Monday, 10 December 2012

သန်းခေါင်စာရင်း ဥပဒေကြမ်း ထုတ်ပြန်ကြေညာ

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကြမ်းကို ပြည်သူအများ
သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်္ဘာလ ၉ ရက်နေ့က ပြည်
တော်စုလွှတ်တော်က နိုင်ငံပိုင် မီဒီယာများမှတဆင့် ဖေါ်ပြလိုက်သည်။

ဥပဒေကြမ်း ပုဒ်မ ၄ အရ “သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာ စံချိန်
စံညွှန်းများနှင့် ညီညွတ်မှုရှိစေရန် အတွက် ကုလသမဂ္ဂ စာရင်းအင်းကော်မရှင်က
ကမ္ဘာတဝှန်း အတည်ပြု သတ်မှတ်ထားသောမူများ၊ အကြံပြုချက်များ အား ထည့်
သွင်းဆောင်ရွက်ရမည်” ဟု ပါရှိသည်။

ထိုဥပဒေအရ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ဗဟို သန်းခေါင်စာရင်း
ကော်မရှင် ဖွဲ့စည်းရမည်ဖြစ်ပြီး သမ္မတ က ခန့်အပ်မည့် ဒု-သမ္မတ တဦးက နာယ
က လုပ်ကာ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးက ဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးက အတွင်းရေးမှူးအ
ဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

ထိုမှတဆင့် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး ကော်မရှင် များ ဖွဲ့စည်း
ဆောင်ရွက်မည်ဖြစ်သည်။ တာဝန်ခံအရာရှိအဖြစ်မူ ပြည်သူ့အင်အား ဦးစီးဌာန
ညွှန်ကြားရေးမှူးအား ခန့်အပ်မည်ဖြစ်သည်။

အခန်း ၇ ခန်းပါ ဥပဒေကြမ်းတွင် ပုဒ်မ ၂၇ ခု ပါဝင်သည်။

၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံလူဦးရေ သန်းခေါင်စာရင်း
ကို ၂ဝ၁၅ ခုနှစ်တွင် အပြီး ထုတ်ပြန်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီ က လွှတ်
တော်တွင် ပြောဆိုထားသည်။

၂ဝ၁၄ ခုနှစ်၊ စတင်ကောက်ယူမည့် သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်
ခွဲ၍ ဆောင်ရွက်နေပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်း၊
ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွား
မည်ဟု ဖော်ပြထားသည်။

လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲ
များတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံလူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား
တခုနှင့်တခု တူညီမှုမရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈သန်းဟု ခန့်မှန်းပြီး အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆ဝ ဟု ခန့်မှန်းကာ နိုင်ငံတကာငွေကြေး ရန်ပုံငွေ
အဖွဲ့ကြီးကမူ ၆၄ သန်းဟု ခန့်မှန်းထားကြသည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

Sunday, 9 December 2012

CNF နှင့် ပြည်ထောင်စုအဆင့်ဆွေးနွေးရုပ်သံ

(ဆက်ဖတ်ရန်.......)

CNF နှင့် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်သဘောတူညီပြီး လက်မှတ်ထိုး

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦး
တို့၏ တွေ့ဆုံညှိနှိုင်းဆွေးနွေး ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်ရာ ချင်းအမျိုးသား

တပ်ဦးက အဆိုပြုသည့် အချက် ၃၁ ချက်တွင် ၂၇ ချက်ကို သဘောတူညီမှုရရှိခဲ့သည်။

စစ်တပ်နေရာချထားရေးနှင့် ပတ်သက်သည့် ကျန် ၄ ချက်ကို မှတ်တမ်းတင်၍ ဆက်
လက်ဆွေးနွေးရန် သဘောတူညီ မှု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ချင်းလူ့အခွင့်အရေးကော်မတီ ချင်းဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းရေး၊ ချင်းအမျိုးသားနေ့
့နှင့် ချင်းပြည်နယ်နေ့ သတ်မှတ်ရေးတို့ကို သဘောတူညီမှု ရရှိခဲ့ပြီး၊ ချင်းဘာသာဖြင့် အသံလွှင့်ရုံတည်ဆောက်ရေး၊ ချင်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ရာသီမေ
ရွေး သွားလာနိုင်သည့် ပြည်ထောင်စုလမ်းမ ဖောက်လုပ်ရေး၊ သင့်တော်သည့်နေရာ
တွင် နိုင်ငံတကာ အဆင့်မီလေယာဉ်ကွင်းဖောက်လုပ်ရေး သဘောတူညီမှု ရရှိခဲ့
ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အဓိက မူကြီးသုံးရပ်ဖြစ်သည့် အပစ်အခက်ရပ်စဲရေး၊ နိုင်ငံ
ရေးအရ ဆွေးနွေးပွဲများ ပြုလုပ်၍ ပင်လုံကဲ့သို့သော တိုင်းရင်းသားအားလုံးပါဝင်
သည့် ဆွေးနွေးပွဲပြုလုပ်နိုင်ရန် အခြေခံဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားများ၏ 
ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ မိမိကံကြမ္မာ ဖန်တီးနိုင်ခွင့်တို့ကို သဘောတူညီခဲ့ကြ
ကြောင်း သိရသည်။

(ဆက်ဖတ်ရန်.......)

Saturday, 8 December 2012

ACR News

December 09 Weekly ACR News

(ဆက်ဖတ်ရန်.......)

Friday, 7 December 2012

CNF နှင့် ပြည်ထောင်စုအစိုးရ ဒုတိယအကြိမ်တွေ့ဆုံ

ဒုတိယအကြိမ်မြောက် CNF နဲ့ ပြည်ထောင်စု အစိုးရတို့ ယနေ့ ဒီဇင်ဘာ ၀၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ စတင်ပြီး  ရန်ကုန်မြို့၊ အမှတ် – ၁၁၊ ရွှေလီလမ်းတွင် ငြိမ်းချမ်းရေး  ဆွေးနွေးကြပြီ ဖြစ်သည်။

အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီမှ ဦးအောင်မင်း (ပြည်ထောင်စု ၀န်ကြီး)၊ ဦးစိုးသိန်း ( ပြည်ထောင်စု ၀န်ကြီး)၊ ဦးဝင်းထွန်း ( ပြည်ထောင်စု ၀န်ကြီး)၊ ဦးအုန်းမြင့် (ပြည်ထောင်စု ၀န်ကြီး)၊ ဦး ဟုန်း ငိုင်း ( ၀န်ကြီးချုပ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့)၊ ဗိုလ်ချုပ်ဇော်ဝင်း ( ဒုတိယ၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန)၊ ဦးထွန်း ထွန်းဦး (ဒုတိယရှေ့နေ ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး)၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း (ကာကွယ်ရေးဦးစီးချုပ်ရုံး)၊ ဗိုလ်မှူး ကြီး ဇော်မင်းဦး (လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့)၊ ဗိုလ်မှူးကြီး ကျော်သန့်နိုင်( စစ်ဦးစီးမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်)၊ ဦးငွန်မောင်း ( ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (ဟားခါး)၊ ဦးပေါလ်လျန်လွင် ( အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ချင်းပြည်နယ်) တို့ပါဝင်ကြမှာဖြစ်သည်ဟု သိရသည်။

CNF ဖက်မှ  Pu Zing Cung ( အထွေထွေအတွင်းရေးမှူးချုပ်၊ အဖွဲ့ခေါင်းဆောင်)၊ Pu Thomas ThangNou ( အဓိပတိ ကောင်စီဝင်၊ ဒုတိယအဖွဲ့ခေါင်းဆောင်)၊ Pu Paul Sitha ( အထွေထွေ အတွင်းရေးမှူး – ၁)၊ Dr. Suikhar (အထွေထွေ အတွင်းရေးမှူး – ၂)၊ Salai Kipp Kho Lian (အလှည့်ကျ ဥက္ကဌ – ၂) ၊  Dr. Lian Hmung Sakhong ( အဓိပတိကောင်စီ ၀င်)၊ Pu Thangyen
( အဓိပတိကောင်စီဝင်)၊ Pu H.C Ral Hnin ( အဓိပတိကောင်စီဝင်) ၊ Pu Zo Tum Hmung (အဓိပ တိကောင်စီဝင်) ၊ Pu Thang Ning Kee  ( အဓိပတိကောင်စီဝင်) ၊ Pu Bernard L. Chhangte( အဓိပတိ ကောင် စီဝင်)   Pu Thawng Za Lian (ဥက္ကဌ၊ စစ်ရေးရာကော်မီတီ)၊ Colonel Solomon (အတွင်းရေးမှူး၊ စစ်ရေးရာ ကော်မီတီ) Salai Thla Hei (ဗဟိုအလုပ် အမှုဆောင်ကော်မီတီဝင်)၊ Pu Hau kang ( ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်)၊ Colonel Than Tun ( ဒုတိယ စစ်ဦးစီးချုပ်) Major Sang Lian Thang ( အမှတ် -၁ ဗျူဟာမှူး)၊ Major Kha Pawng( အမှတ် – ၂ ဗျူဟာမှူး) ၊Pu Ngai Ja Thang ( ဗဟိုကော်မီတီဝင်) တို့ပါဝင် ကြကြောင်း သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို Myanmar peace Center တွင် ပြုလုပ်ကြမည်ဖြစ်ပြီး Myanmar Peace Center အဖွဲ့မှ ဦး တင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဦးကျော်စိုးလှိုင်၊ ဒေါက်တာ မင်းဇော်ဦး၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးသီဟန်မျိုးညွန့်၊ ဦးအောင်နိုင်ဦး၊ ဦး နေမျိုး နိုင်၊ ဗိုလ်မှူးကြီး ချစ်ကိုကို၊ ဦးတင်အောင်မိုး တို့လည်းပါဝင်ကြမည်ဟု သိရသည်။

ထို့အပြင် စီအဲန်အက်ဖ် ဖက်မှ လေ့လာသူအဖြစ် ဖိတ်ကြားထားသည့် Kristine Gould (PACRIM Research Associates, USA) ၊ Mr. Yohei Sasakawa (Chairman, Nippon Foundation, Japan)၊ Mr. Yiji Mori (Nippon Foundation, Japan) ၊ Ms. Suzuka Yoshida (Nippon Foundation, Japan) Charles Petrie (Myanmar Peace Support Initiative –MPSI ) တို့အပြင် Mai Chin Chin (Shalom Foundation, Yangon) ၊ Salai Bawi Lian Mang (Director, CHRO) တို့လည်း ပါဝင်တက်ရောက်ကြမှာဖြစ်သည်။

အလားတူ အစိုးရဖက်မှ လေ့လာသူများအဖြစ် ဦးခွန်ထွန်းဦး၊ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း နှင့် NDF မှ ခေါင်း ဆောင်တဦးတို့ အပြင် နိုင်ငံခြားသံရုံးမှ ၁၂ ဦး တက်ရောက်ကြမည်ဟု သိရ သည်။

ဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ အနက် ပြည်တွင်း ပြည်ပမှ လေ့လာသူအများဆုံးတက်ရောက်သည့် တွေ့ဆုံဆွေးနွေးပွဲဖြစ် သည်ဟု ပြောကြသည်။

(ဆက်ဖတ်ရန်.......)

Wednesday, 5 December 2012

ပြည်ထောင်စုအဆင့်တွေ့ဆုံရန် CNF ကိုယ်စားလှယ်များ ရန်ကုန်သို့ ထွက်ခွါ

CHIN NATIONAL FRONT

General Headquarter, Chinland
 
ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးရေးအတွက် ချင်းအမျိုးသားတပ်ဦး ကိုယ်စားလှယ်များထွက်ခွါခြင်း သတင်းထုတ်ပြန်ချက်
 
၁။ ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စု အစိုးရနှင့်ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး ရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၀၃ ရက်နေ့တွင် ပါတီဗဟိုဌာနချုပ်မှ အမှတ် (၂) အိန္ဒိယ - မြန်မာကုန်သွယ်ရေးလမ်း ကြောင်းအတိုင်း စတင်ထွက်ခွါသွားကြပြီဖြစ်သည်။ ထိုမှ တဆင့် စစ်ကိုင်းတိုင်း ကလေးမြို့မှ ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ဆက်လက်ထွက်ခွါသွားကြမည်ဖြစ်သည်။
 
၂။ ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စုအစိုးရတို့ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၇ - ၈) ရက်နေ့များအတွင်း ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
 
၃။ ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ဒီဇင်ဘာလ (၉) ရက်နေ့မှ (၁၂) ရက်အထိ ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီများ၊ ချင်းမိဘပြည်သူများ၊ ချင်းတက္ကသိုလ်ကျောင်းသားလူငယ်များနှင့် ဆက်လက်တွေ့ဆုံသွားကြမှာဖြစ်ပြီး တဆက်တည်း ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၂၁ ရက်အထိ စစ်ကိုင်းတိုင်းကလေး - ကဘော်ဒေသရှိ ချင်းပြည်သူလူထု၊ ချင်း ပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ တီးတိန်မြို့ပေါ်ရှိ ပြည်သူလူထု နှင့် တွေ့ ဆုံကြမည်။ ထို့အပြင် ချင်းပြည်နယ် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားကြသည်။
 
၎။ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရာတွင် ချင်းအမျိုးသားတပ်ဦး ဖက်မှ ငြိမ်းချမ်းရေးကိုယ်စား လှယ်များအဖြစ် Pu Zing Cung ( အဖွဲ့ခေါင်းဆောင်)၊ Pu Thomas ThangNou ( ဒုတိယ အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ ၀င်များအဖြစ် Pu Paul Sitha, Dr. Suikhar (ပြောရေးဆိုခွင့်ရှိသူ) , Salai Kipp Kho Lian, Dr. Lian Hmung Sakhong, Pu H.C Ral Hnin, Pu Thang Yen, Pu Zo Tum Hmung, Pu Thang Ning Kee, Pu Bernard L. Chhangte, Colonel Solomon, Salai Thla Hei, Pu Hau kang, Pu Thawng Za Lian, Pu Ngai Ja Thang, Colonel Than Tun, Major Sang Lian Thang, Major Kha Pawng တို့ပါဝင်ကြမည်ဖြစ်ပြီး မီဒီယာ မှတ်တမ်း တာဝန်ခံအဖြစ် Pu Thet Ni ပါဝင်မည်ဖြစ်သည်။
 
၅။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွင်  Kristine Gould (PACRIM Research Associates, USA) ၊ Mr. Yohei Sasakawa (Chairman, Nippon Foundation, Japan)၊ Mr. Yiji Mori (Nippon Foundation, Japan) ၊ Ms. Suzuka Yoshida (Nippon Foundation, Japan) Charles Petrie (Myanmar Peace Support Initiative –MPSI) တို့အပြင် Mai Chin Chin (Shalom Foundation, Yangon) ၊ Salai Bawi Lian Mang (Director, CHRO) တို့လည်း လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ကြမည်။
 
၆။ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရာတွင် ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းအမျိုးသားရေး ဆိုင် ရာ၊ စစ်ဖက်ဆိုင်ရာ၊ ဖွံ့ဖြိုးရေးဆိုင်ရာ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များအပြင် ပထမ အကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးရန် သဘောတူညီထားသည့် အချက်များအား ထပ်မံဆွေးနွေးရန် စီစဉ် ထားကြသည်။
 
၇။ ချင်းအမျိုးသားတပ်ဦးသည် မြန်မာနိုင်ငံအတွင်း ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် လျှောက်လှမ်း ရာတွင် ၂၀၁၂ ခုနှစ် တိုင်းရင်းသားညီလာခံမှ ချမှတ်ထားသည့် တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် (၆)ချက် မှ သွေဖယ်သွားမည် မဟုတ်သည့် အပြင် ချင်းအမျိုးသားတို့၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ပြန်လည် ရရှိရေး၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လက်ကိုင်ပြုသွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်လိုက်သည်။
 
 
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ချင်းအမျိုးသားတပ်ဦး
 
ရက်စွဲ - ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၀၃) ရက်နေ့
 
ဆက်သွယ်ရန် -
Dr. Suikhar        Phoneး +959400511999, +918729980397

(ဆက်ဖတ်ရန်.......)

Monday, 3 December 2012

လက်ပန်းတောင်းတောင်အရေး မိုးကုတ်မြို့မှာ သံဃာတွေ သပိတ်မှောက်

2012-12-03
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည်က မိုးကုတ်မြို့ ဖောင်တော်ဦး ဘုရားရင်ပြင်တော်မှာ ဒေသခံ သံဃာတော်အပါး (၄၀) နီးပါးလောက်က ထိုင်သပိတ်မှောက်ခဲ့ ကြပါတယ်။
ဆန္ဒပြ သံဃာတော်တွေက အချက် (၅) ချက်ပါ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ခဲ့ကြပါတယ်။
အဲ့ဒီထိုင်သပိတ်ရဲ့ ဦးဆောင်သံဃာတော်တစ်ပါး ဖြစ်တဲ့ မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော် ဦးက္ကန္ဒက က တောင်းဆိုတဲ့ အချက် (၅) ချက်မှာပါဝင်တဲ့အချက်အချို့ကို အခုလို မိန့်ကြားရွတ်ဖတ်ခဲ့ပါတယ်။
"ရက်စက်မှုကို ဘယ်သူမှ လက်ခံနိုင်မှာမဟုတ်ပါဘူး၊ ပြည်သူ့ ဆန္ဒကိုအလေးထားပါ၊ နိုင်ငံတော်အစိုးရအနေနဲ့ သံဃာထု တစ်ရပ်လုံး ကျေနပ်သည်အထိ ဆောင်ရွက်ပေးရရန် အထက်မြန်မာပြည် သံဃာတော်များမှ တောင်းဆိုပါတယ်"
သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဒီဇင်ဘာလ တစ်ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အရပ်ဘက်က လူပုဂ္ဂိုလ်တွေ ပါဝင်လာပေမယ့် နိုင်ငံရဲ့ အရင်အစိုးရ လက်ထက်ကတည်းက ဒီလိုကော်မရှင်တွေရဲ့ လုပ်ဆောင်ချက်ကို အစိုးရက တကယ်အသိအမှတ်ပြုတာမျိုး မရှိခဲ့တာကြောင့် ဒီကနေ့ မိုးကုတ်သံဃာတော်တွေဟာ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကို မစောင့်ဘဲ ထိုင်သပိတ်ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်း ဆရာတော် ဦးက္ကန္ဒက က မိန့်ကြားပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့က စတင်ခဲ့တဲ့ လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုနဲ့ ပတ်သတ်ပြီး သံဃာတော်တွေရဲ့ ကန့်ကွက်ရှုံ့ချဆန္ဒထုတ်ဖော်မှုတွေဟာ မန္တလေးမြို့ ၊ ချောက်မြို့၊ ဝါးခယ်မမြို့နဲ့ မြင်းခြံမြို့တွေအထိ ပြန့်နှံ့ခဲ့ပြီး ဒီကနေ့မှာတော့ မိုးကုတ်မြို့ သံဃာတော်တွေပါ ပါဝင်လာတာ ဖြစ်ပါတယ်။

(ဆက်ဖတ်ရန်.......)

လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ

2012-12-02
လက်ပန်းတောင်းတောင်အရေးမှာ အစိုးရတာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းခဲ့တာကို မကျေနပ်တဲ့ အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
Photo: RFA/Sai Htun Aung Lwin
Generation Wave အဖွဲ့မှကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ နှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များမှ မဖမ်းဆီးခင် တွေ့ရစဉ်
ဒီကနေ့ ဖမ်းဆီးခံခဲ့ရသူတွေဟာ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ နှစ်ဦးဖြစ်ပြီး ဗဟန်းမြို့နယ်ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးကနေ တာမွေအဝိုင်းထိပ်ကို ချီတက်ဆန္ဒပြနေချိန် ရွှေဂုံတိုင်ဟိုတယ်အနီးမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က RFA ကို အခုလိုပြောပါတယ်။ "ကျွန်တော်တို့က ကြေးသွန်းဘုရားရှေ့ကနေ တာမွေအဝိုင်းကိုသွားတဲ့အခါမှာ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးရယ်ကို SSC ဆေးရုံနားမှာ ဖမ်းဆီးသွားတာ ကျွန်တော်တို့က မည်သည့်အကြမ်းဖက်မှုကိုမှ မပြုလုပ်ပါဘူး၊ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို အသုံးချတာဖြစ်ပါတယ်" ဒီကနေ့ ဆန္ဒပြသူတွေဟာ သပိတ်စခန်းတွေက အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသူတွေကို နိုင်တော်အစိုးရက ဝန်ချတောင်းပန်ရေး၊ လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးနဲ့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာသွားရေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ဆန္ဒပြပွဲကို ရန်ကုန်မြို့မှာ ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အင်အား ၆၀ ကျော်ပါဝင်ခဲ့ပြီး၊ဒီကနေ့ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက သပိတ်စခန်းတွေကိုအကြမ်းဖက် ဖြိုခွဲပြီးနောက် တတိယမြောက်နေ့ အဖြစ် ရန်ကုန်မှာ ဆန္ဒပြတာ ဖြစ်ပါတယ်။
Generation Wave မျိုးဆက်သစ်လူငယ်များအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမိုးသွေးနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကတစ်ဦးကို ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်တွေက ကိုမိုးသွေးတို့စီးလာတဲ့ အငှားယာဉ် တက္ကဆီကို လမ်းပိတ်တားပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ကိုမိုးသွေးတို့နဲ့အတူရှိနေခဲ့တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဒီငြိမ်းလင်းနဲ့ ကိုမိုးသွေးရဲ့ ညီဖြစ်သူ ကိုကြည်ဇင်သာကို RFA အဖွဲ့သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

(ဆက်ဖတ်ရန်.......)

လက်ပန်းတောင်းတောင် အင်အားသုံးဖြိုခွင်းမှု ကေအိုင်အို ကန့်ကွက်

2012-12-03
လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြတဲ့ ရဟန်းသံဃာနဲ့ ဒေသခံပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းခဲ့တာကို ရှုတ်ချကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့စွဲနဲ့ ကြေငြာချက် တစ်စောင်ထုတ်ပြန်ပါတယ်။
ဒီအခြေအနေတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ အစိုးရအတွင်း မတူညီတဲ့ သဘောထားတွေ ရှိတယ်ဆိုတာကို ခန့်မှန်း လို့ရနိုင်တယ်လို့ KIO အဖွဲ့ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။
" လူထုအပေါ် ဆက်ဆံတဲ့အခါ ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ခဲ့ပြီး ဓာတုလက်နက်ပစ္စည်းတွေ ပါဝင်ခဲ့တဲ့အပေါ်မှာ အဆိုးဆုံးလို့ပြောလို့ ရတယ်၊ သူတို့ထဲမှာ အပြင်ပိုင်း ပုံစံသာ ပြောင်းလဲမှု ရှိပေမယ့် အတွင်းပိုင်းက စစ်အာဏာရှင်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေတယ် ဆိုတာ ကျွန်တော်အမြဲပြောဆိုနေတဲ့ ကိစ္စပါ"
ကချင် KIO အဖွဲ့ အချက် ၃ချက်နဲ့ ထုတ်ပြန်တဲ့ သဘောထား ကြေညာ ချက် ထဲမှာ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တောင်း ဆိုမှု တွေအပေါ် အစိုးရရဲ့တုန့်ပြန်ချက်ဟာ တရားမျှတမှုမရှိတဲ့ အကြမ်းဖက်မှုတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရသွားတဲ့ ရဟန်း ရှင်လူ ပြည်သူတွေအတွက် ကေအိုင်အိုအနေနဲ့ အထူးဝမ်းနည်းပါကြောင်းလည်း ဖော်ပြထားပါတယ်။

(ဆက်ဖတ်ရန်.......)

Sunday, 2 December 2012

ACR News

December 2 Weekly ACR News

(ဆက်ဖတ်ရန်.......)