Thursday, 24 September 2009

ရိဒ်အသဲကွဲခြင်း

ဇလပ်ဖြူနီ၊ ထင်းရှူးရယ်သင်း
သစ်ခွချယ်ရီ၊ ပန်းမျိုးစုံတဲ့
ဘုံကမ္ဘာနန်း၊ ချင်းတို့ဌာနီ
သက်တန့်ရယ်ကွေး၊ ပန်းမျိုးတစ်ရာ
ရှိနေပါလျှက်၊ ဘယ်အတွက်ဝယ်
မိုင်ကမပျော်၊ ဝေးတစ်နေရာဆီ
ထွက်သွားတာလည်း … ။

မတ်စောက်မြင့်မား၊ တောင်ကမ်းပါးက
ဇလပ်နီနီ၊ ခူးပေးဆိုလဲ
ခူးပေးပါ့မယ် …
အလှတွေကုန်၊ ရနံ့တွေပျယ်လို့
တစ်ပြည်တစ်ရွာ၊ အသစ်ရှာဖို့
ပျံသွားခြင်းလား၊ ငှက်ငယ်ရယ်။

နှစ်ဦးရည်တူ၊ ငေးကြည့်စဉ်က
မျှော်လင့်ခြင်းရဲ့၊ တောင်တန်းတွေဟာ
မရေမရာ၊ လွမ်းမြူဆိုင်းလို့
သောက တောင်တန်း၊ ဖြစ်ရပြီပေါ့။

တောင်ယာလမ်းလေး၊ လျှောက်သူကင်းလို့
မြက်တွေနွယ်ရှုပ်၊ လမ်းစပျောက်လဲ
ဆလိုင်းရင်မှာ၊ မိုင်အလာကို
သစ်ရွက်လှုပ်တိုင်း၊ ရှင်းထားပါတယ်

ရိဒ်ရေကန်ဘေး၊ တိုးတိုးတိတ်တိတ်
အသဲအက်ကလေးနဲ့၊ ငှက်ကလေးအလာကို … ။


လိုင်လုဏ်

Type the rest of your post here.

0 comments:

Post a Comment