March 22nd, 2011 | Add a Comment | 17 views
ဇလပ်နီ၊စစ်မုန်းလူ
ဆောင်းနှင်းတွေဖွေးလာရင် ချင်းတောင်တခွင်လုံး တောင်ဇလပ်ပန်းနီပွင့်ဖတ်ကြီးတွေက အလှချယ်မြန်းထားသလို ပန်းချယ်ရီ တွေက လည်း အလှဆင် မြန်းထားတတ်ကြတယ်၊ ပန်းချီဆရာတွေက အလှချယ်ထားတာမဟုတ်ပဲ သဘာဝက အလှဆုံး မွန်းချယ်ပေးထား တာပါ။ လေအလာမှာ ထင်းရှူးရနံ့တွေ ချင်းတောင်တခွင်လုံးသင်းနေတတ်စမြဲပါ။
မတ်စောက်လွန်းတဲ့ကျောက်ကပ်ပါးတွေဟာ ပြည်ပရန်တွေ ၀င်မလာနိုင်အောင် ချင်းပြည်ကို ကာဆီးပေးထားပါတယ်။ ရန်သူဝင်လာပြီ ဆိုရင် အရှေဖက် ကင်းသမား(မျောက်)တွေက အသံပေးသွားတတ်တယ်၊ အနောက်ဖက် ကင်းသမား (မျောက်လွဲကျော်)ကလည်း တပ် လှန်.သွားတတ်ပါတယ်၊ ချင်းတောင်တနံတလျားကိုအောက်ချင်းငှက်တွေက အတောင်ပံဖြန်.ကျက်ပြီး ကင်းလှည့်နေတတ်ပါတယ်။
ယနေ.ချင်းတောင်ရဲ့ သဘာဝအလှဆိပ်သုန်းလုနီးပါးဖြစ်နေပါပြီ၊ ဌါနေကျန်ချင်းလူမျိုးတွေရဲ့ ရိုးစင်းတဲ့ အနေအထိုင် အဖြူရောင် စိတ်ဓါတ်တွေဟာ အရောင်အမျိုးမျိုးစွန်းထင်းသွားပြီ၊ တချိန်က ယာမီးခိုးဟာ စိုက်သီးနှံတွေအတွက် ဖြစ်ခဲ့ပေမဲ့ ခုချိန်မှာတော့ ဘိန်းပင် တွေအတွက်ဖြစ်နေခဲ့ရပါပကောလား။
တချိန်က စိမ်းစိုနေတဲ့ သီးနှံစိုက်ခင်းတွေဟာ ယခုအခါ ဘိန်းစိုက် ခင်းတွေ ကလွှမ်းမိုး အုပ်စိုးလာနေပါပြီ။ ဒီလိုဖြစ်လာတာဟာ ချင်းပြည် သူတွေက ဖန်တီးထားတာမဟုတ်ပဲ နအဖစစ် အစိုးရ နှင့် တဖက် အိန္ဒိယနိုင်ငံလူမျိုး စုလက်နက်ကိုင် အုပ်စုတို့ ပူးပေါင်းပြီး ချင်းပြည်နယ် အထက်ပိုင်းတွန်းဇံမြို့နယ်ခွဲမှာဘိန်းပင်တွေစိုက်ပျိုးနေကြတာပါ။
ငွေများတရားနိုင်ဆိုသလို ချင်းလူမျိုးတွေရဲ့ လူမှုဘ၀တွေကို ငွေစက္ကူက တဖြည်းဖြည်းအနိုင်ပိုင်းလိုက်ပါပြီ၊ တချိန်က ချင်းပျိုဖြူတွေရဲ့ အောက်ချင်းငှက်သစ္စာကို ငွေစက္ကူက ဖျက်ဆီးလုနေပါပြီ။
လွန်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်ကတည်းက စတင်စိုက်ပျိုးလာခဲ့ကြတဲ့ အဲဒီဘိန်းပင်တွေဟာ ယခုလက်ရှိမှာ ဧကပေါင်း ၁၀ဝဝ ကျော်ခန့်ရှိနေပြီဟု ကိုယ်တိုင်သွား ရောက်လေ့လာခဲ့တဲ့သူတွေကပြောပါဆိုနေကြပါတယ်။
ဘိန်းပင်တွေကို အဓိကစိုက်ပျိုးကြတဲ့နေရာတွေကတော့ တွန်းဇံမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှာတည်ရှိတဲ့ singpial(ရှင်းပီလိုင်)၊ zunglawn (ဇုံးလောင်း)၊ Phaisat(ဖိုင်ဆပ်)၊ suanghawih စတဲ့ကျေးရွာတွေအပြင် အခြားစိုက်ပျိုးတဲ့ကျေးရွာ များလည်းအများအပြား ရှိနေတယ်လို.သူတို့ကဆက်ပြောပါတယ်။
အိန္ဒိယခွဲထွက်ရေးကသည်းသူပုန်တွေဟာ အဲဒီကျေးရွာအနီးအနားတွေမှာ စခန်းတွေကျထားပြီး သူတို.ရဲ.ဘိန်းစိုက်ခင်းတွေကိုကြည့် ကြပ်ကွက်ကဲ မှုတွေ ပြုလုပ်နေကြပါ တယ်။ ဒေသခံချင်းပြည်သူတွေကလည်း တနေ.ထက်တနေ.စားဝတ်နေရေးကြပ်တည်း လာနေသည့် ပြသနာကြောင့် သူ.တို.ရဲ့ရိုးသားဖြူစင်တဲ့နှလုံးသားတွေက လည်းအရောင်အမျိုးမျိုးစွန်းထင်လာခဲ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ အငတ်ဘေးတွင်းထဲမှာရုန်းကန်နေကြတဲ့ချင်းပြည်သူကို ငွေကြေးတွေနဲ.မြူဆွယ်ပြီး ကောင်းမွန်တဲ့နေ.စားလုပ် အားခတွေပေးပြီး ချင်းပြည်သူတွေအတွက် အဆိပ်ပင်ဖြစ်လာမည့်ဘိန်းပင်တွေကို သူတို.ကိုယ်တိုင်စိုက်ပျိုးခိုင်းခဲ့ကြပါတယ်။
“တောင်ယာလုပ်မည့်နေရာတချို.မှာလည်းဘိန်းစိုက်တဲ့အခါကြတော့ တောင်ယာကိုသိပ်မလုပ်ဖြစ်တော့ဘူး ဘိန်းလုပ်ငန်းကိုဘဲလုပ် ကိုကြတယ် အမြဲ တမ်းနေ.စားနဲ.လုပ်နိုင်တော့ သူတို.ကိုသူတို.ဟုတ်လှတယ်လို.ထင်နေတာပေါ့ ၃နာရီ ၄ နာရီကြာလောက်ဘိန်းခင်းမှာ အလုပ်လုပ်ရင် ၁၅၀၀၊ ၂၀၀၀ ရတဲ့အခါကျတော့သူတို.တော်တော်ပျော်နေတယ်ပေါ့ ဒီလုပ်ငန်းလုပ်ရတဲ့အတွက်တော် တော်များများ စားဝတ်နေရေးဖြေလည်တဲ့သူရှိတာပေါ့လေ” ဟု ကိုယ်တိုင်သွားရောက်လေ့လာသူတစ်ဦးကပြောပါတယ်။
အခုလိုကိုယ်တိုင်ကိုယ်ကျဘိန်းပင်တွေကိုစိုက်ပျိုးနေရသည့်အတွက်ဒေသခံချင်းပြည်သူလူငယ်လေးတွေဟာ ဘိန်းအစိမ်းများကို စားသုံး တတ်လာပြီး တဖြည်းဖြည်းနဲ. ဘိန်းစွဲသူ များပြားလာနေသောကြောင့် အနာဂတ်အတွက်အလွန်စိုးရိမ်စရာဖြစ်နေတယ်ဟုသူက ဆက်ပြော ပါတယ်။
“ရင်နာစရာဘဲ တကယ့်ရင်နာစရာဘဲ ဘိန်းစိမ်တွေကို sialthawzangကနေ တိန်းတိန်မြို.နယ် dimzangကနေတချို.သယ်လာ တယ် ကလေးမြို.နယ်တ ၀ိုက်မှာ လည်းပြန်.တာရှိတယ် dimzang ကလူငယ်တွေဆိုရင် ဘိန်းစွဲပြီးမှကြည့်မကောင်းသည့်အဆင့်အထိ လူငယ် တွေပြုမူနေပြီပေါ့လေ လူငယ်ယော ကျာ်းလေးတော်တော် များများပိန်ချူံးပြီးမှအိမ်ထဲမှာဘဲကုပ်နေရတဲ့အဆင့်ဖြစ်နေပြီ ဒါတောင် ဘိန်းခင်းတွေစိုက်ပျိုးတဲ့နေရာမဟုတ်သေးဘူး ဘိန်းတွေကို သယ်ယူဖောက်ကားနေတဲ့ လမ်းပေါ့”သူကဆက်ပြောပါတယ်။
ယခုလို နအဖစစ်အစိုးရမှ ကသည်းသူပုန်တွေကို ချင်းပြည်နယ်ဘက်တွင် နေထိုင်ခိုလုံခွင့်ပေးတဲ့ အတွက်ကြောင့် ချင်းလူမျိုးတွေ အတွက်အစစအ ရာရာဆိုးရွားလာနိုင်ဖွယ် သာရှိတယ်လို့သူကပြောပါတယ်။
ခိုနူမ်းထုန်သတင်းဌါနမှ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ထုတ်လွင့်ခဲ့ပြီးသော ဆောင်းပါးကို ပြန်လည်ထုတ်လွှင့်ပေးခြင်းဖြစ်သည်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Thursday, 24 March 2011
တောင်ဇလပ်မြေကို ဘိန်းမြေအဖြစ်မခံနိုင်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment