Friday 31 July 2009

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းကို သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်း

ကြားဖြတ်သတင်း

ဒေါ်အောင်ဆန်းစုကြည် အား ယနေ့ရုံးချိန်းတွင် အမိန့်ချမည်ဟု သတင်းများ ထွက်နေခဲ့သော်လည်း ယနေ့ရုံးချိန်းတွင် အမိန်မချပဲ နောက်လ ၁၁ နေ့သို့ ရွှေ့ဆိုင်းကြောင်း ရုံးချိန်းကိုသာ ဖတ်ကြားသွားခဲ့သည်ဟု သိရသည်။

အင်းစိန်ဈေးကို အဏာပိုင်များက ပိတ်ခိုင်းထားပြီး အစောပိုင်းရက်များကကဲ့သို့ပင် အင်းစိန်လမ်းကြီးကို ပိတ်ထား သည့်အပြင် လမ်းသွယ်များကိုပါ ပိတ်ဆို့ထားလိုက်သည်။
သို့သော် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းပြသသည့်အနေဖြင့် ပါတီဝင်များအပါအဝင် လူ ၅ဝဝ ခန့် စုရုံး ရောက်ရှိ လာခဲ့ကြသည်။

မြို့ခံ တဦးက ယနေ့တွင် လာရောက် သတင်းနားထောင်သူများ၊ အားပေးကြသူများမှာ ယခင်နေ့များကထက် ပိုမိုများပြားသဖြင် တစုံတရာ ပြဿနာ ပေါ်ပေါက်လာမည်ကို စိုး၍ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်နိုင်ကြောင်း ပြောပြ ခဲ့သည်။

နိုင်ငံရေး သုံးသပ်သူ တော်တော်များများ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ချမှတ်လိမ့်မည်ဟု ယူဆနေ ကြသည်။

စစ်ဘက်နှင့် နီးစပ်သော အသိုင်းအဝိုင်းများက ပြေပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချသင့် မချသင့်နှင့် ပါတ်သက်၍ ထိပ်ပိုင်းခေါင်းဆောင်များတွင် အယူအဆကွဲပြားမှုများ ဖြစ်ပေါ်နေသည်ဟု သိရပါ သည်။
၃၀ ရက်နေ့နှင့် ယနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ အပါအဝင် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၃ ဦး ရှိခဲ့ပြီး ထိုအထဲမှ ဒေါ်နော်အုန်းလှနှင့် အောင်လံအမတ် ဦးညွန့်လှိုင်တို့ကို ယနေ့နံနက်က ပြန်လွှတ် ပေးခဲ့သည်ဟု သိရပါသည်။

0 comments:

Post a Comment