Monday 31 December 2012

ချင်းလွှတ်တော်ကိုယ်စားလှယ် မလေးရှားအကျဉ်းထောင်ရှိ ချင်းဒုက္ခသည် များအား နှစ်သိမ့်


ချင်းပြည်နယ် ထန်တလန်မဲဆန္ဒနယ်၊ ချင်းအမျိုးသားပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် Pu Thang Thaik သည် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က မလေးရှားတွင် ထောင်ကျနေသော ချင်းဒုက္ခသည် များထံ သွားရောက်ပြီး နှစ်သိမ့်စကား သွားပြောသည်ဟု ကြားသိရသည်။

ပူး ထန်ထိုက်သည် မလေးရှား Langkap ထောင်တွင် အကျဉ်းချ ခံနေသော ချင်းလူမျိုး ၃၂ ဦး၊ ကျား ၂၁၊ မ ၁၁ ထံသွား ရောက်ကြောင်း အဆိုပါ အကျဉ်းထောင်တွင် ချင်းလူမျိုးအပါအ၀င် မြန်မာပြည်သာ ၂၄၂ ရှိကြောင်း သိရသည်။
“ အဲဒီ အကျဉ်းထောင်မှာ ဟားခါး၊ ထန်တလန်၊ မတူပီ မြို့နယ်မှ ဒေသခံတွေ အများစု ထောင်ကျတယ်” ဟု မျက်မြင် တဦးက ပြောသည်။
Pu Thang Thaik နဲ့အတူ မလေးရှားရှိ Chin Christian Fellowship မှ သိက္ခာတော်ရ ဆရာ Hram Cung Hnin, အသင်းတော် ဥက္ကဌ Pu Chan Bik တို့လည်း အကျဉ်းထောင်သို့ လိုက်ပါသွားကြောင်း သိရသည်။
“ယခုလို ချင်းခေါင်းဆောင် တဦးက အကျဉ်းသားတွေကို သွားရောက်ကြည့်ရှုတာ အင်မတန် ကျေးဇူးတင်တယ်” ဟု ဒုက္ခ သည် တဦးက ပြောသည်။
မလေးရှားထောင်တွင် အကျဉ်းချခံ ချင်းလူမျိုးမည်မျှရှိမည်ကို မသိရသော်လည်း မလေးရှားနိုင်ငံတွင် ချင်းဒုက္ခသည် ၄၀၀၀၀ သောင်း ခန့်ရှိမည်ဟု ပြောကြသည်။
ယခုနှစ်အတွင်း ချင်းပြည်နယ်ဟားခါးမြို့တွင် နိုင်ငံရပ်ခြားမှ ပြန်လာမည့် ချင်းဒုက္ခသည်များ လူသားချင်းဆိုင်ရာ ထောက်ပံ့ ရေးအတွက် UNHCR ရုံးခွဲဖွင့်လှစ်ထားပြီးဖြစ်သည်

0 comments:

Post a Comment