Thursday 28 February 2013

(၆၅) နှစ်မြောက်“ချင်းအမျိုးသားနေ့” တွင် ဒေါက်တာလျန်မှုန်းဆာခေါင်း ပြော ကြားသည့် မိန့်ခွန်း


ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရ တို့မှ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ
(၂ဝ) ရက်နေ့တွင် ချင်းပြည်နယ် မြို့တော်ဟားခါး၌ ပူးတွဲကျင်းပသော (၆၅) နှစ်
မြောက် “ချင်းအမျိုးသားနေ့” တွင် ချင်းအမျိုးသားတပ်ဦးကိုယ်စား ချင်းအမျိုးသား
တပ်ဦး၏ အဓိပတိကောင်စီဝင် ဒေါက်တာ လျန်မှုန်းဆာခေါင်း ပြောကြားသည့်
မိန့်ခွန်း။

လေးစားအပ်ပါသော သဘာပတိကြီးများနှင့်တကွ….

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ကိုယ်စား
(၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့ကို တက်ရောက်အားပေးချီးမြှင့်တဲ့ ပြည်ထောင်
စုဝန်ကြီး ဦးဝင်းထွန်း၊ ချင်းပြည် နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း နှင့် ချင်းပြည်နယ်အစိုး
ရ ဝန်ကြီး အဖွဲ့ဝင်များ၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ Pu Hau Khen Kham နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည် နယ်နှင့် ချင်းလူမျိုးများကို ကိုယ်စား ပြုနေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ နှင့် တကွ
(၆၅) နှစ် မြောက် ချင်းအမျိုးသားနေ့ကို ချင်းလူမျိုးတို့ရဲ့ အမျိုးသားအောင်ပွဲနေ့
အဖြစ် ဝမ်း သာ ပျော်ရွှင်စွာ ဆင်နွှဲနေကြတဲ့ ချင်းပြည်သူလူထုအပေါင်းတို့ ခင်ဗျား။
 အခုလို ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရတို့ အတူတကွပူးပေါင်းပြီး
ပထမဆုံးကျင်းပတဲ့ “ချင်းအမျိုးသားနေ့”မှာ ချင်းအမျိုးသားတပ်ဦးကိုယ်စား မိန့်ခွန်း မြွက်ကြားခွင့်ရတဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်
ကို လည်း ချီးမွမ်းမိပါတယ်။
ဒီနေ့ဟာ ချင်းသမိုင်းမှာ အသစ်တဖန်မော်ကွန်းဝင်မည့် ချင်းလူမျိုးများရဲ့  အမျိုးသား
အောင် ပွဲနေ့  ဖြစ်ပါတယ်။ ဒီနေ့၊ ဒီနေရာ၊ ဒီအချိန်မှာ ကျင်းပတဲ့ “ချင်းအမျိုးသားနေ့”
က နှစ်ပေါင်း (၆၅) နှစ်ဆိုတဲ့ ရှည်လျားလှတဲ့ “ချင်းအမျိုးသားနေ့” သမိုင်း၊ ကြမ်းတမ်း
ခက်ထန် ချင်းလူမျိုးတို့ရဲ့ အမျိုးသားရေး လှုပ်ရှားမှုသမိုင်းကို   အသစ်တဖန်ပုံဖော်
နေပါတယ်။ ဒီကမ္ဘာမှာ ချင်းလူမျိုးများ ရှိနေသရွေ့ မိမိတို့လူမျိုးဖြစ်ခြင်းလက္ခဏာကို
အသက်နဲ့လဲပြီး ကာကွယ်ရမယ်။ ချင်းလူမျိုးတို့က မိမိတို့ရဲ့ အမျိုးသား လက္ခဏာကို
ထိန်းသိမ်းရမယ်။ ဒါကြောင့် ချင်းလူမျိုးတို့ရဲ့ လူမျိုးဖြစ်ခြင်း လက္ခဏာ၊ ချင်းလူမျိုးတို့ရဲ့
အမျိုးသား လက္ခဏာ တစ်ရပ်ဖြစ်တဲ့ “ချင်းအမျိုးသားနေ့” ကို ဒီကမ္ဘာမှာ ချင်းလူမျိုး
များ ရှိနေသရွေ့ ကျင်းပရမယ်။ ဒါဟာ ချင်းလူမျိုးများ မိမိတို့လူမျိုး အပေါ်ထားရှိတဲ့ သစ္စာတရားကို ဖော်ပြတာ ဖြစ်တယ်။ ချင်းလူမျိုးတို့ရဲ့ ရှည်လျားလှတဲ့ အမျိုးသား
လှုပ်ရှားမှု ရလဒ်ဖြစ် ပါတယ်။  ဒါကြောင့် ဒီနေ့ကျင်းပတဲ့ “ချင်းအမျိုးသားနေ့” ဟာ
ပိုပြီး လေးနက်တယ်။ ပိုပြီး အဓိပ္ပာယ်ရှိတယ်။ ချင်းလူမျိုးတို့ရဲ့ သမိုင်းမှာ အသစ်တ
ဖန် သမိုင်းဝင်မည့် နေ့တစ်နေ့ပဲ ဖြစ်ပါ တယ်။
ချင်းအမျိုးသားနေ့ဆိုတာ သမိုင်းရဲ့ မတော်တဆ ဖြစ်မူကြောင့် ပေါ်ပေါက်လာတဲ့
နေ့ မပာုတ်ပါဘူး။ ချင်းလူမျိုးတို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုသမိုင်းက မွေးဖွားသန့်စင်
ပေး လိုက်တဲ့ နေ့တစ်နေ့ဖြစ် ပါတယ်။ ဒ်ီကမ္ဘာ မျက်နှာပြင်ပေါ်မှာ လူမျိုးတမျိုး အဖြစ်
ဂုဏ်သရေ အပေါင်းနဲ့ ပြည့်ဝစွာ နေထိုင် ခဲ့ကြတဲ့ ချင်းလူမျိုးများက မိမိတို့လူမျိုးရဲ့ အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အသုံးပြုပြီး၊ မိမိတို့ လူမျိုး နှစ်သက် လိုလားတဲ့
နိုင်ငံရေးစနစ် ကိုရွေးချယ်ခဲ့တဲ့ နေ့ ဖြစ်ပါတယ်။
ချင်းလူမျိုးတို့က မိမိတို့လိုလားတဲ့ နိုင်ငံရေးစနစ်ကို မည်သူကမျှ အတင်း အဓမ္မခိုင်း
စေခြင်းမရှိပဲ၊ မိမိတို့ဆန္ဒအလျောက်၊ မိမိတို့လူမျိုးရဲ့ အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်
လို့ခေါ်တဲ့ Self- determination အခွင့်အရေးကို အသုံးချပြီး မိမိတို့ကိုယ်တိုင် လွတ်လပ်
စွာ ရွေးချယ်ပြဋ္ဌာန်း ခဲ့တဲ့နေ့ ဖြစ်ပါတယ်။
လူမျိုးတမျိုးရဲ့ သမိုင်းမှာ မိမိတို့လူမျိုးရဲ့ အမျိုးသားကံကြမ္မာကို မိမိတို့လူမျိုးကိုယ်တိုင်
အဆုံး အဖြတ်ပေး နိုင်တဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (Self-determination) အခွင့်အရေး
စတင်ကျင့်သုံးနိုင် တဲ့နေ့ကို ထိုလူမျိုး တို့ရဲ့ အမျိုးသားအောင်ပွဲနေ့အဖြစ် အမြတ်တနိုး
တန်ဖိုးထားထိန်းသိမ်း ကျင်း ပနေ ကြစမြဲပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ချင်းလူမျိုးများရဲ့
သမိုင်း မှာလည်း မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခွင့်အရေးကို အသုံးချပြီး၊ မိမိတို့ လို
လား နေတဲ့ နိုင်ငံရေးစနစ်ကို မိမိတို့ကိုယ်တိုင် ရွေးချယ်နိုင်တဲ့နေ့ကို “ချင်းအမျိုးသား
နေ့”အဖြစ် အစဉ်တစိုက်ကျင်းပလာခဲ့တာ နှစ်ပေါင်း (၆၅)နှစ် ကြာလာပြီဖြစ်ပါတယ်။
ချင်းလူမျိုးတို့က မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသုံး ချပြီး ရွေးချယ် လိုက်တဲ့ နိုင်ငံ
ရေးစနစ်ဟာ“ဒီမိုကရေစီစနစ်”ဘဲဖြစ်ပါတယ်။ကျနော်တို့ ရွေးချယ်တဲ့ နိုင်ငံရေးစနစ်
ဟာ ဒီမိုကရေစီစနစ်ဖြစ်လို့ ပိုပြီး မှန်ကန်တယ်။ မွန်မြတ်တယ်။ လေးနက်တယ်။
ချင်းလူမျိုးများ အတွက် အထူးဂုဏ်ယူဘွယ် ကောင်းလှပါတယ်။
ချင်းလူမျိုးများက မိမိတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လွတ်လပ်စွာ ကျင့်သုံးပြီး၊ ဒီမိုက
ရေစီ စနစ်ကို ချင်းလူမျိုးများ ကျင့်သုံးမည့် “နိုင်ငံရေးစနစ်” အဖြစ် ရွေးချယ်ခဲ့တဲ့ အမျိုးသားတော်လှန်ရေးဟာ ၁၉၄၈ ဖေဖော်ဝါရီလ (၁၉)ရက်မှ(၂၂) ရက်နေ့အထိ
ထိုစဉ်က ချင်းဝိသေသတိုင်းရဲ့ မြို့တော် ဖလမ်းမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားညီ
လာခံမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဖလမ်းညီလာခံကို ကျင်းပဖို့ ဖန်တီး တောင်းဆို
ခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်ဟာ ၁၉၄၇ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်စပ်ခဲ့
ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပင်လုံ စာချုပ်ကြောင့် ပေါ်ပေါက်ခဲ့
တာဖြစ် တယ်။ ပင်လုံစာချုပ်က မွေးဖွားပေး လိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး
ဖြစ်တဲ့ အတွက်ပြည်ထောင် စု စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်
လာလိမ့်မယ်လို့ ကျနော်တို့ တိုင်း ရင်းသားလူမျိုးများက ကြီးစွာ မျှော်လင့်ခဲ့ပါ
တယ်။ ဒါပေမဲ့ ၁၉၄၇ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဟာ ကျနော်တို့တိုင်း
ရင်းသားလူမျိုးများ ပင်လုံညီလာခံမှာ မျှော်မှန်းခဲ့သ လို ဖြစ်မလာ ပဲ ပြည်ထောင်
စုစနစ်မှ သွေဖီသွားတဲ့ အားနည်း ချက်များစွာ ပါလာခဲ့ပါတယ်။ အဓိကအားနည်း
ချက် တစ်ခုကတော့ – ပြည်ထောင်စု လွှတ်တော်ရဲ့ အထက်လွှတ်တော် လို့ခေါ်တဲ့
လူမျိုးစု လွှတ်တော်မှာ ပြည်ထောင်စုစနစ်အရ ပြည်နယ်တွေကို တန်းတူရည်တူ
ကိုယ်စားပြုခွင့်မပေးပဲ တပြည်ထောင် စနစ်ကျင့်သုံးတဲ့ အင်္ဂလန်နိုင်ငံရဲ့ အထက်
လွှတ်တော် (House of Lord) ကို ပုံတူကူးချ သွားခဲ့ ပါတယ်။
ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ရဲ့ အထက်လွှတ်တော်ကြီးကို “မြေရှင်ပဒေသ
ရာဇ် စနစ်အရ သားစဉ်မြေးဆက် အုပ်ချုပ်ခွင့်ရှိတဲ့ ချင်းလူမျိုးထဲမှ Ram-Uk များ၊
ကချင်လူမျိုး ထဲမှ ဒူဝါများနှင့် ရှမ်းပြည်မှ စော်ဘွားကြီးများကို တိုက်ရိုက်စေလွှတ်
ခွင့်ရှိရမည်” ဆိုပြီး ဖြစ်ခဲ့ပါတယ်။
ကျနော်တို့ ချင်းလူမျိုးများဟာ ပဒေသရာဇ်စနစ်အရ Rum-Uk မင်းများကို အထက်
လွှတ်တော် အတွက် တိုက်ရိုက်ခန့်အပ် စေလွှတ်တဲ့စနစ် ဖလမ်းညီလာခံမှာ ဆန့်
ကျင်ကန့်ကွက်ခဲ့ကြတယ်။ ညီလာခံ ဒုတိယနေ့ – ဖေဖော်ဝါရီလ (၂ဝ) ရက် မှာ
ညီလာခံ  တက်ရောက်ခဲ့ကြတဲ့ ချင်းပြည် နယ် ဒေသအသီးသီးမှ ပြည်သူ လူထု
ကိုယ်စားလှယ် (၅,ဝဝဝ) ကျော်ဆန္ဒမဲပေးပြီး အဆုံး အဖြတ်ပေးခဲ့ကြတယ်။
ညီလာခံ တက်ရောက် ကြတဲ့ ကိုယ်စားလှယ် ၅၀၀၀ အနက် ကိုယ်စား လှယ် (၁၇)
ဦး ကသာ Rum-Uk စနစ် ဆက်လက်ထားရှိ ရေးကို ဆန္ဒမဲပေးခဲ့ပြီး၊ ကျန်တဲ့ ကိုယ်
စားလှယ် (၄,၉၈၃) ဦးက Ram-uk စနစ်ကို မလိုလားကြောင်း၊ ဒီမိုကရေစီစနစ်ကို
သာ လိုလားကြောင်း ဆန္ဒမဲ ပေးခဲ့ကြတယ်။ ဒါကြောင့် ဖလမ်းညီလာခံမှာ – ပြည်
ထောင်စုရဲ့ အထက် လွှတ်တော် အတွက် Rum-Uk မင်းများကို တိုက်ရိုက်ခန့်အပ်
စေလွှတ်တဲ့စနစ်ကို စွန့်ပယ်ပြီး၊ ဒီမိုကရေစီစနစ်နဲ့အညီ ပြည်ထောင်စု လွှတ်တော်
နှစ်ရပ်စလုံးက လွှတ်တော် ကိုယ်စားလှယ် များကို ရွေးချယ် တင်မြှောက် နိုင်ခဲ့ ပါ
တယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ သာမကပဲ ဒေသန္တရအုပ်
ချုပ်ရေး အဆင့်မှာလည်း ဒေသန္တရအုပ်ချုပ်ရေး ဥက္ကဋ္ဌ (Circle Chairman) များကို
Rum-Uk, Bawi Phun, Uk-Pi စတဲ့ ရိုးရာအစဉ်အလာ အုပ်ချုပ်ခဲ့တဲ့ ပဒေသရာဇ်
တွေကို မျိုးရိုးစဉ်ဆက် မခန့်တော့ပဲ၊ ပြည်သူလူထုက ဒီမိုကရေစီနည်းကျကျ
ရွေးချယ် တင်မြှောက်တဲ့စနစ် ကို တောင်း ဆိုရယူခဲ့ပါတယ်။ ချင်းလူမျိုးများက
 ဒီမိုကရေစီစနစ်ကို မိမိတို့လူမျိုး လက်ခံကျင့်သုံး မည့် နိုင်ငံရေး စနစ်အဖြစ်
“ရွေးချယ်” ခဲ့တဲ့နေ့ကို “ချင်းအမျိုးသားနေ့”  အဖြစ် ယနေ့တိုင်ကျင်းပလာခဲ့ခြင်း
လည်း ဖြစ်ပါတယ်။
ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ကြည့်ချင်းအားဖြင့်ချင်းအမျိုးသားနေ့
နှင့် “ဒီမိုကရေစီစနစ်” ဆိုတာ ခွဲခြားလို့မရတဲ့ ဖွားဖက်တော်တွေ ဖြစ်တယ်ဆိုတာ
တွေ့နိုင်ပါ တယ်။ ဒါကြောင့် ကျနော်တို့ချင်းလူမျိုးများရဲ့ သမိုင်းမှာသော်လည်း
ကောင်း၊ ပြည်ထောင်စု ကြီးရဲ့ သမိုင်းမှာ သော်လည်း ကောင်း၊ ဒီမိုကရေစီစနစ်ကို
ဆန့်ကျင် ကန့်ကွက်တဲ့ အင်အား စုများ အာဏာရရှိတိုင်း “ချင်းအမျိုးသားနေ့” ကို
လွတ်လပ်စွာ ကျင်းပခွင့်မပေးခဲ့ပါဘူး။ ဒီမိုကရေ စီစနစ် ကို ဖိနှိပ်ချုပ်ချယ်သည်နှင့်
အမျှ “ချင်းအမျိုးသားနေ့” ကျင်းပခွင့်ကိုလည်း ပိတ်ပင်ဟန့်တားခဲ့ပါ တယ်။
ဒါကြောင့် တပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်အောက်မှာ ပြည်ထောင်
စုကြီး ရေတိမ် နစ်ခဲ့ပြီး၊ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းခဲ့တဲ့ ကာလတလျှောက်လုံး
“ချင်းအမျိုးသားနေ့ ကိုလည်း ချင်းပြည်နယ် အတွင်းမှာ ကျင်းပခွင့် မရရှိခဲ့ပါဘူး။
အာဏာရှင်စနစ်ကို အန်တု တော်လှန်ရဲတဲ့ တက္ကသိုလ်ကျောင်းသား များ၊ ချင်း
ကျောင်းသား များ က ရန်ကုန်တက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ်ပုရဝဏ်
အတွင်းမှာ ကျင်းပ ခဲ့ကြတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း (၅ဝ) ကျော်နီး
ပါးသော ကာလ အတွင်း “ချင်းအမျိုးသားနေ့” ကျင်းပခြင်းကို အာဏာရှင်စနစ်
ဆန့်ကျင် အန် တုခြင်းနှင့် ဒီမိုကရေစီအရေးတော်ပုံကြီး ဆင်နွှဲခြင်းတရပ် အဖြစ်
ကျနော်တို့ ခံယူပြီးကျင်းပ ခဲ့ပါ တယ်။ ချင်းပြည်နယ်အတွင်း “ချင်းအမျိုးသားနေ့”
ကျင်းပခွင့် မရရှိခဲ့လို့ ချင်းအမျိုးသားတပ်ဦး ရဲ့ တော်လှန်ရေး စခန်း အသီးသီး၊
 တောထဲ တောင်ထဲမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါတယ်။ တိုင်းတ ပါးကို ဒုက္ခ
သည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်စခန်းတွေမှာ ကျင်းပခဲ့
တယ်။ ကမ္ဘာ တဝှမ်းမှာရှိတဲ့ ချင်းလူမျိုးများနေထိုင်ရာ နိုင်ငံခြားတိုင်းပြည် အသီး
သီးမှာ ကျင်းပ ခဲ့ကြ တယ်။
ဒါကြောင့် ချင်းအမျိုးသားတပ်ဦးနှင့်ပြည်ထောင်စုအစိုးရ  ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
လုပ်တုန်း က ဖေဖော်ဝါရီလ ၂၀ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တရားဝင် ပြန်
လည်ကျင်းပခွင့်ပေးရန် မရမက တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့၊ ဒီ
နေရာ၊ ဒီအချိန်မှာ  “ချင်းအမျိုးသားနေ့”  ဟာ ချင်းပြည်ကို ပြန်လာပြီလို့ ကြေညာ
ချင်ပါတယ်။ Chin Miphumpi Ni Chinram chung ah arak kir tthan cang. Ni hin
Chinram khualipi Haka khua chung ah tuah  asi cang. Nan ni lawm maw? အာဏာစနစ် အောက်မှာ နှစ်ပေါင်း(၅၀)နီးပါး ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်
အတွင်း မှာ ကျင်းပခွင့် မရရှိခဲ့ပေမဲ့   ရာစုနှစ်တ၀က် နီးပါးကြာမှ အခုလို ချင်းပြည်
နေဟားခါးမြို့မှာ ပြန် လည်ကျင့်ပခွင့် ရတာဖြစ်ပါတယ်။
ချင်းအမျိုးသားနေ့ ချင်းပြည်ကို ပြန်လာနိုင်တဲ့အလျောက် ဒီမိုကရေစီလည်း ချင်း
ပြည်နှင့် တကွ ပြည်ထောင်စုကြီးဆီသို့ ပြန်လာတော့မယ်။ ဒီမိုကရေစီစနစ် ပြည်
ထောင်စုကြီးထဲ မှာ ပြန်လည်ရှင် သန် နိုင်ရေးအတွက် နိုင်ငံရေးတံခါးဖွင့်ပေးတဲ့
သမ္မတဦးသိန်းစိန်အစိုးရကို ချင်းလူမျိုးများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ပါ
တယ်လို့ ဒီနေရာက ပြောကြားချင် ပါတယ်။
“ချင်းအမျိုးသားနေ့” ချင်းပြည်ပြန်လာပြီး အခုလို ချင်းပြည်နယ် ဟားခါးမြို့တော်ကြီး
မှာ ချင်းအမျိုး သားတပ်ဦးနှင့် ချင်းပြည်နယ်အစိုးရတို့ ပူးတွဲကျင်းပနိုင်ဖို့ ငြိမ်းချမ်း
ရေးလမ်းစ ဖွင့်ပေးလိုက် တဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့” မှ
ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးဝင်းထွန်း နှင့် အဖွဲ့ဝင်အားလုံးကိုလည်း ကျေးဇူး
တင်ပါတယ်လို့ ပြောကြား ချင်ပါတယ်။
ဒါတင်မကဘူး ပြည်ထောင်စုသမ္မတကြီး ကိုယ်စား ချင်းအမျိုးသားအောင်ပွဲနေ့
အခမ်းအနား သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး အားပေးကြတဲ့ ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းထွန်း ကို ချင်းအမျိုး သားတပ်ဦး ကိုယ်စား အထူးကျေးဇူးတင် ပါ
တယ်လို့ ပြောကြားချင်ပါတယ်။ လူကြီးမင်း ဒီ စင်မြင့်ပေါ် မှာ ထိုင်နေရတာ သာ
မန်အစည်းအဝေး တရပ်မှာ ထိုင်နေရတာမျိုးနဲ့ မတူပါဘူး။ ချင်းလူမျိုးတို့ အမြတ်
တနိုး တန်ဖိုးထားတဲ့ ချင်းအမျိုးသားအောင်ပွဲနေ့ရဲ့ စင်မြင့်ပေါ်မှာ ထိုင်နေ ရတာ
ဖြစ်တဲ့အတွက် ချင်းအမျိုးသား တရပ်လုံးရဲ့ နှလုံးသားမှာ နေရာယူပြီး ထိုင်နေကြ
ပါတယ်လို့ ခံစားစေချင်ပါတယ်။ပါလီမန်ဒီမိုကရေစီ ခေတ်တုန်းက“ချင်းအမျိုးသား
နေ့” ကို ချင်းလူမျိုး များနှင့် လက်ချင်းတွဲပြီး ရင်းရင်းနှီးနှီး ဆင်နွှဲနိုင်ဖို့ ချင်းပြည်ကို
ကိုယ်တိုင်ကိုယ်ကြ တက်ရောက် အားပေး ခဲ့တဲ့ သမ္မတကြီး စဝ်ရွှေသိုက်နှင့်
ဝန်ကြီးချုပ်ဦးနုတို့ကို ချင်းတမျိုးသားလုံးက ယနေ့ထိ တိုင် မမေ့ နိုင်ပဲ တသသ
 အောင်းမေ့သတိရခဲ့ကြသလို၊ လူကြီးမင်းတို့ကို ချင်းပြည်သူလူထု တရပ်လုံးက
မမေ့ပါဘူး။ ချင်းလူမျိုးများရဲ့ အမျိုးသားရေး လှုပ်ရှားမှု သမိုင်းမှာ လူကြီးမင်းတို့ရဲ့
နာမည်ကို အစဉ် အမြဲကမ္ဗည်းထိုး မှတ်တမ်းတင်သွားမယ်လို့ လှိုက်လှဲစွာ
 ပြောကြား ချင်ပါတယ်။
ပြီးတော့ “ချင်းအမျိုးသားနေ့” နှစ်ပေါင်း ငါးဆယ်ကျော်ကြာမှ အခုလို ချင်းပြည်ကို
ပြန်လာ နိုင်တဲ့ အချိန်မှာ အခုလို စည်ကားသိုက်မြိုက်စွာနဲ့ ဒီနေ့၊ ဒီနေရာ၊ ဒီအချိန်မှာ
ချင်းလူမျိုးတို့ရဲ့ မြို့တော် ဟားခါးမြို့မှာ ချင်းအမျိုးသားတပ်ဦးနှင့် လက်တွဲပြီး ပူးပေါင်း
ကျင်းပ ခွင့်ပေးတဲ့ ချင်းပြည်နယ် ဝန်ကြီးချုပ် ပူးဟုန်ငိုင်း ကိုလည်း အထူး ကျေးဇူး
တင်ရှိပါတယ်။ ဒါဟာ ကျနော်တို့ ချင်းအမျိုးသားများအကြား အချင်းချင်းပူးပေါင်းရေး လမ်းစပဲဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ချင်းလူမျိုးများ အတွက်၊ ချင်းပြည်နယ် အတွက်၊
ပြည်ထောင်စုကြီးအတွက် လက်တွဲဆောင်ရွက်သွားကြရအောင်လို့ ဖိတ်ခေါ်ပါတယ်။
အခုလို “ချင်းအမျိုးသားနေ့” ကို ချင်းပြည်ပြန်လာပြီး၊ ချင်းတမျိုးသားလုံး ဝမ်းမြှောက်
ဝမ်းသာစွာ ကျင်းပ နေတဲ့ အချိန်မှာ – ချင်းပြည်သူတို့ကိုယ်စား ပြည်ထောင်စု
သမ္မတကြီး ဦးသိန်း စိန်၊ ပြည်ထောင် စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုး
သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတပ်မတော်ရဲ့ ကာကွယ်
ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဒီနေရာကနေ နှုတ်
ခွန်းဆက် စကား ပြောကြားလိုပါတယ်။

သမ္မတကြီးနှင့်တကွ နိုင်ငံတော်အကြီးအကဲများ ခင်ဗျား …

ဒီနေ့၊ ဒီအချိန်ဟာ ကျနော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အကောင်း
ဆုံး အချိန် ကာလ ဖြစ်ပါတယ်။ နှစ်ပေါင်း (၆၅) နှစ်ကြာပြီဖြစ်တဲ့ ပြည်ထောင်စု
သမိုင်းကို ပြန် ကြည့်ပါ။ ဒီနေ့ ဒီအချိန်လို ပြည်ထောင်စုသမိုင်းတလျှောက်မှာ ငြိမ်း
ချမ်းရေး တည်ဆောက် ဖို့ အလားအ လာကောင်း တဲ့အချိန့်၊ အခွင့်အရေးကောင်း
တဲ့အချိန် တခါမှမပေါ်ဖူး သေးပါ ဘူး။ နှစ်ပေါင်း (၆ဝ) ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်း
စစ်ကို အဆုံးသတ်ဖို့ အကောင်းဆုံးကာလဖြစ်ပါတယ်။ ပြည်ထောင်စုဖွားတိုင်းရင်း
သားလူမျိုး အချင်းချင်း၊ ဗမာ့တပ်မတော် နှင့် တိုင်းရင်းသား တပ်မတော်များအကြား
အချင်းချင်း တိုက်ခိုက်သတ်ဖြတ်တဲ့ ပြည်တွင်းစစ်ကြီးကို အမြန်ဆုံး အဆုံးသတ်ဖို့
အကောင်းဆုံး ကာလဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသားလူမျိုးအားလုံးက ငြိမ်း
ချမ်းရေးကို လိုလားတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မျက်နှာချင်းဆိုင်
တွေ့ ဆုံဆွေးနွေးပြီး အဖြေရှာချင် ပါတယ်။ ဒါကြောင့် အနှစ် (၆ဝ) ပြည်တွင်းစစ်ကို
အဆုံးသတ်ပြီး ဒီနေ့ဒီအချိန်မှာ ငြိမ်းချမ်းရေးကို အတူတ ကွ လက်တွဲတည်ဆောက်
သွားကြရအောင်လို့ ဖိတ်ခေါ် ကမ်းလှမ်းချင်ပါတယ်။

သမ္မတကြီး နှင့် နိုင်ငံတော်အကြီးအကဲများ ခင်ဗျား…

ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်သို့ ပြည်တော်ပြန်ခွင့်ပေးသလို၊ ချင်းအမျိုးသား
နေ့ရဲ့ ဖွားဖက်တော် ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကိုလည်း ဒီတိုင်းပြည်သို့ ပြန်လာခွင့်ပြု
ပြီး၊ ပြည်ထောင်စု ကြီးထဲမှာ အစွမ်းကုန် ပွင့်လန်းရှင်သန်ခွင့် ပေးကြပါလို့ တောင်း
ဆိုချင်ပါတယ်။ ဒီမိုကရေစီနှင့်အတူ ကျနော်တို့ တိုင်းရင်းသား လူမျိုးများ နှစ်ပေါင်း
(၆ဝ) ကျော် လက်နက် ကိုင်တောင်းဆိုနေတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
အခွင့်အရေး တို့ကိုလည်း တိုင်းရင်းသားလူမျိုးများရဲ့ မွေးရာပါ အခွင့်အရေးအဖြစ်
 ပြန်ပေးကြပါတော့လို့ လေးနက်စွာတောင်းဆိုချင် ပါတယ်။ ဒီမိုကရေစီရေး၊ တန်း
တူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တို့ကို တိုင်းရင်းသားလူမျိုးများ အပြည့်အဝခံစားခွင့်
ရရှိရေးရေး အတွက် တခုတည်းသော နည်းလမ်းမှာ ဒီတိုင်းပြည်ကြီးကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ပြန်လည် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဒီမိုက
ရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တိုင်းရင်းသားလူမျိုးများ
အပြည့်အဝခံစားခွင့် ရရှိမှသာ ဒီပြည်ထောင်စု ကြီး အတွင်း တိုင်းရင်းသားလူမျိုး
ပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင် နိုင်ကြ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ
တိုင်းပြည်ကြီးကို စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် လက်တွဲပြီး
ပြန်လည်ထူထောင် သွားကြရအောင်လို့ ဖိတ်ခေါ်ကမ်းလှမ်း ချင်ပါတယ်။ ဒီစကား
ကို ချင်းအမျိုးသား တပ်ဦး ကိုယ်စား၊ ချင်းလူမျိုးများရဲ့ ကိုယ်စား၊ ချင်းအမျိုးသားနေ့
စင်မြင့် ပေါ်ကနေ လှိုက်လှဲစွာ ဖိတ်ခေါ် ကမ်းလှမ်း ပြောဆိုနေခြင်းပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက်၊ ဒီတိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကျနော်တို့ အားလုံး လက်တွဲပြီး ဆောင်ရွက်သွားကြရအောင်။ ဒီတိုင်းပြည်ကို ငြိမ်း
ချမ်း စေချင်ရင်၊ ဒီ တိုင်း ပြည်ကြီးကို ဖွံ့ဖြိုးတိုးတက်စေချင်ရင် ပထမဦးဆုံးအနေဖြင့်
အနှစ် (၆ဝ) ပြည်တွင်းစစ်ကို အမြန်ဆုံး အဆုံးသတ် ကြရအောင်။ အနှစ် (၆ဝ) ပြည်
တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေချင်ရင် ဒီတိုင်းပြည်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျနော်
တို့ တိုင်းရင်းသား လူမျိုးများ ပင်လုံညီလာခံ မှာ မျှော်မှန်းခဲ့တဲ့ အတိုင်း စစ်မှန်
သောဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ပြန် လည်ထူထောင် သွားကြရအောင်။
ဒီပြည်ထောင်စုကြီးကို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ပြန်လည် ထူ
ထောင်ပြီး၊ ဒီမို ကရေစီရေး၊ တန်းတူရေးနှင့် တိုင်းရင်းသား လူမျိုးများရဲ့ ကိုယ်ပိုင်ပြ
ဋ္ဌာန်းခွင့် ရရှိရေး ကို အာမခံ ချက်ပေးနိုင်တဲ့ နေ့ဟာ ဒီတိုင်းပြည်မှာ ဖြစ်ပွားနေတဲ့
အနှစ် (၆ဝ) ပြည်တွင်း စစ်ကို အဆုံးသတ်နိုင် တဲ့နေ့ ဖြစ်ပါ လိမ့်မယ်။ ဒါကြောင့် စစ်
မှန်သော ဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်ပြီး ဒီပြည်တွင်းစစ်ကြီးကို အ
မြန်ဆုံး ချုပ်ငြိမ်းကြရအောင်။
စစ်မှန်သော ပြည်ထောင်စုစနစ်နဲ့ ဒီတိုင်းပြည်ကြီးကို ပြန်လည်ထူထောင်နိုင်မှသာ
ကျနော်တို့ ချင်းလူမျိုး များလည်း ကျနော်တို့ရဲ့ အမိ ချင်းပြည်အတွင်းမှာ ချင်းအမျိုး
သားနေ့ ကို ဒီနေ့ ဒီနေရာမှ ကျင်းပ သလို၊ဆက်လက်ပြီး နောင်ကမ္ဘာတည်သရွေ့
ငြိမ်းချမ်း သာယာစွာ အစဉ်အမြဲ ကျင်းပ သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကမ္ဘာမှာ ချင်း
လူမျိုးများ ရှိနေသရွေ့၊ ချင်းပြည်အတွင်းမှ ချင်းလူမျိုးများ ရှိသရွေ့၊ ချင်းအမျိုး
သားနေ့ကို မိမိတို့ရဲ့ မွေးရပ်မြေ၊ ဘိုးဘွားပိုင်မြေ ဖြစ်တဲ့ ချင်းပြည်ထဲမှာ ယခုလိုဘဲ
လွတ်လပ်စွာ၊ ငြိမ်းချမ်းသာယာစွာ အစဉ်အမြဲကျင်းပ နိုင်ပါစေလို့ ဆုတောင်းရင်း
နိဂုံးချုပ်အပ်ပါ တယ်။

0 comments:

Post a Comment