သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Thursday, 30 December 2010
ဒုတိယ ပင်လုံညီလာခံ သို့မဟုတ် အမျိုးသားပြန်လည် သင့်မြတ်ရေး
အောင်ဇံ Saturday, 11 December 2010 15:57
သူ့အတွေး သူ့အမြင်
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကို လူအများ အပြားက လက်မှတ်ထိုး ထောက်ခံသလို နှုတ်အားဖြင့် ထောက်ခံကြသူတွေ မီဒီယာ တွေကတဆင့် ထောက်ခံကြတဲ့ အဖွဲ့အစည်း တွေလည်း မနည်း မနောပါပဲ။ ဒါ့အပြင် သတိကြီးကြီးထားပြီး သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ကြဖို့ အကြံပေးကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တချို့ပုဂ္ဂိုလ်တွေကတော့ ဒါဟာ အန္တရာယ်ရှိတယ်၊ ရှေ့တန်း မတင်သင့်ဘူးဆိုပြီး ပြောတာတွေလည်း ကြားရပါတယ်။
စာရေးသူအမြင် ပြောရမယ်ဆိုရင် ဒီကိစ္စဟာ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေအရ အလွန် အရေးကြီးပြီးတော့ အမြန်ဆုံး လုပ်ဆောင်ရမယ့် ကိစ္စလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ အနှစ် ၆၀ ကျော်လာခဲ့ပေမယ့် တိုင်းရင်းသားလူမျိုးများနဲ့ ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် ပြည်တွင်းစစ်ဟာ လုံးဝချုပ် ငြိမ်းသွားခြင်း မရှိသေးပါဘူး။
လောလောလတ်လတ် အခြေအနေမှာ ငြိမ်းချမ်းရေး ရယူထားပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) လက်နက်ကိုင် အဖွဲ့တချို့နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်နေတာ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA), “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA), ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်မဟာ (၇)၊ မွန်ပြည်သစ်ပါတီ အစရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အကြောင်းပြုပြီး စစ်ရေးတင်းမာမှုတွေ ရှိလာနေတာတွေဟာ ပြည်တွင်းစစ်ကို ကျယ်ပြန့်လာနိုင်တဲ့ အခြေအနေတွေဖြစ်ပြီး တိုင်းပြည်အတွက် အလွန်စိုးရိမ်စရာကောင်းတဲ့ အဓိကပြဿနာလည်း ဖြစ်ပါတယ်။ ဒီပြဿနာကို သေသေချာချာ ဂဃနဏ ဆန်းစစ်ကြည့်မယ်ဆိုရင် အခြေခံအကြောင်းရင်းတွေ ရှိပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး အကြိုကာလမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံမှာ ဆွေးနွေးညှိနှိုင်း သဘောတူခဲ့တဲ့ သဘောတူညီချက်တွေ ရှိပါတယ်။ တန်းတူရည်တူ ပြည်ထောင်စုမူနဲ့ ပေါင်းမယ်၊ ပြည်နယ်ကိစ္စတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိရမယ်ဆိုတဲ့အချက်တွေကို သဘောတူခဲ့ကြတယ်။
ဒီသဘောတူညီချက်တွေကို ပင်လုံသဘောတူညီချက်လို့လည်း ခေါ်ပါတယ်။ ဒါပေမယ့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်းမှာ ဒီသဘော တူညီချက်တွေ မှေးမှိန်သွားပြီးတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မယ့် အခြေအနေတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသားများနဲ့ လူများစုဖြစ်တဲ့ ဗမာများအကြားမှာ မယုံကြည်မှုတွေ၊ မကျေနပ်မှုတွေကနေ ပဋိပက္ခအသွင်ကို ဆောင်လာခဲ့ပါတယ်။
ဒါကြောင့် တိုင်းရင်းသားများအနေနဲ့ တောင်ကြီးညီလာခံ ခေါ်ယူပြီးတော့ ဒီပြသနာတွေကို ဖြေရှင်းနိုင်ဖို့ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး ဖက်ဒရယ်မူကို တင်ပြခဲ့ပါတယ်။ ဒီလိုတင်ပြမှုကို အကြောင်းပြုပြီး ဖက်ဒရယ်မူဟာ ခွဲထွက်ရေးမူဖြစ်တယ်၊ ပြည်ထောင်စု ပြိုကွဲနိုင်တယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ဘယ်သူမှ မပြောရဲကြတော့ဘူး။ ဖက်ဒရယ် ပြည်ထောင်စုကိုပြောရင် ခွဲထွက်ရေးသမား၊ ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်မယ့်လူဆိုပြီး စွပ်စွဲမှာ၊ ဖမ်းဆီးထောင်ချရမှာကို ကြောက်လို့ ဘယ်သူမှ မပြောရဲကြတော့ဘူး။
၈၈ အရေးအခင်းပြီးလို့ နိုင်ငံရေးပါတီတွေ တည်ထောင်ခွင့်ရတဲ့အခါ တိုင်းရင်းသားပါတီတွေ အတော်များများ ပေါ်လာတဲ့အခါမှာလည်း ဒီဖက်ဒရယ်ဆိုတဲ့စကားကို ရှောင်ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စု၊ ပြည်ထောင်စုစစ်စစ် စသည်ဖြင့် သွယ်ဝိုက်တဲ့ စကားတွေနဲ့သာ ရေးသားပြောဆိုကြပါတယ်။ တကယ်တော့ စစ်မှန်တဲ့ ပြည်ထောင်စု၊ ပြည်ထောင်စုစစ်စစ် ဆိုတာဟာ အဓိပ္ပာယ်အားဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို ရည်ညွှန်းတာပါပဲ။
ဒီတော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးဟာ ကြောက်စရာလား၊ ခွဲထွက်ရေးလားဆိုတော့ မဟုတ်ပါဘူး။ ဖက်ဒရယ်ဆိုတာ တကယ်တော့ အင်္ဂလိပ်စကားလုံး တလုံးသာဖြစ်ပြီး အဓိပ္ပာယ်က “စုပေါင်းဖွဲ့စည်းထားသော” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ရုံးမှာ ပြောကြားတဲ့မိန့်ခွန်းမှာ “ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ပါဘူး၊ အင်္ဂလိပ်စကားလုံး တလုံးသာ ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမှာ အဓိကအားဖြင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ ဘယ်လို အာဏာကို ခွဲဝေကြမလဲဆိုတာ အဓိက ဖြစ်ပါတယ်ရယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် ဖက်ဒရယ်လို့ ပြောတဲ့အခါမှာ ဒီစကားကို ရှင်းပြနေရတာက အလုပ်တခုလိုဖြစ်နေတော့ ဗမာလိုပဲ ပြည်ထောင်စုလို့ သုံးကြရအောင်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်ပြီး သမိုင်းကြောင်းအရ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ လိုအပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဟုတ်တိုင်းမှန်ရာကို ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး။ အခုအချိန်မှာတော့ ပွင့်ပွင့်လင်းလင်းပြောဖို့ လိုအပ်နေပြီလို့ ကျနော်ယူဆပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်တို့ကလည်း ဖက်ဒရယ် ပြည်ထောင်စုအကြောင်း အခုအချိန်မှာ ထုတ်ဖော်ပြောကြားလာကြသလို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပင်လုံစိတ်ဓာတ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ လိုအပ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားလာတဲ့အတွက် ဖက်ဒရယ် ပြည်ထောင်စုဆိုတာကို အမှန်အတိုင်း မသိသေးတဲ့ ပြည်သူတွေ၊ ဖက်ဒရယ်ကို ကြောက်လန့်နေတဲ့ နိုင်ငံရေးသမားတွေကို အမှန်အတိုင်း သိလာစေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။
ဒါ့အပြင် ဒီနေ့အချိန်အခါနဲ့ အခြေအနေဟာ ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို ပွင့်ပွင့်လင်းလင်း ပြောရုံသာမက အကောင်အထည်ဖော်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာက ဘာလဲ။ ပြည်ထောင်တွေ၊ ပြည်နယ်တွေဟာ စိတ်တူသဘောတူ အကျိုးတူ ပူပေါင်းခဲ့ကြတယ်၊ ဒီလိုပေါင်းခြင်းအားဖြင့် အင်အားတောင့်တင်းတဲ့ ပြည်ထောင်စု နိုင်ငံတနိုင်ငံကို ထူထောင်နိုင်ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိပါတယ်။ ဒီအကျိုးကျေးဇူးကိုလည်း ပြည်ထောင်တွေ ပြည်နယ်တွေ အကျိုးတူခံစားခွင့်ရှိတယ်။ ဒါဟာ ပြည်ထောင်စုစိတ်ဓာတ်ပဲ။
ပင်လုံစိတ်ဓာတ်ဆိုတာလည်းပဲ လွတ်လပ်ရေး အကြိုကာလမှာ တောင်တန်းဒေသနဲ့ ပြည်မကို ပူပေါင်းဖို့ ဆွေးနွေးတဲ့အခါ ပူးပေါင်းခြင်းအားဖြင့် လွတ်လပ်ရေးကို အမြန်ရမယ်၊ အားလုံး အတူတကွ လွတ်လပ်ကြမယ်၊ ဖွံ့ဖြိုးတိုးတက်လာတဲ့ အကျိုးစီးပွားကိုလည်း အကျိုးတူခံစားခွင့်ရှိမယ်၊ ဒါတွေဟာ ပင်လုံစိတ်ဓာတ်ပဲ။
ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ ဒီ ပင်လုံစိတ်ဓာတ်တွေ၊ ပင်လုံသဘောတူညီချက်တွေဟာ မှေးမှိန်ပျောက်ကွယ်တော့မယ့် အခြေအနေမျိုး ဆိုက်ရောက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေပြီး ပြည်တွင်းစစ်ကလည်း အနှစ် ၆၀ ကျော်တိုင်အောင် မချုပ်ငြိမ်းနိုင်တာဖြစ်ပါတယ်။ အခုဆိုရင် ငြိမ်းချမ်းရေးအဖွဲ့များနဲ့ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးကို အကြောင်းပြုပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာဟာ ပြည်တွင်းစစ်ကို ကျယ်ပြန့်လာစေနိုင်ပြီး တိုင်းပြည်အတွက် အလွန်စိုးရိမ်ရမယ့် အခြေအနေမှာရှိနေပါတယ်။
ဒီလိုဖြစ်ရတာဟာ အကြောင်း နှစ်ချက်ရှိနေပါတယ်။ နအဖစစ်အစိုးရ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံနိုင်တာရယ်၊ နအဖအပေါ် သူတို့ရဲ့ အနာဂတ်အတွက် အပြည့်အ၀ ယုံကြည်မှု မရှိတာကြောင့်ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲပြီး ငြိမ်းရေးယူစဉ်တုန်းက တချို့အဖွဲ့အစည်းတွေနဲ့ စာချုပ်စာတမ်း သဘောတူညီချက်တွေ ရှိသလို တချို့အဖွဲ့အစည်းတွေနဲ့ နှုတ်ကတိ သဘောတူညီချက်တွေ ရှိကြတယ်လို့ သိရပါတယ်။
ဒီသဘောတူညီချက်တွေမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဆိုတာ မပါပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးဖို့ တောင်းတဲ့အခါမှာလည်း ကျနော်တို့က တပ်မတော်အစိုးရသာဖြစ်တယ်၊ အခုလောလောဆယ် အပစ်အခတ်ရပ်၊ ယာယီငြိမ်းချမ်းရေးရယူပြီး နယ်မြေဒေသ ဖွံ့ဖြိုးရေးကို လုပ်ဖို့ပါ၊ ရေရှည်နိုင်ငံရေး ပြဿနာတွေကိုတော့ နောက်တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးကြပါလို့ ပြောခဲ့ပြီး နောက်ပိုင်းမှာတော့ ညီလာခံကိုတက်ပြီး ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်။ ညီလာခံကိုတက်ပြီး ငြိမ်းချမ်းရေးအဖွဲ့ ၁၃ ဖွဲ့ပေါင်းပြီး တင်ပြပြန်တော့လည်း ဒီအချက်တွေကို မှတ်တမ်းတင်ရုံ တင်ထားပါ့မယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။
ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အနာဂတ် မသေချာမရေရာဘဲနဲ့ လက်နက်ဖြုတ်သိမ်းဖို့ ဆိုတာပဲဖြစ်ဖြစ် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဆိုတာကိုပဲဖြစ်ဖြစ် လက်ခံဖို့ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒီနေရာမှာ KIA အဖွဲ့ကတင်ပြတဲ့ အဆိုတခုကို မီဒီယာတွေက ကြားရပါတယ်။ အဲဒါက ဘာလဲဆိုရင် အကယ်၍ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး ပြည်ထောင်စု ဖွဲ့စည်းမယ်ဆိုရင် ကချင်တွေဟာ လက်နက်ကိုင်ဖို့တောင် မလိုပါဘူးလို့ပြောပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲဖို့ဆိုရင်၊ စစ်မှန်တဲ့ တိုင်းရင်းသားတွေ သွေးစည်းညီညွတ်ရေးကို တည်ဆောက်ဖို့ဆိုရင် ပင်လုံမူ၊ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး တွေ့ဆုံဆွေးနွေးကြဖို့လိုပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အားလုံးပါဝင်ပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆွေးနွေးနိုင်မယ့် ဆွေးနွေးပွဲ၊ တနည်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆွေးနွေးပွဲ။ အဲဒီဆွေးနွေးပွဲဟာ ဒုတိယပင်လုံ ညီလာခံပဲဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ဒုတိယပင်လုံ ညီလာခံ ဖြစ်မြောက်ရေးအတွက် သို့တည်းမဟုတ် ဒုတိယ ပင်လုံသဘောတူညီချက် ရရှိရေးအတွက် အားလုံးပါဝင်ကြိုးပမ်းကြပါလို့ တိုက်တွန်း အပ်ပါတယ်။(ဧရာဝတီ)
ချင်းပြည်နယ်ကို ကူညီဖို့  ဒေါ်အောင်ဆန်းစုကြည် စီစဉ်နေ
2010-12-29
ကမႝာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ၂၀ဝ၉ ဇန်နဝါရီတွင် ဖြန့်ဖြူးသော ဓာတ်ပုံမှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနယ်စပ် တိုင်းရင်းသား နယ်မြေဒေသတွင်ြွကက်ဖျက်ဆီးခံရသော ပြောင်းဖူးများကို ပြသနေသည့် အမျိုးသမီးကြီးတဦး ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည် နဲ့  အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က ချင်းပြည်နယ်မှာ အစားအစာ ရှားပါးမှု ကြုံတွေ့နေရတဲ့ မြို့ နယ်တွေက ဒေသခံတွေကို အကူအညီပေးဖို့ ဆွေးနွေးခဲ့တဲ့ အတွက် ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ကနေ့ အဲဒီဒေသတွေက အခြေအနေမှန်တွေကို တင်ပြနိုင်ဖို့ စတင် စုံစမ်းနေပြီလို့ သိရပါတယ်။
ချင်းပြည်နယ် ဘယ်ဒေသတွေမှာ ကြွက်တွေ သောင်းကျန်းလို့  သီးနှံခင်းတွေ ပျက်ဆီးပြီး အစားရေစာ ရှားပါးမှု ကြုံတွေ့ ခဲ့ရသလဲ ဆိုတာကို ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ပူးဗာလီယန် က အာအက်ဖ်အေ ကို ပြောပါတယ်။
"ဘယ်မြို့နယ်မှာ ကြွက်ကျလို့ သီးနှံပျက်ဆီးတယ်ဆိုတာကို မေးမြန်းစုံစမ်းနေတုံး၊ မြို့နယ် NLD တွေကို လိုက်လံ မေးမြန်းနေတယ်။ ဥပမာ- ဖလမ်းတို့၊ တီးတိန်တို့၊ တွန်းဇံတို့ကျတော့ ကြွက်မကျဘူးတဲ့၊ ပုံမှတ်အတိုင်းပါဘဲတဲ့၊
သီးနှံတွေ အောင်မြင်ပြီး ပြဿနာ ဆိုးဆိုးဝါးဝါး မရှိဘူးတဲ့။ အရင်နှစ်တုန်းကတော့ ပြဿနာပေါ်ပေမဲ့ ဒီနှစ်မပေါ်ဘူးလို့ ပြောကြတယ်။ အခု ကျနော် လိုက်ပြီးတော့ မေးမြန်းနေတယ်။ ကန်ပက်လက် ကတော့ သီးနှံ မအောင်မြင်ဘူးတဲ့။
အစာရေစာ ပြတ်လပ်တဲ့သူတွေ ရှိနိုင်တယ် ဆိုပြီးမှ ကန်ပက်လက် ကတော့ အစီရင်ခံတယ်။ မင်းတပ်နဲ့ ပလက်ဝို ကျနော် ဆက်သွယ်တုံးဘဲ။ အဆက်အသွယ် မရသေးဘူး။"
ဒီလ (၂၂) ရက်နေ့ က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD ဌာနချုပ်မှာ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပြည်နယ် စည်းရုံးရေးမှူး တဦးလည်းဖြစ်၊ ပြည်နယ်နဲ့  ဗဟိုအကြား ဆက်သွယ်ရေး တာဝန် ယူထားတဲ့ ပူးဇော်ဘွဲ့  အပါအ၀င် ရန်ကုန်မြို့ မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသား တချို့ နဲ့  ဒေါ်အောင်ဆန်းစုကြည် တို့  အဲဒီကိစ္စကို ဆွေးနွေးခဲ့တာလို့ သိရပါတယ်။
ဆွေးနွေးချက်အရ ချင်းပြည်နယ်မှာ အစားရေစာ ရှားပါးမှုကို အသေအချာ လေ့လာပြီး အခြေအနေကို ပြန်လည် တင်ပြကာ နောက်ထပ် ဆွေးနွေး ရဦးမယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ချင်းပြည်နယ် ဥက္ကဌ ပူးဗာလီယန် ကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်းက စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။ (RFA)
Wednesday, 29 December 2010
၄၄ နှစ်အတွင်း မြန်မာနိုင်ငံမှာ အအေးဆုံး စံချိန်တင်
28 ဒီဇင်ဘာ 2010
မြန်မာနိုင်ငံမှာ ၄၄ နှစ်တာအတွင်း အအေးအလွန်ကဲဆုံး ရာသီဥတုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် မိုးလေ၀သနဲ့ ဇလဗေဒက သတိပေး ကြေညာချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်း မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်တွေမှာ အခုရက်ပိုင်းတွေအတွင်း ဆက်တိုက်ဆိုသလို အအေးပိုလာနေပြီး ညအပူချိန်ဟာ နောက် ၃ ရက်အထိ ဒီလ ပျမ်းမျှအပူချိန်ထက် ဆက်လက် လျော့နည်းနေမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့မှာ ဒီလို အပူချိန် ကျဆင်းတာဟာ ၄၄ နှစ်အတွင်း စံချိန်သစ်တင် ကျဆင်းခဲ့တာ ဖြစ်တယ်လို့ ပင်လောင်းမြို့ မိုးဇလဌာနက တာဝန်ရှိသူတယောက်က ပြောပါတယ်။
“၂၃ ရက်နေ့ကနေစပြီး အေးတာရှင့်။ အဲဒီနေ့မှာ ညအပူချိန်က ၁.၂ ရှိတယ်ရှင့်။ minus မဟုတ်ဘူးရှင့်။ အဲဒီတုန်းက minus မကျသေးဘူး။ ၂၄ ရက်နေ့မှာကျတော့ ၀ ဒီဂရီ။ ၂၅ ရက်နေ့မှာကျတော့ -၁.၅။ ၂၆ ရက်နေ့မှာ -၃.၂။ နောက် ၂၇ ရက်နေ့မှာကျ -၄.၅။ ၁၉၇၅ နောက်ပိုင်း ၄၄ နှစ်အတွင်းမှာ၊ စခန်းဖွင့်ပြီး ၄၄ နှစ်အတွင်းမှာ အအေးဆုံး စံချိန်သစ် တင်ခဲ့တာပေါ့။”
မိုးဇလဌာနရဲ့ တိုင်းထွာချက်အရ မနေ့က ကချင်၊ ရှမ်းမြောက်၊ မန္တလေး၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီ ဒေသတွေမှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီကနေ ၄ ဒီဂရီ စင်တီဂရိတ်အထိ။ ချင်း၊ ကယားနဲ့ စစ်ကိုင်းအထက်ပိုင်း ဒေသတွေမှာ ၅ ဒီဂရီကနေ ၆ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီလို အပူချိန် ကျဆင်းတာဟာ နောက်လ ၁၀ ရက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ အအေးပိုနိုင်တယ်လို့ နေပြည်တော် အခြေစိုက် မိုးဇလဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။
“ကျနော်တို့ လက်ရှိ ခန့်မှန်းချက်အရ ဆိုရင်တော့ ဇန်န၀ါရီလ ပထမ ၁၀ ရက်ပတ်မှာလည်းပဲ ဒီဒေသတွေမှာ ဇန်န၀ါရီ အပူချိန်ရဲ့အောက်ကို လျော့နည်းနေမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ တောင်ထူထပ်တဲ့ ပင်လယ်ရေမျက်နှာပြင်ထက် ၄,၀၀၀ ကျော် ၃,၀၀၀ ကျော်မြင့်တဲ့ ဒေသတွေကတော့ အပူချိန်တွေက တချို့ဒေသတွေမှာ ဂဏန်းတလုံးတည်း အပူချိန်ပေါ့နော်၊ single digit night temperature တွေကတော့ ဆက်ပြီးတော့ ရှိနေတယ်။ single digit temperature ဆိုတာ ဥပမာ ၁၀ မဟုတ်ဘူး။ ၉ တို့ ၊၈ တို့၊ ၇ တို့၊ အနှုတ် ၁ တို့၊ ၀ တို့ပေါ့နော်။ လွိုင်လင်တို့ ၊ ပင်လောင်းတို့၊ ဟဲဟိုးတို့၊ ဟားခါးတို့မှာ ဆက်ပြီး ရှိနေတာကို တွေ့ရပါတယ်။”
အခုလို မြန်မာနိုင်ငံတ၀န်းမှာ အအေးပိုလာတဲ့ အကြောင်းကိုတော့ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက အခုလို ဆက်ပြီး ရှင်းပြပါတယ်။
“အဓိက နံပါတ်တစ် တချက်ကတော့ ဆောင်းမုတ်သုန် အားကောင်းတာမျိုး ရှိပါတယ်။ အရှေ့မြောက် မုတ်သုန်လို့လည်း ခေါ်ပါတယ်။ ဆောင်းမုတ်သုန် အားကောင်းတယ်။ မြန်မာနိုင်ငံဘက်ကို အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံဘက်က လေအေးတွေရော အရှေ့မြောက်ဘက်က လေအေးတွေရော ၀င်ရောက်လာတာပေါ့နော်။ ဒီလို အခြေအနေမျိုးတွေက ဆောင်းမုတ်သုန် အားကောင်းတဲ့ အခါကျရင် ဖြစ်တတ်တဲ့ မိုးလေ၀သ အခြေအနေတွေပေါ့။
“နောက်တချက်က တောင်ဘက်က ပူနွေးတဲ့ မိုးလေ၀သ ဖြစ်စဉ်တွေကလည်း အခုလက်ရှိ အခြေအနေမှာတော့ မရှိသေးတဲ့ အတွက်ကြောင့်မို့ အအေးပိုနေတဲ့ မိုးလေ၀သ ဖြစ်စဉ်ကတော့ ဒီဇင်ဘာလ တတိယ ၁၀ ရက်ပတ်မှာပေါ့။ အထူးသဖြင့် အထက်ပိုင်း ပေ ၃,၀၀၀၊ ၄,၀၀၀ ကျော်တဲ့ နေရာတွေမှာ ဟားခါးဆိုရင် ပေ ၆,၀၀၀ နီးပါးလောက်ရှိတဲ့ ဒေသတွေမှာတော့ ညအပူချိန်တွေက ဆက်တိုက် ကျနေတာမျိုးတွေ တွေ့ရပါတယ်နော်။”
မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာတော့ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ဒေသဘက်မှာ ရေခဲအမှတ်အောက်အထိ ကျဆင်းနေပြီး မြန်မာပြည်အတွင်းကို အင်အားအသင့်အတင့်ရှိတဲ့ အအေးလှိုင်းတခု ၀င်လာမယ့်သဘော ဖြစ်တယ်လို့ သုံးသပ် ဖော်ပြထားပါတယ်။
အခုလို မြန်မာပြည်အ၀န်းမှာ ခါတိုင်းနှစ်တွေထက်ပိုပြီး အအေးပိုလာနေတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို အထူးအလေးထားဖို့ လိုအပ်နေပါတယ်။(VOA)
Monday, 27 December 2010
ရှားပါးဓာတ်သတ္တုမြေ ရှာဖွေရေး မြန်မာနဲ့ တောင်ကိုရီးယား ပူးတွဲဆောင်ရွက်မည်
တနင်္ဂနွေ, 26 ဒီဇင်ဘာ 2010
အဆင့်မြင့် နည်းပညာ ထုတ်လုပ်မှုတွေမှာ အသုံးပြုတဲ့ ဓာတ်သတ္တုတွေ ပါဝင်တဲ့ ရှားပါးမြေ အမျိုးအစား အပါအ၀င် ရေနံနဲ့ ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းတွေကို တောင်ကိုရီးယား ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
တောင်ကိုရီးယား နိုင်ငံအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ပုံမှန်ရရှိနိုင်ရေး ရည်ရွယ်ပြီး သဘောတူညီချက် ရယူခဲ့တာလို့ တောင်ကိုရီးယား ဉာဏစီးပွားရေး ၀န်ကြီးဌာနကို ကိုးကားပြီး ယွန်ဟပ် (Yonhap) သတင်းက ဖော်ပြလိုက်တာပါ။
ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းတွေအတွက် ဘူမိဗေဒ တိုင်းထွာရေး လုပ်ငန်းတွေ၊ ရှာဖွေမှု စီမံကိန်းတွေကိုတော့ ၂ နိုင်ငံ ပူးတွဲ ဆောင်ရွက်သွားမယ်လို့လည်း တောင်ကိုရီးယား ဉာဏစီးပွားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လတ်တလော ကမ္ဘာပေါ်မှာ ရှားပါးမြေ အမျိုးအစားတွေ ထုတ်လုပ်မှုရဲ့ ၉၇% ကိုတော့ တရုတ်နိုင်ငံက ထိန်းချုပ်ထားတာဖြစ်ပြီး အောက်တိုဘာလထဲမှာ အရင်နှစ်က ပြည်ပတင်ပို့မှု ပမာဏရဲ့ ၇၀% ကျော်ကို လျှော့ချဖို့ ကြေညာလိုက်တဲ့ အတွက်လည်း ရှားပါးမြေတွေကို တင်သွင်းနေတဲ့ နိုင်ငံတွေမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။
ရှားပါးမြေတွေကို တရုတ်နိုင်ငံက တင်သွင်းနေရတဲ့ ဂျပန်နိုင်ငံကတော့ အသုံးပြုပြီးသား ဓာတ်သတ္တုတွေက ပြန်လည်ထုတ်လုပ်တာ၊ တခြား အာရှနိုင်ငံတွေမှာ ရှာဖွေ တူးဖော်မှုတွေ လုပ်သွားဖို့ စဉ်းစားခဲ့ရတဲ့အထိ ဖြစ်ပါတယ်။(VOA)
Wednesday, 22 December 2010
ချင်းပါတီများက ပြည်နယ်ဥပဒေရေးဆွဲရာတွင် တသံတည်းထွက်ရန် ဆုံးဖြတ်
ချင်းလူမျိုးစုကိုယ်စားပြုပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိုးသားပါတီ နှင့် ချင်းတိုးတက်ရေးပါတီခေါင်းဆောင်တို့က ရန်ကုန်မြို့၊ ချင်းအမျိုးသားပါတီ
ဌာနချုပ်ရုံးတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ကြရာ ပြည်နယ်ဥပဒေရေးဆွဲရာတွင် တသံ တည်းထွက်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည် ဟုသိရသည်။
ချင်းအမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက “ချင်းပြည်သူတွေအတွက် နှစ်ပါတီလက်တွဲ ပြီး
လုပ်ငန်းဘယ်လိုပူးပေါင်းဆောင်ရွက်မယ်၊ ပြည်နယ်ဥပဒေရေးဆွဲယင် တသံတည်းထွက်ဖို့ ဆိုတာတွေဆွေးနွေးကြ တယ် ” ဟု ပြောသည်။
ထို့အပြင် ပြည်သူများ၏ တကယ့်လိုအပ်ချက်များကို ဥပဒေရေးဆွဲရာတွင် ထည့်သွင်းနိုင်ရေး၊ပြည်သူလူထုအတွက် အကျိုး ယုတ်စေမည့် ဥပဒေများ ဖျက်သိမ်း ကာကွယ်ရေးနှင့် အဓိကအားဖြင့် ပြည်နယ်လွတ်တော်မှာလက်တွဲဖို့ ဖြစ်ကြောင်းသိရသည်။
ယင်းတွေ့ဆုံပွဲတွင် ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူးဆလိုင်ကျဲဘိခ်ထောင်းနှင့် အတွင်းရေးမှူး(၂) ဆလိုင်း
ထီယံအုပ်ထန်၊ချင်းတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ဦးဒိုင်ထုန်း၊အတွင်းရေးမှူး (၂) ပူး ရှိန်ထွန်း နှင့် ဘဏ္ဍာထိန်း ပူး ဗန်ဘောင်တို့ပါဝင်ကြသည်ဟု သိရသည်။
နှစ်ပါတီခေါင်းဆောင်များသည်လုပ်ငန်းစဉ်အသေးစိတ်ဆွေးနွေးရန်အတွက်ဒီဇင်ဘာလနောက်ဆုံးပတ်တွင်ပြန်လည်တွေ့ဆုံကြမည်ဖြစ်ကြောင်း၊
ယင်းဆွေးနွေးပွဲတွင် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင်အမတ်တစ်နေရာရရှိ သည့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး ရေးပါတီ(အီးအဲန်ဒီပီ) ခေါင်းဆောင်တွေကိုလည်း လက်တွဲ ရန် ဖိတ်ကြားမည်ဖြစ်ကြောင်းသိရ သည်။
ပါတီခေါင်းဆောင်များအနေဖြင့် ပြည်နယ် အစိုးရ၀န်ကြီးအဖွဲ့မှာ ၄င်းတို့ကိုယ်စားလှယ်များနေရာ ရရှိသွားကြမယ်လို့ ယုံကြည်ကြကြောင်း
သိရသည်။
“၀န်ကြီးနေရာက အဓိက မဟုတ်ပါဘူး၊ ပြည်နယ်အတွက် အကျိုးရှိမယ့်ဥပဒေရေးဆွဲနိုင်ဖို့က အရေးကြီးတယ်၊ အဲဒါတွေအတွက်
ချင်းပါတီတွေပူးပေါင်းဖို့လိုတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်းက ဆက်ပြောသည်။
နိုဝင်ဘာ ၇ ရက်နေ့ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ နေရာအတွက် ချင်းတိုးတက်ရေး ပါတီမှ (၅)
ဦး၊ ချင်းအမျိုးသားပါတီမှ (၅)ဦး၊ အီးအဲန်ဒီပီပါတီမှ (၁) ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ( ၇) အသီးသီးအနိုင်ရရှိသွားကြသည်။(ခိုနူမ်းထုန်)