Tuesday 9 November 2010

ဖလမ်းမှာ လွှတ်တော် ၃ ခုလုံး နွာနောက် (CPP) အနိုင်ရ

Tuesday, 09 November 2010 14:11 ဆလိုင်းထွန်း

ချင်ပြည်နယ် ဖလမ်းမြို့နယ်က လွှတ်တော် ၃ ရပ်လုံးမှာ ချင်းတိုးတက်ရေးပါတီ CPP က အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ CPP ပြည်နယ်လွှတ်တော်အမတ်လောင်း ဦးနိုးဆွန်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း CPP အမတ်လောင်း ဦးခွန်လိန်းက ထောက်ခံမဲ ၈၉၈၄ ၊ ကြံ့ဖွံ့ အမတ်လောင်း ဦးဆိုင်းလျန်ကြူးက ၇၁၂၀ မဲ၊ ချင်းအမျိုးသားပါတီ CNP အမတ်လောင်း ဦးငယ်ငယ်တီးယံအုပ်ထန်း (ခ) အယ်ပီ့က ၃၇၁၆ မဲ နဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ တစည ဦးဆန်ထန်းက ၁၀၁၅ မဲ ရရှိတယ်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာ CPP အမတ်လောင်း ဦးနုထန်းက ထောက်ခံမဲ ၄၈၀၉ ၊ ကြံ့ဖွံ့အမတ်လောင်း ဦးငွန်လာလ်က ၃၉၀၉ မဲနဲ့ တစည အမတ်လောင်း ဦးထန်ကင်းမ်က ၂၁၁၆ မဲ ရရှပါတယ်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ CPP အမတ်လောင်း ဦးနိုးဆွန်က ထောက်ခံမဲ ၄၅၇၃ ၊ ကြံ့ဖွံ့အမတ်လောင်း ဦးကောလ်လွယ်က ၃၉၀၇ မဲ၊ CNP အမတ်လောင်း ဦးခွန်လျန်းက ၉၉၇ မဲနဲ့ တစည အမတ်လောင်း ဦးလာလ်သိမ်းလိုမာက ၅၈၈ မဲ ရရှိပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာ CPP အမတ်လောင်း ဦးကျွန်ခဲန်းက ထောက်ခံမဲ ၄၇၈၅၊ ကြံ့ဖွံ့အမတ်လောင်း ဦးရုလ်ဇမ်းက ၃၈၄၉ မဲ၊ CNP အမတ်လောင်း ဒေါ်လဲန်ဗဲလ်က ၁၂၆၈ မဲ နဲ့ တစည အမတ်လောင်း ဦးကြားမန်က ၉၁၆ မဲ ရရှိပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ CPP အမတ်လောင်း ဦးဇုန်လှယ်ထန်းက ထောက်ခံမဲ ၅၂၂၉၊ ကြံ့ဖွံ့ အမတ်လောင်း ဒေါ်ရွှေထွေးက ၄၀၅၂ မဲ နဲ့ တစည အမတ်လောင်း ဦးဗန်လုံးက ၇၆၈ မဲ ရတယ်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာ ယှဉ်ပြိုင်တဲ့ CPP အမတ်လောင်း ဦးနုထန်ရဲ့ ဇနီးဖြစ်သူက ဒီမဲစာရင်းတွေကို မြို့နယ်ကော်မရှင်မှာ ကူးယူကာ ပြောဆိုထားတာဖြစ်ပါတယ်။

ဖလမ်းမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၂၀ လောက်ရှိကာ မဲပေးနိုင်သူ လူဦးရေးစုစုပေါင်း ၂ သောင်းနီးပါ ရှိခဲ့ပေမယ့် ခရီးသွားတဲ့သူများလို့ မဲပေးသူမှာ ၆၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ဦးနုဆွန်းက ပြောတယ်။(Zogam Post)



0 comments:

Post a Comment