မျိုးသန့် | အင်္ဂါနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၄ မိနစ်
အမျိုးသားဒီမိုကရေစီအားစုမှ သင်္ကန်းကျွန်းလွှတ်တော်အမတ် ဦးသိန်းညွန့် ဦးဆောင်သော အင်အားစုအချို့ ပဲ့ထွက်သွားခြင်းသာဖြစ်၍ NDF နှစ်ခြမ်းကွဲသည် ဆိုခြင်းအပေါ် မဆီလျော်ကြောင်း ဗဟိုဦးစီးကော်မတီဝင် ဦးခင်မောင်ဆွေက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
“နှစ်ခြမ်းကွဲတယ်ဆိုတာ မျှတူညီတူ ကွဲရမယ်၊ ဗဟိုဦးစီး ကော်မတီအဖွဲ့ထဲမှာ ၂ဝ ရှိရင် ဟိုဘက်ဒီဘက် ၁ဝ စီ ရှိရမယ်လေ၊ ဟိုဘက် ၁၅ ယောက် ဒီဘက် ၁ဝ ယောက် အဲဒီလို ကွဲမှသာလျှင် ကွဲတယ်ခေါ်တာကိုးဗျ၊ သူ့ဟာသူ ကွဲတယ်လို့ ပြောတဲ့ဟာက အဓိပ္ပာယ်မရှိပါဘူး၊ ကျနော်တို့နဲ့ ကွဲစရာအကြောင်းလဲ မရှိပါဘူး၊ အဲဒီတော့ NDF နှစ်ခြမ်းကွဲတယ်ဆိုတာ မဟုတ်ဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
NDF နှစ်ခြမ်းကွဲသည် ဆိုခြင်းအပေါ် မဆီလျော်ကြောင်းပြောကြားသည့် ဗဟိုဦးစီးကော်မတီဝင် ဦးခင်မောင်ဆွေ
အမျိုးသားဒီမိုကရေစီအင်အားစုဝင် ၈ ထောင်ကျော်နှင့် ဗဟိုကော်မတီဝင် ၆၁ ဦးအနက် ပါတီဝင် ၁ဝဝ ခန့် ပဲ့ထွက်သွားသည်ဟု ယုံကြည်ရသည်။ သို့သော် ခွဲထွက်အဖွဲ့က အင်အားကို ပြောရန် ငြင်းဆိုသည်။
တိုင်း ၇ ခုနှင့် ပြည်နယ် ၄ ခုရှိ မြို့နယ်များတွင် NDF ပါတီရုံးခွဲများဖွင့်လှစ်ထားသည့်အနက် သင်္ကန်းကျွန်းအင်အားစုက ဦးသိန်းညွန့်ဘက် ပါသွားသည်။
“NDF အခြေအနေက ဆွေငြိမ်း (ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း) ခေါင်းဆောင်တဲ့ အုပ်စုကတစု သင်္ကန်းကျွန်းအခြေစိုက်တဲ့ ကျနော်ဦးဆောင်တဲ့အစုကတစု နှစ်စု ဖြစ်သွားပြီ၊ ဆွေငြိမ်းအုပ်စုနဲ့ သင်္ကန်းကျွန်းအုပ်စု မတူတော့ဘူးပေါ့၊ နှစ်ခြမ်းကွဲတယ်ပဲပြောပြော နှစ်အုပ်စုပဲပြောပြော ကြိုက်သလို ဘာသာပြန်လို့ရတယ်” ဟု ဦးသိန်းညွန့်ကပြောသည်။
ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသားလွှတ်တော်အမတ် ဦးဘုန်းမြင့်အောင်၊ သင်္ကန်းကျွန်းမဲဆန္ဒနယ် ၁ မှ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အမတ် ဦးကျော်၊ သင်္ကန်းကျွန်း မဲဆန္ဒနယ် ၃ မှ ဒေါ်စန်းစန်းမြင့် နှင့် သင်္ကန်းကျွန်း NDF ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ လသာ ပြည်သူ့လွှတ်တော်အမတ် ဦးကြည်မြင့် တို့လည်း သင်္ကန်းကျွန်းဦးဆောင်မှုအဖွဲ့တွင် ပါဝင်သည်။
သင်္ကန်းကျွန်းအခြေစိုက် အမျိုးသားဒီမိုကရေစီအင်အားစုဟု ပါတီနာမည်အသစ်ကို သုံးရန် ခွဲထွက်သူများက စီစဉ်ထားသည်။
NDF ဒုတိယ ဥက္ကဋ္ဌဟောင်း ဦးသိန်းညွန့်မှာ ၂ဝ၁ဝ နိုဝင်ဘာ ၁၇ ရက်ကတည်းက ပါတီမှ ထုတ်ပယ်ခံရပြီးဖြစ်သည်။
ပါတီတွင်းကိစ္စများကို မီဒီယာသို့ တာဝန်မဲ့ပြောဆိုခြင်း၊ ပါတီဘဏ္ဍာရေး ကိစ္စများကို မီဒီယာများသို့ ပြောဆိုသည့် စွပ်စွဲချက်များဖြင့် ထုတ်ခံရသည်။
ဦးသိန်းညွှန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြန်လည်ပူးပေါင်းလိုကြောင်း လေသံပစ်ထားသော်လည်း ရွေးကောက်ပွဲဝင်ဖို့လိုသည်ဟု ဆိုသည်။
“NLD ထဲက ရွေးကောက်ပွဲ လမ်းကြောင်းကို ပြန်ဝင်မယ့် ရဲဘော်တွေ၊ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်မယ့် ရဲဘော်တွေ အားလုံးကို ကျနော် ပူပေါင်းကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်။ ရွေးကောက်ပွဲ လမ်းကြောင်းကို ရွေးလာမယ်ဆိုရင်လဲ ကျနော့်မှာရှိတဲ့အင်အားတွေကို ဘာလုပ်ရမယ်ဆိုတာ ပြင်ဆင်ထားပြီးပါပြီ” ဟု သူက ပြောသည်။
ရွေးကောက်ပွဲဝင်ရေး မဝင်ရေး သဘောကွဲပြီးနောက် ပါတီခွဲထောင်သွားကြသော NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြန်လည်ပေါင်းစည်းရေး လောလောဆယ် အနေအထားတွင် ဝေးနေသေးသည်ဟု ဆိုသည်။
“ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက်မှာတော့ တူသော်လဲပဲ သွားပုံ သွားနည်းမှာ နည်းနည်းကွာနေတယ်၊ သူတို့က တိုက်ရိုက်သွားတယ်ဗျ၊ ကျနော်တို့က တိုက်ရိုက်မသွားဘူး၊ လူတိုင်းလူတိုင်းဟာ ဆင်းရဲမွဲတေမှု ပညာမတတ်မှု၊ အလုပ်အကိုင်မရှိမှု ဆိုတဲ့ လူမှုရေး နာကျင်မှုတွေကို ဖြည့်စည်းပြီးတော့မှ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို ရောက်မယ်လို့ ကျနော်တို့ ယူဆတဲ့အတွက်ကြောင့် အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတဲ့ မူဝါကို ချထားတာဖြစ်တယ်၊ NLD က တန်းပြီးတော့ သွားတာဖြစ်တယ်။ ကျနော်တို့က တထောက်နားပြီးတော့မှ သွားတာဖြစ်တယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။
ညီညွတ်မှုအားနည်းသည်ဟု အပြစ်တင်ခံနေရသော NDF ပါတီတွင် မတ်လ လွှတ်တော်တွင်း ဆွေးနွေးမှုများအတွင်း ပါတီတူ အမတ်အချင်းအချင်း အဆိုပြုချက်များကို ပြန်လည် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။ (မဇ္ဈိမ)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Wednesday, 6 April 2011
နှစ်ခြမ်းကွဲတာမဟုတ်ဟု ဦးခင်မောင်ဆွေပြော
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment