Monday, 16 November 2009 16:00 ကေလတ်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ်တွင် `ပင်လုံ´ဟု ခေါ်သော မြို့ကလေး၌ စာချုပ်တခု လက်မှတ်ရေးထိုး ကြသည်။ ထိုစာချုပ်သည် `ပင်လုံစာချုပ်´ ဟု ထင်ရှားသည်။ ပင်လုံစာချုပ်နှင့်အတူ ပင်လုံမူ သို့မဟုတ် တန်းတူညီမျှမှု စိတ်ဓာတ်လည်း ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ပင်လုံစိတ်ဓာတ်သည် မြန်မာအခြေခံဥပဒေ အဆက်ဆက်တွင် ကိန်းအောင်းရှင်သန်မှု မရှိခဲ့ခြင်းမှာ ၀မ်းနည်းဖွယ် ဖြစ်သည်။
ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်ဆိုသည်မှာ အဘယ်နည်း။
ပင်လုံစာချုပ်၏ နိဒါန်းတွင် ̏ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ခြင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို လျင်မြန်စွာ ရလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ကန့်ကွက်သူမရှိဘဲ - - - သဘောတူညီကြလေသည်˝ ဟု ဖေါ်ပြ ပါရှိသည်။
တိုင်းရင်းသားခေါင်းဆောင်တို့သည် ဗြိတိသျှအစိုးရထံမှ လုံးဝ လွတ်လပ်ရေး အရယူနိုင်ရန် အတွက် ၎င်းတို့၏ ကံကြမ္မာကို ဗိုလ်ချုပ်အောင်ဆန်းထံသို့ ပင်လုံစာချုပ်ဖြင့် ယုံကြည်စွာ ၀ကွက် အပ်နှံလိုက်လေသည်။ အပြန်အလှန်အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားများ၏ တန်းတူခွင့်ကို သဘောတူ၍ ပြည်ထောင်စု ပုံသဏ္ဌာန် အစိုးရနှင့် အာဏာခွဲဝေမှုအပြင် ပြည်ထောင်စုမှခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကိုပါ အာမခံခဲ့ရသည်။ အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးပြုမှု ဟူသော ပင်လုံစိတ်ဓာတ် ပေါ်ပေါက်လာခဲ့သည်။ သို့သော် ကြာရှည်မခံခဲ့ပါ။
သို့သော်လည်း ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် တိုင်းရင်းသားခေါင်းဆောင်များက အာဏာသည် ပြည်နယ်လွှတ်တော်များ၌ မတည်ဘဲ ပြည်ထောင်စုစစ်စစ်ပုံစံ မဟုတ်၊ အနှစ်သာရအားဖြင့် တပြည်ထောင်စနစ်သာ ဖြစ်သည် ဟု ဆိုကြသည်။ ဗဟိုအစိုးရသည် ဒေသဆိုင်ရာ၊ ပြည်နယ်ဆိုင်ရာ နှင့် ဗဟိုအဆင့် အာဏာ အားလုံးကို ချုပ်ကိုင်ထားပြီး ဗမာမဟုတ်သော တိုင်းရင်းသားများတွင် လုံးလုံး အာဏာမရှိပါ။
ပင်လုံစိတ်ဓာတ်အား အဖတ်ဆယ်ရန် ဗိုလ်နေ၀င်းခေတ် မတိုင်မီ ကြိုးပမ်းမှုများ ပေါ်ပေါက်ခဲ့သည်။ ၁၉၆၁ ခုနှစ် ဇွန်လတွင် ရှမ်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် (၂၀၀) ကျော်သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တွေ့ဆုံပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ညီလာခံတရပ် ကျင်းပခဲ့ကြသည်၊ ထိုညီလာခံက `စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု´ ကို တောင်းဆိုခဲ့ကြသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က ကတိ ပေးခဲ့သည့်အတိုင်း ထိုစဉ်က ၀န်ကြီးချုပ်ဦးနုသည် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ `အမျိုးသားနှီးနှောဖလှယ်ပွဲ´ တရပ် ကျင်းပပေးခဲ့သည်။ ထိုနှီးနှောဖလှယ်ပွဲသို့ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှုယ်များ တက်ရောက်ခဲ့ကြသည်။ ရှမ်းပြည်နယ် ဥက္ကဋ္ဌ၊ ၀န်ကြီးစ၀်ခွန်ချိုက အစည်းအဝေးတွင် အဖွင့် ဆွေးနွေး တင်ပြသည်။
စ၀်ခွန်ချိုက ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၏ အားနည်းချက်များကို ထောက်ပြ၍ တိုင်းရင်းသားများ သဘောကျနှစ်သက်သည့် ပြည်ထောင်စုဖွဲ့စည်းရေး အစီအစဉ်ကို တင်ပြသည်။ ၎င်း၏တင်ပြချက်မှာ ပြည်မကို ပြည်နယ်တနယ် ဖွဲ့စည်းရေး၊ လွှတ်တော် ၂ ရပ် အာဏာ အတူ ပေးရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းက တူညီသော ကိုယ်စားလှယ် ပေးရေး၊ ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သော အာဏာများကို ပြည်ထောင်စု ဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေးတို့ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းလိုက်သောကြောင့် ဤနှီးနှောဖလှယ်ပွဲ ရပ်ဆိုင်းသွားသည်။ ဗိုလ်နေ၀င်းက ပြည်ထောင်စု ပြိုကွဲမည့် အန္တရာယ်မှ ကာကွယ်လိုက်ကြောင်း ကြေညာခဲ့သည်။
ဗိုလ်နေ၀င်းက ၁၉၄၇ အခြေခံဥပဒေရော ပင်လုံစာချုပ်ကိုပါ ရပ်ဆိုင်းခဲ့သည်။ ဗိုလ်နေ၀င်း၏ ၀ါဒဖြန့်ချိမှုတွင် `ဖယ်ဒရယ်မူ´ သည် `ပြည်ထောင်စုဖြိုခွဲရေး´ ဖြစ်သည်။
စစ်အစိုးရထုတ်ပြန်သော စာရင်းအရ မြန်မာပြည်တွင် လူမျိုးစု (၁၃၅)မျိုး မှီတင်းနေ ထိုင်ကြသည်။ ထို ၁၃၅ မျိုး၏ တစ်ဝက်ခန့်မှာ တိုင်းပြည်လူဦးရေအားလုံး၏ (၃) ရာခိုင်နှုန်းမျှသာ ရှိသော ချင်းပြည်နယ်မှ ဖြစ်ကြသည်။ မြန်မာပြည်တွင် ပြည်နယ် ရှစ်ခုသာ ရှိသည်။ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ကယား၊ ရှမ်းနှင့် ဗမာတို့ ဖြစ်ကြသည်။ ဗမာမှာ အကြီးဆုံးလူမျိုး ဖြစ်သည်။ လူဦးရေ သန်း (၅၀) ကျော်အနက် ၆၀ ရာခိုင်နှုန်းမှာ ဗမာများ ဖြစ်ပြီး ကျန်လူဦးရေမှာ တခြားသော လူမျိုးစုများ ဖြစ်သည်။ မြန်မာပြည်ကဲ့သို့ လူမျိုးစုများ ကွဲပြားနေသည့် နိုင်ငံအဖို့ ဖက်ဒရယ်စနစ်သည်သာလျှင် တခုတည်းသော ရွေးချယ်စရာ ပြည်ထောင်စုပုံစံ ဖြစ်သည်။ ကမ္ဘာပေါ်၌ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံ အကြားတွင် တည်ရှိသော မြန်မာပြည်အဖို့ တခြား ရွေးချယ်စရာလမ်း မရှိပါ။
၂၀၀၈ ခုနှစ်၌ အတည်ပြုခဲ့သော အခြေခံဥပဒေက ဖက်ဒရယ်မူနှင့် ပင်လုံစိတ်ဓာတ်ကို မည်သို့ ကိုယ်စားပြုပါသနည်း၊ ရှမ်းပြည်နယ် ဥက္ကဋ္ဌ စ၀်ခွန်ချို တောင်ကြီး ညီလာခံတွင် တင်ပြခဲ့သော ပြည်ထောင်စုဖွဲ့စည်းပုံ၊ လူမျိုးစု လွှတ်တော်အတွင်း တန်းတူညီမျှမှု၊ လွှတ်တော်နှစ်ရပ် အတွင်း အာဏာခွဲခြားမှု၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှုတို့အပေါ် အခြေခံ၍ လေ့လာ ဆန်းစစ်ကြည့်နိုင်ပါသည်။
ပြည်ထောင်စုဖွဲ့စည်းပုံ
ပြည်ထောင်စုစစ်စစ်ပုံစံ အခြေခံဥပဒေတွင် နိုင်ငံတော်၏အာဏာကို ဗဟိုနှင့်အဖွဲ့ဝင် ပြည်နယ်များ၏ အကြား ခွဲဝေထားရမည် ဖြစ်သည်။ အဖွဲ့ဝင်ပြည်နယ်များသည် မိမိတို့ဒေသ အကျိုးအတွက် အာဏာကိုအသုံးချနိုင်သော အခွင့်အရေး အပြည့်အ၀ ရရှိမည် ဖြစ်ပြီး ၎င်းတို့၏ ပြဿနာများကို ၎င်းတို့ဘာသာ ကိုင်တွယ်ဖြေရှင်းနိုင်ခွင့်လည်း ရှိရမည် ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေတွင် တိုင်းဒေသကြီး ၇ ခု နှင့် ပြည်နယ် ၇ ခု ပါဝင်ပြီး တူညီသော အဆင့်အတန်းရှိကြ၍ ဗဟိုအစိုးရတွင် အာဏာများစွာရှိသည်။
စစ်အစိုးရ၏ ပြည်ထောင်စုပုံစံတွင် တိုင်းဒေသကြီးများ၌ ဗမာတိုင်းရင်းသား အများစု နေထိုင်ကြသည်။ တနည်းဆိုရလျှင် လူမျိုးစုလွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်တွင် ကိုယ်စားပြုမှုအချိုးအစားအရ တန်းတူညီမျှမှု လုံးဝမရှိပါ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထိ အဆင့်တိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသယောင် ဖြစ်သော်လည်း လူမျိုးစုငယ်များ အများစုနေထိုင်သော ပြည်နယ်များမှာ အခွင့်အရေး အပြည့်အ၀ မရဘဲ ဗဟို၏ အရံဒေသများ ဖြစ်နေကြောင်း တွေ့ရမည် ဖြစ်သည်။
လူမျိုးစုလွှတ်တော်တွင် ကိုယ်စားလှယ်အရေအတွက် တူညီမှု
လူမျိုးစုလွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်သည် အများဆုံး ၂၂၄ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်စေလွှတ်သော တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး ပါဝင်မည်ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုစီမှ ကိုယ်စားလှယ် ၁၂ ဦးစီ စေလွှတ်ရမည်။ ထို့ကြောင့် ဗမာတိုင်းဒေသကြီးများမှ ကိုယ်စားလှယ်အရေအတွက်နှင့် ကျန် တိုင်းရင်းသားအားလုံး စုစုပေါင်း၏ ကိုယ်စားလှယ်အရေအတွက်မှာ အတူတူပင် ဖြစ်လိမ့်မည်။
တိုင်းရင်းသားလူမျိုးစုများက ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၌ပင် လူမျိုးစုလွှတ်တော်၌ ကိုယ်စားလှယ်ဦးရေ အညီအမျှ မဖြစ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြခဲ့ပြီးဖြစ်သည်။
ဥပဒေပြုအာဏာခွဲဝေပုံ
ဥပဒေပြုအာဏာကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်သို့ ခွဲဝေပေးထားသည်။ ထိုလွှတ်တော်နှစ်ရပ်လုံး၌ တူညီသော ဥပဒေပြုမှုအာဏာ ရှိကြသည်။ သို့သော်လည်း တိုင်းပြည်အတွက် အရေးကြီးဆုံး ဖြစ်သော ပြည်ထောင်စုဘတ်ဂျက်ဥပဒေကို လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင်သာ တင်သွင်းခွင့် ရှိသည်။ ဤအချက်မှာ ဗဟိုဦးစီးချုပ်ကိုင်မှုကို ခိုင်မြဲစေရန်အတွက် ရည်ရွယ် ပြဌာန်းထားခြင်း ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် တိုင်းရင်းသားများကို ကိုယ်စားပြုသော ကိုယ်စားလှယ် ၈၄ ဦးသာ ပါဝင်ပြီး ကျန်ကိုယ်စားလှယ်များမှာ ဗမာများသာ ဖြစ်သည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ ပုဒ်မ (၉၅) (ခ) တွင် ̏ ဥပဒေကြမ်းတရပ်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်အကြား အငြင်းပွားမှု ဖြစ်ပေါ်ပါက ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း၍ ဆုံးဖြတ်ရမည်˝ ဟု ပါရှိသည်။ ဗမာ မဟုတ်သော တိုင်းရင်းသားများ ရှစ်ပုံတစ်ပုံသာ ပါဝင်မည့် ပြည်ထောင်စုလွှတ်တော်က အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှု
ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးဥပဒေပြု စာရင်းများရှိ ဥပဒေပြုတာဝန်များကို လေ့လာကြည့်ပါက လုပ်ပိုင်ခွင့်အာဏာများသည် ပြည်ထောင်စုတွင်သာ ရှိပြီး ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးများတွင် မရှိကြောင်း တွေ့ရမည် ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုနိုင်သည့် ဥပဒေများတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ၊ ပြည်ထောင်စု အရ အသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် အခွန်များ၊ ထုတ်ကုန်သွင်းကုန်၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုတွင်းနှင့် သစ်တော၊ စက်မှု၊ ကူးသန်းသွားလာရေး၊ ဆက်သွယ်ရေးနှင့် ပညာရေး၊ ကျန်းမာရေး စသည့် အရေးကြီးသည့် အခန်းကဏ္ဍများ အပါအ၀င် ၁၂၄ မျိုး ဥပဒေပြုနိုင်သည်။
တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွက် ဥပဒေပြုစာရင်းတွင် ဘဏ္ဍာငွေနှင့် စီမံကိန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုတွင်းနှင့်သစ်တော၊ အသေးစား နှင့် အလတ်စား လျှပ်စစ်ဓာတ်အား၊ ဆားထုတ်လုပ်ရေးလုပ်ငန်းများ စသည်တို့ အပါအ၀င် ၄၁ မျိုးသာ ဥပဒေပြုနိုင်သည်။
ထို့ကြောင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ဥပဒေ၏ဖွဲ့စည်းပုံအရ ဖြစ်စေ၊ အနှစ်သာရ အားဖြင့် ဖြစ်စေ ပင်လုံစိတ်ဓာတ် ကိန်းအောင်းရှင်သန်ခြင်း မရှိသည်မှာ အထင်အရှားပင် တွေ့မြင်နိုင်သည်။
ပင်လုံစိတ်ဓာတ်ဟူသည် တိုင်းရင်းသားလူမျိုးစုများအားလုံး အကြား အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို ကိုယ်စားပြုခြင်းဖြစ်သည်။ ယခုအခြေခံ ဥပဒေတွင် ဤသို့သော စိတ်ဓာတ်မျိုး ကင်းမဲ့လျက်ရှိသည်။ ထို့ကြောင့် ဗမာနှင့် ကျန် တိုင်းရင်းသားများအကြား ၂၀၀၈ အခြေခံဥပဒေကြောင့် ပိုမိုနက်ရှိုင်းသော ကွဲပြားခြားနားမှုများသာ ဆက်လက် ပေါ်ပေါက်လာစေနိုင်မည်ဖြစ်သည်။ ။
ဧရာဝတီမှကူးယူသည်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Monday, 16 November 2009
ပင်လုံစာချုပ်၊ ဖယ်ဒရယ်မှုနှင့် ၂၀၀၈ အခြေခံဥပဒေ
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment