ယနေ့မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ပဋိပက္ခတွေအပေါ် NLD နဲ့
ဒေါ်အောင်ဆန်းစု
ကြည်က မျက်နှာလွဲခဲပစ် လုပ်နေပါတယ်၊ အရမ်းပျော့ညံ့လွန်းတယ်၊
NLD ဟာ အတိုက်အခံမဟုတ်တော့ဘူး။ ကြံ့ဖွတ်နဲ့ပေါင်းပြီး ပြည်သူကို
နှိပ်ကွပ်နေတယ်၊ NLD
ဟာ စစ်အာဏာရှင်တွေရဲ့ နှပ်ကြောင်းထဲကို ၀င်နေပြီ
စတဲ့အသံတွေ စုံစနီဖာကြား
နေရပါတယ်။
ဒီလိုပြောတဲ့လူတွေထဲမှာ နှစ်မျိုးရှိတယ်။ တမျိုးက
တကယ်ပဲစိုးရိမ်ပူပန်စိတ်နဲ့ အပြုသ
ဘောသတိပေးကြတဲ့သူနဲ့ လုပ်သမျှကို
အဆိုးလိုက်မြင်ပြီး ငါမလုပ်ရင် မဟုတ်ဘူးဆို
တဲ့ပုံစံနဲ့ ပြောနေတဲ့သူရယ်လို့
ခွဲလို့ရမယ်ထင်တယ်။ အဲဒီအပေါ်မှာမှ ကြံ့ဖွတ်အစိုးရ
ရဲ့
အလုပ်မရှိကြောင်ရေချိုး တန်ပြန်မီဒီယာတွေက မီးလောင်ရာလေပင့် အရေးအ
သားတွေနဲ့
တစိတ်ကို တအိတ်လုပ်လိုက်ကြတော့ ဖောင်းပွကုန်တော့တာပဲ။
အကြောင်းအရာတခုကို ချဉ်းကပ်တော့မယ်ဆိုရင် ချဉ်းကပ်လို့ရမယ့်နည်းလမ်းတွေ
အများကြီးရှိနိုင်ပါတယ်။ သူ့အတွေး ကိုယ့်အတွေးဆိုတာလည်း မတူညီနိုင်ပါဘူး။
အပျက်သဘောနဲ့မြင်နိုင်သလို အပြုသဘောနဲ့လည်း စဉ်းစားလို့ရပါတယ်။ ဒီထဲမှာမှ
တိုင်းပြည်မှာဖြစ်သမျှတွေမှန်သမျှ NLD ကဘာမှမလုပ်လို့အပြစ်ပုံချ
ဒေါ်အောင်
ဆန်းစုကြည်က တိုင်းပြည်ကိုပစ်ပြီး ထွက်ပြေးနေတယ်ဆိုပြီး
နိုင်ငံရေးသဘာကြီး
ယောင်ယောင် ပညာရှင်ယောင်ယောင်နဲ့ အရေးအသားတွေက
အဆိုးဆုံးပါပဲ။
မြန်မာပြည်သူတွေဟာ ကြံ့ဖွတ်ကို အစိုးရအဖြစ်လက်ခံထားရတာ
အရူးလင်လုပ်နေ
ရသလိုပါပဲ။ဘယ်နေ့ဘယ်အချိန် ထပြီးစိတ်ဖောက်ပြန်မလဲဆိုတာ
စိုးတထိတ်ထိတ်
ဖြစ်နေရတုန်းပါ။ ဒီစိတ်မမှန်သေးတဲ့အစိုးရရဲ့ အတိုက်အခံအဖြစ်
ရပ်တည်နေရတဲ့
NLD ဆိုရင် ပိုဆိုးနဲ့အခြေအနေနဲ့ ရပ်တည်ရင်ဆိုင်နေရမှာပါ။
အစိုးရနဲ့ အတိုက်အ
ခံဟာ ရွေးကောက်ပွဲမှာ မဲအရေအတွက်အသာရဖို့ နိုင်ငံရေး၊
လူမှုရေး အရာအား
လုံးမှာ မသိမသာရော သိသိသာသာပါ ယှဉ်ပြိုင်နေရမယ်လို့
ထင်ပါတယ်။ ပြည်သူ
ရဲ့ ယုံကြည်ကိုးစားမှုကိုရဖို့ ဆထက်ထမ်းပိုး
တိုးပြီးဆောင်ရွက်နေရမှာပါ။
အတိုက်အခံနဲ့ အစိုးရဆိုတဲ့ ပုံမှန်အခြေအနေတခုမှာပဲ ပဋိပက္ခတခုကို
ချဉ်းကပ်
ကြည့်ပါမယ်။ ယခင်စစ်အစိုးရလုပ်ခဲ့တဲ့ ယခုအရေခွံလဲအစိုးရ
ရင်ဆိုင်နေရတဲ့
ပဋိပက္ခတခုမှာ အတိုက်အခံ NLD ဟာ ကြားဝင်ဖြေရှင်းပြီ
ဆိုပါစို့။ ပြည်သူနဲ့ အစိုး
ရ အားပြိုင်မှုကနေ အတိုက်အခံနဲ့
အစိုးရအားပြိုင်မှုအသွင် ပြောင်းသွားပါလိမ့်မယ်။ ဒီလိုအနေအထားမှာ
ပြည်သူလူထုကမှန်ကန်ပြီး အစိုးရကအလျော့ပေးရမယ့် အခြေ
အနေတခုဆိုရင်တောင်မှ
အတိုက်အခံပါလာပြီဖြစ်တဲ့အတွက် အစိုးရမှာ အလျော့
ပေးဖို့ ပိုပြီး
အခက်တွေ့သွားစေနိုင်ပါတယ်။ အတိုက်အခံမပါတဲ့အခြေအနေမှာ အစိုး
ရအနေနဲ့လည်း
သူတို့ကိုပြည်သူက ယုံကြည်လာစေလိုမှုနဲ့ ပြည်သူ့ဆန္ဒကို လိုက်
လျောမယ့်အခြေအနေ
ရှိကောင်းရှိမှာပါ။
အတိုက်အခံဝင်ပါနေတဲ့ ကိစ္စတခုမှာ အစိုးရကအလျော့ပေးလိုက်လျောလိုက်တာနဲ့
ပြည်သူတွေအနေနဲ့ အတိုက်အခံပါတီက ၀င်ဖြေရှင်းပေးလို့
ဒီကိစ္စအနိုင်ရလိုက်တဲ့
ဆိုတဲ့အသိဝင်သွားပြီး အတိုက်အခံကို
ယုံကြည်ကိုးစားမှုအားကောင်းလာမယ်။ အစိုး
ရအနေနဲ့တော့
သူ့ကိုယ်သူသေတွင်းထဲပို့လိုက်တယ် ဆိုတာ ကြံ့ဖွတ်အစိုးရက မ
တွက်မိဘဲ
နေမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူနဲ့အစိုးရ အားပြိုင်မှုကို အတိုက်အ
ခံက
ကြားဝင်မယ်ဆိုရင် အတိုက်အခံနဲ့အစိုးရ အားပြိုင်မှုအသွင်ပြောင်းသွားပြီး
ပြည်သူက မြေဇာပင်ပိုဖြစ်သွားနိုင်တယ်လို့ ထင်မိပါတယ်။
အတိုက်အခံဝင်မပါဘဲ ပြည်သူနဲ့အစိုးရ အားပြိုင်မှုအနေအထားမှာပဲ အစိုးရက
ပြည်သူ့ဆန္ဒကို မလိုက်လျောခဲ့ရင် ဒီအစိုးရဟာ သူ့ဟာသူပဲ
ပြည်သူရဲ့ယုံကြည်ကိုး
စားမှု အားလျော့သထက်လျော့သွားနိုင်ပါတယ်။ အကယ်၍
အတိုက်အခံက ၀င်ပြီး
ဖြေရှင်းပေးပေမယ့် အစိုးရက ပြည်သူ့ဆန္ဒကို
မလိုက်လျောခဲ့ရင် ပြည်သူတွေရဲ့
စိတ်ထဲမှာ “ငါတို့ယုံကြည်ရကိုးစားရတဲ့
ခေါင်းဆောင်နဲ့ သူ့ပါတီတောင် လုပ်ပေး
လို့မရပါဘူး” ဆိုတဲ့အတွေးနဲ့
စိတ်ပျက်အားလျော့မှု ၀င်လာပြီး အတိုက်အခံကိုပါ
ယုံကြည်ကိုးစားမှု
အနည်းနဲ့အများ လျော့နည်းသွားနိုင်ပါတယ်။
ဒါကြောင့် ပြဿနာတိုင်းမှာ အတိုက်အခံပါတီဟာ ကြားဝင်ဖြေရှင်းမယ်ဆိုခဲ့ရင်
အစိုးရနဲ့ ရင်ဆိုင်နေရတဲ့ပြည်သူတွေအတွက်လည်း အကျိုးသိပ်မဖြစ်စေနိုင်ပါဘူး။
အတိုက်အခံပါတီကိုယ်တိုင်လည်း အကျိုးမဲ့စေနိုင်ပါတယ်လို့ သုံးသပ်မိပါတယ်။
ဒါဖြင့် အတိုက်အခံ NLD က ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်ကြည့်နေတော့မှာလားလို့
မေးစရာရှိပါတယ်။ မေးသင့်တဲ့မေးခွန်းပဲလို့ ထင်ပါတယ်။ ပြဿနာတခုကို
ဝင်ဖြေ
ရှင်းမယ်ဆိုရင် လုပ်ပိုင်ခွင့်ဘယ်လောက်ရှိလဲဆိုတာကို
ပြန်စဉ်စားရမှာပါ။ အတိုက်
အခံ NLD ဟာ နိုင်ငံရေးပိုင်းအရ
အကောင်အထည်ဖော်နိုင်မှု အားနည်းနေပါသေး
တယ်။ ဒါကိုလည်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လုပ်ပိုင်ခွင့်မရှိသေးကြောင်း၊
အာဏာရမှလုပ်နိုင်မှာဖြစ်ကြောင်း ၀န်ခံပြောကြားထားပါတယ်။
အဆုံးအဖြတ်ပေးနိုင်တဲ့လွှတ်တော်ထဲမှာလည်း NLD ဟာ မဆိုစလောက်နေရာ
လေးသာ
ရထားသေးတဲ့အတွက် အဓိကပြဿနာတွေမှာ ကြံ့ဖွတ်အစိုးရနဲ့
ယှဉ်ပြိုင်
ပြောနိုင်တဲ့အင်အား နည်းနေပါသေးတယ်။ ဒါပေမယ့် ပြဿနာတွေတိုင်းမှာ
လူမှု
ရေးအဖွဲ့အသွင်နဲ့ ရှိနေကြတဲ့ အဖွဲ့အစည်းတွေ၊ ကွန်ယက်တွေက
နည်းလမ်းပေါင်း
စုံနဲ့ ၀ိုင်းဝန်းကူညီနေကြပြီး ပြည်သူဖက်က
ရပ်တည်ပေးနေကြပါတယ်။ မြင်အောင်
ကြည့်မယ်ဆိုရင် ဒီအဖွဲ့အစည်းတွေက
အစိုးရရဲ့အားလား၊ အတိုက်အခံရဲ့အား
လား ဆိုတာ သိနိုင်မယ်ထင်ပါတယ်။
အတိုက်အခံ NLD အနေနဲ့လည်း လက်ရှိလုပ်နိုင်တဲ့အခြေအနေ အနေအထားအရ
လူမှုရေး၊
ပညာရေး၊ စီးပွားရေးပိုင်းတွေကို တရှိန်ထိုး အကောင်အထည်ဖော်ဆောင်
ရွက်နေပြီး
နိုင်ငံရေးအရ ပြည်သူကိုအလုပ်အကျွေးပြုနိုင်ဖို့
အကောင်အထည်ဖော်
ကြိုးစားနေတယ်လို့ တွေးမိပါတယ်။
(စာရေးသူရဲ့ လူပြိန်းအတွေးသာ ဖြစ်ပါတယ်။ မည်သူမဆို လွတ်လပ်စွာ သဘော
ကွဲလွဲနိုင်ပါတယ်။)
မောင်ပါလ
၀၃.၀၂.၂၀၁၃
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Sunday, 3 February 2013
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment