မြန်မာစစ်အစိုးရမှ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အသွင်းပြောင်းလဲ ရေးအတွက် တောင်ဆိုးခြင်းအပေါ် မွန်ပြည်သစ်ပါတီက မွန်အမျိုးသား များအတွက် ကိုယ်ပိုင်ပြဌာန်ခွင့်အာမခံချက်မရှိဘဲ ပါတီနှင့်တပ်ခွဲထားခြင်း၊ ဖျက်သိမ်းခြင်းကို လက်ခံမည်မဟုတ်ဟု မွန်ပြည်သစ်ပါတီက ဆိုသည်။
မွန်တပ်မတော်နှင့် ပါတီရှိနေခြင်းကြောင့် မွန်အမျိုးသားပြည်သူ လူထုအ တွက် အချို့သောအမျိုးသားအခွင့်အရေး များရရှိကာ အမျိုးသားဘဝသည် လည်း အတန်အသင့်လုံခြုံမှုရရှိလာသည်။
ဖြစ်နိုင်မည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းသွား မည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊ အနာဂတ်အစိုးရသစ်နှင့်သော်လည်းကောင်း ရပ်တည် တောင်းဆိုသွားမည်ဟု ၄င်းပါတီ၏ ၆၂ နှစ်မြောက်မွန်အမျိုးသားတော် လှန်ရေးနေ့တွင် တိုက်တွန်းနှိုးဆော်ထားသည်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးအပြီးတွင် ယခုဆုံးဖြတ် ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပါတီအရာရှိတစ်ဦး၏အဆိုအရ မွန်သံဃာ အဖွဲ့များ၊ တက္ကသိုလ်ကျောင်းသားများ၊ မွန်လူငယ်အဖွဲ့အစည်းတို့က မြန်မာ စစ်အစိုးရတောင်းဆိုထားသည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ပုံစံအ သွင်ပြောင်းရေးအား ငြင်းဆိုရန်အတွက် ပါတီထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ ထားပြီးဖြစ်သည်။
ပါတီခေါင်းဆောင်တို့ကလည်း ၄င်းအိတ်ဖွင့်ပေးစာအပေါ်နှင့် လွန်ခဲ့သည့် လ၏နောက်ဆုံးပတ်တွင်လည်း နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ပုံစံအ သွင်ပြောင်းရေးနှင့်ပတ်သတ်၍ ပြည်သူများထံမှ တောင်းခံရသည့်အမြင် များအပေါ်တွင် သုံးသပ်ပြီး ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။
ယခုချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်ကိုလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ယနေ့တွင် ပေးပို့မည်ဖြစ်သည်။ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ပုံစံအ သွင်ပြောင်းရေးနှင့်ပတ်သတ်၍ မဲဆောက်မြို့မွန်အဖွဲ့အစည်းမှ နိုင်ဥက္ကာ မွန်က “မြန်မာစစ်အစိုးရလက်အောက်မှာနေတဲ့ နယ်ခြားစောင့်တပ်က ကျ နော်တို့လူမျိုးအတွက် အရေးမကြီးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ခိုင်း တာလုပ်ရမယ်။ ပါတီအတွက်ရော ကျနော်တို့လူမျိုးအတွက်ပါ အကျိုးမ ရှိဘူး” ဟုဆိုသည်။
မွန်လူငယ်တစ်ဦးမှ မြန်မာစစ်အစိုးရတောင်းဆိုသည်ကိုလည်း လိုက်လျော် ရန်ဆန္ဒမရှိသကဲ့သို့ အပစ်အခတ်ရပ်စဲရေးကိုလည်း မပျက်ပြယ်စေလိုဟု ဆိုသည်။
အကယ်၍ မြန်မာစစ်အစိုးရတောင်းဆိုချက်ကို လက်ခံပါက “မွန်တပ်မ တော်က ဗမာတပ်ဖြစ်သွားမယ်။ ပြီးတော့ နိုင်ငံရေးလည်း လုပ်လို့မရ တော့ဘူး။ တပ်ကိုလည်း ဗမာတွေကဦးစီးလာနိုင်တဲ့အတွက် အခက်အခဲတွေနဲ့ ဖိနှိပ်မှုတွေ အများ ဖြစ်လာနိုင်တယ်။ စီးပွားရေးလုပ်ရင်လည်း ခက် ခဲမယ်။ ဒါပေမယ့် မွန်နယ်စပ်တွေကို မွန်ကပဲ ပြန်စောင့်နိုင်ရင်တော့ ကောင်းမယ်လေ” ဟု ဘုရားသုံးဆူမှ မွန်ပြည်သူတစ်ဦးက ပြောသည်။
မွန်အမျိုးသားရေးလှုပ်ရှားသူတစ်ဦးက မွန်တပ်မတော်ကို နယ်ခြားစောင့် တပ်နှင့် ပြည်သူ့စစ်ပုံစံ အသွင်ပြောင်းရေးမှာ လုံးဝမဖြစ်သင့်ကြောင်း၊ အ ပစ်အခတ်ရပ်စဲရေးပျက်ပြားရေးကိုလည်း စဉ်းစားသင့်ကြောင်း ဆိုပါသည်။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်မရပ်စဲမီတွင် ကိုယ်ပိုင်အစွမ်းအစဖြင့် လူ မျိုးခြားများနှင့် မရောနှောဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လာကြသည်။
အပစ်အခတ်ရပ်စဲပြီးနောက် အခြေအနေရှုပ်ထွေလာပြီး လူမျိုးခြားတို့နှင့် ရောနှောလာသည်။ မွန်နှင်ကရင်သာ ယခင်ရှိခဲ့ရာ မွန်နှင့် ကရင်တို့သည် ၄င်းတို့လူမျိုးနှင့်သက်ဆိုင်သည့်အဖွဲ့အစည်းများကို မှီခိုခဲ့ကြသည်။ အ ကယ်၍ အပစ်အခတ်ပျက်ပြားပြီး တဖန်ပြန်ပစ်ခတ်ကြပါက အုပ်ချုပ်ရေး တွင် အခြားလူမျိုးများက ဝင်ရောက်လာနိုင်သည်ဟု ဆိုသည်။
မွန်ပြည်သစ်ပါတီနှင့် မွန်တပ်မတော်သည် သူ့ဂုဏ်သိက္ခာနှင့်သူ ရှိနေကြ သည့်အတွက် မြန်မာစစ်အစိုးရတောင်းဆိုသည့်အချက်ကို လိုက်လျောရန် မသင့်ဟု သုံးဆူမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၄င်းတို့ တောင်းဆိုချက်အတိုင်သာ လုပ်ဆောင်ပါက ပါတီသိက္ခာနှင့် တပ်မတော် သိက္ခာပါ ကျဆင်းသွားနိုင်မည်။ ထိုသို့မလုပ်ဆောင်ဘဲ အပစ်အခတ်ရပ် စဲရေး ပျက်သွားပါက မွန်တို့ရပ်တည်ရေးအတွက် အနည်းငယ်သာ ချို့ယွင်း သွားမည်။ အဘယ်ကြောင့်ဆိုသော် မြန်မာစစ်အစိုးရမှ အထောက် အပံမ ရှိဘဲ ကိုယ်တိုင်ရပ်တည်ရန်အတွက် ကြိုးစားနေသောခြင်းကြောင့်ဟု ၄င်းက ဆိုသည်။
လွန်ခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင်လည်း ပါတီဥက္ကဌ နိုင်ထောမွန်နှင့်အတူ ဗဟိုအလုပ်အမှုဆောင် ၄ ဦးတို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ် အသွင်ပြောင်းခြင်းကိစ္စကို တိုင်းမှူးက တောင်းဆိုခဲ့သည်။(မွန်သတင်း)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Wednesday, 5 August 2009
ပါတီနှင့် တပ် ခွဲထားခြင်း၊ ဖျက်သိမ်းခြင်း လက်မခံဟု မွန်ပြည်သစ်ပြော
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment