Wednesday 20 April 2011

ဘာသာခြားအတွက် မင်းတုန်းမင်း၏ လက်ဆောင်


ရွှေနဲ့လုပ်ပြီး ပတ္တမြားစီထားပါသည် ။ ခရစ် ၁၈၇၀ ပြည့်နှစ်၊

အမြင့် ၉.၂ စင်တီမီတာ ။I.M.၄၈၊ ၁၉၃၂ ။

အခုပြထားသည့် လက်ဝါးကပ်တိုင်ကလေးကို မင်းတုန်းမင်း(၁၈၅၃-၇၈) က ကလကတ္တားကနေ အင်္ဂလန်ကျောင်းတော်
ဂိုဏ်းအုပ်ကြီး ရောဗတ် မီလ်မဲန်ကို ဩဂုတ် ၁၈၇၀ က ပေးသနားတော်မူခဲ့၏ ။ ဘုရင်မှ ပေးသည် ဆိုရာတွင် ဘုရင်ကိုယ်
တော်တိုင် လက်ထိလက်ရောက်ပေးခြင်း မဟုတ်ချေ ။မင်းတုန်းမင်းလို ဘုရင်မျိုး ဖြစ်လို့ ပေးခြင်း ဖြစ်၏ ။ ဒီရှင်ဘုရင်နဲ့
အင်္ဂလိပ်သံတမန်တွေ အဆင်ပြေပုံကိုလည်း ပြသသည့် သဘောရှိသည်။


မင်းတုန်းမင်းသည်အင်မတန် ရတနာသုံးပါးကို ရိုသေလေးစား ကြည်ညို၏။သူမယုံပေမယ့် သူများယုံတာကိုမနှိမ့်ချ၊လေးစား၏။
ခရစ်ယာန်သာသနာပြုတွေ သူ့နိုင်ငံတွင် ဟောပြောခွင့် နေထိုင်ခွင့် ပေး၏။သူတို့ဘာသာရဲ့ဘုရားကျောင်းဆောက်ဖို့ ငွေကြေး ထောက်ပံ့၏။ဂိုဏ်းအုပ်ကြီး မီလ်မဲန်က မန္တလေးကို ဇူလိုင်လကုန်လောက် ရောက်သွားပြီး ၊ဘုရင့်သားတော်သုံးပါးတက်သည့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး၏ဘုရားကျောင်းဝင်းမှာရှိသည့် စာသင်ကျောင်းနှင့် မပြီးသေးသော ခရစ်သာသနာဝင်တွေ
ဝတ်ပြုသည့် ဘုရားကျောင်းကို သွားကြည့်သည်။

ခရစ်သာသနာကျောင်းဆောက်ဖို့ ရှင်ဘုရင်က ငွေတော် ထုတ်ပေး၏ ။ ဒီလို အဆင်ပြေနေသည့်အခါတွင် ဂိုဏ်းအုပ်ကြီး
က သူ့ကို ရှင်ဘုရင်က ရှေ့တော်ဝင်ခွင့် ပေးလိမ့်မည်ဟု မျှော်လင့်၏။ဘုရင့်ရှေ့တော်မှောက်တွင် ဘယ်လိုဝင်၊ဘယ်နေရာထိုင်
(ဘယ်လိုခစား)ဆိုသည့် အချက်တွေများကြောင့် သဘောကွဲလွဲကြလို့၊အင်္ဂလိပ်မြန်မာ ဆက်ဆံရေး ကမောက်ကမဖြစ်သွားပါတယ်။
ထို့ကြောင့် ဘုရင်နှင့်ဂိုဏ်းအုပ်ကြီးတို့ မတွေ့မဆုံဖြစ်တော့၏။

(ယခုအခါ ထိုပစ္စည်းသည် ဘုရင်မ ၀ိတိုရိယနှင့်ကြင်ယာတော်မင်းသားအယ်လဗတ် တို့ကို အကြောင်းပြုပြီးလန်ဒန်တွင်ဝိတိုရိယ
အယ်လဗတ်ခန်းမ ၊ ၀ိတိုရိယ အယ်လဗတ်ပြတိုက်တွင်ရှိပါသည်။)


ကျမ်းညွှန်း -

ဒေါက်တာသန်းထွန်း
M.A.B.L, Ph.D,D.Lit(London)
ဝိတိုရိယနဲ့အယ်လဗတ် ပြတိုက်မှာရှိတဲ့
မြန်မာအနုပညာလက်ရာပစ္စည်း
/

0 comments:

Post a Comment