မျိုးချစ်သူ/ ၁ စက်တင်ဘာ ၂၀၀၉
သြဂုတ် (၂၉) ရက်နေ့မှစ၍ ရန်ကုန်တွင် အရေးပေါ်ကာလ သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အရာထမ်းတဦးက ပြောသည်။
အင်အားပြ ရဲကားများကို စက်တင်ဘာတလလုံး အင်အားပြသွားမည်ဖြစ်ပြီး နေရာအနှံ့တွင် လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားမည်ဖြစ်ကြောင်း အဆိုပါ ရဲအရာထမ်းက ပြောသည်။
ကျောက်တံတားမြို့နယ်မှ ရဲအရာရှိတဦးက “ရန်ကုန်မှာ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ သတင်းရထားလို့ အခုလို ရဲကားတွေ ၀တ်စုံပြည့်နဲ့ လှည့်လည်ပြီး လုံခြုံရေးအင်အားပြနေရတာဖြစ်တယ်” ဟု ပြောသည်။
ရန်ကုန်မြို့ခံမျက်မြင်တဦးက “ဒီနေ့ဆို ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရဲတွေကို သေနတ်တွေ အသင့်အနေအထားကိုင်ပြီးတော့ ချထားတယ်၊ လမ်းထိပ်တခုစီမှာ (၃) ဦးစီချထားတာ တွေ့ရတယ်” ဟု ပြောသည်။
ယခုရက်များအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်များအလိုက် လုံခြုံရေးကားများ စီတန်းလှည့်လည်နေသည်ကိုတွေ့ရကြောင်း ရန်ကုန် မြို့ခံများက ပြောသည်။
“ပြီခဲ့တဲ့လ (၂၉) ရက်၊ နေ့လယ် (၂) နာရီကျော်လောက်ကဆို ဆူးလေဘုရားရှေ့မှာ ၀တ်စုံပြည့် ရဲကား (၆) စီး ရပ်ထားတယ်။ လက်နက်တွေ အပြည့်ပဲ။ ဒါကတော့ စက်တင်ဘာ ရောက်တော့မှာမို့ လုံခြုံရေးချတာ ဖြစ်မယ်လို့ လူတွေက တွေးနေကြတယ်။ ဘတ်စ်ကားမှတ်တိုင်ရှေ့မှာဆိုတော့ ခရီးသွားတွေက အာရုံတွေနောက်နေကြတယ်” ဟု ဆူးလေခရီးသည်တင်ကားဂိတ်ရှိ ယာဉ်ကြီးကြပ်သူတဦးက ပြောသည်။
ရန်ကုန်မြို့ခံတဦးက “သံဃာ့အရေးအခင်းဖြစ်ခဲ့တဲ့ စက်တင်ဘာလကို ရောက်လာပြီဆိုတော့ လုံခြုံရေးအင်အားပြချင်တာလည်း ပါတာပေါ့။ ဘာမှလုပ်ဖို့ မစဉ်းစားနဲ့၊ ဒီမှာတွေ့လားလို့ ပြောနေတာနဲ့ တူတူပါပဲ” ဟု ပြောသည်။
၂၀၀၇ ခု၊ စက်တင်ဘာ (၅) ရက်တွင် ပခုက္ကူမြို့၌ သံဃာတော်များ ငြိမ်းချမ်းစွာမေတ္တာပို့လမ်းလျှောက်သည်ကို နအဖစစ်အစိုးရက သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးခဲ့ရာမှ မြန်မာနိုင်ငံအနှံ့သံဃာတော်များ လှည့်လည်ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာ စစ်အစိုးရအာဏာပိုင်များက သံဃာတော်များအား ပစ်ခတ် ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ၂၀၀၇ ခု စက်တင်ဘာတွင် သံဃာတော်များက သပိတ်မှောက်ကံဆောင်ထားသည်မှာ ယနေ့အချိန်အထိ ကံသပိတ်မလှန်ရသေးပေ။(ခေတ်ပြိုင်)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Tuesday, 1 September 2009
ရန်ကုန်တွင် စက်တင်ဘာတလလုံး အရေးပေါ်ကာလ သတ်မှတ်ထား
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment