Tuesday 29 March 2011

ရန်ကုန်လေဆိပ် အခွန်မြင့်တက် တဦး ၁ဝ ဒေါ်လာ

အောင်မြတ်စိုး | အင်္ဂါနေ့၊ မတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၅ မိနစ်

ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံခြားခရီးသွားမည့် မြန်မာနိုင်ငံသားများလည်း ရန်ကုန် မင်္ဂလာဒုံလေဆိပ်ခွန်ကို တိုးမြှင့်ပေးဆောင်ရတော့မှာဖြစ်ပြီး တဦးလျှင် FEC သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာ ပေးရမှာဖြစ်သည်။

မြန်မာနိုင်ငံသား ခရီးသွားများအတွက် ယခင်ကောက်ခံနေကျ ကျပ် ၃ ထောင်မှနေ၍ နိုင်ငံခြားသား ခရီးသည်များကို ကောက်ခံသည့် နှုန်းထားဖြစ်သည့် FEC သို့မဟုတ် ၁ဝ ဒေါ်လာနှင့်ညီမျှသည့် ငွေကြေးကို ကောက်ခံသွားတော့မည်ဟု ခရီးသွားအေဂျင်စီများသို့ အာဏာပိုင်များက အကြောင်းကြားထားသည်။

ခရီးသည်များအနေဖြင့် လေဆိပ်ရှိ ငွေလဲလှယ်ရေး ကောင်တာများ၌ FEC သို့မဟုတ် အမေရိကန်ဒေါ်လာကို ကိုယ်တိုင်ဝယ်ယူရန်လည်း ညွှန်ကြားထားသည်။

အင်္ဂါနေ့ ရန်ကုန်ဈေးကွက်တွင် အမေရိကန် တဒေါ်လာလျှင် ၈၆၇ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။(မဇ္ဈိမ)

0 comments:

Post a Comment