Tuesday 18 August 2009

ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးမှုအပေါ် စစ်သံရုံးရှေ၌ ကန့်ကွက် ဆန္ဒပြသပွဲ



တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံတိုင်းရင်းသားများနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲတို့ပူးပေါင်းပြီး ၁၆ရက်၊သြဂုတ်၊၂၀၀၉ ကိုရီးယားနိုင်ငံရှိ စစ်သံရုံးရှေ့ နံနက်၁၁နာရီမှနေ့လည်၁၂နာရီအထိဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်း သားများအမြန်ဆုံးလွတ်ပေးရန်တောင်းဆိုကြောင်းသတင်းရရှိသည်။

ထိုဆန္ဒပြပွဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှဦးဆောင်ပြီး ချင်းတိုင်းရင်းသားအဖွဲ့အစည်း-ကိုရီးယား(CNC-Korea)၊ကရင်လူငယ်အစည်းအရုံး-ကိုရီးယားဌာနခွဲ (KYO-Korea Branch)၊ကူကီးဒီမိုကရက်တစ်ကျောင်းသားတပ်ဦး(KSDF)၊အဖွဲ့အစည်းများနှင့်အခြား အဖွဲ့အစည်းများလည်း တက်ရောက်ကြောင်းသိရသည်။

၎င်းအဖွဲ့အစည်းများမှဒေါ်အောင်ဆန်းစုကြည် မတရားပြစ်ဒဏ်ချမှုအပေါ် နအဖစစ်အစိုးရကို ပြင်းထန်သောထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြောင်း သတင်းရသည်။

0 comments:

Post a Comment