တောင်ကိုရီးယားနိုင်ငံတွင် ၆၂နှစ်အာဇာနည်နေ့အခမ်းအနားကိုNLD(LA)KOREA ရုံးခန်းတွင်ပြုလုပ်ကြောင်း၊ ကိုရီးယားဒေသစံတော်ချိန်မနက်၆း၀၀နာရီတွင် အာဇာနည် ခေါင်း ဆောင်များကို ရည်စူးပြီး မြန်မာဒီမိုကရေစီအရေးကို အစဉ်တစိုက်အားပေးနေသော ဆောင်ဂွမ်စာဆရာ တော် လင်(မ်)ရောင်တမ် ကို အာရုံဆွမ်းကပ်ခဲ့ကြောင်းသိရပါသည်။
ကိုရီးယားနိုင်ငံဒေသစံတော်ချိန် မနက် ၁၀နာရီမှ၁၂နာရီအထိ အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲတွင် ချင်းတိုင်းရင်းသားအဖွဲ့အစည်း(CNC-Korea)၊ ကရင်လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ) (KYO-Korea Branch)ပုးပေါင်းပြီးပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားကို NLD(LA) Korea တွဲဘက်အတွင်းရေးမှူး (၂) ဦးဇော်မိုးအောင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ ဥက္ကဌ ဦးအောင်မြင့်ဆွေက အာဇာနည်နေ့အကြောင်းကို အကျယ် တဝန်းရှင်းပြပြီး၊NCGUBမှထုတ်ပြန်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ တွဲဘက်ရုံးအဖွဲ့မှူးဦးဇော်ထက် က ထုတ်ပြန်ချက်ကိုဖတ်ကြားပါသည်။
ထို့နောက် ကရင်လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ) အတွင်းရေးမှူး စောကဲနက်မိုး၊ ချင်းတိုင်းရင်းသားအဖွဲ့အစည်း(CNC-Korea)မှ ဥက္ကဌ ပူထန်ခတ်ဖုန်းတို့မှတက်ရောက် ပြောကြားခဲ့သလို၊ထိုအခမ်းအနားသို့တက်ရောက်လာသူများ က အသီးသီးဆွေးနွေးကြပြီး ကျဆုံးသွားသောအာဇာနည်ခေါင်းဆောင်များကို အောက်မေ့သတိရသော အားဖြင့် မနက် ၁၀ နာရီ ၃၇ မီနစ်တွင် တမိနစ်ခန့် ဥသြဆွဲကာ ညိမ်သက်စွာဖြင့် ဂါရဝပြုခဲ့ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါအခမ်းအနားကို နေ့လည်၁၂နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ် မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှ နေ့လည်စာဖြင့် တည်းခင်းကျွေးမွေးခဲ့ကြောင်းသိရပါသည်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Wednesday, 29 July 2009
အာဇာနည်နေ့ အောက်မေ့ဘွယ် အခမ်းအနား(ကိုရီးယား)
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment