March 11th, 2011 |
အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးလမ်း ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မနေ့က ကားတစီး ထပ်မံတိမ်းမှောက်ခဲ့မှုကြောင့် လူ ၄ ဦးသေဆုံးပြီး အယောက် ၃၀ ခန့် ဒဏ်ရာရရှိကြကြောင်းသိရသည်။
ယမန်နေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က တီးတိန်မြို့မှ အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးစခန်း ရိ မြို့ဘက်သို့ ကုန်အပြည့်နှင့် ခရီးသည် ၃၀ ခန့်တင်ဆောင်လာသော ဒိုင်နာကားတစီးသည် တီးတိန်မြို့နယ် Lamzang ကျေးရွာအလွန် လမ်းအကွေ့၌ တိမ်းမှောက်သွားခဲ့သည်ဟုသိရသည်။
အခင်းဖြစ်ပွားရာနေရာတွင် အမျိုးသမီးတဦး Nu Vung San Cing နှင့်ကလေးငယ်တဦး Tg. Nau Dam Peek တို့ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့နောက် လူနာများကို တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးသို့တင်ဆောင်နေစဉ် လမ်းတွင် ကားနောက်လိုက် PaNangKhanLian ဆိုသူ နှင့် ဆေးရုံးကြီးတွင် Pa Thawng Kho Pau ဆိုသူတဦးထပ်မံသေ ဆုံးခဲ့ကြောင်းဒေသခံများကပြောသည်။
ဒဏ်ရာရသူများထဲမှ စိုးရိမ်ရသည့် လူနာများကို ကလေးမြို့ဘက်သို့ လိုင်းကားဖြင့် မနေ့က ပို့ဆောင်ခဲ့ ကြောင်း၊ ယခုတီးတိန်ပြည်သူ့ဆေးရုံးကြီးတွင် လူနာ ၇ ဦးက ဆေးဝါးကုသမှုခံယူနေကြဆဲဖြစ်ကြောင်းသိရသည်။
အဆိုပါ ဒိုင်နာကားပေါ်တွင် ပါလာသော ခရီးသည် အများစုသည် ကလေးမြို့တာဟန်းရပ်ကွက်တွင် အများစုနေထိုင် သူများဖြစ် ကြသည်ဟုသိရသည်။
တိမ်းမှောက်သွားသည့် ဒိုင်နာသည် လိုင်းတွီးရွာသား ဦးကာခိုင်၏ ကားဖြစ်ပြီး ကားပေါ်တင်ထားသော ကုန်အလေးချိန် အားကြောင့် လမ်းကွေ့မှာ ယခုလိုတိမ်းမှောက်ရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။
ယခုလ ၇ ရက်နေ့ကလည်း တီးတိန်မြို့နယ် လိုင်သွေးကျေးရွာတွင် ဂျစ်ကားတစီးတိမ်းမှောက်သွားခဲ့ရာ ခရီးသည် တဦး သေဆုံးပြီး ၄ ဦးပြင်ထန်စွာဒဏ်ရာရရှိသွားခဲ့သည်။
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း တီးတိန်မြို့နယ်တွင် ဘစ်ကားတီးမှောက်မှုကြောင့် လူ ၁၆ ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။(ခုန်နုမ်းထုန်)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Saturday, 12 March 2011
အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးလမ်းတွင် ကားထပ်မံတိမ်းမှောက်၊ လူ ၄ ဦးသေဆုံး
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment