Tuesday 9 November 2010

အကြံ နဲ.အလံ

စာမရေးဖြစ်ပေမယ့် စာတော့ လိုက်ဖတ်ဖြစ်တယ်ရှင်...၂၁ ရက်နေ.က အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတော့ ဝမ်းသာသွားတာ... မင်းတြားကြီးများ ကံကုန်လေသလား.... တအုပ်စုလုံးပဲ တရားအားထုတ်ဖို.တောထွက်လေပြီလား.... မြန်မာပြည်ကြီးပဲ အာကာသထဲ ဒုံးကျည်ပစ်လွှတ်နေပြီလားဆိုပြီးတော့ပေါ့.....ဘယ်ဟုတ်ကမလဲ တကယ်တမ်းတော့ အလံပြောင်းသွားတာကိုး......... အကြံနဲ. ရေးချင်တိုင်းရေးထားတဲ့ ဖွဲ.စည်းပုံအရ ဆွဲချင်းတိုင်းဆွဲထားတဲ့ အလံဒီဇိုင်းပေါင်းစပ်လိုက်တော့ နောက်ဆုံးမြန်မာပြည်ကနေ လဒတိုင်းပြည်ဖြစ်တော့တာပေါ့.

တကယ်တော့ အလံဆိုတာ နိုင်ငံတစ်ခုအတွက် အရမ်းကို အရေးကြီးပါတယ်....တဦးတယောက်ရဲ့ သဘောဆန္ဒနဲ. လုပ်လို.မရပါဘူး... ဒီအပြင် အလံဒီဇိုင်း အဆင်သင့်ဖြစ်ပြီဆိုရင်တောင် ပြည်သူကို အရင် အသိပေးရမှာပါ...ခုလို ယတြာကိန်းခမ်းချေသလို လုပ်လို.မရပါဘူး...ဒါဟာ ဒီမိုကရေစီဖော်ဆောင်ဖို.ကြိုးစားနေပါတယ် ဆိုတဲ့ သူတွေ လိုက်နာရမယ့် အခြေခံတချက်ပါ.....ထပ်ပြောရမယ်ဆိုရင် တရားဝင်ရွေးကောက်ပွဲလုပ်ပြီး အရပ်သားကို အာဏာလွှဲပေးတော့မယ့်အချိန်မှာ ဒီအလံကိစ္စဟာ နောက်တက်လာမဲ့ အစိုးရက တာဝန်ယူလုပ်ဆောင်လို.ရပါတယ်..ခုလို ရွေးကောက်ပွဲလုပ်ခါနီးဆဲဆဲ ဖုတ်ပူမီးတိုက် ပြောင်းစရာမလိုပါဘူး...... ခွာသေးသေး ထင်ပါရဲ့ရှင်........

အရင်တုန်းက အလံမှာပါတဲ့ သင်္ကေတတွေက သူ.အဓိပ္ပါယ်နဲ.သူရှိတယ်ရှင့်...ခုအလံသစ်ကကော...ဘာအဓိပ္ပါယ်တွေ ဖော်ဆောင်တယ်ဆိုတာ ရှင်းပြစမ်းပါဦး..... တိုင်းနဲ.ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုတဲ့ ကြယ် ၁၄ လုံးအစား ကြယ်တလုံးသုံးတယ်ဆိုတော့ ကျမကတော့ ငါအဖော်မလိုဘူး ငါတယောက်တည်းကြီးစိုးမယ် ငါတယောက်တည်း စားမယ်လို.ပဲ မြင်မိပါကြောင်း.....................

ကျက်သရေတုန်းသော အလံနဲ. ကျက်သရေမရှိသော ခွာသေးသေး လူကြီးမင်းများ အမြန်ဆုံး မြန်မာပြည်မှ ပျောက်ကွယ်မဲ့ရက်ကို စောင့်ရင်းးးးးးးးးးးးးးးးး

အင်တာနက်စာမျက်နှာမှကူးယူဖော်ပြသည်။

0 comments:

Post a Comment