြတော့ ဦးဝီဇယလမ်းကတော့ အဲဒီအချိန်မှာတော့ ဂျင်းကလိနဲ့ စောင့်တာဘာညာ မရှိဘူးလေ။ ကျန်တဲ့လူတွေကတော့ ရပ်ကွက်တွေအတွင်းမှာ ဖြစ်နေတာကြောင့် ဝင်ရမလွယ်ခဲ့ဘူး။ အဲဒီလို ဖြစ်ခဲ့တယ်။
ဦးသန်းလွင်ထွန်း။ ။ ရှစ်ဆယ့်ရှစ် လှုပ်ရှားမှုကာလအတွင်းမှာပဲ ထောက်လှမ်းရေးအဖွဲ့က ဗိုလ်မှုးဥာဏ်လင်း နဲ့ ဗိုလ်မှုးစည်သူတို့ အဲဒီအချိန်တုန်းက ဗိုလ်ကြီးအဆင့်၊ သူတို့ ဦးစီးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချတဲ့ စာရွက်စာတမ်းတွေ ဝေဖို့ဆိုပြီးတော့ မြို့ ထဲမှာ လည့်သွားနေတုန်း သပိတ်အဖွဲ့တွေက ဖမ်းဆီးမိခဲ့တယ့် အဖြစ်အပျက်တခုလည်း ရှိခဲ့တယ်။ အဲဒီအကြောင်းကို နည်းနည်းပြောပြပါလား။ ဒီ လူတွေကလည်း ဦးအောင်လင်းထွဋ်တို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လိမ့်မယ်။
ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ ကျနော် ပြောပြပါမယ်။ ကျနော် သိသလောက်ပေါ့လေ။ ကျနော်လည်း အဲဒီအချိန်မှာ စစ်ရုံးမှာ မရှိပါဘူး။ ကျနော် သိသလောက်ကတော့ အဲဒီအချိန်တုန်းက အဲဒီအမိန့်ကို တိုက်ရိုက်ညွန်ကြားတာက တပ်မတော်ထောက်လှမ်းရေးမှုး ဒုတိယ ညွန်ကြားရေးမှုး သန်းထွန်း၊ နောက်ပိုင်းတော့ ဗိုလ်မှုးချုပ်သန်းထွန်း၊ ကျနော်တို့ ဘဏ္ဍာရေး ဒု-ဝန်ကြီးလုပ်သွားတဲ့ ဗိုလ်မှုးချုပ်သန်းထွန်းပါ။ သူကနေပြီးမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီးတော့ သိက္ခာချဖို့အတွက်ကို ဒီ ကြော်ငြာဆိုင်းဘုတ်တွေကို ကပ်ဖို့အတွက်ကို အထက်က ခိုင်းတယ်ဆိုပြီး ပြောပါတယ်။ အထက်ဆိုတာ ကျနော်ကတော့ အထက်ဆိုတာ ဘယ်အထက်ဆိုတာ မသိဘူး။ အဲဒီအခါမှာ အဲဒီမှာ လုပ်ဖို့ လူရွေးတဲ့အခါကြတော့ အဲဒီမှာ တက်တက်ကြွကြွသွားမယ်ဆိုပြီးသွားတာ ဗိုလ်မှုးဥာဏ်လင်း၊ ဗိုလ်မှုးစည်သူ၊ ဗိုလ်မှုးသက်တင်စိန် တို့ သူတို့က ဗိုလ်ကြီးအဆင့်ပဲ ရှိပါသေးတယ်။ နောက် အောက်ကနေပြီး တပ်ကြပ်ကြီးစာရေး အဖွဲ့တွေ လိုက်သွားကြတာ ရှိကြတယ်။ ရှိပြီးတော့မှ သူတို့က အခြေအနေလည်း အခုနပြောသလို နယ်မြေခံ ထောက်လှမ်းရေးနဲ့လည်း ဌာနချုပ်နဲ့လည်း အဆက်အသွယ်ကလည်း မရှိ အဆက်အသွယ်မယူ ဝေလီဝေလင်းအချိန်မှာ လူရှင်းလောက်ပြီဆိုပြီး ကားနဲ့သွားရင် အဲဒီကားကို လူတွေက ဝိုင်းလိုက်တဲ့အခါကြတော့ လူတွေက ဒီကောင်တွေက ထောက်လှမ်းရေးကဆိုပြီး ဝိုင်းတဲ့အခါမှာ ဗိုလ်ကြီးသက်တင်စိန် နဲ့ ဗိုလ်ကြီးဥာဏ်လင်း က လူအုပ်တွေကြားထဲမှာ နောက်ဆုတ်နောက်ဆုတ်ရင် ရောသွားတော့ လွတ်သွားတယ်။ ဗိုလ်ကြီးစည်သူကတော့ အဲဒီလူအုပ်ကြီးက ကြည့်တဲ့အခါကြတော့ ဗိုလ်ကြီးစည်သူရဲ့  သေနတ်သွားတွေ့အခါကြတော့ ထောက်လှမ်းရေးပဲဆိုပြီး အဲဒီမှာ ဝိုင်းရိုက်ခံရတယ်၊ နောက်ပိုင်း နောက်က ဆရာကြီးတွေ လေးငါးယောက်လားမသိဘူး တခါတည်း ဖမ်းပြီးတော့မှ သရက်တောကျောင်းတိုက်ကို ခေါ်သွားတယ်လို့ ကျနော်တို့ သိရတယ်။ သရက်တောကျောင်းတိုက်မှာလည်း အဲဒီအချိန်တုန်းက သံဃာပေါ့ မှန်ကျောင်းဆရာတော်ကနေ အသက်ကို ကယ်ထားတယ်ဆိုတဲ့ သဘောပါပဲ။ မှန်ကျောင်းဆရာတော်ရဲ့  ကျေးဇူးကြောင့် သူတို့ အသက်မသေပဲ ပြန်ပြီးလွတ်ခဲ့ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ မြန်မာနိုင်ငံမှာ စက်တင်္ဘာလ ၁၈ ရက်နေ့ အာဏာသိမ်းတယ်ဆိုတာ စနစ်တကျ စီစဉ်အကွက်ချပြီး အာဏာသိမ်းတယ်ဆိုတယ် သဘောမျိုး ပြောကြတာရှိတယ်လေ။ ဘာကြောင့်လည်းဆိုတော့ ဒီ လူထုလှုပ်ရှားမှု အရှိန်အဟုန် ကြွနေတဲ့အချိန်အတွင်းမှာပဲ လူထုလှုပ်ရှားမှုကြားထဲမှာ မင်းမဲ့စရိုက်တွေ ပေါ်လာတယ်။ ဥပမာ အဆိပ်ခတ်သတ်တာတို့၊ ဒါမှမဟုတ် အချင်းချင်းမှာ စွပ်စွဲပြီးတော့ သတ်မှုဖျက်မှုတွေ ပေါ်လာတာတို့ ဒီ ထိန်းလို့သိမ်းလို့ မရတဲ့အခြေအနေ။ ဒီလို ထိန်းလို့သိမ်းလို့ မရတဲ့ အခြေအနေမျိုးဖြစ်အောင် ထောက်လှမ်းရေးကနေ တမင်ဖန်တီးပြီးတော့ ဒါကို လက်ညှိထိုးပြီး တိုင်းပြည်အခြေအနေကို တပ်မတော်က ပြန်လည်ကာကွယ် ထိမ်းသိမ်းရမယ်ဆိုတဲ့ အနေအထားမျိုး ရောက်အောင်လုပ်ပေးခဲ့တယ်ဆိုတဲ့ ယူဆချက်လည်းရှိတော့ ဒါဟာ ထောက်လှမ်းရေးရဲ့  အခန်းကဏ္ဍပေါ့။ အဲဒါနဲ့ ပတ်သက်လိုရော ဦးအောင်လင်းထွဋ် အနေနဲ့ ဘာတွေများ သိထားခဲ့သလဲ။
ဦးအောင်လင်းထွဋ်။ ။ ကျနော်အနေနဲ့ ပြောရရင် ကျနော် ကာကွယ်ပြီးပြောတာမဟုတ်ဘူးဗျ။ ကျနော် အခုန ပြောခဲ့သလိုပဲ ဒီ ထောက်လှမ်းရေးရဲ့  အင်အားက ဂျီးအီဂျီး ကြောက်သလို ထောက်လှမ်းရေးကို ရှောက်ပြောပြီး နာမည်သုံးတာပဲ ရှိတယ်။ တကယ်တော့ ဒီ ထောက်လှမ်းရေးမှာ အဲဒီအချိန်မှာ အဲသလို ဥာဏ်နီဥာဏ်နက်လုပ်ဖို့ ဥာဏ်နီဥာဏ်နက် plan လုပ်မဲ့ လူတော့ ကျနော် မသိဘူးဗျ။ ဒါပေမယ့် တခုပဲ ကျနော် အဲဒီအချိန်မှာ သွားမြင်တာက ဘာဖြစ်လည်းဆိုတော့ အားလုံးသိပါတယ်။ ဒီ ထောင်တွေကို ဖောက်ပေးလိုက်တာ အဲဒါကတော့ ထောင်တွေကို ဖွင့်ပေးတဲ့ဟာကလည်း ကျနော်ထင်တယ် မဆလရဲ့  ပယောဂ ပါလိမ့်မယ် ထင်တယ်။ ထောင်ဖွင့်ပေးတဲ့အခါမှာမှ ဒီလို ဖြစ်တဲ့ ဖြစ်စဉ်တွေက ပိုပြီးတော့မှ များလာတယ်ထင်တယ်။ နောက်တခုကတော့ ကျနော်တို့ အပြစ်တင်တာတော့ မဟုတ်ပါဘူး၊ ကျနော် အလျှင်သင့်လို ပြောရရင်တော့ အဲဒီအချိန်အခါတွင်းမှာ ကျနော်တို့ ဗမာပြည် ကွန်မြူနစ်ပါတီက ကိုသက်ခိုင်တို့ ကိုကျော်မြတို့ ကိုတင်အောင်တို့က ကျနော်တို့ အရေးအခင်းမဖြစ်ခင်မှာ ဗမာပြည်ထဲကို ရောက်နေပြီဆိုတာ ကျနော်တို့ သိတော့သိတယ်။ အကုန်လုံးပေါ့ ပေါင်းစုံလုပ်လို့ရှိရင် ဟိုလိုလို ဒီလိုလိုနဲ့ အခုနပြောသလို ထောက်လှမ်းရေးက လုပ်သလိုလို ဗကပ က လုပ်သလိုလို ဒီထောင်ထွက်က လုပ်သလိုလို အဲဒီအခြေအနေကိုတော့ အခြေအနေမှန် ဘာလည်းဆိုတာ ကျနော်အနေနဲ့ ပြောရခက်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ အဲဒီ အချိန်တုန်းကဆိုလိုရှိရင် အရေးအခင်း ကာလတုန်းက ထောက်လှမ်းရေးဆိုပြီး မိတဲ့သူတွေကြားမှ ဆေးတွေထိုးပြီးတော့ မှိုင်းတိုက်ခံထားရလူတွေ ရှိတယ်၊ သူကိုသူ ဘယ်သူဘယ်ဝါမှန်း မသိပဲ ဆေးထိုးပြီးတော့ ခိုင်းထားလို့ လုပ်ရတာပါဆိုပြီး ပြောတယ်ဆိုတဲ့ သတင်းစကားတွေရှိတယ်။ အဲဒါမျိုးတွေရော ထောက်လှမ်းရေးအနေနဲ့ လုပ်ခဲ့တာ ရှိသလား။
ဦးအောင်လင်းထွဋ်။ ။ အဲဒါမျိုး ကျနော်တို့ အားလုံးအနေနဲ့ မပြောလိုဘူး။ ကျနော့်အပိုင်းအနေနဲ့တော့ မရှိဘူး။ ဘာဖြစ်လိုလည်းဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် ဘုရားမှာနေတုန်းက ကျနော့်ရှေ့ မှာ လူတယောက်ကို ဆန္ဒပြတဲ့အဖွဲ့တွေက ဝိုင်းရိုက်နေကြတယ်။ ဝိုင်းရိုက်နေကြတယ်ဆိုတာ ဘာဖြစ်လို့ ရိုက်သလဲဆိုတော့ ထောက်လှမ်းရေးဆိုပြီးတော့ ရိုက်နေကြတယ်ဗျာ။ သူတို့က ဘုရားဂိတ်တွေကနေ ရှာလိုက်တဲ့အခါမှာ အဲဒီလူဆီကနေ ကင်မရာပုံစံမျိုး မီးခြစ်လိုလို ကင်မရာလိုလို ပစ္စည်းလေးတခုကို သွားတွေ့တယ်။ ဒါ ထောက်လှမ်းရေးပဲကွဆိုပြီး သူတို့ ရိုက်နေကြတယ်။ သူတို့ ရိုက်နေတဲ့ နေရာနဲ့ မနီးမဝေးမှာ ကျနော် ရှိနေတယ်။
ဦးသန်းလွင်ထွန်း။ ။ အဲဒီလူက ဦးအောင်လင်းထွဋ် လူ မဟုတ်ဘူးပေါ့။
ဦးအောင်လင်းထွဋ်။ ။ ကျနော်တို့ လူမဟုတ်ဘူး။ အလကားနေရင်း သူ အရိုက်ခံနေရတာ သနားဖို့ ကောင်းတယ်။
ဦးသန်းလွင်ထွန်း။ ။ အဲဒီလိုမျိုး လူအုပ်ကြားထဲမှာ တစုံတရာ အထင်မှားအမြင်မှားဖြစ်အောင် ဝင်လုပ်ခဲ့တာ ဘာညာမရှိခဲ့ဘူးပေါ့။
ဦးအောင်လင်းထွဋ်။ ။ ကျနော်တို့ ဒီလို အထင်မှား အမြင်မှား ဒီလိုဖြစ်တာတော့ ကျနော်တို့တော့ လူတွေကို ဒီလို သတ်ချင်လာအောင် ဖျက်ချင်လာအောင်တော့ ကျနော်တို့ အဲလောက်ကြီး လုပ်လို့ မရဘူးထင်တယ်။ လုပ်ဖို့လည်း သိပ်မလွယ်ဘူး။ လူတွေရဲ့  mentality အရလေ အဲဒီလိုဖြစ်အောင်။ ဒါပေမယ့် ဒီအထဲမှာ ဖြစ်တာတော့ ဖြစ်တာပေါ့လေ။ တွေ့တာတော့ တွေ့နေရတာပေါ့။ ခေါင်းဖြတ်တာတို့ အဲဒီအချိန်တုန်းကပေါ့။
ဦးသန်းလွင်ထွန်း။ ။ အခုနောက်ဆုံး ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့  အခုလက်ရှိအနေအထားမှာ နိုင်ငံရေးအရဆိုလိုရှိရင်လည်း ပြီးကတဲ့နှစ်တုန်းက ရွှေဝါရောင် တော်လှန်ရေးတွေဖြစ်ခဲ့တယ်၊ နာဂစ်မုန်တိုင်းပြီးကာလမှာဆိုရင်လည်း အခြေအနေက စီးပွားရေး ကြပ်တည်းမှုတွေနဲ့ အခြေအနေတွေက မတည်မငြိမ်ဖြစ်နေတယ်ဆိုတော့ ဒီအခြေအနေမှာ မြန်မာထောက်လှမ်းရေး နဲ့ သတင်းပေးတပ်ဖွဲ့တွေ အခန်းကဏ္ဍက ဘယ်လိုရှိလာနိုင်မလဲ။
ဦးအောင်လင်းထွဋ်။ ။ ဒီအခြေအနေ ဒီကာလကတော့ ဒီမိုကရေစီအင်အားစုတွေအတွက်ရော ဗမာပြည်သူပြည်သားအတွက်ရော အခွင့်အခါ ကျနော်တို့ ကောင်းတဲ့အခြေအနေပါ။ သူတို့ တကယ်တော့ ဘာမှ ထိထိရောက်ရောက်နဲ့ ကျနော်တို့ မသိနိုင်ပါဘူး။ မသိနိုင်ဘူးဆိုတာလည်း အခု ကိုသန်းလွင်ထွန်းတို့ သိတဲ့အတိုင်းပါ။ ဗမာပြည်တွင်းမှာ ဗုံးပဲကွဲကွဲ ဘာပဲဖြစ်ဖြစ် နောက်ဆုံး လူသတ်မှုကြီးဖြစ်ဖြစ် ပေါ်အောင် သူတို့လုပ်နိုင်တဲ့အနေအထား စွမ်းအားမရှိဘူး။ ဒီလို မလုပ်နိုင်တာ ကျနော်တို့ ထောက်လှမ်းရေးရဲ့  ထောက်လှမ်းရေးညံ့လို့ပေါ့။ ထောက်လှမ်းရေးဆိုတဲ့ကောင်တွေက မလုပ်နိုင်တဲ့အတွက် ဒီလိုမျိုးတွေက တောက်လျှောက်ဖြစ်နေတာပါ။ သူတို့ အချင်းချင်းပဲ ခွေနေကြတဲ့ အနေအထားမျိုးဖြစ်တဲ့ အချိန်အခါဖြစ်ပါတယ်။ ဒီ ထောက်လှမ်းရေးအပိုင်းမှာ စစ်ထောက်လှမ်းရေးကလည်း သိပ်ပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမရှိဘူး။ ရဲ အထူးထောက်လှမ်းရေးကလည်း ဒီ လောက် လူအများကြီးနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ စ သုံးလုံးတို့ ဆိုတာလည်း ထောက်လှမ်းရေးဆိုတာ နာမည်ခံထားတာ နောက်ပိုင်းမှာ ထောက်လှမ်းရေးပြုတ်ပြီးနောက်ပိုင်းမှာ စွမ်းအားရှင်တို့ ကြံ့ခိုင်းဖွံ့ဖြိုးရေးတို့ဆိုပြီးတော့ လုပ်တာဖြစ်လာတယ်။ မြို့တွေရွာတွေမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးစွမ်းအားရှင်တွေထားပြီး သတင်းပေးပေါ့။ ဒါလည်း ဒီအဖွဲ့တွေ စနစ်တကျလေ့ကျင့်ပြီးမှ ထားတဲ့အဖွဲ့တွေမဟုတ်တဲ့အတွက်ကြောင့် အချိန်မရွေး အခုနပြောသလို ကျနော်တို့ အယင်ခေတ်တုန်းက လမ်းစဉ်လူငယ်တို့ ဘာညာကွိကွတွေလို ဘက်ပြောင်းသွားနိုင်တယ် အနေအထား ရှိပါတယ်။ ဒီမိုကရေစီဘက်တော်သားအတွက်ကတော့ အချိန်ကောင်း အချိန်အခါကောင်းပေါ့။
Type the rest of your post here.
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
လာလည်ကြသောမိတ်ဆွေများ
မင်းက မင်း ၊ ငါ က ငါ
လူ့ဘဝ (ဆလိုင်းဆွန်ကျဲအို)
မြိုင်နန်းစံပန်းတစ်ပွင့်(ဆလိုင်းသွှအောင်)
ရင်ခုံဖော်( စီယံ )
ကျေးလက်တောတန်း(Thawn Kham))





