21 June 2011
မလေးရှားသို့ မြန်မာအလုပ်သမား စေလွှတ်မှုကို ၆ လကြာ ရပ်နားရတော့မည်ဟု အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီများက ပြောသည်။
တရားမ၀င် နေထိုင်သူများကို တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ပေးရန် မလေးရှားအစိုးရက စီစဉ်နေသဖြင့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြီး ထိုသို့ ရပ်နားမည်ဟု သိရကြောင်း မလေးရှားအခြေစိုက် မဟာနန်းကုမ္ပဏီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
“မြန်မာသံရုံးက ကျနော်တို့ဆီကို တရားဝင် စာပို့ပြီး အကြောင်းကြားထားတာပါ” ဟု မဟာနန်းမှ ကိုမျိုးက ရှင်းပြသည်။
ထိုကာလအတွင်း ကုမ္ပဏီတို့၏ အလုပ်သမားတင်ပို့ရေး လျှောက်လွှာများကို မြန်မာအစိုးရက လက်ခံမည် မဟုတ်ကြောင်း စာတွင် ဖော်ပြထားသည်ဟု သိရသည်။
ဤအပြောင်းအလဲကြောင့် မလေးရှားသို့ လာရောက် အလုပ် လုပ်ကိုင်ရန် ပြင်ဆင်နေသူများ ထိခိုက် နစ်နာမည်ဟု အလုပ်သမား ရေးရာ ကုမ္ပဏီများက ပြောသည်။
“ပွဲစားတွေက သူတို့ပွဲစားခကို ကြိုသုံးထားလိုက်လို့ ပြန်မအမ်းနိုင်တာတွေ ဖြစ်လာနိုင်တယ်။ အလိမ်အခေါက်တွေ ပိုများလာနိုင်တယ်။ ကုမ္ပဏီတွေလည်း ပိတ်ရတဲ့အထိ ဖြစ်လာနိုင်တယ်” ဟု မလေးရှားရှိ ပုဂံနက် ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
၆ လတာ ကာလအတွင်း နစ်နာမည့်သူများထဲတွင် လေကြောင်းလိုင်းတချို့ နှင့် ရန်ကုန်မှ အလုပ်သမား ပို့ဆောင်ရေး ကုမ္ပဏီများ ပါဝင်မည်ဟု သိရသည်။
မလေးရှားသို့ တရားဝင် စာရွက်စာတမ်းများ ရယူပြီး သွားရောက်ခြင်းကို အပေါ်လမ်းဟု ခေါ်ပြီး နယ်စပ်မှ လျှို့ဝှက် သွားရောက်ခြင်းကို အောက်လမ်းဟု ခေါ်ကြသည်။
ယခုကဲ့သို့ တရားဝင်လမ်းကြောင်းကို လအတန်ကြာ ပိတ်ပင်မည့် ကာလအတွင်း မလေးရှားသို့ နယ်စပ် ဖြတ်ကျော် ၀င်ရောက်သူ များပြားလာမည်ဟု သုံးသပ်သူလည်း ရှိသည်။
“မြန်မာနိုင်ငံမှာက စီးပွားရေး ကျပ်တည်းတော့ အရဲစွန့်ပြီး ထွက်လာကြတာပေါ့။ ပြန်သွားပြီး ပြန်မလာတော့ဘူးလို့ ဆိုတဲ့သူတွေတောင် ပြန်ရောက်လာကြတယ်” ဟု မလေးရှားရောက် မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသော Burma Campaign Malaysia (BCM)မှ ကိုရန်နိုင်ထွန်းက ပြောသည်။
မလေးရှားတွင် မြန်မာပြည်သား အလုပ်သမား အရေအတွက် ၆ သိန်း နီးပါး ရှိသည်ဟု BCM အဖွဲ့၏ စာရင်းများ အရ သိရသည်။ ၅ သိန်း ၀န်းကျင်မှာ တရားမ၀င် အလုပ်သမားများဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး နယ်စပ်မှတဆင့် ၀င်ရောက်သော မြန်မာပြည်သားအရေအတွက်မှာ နှစ်စဉ် ငါးထောင်ဝန်းကျင် ရှိသည်ဟုလည်း BCM က ဆိုသည်။(ဧရာဝတီ)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)


Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Wednesday, 22 June 2011
မလေးရှားအပေါ်လမ်း ၆ လ ပိတ်မည်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
လာလည်ကြသောမိတ်ဆွေများ
မင်းက မင်း ၊ ငါ က ငါ
လူ့ဘဝ (ဆလိုင်းဆွန်ကျဲအို)
မြိုင်နန်းစံပန်းတစ်ပွင့်(ဆလိုင်းသွှအောင်)
ရင်ခုံဖော်( စီယံ )
ကျေးလက်တောတန်း(Thawn Kham))

0 comments:
Post a Comment