NEJ / ၁၄ အောက်တိုဘာ ၂၀၀၉
ရန်ကုန်တိုင်းရဲမှူးကြီး အပြောင်းအလဲကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် နယ်မြေခံရဲများနှင့် အာဏာပိုင်အသီးသီးတို့အား ဆက်ကြေးပေး လုပ်ကိုင်ရသည့် ရန်ကုန်မြို့တ၀န်းရှိ ဗီစီဒီ၊ ဒီဗွီဒီအရောင်းဆိုင်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေခန်းများနှင့် ပြည့်တန်ဆာလုပ်ငန်းအားလုံး ပုံမှန်ပြန်လည်ဖွင့်နေပြီဖြစ်သည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းရှိ ရုပ်ရှင်ရုံအောက်တွင် ဗီစီဒီ၊ ဒီဗွီဒီ လက်လီလက်ကား ရောင်းချသူ ဆိုင်ပိုင်ရှင်တဦးက “နယ်ထိန်းပဲ ကျနော်တို့ကို လာပြောတာ။ စီမံချက်ကာလပြီးပြီ၊ ပြန်ဖွင့်လို့ရပြီ၊ အားလုံးဖွင့်နေကြပြီဆိုတော့မှ ကျနော်တို့လည်း ပြန်ဖွင့်ရဲတာပါ။ ဆိုင်ပိတ်ထားချိန်မှာ ကျနော်တို့ကိုမှီပြီး ရပ်ကွက်တွေမှာ ဆိုင်ဖွင့်စားနေကြတဲ့ လက်လီဆိုင်ငယ်လေးတွေ ဒုက္ခရောက်ကြတယ်ကြားတယ်။ ခုတော့ သူတို့လည်း ပြန်ဖွင့်နေကြပါပြီ” ဟု ပြောသည်။
ယခုအခါ ရန်ကုန်မှ တနိုင်ငံလုံးသို့ ဗီစီဒီ၊ ဒီဗွီဒီ လက်ကားဖြန့်နေသည့် ယုဇနပလာဇာ မြေညီထပ်မှ ဆိုင်ခန်းများအားလုံး၊ (၃၅) လမ်း အထက်ဘလောက် ရုပ်ရှင်ရုံနဘေးမှ လက်ကားဆိုင်များအားလုံး၊ ဗိုလ်ချုပ်လမ်း ရုပ်ရှင်ရုံအောက်မှ ဆိုင်များအားလုံး ပြန်လည်ဖွင့်လှစ်နေပြီဟု အဆိုပါဆိုင်ပိုင်ရှင်က ပြောသည်။
စီမံချက်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း အပိုင်အလိုက် ဒီဗွီဒီရောင်းသည့် လမ်းဘေးဆိုင်အချို့ကို ဖမ်းဆီးခဲ့ပြီး
အဆိုပါ အောက်ခြေလမ်းဘေးဈေးသည် တရားခံများကို တရားရုံးများမှ ထောင်ဒဏ် (၁) နှစ်မှ (၃) နှစ်ထိ ချမှတ်ပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အလားတူ စီမံချက်ကာလအတွင်း ခေတ္တရပ်နားထားရသည့် အနှိပ်ခန်းများလည်း ပုံမှန်ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ ရွှေ္ဂဂုံတိုင်မီးပွိုင့်အနီး excel တာဝါရှိ အနှိပ်ခန်းသို့ သွားခဲ့သူတဦးက ပြောသည်။
ရန်ကုန် ပန်းပဲတန်းမြို့နယ် ကမ်းနားလမ်းတွင် စားသောက်ဆိုင်နှင့်တွဲ၍ ဖွင့်ထားသည့် ကာရာအိုကေဆိုင်တွင်လည်း သီချင်းအကူဆိုသည့် မိန်းကလေးငယ်လေးများဖြင့် ပုံမှန်ဆိုင်ပြန်ဖွင့်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းသာလမ်းနှင့် ဗိုလ်ချုပ်လမ်းဒေါင့် အေးရှားပလာဇာ မြေအောက်ထပ်တွင် ဖွင့်ထားသည့် နိုက်ကလပ်တခုမှ ၀န်ထမ်းတဦးက “အခုကျနော်တို့ ကလပ်မှာ ဖောက်သည်လာရှာတဲ့ မိန်းကလေးတွေနဲ့ ပြန်စည်ကားနေပါပြီ၊ အလုပ်ပြန်ဖြစ်နေကြပြီ” ဟု ပြောသည်။
အဆိုပါ အေးရှားပလာဇာ မြေအောက်ထပ်၊ သိမ်ကြီးဈေးအပေါ်ထပ်၊ မင်္ဂလာဈေးဝင်းတွင်းမှ ဂျေဂျေကလပ်တို့သည် နိုက်ကလပ်အမည်တပ်ထားသည့် ပြည့်တန်ဆာဈေးကွက်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြည့်တန်ဆာလုပ်ငန်းများ ရှိနေသော်လည်း ရဲများကိုယ်တိုင် ယခုကဲ့သို့ လုပ်ငန်းရှင်များ၊ မှောင်ခိုဈေးသည်များထံမှ ရရှိသည့်ဆက်ကြေးဝင်ငွေကို မှီခိုနေရသည့်အတွက် အဆိုပါလုပ်ငန်းများ ပပျောက်သွားရန်မလွယ်ကူကြောင်း ရန်ကုန်မြို့ခံ စီးပွားရေးသမားတဦးက ပြောသည်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)


Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Wednesday, 14 October 2009
ရန်ကုန်တွင် ဆက်ကြေးပေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
လာလည်ကြသောမိတ်ဆွေများ
မင်းက မင်း ၊ ငါ က ငါ
လူ့ဘဝ (ဆလိုင်းဆွန်ကျဲအို)
မြိုင်နန်းစံပန်းတစ်ပွင့်(ဆလိုင်းသွှအောင်)
ရင်ခုံဖော်( စီယံ )
ကျေးလက်တောတန်း(Thawn Kham))

0 comments:
Post a Comment