Monday 28 September 2009

(၂)နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နေ့ သတင်းစာရှင်းလင်းပွဲ

၂၀၀၉၊၀၉၊၂၇
တနလာင်္နေ့


၂၀၀၉ခုနှစ် စက်တင်ဘာလ ၂၇ ရက်တနင်္ဂနွေနံနက် ၁၁နာရီအချိန်မှ၁၂နာရီ
အချိန်ထိအမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်(လွှတ်မြောက်နယ်မြေ)ကိုရီးယားဌာန
ခွဲကဦးစီး၍ (၂)နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ကို ကိုရီး
ယားနိုင်ငံဆိုးလ်မြို့တွင်ရှိသော နအဖသံရုံးရှေ့တွင် သတင်းစာရှင်းလင်းပွဲပြု
လုပ်ခဲ့ပါသည်။
ထိုသတင်းစာရှင်းလင်းပွဲသို့ ချင်းတိုင်းရင်းသားအဖွဲ့အစည်း(ကိုရီးယား)၊ကရင်
လူငယ်အစည်းအရုံး(ကိုရီးယား)၊ ဘားမားအက်ရှင်(ကိုရီးယား)၊မြန်မာနိုင်ငံတိုင်း
ရင်းသားညီအစ်ကိုများ ပူးပေါင်းဆောင်ရွက်ကြပါသည်။ထို့အပြင် အမျိုးသားဒီမို
ကရေစီအဖွဲ့ချူပ်(လွှတ်မြောက်နယ်မြေ)ကိုရီးဌာနခွဲမှတွဲဘက်သုတေသနမှူးဦးဝင်း
လှိုင်နှင့်ချင်းတိုင်းရင်းသားအဖွဲ့အစည်း(ကိုရီးယား)တာန်ဇမ်းလျှန်းခိုင်တို့ကအသီး
သီးသဘောထားထုတ်ပြန်ကြေငြာချက်များကို သံရုံးရှေ့တွင်ထုတ်ပြန်ကြေငြာ
ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အင်အား (၅၀)ကျော်တက်ရောက်ပြီး နေလည် ၁၂
နာရီတွင်သတင်းစာရှင်းလင်းပွဲကို အောင်မြင်စွာရုပ်သိမ်းပြီး၊ထိုသတင်းစာရှင်း
လင်းပွဲသို့တက်ရောက်သောသူအားလုံးကို ဦးဝင်းဘို(ဆုံဆည်းရာ စားသောက်
ဆိုင်)ပိုင်ရှင်နေ့လည်စာဖြင့်ကျွေးမွေးကြောင်းသတင်းရရှိပါသည်။(တောင်ဇလပ်)


Type the rest of your post here.

0 comments:

Post a Comment