Friday 3 May 2013

ဂျကာတာ မြန်မာ သံရုံး ကို ဗုံးခွဲ မယ့် သူ နှစ် ဦး ကို ဖမ်းဆီးရမိ

အင်ဒိုနီးရှား နိုင်ငံ ဂျကာ တာ မြို့  မှာ ရှိ တဲ့ မြန်မာ သံရုံး ကို  ဗုံးခွဲ  တိုက်ခိုက်ဖို့ စီစဉ် ထားတဲ့ အကြမ်းဖက် သမား နှစ်ဦး ကို အင်ဒို နီးရှား ရဲ တပ် ဖွဲ့  က တန်ပြန် အကြမ်း
ဖက် နှိမ်နှင်း ရေး ရဲတပ်ဖွဲ့  ရဲ့ သတင်းပေးမှု နဲ့  သောကြာနေ့  နံနက်မှာ ဖမ်းဆီး
ရမိ လိုက် ပါတယ်။
အသက် ၂၈ နှစ် အရွယ်ရှိ ဆီဖာရီယာနိုနဲ့  ၊ အသက် ၂၁နှစ် အရွယ်ရှိ အာမာက်ခ်ျ
တော်ဖစ်တို့  က မြန်မာသံရုံး ကို ဗုံးခွဲ တိုက်ခိုက်ဖို့  ကြံ စည်ခဲ့တာ ဖြစ်ပြီး သူတို့  ရဲ့
ကျောပိုး အိတ်ထဲမှာ ရေ ပိုက် နဲ့  လုပ် ထား တဲ့ ပေါက် စေတတ်တဲ့ ပစ္စည်း တွေနဲ့ 
အတူ မိခဲ့ တယ် လို့  အမျိုးသားရဲ ဌာန က ရာဖလီ အမာရီ က AP သတင်း ကို
ပြောပါတယ်။
ဗုံး ဖောက် ခွဲ မဲ့ သူ နှစ်ဦး ဟာ မြန်မာ သံရုံး ကို ဗုံး ခွဲ ဖို့  အတွက် ဂျာကာတာမြို့ 
တောင်ဘက်ကနေ ဆိုင်ကယ် စီးနင်း ပြီး ၀င်ရောက် လာစဉ် မှာ ဖမ်းမိတာ ဖြစ်
ပါတယ်။
အင်ဒိုနီးရှား အစိုး ရ ကတော့ ဂျာကာ တာ မြို့ က မြန်မာ သံရုံး ကို လုံ ခြုံ ရေး တိုး
 မြှင့်ပေးထား ပါတယ်။

0 comments:

Post a Comment