2011-05-07
၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် ရယူဖို့ မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီကနေ့စတင် ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စင်္ကာပူနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။၂ဝ၁၁ ခုနှစ် မေလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာစီယံ ထိပ်သီးညီလာခံ ဘေးပန်းဆွေးနွေးပွဲအဖြစ် အာစီယံခေါင်းဆောင်များနှင့် လူထု အခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးစဉ် တွေ့ရသည့် မြန်မာသမ္မတ ဦးသိန်းစိန်။ (Photo: AFP)
အာဆီယံညီလာခံနဲ့ နီးစပ်သူ အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာကြီးရဲ့ အင်တာနက်စာမျက်နှာမှာ အခုလို ဖော်ပြထားပါ။ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လက်ခံမခံ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းရဖို့ အလားအလာရှိတယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌနေရာ ပေးဖို့ အများသဘောတူညီချက် မရရှိခဲ့ရင် မူလ သတ်မှတ်ထားတဲ့အတိုင်း ၂ဝ၁၆ ခုနှစ်ကျမှသာ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူရဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံဟာ ၂ဝဝ၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ ရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားကြောင့် အလှည့် ကျော်ခဲ့ပါတယ်။ အခု ၂ဝ၁၄ ခုနှစ်ဟာ လာအိုနိုင်ငံရဲ့ အလှည့်ဖြစ်ပေမယ့် လာအိုအစား မြန်မာက အလှည့် ဝင်ယူဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌနေရာကို နှစ်စဉ် တနိုင်ငံချင်း အလှည့်ကျ တာဝန်ယူဖို့ သတ်မှတ်ထားချက်အရ ၂ဝ၁၂ အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယား၊ ၂ဝ၁၃ အတွက် ဘရူနိုင်း၊ ၂ဝ၁၄ လာအိုနဲ့ ၂ဝ၁၅ မှာ မလေးရှားနိုင်ငံတို့က တာဝန်ယူရမှာ ဖြစ်ပါတယ်။(RFA)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)


Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Saturday, 7 May 2011
အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် မြန်မာ အဆိုပြုချက် စင်ကာပူ ကန့်ကွက်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
လာလည်ကြသောမိတ်ဆွေများ
မင်းက မင်း ၊ ငါ က ငါ
လူ့ဘဝ (ဆလိုင်းဆွန်ကျဲအို)
မြိုင်နန်းစံပန်းတစ်ပွင့်(ဆလိုင်းသွှအောင်)
ရင်ခုံဖော်( စီယံ )
ကျေးလက်တောတန်း(Thawn Kham))

0 comments:
Post a Comment