Friday, 11 May 2012

KIA မှ အစိုးရ စစ်တပ် ခလရ (၁၃၈) စခန်းသိမ်းပိုက်

၁၀/မေ/၂၀၁၂ ကြာသပတေးနေ့
၂၀၁၂ မေ(၁၀)ရက် မနက်နံနက် ၄:၄၅ မိနစ် နှင့် ၅:၁၅ မိနစ်ချိန်ကြားတွင် မြစ်ကြီးနား
နှင့်ဆွမ်ပရာဘွမ်လမ်းမကြီး ခဂရန်းကျေးရွာတွင် အခြေစိုက်ထားသော အစိုးရစစ်တပ်
ခလရ(၁၃၈)အခြေပြုစခန်းကို KIA တပ်မဟာ(၂)မှစစ်သားအချို့ တိုက်ခိုက်သိမ်း
ပိုက်ခဲ့ကြောင်းသိရပါသည်။ အစိုးရစစ်တပ်မှ ယင်းစခန်းကို ဆုပ်ခွာပေးလိုက်ရပြီးယ
ခုချိန်တွင် KIA စစ်တပ်များ အခြေပြုနေပြီဖြစ်ကြောင်းသိရပါသည်။

စခန်းတွင်းတွင်ဗိုလ်တစ်ဦးအပါအ၀င် အလောင်း(၈)လောင်းတွေ့ရပြီးလက်နက်
ကြီးတစ်လက် အပါအ၀င် MA 4 နှစ်လက်, MA 5 သေနတ် ၁၈ လက် နှင့်
စစ်သုံးပစ္စည်းများ လည်းသိမ်းဆည်းရမိကြောင်းသိရပါသည်။စစ်သားအယောက်
(၁၀၀)ရဲ့စစ်ဝတ်စုံ(Uniform)အပြည့်အစုံ လည်းတွေ့ရှိရသဖြင့် အစိုးရစစ်
သားများ ဟာ ရှေ့တန်းစခန်းများနှင့်KIA နယ်မြေထဲသို့ အရပ်ဝတ်များနှင့်လှုပ်
ရှားသွားလာနေကြောင်းကိုလည်းယင်းတိုက်ပွဲတွင်ပါဝင်ခဲ့သူ KIA အရာရှိတစ်ဦး
၏ပြောကြားချက်အရ သိရပါသည်။

(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ မျိုးဆက်တို့ကို ပိုလန်ဝန်ကြီး တွေ့ဆုံ

မေ ၁၀ ၂၀၁၂
ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Radosław Sikorski နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

ပိုလန် နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ နေ့ခင်းကလည်း နိုင်ငံရေးအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍအကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ပိုလန်အစိုးရရဲ့ သ
ဘောထားအမြင်တွေနဲ့ ၈၈မျိုးဆက် ကျောင်းသားတွေရဲ့ လက်ရှိဆောင်ရွက်ချက်တွေ
ကို ဆွေးနွေးခဲ့ကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်
က အခုလို ပြောပါတယ်။
သူတို့ဘက်ကဘာတွေ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတဲ့ကိစ္စပေါ့။နိုင်ငံတစ်နိုင်ငံနဲ့ တစ်
နိုင်ငံပေါ့နော်။ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေလုပ်တဲ့အခါမှာပုံသဏ္ဌာန်၊အသွင်
သဏ္ဌာန်၊အမြင်ချင်းတွေ မတူကြဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ တစ်ထပ်
တည်းတွေတော့ဘယ်တစ်နိုင်ငံနဲ့ တစ်နိုင်ငံတူဖို့ မဖြစ်နိုင်တဲ့ အကြောင်းပါ။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီးMr.Radosław-
Sikorski ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ ညနေကသွားရောက်တွေ့ဆုံခဲ့
ပါတယ်။
အဲဒီအခါမှာ နိုင်ငံရေး လှုပ်ရှားနေတဲ့သူတွေအနေနဲ့ ဘယ်လိုပါဝင်ကြမလဲဆိုတဲ့
ကိစ္စလေးတွေကို ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ ပိုလန်နိုင်ငံခြားရေးဝန်ကြီး
နဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ၈ ဦး တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ မနက်မှာပဲ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆွီဒင်အခြေစိုက်
NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ OLOF PALME Center အဖွဲ့က လာရောက်
တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း
သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ နော်ဝေး
ဝန်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ ကိုယ်စားလည်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးကြ
ကြောင်းလည်း သိရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House
အဖွဲ့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်မြို့မှာ ဒီက
နေ့တွေ့ဆုံပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ဘဝ ပြန်
လည်ထူထောင်ရေးအတွက် အကူအညီပေးရေး ကိစ္စတွေကိုဆွေးနွေးကြောင်း
သိရပါတယ်။
RFA-Burmese

(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေးရှိနေခြင်းမှာ တောင်ကိုရီးယားသမ္မတ ခရီးစဉ်အတွက်ဖြစ်

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေး တစ်ရာကျော် ရှိနေရခြင်းမှာ တောင်
ကိုရီးယားသမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်တွင် လုံခြုံရေးအပြည့်အ၀ရရှိစေရန် အတွက် ၀တ်စုံပြည့်ဖြင့်လေ့ကျင့်နေခြင်းသာဖြစ်ကြောင်း လုံခြုံရေးခေါင်းဆောင် တစ်ဦးက အ
တည်ပြုပြောကြားသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်သည် နိုင်ငံတော်သမ္မတအပါအ၀င်ဒေါ်အောင်
ဆန်းစုကြည် နှင့် ပါလာရောက်တွေ့စုံမည်ဖြစ်သောကြောင့် ယင်းကဲ့သို့ လေ့ကျင့်ခြင်း
ဖြစ်ပြီး ရန်ကုန်တစ်မြို့လုံးတွင်ပါ ယင်းကဲ့သို့လေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရသည်။
Messenger News Journal

(ဆက်ဖတ်ရန်.......)

Thursday, 10 May 2012

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး လုံခြုံရေးတပ်ဖွဲ့  များ တိုးမြင့်ထား

မေလ ၉ ရက်နေ့ ၂၀၁၂
ယနေ့ ညနေ ၃း ၃၀ နာရီ အချိန်တွင် ကမ္ဘာအေး ဘုရားလမ်း နှင့် တက္ကသိုလ်ရိပ်သာ
လမ်း မီးပွိုင့် မှ စပြီး အင်းလျှား မီးပွိုင့် အထိ ပေ -၄၀ ခန့် အကွာ တွင် ရဲ ၃ - ယောက်
တပ်သား ၂ယောက် အရာရှိ ၁-ယောက် နေယူထားပါသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ် နှင့် မလှမ်း မကန်းတွင်လည်း ရဲကား- ၃ -စီး ရပ်ထား
သည်ကို မျက်မြင်တွေ့ရှိခဲ့သူ ဦးညွန့် ဝင်း က Myanmar News Now ကိုပြောပါသည်။

အဆိုပါ လုံခြုံရေးတပ်ဖွဲ့ ဝင်များမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး မျက်ရည်ယို
ပုံးပစ်ခတ်နိုင်သည်လက်နက်ပါ တစ်ဖွဲ့လျှင် ရဲသားတစ်ယောက်ကိုင်ဆောင်ထားပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင် အင်းအား ၅၀ ခန့်တွေ့ရှိသည်ဟု ဆိုပါသည်။အကွာအဝေး တစ်
နေရာလျှင် ၃ ဦး ရှိပါပြီး အင်းလျှား မီးပွိုင့် မှ လှည်းတန်းမီးပွိုင့်ကြား ရဲအစောင့်များ
ကြဲသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ဖြင့် နေစဉ်ကာလတွင်လည်း ထိုကဲသို့ တွေ့ဖူး
ထားသဖြင့် လမ်းအတွင်းသို့ ကားဖြတ်မောင်း သွားသော မိဘပြည်သူများမှာ စိုးရိမ်
သောကများဖြစ်နေကြပါသည်။ လုံခြုံရေးရဲများ မိမိတာဝန် မိမိ ဆောင်ရွက်နေခြင်း
မှန်ကန်သော်လည်းမိဘပြည်သူများမှာလည်း စိတ်ပူနေခြင်းဖြစ်ပါကြောင်း ဦးညွန့်ဝင်း
ကဆက်လက်ပြောဆိုထားပါသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ မှ ဖြတ်သွားတဲ့ ပြည်သူတဦးကလည်းလက်နက်အ
ပြည့်အစုံနဲ့ လုံခြုံရေးကားတွေ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးချထားတာတွေ့တဲ့အ
တွက် စိုးရိမ်းကြီးစွာနဲ့ တယ်လီဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး Myanmar News Now ကိုပေး
ပို့ထားပါသည်။

(ဆက်ဖတ်ရန်.......)

Wednesday, 9 May 2012

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီ

မြင့်လှိုင်၊ မေ ၉ ရက်၊ ၂၀၁၂

ဇွန်လလယ်တွင် ပြည်ပကို ထွက်ခွာရန် ပြင်ဆင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
မြန်မာအာဏာပိုင်များက ၂၀၁၂ မေလ ၄ ရက်နေ့တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေး
လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူ ဦးဉာဏ်ဝင်းကို ကိုးကား
ပြီး ရန်ကုန်က ပေးပို့တဲ့ အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားပါတယ်။

၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်
တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ
ကူးလက်မှတ် လျှောက်ထားခဲ့ခြင်း ဖြစ်ကာ တလခန့်အကြာတွင် အခုလို ရရှိခဲ့တာ
ဖြစ်ပါတယ်။ထိုကိစ္စနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ
ကူးလက်မှတ် ရရှိကြောင်း သောကြာနေ့တွင်(အာဏာပိုင်တွေက)အသိပေးပါတယ်။
အခု သူ့လက်ထဲမှာ နိုင်ငံကူးလက်မှတ် ရှိနေပါတယ်“လို့" AFP ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ရာ
ပြည်ပကို ခရီးထွက်မယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်မလာနိုင်ဘူးလို့ မြန်မာစစ်အစိုးရ
အဆက်ဆက်က သူ့ကို အသိပေးထားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကင်ဆာရောဂါ
ကြောင့် သေအံ့မူးမူး ဖြစ်နေတဲ့ ခင်ပွန်းသည် မိုက်ကယ်လ်အဲရစ် မကွယ်လွန်မီ
သူတို့ဇနီးမောင်နှံ မတွေ့ခဲ့ရပါဘူး။ထိုစဉ်ကမိုက်ကယ်လ်အဲရစ်စ် မြန်မာပြည်ဝင်ခွင့်
ဗီဇာပေးဖို့ကိုလည်း မြန်မာစစ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
ဟာ ခင်ပွန်းသည်ကို မြင်တွေ့လိုပေမယ့် မြန်မာပြည်သူများရဲ့အရေးကို အသက်
ထက်ဆုံး ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်တဲ့အတွက် မိသားစုအ
ရေးထက် နိုင်ငံ့အရေးကို ပိုပြီး ဦးစားပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ရရှိခြင်း၊ပြည်ပနိုင်ငံများကိုခရီးထွက်ပြီး
မြန်မာပြည်ကို ပြန်လာနိုင်ခြင်း စတဲ့ ကိစ္စရပ်များဟာ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်ကာ
လအတွင်းက လုံးဝမဖြစ်နိုင်တဲ့ အခြေအနေများဖြစ်ပါတယ်။ဒါ့ကြောင့် ဒေါ်အောင်
ဆန်းစုကြည်အား နိုင်ငံရပ်ခြားခရီးသွားလာခြင်း ကန့်သတ်မှုများကိုပယ်ဖျက်လိုက်
ခြင်းဟာ မြန်မာအာဏာပိုင်တွေရဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတခုဖြစ်ကြောင်း
လေ့လာသူများက ရှုမြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေ၊ ယူကေနိုင်ငံများကို ခရီးထွက်မှာဖြစ်ကြောင်း
တရားဝင်သတင်းများအရ သိထားရသလို အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီ
မြို့တော်ကို လာရောက်ကာ အမေရိကန်လွှတ်တော်က ချီးမြှင့်တဲ့ ဆုကို ရယူရန်
ရှိကြောင်း၊အခြားနိုင်ငံများကိုလည်း ခရီးထွက်ခွာဖို့ စီစဉ်ကောင်းစီစဉ်မှာဖြစ်ကြောင်း
သတင်းများကိုလည်း ကြားသိထားပါတယ်။

ကိုးကား

http://news.yahoo.com/aung-san-suu-kyi-given-myanmar-passport-105315261.html

(ဆက်ဖတ်ရန်.......)

CNF နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် သဘောတူညီချက် ၁၅ ခု လက်မှတ်ရေးထိုး

၉ မေ ၂၀၁၂

ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နှင့် ပြည်ထောင်စုအဆင့်
အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တို့သည် ယမန်နေ့က ချင်းပြည်နယ်ဟားခါး
မြို့တွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး အချက်aပါင်း၁၅ချက်
ကို သဘောတူညီ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ၌ မေလ ၇ ရက်နေ့နံနက်ပိုင်း ၉ နာရီ မှ ညနေပိုင်း
၎ နာရီအထိ ကျင်းပပြုလုပ်သော ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် တဖက်နှင့်တဖက်အပြန်
အလှန်နားလည်မှုကြောင့် ခုလို လက်မှတ်ရေး ထိုးနိုင်ရခြင်းဖြစ်သည်ဟု သစ်တောရေး
ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ခိုနူမ်းထုန်ကိုပြောသည်။

“ဒီနေ့ ဒုတိယအကြိမ် ပြည်ထောင်စုဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဘက်ကသယ်ဆောင်လာခဲ့
ကြတဲ့အချက်အလက် အားလုံး လောက်ပါဘဲ သဘောတူညီမှုရအောင် ဆွေးနွေးနိုင်ခဲ့
တယ်၊ တဖက်နဲ့ တဖက် စိတ်ကောင်း စေတနာရှိတဲ့ ပေါ်မှာခြေခံပြီးတော့ နှစ်ဘက်
အလျော့အတင်း ညှိနှိုင်းမှုတော်တော်လေး လုပ်ရပါတယ်။သို့သော်လည်းဘဲ တဖက်နဲ့
တဖက်က အပြန် အလှန်နားလည်ပြီးတော့ အောင်မြင် စေချင်တဲ့ စိတ်ကိုရှေ့ရှုတဲ့
အခါ ကျတော့ အားလုံအောင်မြင်ပါတယ်” ဟု ၀န်ကြီး ဦးဝင်းထွန်းက ပြောသည်။

ယခုပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပွဲတွင် ယခင်ပြည်နယ်အဆင့် သဘောတူညီ
ထားသော အချက် ၉ ချက်ပေါ် အခြေခံကာ Terms of Reference ဟုခေါ်
သော သတ်မှတ်တာဝန် နှင့် လုပ်ပိုင်ခွင့်များကို အသေးစိတ်ဆွေးနွေးခဲ့ပြီး၊နာက်ထပ်
အချက် ၆ ချက်ကို ထပ်မံသဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု CNF
ငြိမ်းအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆလိုင်း အင်ဒရူး ငွန်ကျူံးလျန် ကပြောသည်။

ပထမတုန်းက ၉ ချက်ရှိပါတယ်။အဲဒီ ၉ ချက်စလုံးကို လုပ်ငန်းနဲ့ တာဝန်များဆိုပြီး
အသေးစိတ်ချတာဖြစ်ပါတယ်၊နောက် အခု ၉ ချက်အပြင် ၅ ချက်ပိုပြီးတော့ထည့်
လာပါတယ်၊ ဘာလို့လဲဆိုတော့ ပထမ ထဲကဟာကို အချက် တချို့ကို ၂ ခုကနေ
၁ ခုအဖြစ် ပေါင်းပြီးရေးထားတာရှိလို့ပါ” ဟုပြောသည်။

ယခင် သဘောတူထားတဲ့အချက် ၉ ချက်များမှာ အပစ်အခတ်ရပ်စဲရေးအပါအ၀င်
တီးတိန်၊ ထန်တလန် နဲ့ ပလက်ဝ မြို့ နယ်တွေမှာ CNF ဆက်သွယ်ရေးရုံးတွေ
ဖွင့်လှစ်ရန်၊ CNF အဖွဲ့ဝင်များ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာခရီး သွားလာ ခွင့်
ပြုရန်၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ဒို့တာဝန်အရေးသုံးပါးအပြင်
ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေးတို့အားအခြေခံလျက်
တွေ့ဆုံဆွေးနွေးရန်၊ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ နိုင်ငံတကာအဲန်ဂျီအိုတွေကို လွတ်လပ်
စွာ အလုပ်လုပ် ခွင့်ပြုရန်၊ ချင်းပြည်နယ် ဘိန်းပ ပျောက်ရေးအတွက် ပြည်နယ်
အစိုးရနဲ့ပူးပေါင်းဆောင် ရွက်ရန်၊ စီးပွားရေး အထူးဇုံထူထောင်ရန်၊ ချင်းပြည်နယ်
ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ပြည်နယ်အစိုးရနဲ့ CNF အကြား အပြန်အလှန် အကြံပေးခြင်း၊
ပူးတွဲလုပ်ဆောင်ခြင်း၊ ညှိနှိုင်းဖလှယ်ခြင်းတို့ကို ပူးတွဲဆောင်ရွက်ရန် ဆိုသည့် အ
ချက် များဖြစ်သည်။

ဖော်ပြပါ အချက်အများကို လက်တွေ့အကောင်အထည်ဖော်မှုများကိုလည်း ဆက်
လက် လုပ်ဆောင်တော့ မည်ဖြစ်သည်ဟု သိရသည်။

နောက်ထပ် သဘောတူထားသည့် အချက်များကိုမူ အတိအကျ မသိနိုင်သေးသော်
လည်း ဖေဖော်ဝါရီ ၂၀ ကို ချင်းအမျိုး သားနေ့အဖြစ်ပြန်လည်သတ်မှတ်ရေး၊
ဇန်န၀ါရီ (၃) ရက်နေ့ကို ချင်းပြည်နယ် နေ့ အဖြစ်သတ်မှတ်ရေး ဆက်လက်
လုပ် ဆောင်ရန်၊ နိုင်ငံခြားရောက် ချင်းလူမျိုးများ မြန်မာနိုင်ငံကို ပြန်လာချင်ပါက
ဗီဇာ ထုတ်ပေးသည့်အချက်များ ပါဝင်သည် ဟုသိရသည်။

CNF ဘက်မှ တင်ပြသော ချင်းပြည်နယ်တွင် အထူးစီးပွားရေး ဇုံဖော်ဆောင်ရန်
ဆိုသည့် အချက်ကိုမူ ခေတ္တဆိုင်းငံထားပြီး နောက်တကြိမ် ထပ်မံတွေ့ဆုံသည့်အ
ခါ ပြန်လည်ဆွေးနွေးကြမည်ဟုသိရသည်။ Khonumthung News.

(ဆက်ဖတ်ရန်.......)

Tuesday, 8 May 2012

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး သဘောတူညီချက်ရ

2012-05-07
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာ ရွှေခါး ဦးဆောင်တဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ဟာ ဒီကနေ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် (၁၆) ကို သဘောတူညီမှု ရရှိခဲ့ကြပါတယ်

ဒီဆွေးနွေးပွဲကို ချင်းပြည်နယ် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ နှစ်ဘက် သဘောတူညီချက်တွေအရ CNF နဲ့ အစိုးရအဖွဲ့တို့အကြား ငြိမ်းချမ်းရေးကိစ္စတွေ အားလုံးနီးပါး ပြေလည်မှု ရရှိသွားပြီလို့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် ပြည်ထောင်စု သစ်တောဝန်ကြီး ဦးဝင်းထွန်းက RFA ကို အခုလို ပြောပါတယ်။

" ခြုံပြောရမယ်ဆိုရင်တော့ အားလုံးနှစ်ဘက် သဘောတူညီမှုရခဲ့ပါပြီ။ ပထမအချက်မှာတော့ ကျွန်တော်တို့ ယခင်တုန်းကဟာတွေကို ပြည်ထောင်စုအဆင့်မှာ ပြန်ပြီးတော့ သဘောတူပါတယ် ဆိုတာကို ပြန်ပြောတယ်ဗျာ။ နောက်ပြီးတော့ ယာယီအခြေပြု နေထိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်ပေါ့။ အဲတာကတော့ နှစ်ဦးနှစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပတ်သက်တဲ့ Hard case ဆိုတော့ ကျွန်တော်တို့ ဒီဘက်က တပ်မတော် တိုင်းစစ်ဌာနချုပ်
တွေရဲ့ ကိုယ်စားလှယ်နဲ့ ဒီပြည်နယ်မှာရှိတဲ့ လုံခြုံရေးနဲ့ နယ်စပ်ဝန်ကြီးနဲ့ နောက်တဘက်က ချင်းအမျိုးသားတပ်ဦးရဲ့ တပ်မတော်ပိုင်းဆိုင်ရာ အကြီးအကဲတွေနဲ့ ကျွန်တော်တို့ ဒီဘက်က ခေါင်းဆောင်နှစ်ယောက်က သူတို့ကို မူပေးပြီးတော့ နယ်မြေခွဲတဲ့ ကိစ္စတွေကို ဆွေးနွေးစေပါတယ်။ အဲတာတွေ အားလုံးလည်း ကျွန်တော်တို့ သဘောတူညီချက်ရခဲ့ပါတယ်"

ချင်းအမျိုးသားတပ်ဦးနဲ့ မြန်မာအစိုးရအကြား ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အခုနှစ် ဇန်န၀ါရီလ (၆) ရက်နေ့က ဟားခါးမြို့မှာ ပြုလုပ်ခဲ့ပြီး အချက် (၉) ချက်ပါ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲက သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ် ငြိမ်းချမ်းရေးကိစ္စကို တာဝန်ယူထားတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

(ဆက်ဖတ်ရန်.......)

သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ဟုဆို

တနင်္လာနေ့၊ မေလ ၀၇ ရက် ၂၀၁၂ ခုနှစ်

ကျန်းမာရေး အခြေအနေကြောင့် ဒုတိယသမ္မတ တဦးဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦးသည် လက်ရှိရာထူးမှ အနားယူရန် မေလ ၃ ရက်နေ့က နုတ်ထွက်စာ တင်ထားပြီး ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

လက်ရှိအစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူဟု ကျော်ကြားသည့် အသက် ၆၁ နှစ်အရွယ် အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အများပြည်သူ မြင်ကွင်းတွင် အတန်ကြာ ပျောက်ကွယ်နေပြီးနောက် ယခုကဲ့သို့ နုတ်ထွက်သည့်သတင်း ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

ဦးတင်အောင်မြင့်ဦးသည် စင်္ကာပူမှ ဆေးဝါးကုသမှုခံယူ၍ ပြန်ရောက်လာပြီးနောက် ယခုကဲ့သို့ နုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်ကြောင်း VOA မြန်မာပိုင်း အစီအစဉ် အသံလွှင့်ချက်အား ကိုးကား၍ နိုင်ငံတကာ မီဒီယာများတွင် တနင်္ဂနွေနေ့ကတည်းက သတင်းများ ပြန့်နှံ့နေသော်လည်း နိုင်ငံတော် အစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ကျန်းမာရေးကုသမှု ခံယူပြီးနောက် မြန်မာပြည်သို့ ပြန်ရောက်လာကာ ရဟန်းပြုဖို့ စီစဉ်နေသည်ဟုသိရပြီး သီဟသူရ ဦးတင်အောင်မြင့်ဦး အနေဖြင့် စိတ်ဖိစီးမှု ခံနေဖွယ်ရှိသည်ဟု နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။

တချိန်တည်းမှာပင် သမ္မတဦးသိန်းစိန်က ကက်ဘိနက်အဖွဲ့ကို ပြောင်းလဲဖွဲ့စည်းကာ ဝန်ကြီးဌာနအချို့ကို ပူးပေါင်းပြီး အရေအတွက် လျှော့ချလိမ့်မည်ဟု ထင်မြင်ကြေးပေးမှုများ နေပြည်တော်တွင် ဖြစ်ပေါ်လျက်ရှိသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ၁၉၇၀ ခုနှစ် DSA ကျောင်းဆင်း ဖြစ်ပြီး ၁၉၉ဝ ခုနှစ်များအထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် နအဖ စစ်ကောင်စီ၏ အတွင်းရေးမှူး(၁)အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၂၀၀၉ ခုတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်ရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ရသည့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးမှာ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီတွင် တပ်မတော်ရာထူးမှ နုတ်ထွက်ခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲတွင် နေပြည်တော် ပုမ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေး ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး အခြေခံဥပဒေ ပုဒ်မ ၆ဝ(ခ)(၃)အရ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားခြင်း ခံရသူလည်း ဖြစ်သည်။

အကယ်၍ မေလ ၃ ရက်နေ့တွင် သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်လွှာတင်ခဲ့ပါက အခြေခံဥပဒေ ပုဒ်မ ၇၃(ဆ)အရ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ၂၁ ရက်အတွင်း ခေါ်ယူ၍ သက်ဆိုင်ရာ တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယ သမ္မတ တဦးကို ထပ်မံ ရွေးချယ်တင်မြှောက်ပေးရမည် ဖြစ်သည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

Sunday, 6 May 2012

ACR News

ACR News (06.05.12)

(ဆက်ဖတ်ရန်.......)

Wednesday, 2 May 2012

NLD အမတ်များ လွှတ်တော်တက်၊ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်” ဟု ကျမ်းသစ္စာကျိန်ဆိုရလေပြီ




(ဆက်ဖတ်ရန်.......)