Postby ရွှေမန်းသူ
မြန်မာဒုက္ခသည်များအပေါ် ဆက်ဆံရေး တိုးတက်လာတာနှင့် ပါက်သက်ပြီး ၀ါရှင်တန် အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်များအဖွဲ့ (RI) ၏ အစီရင်ခံစာကို မလေးရှားနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တခုဖြစ်သည့် တီနာဂါနိသ (Tenaganita) မှ ထောက်ခံခဲ့သည်။
အဆိုပါ အစီရင်ခံစာသည် မြန်မာဒုက္ခသည်များအပေါ် အခြေခံ၍ မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်အတွင်း မလေးရှား အာဏာပိုင်များသည် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အသိအမှတ်ပြုကဒ်ပြား ကိုင်ဆောင်ထားသူများအား ဖမ်းဆီးခြင်း၊ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ရုတ်တရက် ၀င်ရောက် ဖမ်းဆီးခြင်းများ လျော့နည်းသွားခြင်း၊ ဒုက္ခသည်များအား ပြည်နှင်ဒဏ် ပေးခြင်းများ အတင်းအကြပ် မပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
မလေးရှား နိုင်ငံအတွင်းရှိ ဒုက္ခသည်များအပေါ် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတယ်လို့ ဆိုသော်လည်း ယင်းအခြေခံကောင်းများကို အခြေခံ၍ ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ပေးဖို့ အများကြီး လိုအပ်နေပါသေးတယ်လို့ အိုင်ရင်း ဖာနန်ဒက် (Aegile Fernandez) မှ ပြောကြားခဲ့သည်။
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အသိအမှတ်ပြု လက်မှတ်ကိုင်ဆောင်ထားသူများ၊ အထူးသဖြင့် မြန်မာ ဒုက္ခသည်များကိုပင် မလေးရှားနှင့် ထိုင်းနယ်စပ်ကို ဖြတ်ကျော်၍ အတင်းအကျပ် ပြန်ပို့ခြင်းများ ပြီးခဲ့နှစ်အတွင်း လုံးလုံးလျားလျား လျော့ကျသွားခဲ့တယ်လို့ ဖာနန်ဒက် မှ ထပ်မံ ပြောကြားခဲ့သည်။
UNHCR ရုံးမှ မှတ်ပုံတင်ပေးခြင်း မခံရသော ဒုက္ခသည် အများစုသည် နယ်စပ် ဖြတ်ကျော်ပြီး ပြန်ပို့နေသေး ကြောင်း သူမမှ ထပ်မံ ပြောကြားခဲ့သည်။ UNHCR မလေးရှား ၀ပ်ဆိုဒ်၏ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလအထိ မှတ်တမ်းများအရ မှတ်ပုံတင်ခွင့်မရသည့် ဒုက္ခသည် စုစုပေါင်း တစ်သောင်းခန့် ရှိသေးကြောင်း ဖော်ပြခဲ့သည်။
လ၀က ဖမ်းဆီးမှုများ လျော့နည်းသွားခဲ့သော်လည်း ဖမ်းဆီးခံရသူများ မြန်မြန် ပြန်လွတ်ပေးဖို့အတွက် အာဏာပိုင်များကို ငွေပေးမှာသာလျှင် ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ ဖမ်းဆီးခံခဲ့ရသူများမှ တဆင့် သိခဲ့ရကြောင်း သူမမှ ဖြည့်စွပ် ပြောကြားခဲ့သည်။
ယခုလို အစီရင်ခံစာ ထွက်ပေါ်လာသည့်အတွက် ရေလာ (Rela)များ၏ ဒုက္ခသည်များအပေါ် ဆက်ဆံမှု ပြောင်းလဲ တိုးတက်လာတယ်လို့ သူမမှ ထပ်မံ ပြောကြားခဲ့သည်။
မလေးရှားသည် ဒုက္ခသည်များနှင့်ပါတ်သက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားသော နိုင်ငံတနိုင်ငံဖြစ်တယ်လို့ အစီရင်ခံစာများလည်း ထွက်ပေါ်ခဲ့ပြီးပါပြီ။ ဥပမာအားဖြင့် ဒုက္ခသည်များ၊ UNHCR အသိအမှတ်ပြု ကဒ်ပြား ကိုင်ဆောင်ထားသော သူများကို တရားမ၀င် ရွှေ့ပြောင်းလာသူများဖြစ်တယ်လို့ ရေလာ (Rela) များက မှားယွင်းစွာ ဖမ်းဆီး ထောင်ချခြင်းများ ရှိခဲ့သည်။
၂၀၀၉ ခုနှစ် – ၂၀၁၁ ခုနှစ် ဧပြီလ အထိ မလေးရှား နိုင်ငံအတွင်း မှတ်ပုံတင်ထားပြီးသော ဒုက္ခသည် စုစုပေါင်း ၄၅၀၀ မှ ၈၀၀၀၀ အထိ တိုးလာခဲ့ကြောင်း RI ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၉၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသားများ ဖြစ်သည်။ တိုင်းရင်းသား လူနည်းစုများမှာ ချင်း၊ ကရင် တို့ဖြစ်ပြီး သူတို့သည် စနစ်တကျ ညှင်းပန်းနှိပ်စက်ခံသူများ ဖြစ်ကြသည်။
ပြည်တွင်း ဒုက္ခသည်များအား ထောက်ခံအားပေးသော အဖွဲ့အစည်းများ၏ မကြာခဏ တောင်းဆို အကြံပေးမှုများအရ ဒုက္ခသည်များအပေါ် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုများကို မူဝါဒများအဖြစ် ဥပဒေကြောင်းအရ ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ပေးဖို့ နှင့် ဒုက္ခသည်များအား တရားဝင် နေထိုင်ခွင့်ပေးခြင်း၊ အလုပ်လုပ်ခွင့်ပေးခြင်းများကို အစိုးရတရပ်အနေနဲ့ အကောင်အထည်ဖော် လုပ်ဆောင်ပေးဖို့ အဆိုပါ အစီရင်ခံစာတွင် ထပ်မံ တောင်းဆိုထားသည်။(သူရိယ)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)


Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Monday, 9 May 2011
မလေးရှားမြန်မာဒုက္ခသည်များအတွက် လုပ်ပေးစရာတွေ အများကြီး ရှိသေး
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
လာလည်ကြသောမိတ်ဆွေများ
မင်းက မင်း ၊ ငါ က ငါ
လူ့ဘဝ (ဆလိုင်းဆွန်ကျဲအို)
မြိုင်နန်းစံပန်းတစ်ပွင့်(ဆလိုင်းသွှအောင်)
ရင်ခုံဖော်( စီယံ )
ကျေးလက်တောတန်း(Thawn Kham))

0 comments:
Post a Comment