ဖေဖေါ်ဝါရီလ အတွင်း ချင်းပြည်နယ်သို့ ရောက်ရှိလာသော ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ချင်းအမျိုးသားပါတီမှ
ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် Pu Lal Maung Cung က ချင်းပြည်နယ်အတွက် အချက် ၇
ချက်ကို
ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က တင်ပြခဲ့သည်။
“ ကျတော်တင်ပြချိန်မရတော့လို့ သမ္မတမှ အမှတ်တရလက်ဆောင်တွေ ချီးမြှင့်
ချိန်မှာ အချက် ၇ ချက်ကို စာတမ်းနဲ့ တင်ပြခဲ့ တာပါ” ဟု ပြောသည်။
တင်ပြသည့် အချက်များမှာ
(၁) ဒီမိုကရေစီ အစိုးရ သစ် တက်လာပြီး (၂) နှစ်ကျော်ကာလ အတွင်း ယခု အကြိမ်
ဟာ
သမ္မတ၏ ပထမ ဆုံး ချင်းပြည် နယ် ခရီး စဉ်ဖြစ်ကြောင်း ၊ ချင်းပြည်နယ် ဟာ
UN က
အဆင်းရဲ ဆုံးပြည် နယ် ဖြစ်သည်ဟု သတ်မှတ်ခဲ့ကြောင်း ၊ ထို့ ကြောင့်
ယခု
သမ္မတ ခရီးစဉ်တွင်ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် ၄င်း
အဆင်း
ရဲဆုံးပြည်နယ်မှ လွှတ်မြောက်နိုင် ရေးအတွက် ၄င်း ၊ ပြည်သူလူထုက
မျှော်လင့်
ချက်ကြီးမားစွာဖြင့် သမ္မတကြီးအား ၀မ်းပန်းတသာ
ကြိုဆိုခဲ့ကြောင်း ၊ထို့ကြောင့်
အထူး အစီအစဉ်ဖြင့် နည်ပညာ နှင့် ဖွံ့ 
ဖြိုးရေး အထောက်အပံ့ များပေးရန် တင်ပြ
လိုပါတယ် ။( ဥပမာ -စိုက်ပျိုး
မွေးမြူ ရေး) ၊ လမ်းပန်းဆက်သွယ်ရေး ၊ ကျန်းမာရေး၊
ပညာရေး ၊
ဝမ်းစားဖူးလှုံရေး )
(၂) ချင်းပြည်နယ်သည် အခြား တိုင်းဒေသကြီးပြည်နယ်များနှင့်
တိုးတက်ဖွံ့ဖြိုးမှု
ယှဉ် ဘောင် တန်းနိုင်ရန် မရှိမဖြစ် လိုအပ် သော
တက္ကသိုလ်ကျောင်းအမြန် ထားရှိ
နိုင်ရေးအတွက် သတ်မှတ် ထားေ
တစ်ခုအတွင်း ရှိရမည့် အဂါင်္ရပ်
၊ လူမျိုး တစ်မျိုး ၏ လိုအပ်ချက်အနေဖြင့် အထူး အ
ခွင့်အရေး ပေးပြီး အမြန်
ဆုံး ဖွင့်လှစ် ပေးရန် အလေး နက်တင်ပြတောင်းဆိုလိုပါတယ်။
(၃) ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေး အတွက် မရှိမဖြစ်လိုအပ်သောလေယဉ်ကွင်း
ကု
ဆုံးနေရာကိုရွေးချယ် တည်ဆောက် ပေးရန် တင်ပြလိုပါတယ်။
(၄) နှစ်ပေါင်းများစွာ ချင်းအမျိုးသားနေ့ အဖြစ်ကျင်းပ ခွင့်မရသော
ဖေဖေါဝါရီ လ
(၂၀ ) ရက်နေ့ ကို CNF နှင့် အစိုးရ ငြိမ်းချမ်းရေး
သဘောတူညီချက်၊ ပြည်နယ်
လွှတ်တော်၏သဘော တူညီ ချက် ဖြင့်
ချင်းအမျိုးသားနေ့အဖြစ် ကျင်းပ ခွင့်ရရှိ
သော်လည်းတရားဝင်ရုံးပိ
ရက်အဖြစ် သတ်မှတ်ပေးရန် အလေးအနက်တင်ပြလိုပါကြောင်း ၊ထို့အပြင် ဒီနှစ်
(၆၅ ) နှစ်မြောက်
ချင်းအမျိုးသားနေ့တွင် မူလတန်း အဆင့်မှအထက်တန်းအဆင့်
ထိ
စာမေးပွဲဖြေဆိုရန် သက်ဆိုင်ရာက အမိန့်ထုထ်ထားကြောင်း ၄င်း အမိန့်အား
ချင်းအမျိုးသားများအတွက် အလွန် စိတ်ထိခိုက်စရာ ဖြစ်ကြောင်း ၊ထိုကြောင့်
ချင်းအမျိုးသားနေ့တွင် စာမေးပွဲဖြေဆိုရန် ထုထ်ထားသော ညွှန်ကြားချက်
အား
ပြန်လည်ရုပ် သိမ်းပေး ပြီး စာပေးပွဲရက်ကို ရွှေ့ပြောင်းဖြေဆိုစေရန်
ပြည်သူလူထု
ကိုယ် စားတင်ပြလိုပါတယ် ။
(၅) ဟားခါး – ထန်တလန် – ဆာဆီချောက် ဆက်သွယ်သည့် ကားလမ်းအား ပြည်
ထောင်စု
လမ်းမကြီး စီမံကိန်း အစီအစဉ်ဖြင့် တစ်နှစ်(၁)မိုင်နှုန်း ကတ္တရားခင်းခြင်း
မျိုး မဟုတ်ဘဲ ဟားခါး – ထန်တလန် ပြည်သူလူထု၏ တောင်းဆိုချက်ဖြင့်
တစ်နှစ်
အတွင်း အထူး အစီအစဉ် ဖြင့် လမ်းတိုးချဲ့ပြီး ကတ္တရာခင်းပေးရန်
တင်ပြလိုပါတယ်။
(၆) ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယ -မြန်မာ စီးပွားကုန်သွယ်ရေး
တိုးတက်ရန်
စပ်ကုန်သွယ်ရေး မြို့ အဖြစ် သက်မှတ်ပေးရန် တင်ပြလိုပါတယ်။
(၇) ချင်းပြည်နယ် တွင် ယခု နှစ် ၀မ်းစားမဖူလှုံမှု ပြသနာများကို
အချို့မြို့နယ်များ
အထူးသဖြင့် ထန် တလန်မြို့ နယ်တွင်ကြုံတွေ့နေမှုကို
ချင်းပြည်နယ် လွှတ်တော်
ကလည်းကူညီဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း သမ္မတအနေဖြင့် ၀မ်းစာတွက်
အခက်အခဲ ကြုံတွေ့  နေသော ပြည်သူများ အတွက် ကူညီ
ဖြေရှင်းပေးရန်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Sunday, 3 March 2013
သမ္မတ ဦးသိန်းစိန်ထံ Pu Lal Maung Cung က ပြည်နယ် အရေး အချက် ၇ ချက် တင်ပြ
Thursday, 28 February 2013
(၆၅) နှစ်မြောက်“ချင်းအမျိုးသားနေ့” တွင် ဒေါက်တာလျန်မှုန်းဆာခေါင်း ပြော ကြားသည့် မိန့်ခွန်း
ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရ တို့မှ ၂ဝ၁၃ ခုနှစ်
ဖေဖော်ဝါရီလ
(၂ဝ) ရက်နေ့တွင် ချင်းပြည်နယ် မြို့တော်ဟားခါး၌
ပူးတွဲကျင်းပသော (၆၅) နှစ်
မြောက် “ချင်းအမျိုးသားနေ့” တွင်
ချင်းအမျိုးသားတပ်ဦးကိုယ်စား ချင်းအမျိုးသား
တပ်ဦး၏ အဓိပတိကောင်စီဝင်
ဒေါက်တာ လျန်မှုန်းဆာခေါင်း ပြောကြားသည့်
မိန့်ခွန်း။
လေးစားအပ်ပါသော သဘာပတိကြီးများနှင့်တကွ….
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်
ကိုယ်စား
(၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့ကို
တက်ရောက်အားပေးချီးမြှင့်တဲ့ ပြည်ထောင်
စုဝန်ကြီး ဦးဝင်းထွန်း၊ ချင်းပြည်
နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း နှင့် ချင်းပြည်နယ်အစိုး
ရ ဝန်ကြီး
အဖွဲ့ဝင်များ၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ Pu Hau Khen Kham နှင့်
ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည် နယ်နှင့်
ချင်းလူမျိုးများကို ကိုယ်စား ပြုနေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စား
လှယ်များ နှင့် တကွ
(၆၅) နှစ် မြောက် ချင်းအမျိုးသားနေ့ကို
ချင်းလူမျိုးတို့ရဲ့ အမျိုးသားအောင်ပွဲနေ့
အဖြစ် ဝမ်း သာ ပျော်ရွှင်စွာ
ဆင်နွှဲနေကြတဲ့ ချင်းပြည်သူလူထုအပေါင်းတို့ ခင်ဗျား။
အခုလို ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရတို့
အတူတကွပူးပေါင်းပြီး
ပထမဆုံးကျင်းပတဲ့ “ချင်းအမျိုးသားနေ့”မှာ
ချင်းအမျိုးသားတပ်ဦးကိုယ်စား မိန့်ခွန်း မြွက်ကြားခွင့်ရတဲ့အတွက်
အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်
ကို လည်း
ချီးမွမ်းမိပါတယ်။
ဒီနေ့ဟာ ချင်းသမိုင်းမှာ အသစ်တဖန်မော်ကွန်းဝင်မည့် ချင်းလူမျိုးများရဲ့
အမျိုးသား
အောင် ပွဲနေ့ ဖြစ်ပါတယ်။ ဒီနေ့၊ ဒီနေရာ၊ ဒီအချိန်မှာ ကျင်းပတဲ့
“ချင်းအမျိုးသားနေ့”
က နှစ်ပေါင်း (၆၅) နှစ်ဆိုတဲ့ ရှည်လျားလှတဲ့
“ချင်းအမျိုးသားနေ့” သမိုင်း၊ ကြမ်းတမ်း
ခက်ထန် ချင်းလူမျိုးတို့ရဲ့
အမျိုးသားရေး လှုပ်ရှားမှုသမိုင်းကို အသစ်တဖန်ပုံဖော်
နေပါတယ်။ ဒီကမ္ဘာမှာ
ချင်းလူမျိုးများ ရှိနေသရွေ့ မိမိတို့လူမျိုးဖြစ်ခြင်းလက္ခဏာကို
အသက်နဲ့လဲပြီး ကာကွယ်ရမယ်။ ချင်းလူမျိုးတို့က မိမိတို့ရဲ့ အမျိုးသား
လက္ခဏာကို
ထိန်းသိမ်းရမယ်။ ဒါကြောင့် ချင်းလူမျိုးတို့ရဲ့ လူမျိုးဖြစ်ခြင်း
လက္ခဏာ၊ ချင်းလူမျိုးတို့ရဲ့
အမျိုးသား လက္ခဏာ တစ်ရပ်ဖြစ်တဲ့
“ချင်းအမျိုးသားနေ့” ကို ဒီကမ္ဘာမှာ ချင်းလူမျိုး
များ ရှိနေသရွေ့ ကျင်းပရမယ်။ ဒါဟာ ချင်းလူမျိုးများ မိမိတို့လူမျိုး အပေါ်ထားရှိတဲ့ သစ္စာတရားကို
ဖော်ပြတာ ဖြစ်တယ်။ ချင်းလူမျိုးတို့ရဲ့ ရှည်လျားလှတဲ့ အမျိုးသား
လှုပ်ရှားမှု
ရလဒ်ဖြစ် ပါတယ်။ ဒါကြောင့် ဒီနေ့ကျင်းပတဲ့ “ချင်းအမျိုးသားနေ့” ဟာ
ပိုပြီး
လေးနက်တယ်။ ပိုပြီး အဓိပ္ပာယ်ရှိတယ်။ ချင်းလူမျိုးတို့ရဲ့ သမိုင်းမှာ
အသစ်တ
ဖန် သမိုင်းဝင်မည့် နေ့တစ်နေ့ပဲ ဖြစ်ပါ တယ်။
ချင်းအမျိုးသားနေ့ဆိုတာ သမိုင်းရဲ့ မတော်တဆ ဖြစ်မူကြောင့် ပေါ်ပေါက်လာတဲ့
နေ့ မပာုတ်ပါဘူး။ ချင်းလူမျိုးတို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုသမိုင်းက
မွေးဖွားသန့်စင်
ပေး လိုက်တဲ့ နေ့တစ်နေ့ဖြစ် ပါတယ်။ ဒ်ီကမ္ဘာ
မျက်နှာပြင်ပေါ်မှာ လူမျိုးတမျိုး အဖြစ်
ဂုဏ်သရေ အပေါင်းနဲ့ ပြည့်ဝစွာ
နေထိုင် ခဲ့ကြတဲ့ ချင်းလူမျိုးများက မိမိတို့လူမျိုးရဲ့
အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အသုံးပြုပြီး၊ မိမိတို့ လူမျိုး
နှစ်သက် လိုလားတဲ့
နိုင်ငံရေးစနစ် ကိုရွေးချယ်ခဲ့တဲ့ နေ့ ဖြစ်ပါတယ်။
ချင်းလူမျိုးတို့က မိမိတို့လိုလားတဲ့ နိုင်ငံရေးစနစ်ကို မည်သူကမျှ အတင်း
အဓမ္မခိုင်း
စေခြင်းမရှိပဲ၊ မိမိတို့ဆန္ဒအလျောက်၊ မိမိတို့လူမျိုးရဲ့
အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်
လို့ခေါ်တဲ့ Self- determination
အခွင့်အရေးကို အသုံးချပြီး မိမိတို့ကိုယ်တိုင် လွတ်လပ်
စွာ ရွေးချယ်ပြဋ္ဌာန်း
ခဲ့တဲ့နေ့ ဖြစ်ပါတယ်။
လူမျိုးတမျိုးရဲ့ သမိုင်းမှာ မိမိတို့လူမျိုးရဲ့ အမျိုးသားကံကြမ္မာကို
မိမိတို့လူမျိုးကိုယ်တိုင်
အဆုံး အဖြတ်ပေး နိုင်တဲ့
“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (Self-determination) အခွင့်အရေး
စတင်ကျင့်သုံးနိုင် တဲ့နေ့ကို ထိုလူမျိုး တို့ရဲ့
အမျိုးသားအောင်ပွဲနေ့အဖြစ် အမြတ်တနိုး
တန်ဖိုးထားထိန်းသိမ်း ကျင်း ပနေ
ကြစမြဲပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ချင်းလူမျိုးများရဲ့
သမိုင်း မှာလည်း
မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခွင့်အရေးကို အသုံးချပြီး၊ မိမိတို့
လို
လား နေတဲ့ နိုင်ငံရေးစနစ်ကို မိမိတို့ကိုယ်တိုင် ရွေးချယ်နိုင်တဲ့နေ့ကို “ချင်းအမျိုးသား
နေ့”အဖြစ် အစဉ်တစိုက်ကျင်းပလာခဲ့တာ
နှစ်ပေါင်း (၆၅)နှစ် ကြာလာပြီဖြစ်ပါတယ်။
ချင်းလူမျိုးတို့က မိမိတို့ရဲ့
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသုံး ချပြီး ရွေးချယ် လိုက်တဲ့
နိုင်ငံ
ရေးစနစ်ဟာ“ဒီမိုကရေစီစနစ်”ဘဲဖြစ်ပါတယ်။ကျနော်တို့ ရွေးချယ်တဲ့
နိုင်ငံရေးစနစ်
ဟာ ဒီမိုကရေစီစနစ်ဖြစ်လို့ ပိုပြီး မှန်ကန်တယ်။
မွန်မြတ်တယ်။ လေးနက်တယ်။
ချင်းလူမျိုးများ အတွက် အထူးဂုဏ်ယူဘွယ်
ကောင်းလှပါတယ်။
ချင်းလူမျိုးများက မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လွတ်လပ်စွာ
ကျင့်သုံးပြီး၊ ဒီမိုက
ရေစီ စနစ်ကို ချင်းလူမျိုးများ ကျင့်သုံးမည့်
“နိုင်ငံရေးစနစ်” အဖြစ် ရွေးချယ်ခဲ့တဲ့ အမျိုးသားတော်လှန်ရေးဟာ ၁၉၄၈
ဖေဖော်ဝါရီလ (၁၉)ရက်မှ(၂၂) ရက်နေ့အထိ
ထိုစဉ်က ချင်းဝိသေသတိုင်းရဲ့
မြို့တော် ဖလမ်းမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားညီ
လာခံမှာ စတင်ခဲ့တာ
ဖြစ်ပါတယ်။ ဖလမ်းညီလာခံကို ကျင်းပဖို့ ဖန်တီး တောင်းဆို
ခဲ့တဲ့
နိုင်ငံရေးဖြစ်စဉ်ဟာ ၁၉၄၇ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့
ဆက်စပ်ခဲ့
ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပင်လုံ စာချုပ်ကြောင့်
ပေါ်ပေါက်ခဲ့
တာဖြစ် တယ်။ ပင်လုံစာချုပ်က မွေးဖွားပေး လိုက်တဲ့ ဖွဲ့စည်းပုံ
အခြေခံဥပဒေကြီး
ဖြစ်တဲ့ အတွက်ပြည်ထောင် စု စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ဖြစ်
လာလိမ့်မယ်လို့ ကျနော်တို့ တိုင်း ရင်းသားလူမျိုးများက
ကြီးစွာ မျှော်လင့်ခဲ့ပါ
တယ်။ ဒါပေမဲ့ ၁၉၄၇ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ဟာ ကျနော်တို့တိုင်း
ရင်းသားလူမျိုးများ ပင်လုံညီလာခံမှာ
မျှော်မှန်းခဲ့သ လို ဖြစ်မလာ ပဲ ပြည်ထောင်
စုစနစ်မှ သွေဖီသွားတဲ့ အားနည်း
ချက်များစွာ ပါလာခဲ့ပါတယ်။ အဓိကအားနည်း
ချက် တစ်ခုကတော့ – ပြည်ထောင်စု
လွှတ်တော်ရဲ့ အထက်လွှတ်တော် လို့ခေါ်တဲ့
လူမျိုးစု လွှတ်တော်မှာ
ပြည်ထောင်စုစနစ်အရ ပြည်နယ်တွေကို တန်းတူရည်တူ
ကိုယ်စားပြုခွင့်မပေးပဲ
တပြည်ထောင် စနစ်ကျင့်သုံးတဲ့ အင်္ဂလန်နိုင်ငံရဲ့ အထက်
လွှတ်တော် (House of
Lord) ကို ပုံတူကူးချ သွားခဲ့ ပါတယ်။
ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ရဲ့
အထက်လွှတ်တော်ကြီးကို “မြေရှင်ပဒေသ
ရာဇ် စနစ်အရ သားစဉ်မြေးဆက်
အုပ်ချုပ်ခွင့်ရှိတဲ့ ချင်းလူမျိုးထဲမှ Ram-Uk များ၊
ကချင်လူမျိုး ထဲမှ
ဒူဝါများနှင့် ရှမ်းပြည်မှ စော်ဘွားကြီးများကို
တိုက်ရိုက်စေလွှတ်
ခွင့်ရှိရမည်” ဆိုပြီး ဖြစ်ခဲ့ပါတယ်။
ကျနော်တို့ ချင်းလူမျိုးများဟာ ပဒေသရာဇ်စနစ်အရ Rum-Uk မင်းများကို
အထက်
လွှတ်တော် အတွက် တိုက်ရိုက်ခန့်အပ် စေလွှတ်တဲ့စနစ် ဖလမ်းညီလာခံမှာ
ဆန့်
ကျင်ကန့်ကွက်ခဲ့ကြတယ်။ ညီလာခံ ဒုတိယနေ့ – ဖေဖော်ဝါရီလ (၂ဝ) ရက် မှာ
ညီလာခံ တက်ရောက်ခဲ့ကြတဲ့ ချင်းပြည် နယ် ဒေသအသီးသီးမှ ပြည်သူ လူထု
ကိုယ်စားလှယ် (၅,ဝဝဝ) ကျော်ဆန္ဒမဲပေးပြီး အဆုံး အဖြတ်ပေးခဲ့ကြတယ်။
ညီလာခံ
တက်ရောက် ကြတဲ့ ကိုယ်စားလှယ် ၅၀၀၀ အနက် ကိုယ်စား လှယ် (၁၇)
ဦး ကသာ Rum-Uk
စနစ် ဆက်လက်ထားရှိ ရေးကို ဆန္ဒမဲပေးခဲ့ပြီး၊ ကျန်တဲ့ ကိုယ်
စားလှယ် (၄,၉၈၃)
ဦးက Ram-uk စနစ်ကို မလိုလားကြောင်း၊ ဒီမိုကရေစီစနစ်ကို
သာ လိုလားကြောင်း
ဆန္ဒမဲ ပေးခဲ့ကြတယ်။ ဒါကြောင့် ဖလမ်းညီလာခံမှာ – ပြည်
ထောင်စုရဲ့ အထက်
လွှတ်တော် အတွက် Rum-Uk မင်းများကို တိုက်ရိုက်ခန့်အပ်
စေလွှတ်တဲ့စနစ်ကို
စွန့်ပယ်ပြီး၊ ဒီမိုကရေစီစနစ်နဲ့အညီ ပြည်ထောင်စု လွှတ်တော်
နှစ်ရပ်စလုံးက
လွှတ်တော် ကိုယ်စားလှယ် များကို ရွေးချယ် တင်မြှောက် နိုင်ခဲ့ ပါ
တယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ သာမကပဲ ဒေသန္တရအုပ်
ချုပ်ရေး
အဆင့်မှာလည်း ဒေသန္တရအုပ်ချုပ်ရေး ဥက္ကဋ္ဌ (Circle Chairman) များကို
Rum-Uk,
Bawi Phun, Uk-Pi စတဲ့ ရိုးရာအစဉ်အလာ အုပ်ချုပ်ခဲ့တဲ့ ပဒေသရာဇ်
တွေကို
မျိုးရိုးစဉ်ဆက် မခန့်တော့ပဲ၊ ပြည်သူလူထုက ဒီမိုကရေစီနည်းကျကျ
ရွေးချယ်
တင်မြှောက်တဲ့စနစ် ကို တောင်း ဆိုရယူခဲ့ပါတယ်။ ချင်းလူမျိုးများက
ဒီမိုကရေစီစနစ်ကို မိမိတို့လူမျိုး လက်ခံကျင့်သုံး မည့် နိုင်ငံရေး
စနစ်အဖြစ်
“ရွေးချယ်” ခဲ့တဲ့နေ့ကို “ချင်းအမျိုးသားနေ့” အဖြစ် ယနေ့တိုင်ကျင်းပလာခဲ့ခြင်း
လည်း ဖြစ်ပါတယ်။
ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ကြည့်ချင်းအားဖြင့်ချင်းအမျိုးသားနေ့
နှင့် “ဒီမိုကရေစီစနစ်” ဆိုတာ ခွဲခြားလို့မရတဲ့
ဖွားဖက်တော်တွေ ဖြစ်တယ်ဆိုတာ
တွေ့နိုင်ပါ တယ်။ ဒါကြောင့်
ကျနော်တို့ချင်းလူမျိုးများရဲ့ သမိုင်းမှာသော်လည်း
ကောင်း၊ ပြည်ထောင်စု
ကြီးရဲ့ သမိုင်းမှာ သော်လည်း ကောင်း၊ ဒီမိုကရေစီစနစ်ကို
ဆန့်ကျင်
ကန့်ကွက်တဲ့ အင်အား စုများ အာဏာရရှိတိုင်း “ချင်းအမျိုးသားနေ့” ကို
လွတ်လပ်စွာ ကျင်းပခွင့်မပေးခဲ့ပါဘူး။ ဒီမိုကရေ စီစနစ် ကို
ဖိနှိပ်ချုပ်ချယ်သည်နှင့်
အမျှ “ချင်းအမျိုးသားနေ့” ကျင်းပခွင့်ကိုလည်း
ပိတ်ပင်ဟန့်တားခဲ့ပါ တယ်။
ဒါကြောင့် တပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်အောက်မှာ
ပြည်ထောင်
စုကြီး ရေတိမ် နစ်ခဲ့ပြီး၊ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းခဲ့တဲ့
ကာလတလျှောက်လုံး
“ချင်းအမျိုးသားနေ့ ကိုလည်း ချင်းပြည်နယ် အတွင်းမှာ
ကျင်းပခွင့် မရရှိခဲ့ပါဘူး။
အာဏာရှင်စနစ်ကို အန်တု တော်လှန်ရဲတဲ့
တက္ကသိုလ်ကျောင်းသား များ၊ ချင်း
ကျောင်းသား များ က ရန်ကုန်တက္ကသိုလ် နှင့်
မန္တလေး တက္ကသိုလ်ပုရဝဏ်
အတွင်းမှာ ကျင်းပ ခဲ့ကြတယ်။ ဒါကြောင့် လွန်ခဲ့တဲ့
နှစ်ပေါင်း (၅ဝ) ကျော်နီး
ပါးသော ကာလ အတွင်း “ချင်းအမျိုးသားနေ့”
ကျင်းပခြင်းကို အာဏာရှင်စနစ်
ဆန့်ကျင် အန် တုခြင်းနှင့်
ဒီမိုကရေစီအရေးတော်ပုံကြီး ဆင်နွှဲခြင်းတရပ် အဖြစ်
ကျနော်တို့
ခံယူပြီးကျင်းပ ခဲ့ပါ တယ်။ ချင်းပြည်နယ်အတွင်း “ချင်းအမျိုးသားနေ့”
ကျင်းပခွင့် မရရှိခဲ့လို့ ချင်းအမျိုးသားတပ်ဦး ရဲ့ တော်လှန်ရေး စခန်း
အသီးသီး၊
တောထဲ တောင်ထဲမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါတယ်။ တိုင်းတ
ပါးကို ဒုက္ခ
သည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်စခန်းတွေမှာ
ကျင်းပခဲ့
တယ်။ ကမ္ဘာ တဝှမ်းမှာရှိတဲ့ ချင်းလူမျိုးများနေထိုင်ရာ
နိုင်ငံခြားတိုင်းပြည် အသီး
သီးမှာ ကျင်းပ ခဲ့ကြ တယ်။
ဒါကြောင့် ချင်းအမျိုးသားတပ်ဦးနှင့်ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲ
လုပ်တုန်း က ဖေဖော်ဝါရီလ ၂၀ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်
တရားဝင် ပြန်
လည်ကျင်းပခွင့်ပေးရန် မရမက တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့၊ ဒီ
နေရာ၊ ဒီအချိန်မှာ “ချင်းအမျိုးသားနေ့” ဟာ
ချင်းပြည်ကို ပြန်လာပြီလို့ ကြေညာ
ချင်ပါတယ်။ Chin Miphumpi Ni Chinram
chung ah arak kir tthan cang. Ni hin
Chinram khualipi Haka khua chung ah
tuah asi cang. Nan ni lawm maw? အာဏာစနစ် အောက်မှာ နှစ်ပေါင်း(၅၀)နီးပါး
ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်
အတွင်း မှာ ကျင်းပခွင့် မရရှိခဲ့ပေမဲ့
ရာစုနှစ်တ၀က် နီးပါးကြာမှ အခုလို ချင်းပြည်
နေဟားခါးမြို့မှာ ပြန်
လည်ကျင့်ပခွင့် ရတာဖြစ်ပါတယ်။
ချင်းအမျိုးသားနေ့ ချင်းပြည်ကို ပြန်လာနိုင်တဲ့အလျောက် ဒီမိုကရေစီလည်း
ချင်း
ပြည်နှင့် တကွ ပြည်ထောင်စုကြီးဆီသို့ ပြန်လာတော့မယ်။ ဒီမိုကရေစီစနစ်
ပြည်
ထောင်စုကြီးထဲ မှာ ပြန်လည်ရှင် သန် နိုင်ရေးအတွက်
နိုင်ငံရေးတံခါးဖွင့်ပေးတဲ့
သမ္မတဦးသိန်းစိန်အစိုးရကို
ချင်းလူမျိုးများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ပါ
တယ်လို့ ဒီနေရာက
ပြောကြားချင် ပါတယ်။
“ချင်းအမျိုးသားနေ့” ချင်းပြည်ပြန်လာပြီး အခုလို ချင်းပြည်နယ်
ဟားခါးမြို့တော်ကြီး
မှာ ချင်းအမျိုး သားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရတို့
ပူးတွဲကျင်းပနိုင်ဖို့ ငြိမ်းချမ်း
ရေးလမ်းစ ဖွင့်ပေးလိုက် တဲ့
“ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့” မှ
ဝန်ကြီးဦးအောင်မင်း၊
ဝန်ကြီးဦးဝင်းထွန်း နှင့် အဖွဲ့ဝင်အားလုံးကိုလည်း ကျေးဇူး
တင်ပါတယ်လို့
ပြောကြား ချင်ပါတယ်။
ဒါတင်မကဘူး ပြည်ထောင်စုသမ္မတကြီး ကိုယ်စား
ချင်းအမျိုးသားအောင်ပွဲနေ့
အခမ်းအနား သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး
အားပေးကြတဲ့ ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းထွန်း ကို ချင်းအမျိုး သားတပ်ဦး
ကိုယ်စား အထူးကျေးဇူးတင် ပါ
တယ်လို့ ပြောကြားချင်ပါတယ်။ လူကြီးမင်း ဒီ
စင်မြင့်ပေါ် မှာ ထိုင်နေရတာ သာ
မန်အစည်းအဝေး တရပ်မှာ ထိုင်နေရတာမျိုးနဲ့
မတူပါဘူး။ ချင်းလူမျိုးတို့ အမြတ်
တနိုး တန်ဖိုးထားတဲ့
ချင်းအမျိုးသားအောင်ပွဲနေ့ရဲ့ စင်မြင့်ပေါ်မှာ ထိုင်နေ ရတာ
ဖြစ်တဲ့အတွက်
ချင်းအမျိုးသား တရပ်လုံးရဲ့ နှလုံးသားမှာ နေရာယူပြီး ထိုင်နေကြ
ပါတယ်လို့
ခံစားစေချင်ပါတယ်။ပါလီမန်ဒီမိုကရေစီ ခေတ်တုန်းက“ချင်းအမျိုးသား
နေ့” ကို
ချင်းလူမျိုး များနှင့် လက်ချင်းတွဲပြီး ရင်းရင်းနှီးနှီး ဆင်နွှဲနိုင်ဖို့
ချင်းပြည်ကို
ကိုယ်တိုင်ကိုယ်ကြ တက်ရောက် အားပေး ခဲ့တဲ့ သမ္မတကြီး
စဝ်ရွှေသိုက်နှင့်
ဝန်ကြီးချုပ်ဦးနုတို့ကို ချင်းတမျိုးသားလုံးက ယနေ့ထိ
တိုင် မမေ့ နိုင်ပဲ တသသ
အောင်းမေ့သတိရခဲ့ကြသလို၊ လူကြီးမင်းတို့ကို
ချင်းပြည်သူလူထု တရပ်လုံးက
မမေ့ပါဘူး။ ချင်းလူမျိုးများရဲ့ အမျိုးသားရေး
လှုပ်ရှားမှု သမိုင်းမှာ လူကြီးမင်းတို့ရဲ့
နာမည်ကို အစဉ် အမြဲကမ္ဗည်းထိုး
မှတ်တမ်းတင်သွားမယ်လို့ လှိုက်လှဲစွာ
ပြောကြား ချင်ပါတယ်။
ပြီးတော့ “ချင်းအမျိုးသားနေ့” နှစ်ပေါင်း ငါးဆယ်ကျော်ကြာမှ အခုလို
ချင်းပြည်ကို
ပြန်လာ နိုင်တဲ့ အချိန်မှာ အခုလို စည်ကားသိုက်မြိုက်စွာနဲ့
ဒီနေ့၊ ဒီနေရာ၊ ဒီအချိန်မှာ
ချင်းလူမျိုးတို့ရဲ့ မြို့တော် ဟားခါးမြို့မှာ
ချင်းအမျိုးသားတပ်ဦးနှင့် လက်တွဲပြီး ပူးပေါင်း
ကျင်းပ ခွင့်ပေးတဲ့
ချင်းပြည်နယ် ဝန်ကြီးချုပ် ပူးဟုန်ငိုင်း ကိုလည်း အထူး ကျေးဇူး
တင်ရှိပါတယ်။
ဒါဟာ ကျနော်တို့ ချင်းအမျိုးသားများအကြား အချင်းချင်းပူးပေါင်းရေး
လမ်းစပဲဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ချင်းလူမျိုးများ အတွက်၊ ချင်းပြည်နယ်
အတွက်၊
ပြည်ထောင်စုကြီးအတွက် လက်တွဲဆောင်ရွက်သွားကြရအောင်လို့
ဖိတ်ခေါ်ပါတယ်။
အခုလို “ချင်းအမျိုးသားနေ့” ကို ချင်းပြည်ပြန်လာပြီး၊
ချင်းတမျိုးသားလုံး ဝမ်းမြှောက်
ဝမ်းသာစွာ ကျင်းပ နေတဲ့ အချိန်မှာ –
ချင်းပြည်သူတို့ကိုယ်စား ပြည်ထောင်စု
သမ္မတကြီး ဦးသိန်း စိန်၊ ပြည်ထောင်
စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုး
သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊
ပြည်ထောင်စုတပ်မတော်ရဲ့ ကာကွယ်
ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်တို့ကို ဒီနေရာကနေ နှုတ်
ခွန်းဆက် စကား ပြောကြားလိုပါတယ်။
သမ္မတကြီးနှင့်တကွ နိုင်ငံတော်အကြီးအကဲများ ခင်ဗျား …
ဒီနေ့၊ ဒီအချိန်ဟာ ကျနော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့
အကောင်း
ဆုံး အချိန် ကာလ ဖြစ်ပါတယ်။ နှစ်ပေါင်း (၆၅) နှစ်ကြာပြီဖြစ်တဲ့
ပြည်ထောင်စု
သမိုင်းကို ပြန် ကြည့်ပါ။ ဒီနေ့ ဒီအချိန်လို ပြည်ထောင်စုသမိုင်းတလျှောက်မှာ ငြိမ်း
ချမ်းရေး တည်ဆောက် ဖို့ အလားအ လာကောင်း တဲ့အချိန့်၊
အခွင့်အရေးကောင်း
တဲ့အချိန် တခါမှမပေါ်ဖူး သေးပါ ဘူး။ နှစ်ပေါင်း (၆ဝ)
ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်း
စစ်ကို အဆုံးသတ်ဖို့ အကောင်းဆုံးကာလဖြစ်ပါတယ်။ ပြည်ထောင်စုဖွားတိုင်းရင်း
သားလူမျိုး အချင်းချင်း၊ ဗမာ့တပ်မတော်
နှင့် တိုင်းရင်းသား တပ်မတော်များအကြား
အချင်းချင်း တိုက်ခိုက်သတ်ဖြတ်တဲ့
ပြည်တွင်းစစ်ကြီးကို အမြန်ဆုံး အဆုံးသတ်ဖို့
အကောင်းဆုံး ကာလဖြစ်တယ်။
ကျနော်တို့ တိုင်းရင်းသားလူမျိုးအားလုံးက ငြိမ်း
ချမ်းရေးကို လိုလားတယ်။
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မျက်နှာချင်းဆိုင်
တွေ့
ဆုံဆွေးနွေးပြီး အဖြေရှာချင် ပါတယ်။ ဒါကြောင့် အနှစ် (၆ဝ) ပြည်တွင်းစစ်ကို
အဆုံးသတ်ပြီး ဒီနေ့ဒီအချိန်မှာ ငြိမ်းချမ်းရေးကို အတူတ ကွ လက်တွဲတည်ဆောက်
သွားကြရအောင်လို့ ဖိတ်ခေါ် ကမ်းလှမ်းချင်ပါတယ်။
သမ္မတကြီး နှင့် နိုင်ငံတော်အကြီးအကဲများ ခင်ဗျား…
ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်သို့ ပြည်တော်ပြန်ခွင့်ပေးသလို၊
ချင်းအမျိုးသား
နေ့ရဲ့ ဖွားဖက်တော် ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကိုလည်း
ဒီတိုင်းပြည်သို့ ပြန်လာခွင့်ပြု
ပြီး၊ ပြည်ထောင်စု ကြီးထဲမှာ အစွမ်းကုန်
ပွင့်လန်းရှင်သန်ခွင့် ပေးကြပါလို့ တောင်း
ဆိုချင်ပါတယ်။ ဒီမိုကရေစီနှင့်အတူ
ကျနော်တို့ တိုင်းရင်းသား လူမျိုးများ နှစ်ပေါင်း
(၆ဝ) ကျော် လက်နက်
ကိုင်တောင်းဆိုနေတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
အခွင့်အရေး
တို့ကိုလည်း တိုင်းရင်းသားလူမျိုးများရဲ့ မွေးရာပါ အခွင့်အရေးအဖြစ်
ပြန်ပေးကြပါတော့လို့ လေးနက်စွာတောင်းဆိုချင် ပါတယ်။ ဒီမိုကရေစီရေး၊
တန်း
တူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တို့ကို တိုင်းရင်းသားလူမျိုးများ
အပြည့်အဝခံစားခွင့်
ရရှိရေးရေး အတွက် တခုတည်းသော နည်းလမ်းမှာ
ဒီတိုင်းပြည်ကြီးကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ပြန်လည်
တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဒီမိုက
ရေစီရေး၊ တန်းတူရေးနှင့်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တိုင်းရင်းသားလူမျိုးများ
အပြည့်အဝခံစားခွင့် ရရှိမှသာ ဒီပြည်ထောင်စု ကြီး အတွင်း
တိုင်းရင်းသားလူမျိုး
ပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင် နိုင်ကြ
မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ
တိုင်းပြည်ကြီးကို စစ်မှန်သော ဖက်ဒရယ်
ပြည်ထောင်စုကြီးအဖြစ် လက်တွဲပြီး
ပြန်လည်ထူထောင် သွားကြရအောင်လို့
ဖိတ်ခေါ်ကမ်းလှမ်း ချင်ပါတယ်။ ဒီစကား
ကို ချင်းအမျိုးသား တပ်ဦး ကိုယ်စား၊
ချင်းလူမျိုးများရဲ့ ကိုယ်စား၊ ချင်းအမျိုးသားနေ့
စင်မြင့် ပေါ်ကနေ
လှိုက်လှဲစွာ ဖိတ်ခေါ် ကမ်းလှမ်း ပြောဆိုနေခြင်းပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက်၊ ဒီတိုင်းပြည်ကြီး
ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကျနော်တို့ အားလုံး လက်တွဲပြီး
ဆောင်ရွက်သွားကြရအောင်။ ဒီတိုင်းပြည်ကို ငြိမ်း
ချမ်း စေချင်ရင်၊ ဒီ တိုင်း
ပြည်ကြီးကို ဖွံ့ဖြိုးတိုးတက်စေချင်ရင် ပထမဦးဆုံးအနေဖြင့်
အနှစ် (၆ဝ)
ပြည်တွင်းစစ်ကို အမြန်ဆုံး အဆုံးသတ် ကြရအောင်။ အနှစ် (၆ဝ)
ပြည်
တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေချင်ရင် ဒီတိုင်းပြည်ကို
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျနော်
တို့ တိုင်းရင်းသား လူမျိုးများ
ပင်လုံညီလာခံ မှာ မျှော်မှန်းခဲ့တဲ့ အတိုင်း စစ်မှန်
သောဖက်ဒရယ်
ပြည်ထောင်စုစနစ်ဖြင့် ပြန် လည်ထူထောင် သွားကြရအောင်။
ဒီပြည်ထောင်စုကြီးကို
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ပြန်လည် ထူ
ထောင်ပြီး၊ ဒီမို
ကရေစီရေး၊ တန်းတူရေးနှင့် တိုင်းရင်းသား လူမျိုးများရဲ့
ကိုယ်ပိုင်ပြ
ဋ္ဌာန်းခွင့် ရရှိရေး ကို အာမခံ ချက်ပေးနိုင်တဲ့ နေ့ဟာ
ဒီတိုင်းပြည်မှာ ဖြစ်ပွားနေတဲ့
အနှစ် (၆ဝ) ပြည်တွင်း စစ်ကို အဆုံးသတ်နိုင်
တဲ့နေ့ ဖြစ်ပါ လိမ့်မယ်။ ဒါကြောင့် စစ်
မှန်သော ဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်ပြီး ဒီပြည်တွင်းစစ်ကြီးကို အ
မြန်ဆုံး ချုပ်ငြိမ်းကြရအောင်။
စစ်မှန်သော ပြည်ထောင်စုစနစ်နဲ့ ဒီတိုင်းပြည်ကြီးကို
ပြန်လည်ထူထောင်နိုင်မှသာ
ကျနော်တို့ ချင်းလူမျိုး များလည်း ကျနော်တို့ရဲ့
အမိ ချင်းပြည်အတွင်းမှာ ချင်းအမျိုး
သားနေ့ ကို ဒီနေ့ ဒီနေရာမှ ကျင်းပ
သလို၊ဆက်လက်ပြီး နောင်ကမ္ဘာတည်သရွေ့
ငြိမ်းချမ်း သာယာစွာ အစဉ်အမြဲ ကျင်းပ
သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကမ္ဘာမှာ ချင်း
လူမျိုးများ ရှိနေသရွေ့၊
ချင်းပြည်အတွင်းမှ ချင်းလူမျိုးများ ရှိသရွေ့၊ ချင်းအမျိုး
သားနေ့ကို
မိမိတို့ရဲ့ မွေးရပ်မြေ၊ ဘိုးဘွားပိုင်မြေ ဖြစ်တဲ့ ချင်းပြည်ထဲမှာ ယခုလိုဘဲ
လွတ်လပ်စွာ၊ ငြိမ်းချမ်းသာယာစွာ အစဉ်အမြဲကျင်းပ နိုင်ပါစေလို့
ဆုတောင်းရင်း
နိဂုံးချုပ်အပ်ပါ တယ်။
Thursday, 14 February 2013
Tuesday, 12 February 2013
ချင်းအမျိုးသားတပ်ဦး၊ အဓိပတိကောင်စီဝင် ဆလိုင်းကိစ်ခိုလျှန်း ပင်လုံစိတ်ဓါတ် မိန့်ခွန်း
ဇန္နဝါရီလ (၁ဝ) ရက်နေ့ ယနေ့နံက် (၁၁)
နာရီတွင်ရန်ကုန်မြို့ တော်ဝင်နှင်းဆီ
ခန်းမတွင် ကချင်ဒေသစစ်ပွဲများ ရပ်ဆိုင်းပေးရန်
ဆန္ဒထုတ်ဖော်ပွဲ အစီအစဉ်ကို
ကျင်းပစဉ် ချင်းအမျိုးသားတပ်ဦး၊
အဓိပတိ ကောင်စီဝင်၊ ဆလိုင်းကစ်(ခို)လျန်
ပြောကြားသောမိန့်ခွန်း။
အသံဖိုင် https://dl.dropbox.com/u/7921504/Panglong%20Speech.mp3
ပြောကြပါတယ်။ အပေးအယူလုပ်တယ်ဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။
ဗိုလ်ချုပ်အောင်ဆန်းက အပေးအယူတွေ လုပ်ခဲ့တယ်။ ဘာဖြစ်လို့လုပ်ခဲ့တာလဲ။
ယာတဲ့ နိုင်ငံ၊ ဒီလောက် ချမ်းသာတဲ့ နိုင်ငံဟာ ခေါင်းဆောင်မှု မမှန်ကန် ညီညွတ်
ရေး တွေ ပျက်ပြား သွားနိုင်တဲ့ အန္တရယ်တွေလည်းပြည့်နေပါတယ်၊ အထဲမှာ၊ အချိန်မရွေးပေါက်ကွဲ နိုင်တယ်၊ ထပြီးချနိုင်တယ်၊ လူသတ်ပွဲ တွေဖြစ်နိုင်တယ်၊
သွေးချောင်း တွေတွင် တွင် စီးသွားနိုင်တယ်၊ ဒါကို ဗိုလ်ချုပ်ကသိတယ်။ အဲဒီလို
မဖြစ်ရအောင်၊ တသက် လုံး မ ဖြစ်ရအောင် ထာဝရ ငြိမ်းချမ်းနိုင်အောင်၊ သူချစ်
တဲ့ ဗမာ လူမျိုးတွေရော၊ ကျနော်တို့တိုင်းရင်းသားတွေရော ငြိမ်းငြိမ်းချမ်းချမ်းနဲ့
ချစ်ချစ်ခင်ခင် ထာဝရ ပေါင်းသင်း နေထိုင်နိုင်အောင်ဆိုပြီးတော့ ပင်လုံမှာ အခိုင်
အမာ ငြိမ်းချမ်းရေးရဲ့ အုတ်မြစ်ကိုချခဲ့ပါတယ်။ အဲဒီတော့ ဒီနေ့တချို့ကပြောတယ်
အင်္ဂလိပ်ကသွေးခွဲလို့ ပြည်တွင်း စစ်ဖြစ်ရ ပါ တယ် တဲ့။ နယ်ချဲ့ဘယ်မှာတုံး၊
နှစ်ပေါင်း ၆ဝ နယ်ချဲ့မရှိဘူး။ အင်္ဂလိပ်ထွက်သွားတာကြာလှပါပြီ၊
အဲဒါကိုပဲ အင်္ဂလိပ်ကိုလက်ညှိးငေါက်ငေါက် ထိုး နေတုံး ရှိသေးတယ်။ ပင်လုံက
နေခွဲထွက် ခဲ့ကြတဲ့ ကိုယ့် အပစ်ကို မရှာဘူး။ ပင်လုံစာချုပ် ကိုဖတ် ကြည့်ကြ ပါ။
သေခြာပြန်လည်လေ့လာကြပါ။ ပြန်လည်ဖေါ်ထုတ်ကြပါ။ လူတွေက ပင်လုံစိတ်
ဓါတ်၊ ပြည်ထောင်စု စိတ် ဓါတ် ဆိုတာကို အလွယ်တကူပြောတတ်ကြတယ်၊လေ
ထဲမှာ ပြောတတ်ကြတယ်။ ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ လေ
ထဲမှာမရှိဘူး။ ပင်လုံ ကိုအခိုင်အမာ အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။ သူ့အထဲမှာ
ပါတဲ့ ဒီမိုကရေစီသဘောတရားတွေ၊ ပြည်ထောင်စုရဲ့ သဘော တရားတွေ ပင်
လုံစာချုပ်ထဲမှာ အကုန် လုံးပါတယ်။ ဒါတွေကိုနှစ်နှစ်ကာကာ ယုံကြည်မှ ကျနော်
တို့မှာ ပင်လုံစိတ်ဓါတ်၊ ဒီမိုကရေစီ စိတ်ဓါတ်၊ ဖက်ဒရယ် စိတ်ဓါတ်ဆိုတာ
ကျနော်တို့ နှလုံးသားထဲမှာ အခိုင်အမာ အမြစ်တွယ်လာမှာ ဖြစ်တယ်။ ဒီတော့
လေထဲမှာ စကားလုံး သက်သက်နဲ့ ဖေါင်လောက် အောင် ပြောနေ လို့ဖြစ်လာ
မှာ မဟုတ် ပါဘူး။
ပေါင်း ၆ဝ ကာလမှာ ဘယ် လို ဖေါ်ဆောင်ခဲ့ကြသလဲ။ ခုနက ကိုမင်းကိုနိုင်ပြော
သလို ကြက်တွေငှက်တွေကစ သူတို့ ကချင်ပြည်ကို ရောက်သွားတော့ဝမ်းသာ
ကြတယ်ဆိုသလိုပဲ၊ ဗမာတပ်လာပြီ ဆိုတာနဲ့ ကြက်တွေငှက်တွေကစ ပြေးရ
တော့မယ် ဆိုတာသိတယ်၊ ဒီတော့ ပြည်ထောင်စု ကို အကြောက်တရားနဲ့တည်
ဆောက်ခဲ့တာပဲ။ တိရိစ္ဆာန် တွေ ကတောင်သိနေတယ်။ သိတယ်၊ ဗမာတပ်လာတာ
နဲ့ ဘာတွေဖြစ်တော့မယ်ဆိုတာ သိနေကြတယ်။ ပြည်ထောင်စုကြီးကို ဒီလိုတည်
ဆောက်လို့မရပါဘူး။ ဟောတခါ ကျနော်သဘောကျတာ က သိန်းပေါင်း ၃ဝ
လောက်တန်တဲ့ ဗုံးတွေ ကျဲသတဲ့။ သိန်းပေါင်း သောင်း နဲ့ ချီပြီးကုန်သတဲ့။
ကချင်ပြည်မှာ။ ဒီတော့ နှစ်ပေါင်း ၆ဝ နဲ့ တွက် လိုက်လို့ ရှိရင် ငွေတွေဟာ မီလျံ၊
ဘီလျံ၊ ထြီလျံလောက် မကကုန်သွားပါပြီ။ ဒါပေမဲ့ ပြည်ထောင်စုကြီး ကို အောင်
အောင် မြင်မြင်နဲ့ထူထောင် နိုင်ခဲ့ သလား။ လူတွေလည်း သောက်သောက်လဲ
သေခဲ့ကြရတယ်။ တိုင်းပြည်ရဲ့ သားကောင်း ရတနာ တွေလည်း အလဟသ
ဆုံးရှုံးခဲ့ ကြရပါတယ်။ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ် ဆုံးရှုံးမှု က
လည်း သောက် သောက် လဲပါပဲ။ မရပါဘူး။ ချမ်းသာတဲ့ ငြိမ်းချမ်းတဲ့၊ စည်းလုံး
တဲ့ပြည်ထောင်စုကြီး မပေါ်ထွန်း ခဲ့ပါဘူး။
ခေါ်ချင်တယ်။ အလေး အနက် ဖိတ်ခေါ်ချင်တယ်။ ပင်လုံမှာ ဘာရှိသလဲ။ ပင်လုံမှာ
ငြိမ်းချမ်းရေးရှိပါတယ်။ ပင်လုံမှာ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှုတွေရှိပါတယ်။
ပင်လုံမှာ အပြန်အလှန်ယုံကြည်မှုတွေရှိပါတယ်။ ပင်လုံမှာ အပြန်အလှန် လေးစား
မှု တွေ ရှိပါတယ်။ ပင်လုံမှာ ဗိုလ်ချုပ်အောင်ဆန်း ကသေနပ်တချက်မဖေါက်ပဲ၊
သွေးမြေ တစက် မကျပဲ ခေတ်သစ်ပြည်ထောင်စုကြီးကို အောင်အောင်မြင်မြင်
အုတ်မြစ်ချပြီး ထူထောင်နိုင်ခဲ့ပါတယ်။
နဲ့ နဲနဲလေး ဖတ်ပြ ချင်ပါ တယ်။ အားနာပါးနာလို့ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကရိုင်းရိုင်းလေးပြောခဲ့တဲ့စကားမို့ပါ။ အားလုံး က လည်း စကားလေးကိုတော့ မှတ်
မိကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဖြစ်မယ် ဆိုတာ ကိုမမှတ်မိကြဘူး။ မေ့နေကြ
တယ်။ ဗိုလ်ချုပ်ပြောသွားတာက “တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူ
ပြည်သား လူထု ညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး၊
ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရက လုပ်လုပ်၊ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့
မျက်နှာချိုသွေးရ နဲ့ ဖါ သယ် လို နိုင်ငံမျိုးဖြစ်နေမှာဖြစ်ပါတယ်၊ ကျုပ်ပြောချင်
တယ်။” ဘာကြောင့် ဖာသယ်လိုနိုင်ငံမျိုးဖြစ်မှာလဲ။ ဘယ်လိုဆိုရင်ဖြစ်မှာလဲ။
မညီညွတ်ရင် ဖြစ်မှာ၊ ဒီတော့ ဘယ်လိုဆိုရင် ညီညွတ်ရေးတွေပျက်ပြားမှာလဲ။
ပင်လုံကိုသစ္စာဖေါက်ရင် ညီညွတ်ရေးတွေ ပျက်ပြားမယ်၊ ဗိုလ်ချုပ်အောင်ဆန်းကို
သစ္စာ ဖေါက်ရင် မညီမညွတ် တွေဖြစ်လာမယ်။ ဖါသယ် နိုင်ငံ လိုဖြစ်သွားမယ်။
ဗိုလ်ချုပ်အောင်ဆန်းက ကြိုတင်ပြီးတော့ ဟော ကိန်း ထုတ်ထားခဲ့တယ်။
ကြရမယ်ဆိုတာ ကို သူ ကြိုတင် ပြီးတော့ သိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို
visionary တယောက်၊ အဝေးကြီးကို တမျှော်တခေါ် မြင်နိုင်တဲ့ ခေါင်းဆောင်
မျိုးဆိုတာ လူမျိုးတမျိုးမှာ နှစ်ပေါင်း တထောင်မှာ တယောက်ပဲ ပေါ်ထွန်း လေ့
ရှိပါ တယ်။ အင်မတန်မှ ရှားပါးတဲ့ခေါင်းဆောင်မျိုးဖြစ်ပါတယ်။ အာရှတခွင်မှာ
လည်းသူလို ပုဂ္ဂိုလ် မျိုးမရှိပါဘူး။ ကမ္ဘာ မှာလည်း အင်မတန်ရှားပါးပါတယ်။ ဒါကိုကျနော်တို့မေ့ထားလို့မရပါဘူး။
တွေ့ကြပါစို့လို့ အလေး အနက် ဖိတ်ခေါ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Friday, 8 February 2013
ချင်းက ဘယ်တုန်းကမှ ဗမာတွေရဲ့ လက်အောက်မှာ မနေခဲ့ဘူး
ဧရာဝတီ - ဒါဆို အစိုးရက ဘာလုပ်နိုင်မလဲ။
ဦးခွန်လိန်း - နယက ခေတ်က လက်ဘက်ပင် ရှိရမယ် ဆိုတဲ့ စီမံချက် ရှိတယ်၊
ဧရာဝတီ - အောင်မြင်နိုင်မယ့်နည်းလမ်း မရှိဘူးလား။
ဦးခွန်လိန်း - အောင်မြင်နိုင်ဖို့ အတော်ခက်တယ်။
ဧရာဝတီ - ဒါဆို အစိုးရက ဘာလုပ်ပေးနိုင်မလဲ။
ဦးခွန်လိန်း - နံပတ်တစ်အနေနဲ့ အစိုးရ လုပ်ပေးရမှာက ထွက်ကုန်ရှိသည်ဖြစ်စေ
ဦးနေ၀င်းလက်ထက်မှာ ဘာပြောလဲ၊ ချင်းတောင်က ဘာမှ မထွက်ဘူး၊ စစ်သားဘဲ
ဧရာဝတီ - စောစောက ပြောတဲ့ လမ်းကောင်းရမယ် ဆိုတော့ လမ်းကောင်းရင်
ဘာလုပ်မလဲ။
ဦးခွန်လိန်း - လမ်းကောင်း၊ ဆက်သွယ်ရေးကောင်းလာရင် ကျန်တဲ့ဟာတွေက အလိုလိုဖြစ်လာမယ်လေ။ ကျနော်တို့ဆီမှာ သူ့ဒေသနဲ့သူ စိုက်နိုင်တာတွေ အများ
ကြီးရှိတယ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ရခါးသီး ... .အသီးအနှံ
တွေအားလုံး အကုန်ဖြစ်တယ်၊ အဲဒါတွေကို ပို့ဖို့ လမ်း မရှိဘူး။
ကျနော်မွေးတဲ့ရွာမှာ ဆိုရင် သစ်တော်သီးက အလျှံအပယ်ပဲ၊ ဒါပေမယ့် ရောင်းဖို့နေ
ရာ၊ ဈေးကွက် မရှိဘူး။ ဒီတော့ သစ်တော်သီးက အလိုလို ကြွေကျသွားတယ်၊ လူ
မပြောနဲ့ ၀က်တောင် မစားဘူး၊ အဲဒီလိုအခြေအနေ ရှိတယ်။ နည်းပညာလည်း
ကျနော်တို့မှာ မသိတဲ့အတွက်ကြောင့်၊ ကျနော်တို့လည်း မစားချင်တော့ဘူး ဆိုတော့
ဒီအပင်တွေက အသုံးမကျတဲ့အပင်တွေ ဖြစ်သွားတယ်။
ချင်းပြည်နယ်မှာ သူ့မြေနဲ့ကိုက်တဲ့ လိုက်တဲ့ အသီးအနှံအမျိုးမျိုး စိုက်မယ် ဆိုရင် ..
ဥပမာ စပျစ် အရမ်းဖြစ်တယ်၊ ကျန်တာတွေလည်း ဖြစ်နိုင်တာတွေ အများကြီးရှိ
တယ်။
ဒေသနဲ့ကိုက်တာကို အစိုးရက စိုက်ခွင့်ပေးမယ် ဆိုရင် ဒီဒေသ မတိုးတက်စရာ
အကြောင်း မရှိဘူး။ ကားလမ်း ရှိမယ် ဆိုရင် ထွက်ကုန်တွေကို အလွယ်တကူနဲ့
ဈေးကွက်ရှိတဲ့နေရာကို ပို့လို့် ရတယ်။
မွေးမြူရေးအနေနဲ့က နွားနောက် မွေးကြတယ်။ နွားနောက် ဆိုတာ ချင်းပြည်နယ်
မှာပဲ ရှိတယ်။ သို့သော်လည်း နွားနောက်က စားကျက်မြေ လိုတယ်၊ ၀မ်းစာကို
ရွှေ့ပြောင်းတောင်ယာကရအောင် စိုက်ပျိုးရတဲ့အတွက် စားကျက်မြေက မရှိဘူး။
စားကျက်မြေရှိအောင် လုပ်ဖို့ ဆိုတာက ၀မ်းစာမဖူလုံနိုင်တဲ့အသီးအနှံတွေ စိုက်
ပျိုးတာကို ရပ်ပြီးတော့ အစားထိုးရမယ်။ နွားနောက်တွေ မွေးနိုင်အောင် စားကျက်
မြေတွေ အများကြီး ဖန်တီးရမယ်။ တောင်ယာတွေ မလုပ်တော့ဘဲ ထားပြီးတော့
နေ့စဉ်စားသုံးတဲ့ ဆန်စပါး ထွက်တဲ့ဒေသ၊ ဥပမာ ကဘော်ချိုင့်ဝှမ်းကနေ တင်သွင်း
ခွင့်၊ အဲဒီကနေ ၀ယ်ယူရမယ်။ အဲဒီလို ၀ယ်ဖို့ အစိုးရက ကူညီဖို့ လိုတယ်။ အနည်း
ဆုံး ၃ နှစ် လိုတယ်။ စီမံကိန်းတခုက တနှစ်လောက်နဲ့ ဘယ်တော့မှ အကောင်အ
ထည် မဖော်နိုင်ဘူး။
ဧရာဝတီ - လွှတ်တော်မှာ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်မှု ဆွေးနွေးတဲ့အခါ ဘယ်
လောက်အထိ အလေးထားကြလဲ။
ဦးခွန်လိန်း - ကျနော်တို့ ဆွေးနွေးတဲ့အခါ အဲဒီကိစ္စက ဘယ်လိုဖြစ်သလဲ ဆိုရင် အဖြေပေးတဲ့သူက ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တယ်၊ ပြည်ထောင်စုဝန်ကြီး ဆို
တာ နယက (ယခင်စစ်အစိုးရ) လက်ကျန်တွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေ ဖြေတဲ့အဖြေ
အားလုံးသည် ကျနော်တို့မေးတဲ့မေးခွန်း၊ ကျနော်တို့ရဲ့ ဆန္ဒနဲ့ ဘယ်တော့မှ ကိုက်
ညီမှု မရှိပါဘူး။ သူ့စာရင်းဇယားနဲ့ သူလုပ်ခဲ့တာတွေကို ဖြီးဖြန်းပြီးတော့ ဖြေတာပဲ
ရှိတယ်၊ တကယ့် စေတနာနဲ့ ဒီနေရာတွေကို ဒီလိုဒီလို အကောင်အထည် ဖော်နေ
တာပါ၊ ဒီလိုနေရာတွေမှာ ဒီလို လိုအပ်တာတွေ ဖြည့်ဆည်းပေးနေပါတယ် ဆိုတဲ့
အဖြေမျိုး တခါမှ မရသေးဘူး။သို့သော်လည်း လာမယ့် လွှတ်တော်အစည်းအဝေး
တွေမှာတော့ ကျနော်တို့ လိုချင်တဲ့အဖြေတွေ ရကောင်းရနိုင်မယ်လို့ မျှော်
လင့်တယ်။
ဧရာဝတီ - ချင်းပြည်နယ်မှာ ဘာအပြောင်းအလဲ ရှိလဲ။
ဦးခွန်လိန်း - အခုလောလောဆယ် ဘာမှ ပြောင်းလဲမှု မရှိဘူး။ ဒီနှစ်မှာ ဆင်းရဲ
နွမ်းပါးမှု လျှော့ချရေးအတွက် သန်းသုံးထောင်လောက် ပေးတယ်၊ တမြို့နယ်ကို
သိန်းနှစ်ထောင်လောက် ရတယ်ပေါ့။ အဲဒါကလည်း သိတဲ့အတိုင်း ဟိုရွာမှာ ဘယ်
လောက်လိုတယ် ဆိုပြီး သူတို့လိုချင်တဲ့လူပဲ ဝေပြီး မရတဲ့ရွာတွေလည်း အများကြီး။
မရဘဲ ကျန်ခဲ့တဲ့ ရွာတွေ အများကြီး။ ချင်းပြည်နယ်အစိုးရက ပြည်ခိုင်ဖြိုးအစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်ခိုင်ဖြိုးအား
သန်တဲ့ကျေးရွာတွေလောက်ပဲ အခုလောလောဆယ်အနေနဲ့ အထောက်အပံ့ ရ
သေးတယ်။ ချင်းတိုးတက်ရေးပါတီ အနိုင်ရတဲ့နေရာတွေမှာ လုံးဝ မပေးသေးဘူး။
အဲဒီလို ခွဲခြားဆက်ဆံရေးလည်း ရှိတယ်။ ဒါတွေကလည်း ချင်းပြည်နယ်တိုးတက်
ရေးကို အဟန့်အတား ဖြစ်တယ်။
ဧရာဝတီ - ဘယ်ဒေသတွေမှာ ဖြစ်နေတာလဲ။
ဦးခွန်လိန်း - ချင်းပြည်နယ်မှာ ၉ မြို့နယ် ရှိတယ်၊ ၀င်ပြိုင်တဲ့ပါတီတွေက ကြံ့ခိုင်
ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုး
သားပါတီ။လေးပါတီပြိုင်တယ်။ချင်းအမျိုးသားပါတီက ၂ မြို့နယ်မှာ အကုန်နိုင်တယ်၊ ချင်းတိုးတက်ရေးပါတီက ၂ မြို့နယ်မှာ အကုန်နိုင်တယ်၊ ကျန်တဲ့ ၅ မြို့နယ်က ပြည်
ခိုင်ဖြိုးက အကုန်နိုင်တယ်။ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ။ ဖလမ်း CPP,
ဟားခါး CNP (ချင်းအမျိုးသားပါတီ), ထန်တလန် CNP, ပလက်ဝ CPP, ၄ မြို့နယ်ပဲ
တိုင်းရင်းသားပါတီက ရတယ်။ ဒီနေရာတွေမှာ (၄ မြို့နယ်မှာ) အကူအညီကိုတော့
သူတို့ကို မဲများများထည့်ခဲ့တဲ့ ကျေးရွာတွေကို ကွက်ပြီးတော့၊ ရွေးပြီးတော့ ပေးနေ
တယ်။ အဲဒါမျိုးတွေ ရှိတယ်။
ဧရာဝတီ - ချင်းက ပင်လုံစာချုပ်ချုပ်ရာမှာ ပါခဲ့တယ် မဟုတ်လား။
ဦးခွန်လိန်း - ပါတယ်။ ပင်လုံ ဆိုတာက တကယ်တော့ ကျနော်တို့နိုင်ငံ လွတ်လပ်
ရေးရဖို့ ဗိုလ်ချုပ်ကနေ စည်းရုံးရေးလုပ်ခဲ့တဲ့နေရာပေါ့ဗျာ။ တခြားတိုင်းရင်းသားတော့
မပြောလိုဘူး၊ ချင်းက ဘယ်တုန်းကမှ ဗမာတွေရဲ့ လက်အောက်မှာ မနေဖူးဘူး၊
ဗမာလူမျိုးနဲ့လည်း အဆက်အဆံ မရှိဘူး၊ ကျနော်တို့ဟာ ဘယ်သူမှ မလာချင်တဲ့
တောင်ပေါ်မှာ တသီးပုဂ္ဂလ နေလာတဲ့လူမျိုး ဖြစ်တယ်။
အင်္ဂလိပ်ဝင်လာတဲ့အခါမှာ တောင်တန်းဒေသကို အုပ်ချုပ်မှုလွယ်ကူအောင်
မြောက်ပိုင်းကို စစ်ကိုင်းကနေ အုပ်ချုပ်တယ်၊ တောင်ပိုင်းက မင်းတပ်၊ ကန်ပက်
လက်၊ မတူပီကို ပခုက္ကူကနေ အုပ်ချုပ်တယ်၊ ဟိုဘက်တောင်းပိုင်း ပလက်ဝ နယ်
မြေကို စစ်တွေကနေ အုပ်ချုပ်တယ်။
လွတ်လပ်ရေး ရဖို့ အဲဒီချင်းတောင်တန်းတခုလုံးကို ဗိုလ်ချုပ်က စပြီးတော့ စည်း
ရုံးတာ။ ချင်းတွေ အားလုံး စုစည်းတာ အဲဒီအချိန်ကပဲ။ ပင်လုံမှာ စုစည်းတယ်
ခေါ်ရမှာပေါ့။ မြောက်ပိုင်းမှာ ၅ မြို့နယ်၊ တောင်ပိုင်းမှာ ၄ မြို့နယ်။ အဲဒီ ၉ မြို့နယ်
ကို ပင်လုံမှာ စုစည်းထားလိုက်တယ်။ ချင်းဝိသေသတိုင်း ဆိုတာ ဖြစ်လာတယ်။
အဲဒီကနေ ဆိုရှယ်လစ်ခေတ်ဦးမှာ ဦးနေ၀င်းခေတ်မှာ ပြည်နယ်နဲ့တိုင်း လုပ်လိုက်
တယ်လေ။ မလိုချင်လည်း ပြည်နယ် အနေနဲ့ သတ်မှတ်ခံရတဲ့အနေအထား။
ဧရာဝတီ - ပင်လုံလိုမျိုး ညီလာခံက ထပ်ဖြစ်လာဖို့ အလားအလာ ရှိလား။
ဦးခွန်လိန်း - အခု ပင်လုံလား။ ဒါက သမ္မတကြီးလည်း ပြောနေတာပဲ၊ တိုင်းရင်း
သားပေါင်းစုံ ပါဝင်တဲ့ အစည်းအဝေးကြီး ဖြစ်အောင် လုပ်မယ်။ အခြေခံဥပဒေ
ရေးဆွဲတဲ့ ညောင်နှစ်ပင် အစည်းအဝေးကြီးကလည်း တိုင်းရင်းသားပေါင်းစုံပါတယ်
လို့ သူတို့ ပြောတယ် မဟုတ်လား၊ သို့သော်လည်း ပါဝင်တဲ့ တိုင်းရင်းသားပေါင်းစုံ
က တကယ့် တိုင်းရင်းသားတွေရဲ့ကိုယ်စားလှယ် မဟုတ်ဘူး။ ကိုယ်စားမပြုနိုင်ဘူး၊
ကြံ့ခိုင်ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေးအသင်း/ပါတီ) သို့မဟုတ် အေးချမ်းသာယာရေးကောင်
စီ (ယခင် စစ်အစိုးရ) ကို ကိုယ်စားပြုတဲ့ ချင်း၊ ကချင်၊ ကရင် ... ဒါပဲဖြစ်တယ်။
တကယ် လူမျိုးကို ကိုယ်စားမပြုနိုင်ဘူး၊ အဲဒီလို ကျနော်တို့ မြင်တယ်။ ဒါကြောင့်
အခု (ပင်လုံညီလာခံကို) လုပ်မယ် ဆိုရင်လည်း အဲဒီလိုပုံစံမျိုး မဟုတ်ဘဲနဲ့ လူထုကိုယ်စားလှယ်အစစ်တွေနဲ့ ပြုလုပ်မယ်ဆိုရင် အဲဒီမှာ အဖြေတခုခုတော့
ရမယ် လို့ မျှော်လင့်တယ်။
ဦးခွန်လိန်း နဲ့ အင်တာဗျူးဒုတိယပိုင်းကို မနက်ဖြန် ဆက်လက် ဖော်ပြပါမယ်။
တွေ့ဆုံမေးမြန်းခဲ့တာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို စိုးရိမ်စိတ်နဲ့ဝင်ခဲ့တယ် ဆိုတဲ့ ဦးခွန်လိန်းက “ခ” နှစ်ထပ်၊
ချင်းပြည်နယ်မှာ စစ်သားမထွက်တော့တာ ဘာကြောင့်လဲ စတာတွေအပြင် စိတ်
ဝင်စားစရာ အကြောင်းအရာတွေကို အင်တာဗျူးဒုတိယပိုင်းမှာ ပြောပြထား
ပါတယ်။
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
လာလည်ကြသောမိတ်ဆွေများ
မင်းက မင်း ၊ ငါ က ငါ
လူ့ဘဝ (ဆလိုင်းဆွန်ကျဲအို)
မြိုင်နန်းစံပန်းတစ်ပွင့်(ဆလိုင်းသွှအောင်)
ရင်ခုံဖော်( စီယံ )
ကျေးလက်တောတန်း(Thawn Kham))



