သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Saturday, 16 March 2013
Monday, 11 March 2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော်မည့် ကော်မတီဖွဲ့စည်းခြင်း
(၁) ဦးလှထွန်း ဥက္ကဋ္ဌ ဝန်ကြီး(သမ္မတရုံး(၆))
(၃) ဒုဗိုလ်ချုပ်ကြီးခင်ဇော် ဒုဥက္ကဋ္ဌ စစ်ရေးချုပ်
(၄) ဒုဗိုလ်ချုပ်ကြီးကိုကို အဖွဲ့ဝင် ဝန်ကြီး(ပြည်ထဲရေး)
(၅) ဦးဝင်းထွန်း အဖွဲ့ဝင် ဝန်ကြီး(ပတ်ဝန်းကျင်/သစ်တော)
(၆) ဒေါက်တာမြင့်အောင် အဖွဲ့ဝင် ဝန်ကြီး(သစ်တော)
(၇) ဦးစိုးဝင်း အဖွဲ့ဝင် ဒုဝန်ကြီး(သာသနာ)
(၈) ဦးအုန်းသန်း အဖွဲ့ဝင် ဒုဝန်ကြီး(လယ်/ဆည်)
(၉) ဦးမျိုးအောင် အဖွဲ့ဝင် ဒုဝန်ကြီး(စက်မှု)
(၁၀) ဦးဝင်းထိန် အဖွဲ့ဝင် ညွှန်ချုပ်(သတ္တု)
(၁၁) ဒေါက်တာအောင်ထွန်းသက် အဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှု
(၁၂) ဦးမောင်မောင်တင့် အဖွဲ့ဝင် ဦးပိုင်
(၁၃) Mr. Geng Yi အဖွဲ့ဝင် M.D (ဝမ်ပေါင်)
(၁၄) ဦးသန့်ရှင်း အတွင်းရေးမှူး ဒုဝန်ကြီး(သမ္မတရုံး-၁)
(၁၅) ဦးတင်မြင့် တွဲအတွင်းရေးမှူး ဒုညွှန်ချုပ်(ထွေအုပ်)
CNP ဥက္ကဌမှ သမ္မတကြီးထံ ပေးစာ
ချင်းအမျိုးသားပါတီ ဥက္ကဌ ပူ ဇိုဇမ်း မှ ကြေးမုံသတင်းစာတွင် ပါသော အချက်အား
ဖြင့် သမ္မတကြီးထံစာ ပေးပို့လိုက်ပါသည်။
Sunday, 3 March 2013
သမ္မတ ဦးသိန်းစိန်ထံ Pu Lal Maung Cung က ပြည်နယ် အရေး အချက် ၇ ချက် တင်ပြ
ဖေဖေါ်ဝါရီလ အတွင်း ချင်းပြည်နယ်သို့ ရောက်ရှိလာသော ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ချင်းအမျိုးသားပါတီမှ
ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် Pu Lal Maung Cung က ချင်းပြည်နယ်အတွက် အချက် ၇
ချက်ကို
ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က တင်ပြခဲ့သည်။
“ ကျတော်တင်ပြချိန်မရတော့လို့ သမ္မတမှ အမှတ်တရလက်ဆောင်တွေ ချီးမြှင့်
ချိန်မှာ အချက် ၇ ချက်ကို စာတမ်းနဲ့ တင်ပြခဲ့ တာပါ” ဟု ပြောသည်။
တင်ပြသည့် အချက်များမှာ
(၁) ဒီမိုကရေစီ အစိုးရ သစ် တက်လာပြီး (၂) နှစ်ကျော်ကာလ အတွင်း ယခု အကြိမ်
ဟာ
သမ္မတ၏ ပထမ ဆုံး ချင်းပြည် နယ် ခရီး စဉ်ဖြစ်ကြောင်း ၊ ချင်းပြည်နယ် ဟာ
UN က
အဆင်းရဲ ဆုံးပြည် နယ် ဖြစ်သည်ဟု သတ်မှတ်ခဲ့ကြောင်း ၊ ထို့ ကြောင့်
ယခု
သမ္မတ ခရီးစဉ်တွင်ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် ၄င်း
အဆင်း
ရဲဆုံးပြည်နယ်မှ လွှတ်မြောက်နိုင် ရေးအတွက် ၄င်း ၊ ပြည်သူလူထုက
မျှော်လင့်
ချက်ကြီးမားစွာဖြင့် သမ္မတကြီးအား ၀မ်းပန်းတသာ
ကြိုဆိုခဲ့ကြောင်း ၊ထို့ကြောင့်
အထူး အစီအစဉ်ဖြင့် နည်ပညာ နှင့် ဖွံ့ 
ဖြိုးရေး အထောက်အပံ့ များပေးရန် တင်ပြ
လိုပါတယ် ။( ဥပမာ -စိုက်ပျိုး
မွေးမြူ ရေး) ၊ လမ်းပန်းဆက်သွယ်ရေး ၊ ကျန်းမာရေး၊
ပညာရေး ၊
ဝမ်းစားဖူးလှုံရေး )
(၂) ချင်းပြည်နယ်သည် အခြား တိုင်းဒေသကြီးပြည်နယ်များနှင့်
တိုးတက်ဖွံ့ဖြိုးမှု
ယှဉ် ဘောင် တန်းနိုင်ရန် မရှိမဖြစ် လိုအပ် သော
တက္ကသိုလ်ကျောင်းအမြန် ထားရှိ
နိုင်ရေးအတွက် သတ်မှတ် ထားေ
တစ်ခုအတွင်း ရှိရမည့် အဂါင်္ရပ်
၊ လူမျိုး တစ်မျိုး ၏ လိုအပ်ချက်အနေဖြင့် အထူး အ
ခွင့်အရေး ပေးပြီး အမြန်
ဆုံး ဖွင့်လှစ် ပေးရန် အလေး နက်တင်ပြတောင်းဆိုလိုပါတယ်။
(၃) ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေး အတွက် မရှိမဖြစ်လိုအပ်သောလေယဉ်ကွင်း
ကု
ဆုံးနေရာကိုရွေးချယ် တည်ဆောက် ပေးရန် တင်ပြလိုပါတယ်။
(၄) နှစ်ပေါင်းများစွာ ချင်းအမျိုးသားနေ့ အဖြစ်ကျင်းပ ခွင့်မရသော
ဖေဖေါဝါရီ လ
(၂၀ ) ရက်နေ့ ကို CNF နှင့် အစိုးရ ငြိမ်းချမ်းရေး
သဘောတူညီချက်၊ ပြည်နယ်
လွှတ်တော်၏သဘော တူညီ ချက် ဖြင့်
ချင်းအမျိုးသားနေ့အဖြစ် ကျင်းပ ခွင့်ရရှိ
သော်လည်းတရားဝင်ရုံးပိ
ရက်အဖြစ် သတ်မှတ်ပေးရန် အလေးအနက်တင်ပြလိုပါကြောင်း ၊ထို့အပြင် ဒီနှစ်
(၆၅ ) နှစ်မြောက်
ချင်းအမျိုးသားနေ့တွင် မူလတန်း အဆင့်မှအထက်တန်းအဆင့်
ထိ
စာမေးပွဲဖြေဆိုရန် သက်ဆိုင်ရာက အမိန့်ထုထ်ထားကြောင်း ၄င်း အမိန့်အား
ချင်းအမျိုးသားများအတွက် အလွန် စိတ်ထိခိုက်စရာ ဖြစ်ကြောင်း ၊ထိုကြောင့်
ချင်းအမျိုးသားနေ့တွင် စာမေးပွဲဖြေဆိုရန် ထုထ်ထားသော ညွှန်ကြားချက်
အား
ပြန်လည်ရုပ် သိမ်းပေး ပြီး စာပေးပွဲရက်ကို ရွှေ့ပြောင်းဖြေဆိုစေရန်
ပြည်သူလူထု
ကိုယ် စားတင်ပြလိုပါတယ် ။
(၅) ဟားခါး – ထန်တလန် – ဆာဆီချောက် ဆက်သွယ်သည့် ကားလမ်းအား ပြည်
ထောင်စု
လမ်းမကြီး စီမံကိန်း အစီအစဉ်ဖြင့် တစ်နှစ်(၁)မိုင်နှုန်း ကတ္တရားခင်းခြင်း
မျိုး မဟုတ်ဘဲ ဟားခါး – ထန်တလန် ပြည်သူလူထု၏ တောင်းဆိုချက်ဖြင့်
တစ်နှစ်
အတွင်း အထူး အစီအစဉ် ဖြင့် လမ်းတိုးချဲ့ပြီး ကတ္တရာခင်းပေးရန်
တင်ပြလိုပါတယ်။
(၆) ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယ -မြန်မာ စီးပွားကုန်သွယ်ရေး
တိုးတက်ရန်
စပ်ကုန်သွယ်ရေး မြို့ အဖြစ် သက်မှတ်ပေးရန် တင်ပြလိုပါတယ်။
(၇) ချင်းပြည်နယ် တွင် ယခု နှစ် ၀မ်းစားမဖူလှုံမှု ပြသနာများကို
အချို့မြို့နယ်များ
အထူးသဖြင့် ထန် တလန်မြို့ နယ်တွင်ကြုံတွေ့နေမှုကို
ချင်းပြည်နယ် လွှတ်တော်
ကလည်းကူညီဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း သမ္မတအနေဖြင့် ၀မ်းစာတွက်
အခက်အခဲ ကြုံတွေ့  နေသော ပြည်သူများ အတွက် ကူညီ
ဖြေရှင်းပေးရန်။
Sunday, 17 February 2013
Friday, 15 February 2013
၆၅နှစ်မြောက် ချင်းအမျိုးသားနေ့ CNF ထုတ်ပြန်ကြေငြာချက်
Saturday, 19 January 2013
စစ်တပ်ဖက်မှ အပစ်ရပ်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ ကြေညာ
( ၃ / ၂၀၁၃ )
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၃ / ၂၀၁၃ )
၁၃၇၄ ခုနှစ် ၊ ပြာသိုလဆန်း ၇ ရက်
( ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက် )
၁။ ကချင်ပြည်နယ်၊ လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင် တပ်ဖွဲ့များက လဂျားယန် တပ်မတော်စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှစတင်ပြီး ဝန်းရံ ပိတ်ဆို့ထားခြင်း၊ လဂျားယန် စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခို တိုက်ခိုက်ခြင်း၊ မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးကို အများပြည်သူများ အသုံးမပြု နိုင်အောင် ပိတ်ဆို့ထားခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများအား ပြုလုပ်ခဲ့သည့် အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ပွိုင့် ၇၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIO/KIA ခြေကုတ် စခန်းများအား တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။
၂။ ၂၀၁၁ ခုနှစ် ဇွန်လ၌ တပ်မတော်နှင့် KIO/KIA ကြား တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားချိန်မှစပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် အတိုင်း မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရန် အတွက်သာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် KIO/KIA လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် လဂျားယန်စခန်းရှိ တပ်မတော်သားများ ထံသို့ ရိက္ခာ ပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို သုံးကြိမ် ချုံခို တိုက်ခိုက်ခဲ့သည့် အတွက် တပ်မတော်သား (၃၅)ဦး ကျဆုံးကာ (၁၉ဝ)ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လဂျားယန်စခန်းမှာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲရေးမတိုင်မီ (KIO/ KIA တို့၏ လိုင်ဇာစခန်းမရှိမီ) ကပင် တပ်မတော်က အခြေစိုက်၍ နယ်မြေ လုံခြုံရေး ဆောင်ရွက်ခဲ့ သည့် စခန်းဖြစ်ပြီး ထိုစခန်းသို့ ရိက္ခာများ ပို့ဆောင်မည် ဖြစ်ကြောင်းကိုလည်း KIO/KIA အဖွဲ့သို့ ကြိုတင် အသိပေးပြီးမှ ဆောင်ရွက်ခဲ့သည့်တိုင် KIO/KIA အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ရိက္ခာပို့ဆောင်နိုင်ခြင်း မရှိသည့်အတွက် စခန်းအတွင်းရှိ တပ်မတော်သား စစ်သည်များအနေဖြင့် စားနပ်ရိက္ခာများ ပြတ်လပ်ပြီး အသက်အန္တရာယ် စိုးရိမ် ရသည့် အခြေအနေ ကို ရောက်ရှိလာသောကြောင့် စစ်သည်များ အသက်ဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန်အတွက် အထက်ပါ နယ်မြေ ရှင်းလင်းမှုများကို တပ်မတော်က မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။
၃။ လေကြောင်းပစ်ကူ ရယူခဲ့ရခြင်းမှာလည်း KIO/KIA တပ်စခန်းပစ်မှတ်များကိုသာ တိတိကျကျ ထိမှန် ချေမှုန်းနိုင်ရန်နှင့် စစ်ပွဲနှင့် မသက်ဆိုင်သော အရပ်သား ပစ်မှတ်များကို ရှောင်လွှဲ လိုသောကြောင့်ဖြစ်သည်။ KIO/KIA တပ်များသည် လဂျားယန်စခန်းအား အပြင်မှ သံဆူးကြိုးခတ်၍ အဆက်အသွယ် ဖြတ်တောက် ထားသောကြောင့် တပ်စခန်း အတွင်းရှိ တပ်မတော်သား စစ်သည်များ အတွက် ရိက္ခာပို့ရန်၊ စစ်ရေးအရ တိုက်ခိုက်ရန်သာရှိသဖြင့် မလုပ်မဖြစ် လုပ်ခဲ့ရခြင်း ဖြစ်သည်။ တပ်မတော်သည် ငြိမ်းချမ်းရေး စကားဝိုင်းမှ တစ်ဆင့် မိမိတပ်စခန်းများကို ရွှေ့ပြောင်းပေးရန် ဆုံးဖြတ် ထားခဲ့သော်လည်း တစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် KIO/KIA မှ လာရောက်ခြင်း မရှိဘဲ နိုင်ငံတော်အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီ ဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း စသည့်အကြောင်းအချက်များသည် ယခုတိုက်ပွဲများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာစေသည်။
၎။ ယခုအခါ တပ်မတော် အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီး ဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၀၆၀၀ နာရီမှ စတင်ပြီး လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရှိရသည်။
၅။ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ်မိမိ ခုခံ ကာကွယ်ရန်မှအပ ပစ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့် အချက်ကို တိကျစွာ လိုက်နာ သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားသည်။ သို့သော် လက်နက်ကိုင် ပဋိပက္ခတစ်ခုတွင် တင်းမာမှု အရှိန် လျော့ကျစေရန် အတွက် နှစ်ဘက်လုံးက တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် လိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် KIO/KIA အနေဖြင့်လည်း တပ်မတော်တပ်ဖွဲ့များကို စတင်တိုက်ခိုက်မှု မပြုရေး လက်အောက် တပ်ဖွဲ့များကို ညွှန်ကြား ကြပ်မတ်သွားရန် တိုက်တွန်းသည်။ ပြီးခဲ့သောဖြစ်စဉ်များကို ပြန်လည် လေ့လာပါက မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုရန် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတား ဖောက်ခွဲ ဖျက်ဆီးမှု(၁၂၂)ကြိမ်၊ မိမိ တပ်စခန်းများအား လာရောက် နှောင့်ယှက် ပစ်ခတ်ခြင်း(၆၄)ကြိမ်၊ အရပ်သားများ မိုင်းနင်းမိခြင်း (၃ဝ)ကြိမ်၊ လုယက် ဖျက်ဆီးခြင်း (၆ဝ)ကြိမ်၊ လူသစ် စုဆောင်းခြင်းနှင့် အဓမ္မ ဖမ်းဆီးခြင်း (၂၈)ကြိမ်ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း (၁ဝ၉၅)ကြိမ် ဖြစ်ပွားခဲ့ကာ ၎င်းဖြစ်စဉ်များတွင် အရာရှိစစ်သည် အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်း များရှိခဲ့သည်။
၆။ ထို့ပြင် ကချင်ပြည်နယ်အတွင်း ပြန်လည် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဒုက္ခ ရောက်နေရသည့် ပြည်သူများကို စာနာ ထောက်ထားသောအားဖြင့် အများပြည်သူ အသုံးပြုနေသည့် ကားလမ်း၊ ရထားလမ်းများကို ပိတ်ဆို့ခြင်း၊ မိုင်းခွဲ တိုက်ခိုက်ခြင်းများ မပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် KIO/KIA လက်နက်ကိုင် အဖွဲ့များက မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှု (၅၆)ကြိမ်၊ မြစ်ကြီးနား- ဆွမ်ပရာဘွမ် ပူတာအို လမ်းတွင် မိုင်းခွဲ တိုက်ခိုက်မှု(၁၅)ကြိမ်၊ မြစ်ကြီးနား- ဗန်းမော် ကားလမ်းတွင် မိုင်းခွဲ တိုက်ခိုက်မှု (၄၂)ကြိမ် ပြုလုပ်ခဲ့သည့် အတွက် ပြည်သူများ ထိခိုက် ဒဏ်ရာရ အသက်ဆုံးရှုံးမှုများရှိသကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးများလည်း ပြတ်တောက် ခဲ့ရသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ်တွင် ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့ပြီး အထူးသဖြင့် ပူတာအိုဒေသရှိ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော် လေယာဉ်များနှင့်ပါ ရိက္ခာများ ကူညီ ပို့ဆောင် ပေးလျက် ရှိသည်။ တပ်မတော်အနေဖြင့် အရပ်ဘက် ပစ်မှတ်များကို လုံးဝတိုက်ခိုက်ခြင်း မပြုရန် ညွှန်ကြားထားပြီး ဖြစ်သဖြင့် KIO/KIA လက်နက်ကိုင် အဖွဲ့အနေဖြင့်လည်း အများ ပြည်သူ သွားလာနေသည့် ရထားလမ်း၊ ကားလမ်းများကို နှောင့်ယှက် တိုက်ခိုက်နေခြင်း များအား ရပ်ဆိုင်းရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ လက်နက်ကိုင် တိုက်ခိုက်မှုများ အရှိန်လျော့ကျ လာသည့်နှင့်အမျှ ဒေသခံ ပြည်သူများ အတွက် စီးပွားရေး၊ လူမှုရေး အကူအညီများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ပိုမို ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။
၇။ နိုင်ငံတော် အစိုးရသည် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ခိုင်မာ သည့် နိုင်ငံရေး ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ KIO/KIA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်မည် ဖြစ်သည်။ နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် KIO/KIA လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်း ဆိုင်ရာများကို အဆုံးအဖြတ် ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော် နှင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းရန် လိုအပ်သည်။
၈။ နိုင်ငံတော် အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်သား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက် KIO/KIA အပါအဝင် တိုင်းရင်းသား ပြည်သူ အားလုံးနှင့် လက်တွဲ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
Tuesday, 15 January 2013
UNDRIP ကုလသမဂ္ဂ၏ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာ ကြေငြာစာတမ်း
Tuesday, 1 January 2013
Thursday, 27 December 2012
ကျောင်းသားသမဂ္ဂသတင်း
Written by ဝေမိုးနိုင်၊မုံရွာ၊
|
|
Wednesday, 12 December 2012 20:54
|
မြန်မာ တစ်နိုင်ငံ လုံးမှ ကျောင်းသား သမဂ္ဂ အဖွဲ့များ၏ လှုပ်ရှားမှု များထဲ မှ ဖူးငုံချစ်သူ စာဖတ်သူများ သိသင့်သည်ဟု ယူဆသော၊ ထူးခြားသည့် လက္ခဏာ တစ်ခုခု ဆောင်သည်ဟု ထင်ရသော သတင်းများကို ရွေးချယ် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။
အောက်တိုဘာ ၃ ။ ။ မော်လမြိုင် ခရိုင် ကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းခြင်း အခမ်းအနားကို မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်း တိုက်၌ ဗကသ များအဖွဲ့ ချုပ်မှ ဦးဆောင်၍ မော်လမြိုင် နည်းပညာ တက္ကသိုလ်၊ မော်လမြိုင် ၀ိဇ္ဇာသိပံ္ပ တက္ကသိုလ်နှင့် မော်လမြိုင် အဝေးသင် တက္ကသိုလ် တို့မှ ကျောင်းသား ကျောင်းသူများနှင့် စတင် ဖွဲ့စည်းခဲ့သည်။ မော်လမြိုင် ခရိုင် ကျောင်းသားများ သမဂ္ဂ သည် ဗကသများ အဖွဲ့ချုပ်၏ အခြေခံမူများ ဖြစ်သည့် အမျိုးသားရေး၊ ဒီမိုက ရေစီရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး၊ ငြိမ်းချမ်းရေး တို့ကို ဆက်လက် ကိုင်ဆွဲ၍ တိုင်းပြည် ဖွံဖြိုး တိုးတက်ရေး အတွက် အခြားခရိုင် ကျောင်းသား သမဂ္ဂများနှင့် လက်တွဲ၍ ပူးပေါင်း ဆောင်ရွက် သွား မည်ဟု သိရသည်။
အောက်တိုဘာ ၅ ။ ။ လက်ပံတောင်းတောင် စီမံကိန်းနှင့် ပက်သက်ပြီး မြန်မာဝမ်ဘို ကုမ္ပဏီ၏ ရှေ့တွင် အခေါင်း သုံးလုံး ပြုလုပ်၍ မီးရှို့ ဆန္ဒဖော် ထုတ်ခဲ့သူ ၁၆ ဦးအား ကုမ္ပဏီကို စိတ်ညိုညင် အောင်ပြုလုပ်ခြင်း၊ ကုမ္ပဏီ ကျက်သရေ နစ်နာ စေရန် အကြံဖြင့် ပြုမှုေ ဆာင်ရွက်ခြင်း တို့ကြောင့် အောက်တိုဘာ ၄ ရက်နေ့က မြန်မာ့ စီးပွားရေး ဦးပိုင် လိမိတက်မှ တရားလိုပြုကာ ဆားလင်းကြီး မြို့နယ် ရဲစခန်းတွင် ပုဒ်မ ၁၄၄၊ ၁၄၅၊ ၅၀၀ စသည့် ပုဒ်မ သုံးခုဖြင့် အမှု ဖွင့်ခဲ့ရာ အမှုဖွင့်ခံသည့် လူ ၁၆ ဦးတွင် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်း သား သမဂ္ဂများ အဖွဲ့ချုပ် မုံရွာခရိုင် ကျောင်းသား သမဂ္ဂမှ ကိုသိန်းသန်းဦး၊ ကိုဟိန်းဇော်ဝင်း၊ ကို အာကာထက်မိုး တို့ ပါဝင်ခဲ့ ကြောင်း သိရှိ ရသည်။
အောက်တိုဘာ ၁၁ ။ ။ ရဲဘော် သုံးကျိပ် အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အောက်တိုဘာ ၁၀ ရက်နေ့က ကွယ်လွန်သွားခဲ့ ခြင်းအတွက် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ များအဖွဲ့ချုပ်မှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေး ပို့ခဲ့သည်။
အောက်တိုဘာ ၁၅ ။ ။ ကျောင်းတွင်း စီမံခန့်ခွဲမှု လွဲမှား ခြင်းကြောင့် နစ်နာ ဆုံးရှုံးခဲ့ ရသော ကျောင်းသား ကျောင်းသူ တို့၏ မိဘများမှ စာနယ်ဇင်းသို့ ရှင်းလင်း ပြောဆိုပွဲ တစ်ရပ်ကို ဗကသများ အဖွဲ့ချုပ် (အထက် ဗမာပြည်)၏ စီစဉ်ပေး မှုဖြင့် မန္တလေးမြို့၊ ဘုရားကြီး အလယ်တိုက်တွင် ၁၅.၁၀.၂၀၁၂၊ နေ့လယ် ၂ နာရီက ကျင်းပ ခဲ့သည်။
ဗကသများ အဖွဲ့ချုပ်(ဗဟို)၊ ဗကသ အဖွဲ့ ချုပ်(အထက်မြန်မာပြည်)၊ မန္တလေး ခရိုင် ကျောင်း သားများ သမဂ္ဂ၊ မုံရွာ တက္ကသိုလ် ကျောင်းသား များသမဂ္ဂ၊ မြင်းခြံခရိုင် ကျောင်းသားများ သမဂ္ဂ၊ ဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ယာယီ) တို့မှ သဘောထား ကြေညာချက် များ ဖတ်ကြား ပြီး၊ ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်)မှ မိမိတို့သည် ဗကသ၏ မူ ၅ ချက်ပါအတိုင်း ကျောင်းသားထု အခွင့်အရေး ကိစ္စများ ဆောင်ရွက် ရာတွင် ယခုကဲ့သို့သော ကိစ္စရပ်များ တွင်ရပ် တည် ပေးသွားမည် ဖြစ်ကြောင်း၊ ဤကိစ္စရပ်များ ကို လေ့လာ သိရှိထား ရှိသော်လည်း ကာယကံရှင် တို့မှ ယခုမှ ဆက်သွယ် ညှိနှိုင်း လာသည့် အတွက် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပ နိုင်ရန် ကူညီပေး ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။
အောက်တိုဘာ ၁၆ ။ ။ ၂၀၀၆ ခုနှစ်၊ အောက်တို ဘာလ ၁၆ ရက်နေ့က မန္တလေး အကျဉ်းထောင် အတွင်း ကွယ်လွန် သွားခဲ့သော အကသ(အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ)၊ ဗကသ ကျောင်းသား ခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ် ပွဲသို့ ဗမာတစ် နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ်မှ သ၀ဏ်လွှာ ပေးပို့ ခဲ့သည်။
အောက်တိုဘာ ၁၈ ။ ။ လက်ပံတောင်း တောင် ပြည်သူ့ ညီလာခံကို အောက်တိုဘာလ ၁၈ ရက် နေ့နှင့် ၁၉ ရက်နေ့တွင် မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ဆည်တည်း ရွာတွင် ကျင်းပခဲ့ ရာကျောင်း သား သမဂ္ဂ အဖွဲ့ဝင် အမြောက် အမြားတက် ရောက်ခဲ့ကြသည်။ ညီလာခံတွင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် များမှ သ၀ဏ်လွှာများ ဖတ်ကြား ခြင်း၊ အဆိုများ တင်သွင်းခြင်း များကို ပြုလုပ်ခဲ့ ကြသည်။
ညီလာခံသို့ တက်ရောက် လာသည့် ကျောင်းသား သမဂ္ဂ အဖွဲ့များမှာ-
၁။ ဗကသ အဖွဲ့ချုပ်
၂။ မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂ
၃။ မြင်းခြံခရိုင် ကျောင်းသားများ သမဂ္ဂ
၎။ ပခုက္ကူ ခရိုင် ကျောင်းသားများ သမဂ္ဂ
၅။ စက်မှုကျောင်းသား ကွန်ရက်
၆။ ၀ိဇ္ဇာ/သိပ္ပံ ကျောင်းသားများ ကွန်ရက်
၇။ ချင်းကျောင်းသားများ သမဂ္ဂ
၈။ ဇိုမီး ကျောင်းသားများ အသင်း
၉။ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ကသဖ) တို့ဖြစ်ကြသည်။
လက်ပံတောင်း တောင် ညီလာခံတွင် ကျောင်းသား သမဂ္ဂ များမှ တင်သွင်း ခဲ့သည့် အချက် ၄ ချက်။
၁။ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရန်
၂။ သာသနိက အဆောက် အအုံများ ဆက်လက် မဖျက်ဆီးရန်
၃။ နစ်နာ ဆုံးရှုံးသော ဒေသခံ ပြည်သူများ အတွက် ဘ၀ အာမခံချက် ပေးရန်
၎။ ဒေသခံ ကလေးများ ကျောင်းသား ကျောင်းသူများ အတွက် ပညာရေး မြင့်တင်ပေးရန် တို့ဖြစ်သည်။
ယင်းအဆို များကို ညီလာခံ တက်ရောက်လာ သည့် ပြည်သူ လူထုကြီးက ထောက်ခံခဲ့ သဖြင့် ညီလာခံ အတည်ပြုချက် ၁၆ ချက်တွင် ဖော်ပြခဲ့ သည်။
အောက်တိုဘာ ၂၄ ။ ။ ရခိုင် ကျောင်းသား သမဂ္ဂမှ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြုလုပ် ခဲ့သော လူထု တွေ့ဆုံပွဲတွင် အစိုးရထံသို့ တင်ပြ တောင်းဆို ခဲ့သော အချက် ၅ ချက်အား အကောင် အထည် မဖော် ပေးသည့် အတွက် ရခိုင်ပြည်နယ်၊ စစ်တွေ မြို့တွင် ရခိုင် တက္ကသိုလ် ကျောင်းသား တစ်သောင်းကျော်က ဆန္ဒ ဖော်ထုတ် ပွဲတွင် ရခိုင် ကျောင်းသား သမဂ္ဂ အပါအ၀င် မြန်မာနိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် မှလည်း ပူးပေါင်း ၀င်ကာ ခဲ့ကြောင်း သိရှိ ရသည်။ရခိုင် သမဂ္ဂ ကျောင်းသား သမဂ္ဂမှ တောင်းဆိုထား သောအချက် ၅ ချက်မှာ-
၁။ ရခိုင်ပြည်နယ်၊ တက္ကသိုလ် အသီးသီးတွင် လိုအပ်လျှက် ရှိသော သင်ထောက်ကူ ပစ္စည်းများ အမြန်ဆုံး ဖြည့်ဆည်း ပေးရန်
၂။ ယခု ဖွင့်လှစ်ရန် စီစဉ်လျှက် ရှိသော တောင်ကုတ် မြို့နယ်၊ ဒေသကောလိပ် အား စီးပွားရေး တက္ကသိုလ် အဖြစ် ပြောင်းလဲ ဖွင့်ပေးရန်
၃။ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား ဆည်းပူး နိုင်ရန် အတွက် ကျောင်းသွားရာ လမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင် အနီး တစ်ဝိုက်ရှိ ဘင်္ဂါလီ ကျေးရွာများအား အမြန်ဆုံး ဖယ်ရှား ပေးရန်(ဘုမေ ကျေးရွာ၊ ဘုမေ လက်သမား ကျေးရွာ၊ ခတင်ပိုက် ကျေးရွာ)
၎။ တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံ စိတ်ချရသော ကျောင်းသား ကျောင်းသူ များ နေထိုင် နိုင်မည့် အဆောင်များ အမြန်ဆုံး ဆောက်လုပ် ပေးရန်နှင့် ပြည်နယ် အစိုးရ အနေဖြင့် ဈေးနှုန်း သက်သာသော ကျောင်းဖက်ရီ ကားများကို ဆောင်ရွက် ပေးရန်
၅။ တရားမ၀င် ၀င်ရောက် နယ်မြေ လုလာသော အကြမ်းဖက် ဘင်္ဂလီ များနှင့် အတူတကွ ပညာ သင်ကြားခြင်းမှ ရပ်တန့် ပေးရန်တို့ ဖြစ်သည်။
အသွင်သစ် ဖူးငုံ၏ ပွဲဦးထွက်တွင် ကျောင်းသား သတင်းကဏ္ဍ အား ဤမျှနှင့်ပင် ရပ်နား လိုပါသည်။ နောက်လ များတွင်လည်း မြန်မာ တစ်နိုင်ငံ လုံးမှ ကျောင်းသား သမဂ္ဂများ၏ လှုပ်ရှား ဆောင်ရွက်များကို လက်လှမ်း မီသရွေ့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ကြိုတင် အစီရင်ခံ အပ်ပါ သည်။
ဝေမိုးနိုင်၊မုံရွာ၊
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
Wednesday, 5 December 2012
ပြည်ထောင်စုအဆင့်တွေ့ဆုံရန် CNF ကိုယ်စားလှယ်များ ရန်ကုန်သို့ ထွက်ခွါ
CHIN NATIONAL FRONT
Monday, 28 May 2012
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်
နေပြည်တော်၂၀၁၂ ခုနှစ်၊ မေလ (၂၈) ရက်။
အိန္ဒိယသမ္မတနိုင်ငံဝန်ကြီချုပ်ဒေါက်တာမန်မိုဟန်ဆင်း၏ပြည်ထောင်စုသမ္မတမြန်မာ
နိုင်ငံတော်ခရီးစဉ်အတွင်း ထုတ်ပြန်သည့်မြန်မာ-အိန္ဒိယနှစ်နိုင်ငံပူးတွဲကြေညာချက်
၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြား
ချက်အရ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းသည် ၂၀၁၂ခုနှစ်၊
မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီး
လာရောက်လျက်ရှိသည်။အိန္ဒိယဝန်ကြီးချုပ်နှင့်အတူဇနီး ရှရီမာတီဂူရှာရန်ခါ လည်း
အတူ လိုက်ပါခဲ့သည်။
၂။အိန္ဒိယဝန်ကြီးချုပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတမှ နေပြည်တော်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး၊ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
၃အိန္ဒိယဝန်ကြီးချုပ်၏ ယခုချစ်ကြည်ရေးခရီးစဉ်သည် နှစ်ပေါင်း (၂၅) နှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ် တစ်ဦး၏ ပထမဦးဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး၏ သမိုင်းဝင် ချစ်ကြည်ရေးခရီး ဖြစ်သည်။
၎။နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်ဦးချင်း သီးခြားတွေ့ဆုံခဲ့ပြီးနောက်၊ နှစ်ဘက် ကိုယ်စားလှယ်များ ပါဝင်သည့် နှစ်နိုင်ငံ တရားဝင်တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပကာ နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာ အကျိုးတူကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှုများကို မြန်မာ-အိန္ဒိယ အိမ်နီးချင်း နှစ်နိုင်ငံနှင့် ပြည်သူများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထပ်ဟပ်ပေါ်လွင်စေလျက် အပြန် အလှန် နွေးထွေးရင်းနှီးစွာ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြသည်။
၅။နှစ်နိုင်ငံ တရားဝင် တွေ့ဆုံဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဘက်မှ အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းနှင့်အတူ ပြည်ပရေးရာဝန်ကြီး ရှရီအက်စ်အမ်ကရစ်ရှနာ၊ အမျိုးသား လုံခြုံရေးအကြံပေး ရှရီအက်စ်မီနွန်၊ ဝန်ကြီးချုပ်၏အတွင်းဝန် ရှရီပူလော့ချက်တာဂျီ၊ နိုင်ငံခြားရေးအတွင်းဝန် ရှရီရန်ဂျန်မထိုင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဒေါက်တာ ဗီလာဆန်ဒါရာရာဂျန်ရှရှေဒရီနှင့် အဆင့်မြင့် အစိုးရ အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
၆မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ0x081ဏမောင်လွင်နှင့် အခြား ပြည်ထောင်စုဝန်ကြီးများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇင်ယော် နှင့် အဆင့်မြင့်အစိုးရအရာရှိကြီးများ ပါဝင်တက်ရောက် ခဲ့ကြသည်။
၇။ နိုင်ငံတော်သမ္မတ နှင့် အိန္ဒိယဝန်ကြီးချုပ် တို့သည် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် အထူးအောင်မြင်သော တရားဝင် ချစ်ကြည်ရေးခရီးစဉ် နောက်ပိုင်း နှစ်နိုင်ငံအကြား ဖြစ်ပေါ်တိုးတက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ခဲ့ သည်။ နှစ်ဘက်စလုံးမှ ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် နှစ်နိုင်ငံအကြား တရားဝင် အလည်အပတ်ခရီးစဉ်များ၊ တိုးတက်လာသည့် စီးပွားရေး၊ ကုန်သွယ်ရေး နှင့် ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်မှုများ နှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံနေမှုများ အပေါ်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များက ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
၈။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများ၌ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အပေါ် သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ဆောင်ရေး၊ ထိတွေ့ဆက်ဆံရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ အပြန်အလှန် ချစ်ကြည်ရေး အစီအစဉ်များ တိုးမြှင့်ပြုလုပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။
ထို့အပြင်သက်ဆိုင်ရာနိုင်ငံများမှ ပြည်သူများ သာယာဝပြောရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း နှင့် နှစ်နိုင်ငံ ပြည်သူများ အကျိုးအတွက် နှစ်နိုင်ငံ၏ အရင်းအမြစ်များကို ထိရောက်စွာ အတူတကွ ပူးပေါင်း အသုံးပြုသွားရန် လိုအပ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား ပြောကြားခဲ့သည်။
၉။ အိန္ဒိယဝန်ကြီးချုပ်က မြန်မာအစိုးရ၏ ဒီမိုကရေစီ နှင့် အမျိုးသားစည်းလုံး ညီညွှတ်ရေး နှင့်ပတ်သက်၍ ထင်ရှားသော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအား ချီးကျူးဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်ဆောင်ရွက်နေခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခြင်း စသော မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက် ရှိသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအပေါ် အိန္ဒိယဝန်ကြီးချုပ်က ချီးကျူး ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ မကြာသေးမီက ကြားဖြတ်ရွေးကောက်ပွဲများကို လွတ်လပ်၊ တရားမျှတပြီး ငြိမ်းချမ်းစွာ ကျင်းပပေးနိုင်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
၁၀။ အိန္ဒိယဝန်ကြီးချုပ်မှ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ တိုးမြှင့် ဆောင်ရွက်နိုင်စေရန်နှင့် ဒီမိုကရေစီ အဖွဲ့အစည်းများဖြစ်သည့် လွှတ်တော်၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင် နှင့် သတင်းမီဒီယာ အဖွဲ့အစည်းများ စွမ်းဆောင်ရည် တိုးတက်စေရန် အတွက် အိန္ဒိယဘက်မှ လိုအပ်သည့် ကူညီထောက်ပံမှုများ ပေးအပ်သွားလိုကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ အတွင်းက အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့သည့် အောင်မြင်သော ခရီးစဉ်ကို ပြန်ပြောင်းသတိရလျက်၊ အိန္ဒိယဝန်ကြီးချုပ်မှ မြန်မာ့ လွတ်တော်ကိုယ်စားလှယ်များ နှင့် ဝန်ထမ်းများအတွက် အိန္ဒိယနိုင်ငံမှ သင်တန်းများ ပေးအပ် သွားလိုကြောင်း ကမ်းလှမ်းပြောကြားခဲ့သည်။
၁၁။ အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အောက်ဖော်ပြပါ နားလည်မှုစာချွန်လွှာ/သဘောတူညီချက်များကို နှစ်ဘက် လက်မှတ်ရေးထိုးခဲ့ကြသည်-
(၁) အိန္ဒိယအစိုးရမှ ပေးအပ်မည့် သက်သာသောချေးငွေ အမေရိကန်ဒေါ်လာ သန်း (၅၀၀) နှင့်ပတ်သက်သည့် နားလည်မှုစာချွန်လွှာ
(၂) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘော တူညီချက်
(၃) မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၄) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးတွဲကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
(၅) စိုက်ပျိုးရေးသုတေသန နှင့် ပညာရေးအဆင့်မြင့်ဌာန တည်ထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၆) နေပြည်တော်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ခေတ်မီပညာပေး စပါး ဇီဝဥယျာဉ် တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
(၇) မြန်မာနိုင်ငံ သတင်းအချက်အလက် နှင့် နည်းပညာဌာန တည်ထောင်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ
(၈) ဒဂုံတက္ကသိုလ် နှင့် ကော်လ်ကလက်ကတ္တားတက္ကသိုလ် တို့အကြား ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(၉) မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးဌာန (MISIS) နှင့် နယူးဒေလီရှိ (The Indian Council of World Affairs - ICWA) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(၁၀) မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးဌာန (MISIS) နှင့် နယူးဒေလီရှိ (Institute for Defence Studies and Analyses - IDSA) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်(၁၁) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်(၂၀၁၂- ၂၀၁၅)(၁၂) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်၌ နယ်စပ်ဈေးများ ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
၁၂။ နှစ်နိုင်ငံ ခေါင်းဆောင်များက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးသည် တူညီသော သမိုင်းကြောင်း၊ ပထဝီ အနေအထား၊ ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် အခြေခံကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအရ ၂၀၁၁ ခုနှစ်၊ မတ်လတွင် ပေါ်ပေါက်လာသည့် ဒီမိုကရေစီ အစိုးရလက်ထက်၌နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ သိသိသာသာ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ကို ကြိုဆို ကြောင်းနှင့် ယင်းသို့ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုအဆင့်မြှင့်တင်သွားလိုသည့်ဆန္ဒကို ထုတ်ဖော် ခဲ့ကြသည်။ အိန္ဒိယနိုင်ငံသို့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း သွားရောက်ခဲ့သော မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက သွားရောက်ခဲ့သော ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့် တို့၏ခရီးစဉ် နှင့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယနိုင်ငံ ရေအရင်းအမြစ်နှင့် လွှတ်တော်ဆိုင်ရာဝန်ကြီး မစ္စတာ ပီ ကေ ဘန်ဆဲလ် ၏ ခရီးစဉ် စသည့် နှစ်နိုင်ငံ အပြန်အလှန် ခရီးစဉ်များ၏ အောင်မြင်မှုကို နှစ်ဘက်ခေါင်းဆောင်များက ကျေနပ်အားရမှု ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။ နှစ်ဘက်စလုံးမှ နှစ်နိုင်ငံ အဆင်မြင့်ခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များကို ဆက်လက် အကောင်အထည်ဖော်သွားရန် သဘောတူညီခဲ့ကြ သည်။
၁၃။ နှစ်နိုင်ငံခေါင်းဆောင်များသည် အကြမ်းဖက်မှုများနှင့် သောင်းကျန်းသူအဖွဲ့များ၏ လှုပ်ရှားမှု အသွင်သဏ္ဍန် မျိုးစုံကို တိုက်ဖျက်သွားရန် ဆန္ဒရှိကြောင်း ထပ်လောင်း အတည်ပြုပြောကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး နှင့် လုံခြုံရေးရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့များ နှင့် နယ်ခြားစောင့် တပ်ဖွဲ့များ အကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြား နယ်စပ်ဒေသ စီမံခန့်ခွဲမှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်လျက် နှစ်နိုင်ငံ နယ်စပ်ဒေသ ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ကြိုဆိုခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံ၏ သက်ဆိုင်ရာနယ်နိမိတ်များကို အကြမ်းဖက်သမားများ၊ သောင်းကျန်းသူ အဖွဲ့အစည်းများ နှင့် ၄င်းတို့နှင့်ဆက်နွယ်သူများမှ လေ့ကျင့်ခြင်း၊ လွတ်မြောက်ရာနေရာ အဖြစ် ခိုအောင်းနေထိုင်ခြင်း၊ အခြားလှုပ်ရှားမှုများ ဆောင်ရွက်ခြင်းကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၁၄။ နှစ်နိုင်ငံခေါင်းဆောင်များက နယ်စပ်ဒေသများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းသည် နယ်စပ်ဒေသ လုံခြုံရေး ထိန်းသိမ်းရာတွင် အရေးပါကြောင်း ပြောကြားခဲ့ကြသည်။ ယင်း ကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ သက်ဆိုင်ရာ မြေတိုင်းဦးစီးဌာနများ အနေဖြင့် နယ်နိမိတ် ကျောက်တိုင်များကို စနစ်တကျ စစ်ဆေး ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ညွှန်ကြားခဲ့ကြသည်။ သက်ဆိုင်ရာ မြေတိုင်းဦးစီးဌာန အကြီးအကဲများ အနေဖြင့် (၁၇) ကြိမ်မြောက် နယ်စပ်နယ်ဘက် အာဏာပိုင်များ၏ နိုင်ငံတော်အဆင့်အစည်းအဝေးတွင် ပူးတွဲဖော်ထုတ်ခဲ့သည့် နေရာများ၌ နှစ်နိုင်ငံ ပူးတွဲစစ်ဆေးရန်နေ့ရက်ကို ဆောလျင်စွာ အတည်ပြုသွားရန် နှစ်နိုင်ငံ ခေါင်းဆောင် များက ညွှန်ကြားခဲ့သည်။ပေါင်းစည်းဆက်သွယ်မှု
၁၅။ နှစ်နိုင်ငံ ပြည်သူများအကြား ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အပါအဝင် အခြားသော အပြန်အလှန် သွားလာမှုများ တိုးမြှင့်နိုင်စေရန်အတွက် နှစ်နိုင်ငံ အကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးသည် အရေးပါကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား ပြောကြားခဲ့ကြသည်။ ထို့ပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် ပတ်သက်၍ ပုံမှန်ဖြစ်ပေါ် တိုးတက်မှုများအပေါ် ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် မြန်မာ-အိန္ဒိယ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့များ ပူးတွဲ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ပြီးနောက် ဇော်ရင်ပူရီ (မီဇိုရမ်) ၌ အကောက်ခွန်စခန်း ဖွင့်လှစ်ရန် နေရာ သတ်မှတ်ရေးကိစ္စကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် ကြိုဆိုခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးရန် ရည်မှန်းထားသည့် အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံရေးတို့ကို တိုးမြှင့်နိုင်မည့်အပြင် ကုန်းတွင်းပိတ်ဒေသ ဖြစ်သည့် အိန္ဒိယ အရှေ့မြောက်ဒေသရှိ ပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း မှတ်သားခဲ့ကြသည်။၁၆။ အိန္ဒိယဝန်ကြီးချုပ်မှ တမူး-ကလေးဝ ချစ်ကြည်ရေးကားလမ်းပေါ်ရှိ တံတား (၇၁)စင်း အားပြုပြင်၊ အဆင့်မြှင့်တင်မှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံမှ ကလေးဝ-ယာကြီး လမ်းပိုင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံမှ ယာကြီး-မုံရွာ လမ်းပိုင်းကိုလည်းကောင်း လာမည့် ၂၀၁၆ ခုနှစ် မတိုင်မီ အဝေးပြေးလမ်းမကြီး အဆင့်သို့ တိုးမြှင့်ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံကိုဖြတ်၍ အိန္ဒိယနိုင်ငံ၊ မိုရေး မှ ထိုင်းနိုင်ငံ၊ မဲဆောက်သို့ ဆက်သွယ်မည့် (၃) နိုင်ငံ လမ်းဖောက်လုပ်မှုကို အထောက်အကူပြုနိုင်မည်ဟု မှတ်ယူသည့်အတွက် နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြန်မာ-အိန္ဒိယ-ထိုင်း (၃)နိုင်ငံ အဝေးပြေးလမ်း ဖောက်လုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုအပေါ် ကြိုဆိုခဲ့ကြသည်။ သုံးနိုင်ငံ ထိတွေ့ ဆက်ဆံမှုကို လာမည့် ၂၀၁၆ ခုနှစ် မတိုင်မီ စတင်နိုင်ရေးအတွက် တပြိုင်တည်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။၁၇။ နှစ်နိုင်ငံဆက်ဆံရေးတွင် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုသည် အရေးပါ သည့်အလျောက် အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့ နှင့် မြန်မာနိုင်ငံ၊ မန္တလေးမြို့ တို့အကြား ဘတ်စ်ကားလိုင်း ပြေးဆွဲရန် နှစ်ဘက် သဘောတူညီခဲ့ကြသည်။ လုပ်ငန်း ဆောလျင်စွာ စတင်လည်ပတ် နိုင်စေရေးအတွက် နှစ်ဘက်စလုံး၏ သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် လုပ်ဆောင်ဖွယ်ရာများကို အပြီးသတ်ဆောင်ရွက်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များမှ ညွှန်ကြားခဲ့သည်။
၁၈။ တိုက်ရိုက်လေကြောင်း ဆက်သွယ်မှုကို တိုးမြှင့်စေနိုင်ပြီး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်း နှင့် ပြည်သူများ အချင်းချင်း အပြန်အလှန် သွားလာလည်ပတ်မှု များကို အဆင်ပြေချောမွေ့ လွယ်ကူစေမည့် နှစ်နိုင်ငံအကြား လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်သစ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းကို နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ ကြသည်။
၁၉။ နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ရထားလမ်း အဆက်အသွယ် ထူထောင်ရေးဆိုင်ရာ နည်းပညာ နှင့် ကုန်သွယ်မှု ဖြစ်နိုင်ခြေအလားအလာများ နှင့် တိုက်ရိုက်ရေကြောင်း အဆက်အသွယ် ထူထောင်ရေးဆိုင်ရာ ကုန်သွယ်မှု ဖြစ်နိုင်ခြေအလားအလာများကို စဉ်းစား ဆုံးဖြတ်နိုင်ရန် အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ တစ်ရပ်ကို ဖွဲ့စည်းတည်ထောင် သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
၂၀။ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း ကဲ့သို့သော အရေးပါသည့် အခြေခံအဆောက်အအုံ စီမံကိန်းများ ဖွံ့ဖြိုး တိုးတက်ရေးတွင် အိန္ဒိယနိုင်ငံမှ ပါဝင်ဆောင်ရွက်နိုင်မည့် အလားအလာကိုလည်း နှစ်ဘက် ဆွေးနွေးခဲ့ကြသည်။ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု
၂၁။ နှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံအကြား ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက် လာသည့်အလျောက် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ယနေ့အချိန်အထိ ထောက်ပံငွေ နှင့် အတိုးနှုန်း သက်သာသော ချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံ ပေးအပ်နိုင်ခဲ့ခြင်းအပေါ် အားရကျေနပ်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် နှင့် စက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်စွမ်းအား နှင့် ကျန်းမာရေးကဏ္ဍ များအပြင် မြန်မာပြည်သူများအတွက် အနာဂတ်ကာလတွင် အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို ရှာဖွေဖော်ထုတ်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
၂၂။ နှစ်နိုင်ငံခေါင်းဆောင်များသည် အိန္ဒိယအစိုးရမှ မြန်မာအစိုးရသို့ ပေးအပ်မည့် သက်သာသောချေးငွေ အမေရိကန်ဒေါ်လာ သန်း (၅၀၀) နှင့်ပတ်သက်သည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကို ကြိုဆိုခဲ့ကြသည်။ အဆိုပါ သက်သာသောချေးငွေများကို မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း၊ ရထားပို့ဆောင်ရေး နှင့် လျှပ်စစ်စွမ်းအား စသည့်ကဏ္ဍများရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။
၂၃။ နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သာယာဝပြောရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်သည့်အလျောက်၊ အဆိုပါဒေသ များတွင် လမ်းများ အဆင့်မြှင့်တင်ခြင်း၊ ကျောင်းများ၊ ကျန်းမာရေးဌာနများ၊ တံတားများ တည်ဆောက်ခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်သင်တန်းများ ဖွင့်လှစ်ခြင်း အပါအဝင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်သည့် အတွက် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီ ခဲ့သည်။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဖာလာစေ့ အမြောက်အမြား စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ အကူအညီပေးရန် ကမ်းလှမ်းခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ကြိုဆိုခဲ့သည်။
၂၄။ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားကြရန် နှစ်နိုင်ငံ ခေါင်းဆောင်များမှ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး၊ ၂၀၁၂ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် မြန်မာ-အိန္ဒိယသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်စွာ မှတ်သားခဲ့သည်။ အဆိုပါပူးတွဲလုပ်ငန်းအဖွဲ့မှ အနာဂတ်၌ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး ဇီဝနည်းပညာ၊ ရိတ်သိမ်းနည်းပညာ၊ ဆေးဝါးဆိုင်ရာဇီဝနည်းပညာ၊ ဆေးသုတေသနနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍများရှိ ဦးစားပေး နယ်ပယ်များကို ဖော်ထုတ်ခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ပူးတွဲလုပ်ငန်းအဖွဲ့၏ ဆုံးဖြတ်ချက်များကို ကြိုဆိုခဲ့ကြပြီး၊ မြန်မာနိုင်ငံအနေဖြင့် ဦးစားပေးစီမံကိန်းများအနက်မှ အခိျု့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် တိကျသည့်အဆိုပြုလွှာများ ပြုစုသွားရန် သဘောတူညီခဲ့ ကြသည်။
၂၅။ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အိန္ဒိယ၏ ငွေကြေးနှင့်နည်းပညာ အကူအညီဖြင့် မြန်မာနိုင်ငံ သတင်း အချက်အလက် နှင့် နည်းပညာဌာန တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်မှ ရန်ကုန်မြို့ရှိ သတင်းအချက်အလက်နှင့်နည်းပညာ မြင့်မားရေးဆိုင်ရာ မြန်မာ-အိန္ဒိယစင်တာအား လာမည့် (၅)နှစ်တာ ကာလအတွက် နည်းပညာနှင့်ငွေကြေး အထောက်အပံ့များ ဆက်လက် ပေးအပ်သွားမည် ဖြစ်သည့်အပြင်၊ နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုကိုလည်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာသုတေသီများအနေဖြင့် အိန္ဒိယတက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် နှစ်စဉ် ပညာသင်ဆု (၁၀) ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မှ ကြေညာခဲ့သည်။ အဆိုပါ ပညာသင်ဆုများကို ကမ္ဘာ့လေထုနှင့်ကမ္ဘာမြေကြီးဆိုင်ရာသိပ္ပံ၊ ဓါတုသိပ္ပံ၊ အင်ဂျင်နီယာသိပ္ပံ၊ ဇီဝသိပ္ပံ၊ ဆေး သိပ္ပံ၊ သခင်ျာနှင့်တွက်ချက်ရေးဆိုင်ရာသိပ0x081ပံ၊ ရူပသိပ0x081ပံ နယ်ပယ်များတွင် ပေးအပ်သွားမည်ဖြစ်ပြီး၊ သင်တန်းကာလ လေးလမှ ခြောက်လ အထိ ကြာမြင့်မည်ဖြစ်သည်။
၂၆။ မြန်မာနိုင်ငံ၏ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိန0x081ဒိယမှ ကူညီပေးလိုသည့် ဆန0x081ဒနှင့်အညီ အိန0x081ဒိယ စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အပါအဝင် မြန်မာနိုင်ငံသို့ လက်ရှိ သင်တန်းသားဦးရေ (၂၅၀) ဦး ခွဲဝေပေးအပ် နေခြင်းအား နှစ်ဆတိုး၍၊ သင်တန်းသားဦးရေ (၅၀၀) ဦး သို့ တိုးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း အိန0x081ဒိယဝန်ကြီးချုပ်မှ ကြေညာခဲ့သည်။ ပြည်ထောင်စုသမ0x081မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ0x081မတမှ ဤအစီအစဉ်အား ကြိုဆိုခဲ့သည်။
၂၇။ မြန်မာသံတမန်များကို အစည်းအဝေး စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ပေးအပ်ရန် ကမ်းလှမ်းခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော် နှင့် ရန်ကုန်မြို့၌ ဘာသာစကား သင်ကြားရေးအခန်းများ၊ အစည်းအဝေးခန်းမများ နှင့် ဆက်စပ်ပစ0x081စည်းများ တပ်ဆင်တည်ထောင် ပေးရန် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ အင်တာနက် သုတေသနဌာန တည်ထောင် နိုင်ရေး အိန0x081ဒိယဘက်မှ ကူညီပံ့ပိုးပေးခြင်းများအတွက် ပြည်ထောင်စုသမ0x081မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ0x081မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
၂၈။ လယ်ယာစိုက်ပျိုးရေးကဏ0x081ဍ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန0x081ဒရှိကြောင်း နှစ်ဘက် စလုံးမှ ထုတ်ဖော်ပြောကြားခဲ့သည်။ အိန0x081ဒိယ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၁၀) သန်းဖြင့် လယ်ယာသုံးစက်ကိရိယာပစ0x081စည်းများအား မြန်မာဘက်သို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းအတွက် နိုင်ငံတော်သမ0x081မတမှ အိန0x081ဒိယအစိုးရအား ကျေးဇူးတင်ရှိကြောင်း နှင့် ယင်းစက်ပစ0x081စည်း များကို မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဖြန့်ဖြူးပြီး ဖြစ်ကြောင်း နှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် အသုံးပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးအဆင့်မြင့်ဌာနအား ရိုးရာဗဟုသုတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အပါအဝင် ခေတ်မီနောက်ဆုံးပေါ် နည်းပညာများ အသုံးပြုသည့် (Centre for Excellence) အဖြစ် အိန0x081ဒိယ၏ ငွေကြေး နှင့် နည်းပညာ အကူအညီဖြင့် တည်ထောင်သွားရေး နှစ်နိုင်ငံခေါင်းဆောင်များမှ ဆုံးဖြတ်ခဲ့ကြသည်။ နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ခေတ်မီပညာပေး စပါးဇီဝဥယျာဉ် တည်ထောင်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့သည်။ ယင်း ဌာန(၂)ခုသည် မြန်မာ့လယ်ယာကဏ0x081ဍ၊ ပညာရေး နှင့် စီးပွားရေး အသိုင်းအဝန်းအတွင်း နည်းပညာ နှင့် သုတေသနဆိုင်ရာ အကူအညီများ ပေးအပ်နိုင်မည် ဖြစ်သည်။ ထို့ပြင် နေပြည်တော်ရှိ စံပြစိုက်ခင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံနိုင်သည့် ခေတ်မီစပါးကျီတစ်ခု တည်ဆောက်ရန် အိန0x081ဒိယနိုင်ငံမှ ပံ့ပိုးကူညီမှုပေးသည့်အတွက် နိုင်ငံတော်သမ0x081မတမှ အိန0x081ဒိယဝန်ကြီးချုပ်အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
၂၉။ မြန်မာဘက်မှ နို့နှင့်နို့ထွက်ပစ0x081စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ နို့စားနွား မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကာကွယ်ဆေး ထုတ်လုပ်ရေး နည်းပညာဆိုင်ရာ သင်တန်းများ/ ပညာသင်ဆုများ အိန0x081ဒိယဘက်မှ ကူညီစီစဉ်ပေးအပ်သွားရန် နှင့် အိန0x081ဒိယအစိုးရမှ ရှမ်းပြည်နယ်၌ နို့နှင့်နို့ထွက်ပစ0x081စည်းစက်ရုံ တစ်ရုံ တည်ထောင်ပေးရန် မေတ0x081တာရပ်ခံခဲ့သည်။ အိန0x081ဒိယဘက်မှ မြန်မာဘက်၏ အဆိုပြုချက်ကို အလေးထား စဉ်းစားသွားရန် သဘောတူညီခဲ့သည်။ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု
၃၀။ ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် နှစ်ဘက်သဘောတူညီ ထားသည့်အလျောက်၊ ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ရန် အသုံးမပြုရသေးသည့် အလားအလာကောင်း များစွာ တည်ရှိနေကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား ပြောကြားခဲ့ပြီး၊ အဆိုပါအလားအလာကို စီးပွားရေးလုပ်ငန်းရှင်များမှ အသုံးချသွားရန် တိုက်တွန်းခဲ့သည်။ ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ် ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ နှင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေး နှင့် နည်းပညာ စသည့် ကဏ0x081ဍများတွင် အိန0x081ဒိယကုမ0x081ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရေး အထူးအားပေးသွားမည်ဖြစ်သည်။ ယင်းကိစ0x081စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံခေါင်းဆောင်များက တိကျမှန်ကန်သည့် သတင်း အချက်အလက် နှင့် အကြံဉာဏ်များ အချိန်နှင့်တပြေးညီ ဖလှယ်စေနိုင်မည့် နှစ်နိုင်ငံအကြား အသစ်ဖွဲ့စည်း တည်ထောင်ခဲ့သည့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဖိုရမ်၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့သည်။
၃၁။ နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ရင်ဆိုင်တွေ့ကြုံရမည့် အတားအဆီး အခက်အခဲများကို ဖော်ထုတ်ဖယ်ရှားနိုင်စေရန် နှစ်ဘက် အစိုးရများမှ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ ယင်းကိစ0x081စနှင့်စပ်လျဉ်း ၍ ရန်ကုန်မြို့၌ ဖွင့်လှစ်မည့် အိန0x081ဒိယနိုင်ငံ United Bank ၏ ကိုယ်စားလှယ်ရုံး နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများကို အကျိုးပြုပြီး ဘဏ်လုပ်ငန်းကိစ0x081စများကို လွယ်ကူချောမွေ့စေမည့် ပထမခြေလှမ်းအဖြစ် ကြိုဆို ခဲ့ကြပါသည်။ မြန်မာဘက်အနေဖြင့် ဘဏ်လုပ်ငန်း ဆိုင်ရာ အခန်းကဏ0x081ဍတွင် သက်ဆိုင်ရာ မြန်မာ အစိုးရကိုယ်စားလှယ်များအား အိန0x081ဒိယနိုင်ငံ မှ ဘဏ်များနှင့် စိုက်ပျိုးရေးဆိုင်ရာ ဘဏ်လုပ်ငန်း များတွင် လေ့ကျင့်သင်တန်းပေး မည့် အဆိုပြုချက်များကို ကြိုဆိုခဲ့သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး တိုးမြှင့်နိုင်ရန် အလားအလာများစွာရှိသည့် အလျောက်၊ မြန်မာ-အိန0x081ဒိယ နှစ်နိုင်ငံအကြား ငွေကြေးဆိုင်ရာ အစီအစဉ်များ နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၊ ဗဟိုဘဏ် နှင့် အိန0x081ဒိယနိုင်ငံ၊ Reserve Bank တို့အကြား မကြာမီကာလအတွင်း နားလည်မှုစာချွန်လွှာ တစ်ရပ် လက်မှတ်ရေးထိုးသွားရန် နှစ်ဘက်စလုံးမှ သဘောတူညီခဲ့ကြသည်။ ဆက်လက်၍ အိန0x081ဒိယနိုင်ငံ၊ Reserve Bank သည် နှစ်ဘက်အကျိုးတူကိစ0x081စရပ်များတွင် အမြင်ချင်းဖလှယ်နိုင်ရန် ကြားခံဌာနအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၊ ဗဟိုဘဏ် နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးသွားမည်ဖြစ်သည်။ အိန0x081ဒိယနိုင်ငံ (State Bank of India) သို့မဟုတ် နှစ်ဘက်သဘောတူညီသည့် အခြားဘဏ်များနှင့် ဘဏ်လုပ်ငန်း အတွေ့အကြုံ နှင့် နည်းပညာများ မျှဝေဖလှယ်ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
၃၂။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်ဘက် စီးပွားရေးလုပ်ငန်းရှင်များအား နှစ်နိုင်ငံ အကြား ကျင်းပ ပြုလုပ်သည့် ကုန်စည်ပြပွဲများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်သွားကြရန် လက်ရှိကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများနှင့် ပတ်သက်သည့် အချက်အလက်များကို နှီးနှောဖလှယ်ပွဲများနှင့် စီးပွားရေးဆိုင်ရာ အခမ်းအနားများမှတစ်ဆင့် ဝေမျှသွားကြရန် တိုက်တွန်းခဲ့ကြပါသည်။ ယင်းကိစ0x081စနှင့် စပ်လျဉ်း၍ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် CII နှင့် UMFCCI တို့မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် အိန0x081ဒိယကုမ0x081ပဏီများ၏ ပြပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်သွားရန် ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါသည်။၃၃။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နယ်စပ်ဒေသ အနီးတဝိုက်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားလျက် နယ်စပ်တစ်လျှောက် နယ်စပ် ဈေးများဖွင့်လှစ်ရန်နှင့် ယင်းကိစ0x081စအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် နယ်စပ်ကုန်သွယ်မှု စခန်းနေရာများ၌ ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံများအား အဆင့်မြှင့်တင်သွားရန် ဆုံးဖြတ်ချက်သည် ယင်းဒေသများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအကြား ရောင်းဝယ် ဖောက်ကားမှုကို ပိုမိုလွယ်ကူချောမွေ့စေမည် ဖြစ်ကြောင်း မှတ်သား ခဲ့ကြသည်။
၃၄။ နှစ်ဖက်ခေါင်းဆောင်များသည် ယခင်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အတိုင်း တမူး-မိုရေး နှင့် ရိဒ်-ဇော်ခေါသာရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သွယ်ရေးအရာရှိ များအကြား ပြုလုပ်သည့် အစည်းအဝေးများကို ပုံမှန်ပြုလုပ်သွားနိုင်ရန် အတွက်နှစ်နိုင်ငံ အကြား နယ်စပ်ကုန်သွယ်ရေး ကော်မတီဖွဲ့စည်း သင့်ကြောင်း ညွှန်ကြားခဲ့ကြသည်။လျှပ်စစ်စွမ်းအား နှင့် စွမ်းအင်၃၅။ နှစ်နိုင်ငံအကြား စွမ်းအင်လုံခြုံမှုကဏ0x081ဍ တိုးမြှင့်နိုင်ရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ခေါင်းဆောင်နှစ်ဦးတို့က အလေးထား ပြောကြားခဲ့ကြ သည်။ ယင်းကိစ0x081စနှင့် စပ်လျဉ်း၍ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအစိုးရနှင့် အိန0x081ဒိယနိုင်ငံမှ ဂျူဘီလင့် စွမ်းအင်ကုမ0x081ပဏီတို့အကြား Production sharing Contract လက်မှတ်ရေးထိုးရန် ကိစ0x081စကိုကြိုဆိုခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အလားအလာ ကောင်းများရှိကြောင်း ကမ်းလှမ်းထားသည့် အသင့်တူးဖော်နိုင်မည့် လုပ်ကွက်များအပါအဝင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ0x081ဍနှင့် ရေနံစက်မှုကဏ0x081ဍ၏ မြစ်အောက်ပိုင်း စီမံကိန်းများတွင် အိန0x081ဒိယနိုင်ငံမှ ကုမ0x081ပဏီများအား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အားပေး တိုက်တွန်းခဲ့သည်။
၃၆။ မြန်မာနိုင်ငံတော်သမ0x081မတက ထမံသီနှင့် ရွှေစာရေးရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ အိန0x081ဒိယနိုင်ငံမှ စီမံကိန်းအသေးစိတ် အစီရင်ခံစာများပြုစုလျက်ရှိခြင်းအပေါ် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့က နည်းပညာ၊ စီးပွားရေးနှင့် လူမှု ဝန်းကျင်ကိစ0x081စရပ်များကို ထည့်သွင်းစဉ်းစားလျက် အစီရင်ခံစာပါ အချက်အလက်များနှင့် အနာဂတ်လုပ်ငန်းစဉ်များကို အပြီးသတ် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ယဉ်ကျေးမှု နှင့် ပြည်သူများအချင်းချင်း အပြန်အလှန်လည်ပတ်ရေး
၃၇။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အိန0x081ဒိယနှင့်မြန်မာ နှစ်နိုင်ငံပြည်သူများအကြား နီးကပ်သည့် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရာ၌ ယဉ်ကျေးမှုကဏ0x081ဍ၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ကြပြီး နှစ်နိုင်ငံအကြား ၂၀၁၂-၂၀၁၅ ခုနှစ်အတွက် ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ် လက်မှတ်ရေးထိုးရန်ကိစ0x081စအပေါ် ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော်ခဲ့ကြ သည်။ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ အိန0x081ဒိယနိုင်ငံ၊ အရှေ့မြောက်ပြည်နယ်များနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများအကြား ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်စေ နိုင်မည် ဖြစ်ကြောင်း မှတ်သားခဲ့သည်။
၃၈။ ထို့ပြင် အိန0x081ဒိယယဉ်ကျေးမှု ဆက်ဆံရေးကောင်စီ၊ မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီးဌာနနှင့် သီတဂူကမ0x081ဘာ့ဗုဒ0x081ဓအဖွဲ့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ International Conference on Buddhist Heritage ကျင်းပရန် ပြင်ဆင်နေမှုများကိုလည်း ကြိုဆိုခဲ့ကြပါသည်။
၃၉။ ရွှေတိဂုံစေတီတော် ပရဝုဏ်အတွင်း ကိန်းဝပ် အပူဇော်ခံမည့် ဉာဏ်တော် (၁၆)ပေ အမြင့် ရှိ ဓမ0x081မစကြာမုဒြာ သဲကျောက် ဗုဒ0x081ဓဆင်းတုတော် တစ်ဆူအား ယခုနှစ်အတွင်း လှူဒါန်းရန် အိန0x081ဒိယ ဘက်မှ ဆုံးဖြတ်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ အိန0x081ဒိယဝန်ကြီးချုပ်က ၄င်း၏ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ယင်းဆင်းတုတော် နှင့်ပုံစံတူ ဆင်းတုတော်ငယ် တစ်ဆူကို ပူဇော်ခံရန် ပေးအပ်ခဲ့သည်။ မြန်မာပြည်သူများအနေဖြင့် အိန0x081ဒိယနိုင်ငံသို့ ဘုရားဖူးခရီးစဉ်များ လာရောက်နိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးခြင်း အတွက်လည်း မြန်မာနိုင်ငံက အိန0x081ဒိယနိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။
၄၀။ အိန0x081ဒိယနိုင်ငံ ရှေးဟောင်းသုတေသန တိုင်းတာရေးအဖွဲ့မှ မြန်မာနိုင်ငံ ပုဂံမြို့ရှိ အာနန0x081ဒာ ဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား လာမည့် (၂)နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နေမှုအပေါ် ခေါင်းဆောင်နှစ်ဦးတို့က ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။
၄၁။ အိန0x081ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ တတ်သိပညာရှင်များ နှင့် ပညာရေး အဖွဲ့အစည်းများအကြား အဆက်အသွယ်များ ဖွဲ့စည်းထူထောင်ခြင်းအပေါ် ခေါင်းဆောင် နှစ်ဦးတို့က ကြိုဆိုခဲ့ကြပြီး နှစ်ဘက် သုတေသီ ပညာရှင်များအား နှစ်နိုင်ငံတွင်ကျင်းပသည့် ပညာရေးဆိုင်ရာ ကိစ0x081စရပ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အမြင်ချင်း ဖလှယ်ကြရန် တိုက်တွန်းခဲ့ကြသည်။
၄၂။ အိန0x081ဒိယ၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံ၌ တည်ထောင်မည့်ကျောင်း အတွက် အိန0x081ဒိယအစိုးရမှ ထောက်ပံ့မှုများ ပေးသွားမည့်ကိစ0x081စနှင့်စပ်လျဉ်း၍ အိန0x081ဒိယဝန်ကြီးချုပ်မှ ကြေညာခဲ့ခြင်းအပေါ် ပြည်ထောင်စု သမ0x081မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ0x081မတက ကြိုဆိုခဲ့သည်။ဒေသတွင်း နှင့် နိုင်ငံတကာကဏ0x081ဍ
၄၃။ နှစ်နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်း နှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ0x081စ ရပ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံ အကျိုးရှိမည့် နိုင်ငံတကာရေးရာ ကိစ0x081စရပ်များတွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
၄၄။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတွင် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရန် အရေးကြီး ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား ပြောကြားခဲ့သည်။ အိန0x081ဒိယ ဝန်ကြီးချုပ်မှ မြန်မာနိုင်ငံ အနေဖြင့် ဘင်းမ်စတက်အဖွဲ့၏ ဥက0x081ကဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်သွားနိုင်စေရန် ဆုမွန်ကောင်း တောင်းခဲ့ပြီး၊ အိန0x081ဒိယနိုင်ငံအနေဖြင့် လာမည့် ဘင်းမ်စတက် ထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားလိုကြောင်း အဆိုပြုခဲ့သည်။ မြန်မာနိုင်ငံမှ အာဆီယံဥက0x081ကဌ တာဝန်ထမ်းဆောင်မည့် ၂၀၁၄ ခုနှစ်၌ အာဆီယံ-အိန0x081ဒိယ ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်နိုင်ရန် နှစ်နိုင်ငံခေါင်းဆောင်များက မျှော်လင့်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် အာဆီယံ ပေါင်းစည်းရေးအစီအစဉ် (Initiative for ASEAN Integration (IAI) အောက်မှ အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ရေး နှင့် အိန0x081ဒိယနိုင်ငံ၏ အရှေ့မျှော် မူဝါဒတို့တွင် အရေးပါသော အခန်းကဏ0x081ဍမှ ပါဝင်ကြောင်း အိန0x081ဒိယဝန်ကြီးချုပ်မှ ထပ်လောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင် များသည် မကြာမီ ကျင်းပသွားမည့် အာဆီယံ-အိန0x081ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်သည့် လုပ်ဆောင်ဖွယ်ရာများကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။
၄၅။ အိန0x081ဒိယဝန်ကြီးချုပ်မှ ၄င်း နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ ရောက်ရှိ စဉ်အတွင်း နွေးထွေးလှိုက်လှဲစွာ ဧည့်ဝတ်ကျေပွန်မှုများအတွက် ပြည်ထောင်စုသမ0x081မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ0x081မတ အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။၄၆။ အိန0x081ဒိယနိုင်ငံဝန်ကြီးချုပ်မှ ပြည်ထောင်စုသမ0x081မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ0x081မတအား အိန0x081ဒိယနိုင်ငံသို့ နှစ်ဘက် အဆင်ပြေမည့်နေ့ရက်များတွင် ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ခရီးစဉ်နေ့ရက်ကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်း သွားမည်ဖြစ်သည်။ ပြည်ထောင်စုသမ0x081မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ0x081မတမှ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။(Myanmar President Office )
Monday, 21 May 2012
CNF မှ အစိုးရနှင့် သဘောတူလက်မှတ်ထိုး၍ ချင်းပြည်သူများထံ ရှင်းလင်းတင်ပြချက်
Saturday, 19 May 2012
Sunday, 8 April 2012
Monday, 23 January 2012
88,Genaration Statement In Yangon
Friday, 20 January 2012
ဗကသများ အဖွဲ့ ချုပ် တရားဝင်ရပ်တည်နိုင်ရေးအတွက် ဗဟိုစည်းရုံးရေး ကော်မတီဖွဲ့ စည်းခြင်း
၂၀၀၇ မျိုးဆက် ဗကသကို မကြာသေးမီက ထောင်မှ ပြန်လွတ်လာသူတို့နှင့် ပြန်လည် ဖွဲ့စည်းလိုက်သည်
ကိုကျော်ကိုကို၊ ဥက္ကဋ္ဌ
ကိုဒီငြိမ်းလင်း ဒု- ဥက္ကဋ္ဌ
ကိုလင်းထက်နိုင်၊ ဒု- ဥက္ကဋ္ဌ
မဖြိုးဖြိုးအောင် အတွင်းရေးမှူးတို့ဖြစ်သည်ဟု သိရသည်။ 
Friday, 13 January 2012
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
လာလည်ကြသောမိတ်ဆွေများ
မင်းက မင်း ၊ ငါ က ငါ
လူ့ဘဝ (ဆလိုင်းဆွန်ကျဲအို)
မြိုင်နန်းစံပန်းတစ်ပွင့်(ဆလိုင်းသွှအောင်)
ရင်ခုံဖော်( စီယံ )
ကျေးလက်တောတန်း(Thawn Kham))














