Thursday 17 September 2009

ကြားဖြတ်သတင်း အင်းစိန်ထောင်မှ မွန်းလွဲပိုင်းတွင် အကျဉ်းသား လွှတ်မည်

သောကြာနေ့၊ စက်တင်ဘာလ 18 ရက် 2009 ခုနှစ် 10 နာရီ 20 မိနစ်

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား လွှတ်ပေးမည့် အစီအစဉ်ကို ယနေ့ မွန်းလွဲပိုင်းမှသာ ပြုလုပ်မည်ဖြစ်သည်ဟု ထောင်အာဏာပိုင်များက ပြောကြားလိုက်သည်။

အကျဉ်းသား ၇၁၁၄ ယောက်ကို လွှတ်ပေးမည်ဟု နိုင်ငံပိုင် မီဒီယာများက ကြေညာခဲ့အပြီးနောက် ပြည်တွင်းနှင့် နိုင်ငံခြား သတင်းဌာန သတင်းထောက်များကို အင်းစိန်ထောင်သို့ သောကြာနေ့ နံနက် ၉ နာရီ အရောက်လာပါရန် စာပေစိစစ်ရေးက ဖိတ်ကြားခဲ့သည်။ သတင်းစာဆရာများ ထောင်အတွင်း ဝင်ရောက် စောင့်ဆိုင်းနေသော်လည်း အာဏာပိုင်များက အစီအစဉ်ကို ပြောင်းလိုက်ပြီး မွန်းလွဲ ၁ နာရီမှသာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး လွှတ်ပေးခြင်း ပြုလုပ်မည်ဟုဆိုကာ သတင်းထောက်များကို ထောင်အပြင်သို့ ပြန်ထွက်ခိုင်းလိုက်သည်။

မည်သည့် အကြောင်းကြောင့် အစီအစဉ် ရွှေ့ဆိုင်းလိုက်ရသည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း ထောင်ဝန်ထမ်းများ အဆိုအရ လွှတ်ပေးမည့်အစီအစဉ် အဆင်သင့် မဖြစ်သေးဟု ပြောသည်။ ထောင်သို့ အကျဉ်းဦးစီးဌာန အရာရှိများလည်း နံနက်စောက ရောက်လာကြသည်။

အင်းစိန်အကျဉ်းထောင်ရှေ့တွင် ရပ်နီး ရပ်ဝေးများမှ လူ ၈၀၀ ကျော် လာရောက် စောင့်ဆိုင်းလျှက် ရှိသည်။

နာမည်ဆိုးဖြင့် ကျော်ကြားလှသော အင်းစိန်ထောင်မှ အကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးလိမ့်မည်ဟု ထောင်အာဏာပိုင်များ အဆိုအရ သိရသော်လည်း ယခုအချိန်ထိ နိုင်ငံရေး အကျဉ်းသား မည်မျှပါမည်ကို မသိရသေးပေ။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အဆို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၂၂၁၁ ယောက် မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် ရှိနေသည်ဟု သြဂုတ်လက စာရင်းထုတ်ပြန်ထားသည်။(မဇ္ဈိမသတင်းဌာန)

Type the rest of your post here.

0 comments:

Post a Comment