April 3rd, 2011 |
ကျင်းပပြီးစီးသွားသည့် ပထမအကြိမ် အမျိုးသား နှင့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် အဆိုပေါင်း ၁၅ ခုခန့်တင်သွင်း နိုင်ခဲ့ သော်လည်း အဆို ၁ ခုကိုသာ လွှတ်တော်က အတည်ပြုပေးခဲ့သည်။
အတည်ပြုပေးခဲ့သည့် ယင်းအဆိုမှာ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ ဦးပေါ်လျှံလွင် (ချင်းတိုးတက်ရေးပါတီ)၏ ‘ချင်းပြည်နယ်တွင် ဆရာဝန်များ လိုသောဒေသများ သို့ စေလွှတ်ပေးပါရန်’ အဆိုဖြစ်သည်။
မတ်လ ၂၄ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော် ပုံမှန် အစည်း အဝေး များတွင်တင်သွင်းခဲ့သည့် အဆို စုစုပေါင်းမှာ ၃၃ ခု ရှိကြောင်းသိရပြီး ယင်းအနက် ငါးခုကိုသာ အတည်ပြုနိုင် ခဲ့ကြောင်းသိရသည်။
ပြန်ရုပ်သိမ်းခံရသည့် ချင်းပြည်နယ်မှ အမျိုးသား နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ တင်သွင်းခဲ့သော အဆို တချို့မှာ -
ချင်းအမျိုးသားပါတီမှ ဟားခါးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော် ဦးစတီဗင်သာဘိတ်က ”လက်ရှိပညာ ရေးစနစ်ကို ကျွမ်းကျင်ပညာရှင်အဖွဲ့၊ အတွေ့အကြုံ ရှိ သောပုဂ္ဂိုလ်များဖြင့် ဘုတ်အဖွဲ့တစ်ခုဖွဲ့စည်းပြီး ပြန်လည် သုံးသပ်ရန်” အဆို နှင့် ”ကျန်းမာရေးကဏ္ဍတွင် စောင့်ရှောက်မှုအားနည်းနေသဖြင့် အတွေ့အကြုံရှိသော ပညာရှင် များ ဖြင့် ဘုတ်အဖွဲ့တစ်ခု ဖွဲ့စည်းပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အကောင်းဆုံးနည်းလမ်း ချမှတ်ဆောင်ရွက်ပေးနိုင်ရန်” အဆိုကို တင်သွင်းသည်။
ချင်းတိုးတက်ရေးပါတီမှ မတူပီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော် ဦးပေါ်လျှံလွင်တက ”ချင်းပြည်နယ်တွင် သင့်တော်သောဒေသ၌ ကောလိပ်ကျောင်း ဖွင့်လှစ်ပေးနိုင် ပါရန်”၊ ပလက်ဝ နှင့် မတူပီမြို့ ကို ဆက်သွယ်သော ကားလမ်းအား အမြန်ဆုံး တည်ဆောက်ပေးရန် ၊ ဂန့်ဂေါမြို့ နှင့် ရေဇွာမြို့အကြားကားလမ်းအား ဆယ့်နှစ်ရာသီ သွားနိုင်အောင်ပြုပြင်ပေးနိုင်ရန်နှင့်အရှေ့ဂန်ဂေါ နှင့် အနောက် ဂန့်ဂေါကြားရှိ ကြိုးတံတားအား ကားသွားနိုင်သောတံတားအဖြစ် ပြုပြင်ပေးရန် နှင့် ဘုံတလာရေတံခွန်တွင် အကြီးစား လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးစက်ရုံတည်ဆောက်ပေးပါရန် အဆို များတင်သွင်းခဲ့သည်။
ချင်းတိုးတက်ရေးပါတီမှ ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်းက “တန်းဖိုးနည်း အိမ် ရာများဆောက်လုပ်ပြီး ၀န်ထမ်းငယ်များအား ၄င်းတို့၏လစာငွေမှ လစဉ်အရစ်ကျ ခုနှိမ်စနစ်ဖြင့် ၀ယ်ယူရေး ” ၊ လက်ရှိလစာနှုန်းထားမမီသော တပ်မတော်မှအငြိမ်းစားများနှင့် အစိုးရဌါနအသီးသီးမှ အငြိမ်းစား များ၏ပင်စင်လစာကို မိမိရာထူး အလျှောက် လစာငွေအတိုင်းတိုးမြှင့်ပေးရန် အဆိုများတင်သွင်းခဲ့သည်။
ချင်းအမျိုးသားပါတီမှ ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော် ဦးငွန်မောင်းက ချင်းပြည်နယ်တွင် နိုင်ငံခြား သားဧသည် နှင့် ခရီးသည်များ ၀င်ရောက်သွားလာ ခွင့်ပြုရန် အဆိုကိုတင်သွင်းခဲ့သော်လည်း ဟိုတယ်နှင်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌါနမှ ဦးစိုးနိုင်က ချင်းပြည်နယ်တွင် ၂၀၀၂ ခုနှစ်ကစပြီး ကမ္ကာလှည့်ခရီးသည် နှင့် နိုင်ငံခြား ဧည့်သည်များ ၀င်၊ ထွက်သွားလာခွင့်ပြုထားကြောင်းပြန်လည်ရှင်းလင်းတင် ပြခဲ့သည်။
နောက်ထပ် ဦးငွန်မောင်း၏အဆိုတခုဖြစ်သော ချင်းပြည်နယ်၏မြို့တော် ဟားခါးကို အခြားပြည်နယ်မြို့တော်များကဲ့သို့ အဆင့်မီတည်ဆောက်ပေးရေး အဆိုနှင့်ပတ်သက်ပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး နှင့် စည်ပင်သာ ယာရေးဝန်ကြီးဌါနမှ ၀န်ကြီးဦးသိန်းညွန့်က ဟားခါးမြို့ကို အဆင့်မီမြို့တော်အဖြစ်တဆင့်ပြီးတဆင့် တည်ဆောက်ပေး လျက်ရှိကြောင်းပြန်လည်ဖြေကြားခဲ့သည်။
ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တော်အများစု၏ အဆိုများကို နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသည်ဟုသာ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားကြ သည်ကိုတွေ့ရသည်။(Khonumthung)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Wednesday, 6 April 2011
ချင်းလွှတ်တော်ကိုယ်စားလှယ်များတင်သွင်းသည့်အဆိုများမှ တခုကိုသာ လွှတ်တော်ကအတည်ပြုနိုင်ခဲ့
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment