Tuesday 23 November 2010

ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူနှင့်ပြန်လည်တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဆယ်စုနှစ်ကျော်တွေ့ဆုံခွင့်မရသော သားအငယ်နှင့် ပထမဆုံး အကြိမ်ပြန်လည်တွေ့ဆုံခွင့်ရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏သား ကင်မ်အဲရစ် တွေ့ဆုံစဉ်

ယနေ့နံနက်ပိုင်းက ရန်ကုန်လေဆိပ်တွင်ရောက်ရှိလာသော သားအငယ် ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်ကို သွားရောက်ကြိုဆို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကင်မ်အဲရစ်သည် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ(၁၃)ရက်နေ့ ပြန်မလွတ်ခင်ကတည်းက ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီး မြန်မာပြည်သို့ဝင်ရန် ဗီဇာ စောင့်နေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဗိုလ်ချုပ်များအုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော(၂၁)နှစ်ကတည်းက နေအိမ်အကျယ်ချုပ်ဖြင့် အများဆုံး အထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။

ရန်ကုန်လေဆိပ်တွင် အသက်(၆၅)နှစ်အရွယ်ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏သားငယ်အား ပြုံရွှင်စွာ တွေ့ဆုံပြီး သတင်းထောက်များအား သူမ အလွန်ပျော်ရွှင်ပါသည်ဟု ပြောခဲ့သည်။

သားဖြစ်သူ ကင်မ်အဲရစ်မှာလည်း သူမ၏ မိခင်အား (၂၀၀၀)ခုနှစ်ကတည်းက နောက်ဆုံးတွေ့ဆုံခွင့်ရရှိပြီး နောက်ပိုင်းတွင် ပြည်ဝင်ခွင့်ဗီဇာကို အကြိမ်ကြိမ်အငြင်းပယ်ခံခဲ့ရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သားအကြီးဖြစ်သူ အလက်ဇန္ဒား အဲရစ်ကိုလည်း ဆယ်နှစ် ကျော်မတွေ့ရသည့်အပြင် သူမ၏ မြေးဖြစ်သူကိုလည်း မတွေ့ဖူးသေးချေ။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်းတွင် လွှတ်ပေးခဲ့သော်လည်း စစ်အုပ်ချုပ်ရေးအာဏာ တရားဝင်အသိအမှတ်ပြုရေးအတွက် ပြုလုပ်သော ဟန်ပြလုပ်ဆောင်ချက်တခုသာဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲပြောဆိုလျှက်ရှိသည်။
ကင်မ်အဲရစ်သည် နိုင်ငံရေးမပါပဲ ကိုယ်ရေးကိုယ်တာအတွက်သာ ယခုလို အလည်အပတ်သွားခြင်းဖြစ်ကြောင်း ဘန်ကောက်ရှိ ဗြိတိသျှသံရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် လုပ်ကိုင်နေသမျှအားလုံးနီးပါးကို ဒီမိုကရေစီလိုလားသူပြည်သူများရော အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများရော ဂရုတစိုက်စောင့်ကြည့်နေကြပါသည်ဟု ဘန်ကောက်ရှိ ဘီဘီစီမှ Recheal Harvey ရစ်ချတ်ဟာဗေးက ပြောသည်။

အင်္ဂလန်နိုင်ငံသားဖြစ်သူ ကင်မ်အဲရစ်သည် မြန်မာပြည်သူတို့ မျက်လုံးဒေါက်ထောက်ကြည့်နေမှုကို ဂရုတစိုက် နေထိုင်လျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သူ ဗြိတိသျှပညာရှင် ပါမောက္ခ မိုက်ကယ်အဲရစ်သည် (၁၉၉၉)ခုနှစ်က ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မသေမီ သူ၏ဇနီးနှင့်တွေ့ဆုံရန် မြန်မာပြည်သို့ ပြည်ဝင်ခွင့်တောင်းခံခဲ့သော်လည်း စစ်ဗိုလ်ချုပ်များက ခွင့်မပြုခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း မြန်မာပြည်မှ ထွက်ခွာသွားလျှင် ဒီမိုကရေစီရေးများလုပ်ဆောင်ရန် မြန်မာပြည်သိှု့ ပြန်လာခွင့်ပြုတော့မည် မဟုတ်ဟုလည်း အများက ယုံကြည်နေခဲ့ကြသည်။(ရိုးမ)

0 comments:

Post a Comment