အင်္ဂါနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၁ ခုနှစ် ၀၉ နာရီ ၂၆ မိနစ်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ရုံးချုပ်မှ အာဇာနည်ဗိမာန်သို့ သွားရောက် အလေးပြုကြသည့် အစီအစဉ် အေးချမ်းစွာ ပြီးသွားသည်။
နေ့လည် ၁၂ နာရီမှ စတင်ထွက်ခွာ၍ ဂါရဝပြုပြီး ၁၂ နာရီခွဲကျော်တွင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်သည်။
“အခုပဲ ဒေါ်အောင်ဆန်းစုကြည်တို့ကားတွေ ပြန်လည် ထွက်ခွာသွားကြပါပြီ။ ကျန်တဲ့ လူထုက ၄ ယောက် တတန်း၊ စနစ်တကျ တန်းစီ ဝင်နေပါပြီ။ တာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဘာမှ အနှောက်အယှက်၊ အတားအဆီး မရှိပါဘူး။ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ရှာတာဖွေတာတော့ ရှိတာပေါ့၊ လုံခြုံရေးအရ။ အားလုံးကို ဝင်ခွင့်ပေးနေပါတယ်။လူက လေးထောင် ငါးထောင် ကျော်တယ်။ အခု တဝက်ကျိုးပါပြီ”ဟု လုံခြုံရေးတာဝန်ကျ ပါတီလူငယ်တဦးက ပြောသည်။
ကျန်ရှိနေသောသူများ ၄ တယာက်တတန်းစီ တန်း၍ အာဇာနည်ဗိမာန်သို့ ဂါရဝပြုရန် လမ်းလျှောက်သွားလျက် ရှိနေကြပြီး ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်သို့ ချောမောစွာ ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် လမ်းလျှောက်ချီတက်မည် မဟုတ်
ကိုပေါက် | အင်္ဂါနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၀၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များနှင့် အတူ အာဇာနည်ဗိမာန်သို့ လမ်းလျှောက်ချီတက်ရန် မူလက စီစဉ်ခဲ့ရာမှာ အင်္ဂါနေ့တွင် မော်တော်ကားများဖြင့်သာ သွားရောက်ရန် အစီအစဉ် ပြောင်းလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ကား၊ လုံခြုံရေးကား အပါအဝင် ဟိုင်းလတ်၊ ဆန်နီ၊ လိုက်ထရက်တို့ဖြင့် စုစုပေါင်း ကား ၆ စီး စီစဉ်ထားသည်။
ယာဉ်တန်းတွင် လူငယ်ကွန်ယက်အဖွဲ့ဝင်များနှင့်အတူ ပါတီလူကြီးများ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ စုစုပေါင်း ၁၀၀ ခန့် လိုက်ပါမည်ဖြစ်ကာ နေ့လည် တနာရီခန့်တွင် ဗဟန်းမြို့နယ်ရှိ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှ စတင်ထွက်ခွာဖွယ်ရှိကြောင်း လုံခြုံတာဝန်ယူထားသူ ပါတီလူငယ်တဦးက ပြောသည်။
ယနေ့မနက် ကျင်းပပြီးစီးခဲ့သည့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့ကာ၊ ဧည့်ပရိသတ် ၄ ထောင်ခန့် လာရောက်ခဲ့သည်။
ဒေါ်စု အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရဝပြု
မျိုးသန့် | အင်္ဂါနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၁ ခုနှစ် ၀၉ နာရီ ၂၆ မိနစ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် အင်္ဂါနေ့နံနက် ၈ နာရီခွဲတွင် အာဇာနည် ဗိမာန်သို့ သွားရောက်ကာ အာဇာနည်ခေါင်းဆောင်ကြီး ဖြစ်သော ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂါရဝ ပြုခဲ့သည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် နံနက် ၈ နာရီခန့်တွင် သွားရောက် ဂါရဝပြုခဲ့ခြင်းဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ပြုလုပ်သော ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဂါရဝပြုနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ...
"အာဇာနည် ခေါင်းဆောင်တွေရဲ့ မိသားစုတွေ သီးသန့် ဂါရဝပြုတဲ့ အစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်ကုန်းမှာ ပန်းခွေချဖို့ အတွက် သူတို့ လာခေါ်သွားပြီ လာခေါ်သွားပြီးတော့ အခုနပဲ ပြန်ရောက်တယ်
ပြည်ထဲရေးက အရာရှိတယောက် လာခေါ်သွားတယ် ပန်းခွေချပြီးတော့ ပြန်ရောက်နေပြီ" ဟု ဦးဝင်းထိန်က မဇ္ဈိမကိုပြောသည်။
အင်္ဂါနေ့တွင် ကျရောက်သည့် ၆၄ နှစ်မြောက် အာဇာနည်နေ့အတွက် ယနေ့နံနက်က တက္ကသိုလ် ရိပ်သာလမ်း
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သံဃာတော် ၁ဝ ပါးကို အာရုံဆွမ်း ကပ်လှူပူဇော်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်ပြုလုပ်သည့် အာရုဏ်ဆွမ်း ကပ်လှူပွဲသို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးလည်း တက်ရောက်ခဲ့သည်။
ယင်းအပြင် NLD ၏ ရွှေဂုံတိုင်ရုံးတွင်လည်း အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဒေါ်မေဝင်းမြင့် တို့ဦးစီးကာ သံဃာတော် ၅ ပါးကို အာရုဏ်ဆွမ်း ကပ်လှူခဲ့သေးသည်။
၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးတွင် အင်္ဂါနေ့နံနက် ၁၁ နာရီတွင် ကျင်းပမည်ဖြစ်သည်။ နေ့လည် ၁၂ နာရီတွင် NLD ၏ အဖွဲ့ချုပ်ဝင်များ၊ လူငယ်များနှင့်အတူ
ဒေါ်အောင်ဆန်းစုကြည်လည်း အာဇာနည်ဗိမာန်သို့ ချီတက် ဂါရဝ ပြုကြဦးမည် ဖြစ်သည်။(မဇ္ဈိမသတင်းဌာန)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Tuesday, 19 July 2011
ဒေါ်စုတို့ အေးချမ်းစွာ ဂါရဝပြုနိုင်ခဲ့ကြ
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment