Monday, 7 March 2011

ချင်းပြည်နယ် တီးတိန်မြို့၌ ဈေးဆိုင်တန်း မီးလောင်

တီးတိန်မြို့ မီးလောင်မှုတွင် လူထုက ကူညီနေကြစဉ်။


မတ်လ ၄ ရက်နေ့ ၂၀၁၁ ခုနှစ် ညနေခင်း ၂ နာရီ ဝန်းကျင်တွင် ချင်းပြည်နယ် တီးတိန်မြို့၌ ဈေးဆိုင်တန်းတခု မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ၎င်းမီးလောင်းမှုသည် တီးတိန်မြို့လယ်ရှိ ဦးထန်ဇစိန် ဓါတ်ဆီဆိုင်မှ လောင်းကျွမ်းရခြင်းဖြစ်ပြီး လူထုအင်အားဖြင့် ငြိမ်းသတ်နိုင်ခဲ့သည်။

"အခုလို ငြိမ်းသတ်နိုင်ခြင်းဟာ တီးတိန်မြို့သူ၊ မြို့သားများနှင့် မီးသတ်ကား အချိန်မီ ရောက်လာတယ်။ ဒါပေမဲ့ အဲဒီမီးသတ်ကား ရေထည့်ဖို့ပြန်အသွားမှာ ကားပြတ်တယ်လေ။ ဘုရားသခင်ကျေးဇူးတော်ကြောင့်ပေါ့ ဒီမီးတွေကို ငြိမ်းသတ်နိုင်ခဲ့သည်ဟု" တီးတိန်မြို့သား တာန်တွောင်က ဇိုဂမ်ပိုစ့်ကိုပြောသည်။

ကျွန်တော်က ဆေးရုံအသွား အဲ့ဒီဆိုင်မှာ မုန့်ဝယ်နေတဲ့အချိန် ဆိုင်ထဲကနေ ရဲနေတဲ့မီးနဲ့ မီးခိုးတွေ့တယ်၊ အဲဒီမီးတွေကို ငြိမ်းသတ်နိုင်မယ်လို့မထင်ဘူး မီးကတော်တော် လောင်နေပြီ ဘုရားသခင်ကျေးဇူးတော်ကြောင့်ရယ်၊ မြို့သူမြို့သားတွေ စည်းလုံးစွာ ကူညီကြခြင်းကြောင့် ငြိမ်းသတ်နိုင်ခဲ့သည်ဟု ဖါတာဂုန်လျန်းက ပြောသည်။

အခင်းဖြစ်ပွားချိန်မှာ လူအယောက် ၂၀ လောက်က ငြိမ်းသတ်နေပြီး မိနစ် ၄၀ လောက်တွင် ဆယ်တန်းကျောင်းသားလူငယ်တွေ၊ အစိုးရဝန်ထမ်းတွေ၊ စစ်သားတွေ၊ ရဲဝန်ထမ်းတွေနဲ့ မီးသတ်ကားတွေက ရောက်လာကြတယ်။ အဲဒီချိန်မှာ လူက ၁၀၀၀ ကျော်လောက် ရှိမယ်ဟု ဖါတာဂုန်လျန်းက ဆိုသည်။

စည်းလုံးခြင်းသည် ခွန်းအား(Unity is Strength) ဆိုတဲ့ စကားလုံးဟာ အခုမှ လက်တွေ့ကျကျ မြင်ရသည်ဟု ဖါတာဂုန်လျန်း ဆက်ပြောသည်။

ရေရှားပါးနေသော ချင်းပြည်နယ် တီးတိန်မြို့၏ မီးလောင်မှု ငြိမ်းသတ်နိုင်ခြင်းသည် ပြည်သူများစည်းလုံးညီညွတ်စွာ ကူညီမှုကြောင့်ဖြစ်သည်ဟုလည်း သိရသည်။

၁၉၉၇ ခုနှစ်က အကြီးအကျယ် မီးလောင်မှုဖြစ်ပွားမှုတခုကြောင့် အိမ်ခြေပေါင်း ၈၀ ကျော် လောင်ကျွမ်းခဲ့ရာ တီးတိန်မြို့ရှိ မီးသတ်ကားအင်အား မလုံလောက်သောကြောင့် ကလေးမြို့မှ မီးသတ်ကားများပင် သွားရောက် မီးငြိမ်းသတ်ခဲ့ရသည်။(ဇိုဂမ်ပိုစ်)

0 comments:

Post a Comment