မြန်မာနိုင်ငံအနောက်ဖက် အိန္ဒိယ – မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် ရခိုင်တိုင်းရင်းသားလက် နက်ကိုင်တစုက ခရစ်ယာန်ဓမ္မဆရာဦးအောင်လောအား ၂၀၁၁ ခုနှစ်ဖေဖေါ်ဝါရီလဒုတိယပတ်က ပြန်ပေးဆွဲပြီး ကျပ်ငွေ သိန်း ၄၀ ဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟုသိရသည်။
ပြန်ပေးဆွဲ ခံရသည့် ဦးအောင်လောသည် အင်္ဂလီကန်အသင်းမှ ချင်းပြည်နယ်ပလက်ဝမြို့နယ် ဒုချောင်းဝကျေးရွာ တွင်ဓမ္မအမှုထမ်းနေသူဖြစ်ပြီး ၄င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံတဦးကဆို သည်။
“ဗိုလ်ကြီးအဆင့်ရှိတဲ့ စိုင်းမင်းစိုး နဲ့ အဖွဲ့ ၆ ဦးက ဆရာဦးအောင်လောကို ကျပ်ငွေ သိန်း ၄၀ နှင့် ရွေးရမယ်ဆိုပြီး လာ ခေါ်သွားကြတယ်”ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး ဆရာဦးအောင်လောကို ကျပ်ငွေသိန်း ၄၀ ဖြင့် ပြန်လည်ရွေးထုတ်နိုင်ခြင်းရှိမရှိကိုမူ စုံစမ်း၍မရသေးပေ။
“ဦးအောင်လောကို ပြန်ရွေးနိုင်သလား၊ မရွေးနိုင်ဘူးလားဆိုတာ ခုထိကျနော်တို့မသိရသေးဘူး၊ ခုချိန်ထိ ရခိုင်လက် နက်ကိုင်အဖွဲ့တွေရဲ့ လက်ထဲမှာဘဲရှိသေးသလားဆိုတာ တိတိကျကျမသိနိုင်သေးဘူး”ဟု အိန္ဒိယ-မြန်မာနယ်စပ်ကို ရောက်ရှိလာသူဒေသခံတဦးကပြောသည်။
ဤနယ်မြေတွင်အဓိကအားဖြင့်ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်လှုပ်ရှားလျက်ရှိကြောင်းနှင့် ဒေသခံများထံငွေကြေး ကောက်ခံမှု များလည်းရှိနေသည် ဟုဒေသခံများကပြောသည်။
” တဖက်က နအဖ၊ တဖက်က အေအယ်လ်ပီ အကြားမှာပြည်သူတွေဟာအမြဲတမ်းကြောက်နေရတယ်၊ ဘာသာရေး ဆရာ တွေကို ယခုလိုလုပ်တာဝမ်းနည်းဆရာပေါ့” ဟု ကျောင်းဆရာတဦးက ဆိုသည်။
ချင်းပြည်နယ်တောင်ပိုင်း နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင်အမည်မသိလက်နက်ကိုင်အဖွဲ့များ ပြန်ပေးဆွဲမှု၊လု ယက်မှု၊ လူသတ်မှုများဖြစ်လေ့ဖြစ်ထရှိသည့်အပြင် ၀ါးသုဉ်းမှုကြောင့် အစာရေစာငတ်ပြတ်သည့်ပြသာနာနှင့် ကြုံတွေ့နေ ကြသည်။(ခုန်နုန်ထုန်)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Friday, 25 March 2011
ရခိုင်လက်နက်ကိုင်တစုက ခရစ်ယာန်ဓမ္မဆရာတဦးအား ပြန်ပေးဆွဲ
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment