9/12/2009
မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဖခင်ဖြစ်သူမှ အကြွေးငွေ ၄၀၀၀ ကို မပေးဆပ်နိုင်သဖြင့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် တဦးမှာ အသက် ၇၅ နှစ်ရှိ အကြွေးရှင် အဖိုးကြီး တဦးကို လက်ထပ်ယူလိုက်ရသည်။
အဆိုပါ အမျိုးသမီးငယ်မှာ အာဟီနုရ်ဆိုသော အမျိုးသမီး ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဘာရာဆယ် ခရိုင် မူလာဒီ မြို့မှ ဖြစ်သည်။
သူမ ဖခင်ဖြစ်သူ အာဇဟာ ဘီပါရီ ဆိုသူမှာ အသက် ၇၅ နှစ်အရွယ်ရှိ လို့ခ်မန် ဆိုင်ဒါဆိုသူအား အကြွေးငွေ ၄၀၀၀ တာကာ (အမေရိကန် ဒေါ်လာ ၅၅) ကို မပေးဆပ်နိုင်သဖြင့် ထိုအကြွေးငွေအတွက် သမီးကို ပေးအပ်လိုက်ရာမှ အဆိုပါ အဖိုးကြီးမှ အမျိုးသမီးငယ်အား စက်တင်္ဘာလ ၄ ရက်နေ့က လက်ထပ် ယူလိုက်ခြင်း ဖြစ်သည်။
ဒေသခံများ အပြောကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြရာတွင် ကြွေးရှင် အဖိုးကြီးမှ သူမ၏ ဖခင်ဖြစ်သူအား အကြွေးငွေ မပေးနိုင်ပါက သမီးဖြစ်သူကို ချပေးစားရန် ဖိအားပေးရာမှ နောက်ပိုင်းတွင် ပေးစားလိုက်ရခြင်း ဖြစ်သည်ဟု ဖေါ်ပြသည်။
လက်မထပ်မှီ စက်တင်္ဘာလ ၄ ရက်နေ့က သူမ၏ မိခင် ဖြစ်သူက နှင်အဖိုး အဖြစ် သိထားသော လို့ခ်မန် ဆိုင်ဒါကို ဒီညနေ နှင်လက်ထပ်ရန် အသင့်ပြင်ထားပါဟု ပြောဆိုခဲ့သည်ဟု လည်း သတင်းစာများက ရေးသားဖေါ်ပြသည်။
ယခုကဲ့သို့ အသက်မပြည့်သူ အမျိုးသမီးငယ် တဦးကို လက်ထပ်ယူခြင်းမှာ ကလေးအခွင့်အရေးကို ချိုးဖေါက်ခြင်း ဖြစ်သည်ဟု ကလေးအခွင့်အရေးကို ကာကွယ်သူများက ပြောဆိုသော်လည်း ဒေသဆိုင်ရာ ဓလေ့ထုံးစံများက ထိုကဲ့သို့ အမျိုးသမီးငယ်များကို ကာကွယ်ပေးခြင်း မရှိဟု သိရသည်။(နိရဉ္စရာ)
----------------------------------------------------------------------------------------
တောင်ငူတွင် မီးပုံမှန်မရသည့်အတွက် ခိုးသွယ်မှုများ ပိုများလာ
Monday, 14 September 2009 16:30 ဖြိုးကြီး
တောင်ငူမြို့ပေါ်တွင် ငွေပေးမှ မီးလာပြီး ငွေကြေးချမ်းသာသူများ နေအိမ်များသာ မီးပုံမှန်ရသည့်အတွက် မီးလိုင်းခိုးသွယ်မှုများ ပိုမိုများပြားလာနေလျက်ရှိသည်။
မြို့ပေါ်တွင် လူတိုင်း တန်းတူ မီးရရှိရေးအတွက် အဖွဲ့တဖွဲ့ ဖွဲ့ထားပြီး မီးလိုင်းခိုးသွယ်မှုများကို စနေ၊ တနင်္ဂနွေနေ့များတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ငွေပေးနိုင်သည့် အိမ်များမျာမှာ ညစဉ်မီးလင်းနေလျက်ရှိကြောင်း မြို့ခံတဦးက ပြောသည်။
“တောင်ငူမြို့ပေါ်မှာ ကန်လမ်းက သူဌေးတွေက ပိုက်ဆံပေးတော့ လျှပ်စစ်ဌာနက နေ့တိုင်း မီးလင်းအောင် လုပ်ပေးတယ်။ ပိုက်ဆံမပေးတဲ့ လမ်းတွေကျတော့ မီးဖြတ်ထားတယ်။ မီးလိုချင်လို့ ပိုက်ဆုံအကုန်ခံပြီး မီးလိုင်းတွေ ဆွဲထားရတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ မီးလိုင်းတစ်လိုင်းစာအတွက် တလလျှင် ကျပ်ငွေ ၅၀,၀၀ ပေးရသော်လည်း မီး ပုံမှန်လာခြင်းမရှိကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။
“မီးလိုချင်လို့ ပိုက်ဆုံအကုန်ခံပြီး မီးလိုင်းကျော်ဆွဲပြန်ရင်လည်း မီးပုံမှန်ပေးရမယ့် အချိန်ဆိုလည်း မှန်မှန်မလာပြန်ဘူး။ တခြားလိုင်းက ဆွဲတော့လည်း အဖမ်းခံရတယ်။ အခုဆို မြို့ပေါ်မှာ ကြံ့ဖွံ့နဲ့ပေါင်းပြီး မီးစက်နဲ့ မောင်းပြီးတော့ ဖန်ချောင်းတစ်ချောင်းကို ၁၀၀၊ တီဗွီက ၃၀၀၊ ည (၆) နာရီကနေ (၁၁) နာရီအထိ ပေးတာ။ စဉ်းစားကြည့်ပေါ့ဗျာ၊ မြို့ထဲမှာတောင် ဒီလိုဖြစ်နေတာ” ဟု ပြောသည်။
တောင်ငူမြို့ပေါ်တွင် ယခင်က မိုးရာသီဆိုလျှင် ပုံမှန်မီးလာသော်လည်း ယခုအခါ တရက်လာပြီးလျှင် နှစ်ရက်ပျက်ဖြစ်နေကြောင်း မြို့ခံက ဆက်ပြောသည်။(ရိုးမ ၃)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Monday, 14 September 2009
ဖခင်ဖြစ်သူ၏ အကြွေးငွေ ၄၀၀၀ အတွက် အသက် ၁၃ အရွယ် အမျိုးသမီးငယ် တဦး ၇၅ နှစ်အရွယ်ရှိ အဖိုးကြီးတဦးကို လက်ထပ်ရ
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment