Thursday, 3 March 2011

ဥပဒေပြုရေးနှင့်တိုင်းရင်းသားအရေးဆိုင်ရာကော်မီတီဥက္ကဌအဖြစ် ချင်းပါတီများကိုအဆိုတင်သွင်း

March 3rd, 2011
မတ်လ ၁ ရက်နေ့က ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်ဥပဒေပြုရေး ကော်မီတီ နှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မီတီ နှစ်ရပ်ကို ပြည်နယ်လွှတ်တော်ဥက္ကဌက ဖွဲ့စည်း ရာမှာ ကော်မီတီဥက္ကဌ များအဖြစ် ချင်းပါတီကိုယ်စားလှယ်များကိုအဆိုတင်သွင်းခဲ့ကြကြောင်းသိရသည်။

၎င်းကော်မီတီ ၂ ရပ်ကို အဖွဲ့ဝင် ၉ ဦးစီဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်နယ်ဥပဒေပြုရေးကော်မီတီ ဥက္ကဌအဖြစ် ချင်းတိုးတက်ရေးပါတီ ဖလမ်းမြို့မဲဆန္ဒနယ်မြေ(၁)မှဦးနထန်း နှင့် တိုင်းရင်းများသားအရေးဆိုင်ရာ ကော်မီတီဥက္ကဌအဖြစ် ချင်းအမျိုးသားပါတီ တီးတိန်မြို့မဲဆန္ဒ နယ်မြေ(၂)မှဦးဇမ်ကျင့်ပေါင်(ခ)ဦးဇိုးဇမ်တို့ကို အဆိုတင်သွင်းခဲ့ကြောင်း စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌက ဖွဲ့စည်းမည့် ဥပဒေပြုရေးကော်မီတီတွင် လွှတ်တော်အမတ် ၅ ဦးနှင့်အရပ် သား ၄ ဦး ၊ တိုင်းရင်းသား လူမျိုးများဆိုင်ရာကော်မီတီတွင် လွှတ်တော်အမတ် ၆ ဦးနှင့်အရပ်သား ၃ ဦးတို့ အသီးသီးပါဝင်ကြမည်ဖြစ် သည်။

ပြည်နယ်ဥပဒေပြုရေးကော်မီတီဝင်အမည်စာရင်း
ဥက္ကဌ – ဦးနထန်း (စီပီပီ) ဖလမ်း(၁)
အထွေထွေအတွင်းရေးမှူး – ဦးချန်ပွန် (စီအဲန်ပီ)ဟားခါး (၂)
အဖွဲ့ဝင် – ဦးကွီးထန် – (ကြံ့ဖွံ့) ကန်ပက်လက် (၂)
အဖွဲ့ဝင် – ဦးလလ်မောင်ကျူံး – (စီအဲန်ပီ) ထန်တလန် (၂)
အဖွဲ့ဝင် – ဗိုလ်ကြီး ညီညီဦး – (တပ်မတော်သားကိုယ်စားလှယ်)
အဖွဲ့ဝင် – ဦးခွထီးယိုး – ပြည်နယ်ဥပဒေအရာရှိ
အဖွဲ့ဝင် – ဦးအောင်လိုင်စိုး – ပြည်နယ်စာရင်းရုံးမှ ညွန်ကြားရေးမှူး
အဖွဲ့ဝင် – ဒေါက်တာမှုထန်း – မြို့နယ်အငြိမ်းစား ဆရာဝန်
အဖွဲ့ဝင် – ဦးမြင့်ဆွေ – မြို့နယ်လက်ထောက်ပညာရေးမှူးအငြိမ်းစား

တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မီတီဝင်အမည်စာရင်း
ဥက္ကဌ – ဦးဇမ်ကျင့်ပေါင်(ခ)ဦးဇိုးဇမ် (စီအဲန်ပီ)တီးတိန် (၂)
အထွေထွေအတွင်းရေးမှူး – ဦးနန်းဆိုက် – (စီပီပီ) ပလက်ဝ (၂)
အဖွဲ့ဝင် – ဦးဗန်ကျင်း – (အီးအဲန်ဒီပီ) မတူပီ (၂)
အဖွဲ့ဝင် – ဦးကီးထန်းလွင် (ကြံ့ဖွံ့) ကန်ပက်လက် (၂)
အဖွဲ့ဝင် – ဦးရိုဘင်း (စီအဲန်ပီ) ထန်တလန် (၂)
အဖွဲ့ဝင် – ဦးနိုးဆွန် (စီပီပီ) ဖလမ်း (၂)
အဖွဲ့ဝင် – ဦးအွန်ခန့်ကပ် (ပြည်နယ်ယဉ်ကျေးမှုဌါနမှ လက်ထောက်ညွန်ကြားရေးမှူး)
အဖွဲ့ဝင် – ဒေါက်တာထပ်မန်း (ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌါနမှ ညွန်ကြားရေးမှူးအငြိမ်းစား)
အဖွဲ့ဝင် – ဦးအောင်ထန်း (မတူပီမြို့နယ် မြို့မိမြို့ဖ)(Khonumthung)

(ဆက်ဖတ်ရန်.......)

Wednesday, 2 March 2011

ချင်းလူငယ်များ လှုပ်ရှားမှုများ

ချင်းပြည်နယ်၊တီတိန်မြို့တွင် ချင်းလူငယ်များမှ ရဲစခန်းကို ဝိုင်းထားသောသတင်းများ ကြည့်ရှုနိုင်ပါသည်။



(ဆက်ဖတ်ရန်.......)

Monday, 28 February 2011

Bomb blast in Insein injures eight people အင်းစိန်ဗုံး ၈ ဦး ဒဏ်ရာရ



Rangoon (Mizzima) – A bomb explosion in Insein Township, apparently accidentally set off on Sunday, injured eight people including two children, a police officer said.

Aftermath of Insein Aungzeya bomb blast
The bomb exploded in front of a betel nut shop in the Aungzeya Housing Complex on Strand Road in Insein Township in Rangoon Division at about 7 p.m.

Police said a man identified as Zaw Min Tun apparently carried a bomb and it exploded while he was buying betel nut. A second unexploded bomb was also found, police said.

A doctor at Insein Hospital said Zaw Min Tun was severely injured in the explosion and is in critical condition.

Two children, identified as Nyein Nyein Tun, 3. and Zaw Min Htike,13, were among the injured.

Also injured were Zaw Min Tun, Kaythi Myo Kyaw, Win Pa Pa Kyaw, Tint Lwin Oo, Tun Tun and Thin Thin, who were all taken to Insein Hospital.

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ ညတွင် ဖြစ်ပွားခဲ့ရာ ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိကြောင်း ရဲအရာရှိတဦးက ပြောသည်။

ကမ်းနားအလယ်ရပ်ကွက် အောင်ဇေယျ အိမ်ယာဝင်းရှိ ကွမ်းယာဆိုင်တဆိုင်ရှေ့တွင် ည ၇ နာရီကျော်၌ ပေါက်ကွဲခြင်းဖြစ်ပြီး၊ ဒဏ်ရာရသူများတွင် ၃ နှစ်အရွယ် မငြိမ်းငြိမ်းထွန်းနှင့် ၁၃ နှစ်အရွယ် မောင်ဇော်မင်းထိုက် ပါဝင်သည်။

ကျန်ဒဏ်ရာရသူများမှာ ကိုဇော်မင်းထွန်း၊ မကေသီမျိုးကျော်၊ မဝင်းပပကျော်၊ မောင်တင့်လွင်ဦး၊ မောင်ထွန်းထွန်း၊ မသင်းသင်းတို့ဖြစ်ပြီး အင်းစိန်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။

ဗုံးသယ်ဆောင်လာသူဟု ရဲက စွပ်စွဲထားသူမှာ အသက် ၂၆ နှစ်အရွယ် ကိုဇော်မင်းထွန်းဖြစ်ပြီး ကွမ်းယာဝယ်နေစဉ် ပေါက်ကွဲခဲ့ကြောင်းနှင့် မပေါက်ကွဲသေးသော ဗုံးတလုံးကိုလည်း ထပ်မံ တွေ့ရှိရကြောင်း ရဲက ပြောသည်။

ကိုဇော်မင်းထွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရသဖြင့် စိုးရိမ်ဖွယ်အနေအထားဖြစ်ကြောင်း အင်းစိန်မြို့နယ်ဆေးရုံမှ ဆရာဝန်တဦးက ပြောသည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

Saturday, 26 February 2011

ACR News

ACR News (27.2.11)


(ဆက်ဖတ်ရန်.......)

Friday, 25 February 2011

ACR News

ACR News (20.2.11)(2)

(ဆက်ဖတ်ရန်.......)

Thursday, 24 February 2011

63rd Chin National Day in Malaysia



(ဆက်ဖတ်ရန်.......)

ဒုတိယပင်လုံအရေးလှုပ်ရှားသူ ချင်းလူငယ် ၄ဦးကို အာဏာပိုင်များ ဝန်ခံဂတိထိုးခိုင်း

2011-02-22

မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လှုပ်ရှားနေတဲ့ ဒုတိယ ပင်လုံညီလာခံ ထောက်ခံရေး လှုပ်ရှားခဲ့သူ လူငယ် ၄ ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထပ်မံခေါ်ယူပြီး နောင်အလားတူ မလုပ်ဆောင်ဖို့ ဝန်ခံကတိ တောင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဇိုမီးချင်း လူငယ် ၄-ဦးကတော့ နှုံရှံသွမ် ၊ ကျင်ရှံသွမ်း ၊ ထန်လျှံဆွမ်နဲ့ ဆွမ်မန်းတို့ ဖြစ်ကြပြီး သူတို့ဟာ ဒီလ ၂၀ ရက် ချင်းအမျိုးသားနေ့ ကျင်းပခဲ့တဲ့ တီးတိန်မြို့ ကမ်ဟောင်း အားကစားကွင်းအတွင်းမှာ ‘ဒုတိယ ပင်လုံညီလာခံကို ကြိုဆိုပါ၏’ ဆိုတဲ့ ပိုစတာတွေ ၊ စာတမ်းတွေ ကပ်ခဲ့တဲ့အတွက်ကြောင့် အဖမ်းခံခဲ့ရပါတယ်။

သူတို့ကို ဖမ်းဆီးလိုက်တဲ့အတွက် အဲဒီ ချင်းအမျိုးသားနေ့ ပွဲပျက်သွားခဲ့ပြီး ဒါကို မကျေနပ်တဲ့ ဇိုမီးချင်းလူငယ် ၂၀၀-ကျော် ၃၀၀ လောက်က ရဲစခန်းကို ဝိုင်းဆန္ဒပြမှ ပြန်လွှတ်ပေးတယ်လို့ တီးတိန်မြို့ခံတဦးက RFA ကို ပြောပါတယ်။

အဲဒီလူငယ်တွေကို ရဲတွေက ပြန်လွှတ်ပေးလိုက်ပေမဲ့ သူတို့နဲ့အတူ သိမ်းဆည်းသွားတဲ့ အသံချဲ့စက်ကိုတော့ အခုအထိ ပြန်မပေးသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့က တီးတိန်မြို့တင်သာမက တွန်းဇံ ၊ ကလေးမြို့နယ်နဲ့ အိန္ဒိယနယ်စပ်က ကျီခါးမြို့နယ်ခွဲအထိ ‘ဒုတိယ ပင်လုံညီလာခံကို ထောက်ခံပါ၏’ ဆိုတဲ့ ပိုစတာ တွေကို ကပ်ထားတယ်လို့ သိရပါတယ်။(RFA News)

(ဆက်ဖတ်ရန်.......)

Sunday, 20 February 2011

ZIM Awging

Awging Lom 2, Hawm 45

(ဆက်ဖတ်ရန်.......)

ZIM Awging

Awging Lom 2, Hawm 44

(ဆက်ဖတ်ရန်.......)

ACR News

ACR News (6.2.11)


(ဆက်ဖတ်ရန်.......)