Thursday 31 March 2011

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ စီစစ်ရေးကော်မတီဖွဲ့စည်း


ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ စီစစ်ရေးကော်မတီကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ယနေ့တွင် ဖွဲ့စည်းလိုက်သည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ(ဂ) အရ ယခုကဲ့သို့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း စစ်အစိုးရ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ စီစစ်ရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၁၅) ဦး အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြပြီး သဘောတူညီသည့်အတွက် ယခုကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ယင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတွင် ဥက္ကဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်ဦး၊ အတွင်းရေးမှူးအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးစံပြည့်တို့ဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် ဦးသန်းနွယ်(ဘုတလင်မဲဆန္ဒနယ်)၊ ဒေါက်တာစိုးသူရ ကျုံပျော်မဲဆန္ဒနယ်၊ ဦးကြင်သိန်း ပဲခူး မဲဆန္ဒနယ်၊ ဦးကိုကိုထွန်း အောင်လံ မဲဆန္ဒနယ် ဦးထွန်းမြင့်ဦး မိုင်းပန်မဲဆန္ဒနယ်၊ ဦးအောင်ကျော်ဇံ ပေါက်တော မဲဆန္ဒနယ်၊ ဦးမောင်လှ(ခ) ဦးလှမြင့် ပုလောမဲဆန္ဒနယ်၊ ဦးအေးမြင့် အင်းစိန်မဲဆန္ဒနယ်၊ ဦးပီမောင်စိုး ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)၊ ဦးစောတော်ပလဲ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇)၊ ဦးပေါလ်ထန်ထိုင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)၊ ဦးအောင်ထွန်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁) ဒေါက်တာ စိုးဝင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂)၊ ဦးကျော်ထွန်းအောင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅)နှင့် ဦးစိုင်းကျော်ဇောသန်း ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) တို့ဖြစ်သည်။

အလားတူ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် (၁၅) ဦးနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့ကိုလည်း အဖွဲ့ဝင် (၁၅) ဦးစီဖြင့် အသီးသီးဖွဲ့စည်းလိုက်သည်။(ရိုးမ၃)

0 comments:

Post a Comment